ZingTruyen.Xyz

ဇ ( Completed)

32

eainsi23

လူကေလး အိပ္ယာနိုးလာေတာ့ အနည္းငယ္နာက်င္ေနတာကလြဲပီး တျခား ဆိုးဝါးလွတဲ့ ခံစားခ်က္ကို မရေပ။ ည က အကိုႀကီးနဲ ့သူနဲ ့……

ရွက္စရာ အေတြးဆိုးႀကီးေႀကာင့္ ေခါင္းအုန္းမွာ မ်က္နွာ အပ္ပီး အသံတိတ္ရယ္ေမာလိုက္မိသည္။ တိတ္ဆိတ္ေနတဲ့ အခန္းေႀကာင့္ရွုတ္တရက္ အကိုႀကီးကို သတိရသြားကာ လက္နဲ ့ေဘးကိုစမ္းႀကည့္မိသည္။

ဇ ေရခ်ိဳးခန္းထဲက ထြက္လာေတာ့ ကေလးက
ေခါင္းအုန္းမွာ မ်က္နွာအပ္ကာ သူရွိမဲ့ေနရာကို လက္ကေလးနဲ ့ေလ်ွာက္စမ္းေန၏။
ခ်စ္စရာေကာင္းတဲ့ အျပဳအမူေလးေႀကာင့္
ဇ နွလံုးသားသည္  ယားစိယားစိျဖစ္သြား၏။
လူလူေလးက သိပ္ခ်စ္ဖို ့ေကာင္း၏

ညက လိုက္ေလ်ာ ေပးတက္ပံုေလးကို ျပန္ေတြးႀကည့္ရုံနဲ ့ ခ်စ္ခင္ႀကင္နာ လိုစိတ္ေတြက ရင္ဖက္တခုလံုး ျပည့္အံ့လာသည္။
ေျခလွမ္းက်ဲႀကီးျဖင့္ လူလူရွိတဲ့ ကုတင္ေပၚ တလႊားလႊား သြားကာ ေဘးမွာကပ္အိပ္ပီးအားယားေမွာက္အိပ္ေနတဲ့ ကေလးေလးကို အက်ၤ ီမဝတ္ထားတဲ့ ဗိုက္ေပၚ ေပြ ့တင္လိုက္သည္

"ဟာ အကိုႀကီး"

အလန္ ့တႀကား ေအာ္လိုက္ေပမဲ့ လူကေတာ့
ဇ ဗိုက္ေပၚမွာ ေမွာက္ရက္ ကေလးျဖစ္ေန၏။

"အကိုႀကီးက ေရေတာင္ခ်ိဳးပီးေနပီ ။ ေအာက္ခ်လိုက္ပါ့လား က်ြန္ေတာ္က ညစ္ပတ္ေနလို ့"

"ေတာ္ပီ မခ်ေပးခ်င္ဘူး ။ မင္း ဒီတိုင္းေလးမင္းေယာက်ာ္းေပၚမွာ  ေနလို ့ရပါတယ္ ။ ကိုယ့္ကိုယ္လံုးက ေမြ ့ယာ ထက္ ပိုေကာင္းတယ္မို ့လား"

"အင္း"

ျမင္ေနရတဲ့ ဗိုက္က ႀကြက္သားတုံးေတြကို လက္နဲ ့ လိုက္စမ္းပီး ေျဖလိုက္သည္။ တကယ္ေတာ့ မ်က္စိေရွ ့က ႀကြက္သားအကြက္ေတြေလာက္ အကိုႀကီးစကားေတြက စိတ္ဝင္စားဖို ့မေကာင္းဘူးဆိုတာ လူကေလးကိုယ္တိုင္သာသိသည္။ သေဘာက် လိုက္တာ……

"လူလူ ကိုယ့္ကို ခ်စ္လား"

"အင္း"

သူ ့ကို စိတ္မဝင္စားပဲ ဇ ရင္ဖက္ကအေျမာင္းေတြကို လက္ဖဝါးနဲ ့ပြတ္ေျဖေနလို ့ ဇ နည္းနည္းေတာ့မေက်မနပ္ျဖစ္မိသည္။ တကယ္ဆို ေခ်ာေမာလွပတဲ့ မ်က္နွာ က ဒီအေပၚမွာမို ့လား။

"ကိုယ့္ကို ခ်စ္တာလား ။ အဲ့ ဗိုက္ကအေျမွာင္းေတြကို ခ်စ္တာလား"

"နွစ္ခုလံုး"

"ဘာ!!! လူလူ မင္း! "

ေအာ္သံက်ယ္ႀကီးေႀကာင့္ လူလူ ဆတ္ကနဲ တုန္သြား၏။ အသံျပဲ ႀကီးနဲ ့ထထ ေအာ္တက္လြန္းတဲ့ အကိုႀကီးကိုေခါင္းေထာင္ႀကည့္ကာ မ်က္ေစာင္းထိုးလိုက္သည္။

"ျပန္ေျပာ ဘယ္သူ ့ကို ခ်စ္တာလဲ"

"အကိုႀကီးကို"

လိုက္လိုက္ေလ်ာေလ်ာ့ အေလ်ာ့ေပးပီးျပန္ေျဖလာတဲ့ လူလူေႀကာင့္ဇ ေက်နပ္သြား၏။
တကယ္ဆို ဒီေခ်ာေမာလွပတဲ့ အကိုႀကီးကို ပိုင္ဆိုင္ခြင့္ရေနရုံနဲ ့တင္ လူလူေလးက ကံေကာင္းေနပီ။ ခုေတာ့ ရုပ္ကလဲ ေခ်ာေပးရေသးအလိုလိုက္ပီး ေစာက္သည္းေပါက္ေအာင္လဲ ခ်စ္ရေသးနဲ ့ လူလူေလာက္ ကံေကာင္းတဲ့သူက ေလာကႀကီးမ်ားရွိမ်ားရွိႀကေသးလား

" ပီးေရာ လိမ္မာလို ့ အနမ္းေလး ဆုခ်ရမယ္။
မ်က္နွာေလးကို ေမာ့လိုက္ "

အကိုႀကီးအေျပာေႀကာင့္ လူကေလးရယ္ခ်င္သြားသည္။ တခါတေလ သူကိုယ္သူ အထင္ႀကီးတက္တာကလြဲရင္ အကိုႀကီးက စိတ္ရင္းသေဘာထားျပည့္ဝသူမို ့ အကိုႀကီးအလိုက် မ်က္နွာေမာ့ေပးလိုက္မိသည္။

"မြ "

နဖူးထပ္မွာေႏြးကနဲ ။

"ထေတာ့ … သိပ္မနာဘူးမို ့လား"

"အင္း သိပ္မနာဘူး။ "

ကိုယ္လံုးေလးကို လက္နဲ ့လိုက္စမ္းပီး ဖ်ားမဖ်ားေသခ်ာေအာင္ စစ္လိုက္သည္။ သူ အမ်ားႀကီး အေလ်ာ့ေပးထားလို ့ လူလူ ဘာမွ မျဖစ္နိုင္ဘူးဆိုတာ သိေပမဲ့ စိတ္ပူတာပူတာပဲေလ။

" ေနာက္လ ကုန္ရင္ ကိုယ္နဲ ့လိုက္ေနမလား လူလူ"

"ဘာကိုလဲ"

နားမလည္စြာေမးေနတဲ့ ကေလးငယ္ကို
ဆြဲထူ လိုက္ပီး

" မင္းနဲ ့အတူတူေနခ်င္ပီ ။ ကိုယ္ အိမ္ကိုလဲ ေျပာထားတယ္ ။ ကိုယ္တို ့နွစ္ေယာက္အတူတူေနဖို ့ကို …မင္းဖက္က သေဘာတူရင္ ေနလို ့ရေအာင္ စီစဥ္ေတာ့မလို ့"

လူကေလး အကိုႀကီးရင္ခြင္ထဲကို တိုးဝင္လိုက္မိသည္။ သူတကယ္  အကိုႀကီးကို ခ်စ္မိေနပီ။ ဒီလူႀကီးက သူ ့ကို ရုန္းထြက္လို ့ရေအာင္ကို တျဖည္းျဖည္းခ်ီေနွာင္ ေန၏။

"အကိုႀကီးသေဘာပါ ။ က်ြန္ေတာ္ လက္ခံပါတယ္"

>>>>>>><<<<<<<

" နာတယ္မို ့လား "

အထိုးခံရသူက ဘယ္လိုေနသလဲ မသိေပမဲ့ လူကေလးကေတာ့ မ်က္ရည္ေလးတစမ္းစမ္းျဖစ္ေနသည္။ အသားေပၚ ျဖတ္သန္းသြားလာေနတဲ့ စက္ရဲ့ တဒီးဒီး အသံႀကီးေႀကာင့္
ဘယ္ေလာက္ေတာင္ နာေနမလဲလို ့ သနားေနမိသည္။  ေဘးက ခံုေလးေပၚမွာ ျငိမ္ျငိမ္ထိုင္ေနေပမဲ့ လက္ကေတာ့ အကိုႀကီး လက္ဖဝါးေတြကို တင္းႀကပ္စြာ ဆုပ္ကိုင္ထားမိသည္။

"အရမ္းႀကီးမနာပါဘူးကြာ…ငိုစရာလဲမဟုတ္ပဲ ငိုေနျပန္ပီ …Tattoo ထိုးမွေတာ့ ဒီေလာက္ေတာ့ အနာခံရမွာေပါ့"

တရွုံ ့ရွုံ ့ ငိုေနတဲ့ လူလူေလးကို ေခ်ာ့ေနေပမဲ့
ရင္ဖက္မွာ နာက်င္တဲ့ ခံစားခ်က္ကတဆစ္ဆစ္ …
လက္တဖက္မွာ ေသာက္လက္စ ေဆးလိပ္ကို လက္ညိဳးေလးနဲ ့ေတာက္ကာ ျပာေျခြ လိုက္ပီး နွုတ္ခမ္းမွာေတ့ရွုိက္သြင္းလိုက္ပီး အခိုးေငြ ့ေတြကို ေခါင္းေမာ့ကာ လွလွပပထုတ္လႊင့္လိုက္သည္။လူလူနဲ ့ပတ္သတ္လာရင္ သူဟာအကုန္လံုးကိုေတာင္ လ်စ္လ်ဴရွူ ့ရဲတဲ့သူ။

"ဘာပဲေျပာေျပာ နာေနမွာပဲ ။ အကိုႀကီးကိုႀကည့္ပီး က်ြန္ေတာ္ ဝမ္းနည္းလြန္းလို ့ဘယ္လို လုပ္ရမလဲ ဟင့္ ေနာက္တခါ ခြင့္မျပဳေတာ့ဘူး"

လူလူ အေျပာေလးေႀကာင့္ သူရင္ထဲ ခ်မ္းေျမ့သြား၏။ သူ ့ပံုတူ တက္တူးေလးထိုးတာကို မေပ်ာ္ရြင္တဲ့ ကေလးေလးကို ေက်နပ္ေအာင္ဘယ္လို ေခ်ာ့ရမလဲ။ လက္ထဲ ကေဆးလိပ္တိုကို ေဘးက ျပာခြာထဲ ထိုးေခ်ပီး နာမည္ႀကီး Tattoo Artistရဲ့ လက္ရာ ကို ငံု ့ပီး ႀကည့္လိုက္သည္။

ခ်စ္စဖြယ္ ရယ္ေမာေနတဲ့ လူလူေလးရဲ့ပံုေလးက တစြန္းတစ ေပၚေနေပမဲ့ အျပင္က လူလူလိုပဲ ခ်စ္ဖို ့ေကာင္း၏
မ်က္ရည္ေတြနဲ ့သူ ့ရင္ဖက္ကို ေငးစိုက္ႀကည့္ေနတဲ့ လူလူေလးကို သေဘာတက် ႀကည့္မိရင္း ျမတ္နိုးမူ ့တို ့က အတိုင္းစမရွိ ………

ဘာပဲ ေျပာေျပာ လူလူ ့ကို သိပ္ခ်စ္တာပဲ သိသည္။

ခ်စ္တဲ့အိမ္စည္။

>>>>>>>>>>>><<<<<<<<<<<<<

လူကလေး အိပ်ယာနိုးလာတော့ အနည်းငယ်နာကျင်နေတာကလွဲပီး တခြား ဆိုးဝါးလှတဲ့ ခံစားချက်ကို မရပေ။ ည က အကိုကြီးနဲ့ သူနဲ့ ……

ရှက်စရာ အတွေးဆိုးကြီးကြောင့် ခေါင်းအုန်းမှာ မျက်နှာ အပ်ပီး အသံတိတ်ရယ်မောလိုက်မိသည်။ တိတ်ဆိတ်နေတဲ့ အခန်းကြောင့်ရှုတ်တရက် အကိုကြီးကို သတိရသွားကာ လက်နဲ့ ဘေးကိုစမ်းကြည့်မိသည်။

ဇ ရေချိုးခန်းထဲက ထွက်လာတော့ ကလေးက
ခေါင်းအုန်းမှာ မျက်နှာအပ်ကာ သူရှိမဲ့နေရာကို လက်ကလေးနဲ့ လျှောက်စမ်းနေ၏။
ချစ်စရာကောင်းတဲ့ အပြုအမူလေးကြောင့်
ဇ နှလုံးသားသည်  ယားစိယားစိဖြစ်သွား၏။
လူလူလေးက သိပ်ချစ်ဖို့ ကောင်း၏

ညက လိုက်လျော ပေးတက်ပုံလေးကို ပြန်တွေးကြည့်ရုံနဲ့  ချစ်ခင်ကြင်နာ လိုစိတ်တွေက ရင်ဖက်တခုလုံး ပြည့်အံ့လာသည်။
ခြေလှမ်းကျဲကြီးဖြင့် လူလူရှိတဲ့ ကုတင်ပေါ် တလွှားလွှား သွားကာ ဘေးမှာကပ်အိပ်ပီးအားယားမှောက်အိပ်နေတဲ့ ကလေးလေးကို အင်္ကျီမဝတ်ထားတဲ့ ဗိုက်ပေါ် ပွေ့ တင်လိုက်သည်

"ဟာ အကိုကြီး"

အလန့် တကြား အော်လိုက်ပေမဲ့ လူကတော့
ဇ ဗိုက်ပေါ်မှာ မှောက်ရက် ကလေးဖြစ်နေ၏။

"အကိုကြီးက ရေတောင်ချိုးပီးနေပီ ။ အောက်ချလိုက်ပါ့လား ကျွန်တော်က ညစ်ပတ်နေလို့ "

"တော်ပီ မချပေးချင်ဘူး ။ မင်း ဒီတိုင်းလေးမင်းယောကျာ်းပေါ်မှာ  နေလို့ ရပါတယ် ။ ကိုယ့်ကိုယ်လုံးက မွေ့ ယာ ထက် ပိုကောင်းတယ်မို့ လား"

"အင်း"

မြင်နေရတဲ့ ဗိုက်က ကြွက်သားတုံးတွေကို လက်နဲ့  လိုက်စမ်းပီး ဖြေလိုက်သည်။ တကယ်တော့ မျက်စိရှေ့ က ကြွက်သားအကွက်တွေလောက် အကိုကြီးစကားတွေက စိတ်ဝင်စားဖို့ မကောင်းဘူးဆိုတာ လူကလေးကိုယ်တိုင်သာသိသည်။ သဘောကျ လိုက်တာ……

"လူလူ ကိုယ့်ကို ချစ်လား"

"အင်း"

သူ့ ကို စိတ်မဝင်စားပဲ ဇ ရင်ဖက်ကအမြောင်းတွေကို လက်ဖဝါးနဲ့ ပွတ်ဖြေနေလို့  ဇ နည်းနည်းတော့မကျေမနပ်ဖြစ်မိသည်။ တကယ်ဆို ချောမောလှပတဲ့ မျက်နှာ က ဒီအပေါ်မှာမို့ လား။

"ကိုယ့်ကို ချစ်တာလား ။ အဲ့ ဗိုက်ကအမြှောင်းတွေကို ချစ်တာလား"

"နှစ်ခုလုံး"

"ဘာ!!! လူလူ မင်း! "

အော်သံကျယ်ကြီးကြောင့် လူလူ ဆတ်ကနဲ တုန်သွား၏။ အသံပြဲ ကြီးနဲ့ ထထ အော်တက်လွန်းတဲ့ အကိုကြီးကိုခေါင်းထောင်ကြည့်ကာ မျက်စောင်းထိုးလိုက်သည်။

"ပြန်ပြော ဘယ်သူ့ ကို ချစ်တာလဲ"

"အကိုကြီးကို"

လိုက်လိုက်လျောလျော့ အလျော့ပေးပီးပြန်ဖြေလာတဲ့ လူလူကြောင့်ဇ ကျေနပ်သွား၏။
တကယ်ဆို ဒီချောမောလှပတဲ့ အကိုကြီးကို ပိုင်ဆိုင်ခွင့်ရနေရုံနဲ့ တင် လူလူလေးက ကံကောင်းနေပီ။ ခုတော့ ရုပ်ကလဲ ချောပေးရသေးအလိုလိုက်ပီး စောက်သည်းပေါက်အောင်လဲ ချစ်ရသေးနဲ့  လူလူလောက် ကံကောင်းတဲ့သူက လောကကြီးများရှိများရှိကြသေးလား

" ပီးရော လိမ်မာလို့  အနမ်းလေး ဆုချရမယ်။
မျက်နှာလေးကို မော့လိုက် "

အကိုကြီးအပြောကြောင့် လူကလေးရယ်ချင်သွားသည်။ တခါတလေ သူကိုယ်သူ အထင်ကြီးတက်တာကလွဲရင် အကိုကြီးက စိတ်ရင်းသဘောထားပြည့်ဝသူမို့  အကိုကြီးအလိုကျ မျက်နှာမော့ပေးလိုက်မိသည်။

"မွ "

နဖူးထပ်မှာနွေးကနဲ ။

"ထတော့ … သိပ်မနာဘူးမို့ လား"

"အင်း သိပ်မနာဘူး။ "

ကိုယ်လုံးလေးကို လက်နဲ့ လိုက်စမ်းပီး ဖျားမဖျားသေချာအောင် စစ်လိုက်သည်။ သူ အများကြီး အလျော့ပေးထားလို့  လူလူ ဘာမှ မဖြစ်နိုင်ဘူးဆိုတာ သိပေမဲ့ စိတ်ပူတာပူတာပဲလေ။

" နောက်လ ကုန်ရင် ကိုယ်နဲ့ လိုက်နေမလား လူလူ"

"ဘာကိုလဲ"

နားမလည်စွာမေးနေတဲ့ ကလေးငယ်ကို
ဆွဲထူ လိုက်ပီး

" မင်းနဲ့ အတူတူနေချင်ပီ ။ ကိုယ် အိမ်ကိုလဲ ပြောထားတယ် ။ ကိုယ်တို့ နှစ်ယောက်အတူတူနေဖို့ ကို …မင်းဖက်က သဘောတူရင် နေလို့ ရအောင် စီစဉ်တော့မလို့ "

လူကလေး အကိုကြီးရင်ခွင်ထဲကို တိုးဝင်လိုက်မိသည်။ သူတကယ်  အကိုကြီးကို ချစ်မိနေပီ။ ဒီလူကြီးက သူ့ ကို ရုန်းထွက်လို့ ရအောင်ကို တဖြည်းဖြည်းချီနှောင် နေ၏။

"အကိုကြီးသဘောပါ ။ ကျွန်တော် လက်ခံပါတယ်"

>>>>>>><<<<<<<

" နာတယ်မို့ လား "

အထိုးခံရသူက ဘယ်လိုနေသလဲ မသိပေမဲ့ လူကလေးကတော့ မျက်ရည်လေးတစမ်းစမ်းဖြစ်နေသည်။ အသားပေါ် ဖြတ်သန်းသွားလာနေတဲ့ စက်ရဲ့ တဒီးဒီး အသံကြီးကြောင့်
ဘယ်လောက်တောင် နာနေမလဲလို့  သနားနေမိသည်။  ဘေးက ခုံလေးပေါ်မှာ ငြိမ်ငြိမ်ထိုင်နေပေမဲ့ လက်ကတော့ အကိုကြီး လက်ဖဝါးတွေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။

"အရမ်းကြီးမနာပါဘူးကွာ…ငိုစရာလဲမဟုတ်ပဲ ငိုနေပြန်ပီ …Tattoo ထိုးမှတော့ ဒီလောက်တော့ အနာခံရမှာပေါ့"

တရှုံ့ ရှုံ့  ငိုနေတဲ့ လူလူလေးကို ချော့နေပေမဲ့
ရင်ဖက်မှာ နာကျင်တဲ့ ခံစားချက်ကတဆစ်ဆစ် …
လက်တဖက်မှာ သောက်လက်စ ဆေးလိပ်ကို လက်ညိုးလေးနဲ့ တောက်ကာ ပြာခြွေ လိုက်ပီး နှုတ်ခမ်းမှာတေ့ရှိုက်သွင်းလိုက်ပီး အခိုးငွေ့ တွေကို ခေါင်းမော့ကာ လှလှပပထုတ်လွှင့်လိုက်သည်။လူလူနဲ့ ပတ်သတ်လာရင် သူဟာအကုန်လုံးကိုတောင် လျစ်လျူရှူ့ ရဲတဲ့သူ။

"ဘာပဲပြောပြော နာနေမှာပဲ ။ အကိုကြီးကိုကြည့်ပီး ကျွန်တော် ဝမ်းနည်းလွန်းလို့ ဘယ်လို လုပ်ရမလဲ ဟင့် နောက်တခါ ခွင့်မပြုတော့ဘူး"

လူလူ အပြောလေးကြောင့် သူရင်ထဲ ချမ်းမြေ့သွား၏။ သူ့ ပုံတူ တက်တူးလေးထိုးတာကို မပျော်ရွင်တဲ့ ကလေးလေးကို ကျေနပ်အောင်ဘယ်လို ချော့ရမလဲ။ လက်ထဲ ကဆေးလိပ်တိုကို ဘေးက ပြာခွာထဲ ထိုးချေပီး နာမည်ကြီး Tattoo Artist ရဲ့ လက်ရာ ကို ငုံ့ ပီး ကြည့်လိုက်သည်။

ချစ်စဖွယ် ရယ်မောနေတဲ့ လူလူလေးရဲ့ပုံလေးက တစွန်းတစ ပေါ်နေပေမဲ့ အပြင်က လူလူလိုပဲ ချစ်ဖို့ ကောင်း၏
မျက်ရည်တွေနဲ့ သူ့ ရင်ဖက်ကို ငေးစိုက်ကြည့်နေတဲ့ လူလူလေးကို သဘောတကျ ကြည့်မိရင်း မြတ်နိုးမူ့ တို့ က အတိုင်းစမရှိ ………

ဘာပဲ ပြောပြော လူလူ့ ကို သိပ်ချစ်တာပဲ သိသည်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz