29
"အားးးး! "
ပြတ်ထွက်မတက်ပဲ။
"ဟင့် "
"ကိုယ့်ကိုကြည့် "
"ကြည့်ပါဆို "
"…"
"အွန့် လွှတ် "
တို့ က။
" ဘုန်း "
"အ! "
နာသွားလို့ မဟုတ်။
" ဟီး လှသွားပီ "
" ခြောက်လ "
"အမ် ! ဘာကို "
"အွန်း နေ … နေအုန်း… အွန့် "
လူကလေးဝမ်းနည်းလာသည်။
"ဟင်! "
လက်ခံပေးရမယ်။ ကြားလား"
ချစ်လဲချစ်မယ် ။ ရန်လဲဖြစ်မယ်။
လက်ခံပေးရမယ်။
"ဘာဖြစ်လဲ ငိုတော့"
"ဟုတ် "
"ကိုယ့်ကို ချစ်လား "
"အင်း "
" ပါးစပ်ကဖြေ "
ပီးမှ
" သေချာပီလား လူလူ"
"အင်း "
ချစ်တဲ့အိမ်စည် ။
>>>>>>>>>>>>><<<<<<<<<<<>
"အားးးး! "
နာကျင်စွာ အော်လိုက်တဲ့ ဇ ရဲ့
အော်သံကျယ်ကြီးက ကားထဲမှာ ထွက်ပေါ်လာ၏။
အားစိုက်ပီး တမင်နာအောင် ကိုက်လိုက်တာမို့ ဇ မရုန်းပဲ အံ့ကြိတ်ခံလိုက်ရသည်။ ဘယ်လောက်တောင် ဒေါသထွက်နေလို့ များအားကုန်သုံးရတာလဲ။
ချစ်မြတ်နိုးစိတ်နဲ့ လက်ကိုကုန်းကိုက်နေတဲ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
နေ့ ခင်းဖုန်းပြောနေတုန်းက ဖေဖေ့
အလုပ်မှာ သူ…လုပ်ငန်းပိုင်းဆိုင်ရာ လေ့လာနေရင်းဆက်မိတာဖြစ်သည် ။ မအားတဲ့ကြားထဲက စိတ်တိုတဲ့အသံလေးကြားချင်လို့ တမင် စ နေတာဖြစ်ပေမဲ့ အပြေးသွားချော့ဖို့ ထိတော့
ရှိတဲ့ အလုပ်တွေ ပစ်ထားခဲ့လို့ မဖြစ်။
ဘာမှမသိတက်သေးတဲ့ လုပ်ငန်းတွေ ကိုအစကနေ လေ့လာနေရတာမို့ တကယ်မလွယ်ကူပေ။ အကုန်လုံးပီးမှ အိမ်ပြန်လာတော့ ညခုနှစ်နာရီထိုးနေပီ ။
ရေမြန်မြန်ချိုးပီး အပြင်သွားခါနီးမှ ဖေဖေ
သွေးတိုးနေလို့ ဆရာဝန်လှမ်းခေါ်ဘာညာလုပ်ပီးစိတ်ချရမှ အချိန်ကိုကြည့်တော့ ကိုးနာရီတောင်ထိုးတော့မည်။
နောက်ကျနေပေမဲ့ ကိုယ့်ရည်းစားကို စိတ်ဆိုးစိတ်ကောက်ပီးမှ ညမအိပ်စေချင်သည်မို့ အပြေးလေးလာချော့ပေမဲ့ ရောက်ရောက်ခြင်းစီးကြိုကိုက်ထည့်လိုက်တာများ
ပြတ်ထွက်မတက်ပဲ။
" ဝပီလား ကိုက်လို့ ။ ဒီဖက်ကျန်သေးတယ် …ကိုက်အုန်းမလား "
လက်ကိုလွတ်ပေးပီး ခေါင်းလေးငုံ့ ပီးငြိမ်နေသည်မို့ မျက်စိရှေ့ နောက်လက်တစ်ဖက် ထိုးပေးပီး စိတ်ပြေသွားအောင် ထပ်ကိုက်ခိုင်းလိုက်သည်။ ကိုက်ထားတဲ့ လက်ကိုကြည့်တော့လဲ သွေးတောင်စို့ နေသည်မို့
အားတော်တော်သုံးလိုက်မှန်းသိသာသည်။
"ဟင့် "
ရှိုက်သံတိုးတိုးလေးကြောင့် ငုံ့ ထားတဲ့
မျက်နှာကိုမေးကနေ ဆွဲမော့လိုက်သည်။
"ကျစ် ! ဘာလို့ ငိုနေတာလဲ ။ မကျေနပ်သေးဘူးလားလူလူ …မင်းစိတ်မပြေသေးဘူးဆိုရင် ကြိုက်တာလုပ်…ကိုယ့်ကို အေး
ဒါပေမဲ့ မငိုနဲ့ ဘယ်တော့မှ ။ "
ပြောလိုက်မှ ပိုတိုးကျလာတဲ့မျက်ရည်တွေက ထွက်လာလိုက်တာများ အလုအယက် ။
ကိုင်ထားတဲ့မေးဖျားပေါ်က လက်ကို ပုတ်ချပီး မျက်နှာက တဖက်လှည့်သွားသည်မို့ လက်နှစ်ဖက်နဲ့ ညှပ်ပီး ပြန်ဆွဲယူလိုက်သည်။
"ကိုယ့်ကိုကြည့် "
စကားနားထောင်တဲ့ ရည်းစားပေါက်စက
ကြည့်မလာပဲ မျက်လုံးတွေကိုအရွဲ့ တိုက်ကာ ပိတ်ချပစ်လိုက်သည်။ အင်း အဲ့သလောက်ထိစကားနားထောင်တာလူလူ တို့ က။
"မျက်လုံးဖွင့်ပီးကိုယ့်ကိုကြည့် လူလူလေး "
လေသံသဲ့သဲ့နဲ့ ကြင်ကြင်နာနာချော့သော်လည်း ဖွင့်မလာပဲ မှိတ်ထားဆဲ…
"ကြည့်ပါဆို "
"…"
"ရတယ်လေ မဖွင့်လဲ ဟောဒီ မျက်လုံးလေးတွေက စကားကိုနားမထောင်တာပေါ့ မွ … မွ "
မျက်ခွံလေးတွေပေါ်ဖိကပ်နမ်းလိုက်တော့လဲဖွင့်မလာသည်မို့
"ကိုယ့်ကို စကားပြန်မပြောတဲ့ နှုတ်ခမ်းလေး က ဒီနှုတ်ခမ်းလေးလား… ပြွတ် …"
"အွန့် လွှတ် "
အသံထွက်အောင် အချိန်ကြာကြီး အောက်နှုတ်ခမ်းတခုလုံ ဆွဲစုပ်ငုံထားလိုက်တော့ ပုခုံးကိုထုရိုက်ပီး ရုန်းကန် ထွက်လာတဲ့အသံလေးကချစ်စရာအတိ။
မလှုပ်တငုတ်လုပ်နေတဲ့ လူကလေးကို
စိတ်မရှည်တော့သည်မို့ ပေါင်ပေါ်ဆွဲပွေ့ ချီပီးတင်လိုက်တော့ လည်ပင်းမှာမျက်နှာအပ်ပီး ငြိမ်နေပြန်သည်။
လုပ်ချင်တာလုပ်ပီးရင် ဒီလိုတွေ စောက်သည်းယားအောင်လုပ်တက်တယ် လူလူ
တို့ က။
ကျောပြင်ကို သိုင်းဖက်ပီး မထိမတွေ့ ရတာကြာတဲ့ ကိုယ်လေးကို လွမ်းဆွတ်စွာတိုးဖက်ပီး ဇ ပါ စကားမပြောပဲ ငြိမ်သက်နေမိသည်။
ကြီးရင်မှီ ငယ်ရင်ချီ ဆိုတဲ့ စကားအတိုင်း
ငါးနှစ်နီးပါးငယ်တဲ့ ပေါက်စနကို ချီပိုးထားရင်း ဆထက်တပိုးတိုးလာတဲ့ ချစ်စိတ်တွေက ရင်နဲ့ တောင်မဆန့် ချင်တော့။
" ဘုန်း "
"အ! "
ချီထားတဲ့ အတိုင်း ငြိမ်နေမယ်ထင်ရင်မှားမယ် မျက်နှာကသာလည်ပင်းကြားမှာအပ်ပီးငြိမ်နေတာ လက်က ရင်ဘက်ကို ထု
လိုက်တာများ အသံတောင်မြည်တယ်။
"ဘာဖြစ်ပြန်တာတုန်း ကလေးလေးရာ "
မေးတော့လဲ ပြန်မဖြေပဲ လည်ပင်းသားတွေကို တတိတိနဲ့ ကိုက်နေပြန်၏။
လက်သီးကိုတင်းတင်းဆုပ်လိုက်မိတာ
နာသွားလို့ မဟုတ်။
ဘာဖြစ်ချင်တာလဲ လူလူ… မင်းဘာဖြစ်ချင်နေတာလဲ ?
" အ ! လူလူ ဖယ် မလုပ်နဲ့ တော့"
တွန်းဖယ်လို့ မရအောင် ဇ လည်ပင်းကို သိုင်းဖက်ပီး အတင်းခေါင်းတိုးကာ ဇွတ်လုပ်နေတာမို့ ဇ အံကြိတ်ထားမိတာသွေးထွက်တော့မတက်။
" ဟီး လှသွားပီ "
သူ့ ကိုက်ထားတဲ့ အရာကို လက်နဲ့ လိုက်ထိပီး ဆော့နေတာပြန်သည်။ ဒါဘာသဘောဆိုတာ သူသိလို့ မဟုတ်ပဲ
သက်သက် လုပ်ချင်တာလုပ်တာဖြစ်၏။
"လူလူ …မင်း ဒါဘာလုပ်တာလဲ "
"ကိုက်တာလေ စိတ်တိုလို့ "
"ကျစ် ! မင်း အသက်ပြည့်ဖို့ ဘယ်လောက်လိုသေးလဲ "
ရန်ဖြစ်ပီး သတ်နေကြရာမှ ချက်ခြင်း ပြောင်းလဲသွားတဲ့အခြေအနေကို သူတို့ ကိုယ်တိုင်လဲမေ့လို့ ။
" ခြောက်လ "
"အာ …ငါမစောင့်နိုင်တော့ဘူး ဘယ်လိုလုပ်မလဲ "
"အမ် ! ဘာကို "
ရီဝေစွာ စိုက်ကြည့်နေတဲ့ အကိုကြီးက
လူကလေးနှုတ်ခမ်းကို လက်မလေးနဲ့ ပွတ်ဆွဲပီး
" ဒီတခါတော့ မင်းအရင်လာ စတာနော်လူလူ "
လူလူကို စကားပြောခွင့် မပေးနိုင်တော့သည်မို့ လျှင်မြန်စွာ နမ်းရှိုက်မိလိုက်သည်။
ဘယ်တော့မှ တင်းတိမ်သွားတယ်ဆိုတာမရှိအောင် နှုတ်ခမ်းလေးတွေက ချို၏။
"အွန်း နေ … နေအုန်း… အွန့် "
ကျောပြင်မှာစုန်ဆန်ချီပြေးလွှားနေတဲ့
လက်တွေကြောင့် လူကလေးမနေတက်စွာတားနေမိပေမဲ့ အကိုကြီးလက်တွေက အတင့်ရဲစွာ တင်းပါးထိ ရောက်လာ၏
ပူနွေးလာတဲ့စိတ်တွေနဲ့ အတူ အကိုကြီးရဲ့
အသက်ရှုသံက ပိုပြင်းလာပီး ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ် နေ၏။ ဘာမှန်းမသိတဲ့ကြောက်ရွံတဲ့ ခံစားချက်ကြီးနဲ့ အတူ
လူကလေးဝမ်းနည်းလာသည်။
"ဟင်! "
ပါးစပ်ထဲကို ဝင်လာတဲ့ ငံကျိကျိ အရသာကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ ဖြူဖျော့နေတဲ့ မျက်နှာလေးနဲ့ အသနားခံစွာ ကျစင်းနေသော မျက်ရည်စီးကြောင်းလေး
" ကလေး … လူလူ ကိုယ် …ကိုယ်တောင်းပန်ပါတယ် … Sorry ကိုယ်စိတ်လွတ်သွားတယ်… ကြောက်နေ လား …ဟင်… ကြောက်နေတာလား … အဲ့လိုကြီး မနေပါနဲ့ ကိုယ် မှားသွားပါတယ် ။ ကလေးလေး ကိုယ့်ကို
ကြည့် …ကိုယ့်ကိုကြည့်လို့ …မငိုနဲ့ "
နှုတ်ခမ်းကို ကိုက်ပီးငိုနေတာကြောင့်
ဇ ပြယာခက်လာ၏။ မကြိုက်လို့ ရိုက်လိုက်ရင်တော်သေးသည်။ခုလိုအခြေနေမျိုးကြီးတော့ ဇ အဆင်မပြေ။
" ချစ်လို့ ပါ …မငိုပါနဲ့ ကိုယ်ကိုမကျေနပ်ရင် ထိုးလိုက်ကွာ ဒီလို ကြီးမလုပ်ပါနဲ့ "
ဇ ကိုမကြည့်ပဲ ငိုကြီးပဲနေနေတာကြောင့်
ထပ်ပီးလေသံပျော့လေးနဲ့
"နော် ကလေး … မချစ်တော့ဘူးလား
ကိုယ့်ချစ်သူပဲကွာ အဲ့လောက်ကြီး မတွန့် တိုပါနဲ့ …မင်းပြောတော့ ကိုယ့်ကို လက်ထက်မှာဆို "
ပါးပေါ်က မျက်ရည်တွေကို လက်ဖမိုးနဲ့ ဆွဲသုတ်ပေးရင်း ဇ ထပ်ခါထပ်ခါ ချော့နေမိသည်။
" ရော့ မကျေနပ်ရင် ထပ်ကိုက်ကွာ
မင်းမျက်ရည်ကျနေတာမြင်ရတာထပ်စာရင် မင်းကျေနပ်အောင် ကိုက်ပစ်လိုက် "
လက်ကို ပါးစပ်နားတိုးပေးတော့ မကိုက်ပဲ
လက်ပင်းကို ပြန်သိုင်းဖက်ပီး တအိအိ ငို၏။ နားထင်းနားကနေ မြင်ရသလောက်ပါးပြင်နုနုကို မနေနိုင်မထိုင်နိုင်ထပ်နမ်းပစ်လိုက်သည်။ စောက်ရမ်းချစ်ဖို့ ကောင်းတဲ့ ဇ ချစ်သူလေး။
"မင်းကို ချစ်တယ် ။ မင်းဘဝ တလျှောက်လုံး ကိုယ့်ကိုပဲ မင်းလဲ ချစ်ရမယ် ။
ဒါလုံးဝ မင်းရှောင်လွှဲလို့ မရတဲ့ မင်းအနာဂတ်ပဲ လူလူ။ ငိုလို့ ဝရင် တိတ်တော့
ကိုယ် ငိုတာမကြိုက်ဘူး။ ကိုယ့်ချစ်သူ
ဖြစ်ပီးမှ တော့ မျက်ရည်ဆိုတာ မင်းနဲ့ မသက်ဆိုင်တော့ဘူး ။ နောက်ကို လုံးဝ မငိုနဲ့ ။ မင်းကိုစောစောကအတိုင်းလုပ်တာမကြိုက်ရင် မလုပ်တော့ဘူး။ ဒါပေမဲ့
မင်းအသက်ပြည့်ပီးသွားရင်တော့ မရတော့ဘူး နော် လူလူ တခါထဲကြိုပြောထားတာ ။ မင်းနဲ့ ပါတ်သတ်သမျှ ကိုယ်ကလောဘကြီးတယ် ။ အဲ့လိုပဲ ကိုယ်နဲ့
ပတ်သတ်သမျှကိုလဲ မင်းလဲ ရအောင်
လက်ခံပေးရမယ်။ ကြားလား"
ငိုတာရပ်ပီး ငြိမ်သက်စွာ နားထောင်နေတဲ့ လူလူ့ ကို ပုခုံးလှုပ်ပီး ပြောလိုက်သည်။
ဇ ကအတ္တကြီးတယ် ဒါ ဇ ချစ်သူဖြစ်တဲ့
လူလူ နားလည်ရမဲ့အမှန်တရား။
ချစ်လဲချစ်မယ် ။ ရန်လဲဖြစ်မယ်။
အလိုလဲလိုက်မယ် အေး ဇ ဆိုးတာကိုလဲ
လက်ခံပေးရမယ်။
" စိတ်ဆိုးပြေပီဆိုမျက်နှာ မော့တော့ ခနလေး အားတဲ့အချိန်လာတွေ့တာ ကိုယ့်ချစ်သူထိ လို့ ငိုတာမင်းတစ်ယောက်ပဲရှိတယ်။ "
"ဘာဖြစ်လဲ ငိုတော့"
အသံထွက်လာပီမို့ ဇ ပြုံးလိုက်မိသည်။
ချော့လိုက်ရတာ မောလို့ နောက်ဆုံးတော့စိတ်ဆိုးပြေသွားပီ။
"ဘာမှမဖြစ်ဘူး မင်းကိုချစ်တာပဲ သိတယ် ။ မနက်ဖန် ကျောင်းသွားရင် ရေးနဲ့ မသွားနဲ့ ကိုယ်လာခေါ်မယ် "
"ဟုတ် "
"ကိုယ့်ကို ချစ်လား "
"အင်း "
" ပါးစပ်ကဖြေ "
" အရမ်းချစ်တယ် အကိုကြီးကို "
"ဒါဆို နောက်တခါ ဒီလို လုပ်ရင် ငိုအုန်းမှာလား "
ခနမျှတိတ်ဆိတ်သွားပီးနောက်
"မငိုတော့ဘူး။ အကိုကြီးက ကျွန်တော့ဘဝပဲ ။ အကိုကြီးသာ ဟိုး အသက်ကြီးတဲ့အထိ ကျွန်တော်တစ်ယောက်ထဲကိုသာ
သစ္စာရှိရှိ ချစ်သွားပီး ဘယ်တော့မှ မပြောင်းလဲဘူးဆိုရင် ကျွန်တော်ကို ဘာပဲလုပ်လုပ် ကြည်ဖြူ ပါ့မယ် "
နှဖူးပေါ်ကဆံပင်လေးတွေ ကို ထိုးဖွဆော့ကစားရင်း တချက်ငုံ့ နမ်းလိုက်သည်။
ပီးမှ
" သေချာပီလား လူလူ"
"အင်း "
"ok ဒါဆိုရင် မင်း ကိုယ့်ကို အလုံးစုံပုံအပ်ချင်အောင် ကိုယ်သက်သေပြမယ် လူလူလေး …"
ချစ်တဲ့အိမ်စည် ။
(မနက်ဖန် မup ပါ။ မိုးလင်းကတည်းကထွက် နေလည်ပြန်ရောက် ညနေပဌာန်းရွတ်သွား လုံးဝမအား။ )
Bạn đang đọc truyện trên: ZingTruyen.Xyz