34
"လူလူ ကိုယ့္ကို ခ်စ္လား "
ဇ ရင္ခြင္ထဲက လူလူေလးကို ေနာက္က
ေနေပြ ့ဖက္ထားရင္ ခ်ိဳ သာတဲ့အသံျဖင့္ေမးလိုက္သည္။ ေရာက္ကတည္းေပ်ာ္ေနတဲ့ လူလူ ကို ႀကည့္ပီး ေခၚလာခဲ့တာ
မွန္သြားသည္ဟုေတြးမိတာလဲအႀကိမ္ႀကိမ္။ ဇ အရင္ကဘယ္ေလာက္ပဲဆိုးဆိုး လူကေလးကို သိပ္ခ်စ္မိပီးေနာက္ပိုင္းမွာ အခ်ိဳးေတြအမ်ားႀကီးေျပာင္းလဲခဲ့သည္။
လူကေလးက ဇ ရဲ့ဘဝပင္။
"ခ်စ္တာေပါ့ ... အျမဲတမ္း အကိုႀကီးေမးသမ်ွ က်ြန္ေတာ္ေပါ့ေပါ့ပါးပါး ေျဖခဲ့ဖူးတယ္။ ဒီေန ့ေတာ့ က်ြန္ေတာ့္ရင္ထဲကအမွန္တရားေတြကို ေလးေလးနက္နက္ေျပာမယ္ "
ေနာက္ေက်ာဖက္ကေနပီး ေထြးဖက္ထားတဲ့ အကိုႀကီး လက္ေတြကို ဆြဲဖယ္လိုက္ပီး မ်က္နွာခ်င္းဆိုင္ ေျပာင္းကာ အကိုႀကီးမ်က္နွာကိုေလးနက္စြာႀကည့္လိုက္သည္။
ရန္ကုန္မွာ ျမင္ရခဲတဲ့ ႀကယ္ေတြက ေကာင္းကင္မွာ အႀကီးအေသးစံုလို ့။
ညေရာက္ေလ ေအးေလဆိုေပမဲ့ အထဲကို မဝင္ခ်င္ေလာက္ေအာင္ လတ္ဆတ္တဲ့
သဘာဝအလွကို အကိုႀကီးနဲ ့ထပ္တူ
ခံစားေနမိသည္။ မ်က္နွာကို ျမတ္နိုးစြာ ေငးႀကည့္မိျပီး ေျပာရမဲ့ စကားတို ့ကို
တလံုးခ်င္း ေျပာမိသည္အထိ ရင္ခုန္ေနမိ၏။ ဒီညေလးက ဘယ္ေတာ့မွမေမ့နိုင္ေတာ့မဲ့လူလူတို ့နွစ္ေယာက္ရဲ့ အခ်စ္ညေလး......
"အကိုႀကီး !...က်ြန္ေတာ္ဘယ္ေတာ့မွ အကိုႀကီးကို က်ြန္ေတာ့ခံစားခ်က္ေတြကို တခမ္းတနား ေျပာမျပခဲ့ဘူးဘူး ။ ဒါေပမဲ့ ဒီေန ့ေတာ့ ေျပာခ်င္တယ္ ... "
ေဘးခြဲဖီးထားတဲ့ ဆံပင္နက္နက္ေလးေတြကို ဇ အသာအယာ ပြတ္ေပးပီး လူလူေျပာသမ်ွကို နားေထာင္ေနလိုက္သည္။ ရင္ထဲမွာ တျငိမ့္ျငိမ့္ခံစားေနရတဲ့ ခံစားခ်က္ေလးက လူလူေလးေႀကာင့္ ဆိုရင္ပိုတယ္ထင္မလား။
" က်ြန္ေတာ့ကို အကိုႀကီးေကာင္ေလးျဖစ္ခြင့္ေပးလို ့ေက်းဇူးတင္ပါတယ္။ ပီးေတာ့
က်ြန္ေတာ္ ခ်စ္တာထက္ပိုပီး ခ်စ္ေပးတဲ့
အတြက္ေရာ တနွစ္ျပည့္တဲ့ အခ်ိန္ထိ နာက်င္မူ ့တစံုတရာေတာင္ မေပးခဲ့ပဲ ေပ်ာ္ရႊင္
စြာ ျဖတ္သန္းခြင့္ေပးခဲ့တဲ့အတြက္ေရာ
အကိုႀကီးကို ေက်းဇူးတင္ပါတယ္ "
"အင္း "
ဇ အသံက ေက်နပ္မူ ့...ေပ်ာ္ရႊင္မူ ့ ...
ခ်စ္ခင္မူ ့ေတြ ေရာေထြးလ်က္
" အကိုႀကီးကို သိပ္ခ်စ္တယ္ ။ ဒါအမွန္တရားပဲ ။ အကိုႀကီးက က်ြန္ေတာ့္ဘဝအတြက္ ပထမဆံုးနဲ ့ေနာက္ဆံုးအခ်စ္ပဲ ။ ဒါဘယ္ေတာ့မွ ေျပာင္းလဲမသြားမဲ့ က်ြန္ေတာ့္သစၥာစကားဆိုတာ က်ိန္ေျပာရဲတယ္။
အဲ့သေလာက္ထိ ခင္မ်ားကို သိပ္ခ်စ္တယ္ တိုင္းထြဋ္တင္ ......အျမဲတမ္း ခင္မ်ားတစ္ေယာက္ထဲကိုပဲ ေသတဲ့အထိ ခ်စ္သြားမယ္ ခင္မ်ားတစ္ေယာက္ထဲကိုပဲ ႀကည့္ပီး ခင္မ်ားအတြက္ကိုပဲ က်ြန္ေတာ့္အခ်စ္ေတြေပးမယ္ ။ အကိုႀကီးကို အရမ္းခ်စ္တယ္ "
လူလူေလးရဲ့ စကားအဆံုးမွာ ဇ ပါးျပင္မွာ ပူေႏြးတဲ့ မ်က္ရည္တစင္းျဖတ္သန္းစီးဆင္းသြား၏။ သူ သိပ္ေပ်ာ္တာပဲသိေတာ့သည္။
အကိုႀကီး ပါးျပင္မွာစီးက်လာတဲ့ မ်က္ရည္စေတြကို သုတ္ေပးပီး ေျခဖ်ားေထာက္ပီး နွုတ္ခမ္းညိဳညိဳေတြကို ေမာ့နမ္းလိုက္မိသည္။ ထို ့ေနာက္ တိုးတိတ္စြာ
"ေပ်ာ္ရႊင္ဖြယ္ရာ တစ္နွစ္ျပည့္မနက္ခင္းေလးပါ အကိုႀကီး အသက္ႀကီးပီး အဘိုးႀကီးျဖစ္သြားတဲ့အခ်ိန္ထိ က်ြန္ေတာ္ကိုပဲ ခ်စ္ေပးပါ"
"ဟင္! "
လူလူ ့စကားေႀကာင့္ ဇ လက္ကနာရီကို ငံု ့ႀကည့္မိေတာ့ နာရီလက္တံေလးက ည12နာရီ တစ္မိနစ္တိတိ ......
" ကိုယ္အရင္ေျပာမလို ့လူလူ ကအရင္ေျပာလိုက္တာပဲ ဒါေပမဲ့ အေရးမႀကီးပါဘူး။ ကိုယ့္အတြက္ကေတာ့ ေဟာဒီက လူလူေလးနဲ ့ ခ်စ္ေနရတဲ့ ေန ့ရက္တိုင္းက
ေပ်ာ္ရႊင္စရာ ေန ့ေတြႀကီးပဲ ။ သိပ္ခ်စ္တယ္ကိုယ့္အခ်စ္ကေလး "
ခါးကေန ဆြဲေပြ ့ပီး လူလူေလးကို တေမ့တေမာ နမ္းရွဳိက္လိုက္မိသည္အထိ
ဇ ရင္ခုန္စိတ္လွဳပ္ရွားေန၏။တင္ပါးကေနဆြဲေျမွာက္ထားတာမို ့ လူလူ ့ေျခေထာက္ေလးေတြကို ဇ ခါးကိုရစ္သိုင္းထား၏။
"အထဲသြားရေအာင္ "
"အြန္း"
လူကေလး လက္ခံလိုက္တဲ့အသံမဟုတ္ဘူး။ ဇ နမ္းလိုက္တာေႀကာင့္ထြက္ေပၚလာတဲ့ အသံ။ ထို ့ေနာက္ အျပာေရာင္
ဘန္ဂလို ေလးထဲကို ေပြ ့ခ်ီထားရက္နဲ ့
ဝင္သြားတဲ့ ေကာင္ေလးနွစ္ေယာက္ရယ္
သိပ္လွတဲ့ ႀကယ္ေတြစံုတဲ့ညေလးရယ္......
-
-
-
-
-
-
-
-
"လူလူ ဒီကိုလာ "
အျပင္သြားဖို ့တက္ႀကြေနတဲ့ ကေလးကို
ဇ အလိုမက်တဲ့ စိတ္နဲ ့ေခၚလိုက္သည္။
လက္ထဲ ကိုင္ထားတဲ့ Hoddie အနက္ေရာင္ေလးက ဇ ဝတ္ထားတာနဲ့ ဆင္တူ ။
" အခန္းထဲမို ့လို ့မေအးတာ အျပင္မွာ ေအးတယ္ေလ ဘာလို ့ ပါးပါးေလးဝတ္ထားတာလဲ ခ်ြတ္အဲ့က်ၤ ီ "
"ဟုတ္"
ေျပာလိုက္ေတာ့လဲ အေပၚက လက္ရွည္ အပါးေလးကို ခ်ြတ္ေပး၏။ တီရွပ္ အျဖဴေရာင္ေလး ပဲ က်န္ခဲ့ေတာ့ လည္ပင္မွား အနီေရာင္အကြက္ေတြကို တစြန္းတစေပၚလာ၏။ အလိုမက်တဲ့ စိတ္က အဲ့ဒီအမွတ္ေလးေတြျမင္ေတာ့ ခ်က္ျခင္း ေက်နပ္သြား၏။
လူလူေလးက ဇ အပိုင္......
ေခါင္းကေနလ်ိဳ ေပးပီးေသခ်ာ အေႏြးထည္ဝတ္ေပးလိုက္သည္။လက္ကဝတ္ထားတဲ့ နာရီနဲ ့အက်ၤ ီလက္ျဖင့္ညိ ေနတာေႀကာင္ ့ခနအခ်ိန္ေပးလိုက္ရသည္။
"လူလူေလး ဒီနာရီကို တခါမွဝတ္တာမျမင္ဘူးဘူး ။ ျပီးေတာ့ ေဟာင္းေတာင္ေနပီဘာလို ့ဝတ္ထားတာလဲ ကိုယ္ဝယ္ေပးထားတာေတြအမ်ားႀကီး ရွိေနရက္နဲ ့"
နာရီေလးက ဘဲဥပံုစံအဝိုင္းေလး ။ လယ္သာ ႀကိဳးအနက္ကေလးက ေဟာင္းေနေပမဲ့ တန္ဖိုးႀကီးမွန္းေတာ့ သိသည္။ မိန္းမပတ္နာရီနဲ ့အနည္းငယ္ဆင္ေသာ္လဲ လူလူ လက္ကေလးက လွေတာ့ လိုက္ဖက္သည္။
"ဒါ ေမေမ့ နာရီေလး ။ ဒီေန ့အမွတ္တရေန ့မလို ့ အမွတ္တရျဖစ္ေအာင္ဝတ္ထားတာ "
" အင္းပါ ေအာ္ဒါနဲ ့ေဆးေသာက္အုန္းမလား "
"ဟင့္အင္ က်ြန္ေတာ္အဆင္ေျပပါတယ္"
အဆင္ေျပပါတယ္ေျပာေနတဲ့ မ်က္နွာေလးက ပန္းေရာင္ေျပးေနသည္။ ရွက္ေနတုန္းလား လူလူတို ့က ။
ပါးျပင္နုနုကို တဝႀကီးဖက္နမ္းလိုက္ပီးေနာက္။
"ရပီ သြားမယ္"
လက္ဆြဲပီး အခန္းထဲကထြက္ေတာ့ မေန ့ကတည္းက တခါထဲမွာထားပီးသားမို ့ကား ကအခန္ းေရွ ့မွာ လာထားေပးထားသည္။
"လူလူေလး ကိုယ္နဲ ့အရင္ လိေမၼာ္ျခံအရင္လိုက္ခဲ့ေနာ္ ျပီးမွ ေလ်ွာက္လည္ရမယ္"
"ဟုတ္ကဲ့ပါ အကိုႀကီးအလုပ္ေတြသာ အရင္ ျပီးေအာင္လုပ္ က်ြန္ေတာ္က အေရးမႀကီးဘူး"
"ဘယ္ကလူလူေလးက အေရးမႀကီးရမွာလဲ အလုပ္ကသာ အေရးမႀကီးတာ ျဖစ္နိုင္ရင္ လုပ္ေတာင္လုပ္ခ်င္တာမဟုတ္ဘူး
ကိုယ့္လူလူေလး မ်က္နွာငယ္မွာစိုးလို ့သာလုပ္ေနရတာ ။ "
ကေလးေလးကို မ်က္နွာလိုအားရေျပာလိုက္မိေပမဲ့ ဒီကိုမလာခင္က ေက်ြးဖခင္ဆီကအလုပ္ကိုအေႀကာင္းျပပီး ေတာင္းလာတဲ့ မုန္ ့ဘိုးေတြကမနည္း။
ဒါေတာင္ ကိုယ္တေယာက္စာတင္ေတာင္းတာမဟုတ္ လူလူေလးအတြက္ပိုေတာင္းလာတာ ။
နွစ္ေယာက္သား စကားတေျပာေျပာနဲ ့
ကားေမာင္းလာခဲ့ပီး လမ္းမွာေတြ ့တဲ့ ေခါက္ဆြဲဆိုင္မွာ ဝင္ပီး ကေလးကို ရွမ္းေခါက္ဆြဲ ေက်ြး ခဲ့ေသးသည္။ ထို ့ေနာက္ ေဖေဖ ဆက္သြယ္ေပးထားတာတဲ့ ေရွ ့ေန ဦးသူရ ကိုဖုန္းဆက္ဝင္ေခၚပီး အရင္ဆံုး စာခ်ဳပ္ထားတဲ့ လိမ္ေမာ္ျခံကို အရင္သြားပီး စာခ်ဳပ္ဖ်က္ခဲ့သည္။ တိက်တဲ့ သက္ေသပါ ျပပီး ဖ်က္ခဲ့တာမို ့ေငြအေလ်ာ္ေပးစရာမလိုခဲ့ေပ။
ဒါေပမဲ့ သိပ္ေက်နပ္ပံု မေပမဲ့ ဘာမွေတာ့ ေထြေထြထူးထူး မေျပာခဲ့လိုက္ရ။
"ေက်းဇူးတင္ပါတယ္ ။ ဦးေလးပါလို ့ဘာမွသိပ္မေျပာရတာ "
အိမ္ေရွ ့ကားရပ္ပီး ဇ ေသခ်ာ ေက်းဇူးတင္စကားေျပာလိုက္သည္။ ဇ အေနနဲ ့ဘာမွအမ်ားႀကီးေျပာစရာမလိုေတာ့ေအာင္ ဦးသူရက ေျဖရွင္းေပးသြားသည္။ ျပီးေတာ့
ရွမ္းျပည္ဖက္က ဇ ကိုယ္တိုင္သာ လာခဲ့ရတာ ေဖေဖက ဟိုကေန အကုန္အဆင္ေျပေအာင္ လုပ္ထားပီးသားမို ့ ဇ နည္းနည္းေလးေတာင္မပင္ပန္း။
"ရပါတယ္ကြာ လိုတာရွိရင္လဲ ဖုန္းဆက္လိုက္ပါ။ သတိေတာ့ထားကြာ အဲ့ျခံက ဦးလူေမာ္က လူညစ္ ။ တပည့္တပန္းေတြေမြးထားတာေတြကလဲ ဇိုးေတြႀကီးပဲ။ ကဲဒါဆို ဦးေလးဆင္းပီ "
"ဟုတ္ကဲ့ ေက်းဇူးပါဦးေလး က်ြန္ေတာ္တို ့ဂရုစိုက္လိုက္ပါ့မယ္"
တကယ္လဲ ဇ စိတ္ထဲ ေလးေနတာမို ့
ဂရုစိုက္ဖို ့ရာေတြးထားပီးသား။ ဇ အေနနဲ ့
ရန္ျဖစ္ေနက်မို ့လို ့အေရးမႀကီးေပမဲ့ စိတ္ပူတာ လူလူေလးကို။
ဦးသူရ ကို လိုက္ပို ့ပီး ဇ တို ့ အျပန္ ေန ့ခင္းစာဝင္ စားျဖစ္သည္။ ျပီးေနာက္ လူလူေလး ကို ကားနဲ ့လိုက္ပတ္ျပပီး ေလ်ွာက္လည္ ခဲ့၏။ တေန ့လံုး စားခ်င္တာေလး စားလိုက္ လိုခ်င္တာရွိရင္ လက္ညိဳး ထိုးပူဆာ လိုက္ျဖင့္ လူလူတို ့အေပ်ာ္ႀကီးေပ်ာ္ေနသည္။
"အကိုႀကီး ကားရပ္အုန္း "
လူလူ ့အသံေႀကာင့္ ကားရပ္ေပးလိုက္သည္။ ေမွာင္စပ်ိဳးေနပီမို ့ ဇ ေဟာ္တယ္ ကို ျပန္ေရာက္ခ်င္ေနပီျဖစ္ေပမဲ့ လူလူက တလမ္းလံုးေတြ ့သမ်ွ ဝယ္ေနတာမို ့ ခနခနဒကားရပ္ေပးေနရသည္။
"ဘာ လုပ္အုန္းမလို ့လဲ လူလူရာ ။ ေနာက္ခန္းမွာလဲ မင္းဝယ္ထားတာ မ်ားေနပီေနာ္"
"ဟိုမွာ ေျပာင္းဖုတ္ေရာင္းေနတာ က်ြန္ေတာ္စားခ်င္လို ့"
ကားလမ္းတစ္ဖက္မွာ ေရာင္းေနတဲ့ ေစ်းသည္ကို လက္ညိဳးထိုးျပသည္မို ့
"ခန ေစာင္ ့ကိုယ္သြားဝယ္ေပးမယ္"
"ဟာ က်ြန္ေတာ္သြားတာျမန္တယ္ "
ေျပာရင္းတံခါးဖြင့္ ဆင္းသြားတဲ့ လူလူေလးေႀကာင့္ ဇ ဒီတိုင္းသာႀကည့္ေနလိုက္ရသည္။ လမ္းတဖက္မို ့ မ်က္စိေရွ ့တင္ဆိုေတာ့ ဇလဲ မတားျဖစ္လိုက္။
ႀကည့္ေနရင္း မ်က္စိထဲဝင္လာတာအရွိန္နဲ ့ေမာင္းလာတဲ့ ကားကို ျဖစ္သည္။
"လူလူ ေနာက္မွ ကားလာေနတယ္ "
ဇ မွီလို ့မွီျငား ငယ္သံပါေအာင္ ေအာ္တားလိုက္ေသာ္လဲ
က်ြီ ! ... ဒုန္း !
"လူလူ ! "
ေျမွာက္တက္သြားတဲ့ ကိုယ္ေလးက ကတၱရာလမ္းေပၚမွာ နွစ္ပတ္သံုးပတ္လိမ့္ထြက္သြား၏။ ဇ ကားေပၚက ဆင္းပီး ေျပးေပြ ့လိုက္ေတာ့ လူလူက ေသြးေတြႀကားထဲမွာ မ်က္လံုးကို မဖြင့္နိုင္ေတာ့။
"ကယ္ႀကပါအုန္း ကယ္ႀကပါအုန္း
ေဆးရုံ ေဆးရုံကားေခၚေပး ဘာႀကည့္ေနတာလဲ ဒီမွာ ေသေတာ့မယ္"
ေဘးနားမွာ ဝိုင္းအံုလာတဲ့ လူေတြကို
ဇ ေအာ္ဟစ္ပစ္လိုက္သည္။ သူသာ ကားရပ္မေပးရင္ ဒီလို ျဖစ္မွာမဟုတ္ဘူး ။ သူ ့
ေႀကာင့္ ဒီကို သူေခၚလာလို ့ျဖစ္တာ ။
ေသြးေတြနဲ ့ေပ်ာ့ေခြေနတဲ့ လူလူကို တင္းႀကပ္စြာ ဖက္ထားရင္ ယူႀကံဳးမရခံစားေနရသည္။
" ဒီမွာ ဦးေလးက ဆရာဝန္ ပါ ။ အဲ့ေလာက္ႀကီးဖက္မထားနဲ ့ေအာက္ကို ျပန္ခ် လိုက္ ဦးေလးႀကည့္ေပးမယ္။ "
လူအုပ္ႀကားထဲကေနထြက္လာတဲ့ လူႀကီးေႀကာင့္ ဇ မ်က္ရည္ေတြ ကမန္းကတန္းသုတ္ကာ လူလူေလးကို ေအာက္ကို ေသခ်ာခ်ေပးလိုက္သည္။ ဘာျဖစ္သြားသလဲ ေသခ်ာ ႀကည့္ေပးေနတဲ့ လူႀကီးေႀကာင့္ ဇ ေဘးကေနပီး အားကုိးတႀကီးႀကည့္မိသည္။
"ဟမ္! ဒါက "
ထိုလူႀကီးဆီမွ အံ့ၾသတႀကီးထြက္လာတဲ့အသံေၾကာင့္ ဇ ေမာ့ၾကၫ့္လိုက္မိသည္။ သူၾကၫ့္ေနတာ နာရီဝတ္ထားတဲ့လူလူ လက္ကေလး။
ခ်စ္တဲ့ အိမ္စည္။
>>>>>>>><<<<<<
"လူလူ ကိုယ့်ကို ချစ်လား "
ဇ ရင်ခွင်ထဲက လူလူလေးကို နောက်က
နေပွေ့ ဖက်ထားရင် ချို သာတဲ့အသံဖြင့်မေးလိုက်သည်။ ရောက်ကတည်းပျော်နေတဲ့ လူလူ ကို ကြည့်ပီး ခေါ်လာခဲ့တာ
မှန်သွားသည်ဟုတွေးမိတာလဲအကြိမ်ကြိမ်။ ဇ အရင်ကဘယ်လောက်ပဲဆိုးဆိုး လူကလေးကို သိပ်ချစ်မိပီးနောက်ပိုင်းမှာ အချိုးတွေအများကြီးပြောင်းလဲခဲ့သည်။
လူကလေးက ဇ ရဲ့ဘဝပင်။
"ချစ်တာပေါ့ ... အမြဲတမ်း အကိုကြီးမေးသမျှ ကျွန်တော်ပေါ့ပေါ့ပါးပါး ဖြေခဲ့ဖူးတယ်။ ဒီနေ့ တော့ ကျွန်တော့်ရင်ထဲကအမှန်တရားတွေကို လေးလေးနက်နက်ပြောမယ် "
နောက်ကျောဖက်ကနေပီး ထွေးဖက်ထားတဲ့ အကိုကြီး လက်တွေကို ဆွဲဖယ်လိုက်ပီး မျက်နှာချင်းဆိုင် ပြောင်းကာ အကိုကြီးမျက်နှာကိုလေးနက်စွာကြည့်လိုက်သည်။
ရန်ကုန်မှာ မြင်ရခဲတဲ့ ကြယ်တွေက ကောင်းကင်မှာ အကြီးအသေးစုံလို့ ။
ညရောက်လေ အေးလေဆိုပေမဲ့ အထဲကို မဝင်ချင်လောက်အောင် လတ်ဆတ်တဲ့
သဘာဝအလှကို အကိုကြီးနဲ့ ထပ်တူ
ခံစားနေမိသည်။ မျက်နှာကို မြတ်နိုးစွာ ငေးကြည့်မိပြီး ပြောရမဲ့ စကားတို့ ကို
တလုံးချင်း ပြောမိသည်အထိ ရင်ခုန်နေမိ၏။ ဒီညလေးက ဘယ်တော့မှမမေ့နိုင်တော့မဲ့လူလူတို့ နှစ်ယောက်ရဲ့ အချစ်ညလေး......
"အကိုကြီး !...ကျွန်တော်ဘယ်တော့မှ အကိုကြီးကို ကျွန်တော့ခံစားချက်တွေကို တခမ်းတနား ပြောမပြခဲ့ဘူးဘူး ။ ဒါပေမဲ့ ဒီနေ့ တော့ ပြောချင်တယ် ... "
ဘေးခွဲဖီးထားတဲ့ ဆံပင်နက်နက်လေးတွေကို ဇ အသာအယာ ပွတ်ပေးပီး လူလူပြောသမျှကို နားထောင်နေလိုက်သည်။ ရင်ထဲမှာ တငြိမ့်ငြိမ့်ခံစားနေရတဲ့ ခံစားချက်လေးက လူလူလေးကြောင့် ဆိုရင်ပိုတယ်ထင်မလား။
" ကျွန်တော့ကို အကိုကြီးကောင်လေးဖြစ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်။ ပီးတော့
ကျွန်တော် ချစ်တာထက်ပိုပီး ချစ်ပေးတဲ့
အတွက်ရော တနှစ်ပြည့်တဲ့ အချိန်ထိ နာကျင်မူ့ တစုံတရာတောင် မပေးခဲ့ပဲ ပျော်ရွှင်
စွာ ဖြတ်သန်းခွင့်ပေးခဲ့တဲ့အတွက်ရော
အကိုကြီးကို ကျေးဇူးတင်ပါတယ် "
"အင်း "
ဇ အသံက ကျေနပ်မူ့ ...ပျော်ရွှင်မူ့ ...
ချစ်ခင်မူ့ တွေ ရောထွေးလျက်
" အကိုကြီးကို သိပ်ချစ်တယ် ။ ဒါအမှန်တရားပဲ ။ အကိုကြီးက ကျွန်တော့်ဘဝအတွက် ပထမဆုံးနဲ့ နောက်ဆုံးအချစ်ပဲ ။ ဒါဘယ်တော့မှ ပြောင်းလဲမသွားမဲ့ ကျွန်တော့်သစ္စာစကားဆိုတာ ကျိန်ပြောရဲတယ်။
အဲ့သလောက်ထိ ခင်များကို သိပ်ချစ်တယ် တိုင်းထွဋ်တင် ......အမြဲတမ်း ခင်များတစ်ယောက်ထဲကိုပဲ သေတဲ့အထိ ချစ်သွားမယ် ခင်များတစ်ယောက်ထဲကိုပဲ ကြည့်ပီး ခင်များအတွက်ကိုပဲ ကျွန်တော့်အချစ်တွေပေးမယ် ။ အကိုကြီးကို အရမ်းချစ်တယ် "
လူလူလေးရဲ့ စကားအဆုံးမှာ ဇ ပါးပြင်မှာ ပူနွေးတဲ့ မျက်ရည်တစင်းဖြတ်သန်းစီးဆင်းသွား၏။ သူ သိပ်ပျော်တာပဲသိတော့သည်။
အကိုကြီး ပါးပြင်မှာစီးကျလာတဲ့ မျက်ရည်စတွေကို သုတ်ပေးပီး ခြေဖျားထောက်ပီး နှုတ်ခမ်းညိုညိုတွေကို မော့နမ်းလိုက်မိသည်။ ထို့ နောက် တိုးတိတ်စွာ
"ပျော်ရွှင်ဖွယ်ရာ တစ်နှစ်ပြည့်မနက်ခင်းလေးပါ အကိုကြီး အသက်ကြီးပီး အဘိုးကြီးဖြစ်သွားတဲ့အချိန်ထိ ကျွန်တော်ကိုပဲ ချစ်ပေးပါ"
"ဟင်! "
လူလူ့ စကားကြောင့် ဇ လက်ကနာရီကို ငုံ့ ကြည့်မိတော့ နာရီလက်တံလေးက ည12နာရီ တစ်မိနစ်တိတိ ......
" ကိုယ်အရင်ပြောမလို့ လူလူ ကအရင်ပြောလိုက်တာပဲ ဒါပေမဲ့ အရေးမကြီးပါဘူး။ ကိုယ့်အတွက်ကတော့ ဟောဒီက လူလူလေးနဲ့ ချစ်နေရတဲ့ နေ့ ရက်တိုင်းက
ပျော်ရွှင်စရာ နေ့ တွေကြီးပဲ ။ သိပ်ချစ်တယ်ကိုယ့်အချစ်ကလေး "
ခါးကနေ ဆွဲပွေ့ ပီး လူလူလေးကို တမေ့တမော နမ်းရှိုက်လိုက်မိသည်အထိ
ဇ ရင်ခုန်စိတ်လှုပ်ရှားနေ၏။တင်ပါးကနေဆွဲမြှောက်ထားတာမို့ လူလူ့ ခြေထောက်လေးတွေကို ဇ ခါးကိုရစ်သိုင်းထား၏။
"အထဲသွားရအောင် "
"အွန်း"
လူကလေး လက်ခံလိုက်တဲ့အသံမဟုတ်ဘူး။ ဇ နမ်းလိုက်တာကြောင့်ထွက်ပေါ်လာတဲ့ အသံ။ ထို့ နောက် အပြာရောင်
ဘန်ဂလို လေးထဲကို ပွေ့ ချီထားရက်နဲ့
ဝင်သွားတဲ့ ကောင်လေးနှစ်ယောက်ရယ်
သိပ်လှတဲ့ ကြယ်တွေစုံတဲ့ညလေးရယ်......
-
-
-
-
-
-
-
-
"လူလူ ဒီကိုလာ "
အပြင်သွားဖို့ တက်ကြွနေတဲ့ ကလေးကို
ဇ အလိုမကျတဲ့ စိတ်နဲ့ ခေါ်လိုက်သည်။
လက်ထဲ ကိုင်ထားတဲ့ Hoddie အနက်ရောင်လေးက ဇ ဝတ်ထားတာနဲ့ ဆင်တူ ။
" အခန်းထဲမို့ လို့ မအေးတာ အပြင်မှာ အေးတယ်လေ ဘာလို့ ပါးပါးလေးဝတ်ထားတာလဲ ချွတ်အဲ့င်္ကျီ "
"ဟုတ်"
ပြောလိုက်တော့လဲ အပေါ်က လက်ရှည် အပါးလေးကို ချွတ်ပေး၏။ တီရှပ် အဖြူရောင်လေး ပဲ ကျန်ခဲ့တော့ လည်ပင်မှား အနီရောင်အကွက်တွေကို တစွန်းတစပေါ်လာ၏။ အလိုမကျတဲ့ စိတ်က အဲ့ဒီအမှတ်လေးတွေမြင်တော့ ချက်ခြင်း ကျေနပ်သွား၏။
လူလူလေးက ဇ အပိုင်......
ခေါင်းကနေလျို ပေးပီးသေချာ အနွေးထည်ဝတ်ပေးလိုက်သည်။လက်ကဝတ်ထားတဲ့ နာရီနဲ့ အင်္ကျီလက်ဖြင့်ညိ နေတာကြောင့် ခနအချိန်ပေးလိုက်ရသည်။
"လူလူလေး ဒီနာရီကို တခါမှဝတ်တာမမြင်ဘူးဘူး ။ ပြီးတော့ ဟောင်းတောင်နေပီဘာလို့ ဝတ်ထားတာလဲ ကိုယ်ဝယ်ပေးထားတာတွေအများကြီး ရှိနေရက်နဲ့ "
နာရီလေးက ဘဲဥပုံစံအဝိုင်းလေး ။ လယ်သာ ကြိုးအနက်ကလေးက ဟောင်းနေပေမဲ့ တန်ဖိုးကြီးမှန်းတော့ သိသည်။ မိန်းမပတ်နာရီနဲ့ အနည်းငယ်ဆင်သော်လဲ လူလူ လက်ကလေးက လှတော့ လိုက်ဖက်သည်။
"ဒါ မေမေ့ နာရီလေး ။ ဒီနေ့ အမှတ်တရနေ့ မလို့ အမှတ်တရဖြစ်အောင်ဝတ်ထားတာ "
" အင်းပါ အော်ဒါနဲ့ ဆေးသောက်အုန်းမလား "
"ဟင့်အင် ကျွန်တော်အဆင်ပြေပါတယ်"
အဆင်ပြေပါတယ်ပြောနေတဲ့ မျက်နှာလေးက ပန်းရောင်ပြေးနေသည်။ ရှက်နေတုန်းလား လူလူတို့ က ။
ပါးပြင်နုနုကို တဝကြီးဖက်နမ်းလိုက်ပီးနောက်။
"ရပီ သွားမယ်"
လက်ဆွဲပီး အခန်းထဲကထွက်တော့ မနေ့ ကတည်းက တခါထဲမှာထားပီးသားမို့ ကား ကအခန်းရှေ့ မှာ လာထားပေးထားသည်။
"လူလူလေး ကိုယ်နဲ့ အရင် လိမ္မော်ခြံအရင်လိုက်ခဲ့နော် ပြီးမှ လျှောက်လည်ရမယ်"
"ဟုတ်ကဲ့ပါ အကိုကြီးအလုပ်တွေသာ အရင် ပြီးအောင်လုပ် ကျွန်တော်က အရေးမကြီးဘူး"
"ဘယ်ကလူလူလေးက အရေးမကြီးရမှာလဲ အလုပ်ကသာ အရေးမကြီးတာ ဖြစ်နိုင်ရင် လုပ်တောင်လုပ်ချင်တာမဟုတ်ဘူး
ကိုယ့်လူလူလေး မျက်နှာငယ်မှာစိုးလို့ သာလုပ်နေရတာ ။ "
ကလေးလေးကို မျက်နှာလိုအားရပြောလိုက်မိပေမဲ့ ဒီကိုမလာခင်က ကျွေးဖခင်ဆီကအလုပ်ကိုအကြောင်းပြပီး တောင်းလာတဲ့ မုန့် ဘိုးတွေကမနည်း။
ဒါတောင် ကိုယ်တယောက်စာတင်တောင်းတာမဟုတ် လူလူလေးအတွက်ပိုတောင်းလာတာ ။
နှစ်ယောက်သား စကားတပြောပြောနဲ့
ကားမောင်းလာခဲ့ပီး လမ်းမှာတွေ့ တဲ့ ခေါက်ဆွဲဆိုင်မှာ ဝင်ပီး ကလေးကို ရှမ်းခေါက်ဆွဲ ကျွေး ခဲ့သေးသည်။ ထို့ နောက် ဖေဖေ ဆက်သွယ်ပေးထားတာတဲ့ ရှေ့ နေ ဦးသူရ ကိုဖုန်းဆက်ဝင်ခေါ်ပီး အရင်ဆုံး စာချုပ်ထားတဲ့ လိမ်မော်ခြံကို အရင်သွားပီး စာချုပ်ဖျက်ခဲ့သည်။ တိကျတဲ့ သက်သေပါ ပြပီး ဖျက်ခဲ့တာမို့ ငွေအလျော်ပေးစရာမလိုခဲ့ပေ။
ဒါပေမဲ့ သိပ်ကျေနပ်ပုံ မပေမဲ့ ဘာမှတော့ ထွေထွေထူးထူး မပြောခဲ့လိုက်ရ။
"ကျေးဇူးတင်ပါတယ် ။ ဦးလေးပါလို့ ဘာမှသိပ်မပြောရတာ "
အိမ်ရှေ့ ကားရပ်ပီး ဇ သေချာ ကျေးဇူးတင်စကားပြောလိုက်သည်။ ဇ အနေနဲ့ ဘာမှအများကြီးပြောစရာမလိုတော့အောင် ဦးသူရက ဖြေရှင်းပေးသွားသည်။ ပြီးတော့
ရှမ်းပြည်ဖက်က ဇ ကိုယ်တိုင်သာ လာခဲ့ရတာ ဖေဖေက ဟိုကနေ အကုန်အဆင်ပြေအောင် လုပ်ထားပီးသားမို့ ဇ နည်းနည်းလေးတောင်မပင်ပန်း။
"ရပါတယ်ကွာ လိုတာရှိရင်လဲ ဖုန်းဆက်လိုက်ပါ။ သတိတော့ထားကွာ အဲ့ခြံက ဦးလူမော်က လူညစ် ။ တပည့်တပန်းတွေမွေးထားတာတွေကလဲ ဇိုးတွေကြီးပဲ။ ကဲဒါဆို ဦးလေးဆင်းပီ "
"ဟုတ်ကဲ့ ကျေးဇူးပါဦးလေး ကျွန်တော်တို့ ဂရုစိုက်လိုက်ပါ့မယ်"
တကယ်လဲ ဇ စိတ်ထဲ လေးနေတာမို့
ဂရုစိုက်ဖို့ ရာတွေးထားပီးသား။ ဇ အနေနဲ့
ရန်ဖြစ်နေကျမို့ လို့ အရေးမကြီးပေမဲ့ စိတ်ပူတာ လူလူလေးကို။
ဦးသူရ ကို လိုက်ပို့ ပီး ဇ တို့ အပြန် နေ့ ခင်းစာဝင် စားဖြစ်သည်။ ပြီးနောက် လူလူလေး ကို ကားနဲ့ လိုက်ပတ်ပြပီး လျှောက်လည် ခဲ့၏။ တနေ့ လုံး စားချင်တာလေး စားလိုက် လိုချင်တာရှိရင် လက်ညိုး ထိုးပူဆာ လိုက်ဖြင့် လူလူတို့ အပျော်ကြီးပျော်နေသည်။
"အကိုကြီး ကားရပ်အုန်း "
လူလူ့ အသံကြောင့် ကားရပ်ပေးလိုက်သည်။ မှောင်စပျိုးနေပီမို့ ဇ ဟော်တယ် ကို ပြန်ရောက်ချင်နေပီဖြစ်ပေမဲ့ လူလူက တလမ်းလုံးတွေ့ သမျှ ဝယ်နေတာမို့ ခနခနဒကားရပ်ပေးနေရသည်။
"ဘာ လုပ်အုန်းမလို့ လဲ လူလူရာ ။ နောက်ခန်းမှာလဲ မင်းဝယ်ထားတာ များနေပီနော်"
"ဟိုမှာ ပြောင်းဖုတ်ရောင်းနေတာ ကျွန်တော်စားချင်လို့ "
ကားလမ်းတစ်ဖက်မှာ ရောင်းနေတဲ့ ဈေးသည်ကို လက်ညိုးထိုးပြသည်မို့
"ခန စောင့် ကိုယ်သွားဝယ်ပေးမယ်"
"ဟာ ကျွန်တော်သွားတာမြန်တယ် "
ပြောရင်းတံခါးဖွင့် ဆင်းသွားတဲ့ လူလူလေးကြောင့် ဇ ဒီတိုင်းသာကြည့်နေလိုက်ရသည်။ လမ်းတဖက်မို့ မျက်စိရှေ့ တင်ဆိုတော့ ဇလဲ မတားဖြစ်လိုက်။
ကြည့်နေရင်း မျက်စိထဲဝင်လာတာအရှိန်နဲ့ မောင်းလာတဲ့ ကားကို ဖြစ်သည်။
"လူလူ နောက်မှ ကားလာနေတယ် "
ဇ မှီလို့ မှီငြား ငယ်သံပါအောင် အော်တားလိုက်သော်လဲ
ကျွီ ! ... ဒုန်း !
"လူလူ ! "
မြှောက်တက်သွားတဲ့ ကိုယ်လေးက ကတ္တရာလမ်းပေါ်မှာ နှစ်ပတ်သုံးပတ်လိမ့်ထွက်သွား၏။ ဇ ကားပေါ်က ဆင်းပီး ပြေးပွေ့ လိုက်တော့ လူလူက သွေးတွေကြားထဲမှာ မျက်လုံးကို မဖွင့်နိုင်တော့။
"ကယ်ကြပါအုန်း ကယ်ကြပါအုန်း
ဆေးရုံ ဆေးရုံကားခေါ်ပေး ဘာကြည့်နေတာလဲ ဒီမှာ သေတော့မယ်"
ဘေးနားမှာ ဝိုင်းအုံလာတဲ့ လူတွေကို
ဇ အော်ဟစ်ပစ်လိုက်သည်။ သူသာ ကားရပ်မပေးရင် ဒီလို ဖြစ်မှာမဟုတ်ဘူး ။ သူ့
ကြောင့် ဒီကို သူခေါ်လာလို့ ဖြစ်တာ ။
သွေးတွေနဲ့ ပျော့ခွေနေတဲ့ လူလူကို တင်းကြပ်စွာ ဖက်ထားရင် ယူကြုံးမရခံစားနေရသည်။
" ဒီမှာ ဦးလေးက ဆရာဝန် ပါ ။ အဲ့လောက်ကြီးဖက်မထားနဲ့ အောက်ကို ပြန်ချ လိုက် ဦးလေးကြည့်ပေးမယ်။ "
လူအုပ်ကြားထဲကနေထွက်လာတဲ့ လူကြီးကြောင့် ဇ မျက်ရည်တွေ ကမန်းကတန်းသုတ်ကာ လူလူလေးကို အောက်ကို သေချာချပေးလိုက်သည်။ ဘာဖြစ်သွားသလဲ သေချာ ကြည့်ပေးနေတဲ့ လူကြီးကြောင့် ဇ ဘေးကနေပီး အားကိုးတကြီးကြည့်မိသည်။
"ဟမ်! ဒါက "
ထိုလူကြီးဆီမှ အံ့သြတကြီးထွက်လာတဲ့အသံကြောင့် ဇ မော့ကြည့်လိုက်မိသည်။ သူကြည့်နေတာ နာရီဝတ်ထားတဲ့လူလူ လက်ကလေး။
ချစ်တဲ့ အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz