ZingTruyen.Xyz

ဇ ( Completed)

2

eainsi23


" ဟဲ့ လူကေလး နင့္ကို ေဒၚေရႊမိႀကီးလိုက္ရွာေနတယ္ သိလား"

ပိုက္ဆံအိတ္ခ်ိဳင္းႀကားမွာညွပ္ရင္းေျပာလာတဲ့
ရပ္ကြက္ေလာ္ ေဒၚေအးမရဲ့စကားေႀကာင့္
လက္ထဲက ကိုင္ထားတဲ့ ပိုက္ဆံ နွစ္ေထာင္ကို ပုဆိုးႀကားထဲေသခ်ာ လိပ္ထည့္လိုက္ပီး အိမ္ဖက္ကိုေျပးေျပးလႊားလႊားသြားရသည္။ တေန ကုန္အျပင္မွာအလုပ္လုပ္ေနတယ္ဆိုေပမဲ့ အိမ္မွာရွိတဲ့ အိမ္အလုပ္ေတြပါ တခုမက်န္ အကုန္လုပ္ေပးခဲ့ပီးမွ အျပင္သို ့ထြက္ခဲ့တာပါ။ အန္တီေရႊမိ ေဒါသထြက္ရင္ သူေႀကာက္သည္။
မရေသာ ေျခလွမ္းတို ့က မျဖစ္မေနအိမ္ေပၚတက္ရမယ္မ်န္း သိေပမဲ့ တြန္ ့ဆုတ္ေန၏။

" ဒါ ဘယ္က ျပန္လာတာလဲ "

အိမ္ေပၚေတာင္မတက္ရေသးဘူး စီးႀကိဳလာတဲ့ အသံေႀကာင့္ လူကေလး မ်က္ရည္ဝဲစြာေမာ့ႀကည့္မိ၏။

"ဟဲ့... မ်က္ရည္က်ရေအာင္ နင့္ကို ငါဘာေျပာေသးလို ့လဲ ။ ဘယ္ကျပန္လာတာလဲ လို ့ပဲ ေမးေနတာ "

ေဒါသနဲ ့ခါးေထာက္ေအာ္ လိုက္ေတာ့
နဂိုကတည္းက ေႀကာက္ေနတဲ့ လူကေလးကိုယ္က တုန္စက္သြားသည္ထိ လန္ ့သြားသည္။

"ဟို အလုပ္သြား ... သြားလုပ္တာပါ အန္တီေရႊမိ "

" ေပးစမ္းငါ့ကို ပိုက္ဆံ ဘယ္ေလာက္ရခဲ့လဲ "

"ခုထိ အိမ္ေပၚမတက္ရေသးပဲ သစ္သားေလွခါးေလးေပၚမွာတင္ ရပ္ေနေသးတဲ့ လူကေလးက လက္ဝါးျဖန္ ့ေတာင္းလာတဲ့ အန္တီေရႊမိ ကို ေႀကာက္အားလန္ ့အားႀကည့္လိုက္သည္။

"ဟို ဒါ သား တကၠသိုလ္ တက္ဖို ့စုေနလို ့ပါ"

"ဟဲ့ ျပန္ခံေျပာမေနနဲ ့ ေပးဆိုေပးလိုက္
ေက်ာင္းတက္ဖို ့က ပီးမွျပန္စုေပါ့ ငါအေရးတႀကီးလို လို ့ေပးဆိုေပးလိုက္စမ္းပါ "

ေျခလွမ္းက်ဲႀကီးနဲ ့ ေျပးလာကာ လူကေလး ကိုယ္ေပၚလိုက္စမ္းေနတာေႀကာင့္ ေနာက္လန္က်ေတာ့မလိုေတာင္ျဖစ္သြားသည္။
မတက္သာတဲ့ အဆံုးမို ့ ခါးႀကားက ညွပ္ထားတဲ့ ပိုက္ဆံေလးကို ထုတ္ေပးလိုက္ရသည္။ လိုခ်င္တာရသြားတဲ့ အန္တီေရႊမိက သံုးထစ္သာရွိတဲ့ ေလွကားေပၚကေန ဆင္းေျပးကာ ရပ္ကြက္ထဲ ထြက္သြားသည္။ ဒါ နွစ္လံုး သြားထိုးတာမွန္း လူကေလးသိလိုက္၏။ စီးက်လာတဲ့ မ်က္ရည္စ တို ့ကို သုတ္ရင္း ေလးဖင့္ေသာေျခလွမ္းတို ့က ကပ္က်ဲတို ့ျဖင့္ခေနာ္နီကေနာ္နွဲ ့ကာထားတဲ့ အခန္းေလးထဲ ဝင္လိုက္သည္။ ေဟာင္းႏြမ္းေနတဲ့ေစာင္ပါးေလးနဲ ့ျဖဴေဖြးေနေအာင္ေလ်ွာ္ထားေပမဲ့ အေရာင္မရွိေတာ့တဲ့ ေခါင္းအုန္းေလးသာရွိတဲ့ ဖ်ာေဟာင္းေလးခင္းထားတဲ့ ႀကမ္းေပၚ လူကေလး ထိုးေခြအိပ္လိုက္၏။ ဘဝက ဆိုးလိုက္တာ ။ ေမြးပီးကတည္းက ဆံုးသြားတဲ့ အေမ က အန္တီေရႊမိေယာက်ာ္း ဦးေလးေက်ာ္ရဲ့ ညီမ မို ့မတက္သာလို ့ေခၚေစာင့္ေရွာက္ထားရသည္။
အတူေနတယ္ေျပာေပမဲ့ကေလးဘဝကတည္းက ဘာတခုမွ ဂရုမစိုက္ေပးခဲ့ရုံမကဘူး တအိမ္လံုးရွိသမ်ွ အလုပ္ကို အိမ္ေစတစ္ေယာက္လို လုပ္ေပးရ၏။ လူကေလးအသက္ ဆယ့္ေျခာက္နွစ္ေက်ာ္ေနေပမဲ့
ေမတၱာဆိုတဲ့ ေႏြးေထြးလံွဳ ျခံဳ မွဳ ့ကို မခံစားဘူးေပ။ မျမင္ဘူးတဲ့ အေမ့ကို လြမ္းသလို
လူကေလးကို ေလာကမွာရွိလို ့ရွိမွန္းမသိတဲ့ အေဖ့ကိုလဲ ေတြ ့ခ်င္သည္။ လူ ကေလး ဆိုတဲ့ နာမည္ေတာင္ တျခံေက်ာ္က အဘြားေအးမဆံုးခင္က လူကေလး ကေလးဘဝက ေခၚေခၚထိန္းေပးရင္း ခ်စ္စနိုးေခၚရာမွ တြင္သြားခ်င္းျဖစ္၏။ ကံဆိုးလွတဲ့ ဘဝအေႀကာင္းေတြးကာ တသိမ့္သိမ့္တုန္ေအာင္လူကေလး ငိုရွဳိက္ပစ္လိုက္သည္။ သူ မေမြးဖြားလာရင္ေကာင္းမည္။

ေခါင္းအုန္းမွာ မ်က္နွာအပ္ပီး ငိုရွဳိက္ေနတဲ့ နုနုနယ္နယ္ကေလးငယ္က ေနာင္ျဖစ္လာမဲ့ သူ ့ အနာဂတ္ ကိုသာ သိခဲ့မည္ ဆိုပါလွ်င္ ......

########

" Hi !! ငါ ဒီမွာ ဇ "

ေကာ္ဖီဆိုင္ထဲ ေဝ ့ႀကည့္ လိုက္ေတာ့ ေခၚသံနဲ ့အတူ
လက္လွမ္းျပေနတဲ့ မင္းသားတစ္ေယာက္လို မိမိုက္ေနတဲ့ သူ က ဇရဲ့ ဆိုးတူဆိုးဖက္ ေဒဝါ ။ အျဖဴေရာင္ ရွပ္အက်ၤ ီကို လက္ေခါက္ဝတ္ထားပီး ဂ်င္းျပာနဲ ့တြဲဖက္ဝတ္ဆင္ထားတာမို ့မသိရင္ လူခ်မ္းသာသခင္ေလးအတိုင္းပဲမို ့ ဇ နုတ္ခမ္းတို ့မဲ့ကာ
ခံုဆြဲထုတ္ထိုင္လိုက္၏။

"ဘယ္လိုလဲ ဇ ဟိုတေန ့က ကလပ္မွာရန္ျဖစ္ေသးတယ္ဆို ။ မင္းကိုေျပာသားပဲ သာလွဆိုတဲ့ေကာင္နဲ ့မေပါင္းနဲ ့လို ့ အဲ့အေကာင္ ငေႀကာက္ "

ေဒဝါ ေျပာတဲ့ စကားေတြ ကိုအေရးမစိုက္ပဲ ထပ္ဝတ္လာတဲ့ အေပၚဂ်င္းဂ်က္ကတ္ထဲက ပီေက တခုဆြဲထုတ္စားလိုက္သည္။ ေဒဝါက မသိရင္ ေနာက္ကြယ္က ဆိုးမိုက္ေနတာ လူမသိလိုက္ေအာင္ သခင္ေလးတစ္ေယာက္လိုဝတ္စားတက္ေပမဲ့ ဇ ကေတာ့ ထို သို ့လံုးဝမတူ ။ ေဒဝါနဲ ့ဆန္ ့က်င္ဖက္ All blackကို ဂ်င္းေဘာင္းဘီအနက္ စြပ္က်ယ္ အနက္ကို အေပၚက ဂ်င္းအက်ၤ ီအနက္နဲ ့တြဲဖက္ဝတ္ထားသည္မို ့
တကိုယ္လံုးနက္ေစြးေနပီး ထင္းရွင္းေန၏။
မ်က္ခံုးမွာ အေပါက္ေဖာက္ပီးဝတ္ထားတဲ့ စိန္နွစ္လံုးက သိသိသာသာ မိမိုက္ေနတဲ့အျပင္ နားနွစ္ဖက္လံုး မွာ ပလက္တီနမ္နားကြင္းေသးေသးေတြကို ဝတ္ထားသည္မို ့ ခပ္ဆိုးဆိုး လူမိုက္ပံုေပၚေနမဲ့ အရုိင္းဆန္ေအာင္ေခ်ာ ေမာေန၏။

" ကားပါလား "

"အင္း "

"အဲ့ဒါဆို အျပန္က် တစ္ေနရာဝင္စရာရွိေသးတယ္"

"မပို ့ဘူး တက္စီငွားသြား "

"မသြားခ်င္ဘူး မင္းလိုက္ပို ့"

"က်စ္!! ေဒဝါ "

"မင္းလိုက္ပို ့ရင္ မင္းအခု သေဘာက်ေနတဲ့ ဆူးခက္ ဖုန္းနံပါတ္ ငါဆီမွာရွိတယ္ "

"ဟက္ !! "

မ်က္ခံုး တစ္ဖက္ပင့္ေျပာတဲ့ ေဒဝါက အနိုင္ယူလိုက္တဲ့ ပံုစံမို ့ ဇ အသံထြက္ေအာင္
ရယ္လိုက္သည္။ ကေလး အထာ ေတြ ။
ဆူးခက္မွ မဟုတ္ဘူး ဘယ္မိန္းမ မွ သူ ့ရင္ကို လွဳပ္ခတ္ေအာင္ လုပ္နိုင္စြမ္းမရွိဘူးဆိုတာ သိရက္နဲ ့။ ဒါေပမဲ့ ကေလးေတြ သေဘာက် လူႀကီးကပဲ အနိုင္ေပးရမွာေပါ့

"ok "

ဇ ဆီက သေဘာတူညီမူ ့ရပီးတဲ့ ေနာက္မွ ေဒဝါ ေပ်ာ္သြား၏။ ငယ္ငယ္ကတည္းက
အတူတူလည္ပင္းဖက္ေပါင္း လာတာမို ့
ဇအေႀကာင္းကို သူ သိသည္။ အခုလဲ တမင္အလို လိုက္သည္မို ့နည္းနည္းေတာ့ ေက်နပ္သြား၏။ မာမီ ခိုင္းလိုက္တာ မလုပ္ေပးခ်င္ေပမဲ့ အိမ္မွာ ဒယ္ဒီ ခုတေလာ ေနသိပ္မေကာင္းတာမို ့ေဒဝါ လိမ္မာျပေနရသည္။ ခုလဲ ထမင္းခ်က္တဲ့ ေဒၚလံုးဆိုတဲ့ အန္တီႀကီးခြင့္ယူသြားတာ ရက္မျပည့္ေသးေပမဲ့ ျပန္လာဖို ့သြားေျပာခိုင္းေနသည္မို ့ သူ ့တာဝန္အရ ဇ ကိုေခ်ာဆြဲ ပီး
လိုက္ပို ့ခိုင္းေနရသည္။

" ေအး လိပ္စာ အရေတာ့ ဒီရပ္ကြက္ပဲကြ
ဟိုဖက္ ခ်ိဳး ႀကည့္ လိုက္တစ္ေယာက္ေယာက္ေတာ့ ေမးႀကည့္ရမွာပဲ "

ဇ အေတာ္ႀကီး စိတ္ရွည္ေနရသည္။ ခ်ိဳင့္ေတြခြက္ေတြ နဲ ့ လမ္းက ဆိုးသလို
ဆင္းရဲသားရက္ကြက္မို ့ ျပံဳ ႀကပ္ေနတဲ့
အိမ္ေသးေသးေတြထဲက ထြက္ထြက္ေျပးလာတဲ့ ကေလးေတြကိုလဲ သတိထားေရွာင္ေနရသည္။

"ဟာ ...ဇ ... ေရွ ့မွာ လူ "

"ဒုန္း "

အေျပာေတာင္မဆံုးေသး လမ္းခ်ိဳးကထြက္လာတဲ့ အရိပ္ကေလးေႀကာင့္အခ်ိန္မွီ ဘရိတ္အုပ္ လိုက္ေပမဲ့ တိုက္မိသြားသည္။ နဂိုကတည္းက ျဖည္းျဖည္းပဲေမာင္းလာတဲ့ ကားမို ့အရွိန္ေတာ့ သိပ္မျပင္းေပ။
မရွည္လာတဲ့ စိတ္တို ့က ေဒါသအသြင္ကို ကူးေျပာင္းေနပီ မို ့ကားတံခါးကို ဖြင့္ဆင္းလိုက္သည္။

"ဟိတ္ ဒီမွာ မင္းအဆင္ေျပလား "

ဒူးကေလးကို အုပ္ပီး ေျမႀကီးေပၚမွာ ငုတ္တုတ္ေလးထိုင္ေနတဲ့ ကေလးေလးေႀကာင့္ ဇ သက္ျပင္းခ်ကာ ေမးလိုက္သည္။အမွတ္တမဲ့ လန္ ့သြားပံု ကို
တုန္သြားတဲ့ ကိုယ္ေလးကိုႀကည့္ပီး ဇ
သိလိုက္သည္။
တဖက္မွာလဲ ေဒဝါပါ ကားတံခါးဖြင့္ဆင္းလာသည္မို ့ ဇ ေဒါသကို ေလ်ာ့လိုက္၏
မဟုတ္ရင္ ကေလးေတြ ငိုရင္ ဇ မေခ်ာ့တက္ ။

" ဟိတ္ ဒီကိုႀကည့္ ေမးေနတာလဲမေျဖဘူး"

ေနာက္တခြန္း စိတ္ရွည္လက္ရွည္ အသံပါ ေပ်ာ့ပီး ဇ ထပ္ေမးလိုက္၏။
ထိုအခါမွ ျဖည္းျဖည္းျခင္းေမာ့ႀကည့္လာတဲ့ မ်က္နွာနုနုေလးက ေခ်ာတာလွတာလဲ မဟုတ္ပဲ သာမန္ ရုပ္ေလးေပမဲ့ ဇ ရင္ကို တုန္ဟီးသြားေစသည္။ ဘာဆိုဘာမွမထူးဆန္းဘူး အဝါေရာင္ လက္တို ရွပ္ကေလးကေဟာင္းေနလို ့အေရာင္ေတာင္မရွိေတာ့။ ကာတြန္းရုပ္ ေဘာင္းဘီ ရွည္ေလးကလဲ ေလ်ွာ္ထားပါမ်ားလို ့ အျဖဴေရာင္ဖက္ေတာင္ လုခ်င္ေနပီ။ ဒါဆို ဇ ဘာကို ခံစားေနရတာလဲ ။ မ်က္ရည္ေတြ ဝိုင္းေနတဲ့ အားကိုးရာမဲ့ မ်က္ဝန္းေလးကိုလား။ ဘုရားေရ ဇ အသိစိတ္ကပ္လိုက္စမ္း ဒါေလးက ကေလးေလးရွိေသးတာ စိတ္ထိန္းစမ္း။ ဒီထပ္ေခ်ာတာေလးေတြ ရွိတယ္ ကိတ္တာလဲ ရွိတယ္ ။ ဆူးခတ္လား ေဒစီလား ျမျခဴ းလား စိတ္ထိန္းစမ္း အလန္းေလးေတြ ရွိတယ္ ။ ဟုတ္တယ္ အသက္ကို မွန္မွန္ ရွဴ ဟုတ္တယ္ ဒါေကာင္ေလး ပီးေတာ့ ကေလးေလး ဟုတ္တယ္ ။ မွန္တယ္ ဒါကေလးေလး ရွိေသးတာ ။ ငါ့နာမည္ ဇ ။
အပြဲပြဲႏြဲ လာတဲ့ ဖိုက္တာ ။ ဒါေလးက ရင္လဲမရွိ ဖင္လဲမရွိ ရုပ္လဲမလွတဲ့ ကေလးေသးေသးေလး စိတ္ထိန္းလိုက္။

"ကေလးေလး ဘာျဖစ္သြားေသးလဲ "

ေဒဝါ မေနနိုင္ေတာ့ပဲ ဒူးေထာက္ပီးေမးလိုက္သည္။ အေသေကာင္ႀကီးလို
မလွဳပ္ မယွက္ အေတာင့္လိုက္ျဖစ္ေနတဲ့ ဖိုက္တာေကာင္ ကႀကည့္ရတာ ကားတိုက္မိသြားလို ့ လန္ ့သြားပံုက်သည္။

" ေျခေထာက္နာသြားလို ့က်ြန္ေတာ္ ထလုိ ့မရေတာ့ဘူး ...ဟင့္ က်ြန္ေတာ္ က်ြန္ေတာ္ ခုမွအလုပ္မသြားရင္ အလုပ္ျပဳတ္ေတာ့မွာ ထင္တယ္ ...အင့္ "

ရွဳိက္သံတိုးတိုးနဲ ့ ႀကည္ႀကည္ေအးေအး အသံေလးက ဇ နားထဲကို တိုးဝင္လာပီးတဲ့ေနာက္မွာ ဇ မ်က္ရည္ေတြ စီးက်လာ၏။ ဟီး အီး...
သြားပါပီး အေဖ ဦးထြဋ္တင္ရဲ့ ။ အေဖ့သား လူဆိုးလူမိုက္ တစ္ေယာက္ အေဖကို ျပန္ေျပာမိလို ့လားမသိဘူး ကံႀကီးထိုက္ပီး gayသြားပီးထင္တယ္ ။ သား ေနာက္ဆို ျပန္မေျပာေတာ့ပါဘူး အေဖမႀကိဳက္တဲ့ အေဖလို ့လဲမေခၚေတာ့ပါဘူးဗ်။ သားက ဖိုက္တာ ဗ် ဖိုက္တာ ။ ခုေတာ့
ဖိုက္တာေဂးႀကီးျဖစ္ပီလားမသိဘူး ။

"ျဖန္း "

ေဆးခန္းပို ့ေပးဖို ့ကေလးကိုေတာင္ ကားေပၚတင္ပီးပီး။ ဒင္းက ခုထိ အေတာင့္လိုက္ရပ္ေနတဲ့အျပင္ မ်က္ရည္ေတြေတာင္က်လာသည္မို ့ေဒဝါ လန္ ့သြားကာ
ေအာ္ေခၚေနေပမဲ့ ျပန္မထူးတာေႀကာင့္
လက္ေမာင္းကို ခပ္စပ္စပ္ရုိက္ပစ္လိုက္သည္။ လွည့္ႀကည့္လာတဲ့ မ်က္နွာက အသက္မရွိေတာ့သလို ပံုမ်ိဳး နဲ ့ ထြက္လာတဲ့ စကားေႀကာင့္ ေဒဝါပါ ဆြံအသြား၏။

"သားႀကီး ငါ gay သြားပီလားမသိဘူး"တဲ့

ခ်စ္တဲ့အိမ္စည္။

" ဟဲ့ လူကလေး နင့်ကို ဒေါ်ရွှေမိကြီးလိုက်ရှာနေတယ် သိလား"

ပိုက်ဆံအိတ်ချိုင်းကြားမှာညှပ်ရင်းပြောလာတဲ့
ရပ်ကွက်လော် ဒေါ်အေးမရဲ့စကားကြောင့်
လက်ထဲက ကိုင်ထားတဲ့ ပိုက်ဆံ နှစ်ထောင်ကို ပုဆိုးကြားထဲသေချာ လိပ်ထည့်လိုက်ပီး အိမ်ဖက်ကိုပြေးပြေးလွှားလွှားသွားရသည်။ တနေ ကုန်အပြင်မှာအလုပ်လုပ်နေတယ်ဆိုပေမဲ့ အိမ်မှာရှိတဲ့ အိမ်အလုပ်တွေပါ တခုမကျန် အကုန်လုပ်ပေးခဲ့ပီးမှ အပြင်သို့ ထွက်ခဲ့တာပါ။ အန်တီရွှေမိ ဒေါသထွက်ရင် သူကြောက်သည်။
မရသော ခြေလှမ်းတို့ က မဖြစ်မနေအိမ်ပေါ်တက်ရမယ်မျန်း သိပေမဲ့ တွန့် ဆုတ်နေ၏။

" ဒါ ဘယ်က ပြန်လာတာလဲ "

အိမ်ပေါ်တောင်မတက်ရသေးဘူး စီးကြိုလာတဲ့ အသံကြောင့် လူကလေး မျက်ရည်ဝဲစွာမော့ကြည့်မိ၏။

"ဟဲ့ မျက်ရည်ကျရအောင် နင့်ကို ငါဘာပြောသေးလို့ လဲ ။ ဘယ်ကပြန်လာတာလဲ လို့ ပဲ မေးနေတာ "

ဒေါသနဲ့ ခါးထောက်အော် လိုက်တော့
နဂိုကတည်းက ကြောက်နေတဲ့ လူကလေးကိုယ်က တုန်စက်သွားသည်ထိ လန့် သွားသည်။

"ဟို အလုပ်သွား ... သွားလုပ်တာပါ အန်တီရွှေမိ "

" ပေးစမ်းငါ့ကို ပိုက်ဆံ ဘယ်လောက်ရခဲ့လဲ "

"ခုထိ အိမ်ပေါ်မတက်ရသေးပဲ သစ်သားလှေခါးလေးပေါ်မှာတင် ရပ်နေသေးတဲ့ လူကလေးက လက်ဝါးဖြန့် တောင်းလာတဲ့ အန်တီရွှေမိ ကို ကြောက်အားလန့် အားကြည့်လိုက်သည်။

"ဟို ဒါ သား တက္ကသိုလ် တက်ဖို့ စုနေလို့ ပါ"

"ဟဲ့ ပြန်ခံပြောမနေနဲ့ ပေးဆိုပေးလိုက်
ကျောင်းတက်ဖို့ က ပီးမှပြန်စုပေါ့ ငါအရေးတကြီးလို လို့ ပေးဆိုပေးလိုက်စမ်းပါ "

ခြေလှမ်းကျဲကြီးနဲ့ ပြေးလာကာ လူကလေး ကိုယ်ပေါ်လိုက်စမ်းနေတာကြောင့် နောက်လန်ကျတော့မလိုတောင်ဖြစ်သွားသည်။
မတက်သာတဲ့ အဆုံးမို့ ခါးကြားက ညှပ်ထားတဲ့ ပိုက်ဆံလေးကို ထုတ်ပေးလိုက်ရသည်။ လိုချင်တာရသွားတဲ့ အန်တီရွှေမိက သုံးထစ်သာရှိတဲ့ လှေကားပေါ်ကနေ ဆင်းပြေးကာ ရပ်ကွက်ထဲ ထွက်သွားသည်။ ဒါ နှစ်လုံး သွားထိုးတာမှန်း လူကလေးသိလိုက်၏။ စီးကျလာတဲ့ မျက်ရည်စ တို့ ကို သုတ်ရင်း လေးဖင့်သောခြေလှမ်းတို့ က ကပ်ကျဲတို့ ဖြင့်ခနော်နီကနော်နှဲ့ ကာထားတဲ့ အခန်းလေးထဲ ဝင်လိုက်သည်။ ဟောင်းနွမ်းနေတဲ့စောင်ပါးလေးနဲ့ ဖြူဖွေးနေအောင်လျှော်ထားပေမဲ့ အရောင်မရှိတော့တဲ့ ခေါင်းအုန်းလေးသာရှိတဲ့ ဖျာဟောင်းလေးခင်းထားတဲ့ ကြမ်းပေါ် လူကလေး ထိုးခွေအိပ်လိုက်၏။ ဘဝက ဆိုးလိုက်တာ ။ မွေးပီးကတည်းက ဆုံးသွားတဲ့ အမေ က အန်တီရွှေမိယောကျာ်း ဦးလေးကျော်ရဲ့ ညီမ မို့ မတက်သာလို့ ခေါ်စောင့်ရှောက်ထားရသည်။
အတူနေတယ်ပြောပေမဲ့ကလေးဘဝကတည်းက ဘာတခုမှ ဂရုမစိုက်ပေးခဲ့ရုံမကဘူး တအိမ်လုံးရှိသမျှ အလုပ်ကို အိမ်စေတစ်ယောက်လို လုပ်ပေးရ၏။ လူကလေးအသက် ဆယ့်ခြောက်နှစ်ကျော်နေပေမဲ့
မေတ္တာဆိုတဲ့ နွေးထွေးလှုံ ခြုံ မှု့ ကို မခံစားဘူးပေ။ မမြင်ဘူးတဲ့ အမေ့ကို လွမ်းသလို
လူကလေးကို လောကမှာရှိလို့ ရှိမှန်းမသိတဲ့ အဖေ့ကိုလဲ တွေ့ ချင်သည်။ လူ ကလေး ဆိုတဲ့ နာမည်တောင် တခြံကျော်က အဘွားအေးမဆုံးခင်က လူကလေး ကလေးဘဝက ခေါ်ခေါ်ထိန်းပေးရင်း ချစ်စနိုးခေါ်ရာမှ တွင်သွားချင်းဖြစ်၏။ ကံဆိုးလှတဲ့ ဘဝအကြောင်းတွေးကာ တသိမ့်သိမ့်တုန်အောင်လူကလေး ငိုရှိုက်ပစ်လိုက်သည်။ သူ မမွေးဖွားလာရင်ကောင်းမည်။

ခေါင်းအုန်းမှာ မျက်နှာအပ်ပီး ငိုရှိုက်နေတဲ့ နုနုနယ်နယ်ကလေးငယ်က နောင်ဖြစ်လာမဲ့ သူ့ အနာဂတ် ကိုသာ သိခဲ့မည် ဆိုပါလျှင် ......

########

" Hi !! ငါ ဒီမှာ ဇ "

ကော်ဖီဆိုင်ထဲ ဝေ့ ကြည့် လိုက်တော့ ခေါ်သံနဲ့ အတူ
လက်လှမ်းပြနေတဲ့ မင်းသားတစ်ယောက်လို မိမိုက်နေတဲ့ သူ က ဇရဲ့ ဆိုးတူဆိုးဖက် ဒေဝါ ။ အဖြူရောင် ရှပ်အင်္ကျီကို လက်ခေါက်ဝတ်ထားပီး ဂျင်းပြာနဲ့ တွဲဖက်ဝတ်ဆင်ထားတာမို့ မသိရင် လူချမ်းသာသခင်လေးအတိုင်းပဲမို့ ဇ နုတ်ခမ်းတို့ မဲ့ကာ
ခုံဆွဲထုတ်ထိုင်လိုက်၏။

"ဘယ်လိုလဲ ဇ ဟိုတနေ့ က ကလပ်မှာရန်ဖြစ်သေးတယ်ဆို ။ မင်းကိုပြောသားပဲ သာလှဆိုတဲ့ကောင်နဲ့ မပေါင်းနဲ့ လို့ အဲ့အကောင် ငကြောက် "

ဒေဝါ ပြောတဲ့ စကားတွေ ကိုအရေးမစိုက်ပဲ ထပ်ဝတ်လာတဲ့ အပေါ်ဂျင်းဂျက်ကတ်ထဲက ပီကေ တခုဆွဲထုတ်စားလိုက်သည်။ ဒေဝါက မသိရင် နောက်ကွယ်က ဆိုးမိုက်နေတာ လူမသိလိုက်အောင် သခင်လေးတစ်ယောက်လိုဝတ်စားတက်ပေမဲ့ ဇ ကတော့ ထို သို့ လုံးဝမတူ ။ ဒေဝါနဲ့ ဆန့် ကျင်ဖက် All blackကို ဂျင်းဘောင်းဘီအနက် စွပ်ကျယ် အနက်ကို အပေါ်က ဂျင်းအင်္ကျီအနက်နဲ့ တွဲဖက်ဝတ်ထားသည်မို့
တကိုယ်လုံးနက်စွေးနေပီး ထင်းရှင်းနေ၏။
မျက်ခုံးမှာ အပေါက်ဖောက်ပီးဝတ်ထားတဲ့ စိန်နှစ်လုံးက သိသိသာသာ မိမိုက်နေတဲ့အပြင် နားနှစ်ဖက်လုံး မှာ ပလက်တီနမ်နားကွင်းသေးသေးတွေကို ဝတ်ထားသည်မို့ ခပ်ဆိုးဆိုး လူမိုက်ပုံပေါ်နေမဲ့ အရိုင်းဆန်အောင်ချော မောနေ၏။

" ကားပါလား "

"အင်း "

"အဲ့ဒါဆို အပြန်ကျ တစ်နေရာဝင်စရာရှိသေးတယ်"

"မပို့ ဘူး တက်စီငှားသွား "

"မသွားချင်ဘူး မင်းလိုက်ပို့ "

"ကျစ်!! ဒေဝါ "

"မင်းလိုက်ပို့ ရင် မင်းအခု သဘောကျနေတဲ့ ဆူးခက် ဖုန်းနံပါတ် ငါဆီမှာရှိတယ် "

"ဟက် !! "

မျက်ခုံး တစ်ဖက်ပင့်ပြောတဲ့ ဒေဝါက အနိုင်ယူလိုက်တဲ့ ပုံစံမို့ ဇ အသံထွက်အောင်
ရယ်လိုက်သည်။ ကလေး အထာ တွေ ။
ဆူးခက်မှ မဟုတ်ဘူး ဘယ်မိန်းမ မှ သူ့ ရင်ကို လှုပ်ခတ်အောင် လုပ်နိုင်စွမ်းမရှိဘူးဆိုတာ သိရက်နဲ့ ။ ဒါပေမဲ့ ကလေးတွေ သဘောကျ လူကြီးကပဲ အနိုင်ပေးရမှာပေါ့

"ok "

ဇ ဆီက သဘောတူညီမူ့ ရပီးတဲ့ နောက်မှ ဒေဝါ ပျော်သွား၏။ ငယ်ငယ်ကတည်းက
အတူတူလည်ပင်းဖက်ပေါင်း လာတာမို့
ဇအကြောင်းကို သူ သိသည်။ အခုလဲ တမင်အလို လိုက်သည်မို့ နည်းနည်းတော့ ကျေနပ်သွား၏။ မာမီ ခိုင်းလိုက်တာ မလုပ်ပေးချင်ပေမဲ့ အိမ်မှာ ဒယ်ဒီ ခုတလော နေသိပ်မကောင်းတာမို့ ဒေဝါ လိမ်မာပြနေရသည်။ ခုလဲ ထမင်းချက်တဲ့ ဒေါ်လုံးဆိုတဲ့ အန်တီကြီးခွင့်ယူသွားတာ ရက်မပြည့်သေးပေမဲ့ ပြန်လာဖို့ သွားပြောခိုင်းနေသည်မို့ သူ့ တာဝန်အရ ဇ ကိုချောဆွဲ ပီး
လိုက်ပို့ ခိုင်းနေရသည်။

" အေး လိပ်စာ အရတော့ ဒီရပ်ကွက်ပဲကွ
ဟိုဖက် ချိုး ကြည့် လိုက်တစ်ယောက်ယောက်တော့ မေးကြည့်ရမှာပဲ "

ဇ အတော်ကြီး စိတ်ရှည်နေရသည်။ ချိုင့်တွေခွက်တွေ နဲ့ လမ်းက ဆိုးသလို
ဆင်းရဲသားရက်ကွက်မို့ ပြုံ ကြပ်နေတဲ့
အိမ်သေးသေးတွေထဲက ထွက်ထွက်ပြေးလာတဲ့ ကလေးတွေကိုလဲ သတိထားရှောင်နေရသည်။

"ဟာ ...ဇ ... ရှေ့ မှာ လူ "

"ဒုန်း "

အပြောတောင်မဆုံးသေး လမ်းချိုးကထွက်လာတဲ့ အရိပ်ကလေးကြောင့်အချိန်မှီ ဘရိတ်အုပ် လိုက်ပေမဲ့ တိုက်မိသွားသည်။ နဂိုကတည်းက ဖြည်းဖြည်းပဲမောင်းလာတဲ့ ကားမို့ အရှိန်တော့ သိပ်မပြင်းပေ။
မရှည်လာတဲ့ စိတ်တို့ က ဒေါသအသွင်ကို ကူးပြောင်းနေပီ မို့ ကားတံခါးကို ဖွင့်ဆင်းလိုက်သည်။

"ဟိတ် ဒီမှာ မင်းအဆင်ပြေလား "

ဒူးကလေးကို အုပ်ပီး မြေကြီးပေါ်မှာ ငုတ်တုတ်လေးထိုင်နေတဲ့ ကလေးလေးကြောင့် ဇ သက်ပြင်းချကာ မေးလိုက်သည်။အမှတ်တမဲ့ လန့် သွားပုံ ကို
တုန်သွားတဲ့ ကိုယ်လေးကိုကြည့်ပီး ဇ
သိလိုက်သည်။
တဖက်မှာလဲ ဒေဝါပါ ကားတံခါးဖွင့်ဆင်းလာသည်မို့ ဇ ဒေါသကို လျော့လိုက်၏
မဟုတ်ရင် ကလေးတွေ ငိုရင် ဇ မချော့တက် ။

" ဟိတ် ဒီကိုကြည့် မေးနေတာလဲမဖြေဘူး"

နောက်တခွန်း စိတ်ရှည်လက်ရှည် အသံပါ ပျော့ပီး ဇ ထပ်မေးလိုက်၏။
ထိုအခါမှ ဖြည်းဖြည်းခြင်းမော့ကြည့်လာတဲ့ မျက်နှာနုနုလေးက ချောတာလှတာလဲ မဟုတ်ပဲ သာမန် ရုပ်လေးပေမဲ့ ဇ ရင်ကို တုန်ဟီးသွားစေသည်။ ဘာဆိုဘာမှမထူးဆန်းဘူး အဝါရောင် လက်တို ရှပ်ကလေးကဟောင်းနေလို့ အရောင်တောင်မရှိတော့။ ကာတွန်းရုပ် ဘောင်းဘီ ရှည်လေးကလဲ လျှော်ထားပါများလို့ အဖြူရောင်ဖက်တောင် လုချင်နေပီ။ ဒါဆို ဇ ဘာကို ခံစားနေရတာလဲ ။ မျက်ရည်တွေ ဝိုင်းနေတဲ့ အားကိုးရာမဲ့ မျက်ဝန်းလေးကိုလား။ ဘုရားရေ ဇ အသိစိတ်ကပ်လိုက်စမ်း ဒါလေးက ကလေးလေးရှိသေးတာ စိတ်ထိန်းစမ်း။ ဒီထပ်ချောတာလေးတွေ ရှိတယ် ကိတ်တာလဲ ရှိတယ် ။ ဆူးခတ်လား ဒေစီလား မြခြူးလား စိတ်ထိန်းစမ်း အလန်းလေးတွေ ရှိတယ် ။ ဟုတ်တယ် အသက်ကို မှန်မှန် ရှူ ဟုတ်တယ် ဒါကောင်လေး ပီးတော့ ကလေးလေး ဟုတ်တယ် ။ မှန်တယ် ဒါကလေးလေး ရှိသေးတာ ။ ငါ့နာမည် ဇ ။
အပွဲပွဲနွဲ လာတဲ့ ဖိုက်တာ ။ ဒါလေးက ရင်လဲမရှိ ဖင်လဲမရှိ ရုပ်လဲမလှတဲ့ ကလေးသေးသေးလေး စိတ်ထိန်းလိုက်။

"ကလေးလေး ဘာဖြစ်သွားသေးလဲ "

ဒေဝါ မနေနိုင်တော့ပဲ ဒူးထောက်ပီးမေးလိုက်သည်။ အသေကောင်ကြီးလို
မလှုပ် မယှက် အတောင့်လိုက်ဖြစ်နေတဲ့ ဖိုက်တာကောင် ကကြည့်ရတာ ကားတိုက်မိသွားလို့ လန့် သွားပုံကျသည်။

" ခြေထောက်နာသွားလို့ ကျွန်တော် ထလို့ မရတော့ဘူး ...ဟင့် ကျွန်တော် ကျွန်တော် ခုမှအလုပ်မသွားရင် အလုပ်ပြုတ်တော့မှာ ထင်တယ် ...အင့် "

ရှိုက်သံတိုးတိုးနဲ့ ကြည်ကြည်အေးအေး အသံလေးက ဇ နားထဲကို တိုးဝင်လာပီးတဲ့နောက်မှာ ဇ မျက်ရည်တွေ စီးကျလာ၏။ ဟီး အီး...
သွားပါပီး အဖေ ဦးထွဋ်တင်ရဲ့ ။ အဖေ့သား လူဆိုးလူမိုက် တစ်ယောက် အဖေကို ပြန်ပြောမိလို့ လားမသိဘူး ကံကြီးထိုက်ပီး gayသွားပီးထင်တယ် ။ သား နောက်ဆို ပြန်မပြောတော့ပါဘူး အဖေမကြိုက်တဲ့ အဖေလို့ လဲမခေါ်တော့ပါဘူးဗျ။ သားက ဖိုက်တာ ဗျ ဖိုက်တာ ။ ခုတော့
ဖိုက်တာဂေးကြီးဖြစ်ပီလားမသိဘူး ။

"ဖြန်း "

ဆေးခန်းပို့ ပေးဖို့ ကလေးကိုတောင် ကားပေါ်တင်ပီးပီး။ ဒင်းက ခုထိ အတောင့်လိုက်ရပ်နေတဲ့အပြင် မျက်ရည်တွေတောင်ကျလာသည်မို့ ဒေဝါ လန့် သွားကာ
အော်ခေါ်နေပေမဲ့ ပြန်မထူးတာကြောင့်
လက်မောင်းကို ခပ်စပ်စပ်ရိုက်ပစ်လိုက်သည်။ လှည့်ကြည့်လာတဲ့ မျက်နှာက အသက်မရှိတော့သလို ပုံမျိုး နဲ့ ထွက်လာတဲ့ စကားကြောင့် ဒေဝါပါ ဆွံအသွား၏။

"သားကြီး ငါ gay သွားပီလားမသိဘူး"တဲ့

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz