33
33
ဇ မ်က္ရုိးေတြ ကိုက္လာမွ ကြန္ျပဴတာကေန
အႀကည့္ခြာလိုက္တယ္။ တကယ္ဆို ဒီတခါ ေဖေဖ ပထမဆံုးေပးလိုက္တဲ့ တာဝန္က နည္းနည္းႀကီးလြန္းသည္။ ဇ တို ့ကုမၸဏီမွာကအသီးစစ္စစ္ကို အဓိကထားပီး လုပ္တဲ့ ေဖ်ာ္ရည္ဘူးေတြထုတ္လုပ္တဲ့ လုပ္ငန္းလဲပါသည္။
ျမန္မာနိုင္ငံမွာ နာမည္ရပီးသား ခ်ိဳရည္ဘူးတံစိတ္ျဖစ္ပီး အသီးအရသာစစ္စစ္ကို အဓိကထားပီး ထုတ္လုပ္လို ့ ေသာက္သံုးသူေတြက ႀကိဳက္က်ျခင္းျဖစ္သည္။ ခုျဖစ္ေနရတဲ့ ျပသနာက ပို ့ေပးေနက် အသီးျခံေတြက လိုသေလာက္အေရအတြက္ကိုမပို ့ေပးနိုင္ေတာ့တာေရာ ပို ့ေပးတဲ့ အသီးေတြက ခါတိုင္းလို သိပ္မလတ္ဆတ္တာက
လုပ္ငန္းမွာ နည္းနည္းျပသနာျဖစ္သြားေစသည္။
ခုတေလာ ရွမ္းျပည္ဖက္က အသီးျခံေတြ မွာ ေစ်းပိုေပးတဲ့ သူဆီကို ခိုးေရာင္းေနလို ့အသံေတြႀကားေနရသည္။ ဇ အေနနဲ ့ကြင္းဆင္းေလ့လာရမွာ အေသခ်ာပဲ။
ခိုးေရာင္းေနတာေသခ်ာရင္ စာခ်ဳပ္ဖ်က္ပီး
တျခားေဖာက္သည္အသစ္ရွာရမွာ ဇ တာဝန္ျဖစ္သည္။
" သား မင္းသြားမွ အဆင္ေျပမယ္ထင္တယ္။
ေဖေဖက ဒီမွာ တျခားအလုပ္ေတြရွိေသးေတာ့ သြားလို ့မရဘူး။ "
သိပ္မႀကီးက်ယ္လွတဲ့ ခပ္ေသးေသးရုံးခန္းက ဇ အခန္း။ တခါတေလ မွ ရုံးကို လာပီး ေလ့လာေနဆဲ ျဖစ္တဲ့ ဇ ကို ဒီလို သီးသန္ ့ေနရာေပးထားတာနဲ ့တင္ ေက်းဇူးတင္ေနပီ။
လူလူကလြဲပီး တစိမ္းေတြနဲ ့စကားေျပာရတာ ဇ အတြက္ခက္ခဲသည္။ ေဖေဖ့ေႀကာင့္ေနရာရတာလို ့လဲ အေျပာမခံနိုင္တဲ့အတြက္ ဒီလို ခပ္ေသးေသးေလာက္က ဇ ကို အဆင္ေျပတာထက္ကိုပိုေနသည္။
"ဟုတ္တယ္ က်ြန္ေတာ္လဲ သြားဖို ့စဥ္းစားေနတာ …ေဖေဖ တို ့ စိတ္ခ်ပီး မသြားတာ နွစ္ခ်ီေနပီ…အဲ့ဒါမွားတာပဲ ဟိုက တင္ေပးသမ်ွ ဒီတိုင္းလက္ခံယူေနကတည္းက မဟုတ္ေတာ့တာ။ဘယ္ေလာက္အဆင္ေျပေအာင္ ေစ်းညွိေပးေပး လူဆိုတဲ့ အမ်ိဳးက မေရာင့္ရဲနိုင္ဘူး။ တကယ္ဆို ဒါထြက္နွုန္း နည္းတဲ့ နွစ္မို ့ေစ်းပိုေပးႀကတာ ။ က်ြန္ေတာ္တို ့ကို တကယ္မေျပရင္ ေစ်းညွိလို ့ရရက္နဲ ့ဒီလို ပံုစံ လုပ္သြားတာ … သူတို ့ကေတာ့ ေစ်းပိုရတာေပါ့
ဒီမွာ က်ြန္ေတာ္တို ့ကေတာ့ ဘယ္ေလာက္အခက္ခဲျဖစ္သြားလဲ "
ဇ ပံုစံကေဒါသေႀကာင့္လည္ပင္းက ေသြးေႀကာေတြကိုေထာင္လို ့။
"ဒါ အစပဲရွိေသးတယ္ ကိုတိုင္းေရ ။ မင္းေနာက္ဆိုပိုသိလာမွာ လူေတြရဲ့အေႀကာင္းကို ။
မင္း ဒါကို ႀကံ့ႀကံ့ခံ ပီး အံ့တုနိုင္ရင္ ေလာကႀကီးမွာ က်င္လည္လို ့ရပီ။ ရုိးသားသူေတြလဲရွိသလို ေလာဘေႀကာင့္ မလုပ္သင့္တာ လုပ္တဲ့သူေတြလဲရွိတယ္။ မင္းသိရမွာက ခ်ဳပ္ကိုင္ဖို ့မလြယ္သူေတြကို ခ်ဳပ္ကိုင္တက္ရင္ ဒီေလာကမွာ ဆရာႀကီးပဲ။ ဘယ္အရာလုပ္လုပ္
တကြက္ မကဘူး နွစ္ကြက္ေလာက္ႀကိဳျမင္တက္ရတယ္။ ေဟာ …ခုလို မႀကည့္မိေတာ့
ခုလို အဆင္မေျပျဖစ္ရတာေပါ့ကြာ"
သင္ေပးသလို ေျပာေနတဲ့ေဖေဖ့စကားကိုေတာ့ ဇ ေသခ်ာ နားေထာင္လိုက္သည္။
တကယ္ဆို သူစိတ္မဝင္စားခဲ့တဲ့ လုပ္ငန္းေတြအမ်ားႀကီးကို ေဖေဖဦးေဆာင္ေနတာႀကာေနပီ။ ဇ လက္ထက္ေရာက္ရင္ေတာ့ ဒီထက္ပိုႀကိဳးစားမွျဖစ္မည္။
"ဒါဆို က်ြန္ေတာ္ ဒီတပါတ္ လူလူေက်ာင္းပိတ္ရင္သြားလိုက္မယ္"
"ေက်ာင္းပိတ္ရင္ ဆိုေတာ့…"
အေဖျဖစ္သူကို ဇ ေမာ့မႀကည့္ပဲ စားပြဲေပၚက စာရြက္ေတြကိုေကာက္သိမ္းလိုက္သည္။ သိသိရက္နဲ ့ေမးေနတာကို မေျဖခ်င္ေပမဲ့
"ေခၚသြားမလို ့။ အေဖ ေနာ္ သိရက္သားနဲ ့
မေနွာက္နဲ ့ေနာ္။ ရည္းစားတစ္ေယာက္လံုးရွိေနရက္နဲ ့ရွမ္းျပည္ဖက္ကို က်ြန္ေတာ္တစ္ေယာက္ထဲ သြားစရာလား"
တိုင္းထြဋ္တင္ စကားေႀကာင့္ ဦးထြဋ္တင္
နည္းနည္းေတာ့ ခံျပင္းသြားသည္။ တကယ္ဆို နန္းခ်ယ္ရီ ဆိုတဲ့ မိန္းမက မခ်စ္တာ လဲမဟုတ္ပဲ မာနေတြခံေနတာ။ ဒီခ်ိန္ဆို ေဆးေပးမီးယူ သူ ့ေဘးနားမွာ ေအးရာေအးေႀကာင္းေနသင့္ေနပီမို ့လား……
ခုေတာ့ နိုင္ငံတကာပတ္ပီး သူ ့ကိုပစ္ထားတာ ငါးနွစ္ေက်ာ္ႀကာေနပီ……
" ေမေမ့အေႀကာင္းစဥ္းစားေနတာ ဆိုရင္
စိတ္ညစ္မေနနဲ ့ … မနက္ဖန္ အိမ္လာေနဖို ့ေျပာလိုက္မယ္ ။ တခုေတာ့ရွိတယ္ အလိမ္မေပၚေစနဲ ့ေနာ္…က်ြန္ေတာ္ ေဖေဖေနမေကာင္းဘူးလို ့ေျပာလိုက္မယ္ ။ "
သိမ္းဆည္းပီးေတာ့ စိတ္ညစ္ေနတဲ့ ေဖေဖ့ကို
နွစ္သိမ့္ေပးကာ သူကေတာ့ သူ ့ခ်စ္သူေလးနဲ ့ရွမ္းျပည္အလည္တေခါက္ ခ်စ္ခရီး ဆန္ ့ဖို ့သြားတိုင္ပင္လိုက္အုန္းမယ္။
လူလူေလး အကိုႀကီး နွလံုးသားေလးေရ
မင္းလိမ္မာရင္ ဒီအကိုႀကီးက ေစလိုရာသံုးနိုင္းတဲ့ မင္းအတြက္ဘက္စံုသံုးေလး။
ဘဏ္ကဒ္ေလးျဖစ္ေပးရမလား…
ေခ်ာေမာ ခန္ ့ညားေပးရမလား…
တေလာကလံုး ပုခံုးေပၚတင္ပီးရန္ျဖစ္ေပးရမလား…
ဒီကိုႀကီး ဇ ကမင္းအတြက္ဆိုရင္ အဆင္သင့္ပဲ။
>>>>>>>><<<<<<<
ဟက္…ဟက္…ဟက္ခ်ိဳး
ကုတင္ေပၚထိုင္ပီး ေခါင္းေရသုတ္ရင္း နာေခ် လိုက္တာမို ့ လူကေလး ျမန္ျမန္ေခါင္းကို ေရစင္ေအာင္ သုတ္လိုက္သည္။ အေအးမိရင္
အကိုႀကီး ဆူလိမ့္မယ္……
Ringtone……
တတီတီျမည္ေနတဲ့ ဖုန္းေလးကို ေကာက္ကိုင္လိုက္ေတာ့ အကိုႀကီးျဖစ္ေန၏။
"အင္း…အကိုႀကီးေျပာ "
" ……"
"ဟမ္! အခုလား"
"……"
"အင္း ဆင္းခဲ့မယ္"
ဖုန္းခ်လိုက္ပီးတာနဲ ့ လူကမတ္တပ္ ရပ္လိုက္ပီးသား ။ လူကေလး အတြက္ အကိုႀကီးက တမိနစ္ေတာင္ မေစာင့္ခိုင္းေစခ်င္တဲ့သူ။
ဆူခ်င္လဲ ဆူပါေစ ။ မေျပးဖို ့ေျပာထားေပမဲ့
ေျခေထာက္ေတြက သစၥာေဖာက္၏။
ေျပးလာတဲ့ အျပာေရာင္ေကာင္ငယ္ေလးကို ဇ မဆူရက္ပါ။ ကားတံခါးကို ႀကိဳဖြင့္ေပးပီး ေစာင့္ေနရေအာင္ သူလဲ လြမ္းေနပီမို ့လား။
"ဟီး အကိုႀကီး "
မ်က္နွာခ်ိဳေသြးလာတဲ့ မ်က္နွာနုနုေလးကို အသားဖ်စ္ညစ္ကာ
" အာဘြားေပးရင္ မဆူဘူး"
"မြ "
ပါးေပၚေရာက္လာတဲ့ နွုတ္ခမ္းဖူးဖူးေလးေႀကာင့္ ဇ ေက်နပ္သြား၏။ လူလူ ေတာ္လာပီ။
"လူလူ ရွမ္းျပည္ဖက္ကို one year anni
ကိုယ္နဲ ့အတူ ျဖတ္သန္းခ်င္လား "
" တကယ္လား "
ခါးကေန ဆြဲေပြ ့ပီးေပါင္ေပၚဆြဲတင္ နမ္းပစ္လိုက္သည္။ စကားေတြ ေျပာရတာ ႀကာတယ္။ ဇ စိတ္မရွည္တာမို ့အနမ္းေတြနဲ ့ေျဖေပးလိုက္မိသည္။ မိနစ္ အေတာ္ေလးႀကာေအာင္ေတာ့ ေျဖရွင္းလိုက္ရတာေပါ့။
အေတာ္ေလးေမာဟိုက္သြားမွ နွုတ္ခမ္းေလးကိုဖယ္ခြာေပးလိုက္ေတာ့ ေသြးေတာင္စို ့သြား၏။
" အာ… နာသြားလား မင္းနဲ ့ပါတ္သတ္လာရင္အဲ့လိုပဲ ကိုယ္မတင္းတိမ္ခ်င္ဘူး "
နွုတ္ခမ္းေထာင့္က ေပါက္သြားတဲ့ ဒဏ္ရာေလးကို လက္မနဲ ့ဖြဖြသုတ္ေပးရင္းေျပာလိုက္သည္။
ခနခန ေပါက္ျပဲေနက်မို ့လားမသိ နာရေကာင္းသည္မရွိေတာ့သည္မို ့
နွုတ္ခမ္းေပၚက လက္ကို ဖယ္ရွားပီး စိတ္ဝင္စားတဲ့ မ်က္လံုးေတြနဲ ့………
" ဘယ္ေတာ့သြားမွာလဲ ဘာယူခဲ့ရမွာလဲဟင္
ဟိုမွာ ေအးေနေလာက္ပီထင္တယ္… အေႏြးထည္ဝယ္ရအုန္းမယ္ထင္တယ္။ ဟိုကို ဘယ္ခ်ိန္ သြားမွာလဲ ေရးတို ့ကိုေရာ လိုက္မွာလား"
"ရွဴ း !! စကားေတြ မမ်ားနဲ ့ ။ ကိုယ္နဲ ့မင္းနဲ ့နွစ္ေယာက္ထဲပဲ သြားမွာ ။ အလုပ္ကိစၥနည္းနည္းေတာ့ပါမယ္ …ဒါေပမဲ့ မင္းက အဓိကပါ
ျပီေတာ့ မင္းကို ခ်စ္တယ္ လူလူေလး"
အသာအယာ ဆြဲဖက္ပီး ဇ ေျပာလိုက္ေတာ့
ၿိငိမ္သက္စြာ ဇ ရင္ခြင္မွာ မွီႏြဲ ့ေနသည္။
တနွစ္ျပည့္ေန ့အတြက္ ကေလးေလးအတြက္ ဇ ဘာလုပ္ေပးရမလဲ။ လုပ္ေပးစရာလဲ မရွိသေလာက္ပဲ ။ ခနတိုင္း စိတ္ကူးေပါက္ရာ လုပ္ေပးေနႀကမို ့ရင္ခုန္စိတ္လွဳပ္ရွားေစမဲ့ အရာတခုခုေတာ့ ဇ မွမက်န္သေလာက္ျဖစ္ေနပီ။
လက္ေဆာင္ဆိုပီးေပးရေအာင္လဲ ေန ့တိုင္းနီးပါး မ်က္စိေရွ ့ေတြ ့သမ်ွဝယ္ေပးေနမိလို ့
ထူးထူးဆန္းဆန္းမဟုတ္ေတာ့………
စိတ္ညစ္လိုက္တာ လူလူေလးအတြက္ အံ့ႀသဝမ္းသာ သြားေအာင္လုပ္ရမဲ့ အရာေတြက
ေလာကႀကီးထဲမွာသိပ္ရွားတာပဲ။
>>>>>><<<<<
ေနာက္တပတ္ ႀကာပီးသည့္ေနာက္မွာ လူလူနဲ ့အကိုႀကီးနဲ ့ရွမ္းျပည္ဖက္ကို ေရာက္ရွိခဲ့ႀကသည္။ ေလယာဥ္နဲ ့လာတာမို ့ သိပ္မပင္ပန္းေပမဲ့ တခါမွမစီးဖူးတဲ့ လူလူက ေတာ့ မူးပီးအန္ခဲ့ရေသးသည္။
ျမိဳ ့ေသးေသးေလးဆိုေပမဲ့ စည္ကားသည္မို ့လူလူအတြက္ကေတာ့ ျမင္ျမင္သမ်ွ တအံ့တႀသ ပင္။ ညေနသံုးနာရီေလာက္ ဆိုေတာ့ အကိုႀကီးက booking ႀကိဳခ်ိတ္ထားတဲ့ Hotelကိုသာ အရင္သြားသည္။ Hotelက လာႀကိဳေပးတဲ့ ကားကလဲ အဆင္သင့္မို ့ သက္သက္သာသာပင္ ေရာက္ရွိခဲ့သည္။
"ဝါး လွလိုက္တာ … အကိုႀကီး အဲ့ဒါ ေဒါင္းအစစ္မို ့လား"
စိမ္းျပာေရာင္ ေဒါင္းမွီးေလးကိုႀကည့္ပီးတအံ့တႀသ ျဖစ္ေနတဲ့ လူလူ ေခါင္းေလးကိုပြတ္ပီး ဒီHotelတည္းလိုက္မိတာ မွန္သြားပီဟုလဲေတြးမိ၏။ ဒီHotelမွာ
ဥယ်ာဥ္ အေသးေလး လုပ္ထားပီး တရိစၦာန္ေလးေတြလဲ အလွေမြးထားတာမို ့လူလူသေဘာက်မွာေသခ်ာ၏။
"ဟုတ္တယ္ ေဒါင္းအစစ္ …ဟိုအပင္ေပၚမွာေရာ "
အပင္ေပၚမွာ နားခိုေနက်တဲ့ ေဒါင္းနွစ္ေကာင္ကို လက္ညိဳးထိုးျပေတာ့စိတ္ဝင္တစားႀကည့္၏။
လူလူေလး ကေတာ့ တကယ္ပဲ။
ျမင္ေနရတဲ့ ဘန္ကလိုလွလွေလးေတြက ေနာက္ခံ စိမ္းညို ့ေနတဲ့ေတာင္တန္းရွည္ႀကီးေအာက္တြင္ ပရံသင့္ကာ လွေနရုံတင္မကဘူး
စိတ္ထဲကို ေအးခ်မ္းသြားသည္။
သာယာသည္။
လက္ဆတ္သည္။
ခံစားခ်က္က လူလူေလးကိုႀကည့္ေနရသလို ေအးျမသည္။
ေထာပတ္သီးေတြ သီးေနတဲ့ အပင္ေတြ
လိေမၼာ္သီး ေတြ ျပြတ္ေနေအာင္သီးေနတဲ့ လိမ္ေမာ္ပင္ေတြနဲ ့တျခားအမည္မသိတဲ့ အပင္မ်ားကို ျခံတျခံလံုး အျပည့္စိုက္ထားရုံသာမက ကိုယ့္ဘာသာလဲ ခူးစားလို ့ရတယ္ ဆိုေသး လူကေလးတို ့က လက္သြက္၏။
ခုထိ သူတို ့ေနမဲ့ ဘန္ဂလို ကိုမေရာက္ေသးဘူး… အထုတ္ေတြကိုအရင္သြားပို ့ခိုင္းလိုက္ပီး
လမ္းတေလ်ွာက္ ထိုင္ဖို ့ခ်ေပးထားတဲ့ သစ္သားခံုရွည္ေလးမွာထိုင္ကာ အပီအျပင္ခူးပီးစားေတာ့သည္။
လူလူ ေလးကိုႀကည့္ရတာေအးခ်မ္းလိုက္တာ………
ခ်စ္တဲ့အိမ္စည္။
[စာမစစ္ထားပါ။ မအိမ္စည္စာေရးဖို ့စိတ္မပါလို ့ အဆင္မေျပရင္ သည္းခံေပးပါ။ ဇကို ျမန္ျမန္အျပီးသတ္ေတာ့မွာ မေရးခ်င္ေတာ့လို ့]
>>>>>>><<<<<<<<
33
ဇ မျက်ရိုးတွေ ကိုက်လာမှ ကွန်ပြူတာကနေ
အကြည့်ခွာလိုက်တယ်။ တကယ်ဆို ဒီတခါ ဖေဖေ ပထမဆုံးပေးလိုက်တဲ့ တာဝန်က နည်းနည်းကြီးလွန်းသည်။ ဇ တို့ ကုမ္ပဏီမှာကအသီးစစ်စစ်ကို အဓိကထားပီး လုပ်တဲ့ ဖျော်ရည်ဘူးတွေထုတ်လုပ်တဲ့ လုပ်ငန်းလဲပါသည်။
မြန်မာနိုင်ငံမှာ နာမည်ရပီးသား ချိုရည်ဘူးတံစိတ်ဖြစ်ပီး အသီးအရသာစစ်စစ်ကို အဓိကထားပီး ထုတ်လုပ်လို့ သောက်သုံးသူတွေက ကြိုက်ကျခြင်းဖြစ်သည်။ ခုဖြစ်နေရတဲ့ ပြသနာက ပို့ ပေးနေကျ အသီးခြံတွေက လိုသလောက်အရေအတွက်ကိုမပို့ ပေးနိုင်တော့တာရော ပို့ ပေးတဲ့ အသီးတွေက ခါတိုင်းလို သိပ်မလတ်ဆတ်တာက
လုပ်ငန်းမှာ နည်းနည်းပြသနာဖြစ်သွားစေသည်။
ခုတလော ရှမ်းပြည်ဖက်က အသီးခြံတွေ မှာ ဈေးပိုပေးတဲ့ သူဆီကို ခိုးရောင်းနေလို့ အသံတွေကြားနေရသည်။ ဇ အနေနဲ့ ကွင်းဆင်းလေ့လာရမှာ အသေချာပဲ။
ခိုးရောင်းနေတာသေချာရင် စာချုပ်ဖျက်ပီး
တခြားဖောက်သည်အသစ်ရှာရမှာ ဇ တာဝန်ဖြစ်သည်။
" သား မင်းသွားမှ အဆင်ပြေမယ်ထင်တယ်။
ဖေဖေက ဒီမှာ တခြားအလုပ်တွေရှိသေးတော့ သွားလို့ မရဘူး။ "
သိပ်မကြီးကျယ်လှတဲ့ ခပ်သေးသေးရုံးခန်းက ဇ အခန်း။ တခါတလေ မှ ရုံးကို လာပီး လေ့လာနေဆဲ ဖြစ်တဲ့ ဇ ကို ဒီလို သီးသန့် နေရာပေးထားတာနဲ့ တင် ကျေးဇူးတင်နေပီ။
လူလူကလွဲပီး တစိမ်းတွေနဲ့ စကားပြောရတာ ဇ အတွက်ခက်ခဲသည်။ ဖေဖေ့ကြောင့်နေရာရတာလို့ လဲ အပြောမခံနိုင်တဲ့အတွက် ဒီလို ခပ်သေးသေးလောက်က ဇ ကို အဆင်ပြေတာထက်ကိုပိုနေသည်။
"ဟုတ်တယ် ကျွန်တော်လဲ သွားဖို့ စဉ်းစားနေတာ …ဖေဖေ တို့ စိတ်ချပီး မသွားတာ နှစ်ချီနေပီ…အဲ့ဒါမှားတာပဲ ဟိုက တင်ပေးသမျှ ဒီတိုင်းလက်ခံယူနေကတည်းက မဟုတ်တော့တာ။ဘယ်လောက်အဆင်ပြေအောင် ဈေးညှိပေးပေး လူဆိုတဲ့ အမျိုးက မရောင့်ရဲနိုင်ဘူး။ တကယ်ဆို ဒါထွက်နှုန်း နည်းတဲ့ နှစ်မို့ ဈေးပိုပေးကြတာ ။ ကျွန်တော်တို့ ကို တကယ်မပြေရင် ဈေးညှိလို့ ရရက်နဲ့ ဒီလို ပုံစံ လုပ်သွားတာ … သူတို့ ကတော့ ဈေးပိုရတာပေါ့
ဒီမှာ ကျွန်တော်တို့ ကတော့ ဘယ်လောက်အခက်ခဲဖြစ်သွားလဲ "
ဇ ပုံစံကဒေါသကြောင့်လည်ပင်းက သွေးကြောတွေကိုထောင်လို့ ။
"ဒါ အစပဲရှိသေးတယ် ကိုတိုင်းရေ ။ မင်းနောက်ဆိုပိုသိလာမှာ လူတွေရဲ့အကြောင်းကို ။
မင်း ဒါကို ကြံ့ကြံ့ခံ ပီး အံ့တုနိုင်ရင် လောကကြီးမှာ ကျင်လည်လို့ ရပီ။ ရိုးသားသူတွေလဲရှိသလို လောဘကြောင့် မလုပ်သင့်တာ လုပ်တဲ့သူတွေလဲရှိတယ်။ မင်းသိရမှာက ချုပ်ကိုင်ဖို့ မလွယ်သူတွေကို ချုပ်ကိုင်တက်ရင် ဒီလောကမှာ ဆရာကြီးပဲ။ ဘယ်အရာလုပ်လုပ်
တကွက် မကဘူး နှစ်ကွက်လောက်ကြိုမြင်တက်ရတယ်။ ဟော …ခုလို မကြည့်မိတော့
ခုလို အဆင်မပြေဖြစ်ရတာပေါ့ကွာ"
သင်ပေးသလို ပြောနေတဲ့ဖေဖေ့စကားကိုတော့ ဇ သေချာ နားထောင်လိုက်သည်။
တကယ်ဆို သူစိတ်မဝင်စားခဲ့တဲ့ လုပ်ငန်းတွေအများကြီးကို ဖေဖေဦးဆောင်နေတာကြာနေပီ။ ဇ လက်ထက်ရောက်ရင်တော့ ဒီထက်ပိုကြိုးစားမှဖြစ်မည်။
"ဒါဆို ကျွန်တော် ဒီတပါတ် လူလူကျောင်းပိတ်ရင်သွားလိုက်မယ်"
"ကျောင်းပိတ်ရင် ဆိုတော့…"
အဖေဖြစ်သူကို ဇ မော့မကြည့်ပဲ စားပွဲပေါ်က စာရွက်တွေကိုကောက်သိမ်းလိုက်သည်။ သိသိရက်နဲ့ မေးနေတာကို မဖြေချင်ပေမဲ့
"ခေါ်သွားမလို့ ။ အဖေ နော် သိရက်သားနဲ့
မနှောက်နဲ့ နော်။ ရည်းစားတစ်ယောက်လုံးရှိနေရက်နဲ့ ရှမ်းပြည်ဖက်ကို ကျွန်တော်တစ်ယောက်ထဲ သွားစရာလား"
တိုင်းထွဋ်တင် စကားကြောင့် ဦးထွဋ်တင်
နည်းနည်းတော့ ခံပြင်းသွားသည်။ တကယ်ဆို နန်းချယ်ရီ ဆိုတဲ့ မိန်းမက မချစ်တာ လဲမဟုတ်ပဲ မာနတွေခံနေတာ။ ဒီချိန်ဆို ဆေးပေးမီးယူ သူ့ ဘေးနားမှာ အေးရာအေးကြောင်းနေသင့်နေပီမို့ လား……
ခုတော့ နိုင်ငံတကာပတ်ပီး သူ့ ကိုပစ်ထားတာ ငါးနှစ်ကျော်ကြာနေပီ……
" မေမေ့အကြောင်းစဉ်းစားနေတာ ဆိုရင်
စိတ်ညစ်မနေနဲ့ … မနက်ဖန် အိမ်လာနေဖို့ ပြောလိုက်မယ် ။ တခုတော့ရှိတယ် အလိမ်မပေါ်စေနဲ့ နော်…ကျွန်တော် ဖေဖေနေမကောင်းဘူးလို့ ပြောလိုက်မယ် ။ "
သိမ်းဆည်းပီးတော့ စိတ်ညစ်နေတဲ့ ဖေဖေ့ကို
နှစ်သိမ့်ပေးကာ သူကတော့ သူ့ ချစ်သူလေးနဲ့ ရှမ်းပြည်အလည်တခေါက် ချစ်ခရီး ဆန့် ဖို့ သွားတိုင်ပင်လိုက်အုန်းမယ်။
လူလူလေး အကိုကြီး နှလုံးသားလေးရေ
မင်းလိမ်မာရင် ဒီအကိုကြီးက စေလိုရာသုံးနိုင်းတဲ့ မင်းအတွက်ဘက်စုံသုံးလေး။
ဘဏ်ကဒ်လေးဖြစ်ပေးရမလား…
ချောမော ခန့် ညားပေးရမလား…
တလောကလုံး ပုခုံးပေါ်တင်ပီးရန်ဖြစ်ပေးရမလား…
ဒီကိုကြီး ဇ ကမင်းအတွက်ဆိုရင် အဆင်သင့်ပဲ။
>>>>>>>><<<<<<<
ဟက်…ဟက်…ဟက်ချိုး
ကုတင်ပေါ်ထိုင်ပီး ခေါင်းရေသုတ်ရင်း နာချေ လိုက်တာမို့ လူကလေး မြန်မြန်ခေါင်းကို ရေစင်အောင် သုတ်လိုက်သည်။ အအေးမိရင်
အကိုကြီး ဆူလိမ့်မယ်……
Ringtone……
တတီတီမြည်နေတဲ့ ဖုန်းလေးကို ကောက်ကိုင်လိုက်တော့ အကိုကြီးဖြစ်နေ၏။
"အင်း…အကိုကြီးပြော "
" ……"
"ဟမ်! အခုလား"
"……"
"အင်း ဆင်းခဲ့မယ်"
ဖုန်းချလိုက်ပီးတာနဲ့ လူကမတ်တပ် ရပ်လိုက်ပီးသား ။ လူကလေး အတွက် အကိုကြီးက တမိနစ်တောင် မစောင့်ခိုင်းစေချင်တဲ့သူ။
ဆူချင်လဲ ဆူပါစေ ။ မပြေးဖို့ ပြောထားပေမဲ့
ခြေထောက်တွေက သစ္စာဖောက်၏။
ပြေးလာတဲ့ အပြာရောင်ကောင်ငယ်လေးကို ဇ မဆူရက်ပါ။ ကားတံခါးကို ကြိုဖွင့်ပေးပီး စောင့်နေရအောင် သူလဲ လွမ်းနေပီမို့ လား။
"ဟီး အကိုကြီး "
မျက်နှာချိုသွေးလာတဲ့ မျက်နှာနုနုလေးကို အသားဖျစ်ညစ်ကာ
" အာဘွားပေးရင် မဆူဘူး"
"မွ "
ပါးပေါ်ရောက်လာတဲ့ နှုတ်ခမ်းဖူးဖူးလေးကြောင့် ဇ ကျေနပ်သွား၏။ လူလူ တော်လာပီ။
"လူလူ ရှမ်းပြည်ဖက်ကို one year anni
ကိုယ်နဲ့ အတူ ဖြတ်သန်းချင်လား "
" တကယ်လား "
ခါးကနေ ဆွဲပွေ့ ပီးပေါင်ပေါ်ဆွဲတင် နမ်းပစ်လိုက်သည်။ စကားတွေ ပြောရတာ ကြာတယ်။ ဇ စိတ်မရှည်တာမို့ အနမ်းတွေနဲ့ ဖြေပေးလိုက်မိသည်။ မိနစ် အတော်လေးကြာအောင်တော့ ဖြေရှင်းလိုက်ရတာပေါ့။
အတော်လေးမောဟိုက်သွားမှ နှုတ်ခမ်းလေးကိုဖယ်ခွာပေးလိုက်တော့ သွေးတောင်စို့ သွား၏။
" အာ… နာသွားလား မင်းနဲ့ ပါတ်သတ်လာရင်အဲ့လိုပဲ ကိုယ်မတင်းတိမ်ချင်ဘူး "
နှုတ်ခမ်းထောင့်က ပေါက်သွားတဲ့ ဒဏ်ရာလေးကို လက်မနဲ့ ဖွဖွသုတ်ပေးရင်းပြောလိုက်သည်။
ခနခန ပေါက်ပြဲနေကျမို့ လားမသိ နာရကောင်းသည်မရှိတော့သည်မို့
နှုတ်ခမ်းပေါ်က လက်ကို ဖယ်ရှားပီး စိတ်ဝင်စားတဲ့ မျက်လုံးတွေနဲ့ ………
" ဘယ်တော့သွားမှာလဲ ဘာယူခဲ့ရမှာလဲဟင်
ဟိုမှာ အေးနေလောက်ပီထင်တယ်… အနွေးထည်ဝယ်ရအုန်းမယ်ထင်တယ်။ ဟိုကို ဘယ်ချိန် သွားမှာလဲ ရေးတို့ ကိုရော လိုက်မှာလား"
"ရှူး !! စကားတွေ မများနဲ့ ။ ကိုယ်နဲ့ မင်းနဲ့ နှစ်ယောက်ထဲပဲ သွားမှာ ။ အလုပ်ကိစ္စနည်းနည်းတော့ပါမယ် …ဒါပေမဲ့ မင်းက အဓိကပါ
ပြီတော့ မင်းကို ချစ်တယ် လူလူလေး"
အသာအယာ ဆွဲဖက်ပီး ဇ ပြောလိုက်တော့
ြိငိမ်သက်စွာ ဇ ရင်ခွင်မှာ မှီနွဲ့ နေသည်။
တနှစ်ပြည့်နေ့ အတွက် ကလေးလေးအတွက် ဇ ဘာလုပ်ပေးရမလဲ။ လုပ်ပေးစရာလဲ မရှိသလောက်ပဲ ။ ခနတိုင်း စိတ်ကူးပေါက်ရာ လုပ်ပေးနေကြမို့ ရင်ခုန်စိတ်လှုပ်ရှားစေမဲ့ အရာတခုခုတော့ ဇ မှမကျန်သလောက်ဖြစ်နေပီ။
လက်ဆောင်ဆိုပီးပေးရအောင်လဲ နေ့ တိုင်းနီးပါး မျက်စိရှေ့ တွေ့ သမျှဝယ်ပေးနေမိလို့
ထူးထူးဆန်းဆန်းမဟုတ်တော့………
စိတ်ညစ်လိုက်တာ လူလူလေးအတွက် အံ့သြဝမ်းသာ သွားအောင်လုပ်ရမဲ့ အရာတွေက
လောကကြီးထဲမှာသိပ်ရှားတာပဲ။
>>>>>><<<<<
နောက်တပတ် ကြာပီးသည့်နောက်မှာ လူလူနဲ့ အကိုကြီးနဲ့ ရှမ်းပြည်ဖက်ကို ရောက်ရှိခဲ့ကြသည်။ လေယာဉ်နဲ့ လာတာမို့ သိပ်မပင်ပန်းပေမဲ့ တခါမှမစီးဖူးတဲ့ လူလူက တော့ မူးပီးအန်ခဲ့ရသေးသည်။
မြို့ သေးသေးလေးဆိုပေမဲ့ စည်ကားသည်မို့ လူလူအတွက်ကတော့ မြင်မြင်သမျှ တအံ့တသြ ပင်။ ညနေသုံးနာရီလောက် ဆိုတော့ အကိုကြီးက booking ကြိုချိတ်ထားတဲ့ Hotelကိုသာ အရင်သွားသည်။ Hotelက လာကြိုပေးတဲ့ ကားကလဲ အဆင်သင့်မို့ သက်သက်သာသာပင် ရောက်ရှိခဲ့သည်။
"ဝါး လှလိုက်တာ … အကိုကြီး အဲ့ဒါ ဒေါင်းအစစ်မို့ လား"
စိမ်းပြာရောင် ဒေါင်းမှီးလေးကိုကြည့်ပီးတအံ့တသြ ဖြစ်နေတဲ့ လူလူ ခေါင်းလေးကိုပွတ်ပီး ဒီHotelတည်းလိုက်မိတာ မှန်သွားပီဟုလဲတွေးမိ၏။ ဒီHotelမှာ
ဥယျာဉ် အသေးလေး လုပ်ထားပီး တရိစ္ဆာန်လေးတွေလဲ အလှမွေးထားတာမို့ လူလူသဘောကျမှာသေချာ၏။
"ဟုတ်တယ် ဒေါင်းအစစ် …ဟိုအပင်ပေါ်မှာရော "
အပင်ပေါ်မှာ နားခိုနေကျတဲ့ ဒေါင်းနှစ်ကောင်ကို လက်ညိုးထိုးပြတော့စိတ်ဝင်တစားကြည့်၏။
လူလူလေး ကတော့ တကယ်ပဲ။
မြင်နေရတဲ့ ဘန်ကလိုလှလှလေးတွေက နောက်ခံ စိမ်းညို့ နေတဲ့တောင်တန်းရှည်ကြီးအောက်တွင် ပရံသင့်ကာ လှနေရုံတင်မကဘူး
စိတ်ထဲကို အေးချမ်းသွားသည်။
သာယာသည်။
လက်ဆတ်သည်။
ခံစားချက်က လူလူလေးကိုကြည့်နေရသလို အေးမြသည်။
ထောပတ်သီးတွေ သီးနေတဲ့ အပင်တွေ
လိမ္မော်သီး တွေ ပြွတ်နေအောင်သီးနေတဲ့ လိမ်မော်ပင်တွေနဲ့ တခြားအမည်မသိတဲ့ အပင်များကို ခြံတခြံလုံး အပြည့်စိုက်ထားရုံသာမက ကိုယ့်ဘာသာလဲ ခူးစားလို့ ရတယ် ဆိုသေး လူကလေးတို့ က လက်သွက်၏။
ခုထိ သူတို့ နေမဲ့ ဘန်ဂလို ကိုမရောက်သေးဘူး… အထုတ်တွေကိုအရင်သွားပို့ ခိုင်းလိုက်ပီး
လမ်းတလျှောက် ထိုင်ဖို့ ချပေးထားတဲ့ သစ်သားခုံရှည်လေးမှာထိုင်ကာ အပီအပြင်ခူးပီးစားတော့သည်။
လူလူ လေးကိုကြည့်ရတာအေးချမ်းလိုက်တာ………
ချစ်တဲ့အိမ်စည်။
[စာမစစ်ထားပါ။ မအိမ်စည်စာရေးဖို့ စိတ်မပါလို့ အဆင်မပြေရင် သည်းခံပေးပါ။ ဇကို မြန်မြန်အပြီးသတ်တော့မှာ မရေးချင်တော့လို့ ]
Bạn đang đọc truyện trên: ZingTruyen.Xyz