40 (end)
နွစ္နွစ္ႀကာပီးသည့္ေနာက္တြင္……
"လူလူ … လည္ပင္းႀကယ္သီးက ဘာလို ့ျဖဳတ္ထားတာလဲ ျပန္တပ္စမ္း"
ေပါ့ေပါ့ပါးပါးဝတ္ထားေပမဲ့ ပြဲတက္ အျဖဴေရာင္ ရွပ္အက်ၤ ီ က သိသာစြာ လူလူနဲ ့လိုက္ဖက္ေနသည္။ အနက္ေရာင္ ေဘာင္းဘီနဲ ့အျဖဴေရာင္ ရွပ္ကို လက္ေခါက္ဝတ္ထားတဲ့ လူငယ္ဦးဆိုတဲ့ နာမည္အသစ္နဲ ့သူ ့သက္ဆိုင္သူသည္ အရင္နွစ္မ်ားက ထပ္ပိုပီးအရပ္ရွည္ပီးႀကည့္ေကာင္းလာသည္။
"ဒါဆို အကိုႀကီးလဲ တပ္ေလ ။ "
ေမ့ေငါ့ျပလိုက္တဲ့ ဇ ရင္ဖက္သည္ လူလူထက္ဆိုးစြာ အျဖဴေရာင္ရွပ္မွာ ႀကယ္သီးသံုးလံုးခန္ ့က ျပဳတ္ေန၏။
"မတူဘူးေလ လူလူကလဲ ။ တပ္လိုက္ပါ
မဟုတ္ရင္ လူလူေလးရဲ့ရင္ဖက္ကေလးေတြကို တျခားသူေတြႀကည့္ကုန္မွာေပါ့"
"ႀကည့္ႀကည့္ေပါ့"
"လူလူ မင္းမဆိုးစမ္းနဲ ့"
ေျပာမရေတာ့ ဇ စိတ္တိုလာသည္။
ခုတေလာသိပ္ဆိုးလာတဲ့ လူလူ ့ကို သူကိုယ္တိုင္မနိုင္ေတာ့။ ေမေမေရာေဖေဖေရာ လူလူမွလူလူ ဆိုေတာ့ ဒင္းက ကဲေကာင္းေပါ့
" ဆိုးေတာ့ဘာျဖစ္လဲ ။ မဆိုးေစခ်င္ရင္ မဆိုးေအာင္ထားေပါ့။ ဘာလို ့ညေနက က်ြန္ေတာ္မႀကိဳက္တာ လုပ္လဲ "
"ငါက ဘာလုပ္လို ့လဲ။ ဒါကို မင္းနားလည္ေပးရမယ္ေလ ။အလုပ္နဲ ့ပတ္သတ္ပီး မဖိတ္လို ့မွမရတာ။ ဘာမဟုတ္တာနဲ ့တမင္ ဆိုးေနတဲ့ မင္းကိုယ္မင္းလဲ ျပန္စဥ္းစား "
ဘယ္ေလာက္ရန္မျဖစ္ေတာ့ဘူးေျပာေျပာ ႀကာႀကာအတူေနရင္ သတ္ေနႀကထံုးစံအတိုင္းရန္ပြဲက စခ်င္ေနပီ။
ခုလဲ ကုမၸဏီက ရွယ္ယာရွင္ ရဲ့ သမီးကိုဖိတ္လို ့ျပသနာရွာေနသည္။ လူလူ မႀကိဳက္ေအာင္ ထိုမိန္းကေလးက ဇ ကို ေရလာေျမာင္းေပးလုပ္ခဲ့ဖူးေပမဲ့ ခုဟာက မဖိတ္လို ့မွမေကာင္းတာ။
ဖိတ္လိုက္ေတာ့ေရာဘာျဖစ္လဲ ။ ကိုယ့္မဂၤလာေဆာင္မွာ လူလူသာလည္ရင္ ဇ ကို သူ ့အပိုင္ဆိုပီး လူလည္ေခါင္မွာ ေပၚတင္ တံဆိတ္ကပ္လို ့ေတာင္ရသည္။
မဂၤလာညမွ ရန္မျဖစ္ခ်င္ေပ။
ဒါေပမဲ့ လူလူက တမင္မျဖစ္ျဖစ္ေအာင္ လုပ္ေန၏။
"ျပန္စဥ္းစားရမွာ ခင္မ်ား။ ဒီပံုစံကို တေန ့ျပင္မလားျပင္မလားေစာင့္ေနတာ နည္းနည္းမွ အခ်ိဳးမေျပဘူး။ ေတာ္ပီ လံုးဝ မဂၤလာမေဆာင္နိုင္ေတာ့ဘူး "
ေျပာရင္း ဝတ္ထားတဲ့ အက်ၤ ီကိုခ်ြတ္ဖို ့လုပ္ေနတာေႀကာင့္ ဇ လက္ေတြကို ခ်ဳပ္ပီးတားလိုက္သည္။
"လူလူ ဒါဘာလုပ္တာလဲ ။ ကိုယ့္ကို အရွက္ခြဲဖို ့ျပင္ေနတာလား။ မင္းမပါပဲ ကိုယ္ဘယ္လို မဂၤလာေဆာင္ရမွာလဲ "
"ခင္မ်ားႀကိဳက္သလုိ လုပ္ေလ။ က်ြန္ေတာ္ကေတာ့ လံုးဝ ခင္မ်ားနဲ ့မယူနိုင္ေတာ့ဘူး "
"လူလူ! မင္းပါးစပ္ကို ပိတ္ထားစမ္း။ မဟုတ္ရင္ ငါလုပ္မိေတာ့မွာ "
အကိုႀကီးရဲ့ ေဒါသတႀကီး အံႀကိတ္ေျပာသံေႀကာင့္ လူလူ ဝမ္းနည္းစြာေမာ့ႀကည့္လိုက္သည္။ ရန္အျမဲ ျဖစ္ရလြန္းလို ့သူ ့အျဖစ္ကို လံုးဝ မေပ်ာ္ေတာ့ေပ။ ခုေတာ့
ဒီေနရာမွာ ပဲ အဆံုးသတ္ဖို ့
ခ်ဳပ္ထားတဲ့ အကိုႀကီးလက္ေတြကို ဆြဲဖယ္ပစ္လိုက္သည္။
ပီးေနာက္ အခန္းထဲမွာရွိတဲ့ ဖုန္းနဲ ့ပိုက္ဆံကို ေကာက္ကိုင္ ပီး အခန္းထဲကေနထြက္ဖို ့ေျခလွမ္းျပင္လိုက္၏။
" တကယ္ေတာ့ ကိုယ့္ကိုသာ
ေလ်ာ့ဖို ့ေျပာေနခဲ့တာ မင္းကိုယ္တိုင္ကေတာ့ အခ်ိန္တိုင္း ကိုယ့္အေပၚအနိုင္ယူခ်င္ေနမွေတာ့ ဒီျပသနာက ဘယ္ေတာ့မွ
ပီးျပတ္မွာမဟုတ္ဘူး"
ထြက္သြားေတာ့မဲ့ေျခလွမ္းတို ့သည္ ကြဲအက္စြာထြက္ေပၚလာတဲ့ အသံေႀကာင့္ရပ္တန္ ့သြား၏။
ဇ သူ ့ကိုေက်ာေပးထားတဲ့ ေက်ာျပင္ကို စိုက္ႀကည့္ပီး ပါးျပင္ေပၚက မ်က္ရည္စ ကို အႀကမ္းပတမ္းသုတ္ပစ္၏။
"မင္းသိလားလူလူ။ ကိုယ့္ဘဝတစ္ေယာက္လံုး မင္းတစ္ေယာက္ထဲကိုပဲ အခ်ိန္ေပးပီးခ်စ္ခဲ့တာ။ မင္းေႀကာင့္ ကိုယ္ျပဳျပင္ခဲ့တဲ့ အရာေတြအမ်ားႀကီးပဲ။ ေဆးလိပ္ေသာက္ရင္ မင္းေနမေကာင္းျဖစ္မွာဆိုးလို ့ကိုယ္ဒီနွစ္ေတြမွာႀကိဳးစားပီး ျဖတ္ခဲ့တယ္။ အလုပ္လုပ္တာမႀကိဳက္တဲ့ ကိုယ္က မင္းကို တင့္ေတာင္းတင့္တယ္ မ်က္နွာ မငယ္ရေအာင္ထားဖို ့ အလုပ္ေတြအမ်ားႀကီးႀကိဳးစားခဲ့တယ္။ ဒါေတြက မင္းသိခဲ့တဲ့ အခ်က္ေတြေလာက္ပဲ ရွိေသးတာ ။ မင္းမသိေသးတဲ့ ငါ့အတိတ္ေတြနဲ ့ အနာဂတ္ မွာ အကုန္လံုး မင္းအတြက္ႀကီးပဲ လူလူ ။ ဒါကို မင္းဘာလို မသိနိုင္ရတာလဲ …ဘာလို ့အဲ့ေလာက္ေတာင္ ဆိုးရတာလဲ လူငယ္ဦးရာ… သြားထြက္သြား သြားပီးရင္ ဘယ္ေတာ့မွ ျပန္မလာနဲ ့အားးးးး ခြမ္း!"
ေအာ္ဟစ္ကာ အားနဲ ့ေပါက္ခြဲလိုက္တဲ့ မွန္တင္ခံုေပၚက ေရေမႊးပုလင္းနဲ ့တျခားပစၥည္းမ်ားက ကြဲေႀကသြားပီး တခန္းလံုး ေမႊးပ်ံ ့လာေပမဲ့ အကိုႀကီးပံုစံေႀကာင့္ လူလူ ေႀကာက္ရြံ ့သြား၏။ စိတ္လႊတ္သလို မ်က္သားေတြနီလာကာ လက္သီးကို တင္းတင္းဆုတ္ပီးပုလင္းကြဲေတြေပၚတင္နင္းမလို ့လွမ္းေနတဲ့ ေျခေထာက္ေတြေႀကာင့္
"ရပ္ ရပ္လိုက္ … က်ြန္ေတာ္ ဘယ္မွ မသြားေတာ့ဘူး ဆိုးလဲ မဆိုးေတာ့ပါဘူး။ဟင့္… အကိုႀကီး ေရွ ့ဆက္မတိုးလာနဲ ့ေနာ္ ။ အဲ့တိုင္းေလး ရပ္ေနဟုတ္တယ္ အဲ့တိုင္း"
သူ ့အသံေႀကာင့္ လွဳပ္ရွားမူ ့ေနွးေကြးကုန္တဲ့ အကိုႀကီးကို လူလူေျပးဖက္လိုက္သည္။ ရည္းစားသက္တမ္းသံုးနွစ္ေက်ာ္မွာ ပထမဆံုး စိတ္လႊတ္သြားတာကို ျမင္ဖူးျခင္းေပ။
"ေတာင္းပန္ပါတယ္ ။ ေတာင္းပန္ပါတယ္။ အကိုႀကီးအလိုလိုက္ထားလို ့က်ြန္ေတာ္ဆိုးမိသြားတာပါ ေနာက္ကို အဲ့လိုစကားေတြ မေျပာေတာ့ပါဘူူး ။ ေနာ္အကိုႀကီး စိတ္ကိုေလ်ာ့လိုက္ေနာ္။ က်ြန္ေတာ္ရွိတယ္ဘယ္မွမသြားေတာ့ဘူး "
ေတာင္းတင္းေနတဲ့ ကိုယ္ကို ဖက္ပီး လူလူ တတြတ္တြတ္ေခ်ာ့ျမဴေနခဲ့သည္။ မိနစ္အနည္းငယ္အႀကာမွာ လူလူ ့ခါးေတြကို သန္မာတဲ့ လက္အစံုရဲ့ဖက္တြယ္ျခင္းခံလိုက္ရပီး ပုခံုးေပၚမ်က္နွာအပ္ျခင္းခံလိုက္ရသည္။
" မင္းအရမ္း ဆိုးတယ္လူလူ ။ ငါ့ကို ထားခဲ့ဖို ့ပဲ မင္းအျမဲေတြးတယ္။
မင္းမရွိရင္
ေသမဲ့ ငါ့အားနည္းခ်က္ကို မင္းအျမဲ အနိုင္ယူတယ္။
မင္းကိုပဲ ေသတဲ့အထိ ခ်စ္မွာေလ ကြာ ။ ဘာလို ့ကိုယ္ခံစားရမဲ့ စကားေတြကို ေရြးေျပာရတာလဲ ။
မင္းကိုယ္မင္း အျမဲေျပာတယ္ ကိုယ္က မင္းကိုနားလည္မေပးဘူးတဲ့ ။
မင္းသိလား ။
မင္းကေရာ ကိုယ့္ကိုတခါေတာင္ နားလည္မေပးခဲ့ဘူးဘူး။ အျမဲရန္ျဖစ္ရတဲ့အေႀကာင္းက မင္းကိုယ္တိုင္ ကိုယ့္ကိုအနိုင္ယူခ်င္ေနတဲ့ အတၱေႀကာင့္ပဲ ။ ဒါေတြကိုမင္းဘယ္ေတာ့မွ မသိပါဘူး ။ "
စိုစြတ္လာတဲ့ ပုခံုးေပၚက အထိေတြ ့ေႀကာင့္ လူလူပါဝမ္းနည္းလာသည္။ သူကိုယ္တိုင္လဲ အကိုႀကီးမရွိပဲ မေနနိုင္ဘူးဆိုတာသိေပမဲ့ ျပန္ေခ်ာ့ေစခ်င္သည္။ အေလ်ာ့ေပးေစခ်င္သည္။ အကိုႀကီးကိုတခါေလးေတာင္ နားလည္မေပးပဲ သူျဖစ္ခ်င္တာေတြပဲ ေတြးခဲ့မိသည္။
"ဘယ္ေတာ့မွ အကိုႀကီးကို ထားသြားမဲ့ စကားမေျပာေတာ့ပါဘူး။ က်ြန္ေတာ္ဂတိေပးပါတယ္ ။ ခုေရာ က်ြန္ေတာ္ကိုစိတ္ကုန္ေနလား။ လက္ေရာ လက္ထက္ခ်င္ေသးလား "
"……"
ဇ ဖက္ထားရာမွ ခြာလိုက္ပီး လူလူ ့လက္ကေလးကို ကိုင္ကာ သူလက္ထက္ခြင့္ေတာင္းခဲ့တဲ့ လက္စြပ္ေလးကို ဖိကပ္နမ္းလိုက္၏။
" မင္းဟာ ကိုယ့္ဘဝပဲလူလူ။ မင္း အဆင္သင့္ျဖစ္ရင္ ေအာက္ဆင္းႀကရေအာင္
မဂၤလာပြဲ က မင္းနဲ ့ကိုယ္မရွိရင္ ဘယ္အဓိပၸါယ္ရွိေတာ့မွာလဲ "
အကိုႀကီးလက္ကို ယွက္သိုင္းဆုတ္ကိုင္ကာ လူလူ ေက်နပ္စြာေခါင္းညိတ္ျပမိသည္။ ထို ့ေနာက္ သူ တို ့မလာလို ့တေမ်ွ္ာေမ်ွာ္ျဖစ္ေနႀကတဲ့ မိသားစုနဲ ့သူငယ္ခ်င္းအသိမိတ္ေဆြအနည္းငယ္ေလာက္ဆီကို အရာရာ နားလည္ခ်စ္ခင္မဲ့ နွလံုးသားအသစ္တစံုနဲ ့ အတူေလ်ွာက္လမ္းသြားခဲ့သည္။
သူတို ့နွစ္ဦးလံုးသည္ ေက်နပ္စြာ လွပစြာ ျပံဳးေနခဲ့သည္။ နွစ္ဖက္မိဘ နဲ ့ အသိမိတ္ေဆြတို ့ကလဲ စိတ္ရင္းမွန္စြာ မဂၤလာဂုဏ္ျပဳစကားေတြကို ေျပာခဲ့ႀက၏။ ထိုေန ့ည က ဇ နဲ ့လူလူတို ့၏ မဂၤလာရွိတဲ့ ညတည ျဖစ္ခဲ့ပီး ေနာင္နွစ္ေပါင္းမ်ားစြာႀကာေအာင္ အမွတ္ရေနမည့္ေန ့လဲ ျဖစ္ခဲ့သည္။
လူလူ မ်က္နွာကိုပဲ အရိပ္တႀကည့္ႀကည့္ႀကည့္ကာ ေပ်ာ္ေနတဲ့ အကိုႀကီးကို အိုမင္း ေသဆံုးသည့္တိုင္ေအာင္ ဇ တစ္ေယာက္ကိုပဲ ခ်စ္မည္ဆိုတဲ့အေႀကာင္းကို မဂၤလာဦး လက္ေဆာင္အျဖစ္ ေျပာျဖစ္ခဲ့ပီး
အနမ္းတပြင့္ကိုပါ အဆစ္အျဖစ္ အပိုထည့္ေပးခဲ့ေသးသည္။
" ေပ်ာ္လား ငယ္ေလး "
လူလူနဲ ့ဇ ကိုေငးေနမိတဲ့ ေရးက မိုးေဒဝါ အသံေႀကာင့္ လွပတဲ့ ျမင္ကြင္းမွအႀကည့္ေတြ ဖယ္ခြာလိုက္သည္။
" အင္း…ေပ်ာ္တယ္ အကိုေရာ "
အေျဖကေန ေမးခြန္းေျပာင္းကာ ေရးေမးလိုက္သည္။ မိုးေဒဝါႀကီး ဒီခ်ိန္ဝမ္းနည္းေနမယ္ဆိုတာကေတာ့ ေသခ်ာေပါက္ပဲေပါ့။
" ငယ္ေလးေရာ သူတို ့လိုမဂၤလာပြဲလုပ္ခ်င္လား"
ေရး ျပံဳးကာ ေခါင္းရမ္းျပလိုက္သည္။
သူ ့အိမ္နဲ ့အသိုင္းဝိုင္းက သူgayဆိုတာ
လက္ခံပီးသားဆိုေပမဲ့ အကိုကေတာ့ မတူေပ။
မိုးေဒဝါရွိရင္ ျပည့္စံုပီးသားပဲမို ့ လက္ထက္ဖို ့ကေတာ့ ေရးအတြက္ မလုပ္ရလဲ
ဝမ္းနည္းစရာမရွိ။
အကို ့ကိုေတာ့ အားနာသည္။
ေယာက်ာ္းေလးတစ္ေယာက္ကို လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္ခဲ့တဲ့ အကို ့အတြက္ကေတာ့ ေရးက အတြင္းလူေလာက္သာ သိတဲ့silent ဆက္ဆံေရးမ်ိဳး ။
ဒီေလာက္နဲ ့ပဲ သူေက်နပ္သည္။
အကို သူ ့ကို ခ်ျပလိုက္ရင္ မိသားစုက စြန္ ့လႊတ္နိုင္တဲ့ အေျခေနမ်ိဳးေတြ ျဖစ္လာနိုင္သည္။ ဒါကိုေတာ့ ေရးလက္မခံနိုင္ပါ။
ေရး အကို ့ကို စခ်စ္ကတည္းက ေလာဘမႀကီးဖို ့ဆံုးျဖတ္ထားသည္။
ဘယ္သူမွ မသိလဲ အကိုကေရးကို တသက္လံုး ခ်စ္သြားမယ္ဆိုတာကိုယံုႀကည္ပီးသားမို ့ ေရးအေနနဲ ့က်န္တဲ့ အေႀကာင္းေတြေခါင္းထဲထည့္မေနနိုင္ပါ။
" အကိုသာ ေဘးနားမွာ အျမဲရွိေနေပးမယ္ဆိုရင္ လက္မထက္ရလဲ ျဖစ္ပါတယ္"
ဟု ရယ္သမ္းေသြးကာ ျပန္ေျဖလိုက္ေတာ့
" ငယ္ေလးက နွင္ထုတ္ေတာင္ ထြက္သြားမယ္သူမဟုတ္လို ့ စိတ္ခ်ထားလို ့ရပါတယ္ဗ်ာ"
အကိုက ေရးေခါင္းေလးကို ပုတ္ကာ
ျပန္ေျပာသည္။ ပီးေတာ့ အကိုက ေရးကို ျမတ္နိုးစြာႀကည့္ပီး ျပံဳးျပ၏။
အကို ့အျပံဳးေတြက သိပ္လွသည္။
ေရး ဒီအျပံဳးေလးေတြေႀကာင့္ အကို ့ကိုစပီးစြဲလမ္းခဲ့မိတာေပါ့။
ခ်စ္ခဲ့သမ်ွ ကာလ ပတ္လံုး ေရး စိတ္ညိဳညင္ေအာင္ တခါေတာင္မထားဘူးေပ။
လူလူကေတာ့ေျပာသည္ မင္းတို ့အတြဲကို သိပ္အားက်တယ္တဲ့ ရန္လဲမျဖစ္ဘူး။ ကိုႀကီးမိုးေဒဝါက စိတ္ရွည္တက္တာထင္ေတာင္မထားဘူးတဲ့။
တကယ္ေတာ့ လူလူ ေျပာသလို အကိုက မ်က္နွာတစ္ခ်က္ညိဳးရင္ေတာင္ ျပာယာခတ္ေအာင္ ေခ်ာ့တက္သူပါ။
အကို ့ကို လူလူအားက်သလို လူလူကိုလဲ
ေရးအားက်သည္။
လူလူတို ့အတြဲက သဘာဝဆန္သည္။
ဇ ကေဒါသႀကီးတက္ေပမဲ့ လူလူ ့့ကို ခ်စ္တာ မ်က္လံုးေတြက တဆင့္ေတာင္ျမင္ရနိုင္သည္။ ရန္ခနခနျဖစ္လြန္းလို ့ လူလူက စိတ္ညစ္တယ္လို ့သာေျပာေနတာ တကယ္ေတာ့ ဇ ကို တမင္ရန္စတာ လူလူဆိုတာ သူကိုယ္သူေတာင္သိပံုမေပၚ။
အားက်တယ္ဆိုလို ့ အကိုက ေရးကို မခ်စ္ဘူးမထင္ပါနဲ ့ေနာ္။ အကိုက ေရးကို သိပ္ခ်စ္ပါတယ္။ ခ်စ္္ပံုခ်စ္နည္းေတာ့ကြဲတာေပါ့ဗ်ာ။ တခုပဲ အရမ္းႀကီးအေလ်ာ့ေပးလြန္းေတာ့ လဲတခါတေလသူမ်ားအတြဲေတြလို ရန္ေတာ့ျဖစ္ခ်င္တာေပါ့။
လူ ့အလိုနတ္မလိုက္နိုင္ဆိုတဲ့ စကားလဲရွိဘူးေတာ့ အေကာင္းစားရည္းစားကိုရထားေပမဲ့ နည္းနည္းေတာ့ အလိုမက်ဘူး။
သမီးရည္းစားအတြဲေတြ ရန္ခနခနျဖစ္တာ
ေရရွည္ဆို စိတ္ဝမ္းကြဲတက္ေပမဲ့ တခါတေလဆိုရင္ ေပ်ာ္စရာႀကီးဗ်။ ရန္ျဖစ္ပီး ျပန္တည့္ရတဲ့ feelingက ခ်စ္သူျဖစ္ကာစ အခ်ိန္ေတြကိုျပန္ေရာက္သြားသလိုပဲ ခံစားခ်က္ကအသစ္ျပန္ျဖစ္သြားတာ။
ဒါကို သိရေအာင္ မင္းတို ့အတြဲက
ရန္ျဖစ္ဘူးလို ့လား လို ့ေတာ့လာမေမးနဲ ့။
ျဖစ္စရာလား မိုးေဒဝါႀကီးက တခါေတာင္
စိတ္ဆိုးစရာမလိုေအာင္ အလိုက္သိပီး လိမ္မာလြန္းတဲ့ ဘဲႀကီးပါဆို။
ကိုယ္ေတြ ့ေတာ့ မဟုတ္ဘူး။ ဒါေပမဲ့
ေသခ်ာတယ္…
ဘာလို ့ရဲရဲဝင့္ဝင့္အာမခံနိုင္ရသလဲဆိုေတာ့
တခန္းထဲ ေနခဲ့ဖူးတဲ့ လူလူေႀကာင့္ေပါ့။
သူတို ့ရန္ျဖစ္ႀကရင္ က်ြန္ေတာ္ တခါတေလ စိတ္ပူမိတယ္ ။ ေအာ္က်ဟစ္က်နဲ ့ျပတ္မ်ားျပတ္က်မလားလို ့
ဒါေပမဲ့ ႀကည့္ေနတုန္း မွာပဲ မ်က္လွည့္ျပလိုက္သလိုပဲ လူလူေလသံေတြက ေပ်ာ့ႀကသြားပီး တခါထဲ ဘာစကားေတြေျပာ
ႀကသလဲေတာင္ က်ြန္ေတာ္မႀကားရေတာ့သည္ထိ တိုးသြားတယ္ဗ်။
ဒါလဲ သိပ္မထူးဆန္းပါဘူး က်ြန္ေတာ္လဲ အကိုနဲ ့ဖုန္းေျပာရင္
အိေညာင္အိေညာင္ ေျပာတာဆိုေတာ့။
ထားေတာ့ ဆက္ေျပာမယ္။
ထူးတာက ရန္ျဖစ္ပီးျပန္တည့္ရင္ ခါတိုင္းေျပာေနက် အခ်ိန္ေတြထက္ စကားေျပာခ်ိန္ပိုႀကာသြားတယ္ဆိုတာပဲ။
ဘာစကားေတြေျပာလို ့အဲ့ေလာက္ႀကာတာလဲဆိုတာ ေျပာျပရင္မရယ္ႀကနဲ ့ေနာ္။ တေန ့လံုး အီးပါတာေသးေပါက္တာအစ ေရဘယ္နွစ္ခြက္ေသာက္တာအဆံုး
မပ်င္းမရိ သံုးဆယ့္ေျခာက္ခါေလာက္ ေျပာႀကတာဗ်။
ရယ္စရာ နည္းနည္းေကာင္းတယ္ဆိုေပမဲ့
အကိုနဲ ့က်ြန္ေတာ္လဲ တခါေလာက္ ရန္ျဖစ္ခ်င္ေသးတယ္ ။
တေန ့ေန ့ေပါ့ အကိုရာ တေန ့ေန ့ေပါ့။
အဲ့ေန ့ေရာက္ရင္ အကို
စိတ္ဆိုးေအာင္ စကားအကန္ေတြပဲေျပာမယ္ ။
ေဒါသထြက္ပီး ေအာ္လာတဲ့ အခါ စိတ္ေကာက္ပီးဖုန္းပိတ္ထားမယ္။
ဒါေပမဲ့ မရမကေတာ့ ျပန္ေခ်ာ့ေပါ့ဗ်ာ ……
ဧည့္သည္ေတြကို ျပံဳးရယ္ပီး ဧည့္ခံေနတဲ့
ဇ နဲ ့လူလူ ကိုႀကည့္ပီး ေရး ကိုယ့္အေတြးကို ကိုယ္ သေဘာက်စြာ ျပံဳးလိုက္သည္။
သူတကယ္ မိုးေဒဝါနဲ ့ရန္ျဖစ္ခ်င္တာပါ။
ရန္ျဖစ္တာ အတြဲေတြအတြက္ ပိုပီးရင္းနွီးေစတယ္လို ့ခံစားရလို ့ ခ်စ္တဲ့အကိုနဲ ့က်ြန္ေတာ္ ရန္ျဖစ္စိတ္ေကာက္အုန္းမည္။
မဂၤလာေဆာင္ပြဲေလးသည္ သိပ္မခမ္းနားခဲ့ေပမဲ့ လူလူနဲ ့ဇ ကေတာ့ ေပ်ာ္ရႊင္ေက်နပ္ေန၏။ သူနဲ ့အကိုလဲ ထို ့အတူပင္။
The end…………
ေျပာရႊင္စရာ မဂၤလာညေလးျဖစ္ပါေစ
ဇ ❤️ လူလူ
(ရန္ခနခန ျဖစ္တဲ့ အတြဲေတြ သတ္ပီးတိုင္းလဲ မရမက ျပန္ေခ်ာ့တက္တဲ့ ဘဲ ကို ပိုင္ဆိုင္ပါေစလို ့ဆုေတာင္းရင္း……
လိုအပ္ခ်က္မ်ားစြာျဖင့္ )
ခ်စ္တဲ့အိမ္စည္။
နှစ်နှစ်ကြာပီးသည့်နောက်တွင်……
"လူလူ … လည်ပင်းကြယ်သီးက ဘာလို့ ဖြုတ်ထားတာလဲ ပြန်တပ်စမ်း"
ပေါ့ပေါ့ပါးပါးဝတ်ထားပေမဲ့ ပွဲတက် အဖြူရောင် ရှပ်အင်္ကျီ က သိသာစွာ လူလူနဲ့ လိုက်ဖက်နေသည်။ အနက်ရောင် ဘောင်းဘီနဲ့ အဖြူရောင် ရှပ်ကို လက်ခေါက်ဝတ်ထားတဲ့ လူငယ်ဦးဆိုတဲ့ နာမည်အသစ်နဲ့ သူ့ သက်ဆိုင်သူသည် အရင်နှစ်များက ထပ်ပိုပီးအရပ်ရှည်ပီးကြည့်ကောင်းလာသည်။
"ဒါဆို အကိုကြီးလဲ တပ်လေ ။ "
မေ့ငေါ့ပြလိုက်တဲ့ ဇ ရင်ဖက်သည် လူလူထက်ဆိုးစွာ အဖြူရောင်ရှပ်မှာ ကြယ်သီးသုံးလုံးခန့် က ပြုတ်နေ၏။
"မတူဘူးလေ လူလူကလဲ ။ တပ်လိုက်ပါ
မဟုတ်ရင် လူလူလေးရဲ့ရင်ဖက်ကလေးတွေကို တခြားသူတွေကြည့်ကုန်မှာပေါ့"
"ကြည့်ကြည့်ပေါ့"
"လူလူ မင်းမဆိုးစမ်းနဲ့ "
ပြောမရတော့ ဇ စိတ်တိုလာသည်။
ခုတလောသိပ်ဆိုးလာတဲ့ လူလူ့ ကို သူကိုယ်တိုင်မနိုင်တော့။ မေမေရောဖေဖေရော လူလူမှလူလူ ဆိုတော့ ဒင်းက ကဲကောင်းပေါ့
" ဆိုးတော့ဘာဖြစ်လဲ ။ မဆိုးစေချင်ရင် မဆိုးအောင်ထားပေါ့။ ဘာလို့ ညနေက ကျွန်တော်မကြိုက်တာ လုပ်လဲ "
"ငါက ဘာလုပ်လို့ လဲ။ ဒါကို မင်းနားလည်ပေးရမယ်လေ ။အလုပ်နဲ့ ပတ်သတ်ပီး မဖိတ်လို့ မှမရတာ။ ဘာမဟုတ်တာနဲ့ တမင် ဆိုးနေတဲ့ မင်းကိုယ်မင်းလဲ ပြန်စဉ်းစား "
ဘယ်လောက်ရန်မဖြစ်တော့ဘူးပြောပြော ကြာကြာအတူနေရင် သတ်နေကြထုံးစံအတိုင်းရန်ပွဲက စချင်နေပီ။
ခုလဲ ကုမ္ပဏီက ရှယ်ယာရှင် ရဲ့ သမီးကိုဖိတ်လို့ ပြသနာရှာနေသည်။ လူလူ မကြိုက်အောင် ထိုမိန်းကလေးက ဇ ကို ရေလာမြောင်းပေးလုပ်ခဲ့ဖူးပေမဲ့ ခုဟာက မဖိတ်လို့ မှမကောင်းတာ။
ဖိတ်လိုက်တော့ရောဘာဖြစ်လဲ ။ ကိုယ့်မင်္ဂလာဆောင်မှာ လူလူသာလည်ရင် ဇ ကို သူ့ အပိုင်ဆိုပီး လူလည်ခေါင်မှာ ပေါ်တင် တံဆိတ်ကပ်လို့ တောင်ရသည်။
မင်္ဂလာညမှ ရန်မဖြစ်ချင်ပေ။
ဒါပေမဲ့ လူလူက တမင်မဖြစ်ဖြစ်အောင် လုပ်နေ၏။
"ပြန်စဉ်းစားရမှာ ခင်များ။ ဒီပုံစံကို တနေ့ ပြင်မလားပြင်မလားစောင့်နေတာ နည်းနည်းမှ အချိုးမပြေဘူး။ တော်ပီ လုံးဝ မင်္ဂလာမဆောင်နိုင်တော့ဘူး "
ပြောရင်း ဝတ်ထားတဲ့ အင်္ကျီကိုချွတ်ဖို့ လုပ်နေတာကြောင့် ဇ လက်တွေကို ချုပ်ပီးတားလိုက်သည်။
"လူလူ ဒါဘာလုပ်တာလဲ ။ ကိုယ့်ကို အရှက်ခွဲဖို့ ပြင်နေတာလား။ မင်းမပါပဲ ကိုယ်ဘယ်လို မင်္ဂလာဆောင်ရမှာလဲ "
"ခင်များကြိုက်သလို လုပ်လေ။ ကျွန်တော်ကတော့ လုံးဝ ခင်များနဲ့ မယူနိုင်တော့ဘူး "
"လူလူ! မင်းပါးစပ်ကို ပိတ်ထားစမ်း။ မဟုတ်ရင် ငါလုပ်မိတော့မှာ "
အကိုကြီးရဲ့ ဒေါသတကြီး အံကြိတ်ပြောသံကြောင့် လူလူ ဝမ်းနည်းစွာမော့ကြည့်လိုက်သည်။ ရန်အမြဲ ဖြစ်ရလွန်းလို့ သူ့ အဖြစ်ကို လုံးဝ မပျော်တော့ပေ။ ခုတော့
ဒီနေရာမှာ ပဲ အဆုံးသတ်ဖို့
ချုပ်ထားတဲ့ အကိုကြီးလက်တွေကို ဆွဲဖယ်ပစ်လိုက်သည်။
ပီးနောက် အခန်းထဲမှာရှိတဲ့ ဖုန်းနဲ့ ပိုက်ဆံကို ကောက်ကိုင် ပီး အခန်းထဲကနေထွက်ဖို့ ခြေလှမ်းပြင်လိုက်၏။
" တကယ်တော့ ကိုယ့်ကိုသာ
လျော့ဖို့ ပြောနေခဲ့တာ မင်းကိုယ်တိုင်ကတော့ အချိန်တိုင်း ကိုယ့်အပေါ်အနိုင်ယူချင်နေမှတော့ ဒီပြသနာက ဘယ်တော့မှ
ပီးပြတ်မှာမဟုတ်ဘူး"
ထွက်သွားတော့မဲ့ခြေလှမ်းတို့ သည် ကွဲအက်စွာထွက်ပေါ်လာတဲ့ အသံကြောင့်ရပ်တန့် သွား၏။
ဇ သူ့ ကိုကျောပေးထားတဲ့ ကျောပြင်ကို စိုက်ကြည့်ပီး ပါးပြင်ပေါ်က မျက်ရည်စ ကို အကြမ်းပတမ်းသုတ်ပစ်၏။
"မင်းသိလားလူလူ။ ကိုယ့်ဘဝတစ်ယောက်လုံး မင်းတစ်ယောက်ထဲကိုပဲ အချိန်ပေးပီးချစ်ခဲ့တာ။ မင်းကြောင့် ကိုယ်ပြုပြင်ခဲ့တဲ့ အရာတွေအများကြီးပဲ။ ဆေးလိပ်သောက်ရင် မင်းနေမကောင်းဖြစ်မှာဆိုးလို့ ကိုယ်ဒီနှစ်တွေမှာကြိုးစားပီး ဖြတ်ခဲ့တယ်။ အလုပ်လုပ်တာမကြိုက်တဲ့ ကိုယ်က မင်းကို တင့်တောင်းတင့်တယ် မျက်နှာ မငယ်ရအောင်ထားဖို့ အလုပ်တွေအများကြီးကြိုးစားခဲ့တယ်။ ဒါတွေက မင်းသိခဲ့တဲ့ အချက်တွေလောက်ပဲ ရှိသေးတာ ။ မင်းမသိသေးတဲ့ ငါ့အတိတ်တွေနဲ့ အနာဂတ် မှာ အကုန်လုံး မင်းအတွက်ကြီးပဲ လူလူ ။ ဒါကို မင်းဘာလို မသိနိုင်ရတာလဲ …ဘာလို့ အဲ့လောက်တောင် ဆိုးရတာလဲ လူငယ်ဦးရာ… သွားထွက်သွား သွားပီးရင် ဘယ်တော့မှ ပြန်မလာနဲ့ အားးးးး ခွမ်း!"
အော်ဟစ်ကာ အားနဲ့ ပေါက်ခွဲလိုက်တဲ့ မှန်တင်ခုံပေါ်က ရေမွှေးပုလင်းနဲ့ တခြားပစ္စည်းများက ကွဲကြေသွားပီး တခန်းလုံး မွှေးပျံ့ လာပေမဲ့ အကိုကြီးပုံစံကြောင့် လူလူ ကြောက်ရွံ့ သွား၏။ စိတ်လွှတ်သလို မျက်သားတွေနီလာကာ လက်သီးကို တင်းတင်းဆုတ်ပီးပုလင်းကွဲတွေပေါ်တင်နင်းမလို့ လှမ်းနေတဲ့ ခြေထောက်တွေကြောင့်
"ရပ် ရပ်လိုက် … ကျွန်တော် ဘယ်မှ မသွားတော့ဘူး ဆိုးလဲ မဆိုးတော့ပါဘူး။ဟင့်… အကိုကြီး ရှေ့ ဆက်မတိုးလာနဲ့ နော် ။ အဲ့တိုင်းလေး ရပ်နေဟုတ်တယ် အဲ့တိုင်း"
သူ့ အသံကြောင့် လှုပ်ရှားမူ့ နှေးကွေးကုန်တဲ့ အကိုကြီးကို လူလူပြေးဖက်လိုက်သည်။ ရည်းစားသက်တမ်းသုံးနှစ်ကျော်မှာ ပထမဆုံး စိတ်လွှတ်သွားတာကို မြင်ဖူးခြင်းပေ။
"တောင်းပန်ပါတယ် ။ တောင်းပန်ပါတယ်။ အကိုကြီးအလိုလိုက်ထားလို့ ကျွန်တော်ဆိုးမိသွားတာပါ နောက်ကို အဲ့လိုစကားတွေ မပြောတော့ပါဘူး ။ နော်အကိုကြီး စိတ်ကိုလျော့လိုက်နော်။ ကျွန်တော်ရှိတယ်ဘယ်မှမသွားတော့ဘူး "
တောင်းတင်းနေတဲ့ ကိုယ်ကို ဖက်ပီး လူလူ တတွတ်တွတ်ချော့မြူနေခဲ့သည်။ မိနစ်အနည်းငယ်အကြာမှာ လူလူ့ ခါးတွေကို သန်မာတဲ့ လက်အစုံရဲ့ဖက်တွယ်ခြင်းခံလိုက်ရပီး ပုခုံးပေါ်မျက်နှာအပ်ခြင်းခံလိုက်ရသည်။
" မင်းအရမ်း ဆိုးတယ်လူလူ ။ ငါ့ကို ထားခဲ့ဖို့ ပဲ မင်းအမြဲတွေးတယ်။
မင်းမရှိရင်
သေမဲ့ ငါ့အားနည်းချက်ကို မင်းအမြဲ အနိုင်ယူတယ်။
မင်းကိုပဲ သေတဲ့အထိ ချစ်မှာလေ ကွာ ။ ဘာလို့ ကိုယ်ခံစားရမဲ့ စကားတွေကို ရွေးပြောရတာလဲ ။
မင်းကိုယ်မင်း အမြဲပြောတယ် ကိုယ်က မင်းကိုနားလည်မပေးဘူးတဲ့ ။
မင်းသိလား ။
မင်းကရော ကိုယ့်ကိုတခါတောင် နားလည်မပေးခဲ့ဘူးဘူး။ အမြဲရန်ဖြစ်ရတဲ့အကြောင်းက မင်းကိုယ်တိုင် ကိုယ့်ကိုအနိုင်ယူချင်နေတဲ့ အတ္တကြောင့်ပဲ ။ ဒါတွေကိုမင်းဘယ်တော့မှ မသိပါဘူး ။ "
စိုစွတ်လာတဲ့ ပုခုံးပေါ်က အထိတွေ့ ကြောင့် လူလူပါဝမ်းနည်းလာသည်။ သူကိုယ်တိုင်လဲ အကိုကြီးမရှိပဲ မနေနိုင်ဘူးဆိုတာသိပေမဲ့ ပြန်ချော့စေချင်သည်။ အလျော့ပေးစေချင်သည်။ အကိုကြီးကိုတခါလေးတောင် နားလည်မပေးပဲ သူဖြစ်ချင်တာတွေပဲ တွေးခဲ့မိသည်။
"ဘယ်တော့မှ အကိုကြီးကို ထားသွားမဲ့ စကားမပြောတော့ပါဘူး။ ကျွန်တော်ဂတိပေးပါတယ် ။ ခုရော ကျွန်တော်ကိုစိတ်ကုန်နေလား။ လက်ရော လက်ထက်ချင်သေးလား "
"……"
ဇ ဖက်ထားရာမှ ခွာလိုက်ပီး လူလူ့ လက်ကလေးကို ကိုင်ကာ သူလက်ထက်ခွင့်တောင်းခဲ့တဲ့ လက်စွပ်လေးကို ဖိကပ်နမ်းလိုက်၏။
" မင်းဟာ ကိုယ့်ဘဝပဲလူလူ။ မင်း အဆင်သင့်ဖြစ်ရင် အောက်ဆင်းကြရအောင်
မင်္ဂလာပွဲ က မင်းနဲ့ ကိုယ်မရှိရင် ဘယ်အဓိပ္ပါယ်ရှိတော့မှာလဲ "
အကိုကြီးလက်ကို ယှက်သိုင်းဆုတ်ကိုင်ကာ လူလူ ကျေနပ်စွာခေါင်းညိတ်ပြမိသည်။ ထို့ နောက် သူ တို့ မလာလို့ တမျှေ်ာမျှော်ဖြစ်နေကြတဲ့ မိသားစုနဲ့ သူငယ်ချင်းအသိမိတ်ဆွေအနည်းငယ်လောက်ဆီကို အရာရာ နားလည်ချစ်ခင်မဲ့ နှလုံးသားအသစ်တစုံနဲ့ အတူလျှောက်လမ်းသွားခဲ့သည်။
သူတို့ နှစ်ဦးလုံးသည် ကျေနပ်စွာ လှပစွာ ပြုံးနေခဲ့သည်။ နှစ်ဖက်မိဘ နဲ့ အသိမိတ်ဆွေတို့ ကလဲ စိတ်ရင်းမှန်စွာ မင်္ဂလာဂုဏ်ပြုစကားတွေကို ပြောခဲ့ကြ၏။ ထိုနေ့ ည က ဇ နဲ့ လူလူတို့ ၏ မင်္ဂလာရှိတဲ့ ညတည ဖြစ်ခဲ့ပီး နောင်နှစ်ပေါင်းများစွာကြာအောင် အမှတ်ရနေမည့်နေ့ လဲ ဖြစ်ခဲ့သည်။
လူလူ မျက်နှာကိုပဲ အရိပ်တကြည့်ကြည့်ကြည့်ကာ ပျော်နေတဲ့ အကိုကြီးကို အိုမင်း သေဆုံးသည့်တိုင်အောင် ဇ တစ်ယောက်ကိုပဲ ချစ်မည်ဆိုတဲ့အကြောင်းကို မင်္ဂလာဦး လက်ဆောင်အဖြစ် ပြောဖြစ်ခဲ့ပီး
အနမ်းတပွင့်ကိုပါ အဆစ်အဖြစ် အပိုထည့်ပေးခဲ့သေးသည်။
" ပျော်လား ငယ်လေး "
လူလူနဲ့ ဇ ကိုငေးနေမိတဲ့ ရေးက မိုးဒေဝါ အသံကြောင့် လှပတဲ့ မြင်ကွင်းမှအကြည့်တွေ ဖယ်ခွာလိုက်သည်။
" အင်း…ပျော်တယ် အကိုရော "
အဖြေကနေ မေးခွန်းပြောင်းကာ ရေးမေးလိုက်သည်။ မိုးဒေဝါကြီး ဒီချိန်ဝမ်းနည်းနေမယ်ဆိုတာကတော့ သေချာပေါက်ပဲပေါ့။
" ငယ်လေးရော သူတို့ လိုမင်္ဂလာပွဲလုပ်ချင်လား"
ရေး ပြုံးကာ ခေါင်းရမ်းပြလိုက်သည်။
သူ့ အိမ်နဲ့ အသိုင်းဝိုင်းက သူgayဆိုတာ
လက်ခံပီးသားဆိုပေမဲ့ အကိုကတော့ မတူပေ။
မိုးဒေဝါရှိရင် ပြည့်စုံပီးသားပဲမို့ လက်ထက်ဖို့ ကတော့ ရေးအတွက် မလုပ်ရလဲ
ဝမ်းနည်းစရာမရှိ။
အကို့ ကိုတော့ အားနာသည်။
ယောကျာ်းလေးတစ်ယောက်ကို လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တဲ့ အကို့ အတွက်ကတော့ ရေးက အတွင်းလူလောက်သာ သိတဲ့silent ဆက်ဆံရေးမျိုး ။
ဒီလောက်နဲ့ ပဲ သူကျေနပ်သည်။
အကို သူ့ ကို ချပြလိုက်ရင် မိသားစုက စွန့် လွှတ်နိုင်တဲ့ အခြေနေမျိုးတွေ ဖြစ်လာနိုင်သည်။ ဒါကိုတော့ ရေးလက်မခံနိုင်ပါ။
ရေး အကို့ ကို စချစ်ကတည်းက လောဘမကြီးဖို့ ဆုံးဖြတ်ထားသည်။
ဘယ်သူမှ မသိလဲ အကိုကရေးကို တသက်လုံး ချစ်သွားမယ်ဆိုတာကိုယုံကြည်ပီးသားမို့ ရေးအနေနဲ့ ကျန်တဲ့ အကြောင်းတွေခေါင်းထဲထည့်မနေနိုင်ပါ။
" အကိုသာ ဘေးနားမှာ အမြဲရှိနေပေးမယ်ဆိုရင် လက်မထက်ရလဲ ဖြစ်ပါတယ်"
ဟု ရယ်သမ်းသွေးကာ ပြန်ဖြေလိုက်တော့
" ငယ်လေးက နှင်ထုတ်တောင် ထွက်သွားမယ်သူမဟုတ်လို့ စိတ်ချထားလို့ ရပါတယ်ဗျာ"
အကိုက ရေးခေါင်းလေးကို ပုတ်ကာ
ပြန်ပြောသည်။ ပီးတော့ အကိုက ရေးကို မြတ်နိုးစွာကြည့်ပီး ပြုံးပြ၏။
အကို့ အပြုံးတွေက သိပ်လှသည်။
ရေး ဒီအပြုံးလေးတွေကြောင့် အကို့ ကိုစပီးစွဲလမ်းခဲ့မိတာပေါ့။
ချစ်ခဲ့သမျှ ကာလ ပတ်လုံး ရေး စိတ်ညိုညင်အောင် တခါတောင်မထားဘူးပေ။
လူလူကတော့ပြောသည် မင်းတို့ အတွဲကို သိပ်အားကျတယ်တဲ့ ရန်လဲမဖြစ်ဘူး။ ကိုကြီးမိုးဒေဝါက စိတ်ရှည်တက်တာထင်တောင်မထားဘူးတဲ့။
တကယ်တော့ လူလူ ပြောသလို အကိုက မျက်နှာတစ်ချက်ညိုးရင်တောင် ပြာယာခတ်အောင် ချော့တက်သူပါ။
အကို့ ကို လူလူအားကျသလို လူလူကိုလဲ
ရေးအားကျသည်။
လူလူတို့ အတွဲက သဘာဝဆန်သည်။
ဇ ကဒေါသကြီးတက်ပေမဲ့ လူလူ့့ကို ချစ်တာ မျက်လုံးတွေက တဆင့်တောင်မြင်ရနိုင်သည်။ ရန်ခနခနဖြစ်လွန်းလို့ လူလူက စိတ်ညစ်တယ်လို့ သာပြောနေတာ တကယ်တော့ ဇ ကို တမင်ရန်စတာ လူလူဆိုတာ သူကိုယ်သူတောင်သိပုံမပေါ်။
အားကျတယ်ဆိုလို့ အကိုက ရေးကို မချစ်ဘူးမထင်ပါနဲ့ နော်။ အကိုက ရေးကို သိပ်ချစ်ပါတယ်။ ချစ်ပုံချစ်နည်းတော့ကွဲတာပေါ့ဗျာ။ တခုပဲ အရမ်းကြီးအလျော့ပေးလွန်းတော့ လဲတခါတလေသူများအတွဲတွေလို ရန်တော့ဖြစ်ချင်တာပေါ့။
လူ့ အလိုနတ်မလိုက်နိုင်ဆိုတဲ့ စကားလဲရှိဘူးတော့ အကောင်းစားရည်းစားကိုရထားပေမဲ့ နည်းနည်းတော့ အလိုမကျဘူး။
သမီးရည်းစားအတွဲတွေ ရန်ခနခနဖြစ်တာ
ရေရှည်ဆို စိတ်ဝမ်းကွဲတက်ပေမဲ့ တခါတလေဆိုရင် ပျော်စရာကြီးဗျ။ ရန်ဖြစ်ပီး ပြန်တည့်ရတဲ့ feelingက ချစ်သူဖြစ်ကာစ အချိန်တွေကိုပြန်ရောက်သွားသလိုပဲ ခံစားချက်ကအသစ်ပြန်ဖြစ်သွားတာ။
ဒါကို သိရအောင် မင်းတို့ အတွဲက
ရန်ဖြစ်ဘူးလို့ လား လို့ တော့လာမမေးနဲ့ ။
ဖြစ်စရာလား မိုးဒေဝါကြီးက တခါတောင်
စိတ်ဆိုးစရာမလိုအောင် အလိုက်သိပီး လိမ်မာလွန်းတဲ့ ဘဲကြီးပါဆို။
ကိုယ်တွေ့ တော့ မဟုတ်ဘူး။ ဒါပေမဲ့
သေချာတယ်…
ဘာလို့ ရဲရဲဝင့်ဝင့်အာမခံနိုင်ရသလဲဆိုတော့
တခန်းထဲ နေခဲ့ဖူးတဲ့ လူလူကြောင့်ပေါ့။
သူတို့ ရန်ဖြစ်ကြရင် ကျွန်တော် တခါတလေ စိတ်ပူမိတယ် ။ အော်ကျဟစ်ကျနဲ့ ပြတ်များပြတ်ကျမလားလို့
ဒါပေမဲ့ ကြည့်နေတုန်း မှာပဲ မျက်လှည့်ပြလိုက်သလိုပဲ လူလူလေသံတွေက ပျော့ကြသွားပီး တခါထဲ ဘာစကားတွေပြော
ကြသလဲတောင် ကျွန်တော်မကြားရတော့သည်ထိ တိုးသွားတယ်ဗျ။
ဒါလဲ သိပ်မထူးဆန်းပါဘူး ကျွန်တော်လဲ အကိုနဲ့ ဖုန်းပြောရင်
အိညောင်အိညောင် ပြောတာဆိုတော့။
ထားတော့ ဆက်ပြောမယ်။
ထူးတာက ရန်ဖြစ်ပီးပြန်တည့်ရင် ခါတိုင်းပြောနေကျ အချိန်တွေထက် စကားပြောချိန်ပိုကြာသွားတယ်ဆိုတာပဲ။
ဘာစကားတွေပြောလို့ အဲ့လောက်ကြာတာလဲဆိုတာ ပြောပြရင်မရယ်ကြနဲ့ နော်။ တနေ့ လုံး အီးပါတာသေးပေါက်တာအစ ရေဘယ်နှစ်ခွက်သောက်တာအဆုံး
မပျင်းမရိ သုံးဆယ့်ခြောက်ခါလောက် ပြောကြတာဗျ။
ရယ်စရာ နည်းနည်းကောင်းတယ်ဆိုပေမဲ့
အကိုနဲ့ ကျွန်တော်လဲ တခါလောက် ရန်ဖြစ်ချင်သေးတယ် ။
တနေ့ နေ့ ပေါ့ အကိုရာ တနေ့ နေ့ ပေါ့။
အဲ့နေ့ ရောက်ရင် အကို
စိတ်ဆိုးအောင် စကားအကန်တွေပဲပြောမယ် ။
ဒေါသထွက်ပီး အော်လာတဲ့ အခါ စိတ်ကောက်ပီးဖုန်းပိတ်ထားမယ်။
ဒါပေမဲ့ မရမကတော့ ပြန်ချော့ပေါ့ဗျာ ……
ဧည့်သည်တွေကို ပြုံးရယ်ပီး ဧည့်ခံနေတဲ့
ဇ နဲ့ လူလူ ကိုကြည့်ပီး ရေး ကိုယ့်အတွေးကို ကိုယ် သဘောကျစွာ ပြုံးလိုက်သည်။
သူတကယ် မိုးဒေဝါနဲ့ ရန်ဖြစ်ချင်တာပါ။
ရန်ဖြစ်တာ အတွဲတွေအတွက် ပိုပီးရင်းနှီးစေတယ်လို့ ခံစားရလို့ ချစ်တဲ့အကိုနဲ့ ကျွန်တော် ရန်ဖြစ်စိတ်ကောက်အုန်းမည်။
မင်္ဂလာဆောင်ပွဲလေးသည် သိပ်မခမ်းနားခဲ့ပေမဲ့ လူလူနဲ့ ဇ ကတော့ ပျော်ရွှင်ကျေနပ်နေ၏။ သူနဲ့ အကိုလဲ ထို့ အတူပင်။
The end…………
ပြောရွှင်စရာ မင်္ဂလာညလေးဖြစ်ပါစေ
ဇ ❤️ လူလူ
(ရန်ခနခန ဖြစ်တဲ့ အတွဲတွေ သတ်ပီးတိုင်းလဲ မရမက ပြန်ချော့တက်တဲ့ ဘဲ ကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းရင်း……)
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz