ZingTruyen.Xyz

ဇ ( Completed)

30

eainsi23

" တိုင္းထြဋ္တင္  ဒီကိုလာ အုန္း "

"ဟာ ! အေဖ့ "

သူနာမည္ေခၚလိုက္တာနဲ ့ခ်က္ျခင္း ကိုယ့္ကို ျပန္ပီးကန္ ့လန္ ့တိုက္ဖို ့ အဆင္သင့္။

ဟြန္ ့ကနဲ အသံထြက္ေအာင္မဲ့ပီး လက္ထဲက သတင္းစာကို ေဘးခ် လိုက္သည္။

နည္းနည္းမွ မႀကိဳက္တာ ကို ေခၚလို ့မရတဲ့ ထြဋ္တင္သား ငကပ္ ။

ေက်ာင္းသြားမဲ့ ေက်ာင္းသားတဲ့  ဝတ္စားထားတာ ဂုဏ္းစတား ေလာက္နီးနီး  ။

လည္ပင္းက အျပားေတာ္ေတာ္ႀကီးတဲ့ ပလက္တီနမ္ ဆြဲႀကိဳးရွည္ႀကီးက ရင္ဖက္ေပၚမွာ တရမ္းရမ္းနဲ ့မ်က္စိေနာက္စရာ။   ဒါေတာင္  နားမွာ အရင္လို မိန္းကေလးေတြဝတ္တဲ့ နားဆြဲရွည္ရွည္ႀကီးေတြ မဝတ္ေတာ့လို ့ အျမင္ေအးေနတာ ။

မဟုတ္ရင္ မိန္းကေလးလဲ မဟုတ္ပဲဝတ္လာရင္ တို ့လို ့တြဲေလာင္း  ။ သူလဲ မနိုင္လို ့သာ လႊတ္ထားရတာ ထြဋ္တင္သားက ထြဋ္တင္လို ေခ်ာတာတစ္ခုကလဲြပီး ဘာမွ ေသာက္သံုးက်ခဲ့ဘူးတာမဟုတ္။

ခုတေလာ ေက်ာင္းမွန္မွန္သြားသလို ေက်ာင္းပိတ္ရက္လဲ  အလုပ္ေတြဘာေတြလိုက္ေလ့လာလို ့  ။ မိဘ လုပ္ေႀကြးမွာမဟုတ္ပဲ  လင္ ယူဖို ့အတြက္အဲ့ေလာက္ေျပာင္းလဲစရာ လို လား။ 

"အေဖ့ ေျပာေလ… ေခၚတုန္းကေခၚပီး အဲ့ေလာက္ေစ့ေစ့စပ္စပ္ႀကည့္ေနမွေတာ့ က်ြန္ေတာ္ ေနရခက္လာပီ "

"ေအာင္မာ … မင္းလင္ေလး ဆိုဒီေလသံထြက္မွာမဟုတ္ဘူး "

"ဒါကေတာ့ အမွန္ေပါ့ "

"တယ္… ဒီေခြးသားေလး "

"ဟိုးထား ေဖေဖ  ။ ေခြးသားဆို ေခြးေဖေဖက ဘယ္သူလဲ "

မထိခလုတ္ မ်က္ခံုးက စိန္ကိုလက္နဲ ့စမ္းရင္း ေျပာေနတဲ့ တိုင္းထြဋ္တင္ဆိုတဲ့ ေကာင္ကို အိမ္ေပၚကနွင္ခ်ရင္ ဖေအပါဝါျပတယ္ဆိုပီး စြပ္စြဲအုန္းမယ္။ 

" ေအး … သားသမီး မေကာင္း …မိဘ
ေခါင္းဆိုေတာ့… ေခြးေဖေဖက … ငါေလ  ငါ ။
မေအေပးေလး… ငါ့ကို ခနဲ ့လိုက္ရရင္ ေက်နပ္သြားေရာလား  "

"သိပါတယ္ ေမေမ့ေယာက်ာ္းရယ္။
ေျပာစရာရွိတာသာေျပာပါေတာ့  ေဘဘီေလး ေစာင့္ေနေတာ့မွာ  ေနာက္က်ေနပီ "

" တယ္ …တယ္…  ဒီေကာင္  ငါေျပာထဲ့လိုက္ရ ဟင္း…  တိုင္းထြဋ္တင္  တိုင္းထြဋ္တင္ မင္းေနာ္… မင္း

စိတ္တိုေနတဲ့ ေဖေဖ့ကို မခ်ိသြားျဖဲရယ္ျပလိုက္သည္။ ဇ… ေဒါသႀကီးသလို ေမေမ့ ေယာက်ာ္းကလဲ …တခါတေလ သူမဟုတ္သလို ေဒါသႀကီးတက္သည္။

" မင္း  အေမ… ဖုန္းဆက္ရင္  တိုက္ခန္းမွာမေနနဲ ့… အိမ္မွာလာေနလို ့ေျပာလိုက္  မိန္းကေလးတစ္ေယာက္ထဲ ဘယ္သင့္ေတာ္မလဲ ေနရတာ "

မလံုမလဲေျပာေနတဲ့ပံုႀကည့္ရတာ သူမိန္းမႀကီးကို လြမ္းေနတဲ့ပံုမွန္းသိသိသာသာ။

" ေဖေဖ့ဘာသာ ေျပာေပါ့  ဖုန္းနံပါတ္ ေဖေဖ့ဆီမွာလဲ ရွိတာပဲဟာ "

ဇ  ခံုမွာ ေက်ာမွီပီး ပစ္ထိုင္လိုက္ကာ
ေက်ာပိုးအိပ္မွာ လူလူ ခ်ိတ္ဆြဲေပးထားတဲ့ အရုပ္ေသးေသးေလးကို ေဆာ့ရင္းေျပာလိုက္သည္။

" ဟ! ငါမဆက္ခ်င္လို ့ မင္းကို ေျပာေနတာေပါ့  ။ "

"ဆက္ဆို ဆက္ေပးမယ္ အလကားေတာ့မရဘူး ေဖေဖ့ ဆီက အက်ိဳးမျမတ္ဘာရမလဲ "

ေဖေဖ တရွဴ းရွဴ းတရွဲရွဲ နဲ ့မ်က္နွာႀကီးနီလာတာသိေပမဲ့ မျမင္ခ်င္ေယာင္ေဆာင္ထားလိုက္သည္။  

"မင္း ဘာရခ်င္တာလဲေျပာ  ေခြးသား"

ရယ္ခ်င္စိတ္ကို ျမိဳ သိပ္ပီးမွ

" Condo  … ဟိုတေလာက  ေဖေဖဝယ္ဥထားတဲ့ Condoေလး  က်ြန္ေတာ့္ကို အပိုင္ေပး"

"အိမ္မွာလဲေနလို ့ရေနတာကို မင္းကဘာလုပ္ဖို ့လဲ  အဲ့ဒါဘယ္ေလာက္တန္တယ္ထင္လို ့…ကေလးမုန္ ့ဖိုးေတာင္းသလိုေတာင္းေနရတာတုန္း"

"ဘယ္ေလာက္တန္လဲ က်ြန္ေတာ္သိတယ္။ အလကားေတာင္းတာမွမဟုတ္တာ 
ဒီအိမ္မွာ ေမေမလာေနေအာင္က်ြန္ေတာ္ေျပာေပးမယ္ ဒါေပမဲ့ က်ြန္ေတာ့္ကိုေတာ့ အဲ့ဒါေပးရမယ္ သေဘာတူလား "

ခနႀကာ စဥ္းစားပီးေနာက္မွာေတာ့ ဦးထြဋ္တင္ရဲ့  နွေျမာတသံႀကီးနဲ ့လက္ခံလိုက္ေႀကာင္းထြက္လာ၏။ ဇ  ေအာင္နိင္စြာ
ေလေလး တခ်ြန္ခ်ြန္ နဲ ့ရည္းစားေပါက္စဆီခ်ီတက္ လာခဲ့သည္။

ရည္းစားေလးတစ္ေယာက္ထားမိပီးမွ
ဖေအ့ဆီကေရာ မေအ့ဆီကေရာ
ရသေလာက္ ဓားျပတိုက္ေနရတာ အဲ့ဒါ လူလူ မင္းေႀကာင့္မို ့။ 

အင္း  ငါ့ေႀကာင့္လဲ နည္းနည္းေတာ့ပါမွာေပါ့။ မင္းလဲ အသက္ျပည့္ ငါလဲ
အင္း……ငါလဲ…………

>>>>>>>>>>>><<<<<<<<<<

" ဇ  ေက်ာင္းပိတ္ရက္ မင္းအေဖဆီမွာ အလုပ္ဝင္ေနတယ္ဆို  "

"အင္း "

သက္တန္ ့ရဲ့ အေမးကို  ပန္းကန္ထဲက
လူလူ မစားတဲ့ ႀကက္သြန္ဥေတြ ဖယ္ေပးရင္း  ဇ ေျဖလိုက္သည္။

"စားလို ့ရပီ ။  လူလူ ဖုန္းေဆာ့မေနနဲ ့မုန္ ့ဟင္းခါးေတြ ေအးကုန္လိမ့္မယ္ "

အလုပ္ႀကီးအကိုင္ႀကီး မိေက်ာင္းေရခ်ိဳးေပးတဲ့gameေဆာ့ေနတဲ့ လူလူက စကားနားမေထာင္ေတာ့  ဇ  သက္ျပင္းခ်ကာ ပန္းကန္ျပန္ဆြဲယူလိုက္သည္။

"ပါးစပ္ ဟ  "

ဇြန္းနဲ ့ကပ္ပီးခြံ ေတာ့ ခ်က္ျခင္းပါးစပ္ဟပီးစားသည္ ။ မ်က္လံုးကေတာ့အႀကည့္မလႊဲ။
ေပေရေနတာေလးေတြပါ တစ္ရွဴ းနဲ ့ဂရုတစိုက္သုတ္ေပးပီး ျပန္ခြံလိုက္ေတာ့လဲေက်ြးသမ်ွစားသည္။ 

နွစ္ေယာက္သား တစ္ကမာၻတည္ေနတာ ေဘးက သက္တန္ ့ တို ့ေလးေယာက္ကိုေမ့လို ့။

" ငါတို ့ပဲ  မွားတာပါဟာ… ဒီမ်က္လံုးႀကီးက
သြားသြားႀကည့္မိတာကိုက မွားတာ "

ဝန ေျပာေတာ့  သက္တန္ ့ က ပုခံုးကိုဖက္ပီး …

" စိတ္ေလ်ာ့ပါ ဝန ရာ …ဒီတခါ ဒီေကာင္ေတြနဲ ့ဆံုရင္  မင္းေစာ္ဆီဖုန္းဆက္ပီး ေခၚလိုက္ကြာ  ။ ေဒဝါ က ေရး ရွိတယ္ဆိုေတာ့ ပူစရာမလိုဘူး ။ ငါကေအးေဆးပဲ အရက္နဲ ့ေဆးလိပ္ကလြဲရင္ က်န္တာစိတ္မဝင္းစားဘူး"

  " ဟုတ္တယ္ ငါ့ရဲ့ ေခးေလး ကို ဖုန္းဆက္ေခၚမွာ ေအာ္ … ဒါနဲ ့  ေဒဝါ  မင္းတို ့တြဲတာ သံုးလျပည့္ေတာ့မွာမို ့လား အေျခအေနဘယ္လိုလဲ "

နွစ္ေယာက္သား တရားဝင္ ရည္းစားမျဖစ္ေသးေပမဲ့ ေဒဝါ့ အေနနဲ ့ေရးကို သံေယာဇဥ္တြယ္ေနပီမို ့ သူ ့ဖက္ကေရွ ့ဆက္မွာ ေသခ်ာသည္။ 

ေဒဝါ ဝနေမးခြန္းကို မေျဖပဲ
ေဘးနားမွာ ျငိမ္ပီး နားေထာင္ေနတဲ့ ေရးလက္ေလးကို ဆြဲယူပီးရင္ဘက္နားမွာ ကပ္လိုက္သည္။ ပီးမွ  ေလသံေအးေအးျဖင့္ ေရးကိုႀကည့္ပီး

" ေရး  ကိုယ္တို ့ တြဲလာတာ သံုးလျပည့္ေတာ့မယ္။ မင္းကိုယ့္ကို ေျပာခဲ့တဲ့အတိုင္း
ဒီသံုးလအတြင္ း  ကိုယ့္ဖက္က မင္းအေပၚထားတဲ့ ခံစားခ်က္ကိုေသခ်ာ ေလ့လာခဲ့တယ္ ။ ခု ကိုယ္တို ့တရားဝင္ရည္းစားအျဖစ္ သူ ငယ္ခ်င္းေတြေရွ ့မွာေျပာင္းခ်ိန္တန္ပီး… ေရး  ။ ကိုယ္မင္းကို ေလးေလးနက္နက္ေျပာပါရေစ  "

ေမ်ွာ္လင့္စြာ စိုက္ႀကည့္ေနတဲ့ ေရးရဲ့မ်က္လံုးေတြကိုတည့္တည့္ႀကည့္ပီးေဒဝါ
ျပတ္သားဆိုလိုက္၏။

"မင္းကို ခ်စ္တယ္ေရး "

"ဝိုး  ဝိုး  "

တဝိုင္းလံုးဝိုင္းေအာ္ႀကေပမဲ့ ေဒဝါမရွက္ေတာ့ပဲ ေရး လက္ကို လွဳပ္ပီး ေမးေငါ့ျပလိုက္သည္။ ေရး  ကလွပစြာျပံဳးပီး  ေခါင္းညိမ့္ျပ၏။ ထိုေန ့က ဝန ငိုတဲ့ေန ့ပဲ။  သက္တန္ ့ကေတာ့ ေဆးလိပ္ေသာက္ရင္း
သေဘာတက်ရယ္လို  ့။
သူတို ့ထပ္ပိုပီး ဆိုးတာ ဇ  ဆိုတဲ့ ဖိုက္တာေဂးပင္။ ဘယ္သူေတြဘာေျပာေနေန သူ ့နဲ ့မဆိုင္သလို လူလူေဘးမွာ
မုန္ ့ခြံရင္း သာယာေနသူ။

ကေလးမုန္ ့ေပးႀကိဳက္တယ္ဆိုတာ
ဇ ကိုႀကည့္ပီးေျပာသလားပဲ။ 

" ေနာက္လ ေက်ာင္းပိတ္သြားရင္  
ငါတို ့ပုဂံကို သြားမလို ့မင္းတို ့လိုက္ႀကအုန္းမလား "

ေစာေစာက ေဒဝါကို ဝိုင္းစ ေနတဲ့သူေတြရဲ့အႀကည့္က ဇ ဆီေရာက္လာတာကိုသိေပမဲ့ လူလူနွုတ္ခမ္းမွာ ေပေနတဲ့ တာေတြကို အရင္တစ္ရွဴ းနဲ ့သုတ္ေပးလိုက္သည္။

ပီးမွ  … ကိုယ္ကို စားပြဲတည့္တည့္ျပန္ျပင္ထိုင္၍  ဝနတို ့ေျပာတာကို နားေထာင္၏။

" ေရး … လိုက္မယ္မို ့လား  "

ေရးက ေခါင္းျငိမ့္ျပေတာ့……

"အင္း …ငါတို ့အတြဲ လိုက္မယ္ ။
ဝနနဲ ့သက္တန္ ့မင္းတို ့ပါလိုက္ခဲ့လိုက္ေတာ့ ျငင္းမေနနဲ ့ေတာ့  "

" ဒါဆိုလဲ မျငင္းေတာ့ဘူးကြာ  လိုက္ရင္ေတာ့  ငါေစာ္ေလး ပါေခၚခဲ့မွာေနာ္"

"အဲ့အခ်ိန္ မင္းေစာ္နဲ ့မျပတ္ေသးရင္ ေခၚခဲ့ေပါ့ ဝနရာ "

"သက္တန္ ့မင္း  …"

သက္တန္ ့နဲ ့ဝန ရဲ့ ရန္ျဖစ္သံကို ဇ နားေထာင္မေနေတာ့ပဲ လူလူ ့ဖက္ျပန္လွည့္ကာ…

"လူလူ  မင္းအိတ္ေပး ကိုယ့္ကို "

"ေပါင္ေပၚတင္ထားတယ္ ကိုယ့္ဘာသာယူလိုက္"

gameေဆာ့ေနတဲ့  ကေလးကလံုးဝ ဇကို အေရးမလုပ္။  ေပါင္ေပၚက  အိတ္ကေလးကို ဆြဲယူပီး စားပြဲေပၚအရင္တင္လိုက္သည္။
ပီးမွ  …အေရးမလုပ္ခ်င္တဲ့ လူလူပါးျပင္ကို  ဇ ဖက္ဆြဲယူပီး ျမင္ေနရတဲ့ ပါးေဖာင္းေလးတျခမ္းကို  အတင္းနမ္းရွုိက္ပစ္လိုက္၏။ ဒါေတာင္  ျငင္းလဲ မျငင္းပဲ သူနွယ္ေနသမ်ွခံကာ gameကို အသဲအသန္ေဆာ့ေနတုန္း။  အူးယားစိတ္နဲ ့ေဖာင္းေနတဲ့ ပါးကို သြားနဲ ့ မနာေအာင္ ဖိကိုက္လိုက္ေတာ့တြန္ ့ခနဲ။

"အာ …အကိုႀကီး မစ နဲ ့ ဒီမွာ  ေရမရလို ့
စိတ္တိုေနပီ "

မိေက်ာင္းေရခ်ိဳးေပးဖို ့ေလာက္ေတာင္
ဇ ကစိတ္ဝင္စားဖို ့မေကာင္းဘူးလား ?

"ေတာ္ပီ… မေဆာ့နဲ ့ေတာ့"

ဖုန္းကိုဆြဲယူလိုက္ေတာ့ လက္ကိုျပန္လွမ္းဆြဲလုသည္။

ဖုန္းကိုင္ထားတာကိုမမွီေအာင္ လက္ကိုအေပၚေျမွာက္လိုက္ပီး အေရးမစိုက္တဲ့ ကေလးေလးကို က်န္လက္တဖက္နဲ ့
လည္ပင္းကို သိုင္ဖက္ခ်ဳပ္ကာ  မေက်မနပ္ေမာ့ႀကည့္တဲ့မ်က္လံုးေတြကို ငံု ့နမ္းလိုက္ေတာ့…ဝန ေအာ္သံႀကီးထြက္လာ၏

"ဟာကြာ ဇ…  မင္းတို ့အတြဲ ငါတို ့ေရွ ့ေတာင္မေရွာင္ႀကပါ့လား "

ထံုးစံအတိုင္း ဝနအသံကအရင္ထြက္လာ၏။

ဘယ္သူေတြဘာေျပာေျပာ ကေလးေလးရွက္ေနတဲ့ ပါးျပင္နီနီေလးေလာက္ ဇ အတြက္ စိတ္ဝင္စားဖို ့မေကာင္း။

ရွက္ပီးျငိမ္က် သြားတဲ့ လူလူကိုသာ
ခ်စ္စနိုးလိုက္ႀကည့္ပီ ေအးစက္စက္ေလသံနဲ ့ျပန္ေျပာလိုက္သည္။

"မင္းတို ့မႀကည့္နိုင္ရင္ထြက္သြား"

ခ်စ္တဲ့အိမ္စည္။

>>>>>>>>>>>>>><<<<<<<<<<<<<>

" တိုင်းထွဋ်တင်  ဒီကိုလာ အုန်း "

"ဟာ ! အဖေ့ "

သူနာမည်ခေါ်လိုက်တာနဲ့ ချက်ခြင်း ကိုယ့်ကို ပြန်ပီးကန့် လန့် တိုက်ဖို့  အဆင်သင့်။

ဟွန့် ကနဲ အသံထွက်အောင်မဲ့ပီး လက်ထဲက သတင်းစာကို ဘေးချ လိုက်သည်။

နည်းနည်းမှ မကြိုက်တာ ကို ခေါ်လို့ မရတဲ့ ထွဋ်တင်သား ငကပ် ။

ကျောင်းသွားမဲ့ ကျောင်းသားတဲ့  ဝတ်စားထားတာ ဂုဏ်းစတား လောက်နီးနီး  ။

လည်ပင်းက အပြားတော်တော်ကြီးတဲ့ ပလက်တီနမ် ဆွဲကြိုးရှည်ကြီးက ရင်ဖက်ပေါ်မှာ တရမ်းရမ်းနဲ့ မျက်စိနောက်စရာ။   ဒါတောင်  နားမှာ အရင်လို မိန်းကလေးတွေဝတ်တဲ့ နားဆွဲရှည်ရှည်ကြီးတွေ မဝတ်တော့လို့  အမြင်အေးနေတာ ။

မဟုတ်ရင် မိန်းကလေးလဲ မဟုတ်ပဲဝတ်လာရင် တို့ လို့ တွဲလောင်း  ။ သူလဲ မနိုင်လို့ သာ လွှတ်ထားရတာ ထွဋ်တင်သားက ထွဋ်တင်လို ချောတာတစ်ခုကလွဲပီး ဘာမှ သောက်သုံးကျခဲ့ဘူးတာမဟုတ်။

ခုတလော ကျောင်းမှန်မှန်သွားသလို ကျောင်းပိတ်ရက်လဲ  အလုပ်တွေဘာတွေလိုက်လေ့လာလို့   ။ မိဘ လုပ်ကြွေးမှာမဟုတ်ပဲ  လင် ယူဖို့ အတွက်အဲ့လောက်ပြောင်းလဲစရာ လို လား။ 

"အဖေ့ ပြောလေ… ခေါ်တုန်းကခေါ်ပီး အဲ့လောက်စေ့စေ့စပ်စပ်ကြည့်နေမှတော့ ကျွန်တော် နေရခက်လာပီ "

"အောင်မာ … မင်းလင်လေး ဆိုဒီလေသံထွက်မှာမဟုတ်ဘူး "

"ဒါကတော့ အမှန်ပေါ့ "

"တယ်… ဒီခွေးသားလေး "

"ဟိုးထား ဖေဖေ  ။ ခွေးသားဆို ခွေးဖေဖေက ဘယ်သူလဲ "

မထိခလုတ် မျက်ခုံးက စိန်ကိုလက်နဲ့ စမ်းရင်း ပြောနေတဲ့ တိုင်းထွဋ်တင်ဆိုတဲ့ ကောင်ကို အိမ်ပေါ်ကနှင်ချရင် ဖအေပါဝါပြတယ်ဆိုပီး စွပ်စွဲအုန်းမယ်။ 

" အေး … သားသမီး မကောင်း …မိဘ
ခေါင်းဆိုတော့… ခွေးဖေဖေက … ငါလေ  ငါ ။
မအေပေးလေး… ငါ့ကို ခနဲ့ လိုက်ရရင် ကျေနပ်သွားရောလား  "

"သိပါတယ် မေမေ့ယောကျာ်းရယ်။
ပြောစရာရှိတာသာပြောပါတော့  ဘေဘီလေး စောင့်နေတော့မှာ  နောက်ကျနေပီ "

" တယ် …တယ်…  ဒီကောင်  ငါပြောထဲ့လိုက်ရ ဟင်း…  တိုင်းထွဋ်တင်  တိုင်းထွဋ်တင် မင်းနော်… မင်း

စိတ်တိုနေတဲ့ ဖေဖေ့ကို မချိသွားဖြဲရယ်ပြလိုက်သည်။ ဇ… ဒေါသကြီးသလို မေမေ့ ယောကျာ်းကလဲ …တခါတလေ သူမဟုတ်သလို ဒေါသကြီးတက်သည်။

" မင်း  အမေ… ဖုန်းဆက်ရင်  တိုက်ခန်းမှာမနေနဲ့ … အိမ်မှာလာနေလို့ ပြောလိုက်  မိန်းကလေးတစ်ယောက်ထဲ ဘယ်သင့်တော်မလဲ နေရတာ "

မလုံမလဲပြောနေတဲ့ပုံကြည့်ရတာ သူမိန်းမကြီးကို လွမ်းနေတဲ့ပုံမှန်းသိသိသာသာ။

" ဖေဖေ့ဘာသာ ပြောပေါ့  ဖုန်းနံပါတ် ဖေဖေ့ဆီမှာလဲ ရှိတာပဲဟာ "

ဇ  ခုံမှာ ကျောမှီပီး ပစ်ထိုင်လိုက်ကာ
ကျောပိုးအိပ်မှာ လူလူ ချိတ်ဆွဲပေးထားတဲ့ အရုပ်သေးသေးလေးကို ဆော့ရင်းပြောလိုက်သည်။

" ဟ! ငါမဆက်ချင်လို့  မင်းကို ပြောနေတာပေါ့  ။ "

"ဆက်ဆို ဆက်ပေးမယ် အလကားတော့မရဘူး ဖေဖေ့ ဆီက အကျိုးမမြတ်ဘာရမလဲ "

ဖေဖေ တရှူးရှူးတရှဲရှဲ နဲ့ မျက်နှာကြီးနီလာတာသိပေမဲ့ မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။  

"မင်း ဘာရချင်တာလဲပြော  ခွေးသား"

ရယ်ချင်စိတ်ကို မြို သိပ်ပီးမှ

" Condo  … ဟိုတလောက  ဖေဖေဝယ်ဥထားတဲ့ Condoလေး  ကျွန်တော့်ကို အပိုင်ပေး"

"အိမ်မှာလဲနေလို့ ရနေတာကို မင်းကဘာလုပ်ဖို့ လဲ  အဲ့ဒါဘယ်လောက်တန်တယ်ထင်လို့ …ကလေးမုန့် ဖိုးတောင်းသလိုတောင်းနေရတာတုန်း"

"ဘယ်လောက်တန်လဲ ကျွန်တော်သိတယ်။ အလကားတောင်းတာမှမဟုတ်တာ 
ဒီအိမ်မှာ မေမေလာနေအောင်ကျွန်တော်ပြောပေးမယ် ဒါပေမဲ့ ကျွန်တော့်ကိုတော့ အဲ့ဒါပေးရမယ် သဘောတူလား "

ခနကြာ စဉ်းစားပီးနောက်မှာတော့ ဦးထွဋ်တင်ရဲ့  နှမြောတသံကြီးနဲ့ လက်ခံလိုက်ကြောင်းထွက်လာ၏။ ဇ  အောင်နိင်စွာ
လေလေး တချွန်ချွန် နဲ့ ရည်းစားပေါက်စဆီချီတက် လာခဲ့သည်။

ရည်းစားလေးတစ်ယောက်ထားမိပီးမှ
ဖအေ့ဆီကရော မအေ့ဆီကရော
ရသလောက် ဓားပြတိုက်နေရတာ အဲ့ဒါ လူလူ မင်းကြောင့်မို့ ။ 

အင်း  ငါ့ကြောင့်လဲ နည်းနည်းတော့ပါမှာပေါ့။ မင်းလဲ အသက်ပြည့် ငါလဲ
အင်း……ငါလဲ…………

>>>>>>>>>>>><<<<<<<<<<

" ဇ  ကျောင်းပိတ်ရက် မင်းအဖေဆီမှာ အလုပ်ဝင်နေတယ်ဆို  "

"အင်း "

သက်တန့် ရဲ့ အမေးကို  ပန်းကန်ထဲက
လူလူ မစားတဲ့ ကြက်သွန်ဥတွေ ဖယ်ပေးရင်း  ဇ ဖြေလိုက်သည်။

"စားလို့ ရပီ ။  လူလူ ဖုန်းဆော့မနေနဲ့ မုန့် ဟင်းခါးတွေ အေးကုန်လိမ့်မယ် "

အလုပ်ကြီးအကိုင်ကြီး မိကျောင်းရေချိုးပေးတဲ့gameဆော့နေတဲ့ လူလူက စကားနားမထောင်တော့  ဇ  သက်ပြင်းချကာ ပန်းကန်ပြန်ဆွဲယူလိုက်သည်။

"ပါးစပ် ဟ  "

ဇွန်းနဲ့ ကပ်ပီးခွံ တော့ ချက်ခြင်းပါးစပ်ဟပီးစားသည် ။ မျက်လုံးကတော့အကြည့်မလွှဲ။
ပေရေနေတာလေးတွေပါ တစ်ရှူးနဲ့ ဂရုတစိုက်သုတ်ပေးပီး ပြန်ခွံလိုက်တော့လဲကျွေးသမျှစားသည်။ 

နှစ်ယောက်သား တစ်ကမ္ဘာတည်နေတာ ဘေးက သက်တန့်  တို့ လေးယောက်ကိုမေ့လို့ ။

" ငါတို့ ပဲ  မှားတာပါဟာ… ဒီမျက်လုံးကြီးက
သွားသွားကြည့်မိတာကိုက မှားတာ "

ဝန ပြောတော့  သက်တန့်  က ပုခုံးကိုဖက်ပီး …

" စိတ်လျော့ပါ ဝန ရာ …ဒီတခါ ဒီကောင်တွေနဲ့ ဆုံရင်  မင်းစော်ဆီဖုန်းဆက်ပီး ခေါ်လိုက်ကွာ  ။ ဒေဝါ က ရေး ရှိတယ်ဆိုတော့ ပူစရာမလိုဘူး ။ ငါကအေးဆေးပဲ အရက်နဲ့ ဆေးလိပ်ကလွဲရင် ကျန်တာစိတ်မဝင်းစားဘူး"

  " ဟုတ်တယ် ငါ့ရဲ့ ခေးလေး ကို ဖုန်းဆက်ခေါ်မှာ အော် … ဒါနဲ့   ဒေဝါ  မင်းတို့ တွဲတာ သုံးလပြည့်တော့မှာမို့ လား အခြေအနေဘယ်လိုလဲ "

နှစ်ယောက်သား တရားဝင် ရည်းစားမဖြစ်သေးပေမဲ့ ဒေဝါ့ အနေနဲ့ ရေးကို သံယောဇဉ်တွယ်နေပီမို့  သူ့ ဖက်ကရှေ့ ဆက်မှာ သေချာသည်။ 

ဒေဝါ ဝနမေးခွန်းကို မဖြေပဲ
ဘေးနားမှာ ငြိမ်ပီး နားထောင်နေတဲ့ ရေးလက်လေးကို ဆွဲယူပီးရင်ဘက်နားမှာ ကပ်လိုက်သည်။ ပီးမှ  လေသံအေးအေးဖြင့် ရေးကိုကြည့်ပီး

" ရေး  ကိုယ်တို့  တွဲလာတာ သုံးလပြည့်တော့မယ်။ မင်းကိုယ့်ကို ပြောခဲ့တဲ့အတိုင်း
ဒီသုံးလအတွင်း  ကိုယ့်ဖက်က မင်းအပေါ်ထားတဲ့ ခံစားချက်ကိုသေချာ လေ့လာခဲ့တယ် ။ ခု ကိုယ်တို့ တရားဝင်ရည်းစားအဖြစ် သူ ငယ်ချင်းတွေရှေ့ မှာပြောင်းချိန်တန်ပီး… ရေး  ။ ကိုယ်မင်းကို လေးလေးနက်နက်ပြောပါရစေ  "

မျှော်လင့်စွာ စိုက်ကြည့်နေတဲ့ ရေးရဲ့မျက်လုံးတွေကိုတည့်တည့်ကြည့်ပီးဒေဝါ
ပြတ်သားဆိုလိုက်၏။

"မင်းကို ချစ်တယ်ရေး "

"ဝိုး  ဝိုး  "

တဝိုင်းလုံးဝိုင်းအော်ကြပေမဲ့ ဒေဝါမရှက်တော့ပဲ ရေး လက်ကို လှုပ်ပီး မေးငေါ့ပြလိုက်သည်။ ရေး  ကလှပစွာပြုံးပီး  ခေါင်းညိမ့်ပြ၏။ ထိုနေ့ က ဝန ငိုတဲ့နေ့ ပဲ။  သက်တန့် ကတော့ ဆေးလိပ်သောက်ရင်း
သဘောတကျရယ်လို့။
သူတို့ ထပ်ပိုပီး ဆိုးတာ ဇ  ဆိုတဲ့ ဖိုက်တာဂေးပင်။ ဘယ်သူတွေဘာပြောနေနေ သူ့ နဲ့ မဆိုင်သလို လူလူဘေးမှာ
မုန့် ခွံရင်း သာယာနေသူ။

ကလေးမုန့် ပေးကြိုက်တယ်ဆိုတာ
ဇ ကိုကြည့်ပီးပြောသလားပဲ။ 

" နောက်လ ကျောင်းပိတ်သွားရင်  
ငါတို့ ပုဂံကို သွားမလို့ မင်းတို့ လိုက်ကြအုန်းမလား "

စောစောက ဒေဝါကို ဝိုင်းစ နေတဲ့သူတွေရဲ့အကြည့်က ဇ ဆီရောက်လာတာကိုသိပေမဲ့ လူလူနှုတ်ခမ်းမှာ ပေနေတဲ့ တာတွေကို အရင်တစ်ရှူးနဲ့ သုတ်ပေးလိုက်သည်။

ပီးမှ  … ကိုယ်ကို စားပွဲတည့်တည့်ပြန်ပြင်ထိုင်၍  ဝနတို့ ပြောတာကို နားထောင်၏။

" ရေး … လိုက်မယ်မို့ လား  "

ရေးက ခေါင်းငြိမ့်ပြတော့……

"အင်း …ငါတို့ အတွဲ လိုက်မယ် ။
ဝနနဲ့ သက်တန့် မင်းတို့ ပါလိုက်ခဲ့လိုက်တော့ ငြင်းမနေနဲ့ တော့  "

" ဒါဆိုလဲ မငြင်းတော့ဘူးကွာ  လိုက်ရင်တော့  ငါစော်လေး ပါခေါ်ခဲ့မှာနော်"

"အဲ့အချိန် မင်းစော်နဲ့ မပြတ်သေးရင် ခေါ်ခဲ့ပေါ့ ဝနရာ "

"သက်တန့် မင်း  …"

သက်တန့် နဲ့ ဝန ရဲ့ ရန်ဖြစ်သံကို ဇ နားထောင်မနေတော့ပဲ လူလူ့ ဖက်ပြန်လှည့်ကာ…

"လူလူ  မင်းအိတ်ပေး ကိုယ့်ကို "

"ပေါင်ပေါ်တင်ထားတယ် ကိုယ့်ဘာသာယူလိုက်"

gameဆော့နေတဲ့  ကလေးကလုံးဝ ဇကို အရေးမလုပ်။  ပေါင်ပေါ်က  အိတ်ကလေးကို ဆွဲယူပီး စားပွဲပေါ်အရင်တင်လိုက်သည်။
ပီးမှ  …အရေးမလုပ်ချင်တဲ့ လူလူပါးပြင်ကို  ဇ ဖက်ဆွဲယူပီး မြင်နေရတဲ့ ပါးဖောင်းလေးတခြမ်းကို  အတင်းနမ်းရှိုက်ပစ်လိုက်၏။ ဒါတောင်  ငြင်းလဲ မငြင်းပဲ သူနှယ်နေသမျှခံကာ gameကို အသဲအသန်ဆော့နေတုန်း။  အူးယားစိတ်နဲ့ ဖောင်းနေတဲ့ ပါးကို သွားနဲ့  မနာအောင် ဖိကိုက်လိုက်တော့တွန့် ခနဲ။

"အာ …အကိုကြီး မစ နဲ့  ဒီမှာ  ရေမရလို့
စိတ်တိုနေပီ "

မိကျောင်းရေချိုးပေးဖို့ လောက်တောင်
ဇ ကစိတ်ဝင်စားဖို့ မကောင်းဘူးလား ?

"တော်ပီ… မဆော့နဲ့ တော့"

ဖုန်းကိုဆွဲယူလိုက်တော့ လက်ကိုပြန်လှမ်းဆွဲလုသည်။

ဖုန်းကိုင်ထားတာကိုမမှီအောင် လက်ကိုအပေါ်မြှောက်လိုက်ပီး အရေးမစိုက်တဲ့ ကလေးလေးကို ကျန်လက်တဖက်နဲ့
လည်ပင်းကို သိုင်ဖက်ချုပ်ကာ  မကျေမနပ်မော့ကြည့်တဲ့မျက်လုံးတွေကို ငုံ့ နမ်းလိုက်တော့…ဝန အော်သံကြီးထွက်လာ၏

"ဟာကွာ ဇ…  မင်းတို့ အတွဲ ငါတို့ ရှေ့ တောင်မရှောင်ကြပါ့လား "

ထုံးစံအတိုင်း ဝနအသံကအရင်ထွက်လာ၏။

ဘယ်သူတွေဘာပြောပြော ကလေးလေးရှက်နေတဲ့ ပါးပြင်နီနီလေးလောက် ဇ အတွက် စိတ်ဝင်စားဖို့ မကောင်း။

ရှက်ပီးငြိမ်ကျ သွားတဲ့ လူလူကိုသာ
ချစ်စနိုးလိုက်ကြည့်ပီ အေးစက်စက်လေသံနဲ့ ပြန်ပြောလိုက်သည်။

"မင်းတို့ မကြည့်နိုင်ရင်ထွက်သွား"

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz