28
"ဘုန္း "
အခန္းေထာင့္ကို ပစ္ခ်လိုက္တဲ့ အထုတ္ေတြက အပံုလိုက္ႀကီး ။ ဒါေတာင္ မနိုင္လို ့နွစ္ေခါက္ ခြဲသယ္လာခဲ့ရတာ။ အိပ္ယာေပၚပစ္လွဲ အိပ္မိတာေျခပစ္လက္ပစ္။
" အမေလး ေညာင္းလိုက္တာ"
ပါးစပ္ကလဲ တိုးဖြဖြေရရြတ္ရင္း မ်က္လံုးကေလးမွိတ္ထားရင္း… ခန ေတာ့ စိတ္ေရာလူေရာအနားေပးလိုက္သည္။
ဘာမွမပင္ပန္းခဲ့ေပမဲ့ ဝယ္နိုင္လြန္းသူေယာက္ခမက တစ္ဆိုင္ထဲမဟုတ္ ။ ဝယ္ခ်ပစ္လိုက္တာ အတြင္းခံေဘာင္းဘီတိုက အစ ပါသည္။ အစက ကိုယ့္အတြက္
လို ့မထင္ထားခဲ့တဲ့ အဝတ္ေတြက အေဆာင္ေရွ ့လိုက္ပို ့ပီး လူပဲ ခ်ေပးခဲ့တာ မဟုတ္ ။
ရွိသမ်ွကားေပၚက အထုတ္အပိုးေတြအကုန္ လမ္းေဘး စုပံုထားခဲ့ျခင္းပင္။
ေျပာခဲ့ေသးသည္ ေနာက္တခါငါ့ကို အန္တီလို ့မေခၚနဲ ့တဲ့။
ေမာင္းထြက္သြားတဲ့ကားေနာက္မွီးကို ႀကည့္ပီး ေတြးမိလိုက္တာက အန္တီလို ့ေခၚလို ့မ်ားစိတ္ဆိုးသြားတာလားလို ့ပင္။
"ခ်ေလာက္ ! "
တံခါးဖြင့္သံေႀကာင့္ မ်က္လံုးဖြင့္ႀကည့္မိေတာ့ ေရးခ်ိဳးခန္းထဲကထြက္လာတဲ့
ေရး ေႀကာင့္ မ်က္လံုးေတြကိုျပန္မွိတ္လိုက္ရင္း……
" ေရးခ်ိဳးေနတာလား … ငါ မင္းကို အျပင္သြားတယ္မွတ္ေနတာ "
"အင္း… ငါနိုးလာေတာ့ မင္းမရွိဘူး ……အထုတ္ေတြကလဲ မ်ားလိုက္တာ ဇ နဲ ့Shopping သြားတာလား "
"မဟုတ္ဘူး ေယာက္ခမ နဲ ့"
ေခါင္းကိုေရ သုတ္ပီး ေရး …လူကေလး ကုတင္ေဘးက စာႀကည့္ခံုမွာ ဝင္လိုက္သည္။ ပီးမွ ……
"ပိုင္လွခ်ည္လား … ခုတေလာ ေယာက္ခမ
နဲ ့ အဆင္ေျပေနတယ္ …ထင္တယ္ "
" အဆင္ေျပလား မေျပလား မသိပါဘူးကြာ … အေစာႀကီးပဲ လာေခၚလို ့လိုက္သြားတာ… မနက္စာလဲ ဝယ္ေက်ြးလိုက္တယ္ ။
Shoppingဆိုပီးေခၚသြားတာ ဟိုမွာ …မင္းျမင္တဲ့ အတိုင္းပဲ "
ေျခရင္း ကုတင္ေဘးက အပံုလိုက္ကို လက္ညိဳးထိုးျပရင္းေျပာေတာ့ ေရးက အားက်သလိုႀကည့္သည္။
Ringtone………
" ခဏ ေရး… အကိုႀကီးဆီဖုန္းလာေန
လို ့"
ေရး ကိုခြင့္ေတာင္းပီး ဖုန္းကိုင္လိုက္ေတာ့
သေဘာတက် ရယ္သံက ဖုန္းထဲမွာ အရင္ႀကားလိုက္ရသည္။ ႀကည့္စမ္း အန္တီလာသြားတာကို အကိုႀကီးသိေနတာလား ။
"ဘာရယ္တာလဲ "
ကိုယ္က အရင္ႀကိဳ …ရန္လုပ္လိုက္သည္။
တကယ္ဆို သမီးရည္းစားအခ်င္းခ်င္း
ႀကိဳေျပာသင့္သည္မဟုတ္လား။ အကိုႀကီးသာေျပာျပထားရင္ လူကေလး ကမန္းကတန္း သြားေနစရာ မလိုဘူး ။
အခုေတာ့………
"ဟိုးထား Baby စိတ္ေလ်ာ့ ထား…"
"စိတ္မေလ်ာ့နိုင္ဘူး ။ အကိုႀကီး သိေနတယ္မို ့လား… ဒီေန ့ ကေမွာက္ကမ နဲ ့ဘယ္ေလာက္ ေႀကာင္ေတာင္ေတာင္ နိုင္လဲ သိလား … မရယ္နဲ ့အဲ့အသံႀကီး မႀကားခ်င္ဘူး"
ႀသရွရွရယ္သံက နားေထာင္ေကာင္းေပမဲ့ ခါတိုင္းလို မသာယာနိုင္။ တမနက္လံုး
တင္းႀကပ္ေနတဲ့ စိတ္တို ့သည္
ေျပာလို ့ဆိုလို ့ရတဲ့ …သူလဲ ေတြ ့ေရာ… ေပါက္ကြဲထြက္လာ၏။ အကိုႀကီးကို မေက်နပ္ဘူး။
သမီးရည္းစားအခ်င္းခ်င္းေနာက္ေက်ာကို
ဓားနဲ ့ထိုးခံလိုက္ရသည္မို ့လား။
"ေဟာဗ်ာ … မင္းပဲ အရင္က ေတာ့ အကိုႀကီး…ရယ္တာေလး သေဘာက်လိုက္တာဆို
ခုေတာ့ အမ်ိဳးမ်ိဳးပါ့လား… လူလူရာ "
"မသိဘူး …အကိုႀကီးကို စိတ္ဆိုးတယ္ …
ဟြန္ ့…"
ဟြန္ ့ဆိုတဲ့ အသံေလးေႀကာင့္ ဇ ေအာက္နွုတ္ခမ္းကို ဖိကိုက္လိုက္ရသည္။
လူလူတို ့ကေတာ့ … လာပါ လာပါေခၚေနတဲ့ အတိုင္းပဲ ……
အူယားစိတ္တို ့နဲ ့မခ်င့္မရဲ လက္ထဲက
ကိုင္ထားတဲ့ဖုန္းကို တင္းတင္းဆုပ္ကိုင္ထားလိုက္ရသည္။
မေန ့က ဖုန္းနံပါတ္ ေမေမေတာင္းလို ့
ေပးလိုက္ရေပမဲ့ သူ စိုးရိမ္ခဲ့ရေသးသည္။
ေဖေဖနဲ ့ အေျခအတင္စကားမ်ား မလို
ျဖစ္ခဲ့ဘူး သည္မို ့ လူလူကိုမ်ား မေက်နပ္မနပ္တခုခုမ်ားေျပာလိုက္ရင္ဆိုတဲ့ စိတ္နဲ ့
ေမေမ ကိုသူေအာက္က်ခံပီး ေတာင္းပန္ခဲ့၏။
*မင္း သေဘာက်မွေတာ့ ငါလဲက်ေပးရမွာေပါ့* ဆိုတဲ့
ေမေမ့စကားေႀကာင့္
သူ ေမေမကိုဖက္ပီး ဝမ္းသာမ်က္ရည္က်ခဲ့ရသည္။ ဇ ကိုယ့္အေမ အေႀကာင္း
ကိုယ္ သိသည္။ အေႀကာတင္းတဲ့ ေဒၚနန္းခ်ယ္ရီက ေျပာတဲ့ စကားကိုေတာ့ တည္သည္မို ့ ေမေမနဲ ့လူလူေတြ ့ႀကတာကို ဇ ႀကည္ျဖဴခဲ့သည္။
လူလူသာ တည့္ေအာင္ေပါင္းနိုင္မယ္ဆိုရင္ လက္ဖြာတက္တဲ့
ေဒၚနန္းခ်ယ္ရီ လက္ထဲက ပိုက္ဆံေတြက
လူလူဆီကို မေတာင္းပဲေရာက္လာလိမ့္မည္။
"ည က်လာေခၚမယ္ေနာ္ မင္းနဲ ့မေတြ ့တာသံုးရက္ေတာင္ရွိေနပီ "
"သြားပါ ခုမွ လာေျပာမေနနဲ ့… ခုတေလာ ခင္မ်ားႀကီးရုိးေရာရုိးရဲ ့လား …ဖုန္းဆက္လိုက္ရင္ မအားရတာနဲ ့ မကိုင္ရတာနဲ ့
အေႀကာင္းအမ်ိဳးမ်ိဳးျပေနတယ္ "
"ဟားဟား …စိတ္ပူရင္ ပူတယ္ေပါ့… ကေလးေလးရာ … မဟုတ္တာလဲ မလုပ္ရပါဘူးဗ်ာ …မင္းလင္က မင္းတစ္ေယာက္ထဲပဲ ခ်စ္တာ စိတ္ပူမေနနဲ ့"
"ဘယ္သူက ပူတယ္ေျပာလဲ …ခင္မ်ား
မဟုတ္တာလုပ္လဲ… ျငိမ္ခံ ေနရေအာင္
လူကေလးက အခ်ဥ္မဟုတ္ဘူး "
"ေအာ္ …ဒါဆို ကိုယ့္လူလူေလးက အခ်ိဳေလးေပါ့ …ဟုတ္လား"
"အကိုႀကီး! "
"ဟားဟား စတာကိုကြာ"
တဟားဟား အသံျပဲႀကီးနဲ ့ေအာ္ရယ္ေနသည္မို ့ လူကေလး မ်က္နွာေတြနီလာသည္ထိ စိတ္တိုလာ၏။ လူကို အျမဲ မခံခ်င္ေအာင္ စ တက္လြန္းတဲ့ အကိုႀကီးကို
ျပန္ျပန္ရန္လုပ္ရင္း လူကေလးပါ စိတ္ေရာလူေရာ ႀကမ္းတမ္းလာသည္။
"ကဲပါ … စိတ္တိုမေနနဲ ့ ကိုယ္က ခ်စ္လို ့စတာကို …မလာျဖစ္ဘူးဆိုတာ ကိုယ္ခုတေလာ ေဖေဖ့အလုပ္မွာ ဝင္ကူေနလို ့
မအားဘူးျဖစ္ေနတာ ။ မင္းသိတဲ့ အတိုင္းပဲ …အရင္က ဘာမွလက္ေက်ာတင္းေအာင္ မင္းလင္က လုပ္ဘူးတာမဟုတ္ဘူး …ခုမွအစ ကေန သင္ေနရသလို ျဖစ္ေနလို ့
ပင္ပန္းခ်က္ကေတာ့ လက္လန္တယ္ "
တည္တည္ႀကည္ႀကည္ေျပာေနရင္းကေန
တခါတခါ ထည့္ထည့္ေျပာလာတဲ့
မင္းလင္ဆိုတဲ့ စကားႀကီးေႀကာင့္ လူကေလးေနရခက္လွ၏။
"မင္းလင္ လို ့မေျပာ နဲ ့"
"မင္းလင္ မို ့မင္းလင္ေျပာတာေလ ။
ဘာလဲ အေပ်ာ္ႀကံေနတာလား ငါ့ကို "
"ဘာဆိုင္လဲ !! က်ြန္ေတာ္တို ့က ခ်စ္သူေတြပဲရွိေသးတာ အဲ့လိုေျပာေတာ့ က်ြန္ေတာ္ရွက္တာေပါ့ "
"ဘာမွရွက္စရာမပါဘူး ခ်စ္သူေတြခ်င္းဖုန္းေျပာတာ ဘယ္သူႀကားေနလို ့လဲ …
လူလူ …မင္းခုတေလာ ကိုယ့္ကို …တခြန္းမက်န္ျပန္ပက္… ေနတာမ်ားေနပီေနာ္ "
" ဘယ္မွာ ျပန္ပက္ေနလို ့လဲ… ဒါ ေျပာျပတာေလ အကိုႀကီးကိုယ္တိုင္က ရန္ျဖစ္ခ်င္ေနတာမို ့လား "
"လူလူ…… မင္း!!! "
ဇ မ်က္လံုးမွိတ္ပီးေဒါသေတြကို ျပန္မ်ိဳခ်လိုက္သည္။ စေတြ ့တုန္းက လူေႀကာက္တက္တဲ့ ကေလးေလး ဘယ္မွာလဲ ?
"ဒါပဲကြာ… ဖုန္းခ်လိုက္ပီ ဆက္ေျပာလဲ ရန္ဖစ္ရုံပဲရွိမယ္"
ေျပာပီးခ်က္ျခင္းက်သြားတဲ့ဖုန္းကိုႀကည့္ပီး
လူကေလး မ်က္ရည္ဝိုင္းလာသည္။
အကိုႀကီး ခုတေလာ လူကေလးကို စိတ္မရွည္ေတာ့ဘူး။
ေဘးက ဝက္ဝံရုပ္ႀကီးကို ငိုပီး တဖုန္းဖုန္းထုရုိက္ပစ္လိုက္သည္။
အလကားရည္းစား သူ ့စိတ္ႀကီးပဲ။
ေရးကေတာ့ ဖုန္းေျပာေနတဲ့ လူလူကိုႀကည့္ပီးေခါင္းရမ္းလိုက္သည္။ေတာ္ေသးသည္ မိုးေဒဝါႀကီးက အရင္လို ရန္လဲမျဖစ္ေတာ့ပဲ လိမ္လိမ္မာမာ နဲ ့ ေရးကို အလိုလိုက္လို ့။
>>>>>>>>>>>>><<<<<<<<<<<<>
"ေျပာေတာ့ ညက်လာေတြ ့မယ္ဆိုပီး
ဖုန္းလဲ ထပ္မဆက္ဘူး လာလဲမလာဘူး "
ကုတင္ေပၚမွာ ဝက္ဝံရုပ္ႀကီးဖက္ထိုင္ပီး
စားပြဲေပၚတင္ထားတဲ့ ဖုန္းကိုႀကည့္ကာ
တစ္ေယာက္ထဲ ခပ္တိုးတိုးေရရြတ္လိုက္သည္။ ေရးက လဲ ကိုႀကီးေဒဝါနဲ ့
အျပင္သြားသည္မို ့တစ္ေယာက္ထဲ အခန္းထဲမွာ ေယာင္ခ်ာခ်ာႀကီးျဖစ္ေန၏။
ခါတိုင္းဒီလို အႀကာႀကီးစိတ္မေကာက္ဘူး၍ နည္းနည္းေနရခက္ေနသည္။
အႀကီးပဲ သူကအရင္ေခ်ာ့ပါ့လား ခုေတာ့
တိုင္ကပ္နာရီကို လွမ္းႀကည့္မိေတာ့
ည ကိုးနာရီဆိုတဲ့ လက္တံေလးေႀကာင့္
လူကေလး နွာေခါင္းထိပ္ေလးေတြနီလာ၏။ ဝမ္းနည္းလာတဲ့ ခံစားခ်က္ႀကီးက ထိမ္းထားလို ့မရေတာ့။
လူကေလးဘဝမွာ အကိုႀကီးကသာ အေရးႀကီးဆံုးပဲ …ရန္ျဖစ္ရုံေလးနဲ ့ စိတ္ဆိုးလဲ ခနေပါ့… ခ်စ္သူေတြပဲဟာ မေခၚနိုင္မေျပာနိုင္ ျဖစ္ဖို ့လိုေသးလား ။ အလကားဘဲႀကီး။
ေတာင္ !!
မက္ေဆ့ဝင္လာသံေလးေႀကာင့္ ေပါင္ေပၚက အရုပ္ႀကီးကို လႊင့္ပစ္ပီး ဖုန္းကို ခ်က္ျခင္းဆြဲယူႀကည့္လိုက္သည္။
"ေအာက္မွာခုဆင္းခဲ့ "
ဘာအပိုလိုမွ မရွိတဲ့ စာေလးေပမဲ့ ထပ္ခါထပ္ျပန္ဖတ္ႀကည့္ရင္း လူလူ ေစာေစာက က်ေနတဲ့ မ်က္ရည္ေတြကို သုတ္ပစ္လိုက္သည္။ အဝတ္စားေတာင္ မလဲေတာ့ပဲ
ခ်က္ျခင္းေအာက္ကို ဆင္းေျပးလာမိသည္ထိ အကိုႀကီးကို လြမ္းပါသည္။
အႀကီးျဖစ္ပီး စိတ္ပုတ္လြန္းတဲ့ ရည္းစားက အခ်ိန္ႀကာႀကီးမေခ်ာ့ပဲ ပစ္ထားတာ
ဒါ ေကာင္းေသးသလား ။
မဟုတ္လဲ ျပတ္နိုင္မလဲမဟုတ္ပဲ ေစာေစာေခ်ာ့ ေစာေစာျပန္တည့္ေတာ့ လူကေလးဝမ္းနည္းစရာေတာင္မလိုဘူး။
ရည္းစားဆိုကဲ့ အမ်ိဳးက အစကေတာ့
မခ်စ္ရင္ ေသေတာ့မွာလိုလို နဲ ့ ရည္းစားသက္တမ္းေလးႀကာလာေတာ့ အခ်ိဳးကေျပာင္းခ်င္လာပီ။
"လူကေလးကို ဒါမ်ိဳးလာလုပ္လို ့မရဘူး ေနာ္ ဘဲႀကီး …ခင္မ်ားကို သတ္မွာ"
မေက်မခ်မ္း ေရရြတ္လိုက္ေပမဲ့ လူကေတာ့ ျမင္ေနရတဲ့ ကားဆီေျပးေနမိသည္။
ခ်စ္တဲ့ အိမ္စည္။
>>>>>>>>>>>>><<<<<<<<<<<<
"ဘုန်း "
အခန်းထောင့်ကို ပစ်ချလိုက်တဲ့ အထုတ်တွေက အပုံလိုက်ကြီး ။ ဒါတောင် မနိုင်လို့ နှစ်ခေါက် ခွဲသယ်လာခဲ့ရတာ။ အိပ်ယာပေါ်ပစ်လှဲ အိပ်မိတာခြေပစ်လက်ပစ်။
" အမလေး ညောင်းလိုက်တာ"
ပါးစပ်ကလဲ တိုးဖွဖွရေရွတ်ရင်း မျက်လုံးကလေးမှိတ်ထားရင်း… ခန တော့ စိတ်ရောလူရောအနားပေးလိုက်သည်။
ဘာမှမပင်ပန်းခဲ့ပေမဲ့ ဝယ်နိုင်လွန်းသူယောက်ခမက တစ်ဆိုင်ထဲမဟုတ် ။ ဝယ်ချပစ်လိုက်တာ အတွင်းခံဘောင်းဘီတိုက အစ ပါသည်။ အစက ကိုယ့်အတွက်
လို့ မထင်ထားခဲ့တဲ့ အဝတ်တွေက အဆောင်ရှေ့ လိုက်ပို့ ပီး လူပဲ ချပေးခဲ့တာ မဟုတ် ။
ရှိသမျှကားပေါ်က အထုတ်အပိုးတွေအကုန် လမ်းဘေး စုပုံထားခဲ့ခြင်းပင်။
ပြောခဲ့သေးသည် နောက်တခါငါ့ကို အန်တီလို့ မခေါ်နဲ့ တဲ့။
မောင်းထွက်သွားတဲ့ကားနောက်မှီးကို ကြည့်ပီး တွေးမိလိုက်တာက အန်တီလို့ ခေါ်လို့ များစိတ်ဆိုးသွားတာလားလို့ ပင်။
"ချလောက် ! "
တံခါးဖွင့်သံကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ ရေးချိုးခန်းထဲကထွက်လာတဲ့
ရေး ကြောင့် မျက်လုံးတွေကိုပြန်မှိတ်လိုက်ရင်း……
" ရေးချိုးနေတာလား … ငါ မင်းကို အပြင်သွားတယ်မှတ်နေတာ "
"အင်း… ငါနိုးလာတော့ မင်းမရှိဘူး ……အထုတ်တွေကလဲ များလိုက်တာ ဇ နဲ့ Shopping သွားတာလား "
"မဟုတ်ဘူး ယောက်ခမ နဲ့ "
ခေါင်းကိုရေ သုတ်ပီး ရေး …လူကလေး ကုတင်ဘေးက စာကြည့်ခုံမှာ ဝင်လိုက်သည်။ ပီးမှ ……
"ပိုင်လှချည်လား … ခုတလော ယောက်ခမ
နဲ့ အဆင်ပြေနေတယ် …ထင်တယ် "
" အဆင်ပြေလား မပြေလား မသိပါဘူးကွာ … အစောကြီးပဲ လာခေါ်လို့ လိုက်သွားတာ… မနက်စာလဲ ဝယ်ကျွေးလိုက်တယ် ။
Shoppingဆိုပီးခေါ်သွားတာ ဟိုမှာ …မင်းမြင်တဲ့ အတိုင်းပဲ "
ခြေရင်း ကုတင်ဘေးက အပုံလိုက်ကို လက်ညိုးထိုးပြရင်းပြောတော့ ရေးက အားကျသလိုကြည့်သည်။
Ringtone………
" ခဏ ရေး… အကိုကြီးဆီဖုန်းလာနေ
လို့ "
ရေး ကိုခွင့်တောင်းပီး ဖုန်းကိုင်လိုက်တော့
သဘောတကျ ရယ်သံက ဖုန်းထဲမှာ အရင်ကြားလိုက်ရသည်။ ကြည့်စမ်း အန်တီလာသွားတာကို အကိုကြီးသိနေတာလား ။
"ဘာရယ်တာလဲ "
ကိုယ်က အရင်ကြို …ရန်လုပ်လိုက်သည်။
တကယ်ဆို သမီးရည်းစားအချင်းချင်း
ကြိုပြောသင့်သည်မဟုတ်လား။ အကိုကြီးသာပြောပြထားရင် လူကလေး ကမန်းကတန်း သွားနေစရာ မလိုဘူး ။
အခုတော့………
"ဟိုးထား Baby စိတ်လျော့ ထား…"
"စိတ်မလျော့နိုင်ဘူး ။ အကိုကြီး သိနေတယ်မို့ လား… ဒီနေ့ ကမှောက်ကမ နဲ့ ဘယ်လောက် ကြောင်တောင်တောင် နိုင်လဲ သိလား … မရယ်နဲ့ အဲ့အသံကြီး မကြားချင်ဘူး"
သြရှရှရယ်သံက နားထောင်ကောင်းပေမဲ့ ခါတိုင်းလို မသာယာနိုင်။ တမနက်လုံး
တင်းကြပ်နေတဲ့ စိတ်တို့ သည်
ပြောလို့ ဆိုလို့ ရတဲ့ …သူလဲ တွေ့ ရော… ပေါက်ကွဲထွက်လာ၏။ အကိုကြီးကို မကျေနပ်ဘူး။
သမီးရည်းစားအချင်းချင်းနောက်ကျောကို
ဓားနဲ့ ထိုးခံလိုက်ရသည်မို့ လား။
"ဟောဗျာ … မင်းပဲ အရင်က တော့ အကိုကြီး…ရယ်တာလေး သဘောကျလိုက်တာဆို
ခုတော့ အမျိုးမျိုးပါ့လား… လူလူရာ "
"မသိဘူး …အကိုကြီးကို စိတ်ဆိုးတယ် …
ဟွန့် …"
ဟွန့် ဆိုတဲ့ အသံလေးကြောင့် ဇ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ရသည်။
လူလူတို့ ကတော့ … လာပါ လာပါခေါ်နေတဲ့ အတိုင်းပဲ ……
အူယားစိတ်တို့ နဲ့ မချင့်မရဲ လက်ထဲက
ကိုင်ထားတဲ့ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားလိုက်ရသည်။
မနေ့ က ဖုန်းနံပါတ် မေမေတောင်းလို့
ပေးလိုက်ရပေမဲ့ သူ စိုးရိမ်ခဲ့ရသေးသည်။
ဖေဖေနဲ့ အခြေအတင်စကားများ မလို
ဖြစ်ခဲ့ဘူး သည်မို့ လူလူကိုများ မကျေနပ်မနပ်တခုခုများပြောလိုက်ရင်ဆိုတဲ့ စိတ်နဲ့
မေမေ ကိုသူအောက်ကျခံပီး တောင်းပန်ခဲ့၏။
*မင်း သဘောကျမှတော့ ငါလဲကျပေးရမှာပေါ့* ဆိုတဲ့
မေမေ့စကားကြောင့်
သူ မေမေကိုဖက်ပီး ဝမ်းသာမျက်ရည်ကျခဲ့ရသည်။ ဇ ကိုယ့်အမေ အကြောင်း
ကိုယ် သိသည်။ အကြောတင်းတဲ့ ဒေါ်နန်းချယ်ရီက ပြောတဲ့ စကားကိုတော့ တည်သည်မို့ မေမေနဲ့ လူလူတွေ့ ကြတာကို ဇ ကြည်ဖြူခဲ့သည်။
လူလူသာ တည့်အောင်ပေါင်းနိုင်မယ်ဆိုရင် လက်ဖွာတက်တဲ့
ဒေါ်နန်းချယ်ရီ လက်ထဲက ပိုက်ဆံတွေက
လူလူဆီကို မတောင်းပဲရောက်လာလိမ့်မည်။
"ည ကျလာခေါ်မယ်နော် မင်းနဲ့ မတွေ့ တာသုံးရက်တောင်ရှိနေပီ "
"သွားပါ ခုမှ လာပြောမနေနဲ့ … ခုတလော ခင်များကြီးရိုးရောရိုးရဲ့ လား …ဖုန်းဆက်လိုက်ရင် မအားရတာနဲ့ မကိုင်ရတာနဲ့
အကြောင်းအမျိုးမျိုးပြနေတယ် "
"ဟားဟား …စိတ်ပူရင် ပူတယ်ပေါ့… ကလေးလေးရာ … မဟုတ်တာလဲ မလုပ်ရပါဘူးဗျာ …မင်းလင်က မင်းတစ်ယောက်ထဲပဲ ချစ်တာ စိတ်ပူမနေနဲ့ "
"ဘယ်သူက ပူတယ်ပြောလဲ …ခင်များ
မဟုတ်တာလုပ်လဲ… ငြိမ်ခံ နေရအောင်
လူကလေးက အချဉ်မဟုတ်ဘူး "
"အော် …ဒါဆို ကိုယ့်လူလူလေးက အချိုလေးပေါ့ …ဟုတ်လား"
"အကိုကြီး! "
"ဟားဟား စတာကိုကွာ"
တဟားဟား အသံပြဲကြီးနဲ့ အော်ရယ်နေသည်မို့ လူကလေး မျက်နှာတွေနီလာသည်ထိ စိတ်တိုလာ၏။ လူကို အမြဲ မခံချင်အောင် စ တက်လွန်းတဲ့ အကိုကြီးကို
ပြန်ပြန်ရန်လုပ်ရင်း လူကလေးပါ စိတ်ရောလူရော ကြမ်းတမ်းလာသည်။
"ကဲပါ … စိတ်တိုမနေနဲ့ ကိုယ်က ချစ်လို့ စတာကို …မလာဖြစ်ဘူးဆိုတာ ကိုယ်ခုတလော ဖေဖေ့အလုပ်မှာ ဝင်ကူနေလို့
မအားဘူးဖြစ်နေတာ ။ မင်းသိတဲ့ အတိုင်းပဲ …အရင်က ဘာမှလက်ကျောတင်းအောင် မင်းလင်က လုပ်ဘူးတာမဟုတ်ဘူး …ခုမှအစ ကနေ သင်နေရသလို ဖြစ်နေလို့
ပင်ပန်းချက်ကတော့ လက်လန်တယ် "
တည်တည်ကြည်ကြည်ပြောနေရင်းကနေ
တခါတခါ ထည့်ထည့်ပြောလာတဲ့
မင်းလင်ဆိုတဲ့ စကားကြီးကြောင့် လူကလေးနေရခက်လှ၏။
"မင်းလင် လို့ မပြော နဲ့ "
"မင်းလင် မို့ မင်းလင်ပြောတာလေ ။
ဘာလဲ အပျော်ကြံနေတာလား ငါ့ကို "
"ဘာဆိုင်လဲ !! ကျွန်တော်တို့ က ချစ်သူတွေပဲရှိသေးတာ အဲ့လိုပြောတော့ ကျွန်တော်ရှက်တာပေါ့ "
"ဘာမှရှက်စရာမပါဘူး ချစ်သူတွေချင်းဖုန်းပြောတာ ဘယ်သူကြားနေလို့ လဲ …
လူလူ …မင်းခုတလော ကိုယ့်ကို …တခွန်းမကျန်ပြန်ပက်… နေတာများနေပီနော် "
" ဘယ်မှာ ပြန်ပက်နေလို့ လဲ… ဒါ ပြောပြတာလေ အကိုကြီးကိုယ်တိုင်က ရန်ဖြစ်ချင်နေတာမို့ လား "
"လူလူ…… မင်း!!! "
ဇ မျက်လုံးမှိတ်ပီးဒေါသတွေကို ပြန်မျိုချလိုက်သည်။ စတွေ့ တုန်းက လူကြောက်တက်တဲ့ ကလေးလေး ဘယ်မှာလဲ ?
"ဒါပဲကွာ… ဖုန်းချလိုက်ပီ ဆက်ပြောလဲ ရန်ဖစ်ရုံပဲရှိမယ်"
ပြောပီးချက်ခြင်းကျသွားတဲ့ဖုန်းကိုကြည့်ပီး
လူကလေး မျက်ရည်ဝိုင်းလာသည်။
အကိုကြီး ခုတလော လူကလေးကို စိတ်မရှည်တော့ဘူး။
ဘေးက ဝက်ဝံရုပ်ကြီးကို ငိုပီး တဖုန်းဖုန်းထုရိုက်ပစ်လိုက်သည်။
အလကားရည်းစား သူ့ စိတ်ကြီးပဲ။
ရေးကတော့ ဖုန်းပြောနေတဲ့ လူလူကိုကြည့်ပီးခေါင်းရမ်းလိုက်သည်။တော်သေးသည် မိုးဒေဝါကြီးက အရင်လို ရန်လဲမဖြစ်တော့ပဲ လိမ်လိမ်မာမာ နဲ့ ရေးကို အလိုလိုက်လို့ ။
>>>>>>>>>>>>><<<<<<<<<<<<>
"ပြောတော့ ညကျလာတွေ့ မယ်ဆိုပီး
ဖုန်းလဲ ထပ်မဆက်ဘူး လာလဲမလာဘူး "
ကုတင်ပေါ်မှာ ဝက်ဝံရုပ်ကြီးဖက်ထိုင်ပီး
စားပွဲပေါ်တင်ထားတဲ့ ဖုန်းကိုကြည့်ကာ
တစ်ယောက်ထဲ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ရေးက လဲ ကိုကြီးဒေဝါနဲ့
အပြင်သွားသည်မို့ တစ်ယောက်ထဲ အခန်းထဲမှာ ယောင်ချာချာကြီးဖြစ်နေ၏။
ခါတိုင်းဒီလို အကြာကြီးစိတ်မကောက်ဘူး၍ နည်းနည်းနေရခက်နေသည်။
အကြီးပဲ သူကအရင်ချော့ပါ့လား ခုတော့
တိုင်ကပ်နာရီကို လှမ်းကြည့်မိတော့
ည ကိုးနာရီဆိုတဲ့ လက်တံလေးကြောင့်
လူကလေး နှာခေါင်းထိပ်လေးတွေနီလာ၏။ ဝမ်းနည်းလာတဲ့ ခံစားချက်ကြီးက ထိမ်းထားလို့ မရတော့။
လူကလေးဘဝမှာ အကိုကြီးကသာ အရေးကြီးဆုံးပဲ …ရန်ဖြစ်ရုံလေးနဲ့ စိတ်ဆိုးလဲ ခနပေါ့… ချစ်သူတွေပဲဟာ မခေါ်နိုင်မပြောနိုင် ဖြစ်ဖို့ လိုသေးလား ။ အလကားဘဲကြီး။
တောင် !!
မက်ဆေ့ဝင်လာသံလေးကြောင့် ပေါင်ပေါ်က အရုပ်ကြီးကို လွှင့်ပစ်ပီး ဖုန်းကို ချက်ခြင်းဆွဲယူကြည့်လိုက်သည်။
"အောက်မှာခုဆင်းခဲ့ "
ဘာအပိုလိုမှ မရှိတဲ့ စာလေးပေမဲ့ ထပ်ခါထပ်ပြန်ဖတ်ကြည့်ရင်း လူလူ စောစောက ကျနေတဲ့ မျက်ရည်တွေကို သုတ်ပစ်လိုက်သည်။ အဝတ်စားတောင် မလဲတော့ပဲ
ချက်ခြင်းအောက်ကို ဆင်းပြေးလာမိသည်ထိ အကိုကြီးကို လွမ်းပါသည်။
အကြီးဖြစ်ပီး စိတ်ပုတ်လွန်းတဲ့ ရည်းစားက အချိန်ကြာကြီးမချော့ပဲ ပစ်ထားတာ
ဒါ ကောင်းသေးသလား ။
မဟုတ်လဲ ပြတ်နိုင်မလဲမဟုတ်ပဲ စောစောချော့ စောစောပြန်တည့်တော့ လူကလေးဝမ်းနည်းစရာတောင်မလိုဘူး။
ရည်းစားဆိုကဲ့ အမျိုးက အစကတော့
မချစ်ရင် သေတော့မှာလိုလို နဲ့ ရည်းစားသက်တမ်းလေးကြာလာတော့ အချိုးကပြောင်းချင်လာပီ။
"လူကလေးကို ဒါမျိုးလာလုပ်လို့ မရဘူး နော် ဘဲကြီး …ခင်များကို သတ်မှာ"
မကျေမချမ်း ရေရွတ်လိုက်ပေမဲ့ လူကတော့ မြင်နေရတဲ့ ကားဆီပြေးနေမိသည်။
ချစ်တဲ့ အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz