27
အိပ္လို ့ေကာင္းေနတဲ့ အခ်ိန္ႀကီးမွ နားထဲ ဆူညံစြာတိုးဝင္လာတဲ့ ဖုန္းသံေႀကာင့္ လူကေလး မ်က္နွာေပၚေခါင္းအုန္းတင္ပီးဆက္အိပ္လိုက္သည္။ မရပ္မနားဆက္တိုက္ေခၚေနတဲ့ ဖုန္းေႀကာင့္ မ်က္လံုးမဖြင့္ပဲ ကုတင္ေဘးက စာႀကည့္စားပြဲေပၚတင္ထားတဲ့ ဖုန္းကို လက္နဲ ့လိုက္စမ္းလိုက္၏။
ဒီေန ့ေက်ာင္းပိတ္ရက္ေလးမို ့ ေနျမင့္ေအာင္ အိပ္ခ်င္ပါတယ္ဆိုမွ အကိုႀကီး ကတကယ္ေနွာက္ယွက္ တယ္။
စမ္းလို ့ေတြ ့သြားပီးျဖစ္တဲ့ ဖုန္းကို ေကာက္ကိုင္ ပီး မ်က္လံုးမဖြင့္ႀကည့္ပဲ......
" အာ ... အကိုႀကီးကလဲ က်ြန္ေတာ္ ညတုန္းကေျပာတယ္ေလ ... ေက်ာင္းပိတ္တုန္း
အိပ္ေရးဝ ေအာင္ အိပ္မယ္လို ့ ...
တရက္တေလ အိပ္ရတာကို အကိုႀကီးတယ္ မေကာင္းဘူးဗ်ာ "
တဖက္က မထူးခင္ အရင္ဦးေအာင္ ႀကိဳပီးမရက္မနားေျပာလိုက္သည္။ သူ တကယ္အိပ္ခ်င္ေနတာ။ ခါတိုင္းရက္ေတြ ဆိုရင္ ညလဲ အလုပ္လုပ္ရ... ေန ့လဲေက်ာင္းတက္ရမို ့နည္းနည္းမွမနားရ ။
" နင့္ ရည္းစား မဟုတ္ဘူး ...နင့္ေယာက္ခမ"
"ဗ်ာ!! "
ဖုန္းထဲကထြက္လာတဲ့ အမ်ိဳးသမီးအသံေႀကာင့္
အလန္ ့တႀကား ေအာ္လိုက္ပီး ငုတ္တုတ္
ထ ထိုင္လိုက္မိတာ ခ်က္ျခင္းပင္။
ျပာျပာသလဲ ဖုန္းနံပါတ္ကိုေကာက္ႀကည့္မိေတာ့ ဖုန္းနံပါတ္က အစိမ္းႀကီး။
သြားပီ သူေတာ့...
ခါတိုင္းလဲ လူကေလးဖုန္းအဝင္ေကာ က
အကိုႀကီးတစ္ေယာက္သာ ရွိသည္မို ့
ဖုန္းနံပါတ္ကိုမႀကည့္ပဲ ထူးမိလိုက္တာသာျဖစ္၏။
" ဟို ...ဟို ..."
"ဘာေတြ တဟိုဟို ျဖစ္ေနတာလဲ ။
ဒီေန ့ေက်ာင္းပိတ္ရက္မို ့လား... ခနေန ငါလာေခၚမယ္... ငါနဲ ့dateရေအာင္ အဆင္သင့္လုပ္ထားလိုက္ "
"ဗ်ာ! "
ဒုတိယ အႀကိမ္ေျမာက္ အလန္ ့တႀကား
ေအာ္ပီးေနာက္မွာ ဖုန္းေလးက ခ် သြားပီျဖစ္သည္။ မယံုႀကည္နိုင္သလို အမဲေရာင္
ဖုန္းမွန္ျပင္ကိုႀကည့္ပီး စုတ္ဖြာေနတဲ့ ေခါင္းကို တဗ်င္းဗ်င္းျမည္ေအာင္ကုတ္လိုက္သည္။ ေလာကႀကီးက ဘာေတြမ်ားျဖစ္ေနတာလဲ။
>>>>>>>>>>>>>><<<<<<<<
ေဒၚနန္းခ်ယ္ရီ မ်က္နွာျခင္းဆိုင္ခံုမွာထိုင္ေနတဲ့ ေကာင္ငယ္ေလးကိုႀကည့္ပီး သက္ျပင္းခ်လိုက္သည္။ ငယ္ရုပ္ကေလးမို ့ အသက္လဲျပည့္မဲ့ပံုမေပၚေသး။
ဝတ္ထားတာကလဲေတာက္ေတာက္ေျပာင္ေျပာင္ မဟုတ္ပဲ။ ပိေတာက္ေျခာက္ေရာင္ ေကာ္လာပါ ရွပ္လက္တို ေလးကို ပုဆိုးေလးနဲ ့တြဲဝတ္ထားတဲ့ ကေလးသာသာရုပ္ကေလး။ ႀကည့္ေပ်ာ္ရွဳ ့ေပ်ာ္ ရုပ္ကေလးေပမဲ့ အႀကည္ဓာတ္ေလးရွိပံုေပၚကာ ျမင္လိုက္တာနဲ ့ေအးခ်မ္းသြားတာက သိသိသာသာ။
လူကေလးကို စိုက္ႀကည့္ေနတဲ့ အကိုႀကီးအေမေႀကာင့္ ေနရခက္စြာ ပုခံုးကိုက်ံဳ ့မိလိုက္သည္။ ေနရခက္လိုက္တာ ဘယ္လို အေျခေနႀကီးပါလိမ့္။
" ဘာစားမွာလဲ မွာလိုက္... ဒီဆိုင္က ရွမ္းေခါက္ဆြဲ ေကာင္းတယ္ ။ "
အျမဲတပ္ထားေနက် ျဖစ္တဲ့ မ်က္မွန္ကို စားပြဲတင္ကာ ဟန္ပါပါ ေျပာေနတဲ့ အန္တီေႀကာင့္ လူကေလးျပာျပာသလဲ လက္ကာျပကာ ......
"ဟုတ္ ...က်ြန္ေတာ္မစားေတာ့ပါဘူးဗ် "
" မစားလို ့မရဘူး ...မင္းအိပ္ယာ ခုမွႏုိးပီး ဘာမွမစားရေသးတာ ငါသိ တယ္ ။ စားလိုက္ ...ရွမ္းစားမွာမို ့လား ...ငါေရာစားမယ္နွစ္ပြဲမွာလိုက္ ..."
သူ ့ဘာသာေျပာ သူ ့ဘာသာဆံုးျဖတ္ေနတာေႀကာင့္ လူကေလးမ်က္နွာေလးငယ္လာ၏။ အကိုႀကီးအေမလို ့မေျပာရဘူး
တပံုစံထဲ ဇြတ္တရြတ္ေတြႀကီးပဲ......
သေဘာက် ရွမ္းနွစ္ပြဲသာမွာေပးလိုက္ရသည္။ အကိုႀကီးနဲ ့တူရင္ ေဒါသလဲႀကီးနိုင္သည္မို ့ စိတ္တိုင္းက် ေအာင္ ေနျပရမွာ လူကေလး တာဝန္သာျဖစ္သည္။
ဟူး ...မလြယ္လိုက္တာ ။
" မင္းငါ့သားကို တကယ္ခ်စ္တာလား "
"ဗ်ာ "
"က်စ္!! တမနက္လံုး တဗ်ာဗ်ာနဲ ့ဘာျဖစ္ေနတာလဲ ...ေႀကာက္ေနတာလား ။
ဒါဆို မင္းေခါင္းထဲ က အေႀကာက္တရားေတြ ဆြဲထုတ္လိုက္ ။ ငါက အေမေတာ့
အေမပဲ ဒါေပမဲ့ ဇာတ္ကားေတြထဲကလို
ကိုယ့္သားသမီးကို မနိုင္ပဲ သူမ်ားသားသမီး
သြားဆူေျပာေနမဲ့ အေမ မဟုတ္ဘူး။
အစကေတာ့ ငါ့သားရည္းစားက
ေကာင္ေလး ဆိုေတာ့ ...အေမ တစ္ေယာက္အေနနဲ ့မင္းစဥ္းစားႀကည့္ ...လက္မခံနိုင္ဘူးေလ ... ငါေဒါသထြက္တာေပါ့ ။ ေနာက္ မင္းကို ေတြ ့ေတာ့ ငါေသခ်ာစဥ္းစားလိုက္တာ ငါ့စိတ္နဲ ့ဆိုရင္ ေခ်ြးမနဲ ့တည့္ဖို ့မလြယ္ဘူး ...သတ္ပြဲေတြႀကီးျဖစ္မွာ ...
ေကာင္းပါတယ္ မင္းကေအးေတာ့ ငါနဲ ့အဆင္ေျပနိုင္မွာပါ ...ဟုတ္တယ္မို ့လား "
လူကေလး ေယာင္နန ေခါင္းျငိမ့္ျပလိုက္သည္။ ဘာေတြလဲ ...
အကိုႀကီးအေမကလဲ အကိုႀကီးနဲ ့တူတူပဲ
လူကေလး နားမလည္တဲ့ ဘာ စကားေတြ
ေျပာေနမွန္းမသိ။
" စားစား ... ေရာ့... ငါးဖယ္ေလးေရာ ထည့္စား"
ေရွ ့တိုးေပးလာတဲ့ ငါးဖယ္လံုးေလးေတြ ကို တူနဲ ့ေကာက္စားပီး ရွမ္းေခါက္ဆြဲ ပန္းကန္ကို ပယ္ပယ္နယ္နယ္ေမႊေနတဲ့ အန္တီႀကီးကို ႀကည့္ေနမိသည္။
အဝါေရာင္ပါတိတ္ဝမ္းဆက္ကို ဝတ္ထားေပမဲ့
အေဒၚႀကီးတဇိုင္း မဟုတ္ပဲ ေမာ္ဒယ္တစ္ေယာက္လို အခ်ိဳးစားက်တဲ့ ခႏၶာကိုယ္
နဲ ့အသက္ေလးဆယ္ေက်ာ္ငါးဆယ္နီးပါးဆိုတာဘယ္သူယံုမွာလဲ။
စိတ္တိုင္းက် ေခါက္ဆြဲပန္းကန္ကိုေမႊေနွာက္စားေနစဥ္ မ်က္စိေရွ ့က အခ်ဥ္ပန္းကန္ေလးတိုးေပးလာျပန္၏။
ေခါင္းေလးငံု ့ကာ ေက်ြးသမ်ွ စားလိုက္ေပမဲ့ လဲ ေနာက္ထပ္ ပန္းကန္ထဲကို ထပ္ေရာက္လာျပန္တဲ့ ငါးဖယ္လံုးေလးေတြ ။
မ်က္လံုးျပဴ းပီးေမာ့ႀကည့္မိေတာ့ ေမးေငါ့ကာ ထပ္စားခိုင္းေနျပန္၏။
လူကေလးငိုခ်င္လာ၏။ သူတကယ္မစားနိုင္ေတာ့ဘူး။
" က်ြန္ေတာ္ေပးလိုက္ပါ့မယ္ဗ် "
ပိုက္ဆံအိတ္ကိုေကာက္ဖြင့္ေနတာျမင္ေတာ့
လူကေလး ေျပာလိုက္သည္။
ဝန္ထမ္းေကာင္ေလးက ေဘးမွာရပ္လို ့
စားသမ်ွကို အရင္ တြက္ခ်က္ေနသည္မို ့ လူကေလး ပါလာတဲ့ ပိုက္ဆံေလးကိုထုတ္ပီးေပးလိုက္၏။
"မလိုဘူး အန္တီဆီက ယူ ...ျပန္မအမ္းေတာ့နဲ ့"
ေပးလိုက္တဲ့ တစ္ေသာင္းတန္ေလးကို လိုက္ႀကည့္ပီး ကိုင္ထားတဲ့ တစ္ေထာင္တန္ေလး ေလးငါးရြက္ကို အိတ္ထဲျပန္ထည့္လိုက္ရသည္။
"သြားမယ္ "
" ဟို ကိုယ့္ဘာသာ ျပန္ပါ့မယ္ဗ် "
" ဘယ္သူက ျပန္ပို ့ေပးမယ္ေျပာလို ့လဲ
လာ ...ငါနဲ ့Shopping သြားရေအာင္ "
"ဗ်ာ!! "
>>>>>>>>>>>><<<<<<<<<<<<
" ဟို ဒုတိယတန္းက ခ္ိ်တ္ထားတဲ့ အျပာေရာင္ေလး ေပး "
လက္ညိဳးထိုးျပတဲ့ ကာတြန္းရုပ္ေလးပါတဲ့တီရွပ္အျပာေရာင္ေလးကို ဝန္ထမ္းေကာင္မေလးကသြား ျဖဳတ္ေပးပီး အန္တီကို ေပးလိုက္၏။
လွမ္းယူပီး လူကေလးကိုယ္မွာ ကပ္ႀကည့္ကာ ေခါင္းတဆတ္ဆတ္ညိမ့္ပီး
ျပန္လွမ္းေပးပီး
"ဒါေလး ယူမယ္… တျခားသူ ့အရြယ္ဝတ္ေလးေတြ ျပအုန္း … ေဘာင္ဘီေရာ ႀကည့္အုန္း မယ္ "
တကယ္ဝယ္မဲ့ ပံုျမင္ေတာ့ အေရာင္စာေရးမေလးေတြသံုးေလးေယာက္ အလုအရက္ အထည္ေတြျပေပးႀကသည္။ ျပေပးသမ်ွ သေဘာ က်ရင္ ေဘးပံုထားလိုက္… ေရြးလိုက္… လာကပ္ႀကည့္လိုက္နဲ ့…မသိရင္ လမ္းေဘး ေဘထုပ္ေရြးေနသလို အားက်ိဳးမာန္တက္ျဖစ္ေန၏။
ဟိုႀကည့္ သည္ႀကည့္နဲ ့ပ်င္းလာတာေႀကာင့္… ေဘးနားက …အရုပ္မွာ ဝတ္ေပးထားတဲ့ …အက်ီ ၤက တြဲေလာင္းက်ေနတဲ့ တန္ဖိုးကပ္ထားေသာ ကဒ္ေလးကိုဆြဲယူႀကည့္လိုက္ေတာ့ ……
ဘုရားေရ ေလးေသာင္းေတာင္ ……
"အဲ့ဒါေလးႀကိဳက္လို ့လား "
ေနာက္ေက်ာကထြက္လာတဲ့ အသံေႀကာင့္ ကိုင္ထားတဲ့ ကဒ္ကေလးကိုျပန္လႊတ္ခ်ပီး မခ်ိျပံဳးေလးျပံဳျပလိုက္သည္။
ႀကိဳက္စရာလားဒီေလာက္တန္ဖိုးႀကီးတာ ။
" မ …မႀကိဳက္ပါဘူးဗ် "
လူကေလးကို မႀကည့္ပဲ ေဘာင္ဘီေတြ ေရြးေနရင္းမွ ……
"သူ ကိုင္ေနတဲ့ လက္ရွည္ေလးေရာထည့္လိုက္ …"
"ဗ်ာ! ဟို က်ြန္ေတာ္္မႀကိဳက္…"
"ဒါနဲ ့မင္းခါးဆိုဒ္ ဘယ္ေလာက္လဲ "
လူကေလးစကားဆံုးေအာင္ေတာင္မဆံုးေသးဘူးျဖတ္ေမးလာတာေႀကာင့္ နားထင္ကို လက္ညိဳးေလးနဲ ့ကုတ္လိုက္ပီးမွ
" ၂၈ပါ "
ေခါင္းတဆတ္ဆတ္ ျငိမ့္ေနျပန္ပီးမွ
" ၂၈ထဲက ဒီေရြးထားတဲ့ ေလးထည္ထည့္လိုက္ ဟိုဘက္က ေဘာင္းဘီတို အနက္ကေလးနဲ ့ အညိဳေရာင္ေလးပါ ထည့္လိုက္ ……အင္း ဘာက်န္ေသးလဲ "
ခန စဥ္းစားဟန္ျပဳပီးမွ ……
"ေအာ္… ဦးထုပ္ နဲ ့ဖိနပ္ က်န္ေသးတာပဲ
ဦးထုပ္က ဟို …အဝါေရာင္အဝိုင္းေလး ရယ္ …အျဖဴေရာင္ ရယ္ ဟိုခရမ္းေရာင္ေလးရယ္ ထည့္ေပး "
ေကာင္တာေပၚတင္ထားတဲ့ အထုတ္ေတြက ေတာင္လို ပံုေနသည္မို ့အျပန္ဘယ္လို သယ္ရမလဲ လူကေလးစိတ္ညစ္ေနသည္။
အန္တီတကယ္ဝယ္နိုင္တာပဲ ။ အကိုႀကီးနဲ ့သားမိနွစ္ေယာက္သာ လာရင္ ဒီေစ်းဝယ္စင္တာႀကီးတစ္ခုလံုးမ်ားဝယ္မလားပဲ ။
"တြက္လိုက္ေတာ့ ဘယ္ေလာက္က်လဲ "
အေရာင္းစားေရးမေလးကို ေျပာလိုက္တာေႀကာင့္ လူကေလး တမင္ႀကည့္ေနတာမဟုတ္ေပမဲ့ ဒီေလာက္အမ်ားႀကီးဘယ္ေလာက္က်မလဲ စိတ္ဝင္စားသိမို ့ေဘးမွာရပ္ႀကည့္ေနလိုက္သည္။
ခနႀကာပီးတဲ့ေနာက္မွာစာေရးမေလးက ရုိရုိေသေသ စာရြက္ေလးကမ္းေပးလိုက္ပီးမွ……
" အားလံုးေပါင္း ဆယ့္ရွစ္သိန္းသံုးေသာင္းနွစ္ေထာင္က်ပါတယ္ရွင့္ "
"ok ကဒ္နဲ ့ေပးလို ့ရလား "
"ဟုတ္ကဲ့ "
လွမ္းေပးလိုက္တဲ့ အနက္ေရာင္ကဒ္ေလးကို ႀကည့္ပီး လူကေလး တံေတြးျမိဳခ်လိုက္ရသည္။ အဝတ္စားဝယ္တာ ဒီေလာက္ေတာင္ဝယ္လိုက္တယ္။ အဲ့ပိုက္ဆံေတြနဲ ့ဆို လူကေလး ေက်ာင္းတစ္နွစ္ေလာက္တက္လို ့ရတယ္ေလ။
အကိုႀကီးတို ့သားအမိက တကယ္မလြယ္တာပဲ အသံုးအျဖဳန္းႀကီးလိုက္တာလဲလြန္ေရာပဲ။
"ဒါေတြ ကားပါကင္ ပို ့ေပးလို ့ရမလား"
"ဟုတ္ကဲ့ ရပါတယ္ရွင့္ "
"သြားမယ္ "
ေရွ ့ကေန ေဒါက္ဖိနပ္သံ တဂြက္ဂြက္ နဲ ့
ပိုက္ဆံအိတ္လက္က ခ်ိတ္ပီး မ်က္နွာကိုေမာ့ပီးထြက္သြားတာေႀကာင့္ အန္တီေနာက္ကို အေျပးလိုက္ ခဲ့ရသည္။ စိတ္ျမန္လက္ျမန္နဲ ့တကယ္မလြယ္ဘူး။
ခ်စ္တဲ့ အိမ္စည္။
( မင္းသားကို ဇ ပီးမွ upရမလား ဒါမွမဟုတ္ တရက္ျခားတပိုင္းစီအလွည့္က်တင္ရမလား ေနတိုင္းဆို ကိုယ္ မလုပ္နိုင္ေလာက္ဘူးထင္တယ္)
>>>>>>>>>><<<<<<<<
အိပ်လို့ ကောင်းနေတဲ့ အချိန်ကြီးမှ နားထဲ ဆူညံစွာတိုးဝင်လာတဲ့ ဖုန်းသံကြောင့် လူကလေး မျက်နှာပေါ်ခေါင်းအုန်းတင်ပီးဆက်အိပ်လိုက်သည်။ မရပ်မနားဆက်တိုက်ခေါ်နေတဲ့ ဖုန်းကြောင့် မျက်လုံးမဖွင့်ပဲ ကုတင်ဘေးက စာကြည့်စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို လက်နဲ့ လိုက်စမ်းလိုက်၏။
ဒီနေ့ ကျောင်းပိတ်ရက်လေးမို့ နေမြင့်အောင် အိပ်ချင်ပါတယ်ဆိုမှ အကိုကြီး ကတကယ်နှောက်ယှက် တယ်။
စမ်းလို့ တွေ့ သွားပီးဖြစ်တဲ့ ဖုန်းကို ကောက်ကိုင် ပီး မျက်လုံးမဖွင့်ကြည့်ပဲ......
" အာ ... အကိုကြီးကလဲ ကျွန်တော် ညတုန်းကပြောတယ်လေ ... ကျောင်းပိတ်တုန်း
အိပ်ရေးဝ အောင် အိပ်မယ်လို့ ...
တရက်တလေ အိပ်ရတာကို အကိုကြီးတယ် မကောင်းဘူးဗျာ "
တဖက်က မထူးခင် အရင်ဦးအောင် ကြိုပီးမရက်မနားပြောလိုက်သည်။ သူ တကယ်အိပ်ချင်နေတာ။ ခါတိုင်းရက်တွေ ဆိုရင် ညလဲ အလုပ်လုပ်ရ... နေ့ လဲကျောင်းတက်ရမို့ နည်းနည်းမှမနားရ ။
" နင့် ရည်းစား မဟုတ်ဘူး ...နင့်ယောက်ခမ"
"ဗျာ!! "
ဖုန်းထဲကထွက်လာတဲ့ အမျိုးသမီးအသံကြောင့်
အလန့် တကြား အော်လိုက်ပီး ငုတ်တုတ်
ထ ထိုင်လိုက်မိတာ ချက်ခြင်းပင်။
ပြာပြာသလဲ ဖုန်းနံပါတ်ကိုကောက်ကြည့်မိတော့ ဖုန်းနံပါတ်က အစိမ်းကြီး။
သွားပီ သူတော့...
ခါတိုင်းလဲ လူကလေးဖုန်းအဝင်ကော က
အကိုကြီးတစ်ယောက်သာ ရှိသည်မို့
ဖုန်းနံပါတ်ကိုမကြည့်ပဲ ထူးမိလိုက်တာသာဖြစ်၏။
" ဟို ...ဟို ..."
"ဘာတွေ တဟိုဟို ဖြစ်နေတာလဲ ။
ဒီနေ့ ကျောင်းပိတ်ရက်မို့ လား... ခနနေ ငါလာခေါ်မယ်... ငါနဲ့ dateရအောင် အဆင်သင့်လုပ်ထားလိုက် "
"ဗျာ! "
ဒုတိယ အကြိမ်မြောက် အလန့် တကြား
အော်ပီးနောက်မှာ ဖုန်းလေးက ချ သွားပီဖြစ်သည်။ မယုံကြည်နိုင်သလို အမဲရောင်
ဖုန်းမှန်ပြင်ကိုကြည့်ပီး စုတ်ဖွာနေတဲ့ ခေါင်းကို တဗျင်းဗျင်းမြည်အောင်ကုတ်လိုက်သည်။ လောကကြီးက ဘာတွေများဖြစ်နေတာလဲ။
>>>>>>>>>>>>>><<<<<<<<
ဒေါ်နန်းချယ်ရီ မျက်နှာခြင်းဆိုင်ခုံမှာထိုင်နေတဲ့ ကောင်ငယ်လေးကိုကြည့်ပီး သက်ပြင်းချလိုက်သည်။ ငယ်ရုပ်ကလေးမို့ အသက်လဲပြည့်မဲ့ပုံမပေါ်သေး။
ဝတ်ထားတာကလဲတောက်တောက်ပြောင်ပြောင် မဟုတ်ပဲ။ ပိတောက်ခြောက်ရောင် ကော်လာပါ ရှပ်လက်တို လေးကို ပုဆိုးလေးနဲ့ တွဲဝတ်ထားတဲ့ ကလေးသာသာရုပ်ကလေး။ ကြည့်ပျော်ရှု့ ပျော် ရုပ်ကလေးပေမဲ့ အကြည်ဓာတ်လေးရှိပုံပေါ်ကာ မြင်လိုက်တာနဲ့ အေးချမ်းသွားတာက သိသိသာသာ။
လူကလေးကို စိုက်ကြည့်နေတဲ့ အကိုကြီးအမေကြောင့် နေရခက်စွာ ပုခုံးကိုကျုံ့ မိလိုက်သည်။ နေရခက်လိုက်တာ ဘယ်လို အခြေနေကြီးပါလိမ့်။
" ဘာစားမှာလဲ မှာလိုက်... ဒီဆိုင်က ရှမ်းခေါက်ဆွဲ ကောင်းတယ် ။ "
အမြဲတပ်ထားနေကျ ဖြစ်တဲ့ မျက်မှန်ကို စားပွဲတင်ကာ ဟန်ပါပါ ပြောနေတဲ့ အန်တီကြောင့် လူကလေးပြာပြာသလဲ လက်ကာပြကာ ......
"ဟုတ် ...ကျွန်တော်မစားတော့ပါဘူးဗျ "
" မစားလို့ မရဘူး ...မင်းအိပ်ယာ ခုမှနိုးပီး ဘာမှမစားရသေးတာ ငါသိ တယ် ။ စားလိုက် ...ရှမ်းစားမှာမို့ လား ...ငါရောစားမယ်နှစ်ပွဲမှာလိုက် ..."
သူ့ ဘာသာပြော သူ့ ဘာသာဆုံးဖြတ်နေတာကြောင့် လူကလေးမျက်နှာလေးငယ်လာ၏။ အကိုကြီးအမေလို့ မပြောရဘူး
တပုံစံထဲ ဇွတ်တရွတ်တွေကြီးပဲ......
သဘောကျ ရှမ်းနှစ်ပွဲသာမှာပေးလိုက်ရသည်။ အကိုကြီးနဲ့ တူရင် ဒေါသလဲကြီးနိုင်သည်မို့ စိတ်တိုင်းကျ အောင် နေပြရမှာ လူကလေး တာဝန်သာဖြစ်သည်။
ဟူး ...မလွယ်လိုက်တာ ။
" မင်းငါ့သားကို တကယ်ချစ်တာလား "
"ဗျာ "
"ကျစ်!! တမနက်လုံး တဗျာဗျာနဲ့ ဘာဖြစ်နေတာလဲ ...ကြောက်နေတာလား ။
ဒါဆို မင်းခေါင်းထဲ က အကြောက်တရားတွေ ဆွဲထုတ်လိုက် ။ ငါက အမေတော့
အမေပဲ ဒါပေမဲ့ ဇာတ်ကားတွေထဲကလို
ကိုယ့်သားသမီးကို မနိုင်ပဲ သူများသားသမီး
သွားဆူပြောနေမဲ့ အမေ မဟုတ်ဘူး။
အစကတော့ ငါ့သားရည်းစားက
ကောင်လေး ဆိုတော့ ...အမေ တစ်ယောက်အနေနဲ့ မင်းစဉ်းစားကြည့် ...လက်မခံနိုင်ဘူးလေ ... ငါဒေါသထွက်တာပေါ့ ။ နောက် မင်းကို တွေ့ တော့ ငါသေချာစဉ်းစားလိုက်တာ ငါ့စိတ်နဲ့ ဆိုရင် ချွေးမနဲ့ တည့်ဖို့ မလွယ်ဘူး ...သတ်ပွဲတွေကြီးဖြစ်မှာ ...
ကောင်းပါတယ် မင်းကအေးတော့ ငါနဲ့ အဆင်ပြေနိုင်မှာပါ ...ဟုတ်တယ်မို့ လား "
လူကလေး ယောင်နန ခေါင်းငြိမ့်ပြလိုက်သည်။ ဘာတွေလဲ ...
အကိုကြီးအမေကလဲ အကိုကြီးနဲ့ တူတူပဲ
လူကလေး နားမလည်တဲ့ ဘာ စကားတွေ
ပြောနေမှန်းမသိ။
" စားစား ... ရော့... ငါးဖယ်လေးရော ထည့်စား"
ရှေ့ တိုးပေးလာတဲ့ ငါးဖယ်လုံးလေးတွေ ကို တူနဲ့ ကောက်စားပီး ရှမ်းခေါက်ဆွဲ ပန်းကန်ကို ပယ်ပယ်နယ်နယ်မွှေနေတဲ့ အန်တီကြီးကို ကြည့်နေမိသည်။
အဝါရောင်ပါတိတ်ဝမ်းဆက်ကို ဝတ်ထားပေမဲ့
အဒေါ်ကြီးတဇိုင်း မဟုတ်ပဲ မော်ဒယ်တစ်ယောက်လို အချိုးစားကျတဲ့ ခန္ဓာကိုယ်
နဲ့ အသက်လေးဆယ်ကျော်ငါးဆယ်နီးပါးဆိုတာဘယ်သူယုံမှာလဲ။
စိတ်တိုင်းကျ ခေါက်ဆွဲပန်းကန်ကိုမွှေနှောက်စားနေစဉ် မျက်စိရှေ့ က အချဉ်ပန်းကန်လေးတိုးပေးလာပြန်၏။
ခေါင်းလေးငုံ့ ကာ ကျွေးသမျှ စားလိုက်ပေမဲ့ လဲ နောက်ထပ် ပန်းကန်ထဲကို ထပ်ရောက်လာပြန်တဲ့ ငါးဖယ်လုံးလေးတွေ ။
မျက်လုံးပြူးပီးမော့ကြည့်မိတော့ မေးငေါ့ကာ ထပ်စားခိုင်းနေပြန်၏။
လူကလေးငိုချင်လာ၏။ သူတကယ်မစားနိုင်တော့ဘူး။
" ကျွန်တော်ပေးလိုက်ပါ့မယ်ဗျ "
ပိုက်ဆံအိတ်ကိုကောက်ဖွင့်နေတာမြင်တော့
လူကလေး ပြောလိုက်သည်။
ဝန်ထမ်းကောင်လေးက ဘေးမှာရပ်လို့
စားသမျှကို အရင် တွက်ချက်နေသည်မို့ လူကလေး ပါလာတဲ့ ပိုက်ဆံလေးကိုထုတ်ပီးပေးလိုက်၏။
"မလိုဘူး အန်တီဆီက ယူ ...ပြန်မအမ်းတော့နဲ့ "
ပေးလိုက်တဲ့ တစ်သောင်းတန်လေးကို လိုက်ကြည့်ပီး ကိုင်ထားတဲ့ တစ်ထောင်တန်လေး လေးငါးရွက်ကို အိတ်ထဲပြန်ထည့်လိုက်ရသည်။
"သွားမယ် "
" ဟို ကိုယ့်ဘာသာ ပြန်ပါ့မယ်ဗျ "
" ဘယ်သူက ပြန်ပို့ ပေးမယ်ပြောလို့ လဲ
လာ ...ငါနဲ့ Shopping သွားရအောင် "
"ဗျာ!! "
>>>>>>>>>>>><<<<<<<<<<<<
" ဟို ဒုတိယတန်းက ခ်ျိတ်ထားတဲ့ အပြာရောင်လေး ပေး "
လက်ညိုးထိုးပြတဲ့ ကာတွန်းရုပ်လေးပါတဲ့တီရှပ်အပြာရောင်လေးကို ဝန်ထမ်းကောင်မလေးကသွား ဖြုတ်ပေးပီး အန်တီကို ပေးလိုက်၏။
လှမ်းယူပီး လူကလေးကိုယ်မှာ ကပ်ကြည့်ကာ ခေါင်းတဆတ်ဆတ်ညိမ့်ပီး
ပြန်လှမ်းပေးပီး
"ဒါလေး ယူမယ်… တခြားသူ့ အရွယ်ဝတ်လေးတွေ ပြအုန်း … ဘောင်ဘီရော ကြည့်အုန်း မယ် "
တကယ်ဝယ်မဲ့ ပုံမြင်တော့ အရောင်စာရေးမလေးတွေသုံးလေးယောက် အလုအရက် အထည်တွေပြပေးကြသည်။ ပြပေးသမျှ သဘော ကျရင် ဘေးပုံထားလိုက်… ရွေးလိုက်… လာကပ်ကြည့်လိုက်နဲ့ …မသိရင် လမ်းဘေး ဘေထုပ်ရွေးနေသလို အားကျိုးမာန်တက်ဖြစ်နေ၏။
ဟိုကြည့် သည်ကြည့်နဲ့ ပျင်းလာတာကြောင့်… ဘေးနားက …အရုပ်မှာ ဝတ်ပေးထားတဲ့ …အကျီ င်္က တွဲလောင်းကျနေတဲ့ တန်ဖိုးကပ်ထားသော ကဒ်လေးကိုဆွဲယူကြည့်လိုက်တော့ ……
ဘုရားရေ လေးသောင်းတောင် ……
"အဲ့ဒါလေးကြိုက်လို့ လား "
နောက်ကျောကထွက်လာတဲ့ အသံကြောင့် ကိုင်ထားတဲ့ ကဒ်ကလေးကိုပြန်လွှတ်ချပီး မချိပြုံးလေးပြုံပြလိုက်သည်။
ကြိုက်စရာလားဒီလောက်တန်ဖိုးကြီးတာ ။
" မ …မကြိုက်ပါဘူးဗျ "
လူကလေးကို မကြည့်ပဲ ဘောင်ဘီတွေ ရွေးနေရင်းမှ ……
"သူ ကိုင်နေတဲ့ လက်ရှည်လေးရောထည့်လိုက် …"
"ဗျာ! ဟို ကျွန်တော်မကြိုက်…"
"ဒါနဲ့ မင်းခါးဆိုဒ် ဘယ်လောက်လဲ "
လူကလေးစကားဆုံးအောင်တောင်မဆုံးသေးဘူးဖြတ်မေးလာတာကြောင့် နားထင်ကို လက်ညိုးလေးနဲ့ ကုတ်လိုက်ပီးမှ
" ၂၈ပါ "
ခေါင်းတဆတ်ဆတ် ငြိမ့်နေပြန်ပီးမှ
" ၂၈ထဲက ဒီရွေးထားတဲ့ လေးထည်ထည့်လိုက် ဟိုဘက်က ဘောင်းဘီတို အနက်ကလေးနဲ့ အညိုရောင်လေးပါ ထည့်လိုက် ……အင်း ဘာကျန်သေးလဲ "
ခန စဉ်းစားဟန်ပြုပီးမှ ……
"အော်… ဦးထုပ် နဲ့ ဖိနပ် ကျန်သေးတာပဲ
ဦးထုပ်က ဟို …အဝါရောင်အဝိုင်းလေး ရယ် …အဖြူရောင် ရယ် ဟိုခရမ်းရောင်လေးရယ် ထည့်ပေး "
ကောင်တာပေါ်တင်ထားတဲ့ အထုတ်တွေက တောင်လို ပုံနေသည်မို့ အပြန်ဘယ်လို သယ်ရမလဲ လူကလေးစိတ်ညစ်နေသည်။
အန်တီတကယ်ဝယ်နိုင်တာပဲ ။ အကိုကြီးနဲ့ သားမိနှစ်ယောက်သာ လာရင် ဒီဈေးဝယ်စင်တာကြီးတစ်ခုလုံးများဝယ်မလားပဲ ။
"တွက်လိုက်တော့ ဘယ်လောက်ကျလဲ "
အရောင်းစားရေးမလေးကို ပြောလိုက်တာကြောင့် လူကလေး တမင်ကြည့်နေတာမဟုတ်ပေမဲ့ ဒီလောက်အများကြီးဘယ်လောက်ကျမလဲ စိတ်ဝင်စားသိမို့ ဘေးမှာရပ်ကြည့်နေလိုက်သည်။
ခနကြာပီးတဲ့နောက်မှာစာရေးမလေးက ရိုရိုသေသေ စာရွက်လေးကမ်းပေးလိုက်ပီးမှ……
" အားလုံးပေါင်း ဆယ့်ရှစ်သိန်းသုံးသောင်းနှစ်ထောင်ကျပါတယ်ရှင့် "
"ok ကဒ်နဲ့ ပေးလို့ ရလား "
"ဟုတ်ကဲ့ "
လှမ်းပေးလိုက်တဲ့ အနက်ရောင်ကဒ်လေးကို ကြည့်ပီး လူကလေး တံတွေးမြိုချလိုက်ရသည်။ အဝတ်စားဝယ်တာ ဒီလောက်တောင်ဝယ်လိုက်တယ်။ အဲ့ပိုက်ဆံတွေနဲ့ ဆို လူကလေး ကျောင်းတစ်နှစ်လောက်တက်လို့ ရတယ်လေ။
အကိုကြီးတို့ သားအမိက တကယ်မလွယ်တာပဲ အသုံးအဖြုန်းကြီးလိုက်တာလဲလွန်ရောပဲ။
"ဒါတွေ ကားပါကင် ပို့ ပေးလို့ ရမလား"
"ဟုတ်ကဲ့ ရပါတယ်ရှင့် "
"သွားမယ် "
ရှေ့ ကနေ ဒေါက်ဖိနပ်သံ တဂွက်ဂွက် နဲ့
ပိုက်ဆံအိတ်လက်က ချိတ်ပီး မျက်နှာကိုမော့ပီးထွက်သွားတာကြောင့် အန်တီနောက်ကို အပြေးလိုက် ခဲ့ရသည်။ စိတ်မြန်လက်မြန်နဲ့ တကယ်မလွယ်ဘူး။
ချစ်တဲ့ အိမ်စည်။
( မင်းသားကို ဇ ပီးမှ upရမလား ဒါမှမဟုတ် တရက်ခြားတပိုင်းစီအလှည့်ကျတင်ရမလား နေတိုင်းဆို ကိုယ် မလုပ်နိုင်လောက်ဘူးထင်တယ)
Bạn đang đọc truyện trên: ZingTruyen.Xyz