31
လက်တွေကတော့
HAPPY BIRTHDAY MY❤️
"……"
"အကိုကြီး "
" မင်းကိုလွမ်းတယ် "
"လာ …သွားရအောင် "
"အကိုကြီး"
"အင်း"
" သေချာပီလား လူလူ "
>>>>>>>>>>><<<<<<<<<<<
" ပီးပီလား"
"ဟုတ်ကဲ့"
ယားတက်တာလား လူလူက။
"အင့်"
ဟင်း …ဒါရှက်တာလား ……
"ဟင့်အင်…"
" ရှက်တာလားလူလူ …"
"အင်း"
" မကြည့်လို့ မရဘူး ။မင်းရဲ့ခုလိုပုံလေးက
" ကိုယ့်ကိုနမ်း "
"အွန်း …အကိုကြီး"
ပီးနောက်
"အကိုကြီး ဟို …နာ မှာလား"
မင်း ကြောက်နေလား"
"ကြောက်နေလား လူလူ "
ဘယ်တော့မှမမေ့ နဲ့  "
အကိုကြီးကြောင့်မို့ ……………
ချစ်တဲ့အိမ်စည်။
(ဇ ကိုခန နားမည်။ )
>>>>>>>>><<<<<<<<<
ပုံပေါ်လုနီးပါး ကိတ်လေးကို လူကလေး
စိတ်ရှည်လက်ရှည် ပုံဖော်နေမိသည်။
ကိတ်မုန့် လုပ်ရတာကို ဝါသနာပါ သည်ကြောင့် ဆိုင်မှာအားတဲ့အချိန်တိုင်း မုန့် လုပ်နည်းမျိုးစုံကို သင်ဖြစ်သည်။ နဂိုက စိတ်ရှည်တက်တာရော ဝါသနာပါတာရောကြောင့် သင်ရလွယ်ကူစွာ ခနနဲ့ မုန့် တော်တော်များလုပ်တက်နေပီဖြစ်သည်။
" မဆိုးဘူး ပုံထွက်လှသားပဲ"
မုန့် လုပ်နည်းသင်ပေးနေတဲ့ ဆရာ့
စကားကြောင့် လူလူပြုံးမိလိုက်သည်။
"ကျွန်တော်တစ်ယောက်ထဲကြိုးစားရုံနဲ့ ဘာမှဖြစ်လာမဟုတ်ဘူး ။ အကို သေချာဂရုစိုက်ပီး အချိန်ပေးသင်ပေးလို့ မြန်မြန်တက်သွားတာပါ"
" ဒါတော့ဒါပေါ့ …ဒါပေမဲ့ မင်းက စိတ်ကူးကောင်းတော့ တချို့ မုန့် တွေဆိုရင် ငါလုပ်တာထက်တောင် မုန့် ပုံကဆန်းသစ်သေးတယ်"
" ဆရာ တော်လို့ တပည့်တော်တာမဆန်းပါဘူးအကိုရာ ။ "
"အေးပါ လူလူရာ… ကဲကဲ မင်း လုပ်စရာရှိတာလုပ်ပါ ။ ငါကတော့ ပြန်ဖို့ အချိန်ရောက်နေပီ … မင်းလဲ ဒါပီးရင် ပြန်မှာမို့ လား "
"ဟုတ်အကိုဒါလေးပီးရင် ပြန်ရုံပဲရှိတော့တယ် "
သေချာရိုရိုသေသေပြောလိုက်တော့
ခေါင်းငြိမ့်အသိမှတ်ပြုပီး ပြန်ထွက်သည်မို့ လုပ်လက်စ မုန့် ကိုဆက်လုပ်နေမိသည်။
အကိုကြီး နဲ့ လဲ ခုရက်ပိုင်း သိပ်မတွေ့ ဖြစ်တော့တာတောင် ကြာနေပီ။ ဖုန်းနဲ့ အဆက်သွယ်ရှိပေမဲ့ အကိုကြီး အလုပ်မအားတာရော
လူလူ အပြင်မှာမုန့် ဖုတ်သင်တန်းတွေ ကျောင်းပိတ်ရက်တက်နေတာကြောင့်ရောမတွေ့ ဖြစ်တာဖြစ်၏။
လူလူမှာ အိမ်မက်တွေ အကိုကြီးကြောင့်ရှိလာပီမို့ အကိုကြီးကြိုးစားနေသလို လူလူလဲ ကြိုးစားနေမိသည်။ ပုဂံသွားမဲ့ အစီစဉ်သည်လဲ မသွားဖြစ်သေးပဲ နှစ်ယောက်သမား အလုပ်တွေ များနေတာကြောင့်နောက်ဆုတ်ထားရသည်။
အကိုကြီးကို အရမ်းလွမ်းနေသလို အကိုကြီးနှုတ်ဖျားက လူလူ ဆိုတဲ့ခေါ်သံလေးလဲကြားချင်နေပီဖြစ်သည်။
စိတ်က အကိုကြီးဆီရောက်နေပေမဲ့
လက်တွေကတော့
HAPPY BIRTHDAY MY❤️
ဆိုတဲ့ စာကို သေချာ လှလှပပလေး ကိတ်ပေါ်မှာ ရေးနေမိသည်။
နှလုံးသားနဲ့ ရင်းပီးပြုလုပ်ထားတဲ့ ပန်းရောင် အသဲပုံကိတ်သေးသေးလေးကို
အတော်အတန်ကြာအောင်စိုက်ကြည့်နေရင်း……
ဖုန်းမြည်သံကြောင့် လူလူ ဝမ်းသာအားရကိုင်လိုက်သည်။
" အကိုကြီး ဘယ်မှာလဲ… ဒီညတွေ့ ရအောင်ကျွန်တော် အရမ်းလွမ်းနေပီ "
ကယားရေလွှတ်ပြောမိတာ ခင်များကိုဘသိပ်လွမ်းနေလို့ ……
"……"
"တကယ်လား အဲ့ဒါဆို ခနစောင့် ထွက်လာခဲ့မယ်"
နှုတ်ခမ်းထပ်မှ အပြုံးတို့ သည်ပိုမို အသက်ဝင်လာပီး သိမ်းစရာတို့ ကို ချက်ခြင်းကောက်သိမ်းလိုက်သည်။ ပီးမှ ကျောပိုးအိပ်လွယ်ကာ လှလှပပအလှဆင်ထားတဲ့ ကိတ်လေးကို ဘူးထဲထည့်ပီး ပွေ့ ယူလိုက်သည်။
အပြင်ရောက်တော့ ကားတံခါးကိုမှီပီးဆေးလိပ်သောက်နေတဲ့ အကိုကြီးကို အဆင်သင့်တွေ့ ရ၏။
ခြေလှမ်းတို့ က ပိုင်ရှင်နဲ့ တွေ့ တော့ ချက်ခြင်း သခင့်ဆီပြေးဖို့ ပြင်၏
"အကိုကြီး "
ချစ်ခြင်းမေတ္တာ တို့ ဖြင့်ပြည့်နက်နေတဲ့ အကြည့်တို့ ကို အကိုကြီးဆီက လက်ခံရရှိပြီးနောက်မှာ လိုအပ်ချက်ကြီး ပြည့်ဝသွားသလို ခံစားလိုက်ရသည်။
" မင်းကိုလွမ်းတယ် "
အကိုကြီးဘေးနားကို လူကလေး ရောက်သွားသည်နဲ့ ပါးပြင်တစ်ဖက်ကိုဆွဲဖျစ်ညစ်ခြင်းခံလိုက်ရသည်။ စိတ်ဆိုးခြင်းအလျင်မရှိပဲ အကိုကြီးကို ရယ်ပြလိုက်ပီး …
"ကျွန်တော်လဲ အကိုကြီးကိုအရမ်းလွမ်းတယ် ပီးတော့ အရမ်းလဲချစ်တယ်"
စက္ကန့် အတော်ကြာအောင် ပြုံးပီး မျက်လုံးခြင်းစုံအောင်ကြည့်မိပီးနောက်မှာ
လူကလေး ကိုယ်သည် ဆွဲပွေ့ ခြင်းခံလိုက်ရသည်။
"ပျော်ရွှင်စရာ နှစ်ဆယ့်သုံးနှစ်ပြည့်မွေးနေ့ လေးဖြစ်ပါစေ အကိုကြီး "
" မင်းနဲ့ ချစ်ခွင့်ရနေတဲ့ နေ့ ရက်တိုင်းက ကိုယ့်အတွက်တော့ အပျော်ဆုံးနေရက်တွေ ကြီးပါပဲ လူလူ …ပီးတော့ ကိုယ်မင်းကို အသက်လောက်ချစ်တယ် ကလေးရေ"
နုညံ့ကြင်နာတဲ့ အနမ်းတပွင့်က နဖူးပြင်ထက်မှာ နားခိုခဲ့သည်။ အကိုကြီးနဲ့ အိုမင်းသွားအောင်ထိ အတူတကွ နေသွားချင်တာ လူလူ့ အိမ်မက်။
"လာ …သွားရအောင် "
ဖွင့်ပေးလိုက်တဲ့ ကားတံခါး မှ သွက်လက်စွာဝင်ထိုင်လိုက်သည်။ အမြဲတမ်းကားတံခါးကိုဖွင့်ပေးနေကျမို့ လူလူတောင် ဖွင့်ပေးမှ ဝင်ထိုင်တက်တာ အကျင့်ဖြစ်နေပီ။
"အကိုကြီး"
"အင်း"
"ဒီနေ့ အဆောင်ပြန်မအိပ်ဘူး"
ကားသော့ဖွင့်နေတဲ့ လက်၏လှုပ်ရှားမူ့ တို့ သည်ရပ်တန့် သွားသလို မယုံကြည်နိုင်တဲ့ အကြည့်တို့ က လူကလေးထံသို့ ရောက်ရှိလာသည်ကြောင့် ပုခုံးပေါ်ခေါင်းမှီလိုက်သည်။
ဒီနေ့ အရာရာကြိုတင်ပြင်ဆင်ခဲ့ပီးပီမို့ အလှပဆုံး နေ့ ရက်လေးမှာ အကိုကြီးနဲ့ အတူတူ လူလူပါဝင်ဆင်နွှဲဖို့ ဆုံးဖြတ်ခဲ့ပီးသား။
" သေချာပီလား လူလူ "
မှီနွဲ့ ထားတဲ့ ခေါင်းလုံးလေးထဲ မျက်နှာအပ်၍ ဇ သေချာအောင်ထပ်မေးလိုက်သည်။
"အင်း …မဟုတ်တောင် နောက်လဆို အသက်ပြည့်တော့မှာပဲဟာ
ဘာမှမဖြစ်တော့ပါဘူး။ ကျွန်တော့်အတွက်ကတော့ အကိုကြီးကအရေးကြီးဆုံးပဲ"
မြတ်နိုးစွာ ဆံနွယ်နုနုတို့ ကို တရှိုက်မက်မက်နမ်းရှိုက်လိုက်ပီး ကားစက်နှိုးလိုက်သည်။ သခင့်စေလိုရာအတိုင်း တရိပ်ရိပ်ပြေးနေတဲ့ ကားငယ်လေးသည် အလိုရှိရာရောက်ရှိဖို့ သူကိုယ်တိုင်ကပါ အားကျိုးမာန်တက်ဖြစ်နေ၏။
>>>>>>>>>>><<<<<<<<<<<
" ပီးပီလား"
"ဟုတ်ကဲ့"
ရေချိုးထားတဲ့ မျက်နှာ နုနုသည် ကြည်လင်နေပီး ရှက်ရိပ်စွန်းနေသည်ကြောင့် စောက်ရမ်းအသဲယားဖို့ ကောင်းနေသည်။
ဇ ရဲ့ တီရှပ် အနက်ရောင် over sizeကြီး
ကြောင့် ပုသေးသေးကိုယ်လေးက မြုပ်နေသလို ဒူးလောက်ထိ ရောက်အောင်ရှည်လျားနေသည်။ အနည်းငယ်ရယ်စရာကောင်းတဲ့ပုံလေးကြောင့် ကလေးကို အူးယားစိတ်နဲ့ နမ်းရှုံ့ ပစ်ချင်လှပီ။ ဇ ဝတ်ရင်တောင် အင်္ကျီက ဖားဖားကြီးဖြစ်နေတက်တာကြောင့် လူလူနဲ့ ဆို လည်ပင်းပေါက်က ကျယ် ခါးကရှည်နေ၏။
"လာပါအုန်း ကိုယ့်ဆီကို "
လက်ကမ်းပေးလိုက်တော့ အလိုက်သင့်ရင်ခွင်ထဲတိုးဝင်ထိုင်သည်။ နောက်ကနေမြင်နေရတဲ့ဂုတ်ပိုးက မွှေးညှင်းနုလေးတွေကို ဇ မက်မာစွာ နမ်းရှိုက်လိုက်တော့ ခေါင်းကလေးပုသွား၏။
ယားတက်တာလား လူလူက။
သဘောတကျ နှာဖျားနဲ့ ဂုတ်ပိုးတစ်လျှောက်ပွတ်ဆွဲလိုက်တော့ ယားယံပေမဲ့ ကြိတ်ပီခံနေ၏။ အင်္ကျီစ ကို တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်တို့ ကို ဇ နမ်းနေရင်း
ဆွဲဖြည်လိုက်ပီး တယုတယ ဆုပ်ကိုင်ထားလိုက်သည်။
"မင်းကို အရမ်းချစ်တာပဲ လူလူ"
"အင့်"
နီရဲနေတဲ့ နားဖျားကို လျှာနဲ့ သပ်လိုက်တော့ တိုးဖွတဲ့ အသံသေးသေးလေးထွက်လာ၏။
တရှိန်းရှိန်းတိုးလာတဲ့ သွေးတို့ က
ချက်ခြင်း ဆူပွက်လာတာ ဒီအသံလေးကြောင့် ။
ပေါင်ပေါ်မှာ ကျောပေးထားတဲ့ ကိုယ်လုံးကို မျက်နှာခြင်း ဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်တော့
ရှက်ရွံ့ နေတဲ့ မျက်နှာလေးက ဇ ကိုရင်မဆိုင်ရဲစွာခေါင်းငုံ့ နေ၏။
ဟင်း …ဒါရှက်တာလား ……
မေးရိုးကို လက်နဲ့ ညစ်ပီးဆွဲမော့လိုက်တော့ နှုတ်ခမ်းလေးက သူညစ်ထားတာကြောင် စူထွက်လာသည်။
"ကိုယ့်ကိုကြည့်လူလူ… မင်းယောကျာ်းက
ဘယ်လောက်မင်းကို ရူးသွပ်သလဲဆိုတာ မင်းမြင်အောင်ကြည့်"
"ဟင့်အင်…"
ငြင်းဆိုသံက နောက်က ချက်ခြင်းကပ်ပါလာသည်။
" ရှက်တာလားလူလူ …"
"အင်း"
ပါးရိုးကို လက်နဲ့ ညစ်ထားတာမနာပေမဲ့
စကားပြောတိုင်းမပီတော့ပဲ ပလုံးပထွေး။
စူထွက်နေတဲ့ နှုတ်ခမ်း ဖူးဖူးလေးကြောင့်
ချစ် ပစ်လိုက်ချင်တဲ့ စိတ်တွေက တဖွားဖွား။
" မကြည့်လို့ မရဘူး ။မင်းရဲ့ခုလိုပုံလေးက
ကိုယ့်ကို အရမ်းကြမ်းတမ်းပစ်လိုက်ချင်စိတ်တွေ ဖြစ်နေတယ် လူလူလေး ။ "
ဖြန်းကနဲ ရဲတက်သွားတဲ့ မျက်နှာလေးနဲ့ အတူ မျက်ဝန်း အကြည့်တွေကမဝင့်မရဲ ချက်ခြင်းရောက်လာသည်။
" ကိုယ့်ကိုနမ်း "
မေးဖျားက လက်ကိုဖယ်ပေးလိုက်ပီး ဇ ညှင်သာစွာ တောင်းဆိုလိုက်သည်။
လည်ပင်းကို ဖြည်းဖြည်းခြင်းလှမ်းဖက်လိုက်တဲ့ လက်ကလေး။ ရှက်နေပေမဲ့ ဇ မွေးနေ့ မို့ အကုန်အလိုလိုက်ပေးမဲ့သဘော။
နီးကပ်လာတဲ့ မျက်နှာလေးကို အကြည့်တစုံရာမှလွဲဖယ်သွားခြင်းမရှိပဲ ဇ စိုက်ကြည့်မိသည်။ ပီးတော့ နှုတ်ခမ်းထပ်မှာ အိစက်နေတဲ့ အထိအတွေ့ က ဇ ကိုအမြဲတမ်း
ရူးသွပ်သွားစေဖို့ လုံလောက်၏။
ထိကပ်ပီး လှုပ်ရှားမူ့ ကင်းမဲ့နေတဲ့နှုတ်ခမ်းလေးကို ဇ မက်မက်မောမော ဆွဲ ငုံလိုက်သည်။ အကျီ င်္အောက်ကို လက်လျို
ဝင်လိုက်ပီး နုညံ့လှတဲ့ ကျောပြင် လေးကိုစုံဆန်ချီ ပွတ်လိုက်တော့ ကိုယ်လုံးလေးကတွန့် သွား၏။
တကိုယ်လုံးစိတ်ကြိုက်ပွတ်သပ် ပီး နှုတ်ခမ်းသေးသေးလေးကို အငမ်းမရ နမ်းရှိုက်နေမိသည်။ ခါတိုင်းလို သဘောမတူတဲ့ အပြုမူမျိုးမရှိပဲ သူနှယ်သမျှ ငြိမ်သက်နေတဲ့
လူလူလေးက သိပ်ရမ်းချစ်ဖို့ ကောင်း၏။
ဘယ်တော့မှ ခြေချခွင့်မပေးတဲ့ တင်ပါးအိအိလေးကို ထိကိုင်လိုက်တော့ နုညံ့အိစက်မူ့ က ဇ လေမှာမြော လွင့်သွားသလို ။
"အွန်း …အကိုကြီး"
အတော်ကြီးမောနေတဲ့ အသံလေးကြောင့်
နှုတ်ခမ်းလေးကို လွှတ်ပေးလိုက်ပီး လည်တိုင်နုနကို ဇ ခေါင်းတိုးပီး စုပ်ယူပစ်လိုက်သည်။
အထိအတွေ့ ကို အသားမကျစွာ ဇ ပုခုံးပေါ်မှာ ခေါင်းမှောက်ပီး တုန်ရီနေတဲ့ ကိုယ်လုံးလေးကြောင့် ဇ မေးဖျားကနေကိုင်ကာပြန်ဆွဲမော့လိုက်၏။
ပီးနောက်
မျက်ရည်တွေ ဝိုင်းနေတဲ့ မျက်လုံးတွေကို ဇ ဖိကပ်နမ်းရှိုက်ပီး မျက်ရည်စ တွေကိုဖြတ်သန်းစီးဆင်းခွင့်ပေးလိုက်မိသည်။
ပန်းနုရောင်သန်းနေတဲ့ ပါးပြင်ပေါ်ကို စီးကျကုန်တဲ့ မျက်ရည်စတွေပြောင်စင်အောင် ဇ မျက်နှာဖြင့်ဖိကပ်
ပွတ်တိုက်သုတ်ပေးလိုက်သည်။
" ကိုယ့်ကို ခွင့်ပြုပေးမယ်မို့ လားလူလူ"
တိုးဖွညှင်သာတဲ့ စကားအဆုံးမှာ
ချစ်သောလူလူလေးရဲ့ အနမ်းတပွင့်က ဇ
နှာခေါင်းဖျားကို လာရောက်နားခိုခဲ့သည်။
အား လူလူရာ မင်းတော့ နာတော့မယ်…
ဖျင်းကနဲ အသွေးအသားတွေ
ချက်ခြင်းဆူပွက်သွားတာမို့ ပေါင်ပေါ်ထိုင်နေတဲ့ လူလူ ကို မွေ့ ယာပေါ်ပစ်တင်လိုက်သည်။
"အကိုကြီး ဟို …နာ မှာလား"
ပက်လက်ကလေးဖြစ်နေတဲ့ လူလူက
မွေ့ ယာစ ကိုလက်နဲ့ ဆွဲပီး ဇ ကိုမကြည့်ပဲမေး၏
"အင်း အစဆိုတော့ နာမယ်ထင်တယ်
မင်း ကြောက်နေလား"
ဇ ဝတ်ထားတဲ့ စွပ်ကျယ် ကို ဆွဲချွတ်ရင်းဖြေလိုက်ကော့ အကြည့်တွေကရောက်လာပီး ချက်ခြင်းလွှဲဖယ်သွားသည်။
နားရွက်ဖျားလေးတွေရော ပါးပြင်လေးရော အနီရောင်သန်းချင်နေတာမို့ လူလူက တပ်မက်စရာကောင်းအောင် လှသည်။
အပေါ်ကနေအုပ်မိုးကာ ပါးလေးကိုဖွဖွလေးပွတ်သပ်လိုက်မိပီး နှူတ်ခမ်းနဲ့ မျက်နှာတပြင်လုံးပွတ်သပ်လိုက်၏
"ကြောက်နေလား လူလူ "
" အကိုကြီး ဖြစ်နေသ၍ ကျွန်တော်အဆင်ပြေပါတယ် ။ ပီးတော့ ဒီနေ့ ကစပီး
အကိုကြီးကို ကျွန်တော်ပိုင်သွားပီ ဆိုတာ
ဘယ်တော့မှမမေ့ နဲ့ "
အုပ်မိုးထားတဲ့ အကိုကြီး နှုတ်ခမ်းတွေကို
လက်ကလေးနဲ့ ထိတွေ့ ပီး လူကလေးပြောမိတော့ အကိုကြီး အသက်ရှု သံတွေ ချက်ခြင်းပြင်းလာသည်။
စိတ်ကိုလျော့ချပီး ဖြည်းညှင်းစွာ ခေါင်းညိမ့်ပြလိုက်မိတာ အကိုကြီးကို သိပ်ချစ်လို့ ပါ။ ဘဝ ကို အလွယ်တကူ ပုံပေးချင်မိတာ
အကိုကြီးကြောင့်မို့ ……………
ကြွေကျ သွားတော့မဲ့ ပန်းလေးတစ်ပွင့်ဖြစ်နေပေမဲ့မြတ်နိုးစွာ ကောက်ယူသိမ်းဆည်းထားပေမဲ့သူကရှိနေတာမို့ အကြိမ်ကြိမ်ကြွေကျပေးဖို့ နည်းနည်းလေးမှမကြောက်တော့။
ချစ်တဲ့အိမ်စည်။
(ဇ ကိုခန နားမည်။ )
Bạn đang đọc truyện trên: ZingTruyen.Xyz