ZingTruyen.Xyz

ဇ ( Completed)

26

eainsi23

" ဟ "

ပါးစပ္နားေရာက္ လာတဲ့ ကိတ္ပိုင္းေလးကို  ပ်င္းပ်င္းရိရိ… ငံု ့စားရင္း လူကေတာ့ အကုိႀကီးပုခံုးမွာမွီႏြဲ ့ထိုင္ေနရာမွ နည္းနည္းေတာင္ မလွဳပ္။

ကားေနာက္ဖုံးဖြင့္ပီး တက္ထိုင္ေနတာမို ့ ေျခေထာက္ေတြကို ေအာက္မွာတြဲေလာင္းခ်ပီး လွဳပ္ခတ္ေဆာ့ကစားေနေသး၏။

ဆိုင္ကေနျပန္လာပီး  အေဆာင္နားမွာ ကားရပ္ပီး ေအးေအးေဆးေဆး…ေယာက္ခမ ေပးလိုက္တဲ့ မုန္ ့ကို ထိုင္စားေနႀကျခင္းျဖစ္သည္။  ရန္ျဖစ္ပီး  ျပန္တည့္ကာစ ဆိုေတာ့ အကိုႀကီးက လိုတာထပ္ပိုပီး နုညံ့ေနသည္မို ့……

"ခဏ ခဏ ရန္ျဖစ္ႀကမလား "

"ဘာလို ့လဲ "

ကေလးေလး နွဳတ္ခမ္းကေပေနတဲ့ ကိတ္မုန္ ့စ ေတြကို လက္မနဲ ့ သုတ္ေပးရင္း ျပန္ေမးေတာ့……

"အကိုႀကီးက ရန္ဖစ္ပီး က်ြန္ေတာ့္ကို ပုိခ်စ္လာသလားလို ့"

"ရန္မျဖစ္လဲ မင္းကို ခ်စ္ပါတယ္ ။
မင္းျဖစ္ခ်င္တဲ့ စိတ္ရွိရင္ ရန္ျဖစ္က်တာေပါ့ …ဒါေပမဲ့ လမ္းခြဲစကားေတာ့ မေျပာေႀကး "

"က်ြန္ေတာ္ သိပါတယ္… မဟုတ္လဲ
ခနေလးေတာင္ အကိုႀကီးနဲ ့မခြဲမွ မခြဲနိုင္တာ "

" အတက္ေလး "

ဇ  …ခ်စ္စနုိးနဲ ့ ပုခံုးေပၚမွီထားတဲ့ ေခါင္းေလးကို မနာေအာင္ လက္သီးဆုပ္နဲ ့ထုလိုက္သည္။

"အကိုႀကီး  ေရး …အတြက္ ခ်န္အုန္းေနာ္"

"အင္း…ဟ  ဒါေလးစားလိုက္အုန္း "

ထပ္ေရာက္လာျပန္တဲ့ ကိတ္မုန္ ့ပဲ့ေလး။
ပါးစပ္ဟ…ပီး ေက်ြးသမ်ွ တျမံဳ ့ ျမံဳ  ့ဝါးေနရင္းမွ……

" အကိုႀကီး  ေရးက ခုတေလာ ကိုႀကီးေဒဝါနဲ ့ေန ့တိုင္းဖုန္းေျပာ ေနတာ သိလား"

"အင္း …… စပ္စုမေနနဲ ့ ဒါ ကေလးေတြနဲ ့မဆိုင္ဘူး"

"က်ြန္ေတာ္ ကေလးမဟုတ္ဘူး … ဒီမွာ ရည္းစားေတာင္ရွိေသးတယ္"

ဇ  ရင္ဖက္ကို ရုိက္ပီး  ႀကြားဝါသလိုေလးေျပာလိုက္တဲ့ ကေလးေလးရဲ့  ေခါင္းလံုးေလးကို အူယားတာေႀကာင့္  ေမးနဲ ့ႀကိတ္လိုက္သည္။
ေလ က တျဖဴးျဖဴး မို ့ အေဆာင္ေရွ ့မလွမ္းမကမ္းမွာ ေအးရာေအးေႀကာင္း ကေလးေလးနဲ ့ညတိုင္း date လုပ္ေနရတာမို ့ ခ်ိန္းပြဲေတြ မသြားတာေတာင္ႀကာေပါ့……

"အကိုႀကီး  ေက်ာင္းက ေလ့လာေရးခရီးထြက္မွာတဲ့ က်ြန္ေတာ္လိုက္ရမွာလား"

"ဘယ္သြားမွာတဲ့လဲ "

"ပုဂံ တဲ့ "

"မလိုက္နဲ ့ "

"ဘာလို ့လဲ "

ဆတ္ကနဲ ပုခံုးေပၚမွီေနရာမွ ေခါင္းေထာင္ႀကည့္လာပီး နွုတ္ခမ္းဆူပီး မႀကည္သလိုေမး၏။

ေခါင္းေလးကိုဖိပီး ပုခံုးမွာျပန္မွီေစလိုက္ပီးမွ……

" လူအမ်ားႀကီးနဲ ့စိတ္ရွဳတ္လိမ့္မယ္ ။
ကိုယ္ သက္သက္လိုက္ပို ့ေပးမယ္ "

" ဟီး …အကိုႀကီးကို ခ်စ္လိုက္တာ "

မွီထားရာမွ  လက္ေမာင္းကို ေပြ ့ဖက္ပီး တရႊတ္ရႊတ္နမ္းေနတာေႀကာင့္ နဖူးေလးကို လက္ညိုးျဖင့္ ထိုးပီး တားလိုက္၏။

" အဲ့ေနရာကို မေပးနဲ ့ ေပးခ်င္ရင္ ဒီကို ေပး "

နွုတ္ခမ္းစူျပေတာ့  ခ်က္ျခင္း ကုန္းထပီး ေပါင္ေပၚခြထိုင္သည္။ လည္ပင္းကို ဖက္ပီး
နွုတ္ခမ္းကို အတင္းနမ္း၏။  

လူလူ ေဆးမွားစားသလား… ခါတိုင္း…
နမ္းပါဆိုရင္ ပါးေတြနီေအာင္ရွက္တက္တဲ့ ကေလးက စိတ္ပါလက္ပါ နမ္းလို ့။

မ်က္လံုးျပဴးပီး ေႀကာင္ ေနရာမွ  နုညံ့တဲ့ နွုတ္ခမ္းေလးေႀကာင့္ ျဖည္းျဖည္းျခင္း ေမွးမွိတ္သြားကာ ေသခ်ာခံစားလိုက္၏။ 
ခါးေသးေသးေလးကို ျပန္ဖက္ပီး ရွည္လ်ားတဲ့ အနမ္းရွည္ႀကီးကို ဇ…  ပံုေဖာ္လိုက္သည္။
နုညံ့အိ စက္ခ်က္ကေတာ့ လြန္ လြန္းတယ္။
ဒူရင္းနံ ့သင္းသင္းေလးက ကေလးဆီကရေန တာမို ့
ဒူရင္းသီးႀကိဳက္တဲ့ ဇ အတြက္ကေတာ့ရွယ္ပဲ။

>>>>>><<<<<<

"ျပန္လာပီလား "

ကုတင္ေပၚကေန ဖုန္းေျပာရင္း နွုတ္ဆက္လာသည္မို ့  လူကေလး ျပံဳးျပပီး
လက္က ကိုင္ထားတဲ့ မုန္ ့ဘူးေလးကို ေျမွာက္ျပလိုက္၏။

"ျပန္လာပီ  မုန္ ့ယူလာတယ္ စားလိုက္အုန္း "

"ဘာမုန္ ့လဲ "

ေက်ာပိုးအိတ္ေရာ  မုန္ ့ဘူးေရာ စာႀကည့္စားပြဲမွာ ခ်လိုက္ပီးမွ……

"ဒူးရင္းကိတ္  အကိုႀကီး အေမ ေပးလိုက္တာ "

"ဘာရယ္!   ေယာက္ခမ နဲ ့ေတာင္ ေတြ ့လာပီ "

"ဒီတိုင္းစားရေအာင္ ေပးလိုက္တာပါ
ဘာမွမဟုတ္ဘူး …ငါစားခဲ့ပီ  မင္းအတြက္သက္သက္ခ်န္ထားတာ  …ငါ ေရခ်ိဳးအုန္းမယ္ "

ဖုန္းဆက္ေျပာေနတဲ့  ေရးကို ထားခဲ့ပီး လူကေလးေရခ်ိဳးခန္းထဲ ဝင္လာလိုက္သည္။ ေအးစက္စက္ ေရ ရဲ့ အထိ အေတြ ့ကို မ်က္စိမွိတ္ခံစားရင္း  တေန ့တာရဲ့ ပင္ပန္းမူ ့ကို ေျဖေဖ်ာက္လိုက္မိသည္။ 

ေရထိ လိုက္တာနဲ ့ဖ်င္းကနဲ စပ္သြားတဲ့ နွုတ္ခမ္းေလးကို လက္နဲ ့စမ္းထိရင္း
ခုခ်ိန္ ကားေမာင္းေနမဲ့ အကိုႀကီးကို လွမ္းပီး စိတ္ထဲက ရန္ေတြ ့လိုက္သည္။
နမ္းမိရင္ ဘယ္ေတာ့မွ မပီးတဲ့ အကိုႀကီးကိုသြားသြား စ  မိတာ  လူကေလးအမွား။

ခနေလးနားလိုက္ျပန္နမ္းလိုက္နဲ ့ တခါတခါနမ္းမိရင္ ဘယ္ေတာ့ မွာ ခ်က္ျခင္းလႊတ္ေပးတယ္ဆိုတာ မရွိ … ေပ်ာ့ေခြက်သြားေအာင္ စိတ္ရွိလက္ရွိ နမ္းလိုက္ရမွ ေက်နပ္တက္တာ  ။ ဒါေတာင္ ကုတ္ဖဲ့ ထုရုိက္ မွ မလႊတ္ခ်င္လႊတ္ခ်င္ လႊတ္ေပးတာျဖစ္သည္။ 

ေရျမန္ျမန္ခ်ိဳးပီး ကာတြန္းေဘာင္းဘီရွည္ေလးနဲ ့  တီရွပ္ တစ္ထည္ထုတ္ဝတ္လိုက္သည္။  ေညာင္းညာကိုက္ခဲေနသည္မို ့
ေမြ ့ယာေပၚ ဒိုင္ပင္ထိုးအိပ္လိုက္၏။

"အားး ငါအိပ္ယာေလး  လြမ္းလိုက္တာကြာ"

အားယားေမွာက္ပီး  လက္နဲ ့ပြတ္ကာ
ေျပာေနတုန္း… ဖုန္းေျပာေနတဲ့ ေရးက

" ေစာေစာက ဖုန္းလာသြားေသးတယ္
မင္းေရခ်ိဳးေနလို ့  ငါကိုင္လိုက္တာ
ျပန္ေရာက္ပီတဲ့   ……"

"အင္း ေက်းဇူး …ငါျပန္ေခၚလိုက္မယ္ "

ျပန္ေခၚလိုက္ေတာ့  မကိုင္သည္မို ့
ပ်င္းပ်င္းနဲ ့facebook ထဲဝင္ကာ ေလ်ွာက္ႀကည့္ေနလိုက္သည္။ ခုေတာ့ facebook
အေကာင့္က လူကေလး နာမည္နဲ ့သက္သက္ေဖာက္ေပးလိုက္ပီမို ့ လြတ္လြတ္လပ္လပ္သံုးရုံပဲ။ ဒါေတာင္ … Relationship က လာခ်ိတ္ထားပီးသား
မို ့ မဟုတ္တာလုပ္ဖို ့မေျပာနဲ ့စိတ္ကူးလို ့ေတာင္မရ။ 

အဝတ္အစား ဖိနပ္ လွတာျမင္ရင္ likeေပးလိုက္ …အကိုႀကီး အေကာင့္ထဲ ဝင္စစ္လိုက္နဲ ့…လုပ္ေနတုန္း  ဖုန္းကျပန္ေခၚလာသည္္မို ့…

" အင္း အကိုႀကီး  ေစာေစာက ဖုန္းျပန္ေခၚတယ္ ကိုင္လဲမကိုင္ဘူး "

" ေရခ်ိဳးေနလို ့မကိုင္တာ……  video call ေျပာရေအာင္ ခု ေခၚလိုက္ "

အင္းလို ့ေတာင္မေျပာလိုက္ရေသးဘူး
ခ်က္ျခင္း ဖုန္းခ်သြားသည္မို ့ နွုတ္ခမ္းစူလိုက္သည္။ ဇြတ္ပဲ……

" အင္း ကေလး ……ခန ကိုင္ထားအုန္း "

ဖုန္းကိုင္ထားရင္းနဲ ့ လမ္းေလ်ွာက္ေနပံုေပၚကာ  ခနႀကာေတာ့ ေရဘူးကိုေမာ့ေသာက္ေနတဲ့ မ်က္နွာေပၚလာသည္။  

" နွုတ္ခမ္း နာေနေသးလား "

ေရဘူးကို ကိုင္ထားရင္း ျပံဳးစစ ေမးလာသည္မို ့ လူကေလး မ်က္ေစာင္းလွမ္းထိုးလိုက္သည္။ မုန္းစရာႀကီး……

" ေအာ္ေဟာ္  ေမးတာမေျဖပဲ စူေကာက္မေနနဲ ့ ေနာက္တခါပိုဆိုးေအာင္  ထပ္လုပ္မွာေနာ္ "

"လုပ္ႀကည့္လိုက္ေလ  … ဒီတခါ လာနမ္းရင္  အကိုႀကီးနွုတ္ခမ္းကို ျပတ္ထြက္ သြားေအာင္ ကို ကိုက္ဆြဲမွာ……"

"တကယ္ႀကီးလား ကိုယ္ကမင္းခ်စ္သူေနာ္ "

"အဲ့ဒါဆို လာမနမ္းနဲ ့ေလ "

"ဟ! မနမ္းလို ့ရမလား မင္းကငါ့ေကာင္ေလးေလ …"

"ေကာင္ေလးတိုင္း အႀကမ္းပတမ္းလုပ္လို ့ရမလား …  ။ ရည္းစားဆိုပီး ဗလ အားကိုးနဲ ့ အနိုင္က်င့္ တာမ်ိဳးလူကေလးကို လာမလုပ္နဲ ့"

ေျပာေနရင္းတစ္ေယာက္တခြန္းနဲ ့ေဒါသသံပါလာကာ video call ေျပာရင္း
တျဖည္းျဖည္းရန္ေဆာင္လာႀက၏

" လူလူ …မင္းျပန္ေျပာေနတာမ်ားေနပီေနာ္…မင္းေျပာေတာ့ ေနာက္ကိုျပန္မေျပာေတာ့ပါဘူးဆို… ခုေတာ့ မင္းေျပာသမ်ွအလိမ္အညာေတြႀကီးပဲ …ေတာ္ပီ ေနာက္ ကို မင္းစကားေတြငါမယံုေတာ့ဘူး "

" ေအာ္ အကိုႀကီးက ခုေတာ့ ဒီလိုေျပာပီေပါ့ …
က်ြန္ေတာ့္ကိုပဲ လာေျပာမေနနဲ ့အကိုႀကီးလဲ ဘာထူးလဲ …
ကေလးေလးရယ္ကိုယ္မွားသြားပါတယ္ …ကိုယ့္ကို ထားမသြားနဲ ့ ေနာက္တခါ ကေလးကို မေအာ္ေတာ့ပါဘူး ဆို "

နွုတ္ခမ္းတလန္ ပန္း တလန္ နဲ ့ဇ လုပ္ျပတဲ့ပံုစံကို လိုက္လုပ္ျပေနသည္မို ့  ဇ ေခါင္းေမာ့ပီး ေလပူေတြ မွုတ္ထုတ္လိုက္သည္။   လူကေလးေတာ့ လုပ္မိရင္ မလြယ္ဘူး နာေတာ့မွာ……

" အဲ့ဒါဆို မင္းက ဘာျဖစ္ခ်င္တာလဲ
ေျပာ  … ငါနမ္းတာ မႀကိဳက္လို ့ေျပာေနတာလား … အစကတည္းက မႀကိဳက္ရင္
ရည္းစားမထားနဲ ့ေလ "

ိမ်က္ေမွာင္ကုတ္ပီး ေျပာေနတဲ့ အကိုႀကီးကို လူကေလး ကုတ္ဖဲ့ခ်င္ေနပီ။ 

" ရည္းစားမထားနဲ ့ဟုတ္လား … က်ြန္ေတာ္ ျပန္မခ်စ္ရင္ အသက္ရွင္ေနလဲမထူးပါဆို  …အခုပဲ ေသေတာ့မွာလိုလို လုပ္ျပတာဘယ္သူလဲ "

"လူလူ ! "

"ဘာလဲ !"

ဇ ရဲ့ ေဒါသတႀကီးေအာ္လိုက္သံက ဟိန္းကနဲမို ့ ေရး  ပါလွည့္ႀကည့္လာ၏ …
ေရာင္းသူဝယ္သူအသံတူစြာ အကိုႀကီး
ေရွ ့ကေအာ္ရင္ ေနာက္က လူကေလးက ျပန္ေအာ္သည္။

သူေဒါသထြက္တက္သလို ကိုယ္လဲထြက္တက္တယ္။ လူကို သတ္ေတာ့ျဖတ္ေတာ့မလိုမ်က္ေထာင့္နီနဲ ့ ႀကည့္လာရင္
သိပ္မုန္းတာပဲ ။ အဲ့ဒါေတြေႀကာင့္မတည့္တာ။ ေဒါသထြက္ရင္ မ်က္လံုးႀကီးက ခ်စ္သူေတြသာေျပာတာ  ျပဴးျပ  ျဖဲျပနဲ ့။

"မေအာ္နဲ ့မင္းထက္အသက္ႀကီးတယ္"

" အဲ့ဒါဆို  အကိုႀကီးလဲ လာမေအာ္နဲ ့ေလ။ အကိုႀကီးမႀကိဳက္သလို က်ြန္ေတာ္လဲ မႀကိဳက္ဘူး "

" က်စ္! …လူလူ မင္းကိုယ့္ကို တခြန္းမက်န္ျပန္ေအာ္ေနတာလား …ဘာလဲေျပာ  ငါ့ကို စိတ္ကုန္ေနတာလား မခ်စ္ေတာ့တာလား"

ဇ  ေတာ္ေတာ္ေဒါသထြက္လာသည္။
လူလူ ခုတေလာအလိုလိုက္မွန္းသိေတာ့ တအားကဲလာတယ္။ 

" ဘာဆိုင္လဲ ခ်စ္တာနဲ ့ရန္ျဖစ္တာနဲ ့တျခားစီပဲ "

" ဒါဆိုမခ်စ္ဘူးလား "

"ခ်စ္တယ္ေလ "

" ေတာ္ပီရန္မျဖစ္ေတာ့ဘူး ရပ္မယ္ "

" ဒါဆို အကိုႀကီးလဲ ဆက္မေအာ္ေတာ့နဲ ့"

" အင္း မေအာ္ေတာ့ဘူး "

" ပီးေရာ က်ြန္ေတာ့ကိုေရာ ခ်စ္လား "

"ခ်စ္တာမွအရမ္းကို ခ်စ္တာ "

"အင္း ဒါဆိုေနာက္ကို လာမေအာ္ေတာ့နဲ ့"

"မင္းေရာ ကိုယ့္ကို ျပန္မေျပာနဲ ့"

"အင္း မေအာ္ေတာ့ဘူး "

ေစာေစာက ေအာ္ဟစ္ရန္ျဖစ္ေနတဲ့ ရန္ပြဲေႀကာင့္ ထ ပဲ ဆြဲရေတာ့မလိုလုိ ျဖစ္ေနတဲ့ ေရး က ခ်က္ျခင္း ျငိမ္က်သြားတာေႀကာင့္ ပါးစပ္အေဟာင္းသားေလး ေငးေန၏

ဘယ္လို အတြဲႀကီးလဲ စိတ္ေရာမွန္ႀကရဲ့လား ……

ခ်စ္တဲ့အိမ္စည္။

(oneshot ေလးတစ္ပုဒ္ေရးထားတယ္ ။
ခ်စ္စရာေလး ဖတ္ေပးပါအုန္း )

>>>>>>>>>>>><<<<<<<<<<<<

" ဟ "

ပါးစပ်နားရောက် လာတဲ့ ကိတ်ပိုင်းလေးကို  ပျင်းပျင်းရိရိ… ငုံ့ စားရင်း လူကတော့ အကိုကြီးပုခုံးမှာမှီနွဲ့ ထိုင်နေရာမှ နည်းနည်းတောင် မလှုပ်။

ကားနောက်ဖုံးဖွင့်ပီး တက်ထိုင်နေတာမို့  ခြေထောက်တွေကို အောက်မှာတွဲလောင်းချပီး လှုပ်ခတ်ဆော့ကစားနေသေး၏။

ဆိုင်ကနေပြန်လာပီး  အဆောင်နားမှာ ကားရပ်ပီး အေးအေးဆေးဆေး…ယောက်ခမ ပေးလိုက်တဲ့ မုန့် ကို ထိုင်စားနေကြခြင်းဖြစ်သည်။  ရန်ဖြစ်ပီး  ပြန်တည့်ကာစ ဆိုတော့ အကိုကြီးက လိုတာထပ်ပိုပီး နုညံ့နေသည်မို့ ……

"ခဏ ခဏ ရန်ဖြစ်ကြမလား "

"ဘာလို့ လဲ "

ကလေးလေး နှုတ်ခမ်းကပေနေတဲ့ ကိတ်မုန့် စ တွေကို လက်မနဲ့  သုတ်ပေးရင်း ပြန်မေးတော့……

"အကိုကြီးက ရန်ဖစ်ပီး ကျွန်တော့်ကို ပိုချစ်လာသလားလို့ "

"ရန်မဖြစ်လဲ မင်းကို ချစ်ပါတယ် ။
မင်းဖြစ်ချင်တဲ့ စိတ်ရှိရင် ရန်ဖြစ်ကျတာပေါ့ …ဒါပေမဲ့ လမ်းခွဲစကားတော့ မပြောကြေး "

"ကျွန်တော် သိပါတယ်… မဟုတ်လဲ
ခနလေးတောင် အကိုကြီးနဲ့ မခွဲမှ မခွဲနိုင်တာ "

" အတက်လေး "

ဇ  …ချစ်စနိုးနဲ့  ပုခုံးပေါ်မှီထားတဲ့ ခေါင်းလေးကို မနာအောင် လက်သီးဆုပ်နဲ့ ထုလိုက်သည်။

"အကိုကြီး  ရေး …အတွက် ချန်အုန်းနော်"

"အင်း…ဟ  ဒါလေးစားလိုက်အုန်း "

ထပ်ရောက်လာပြန်တဲ့ ကိတ်မုန့် ပဲ့လေး။
ပါးစပ်ဟ…ပီး ကျွေးသမျှ တမြုံ့  မြုံ့ဝါးနေရင်းမှ……

" အကိုကြီး  ရေးက ခုတလော ကိုကြီးဒေဝါနဲ့ နေ့ တိုင်းဖုန်းပြော နေတာ သိလား"

"အင်း …… စပ်စုမနေနဲ့  ဒါ ကလေးတွေနဲ့ မဆိုင်ဘူး"

"ကျွန်တော် ကလေးမဟုတ်ဘူး … ဒီမှာ ရည်းစားတောင်ရှိသေးတယ်"

ဇ  ရင်ဖက်ကို ရိုက်ပီး  ကြွားဝါသလိုလေးပြောလိုက်တဲ့ ကလေးလေးရဲ့  ခေါင်းလုံးလေးကို အူယားတာကြောင့်  မေးနဲ့ ကြိတ်လိုက်သည်။
လေ က တဖြူးဖြူး မို့  အဆောင်ရှေ့ မလှမ်းမကမ်းမှာ အေးရာအေးကြောင်း ကလေးလေးနဲ့ ညတိုင်း date လုပ်နေရတာမို့  ချိန်းပွဲတွေ မသွားတာတောင်ကြာပေါ့……

"အကိုကြီး  ကျောင်းက လေ့လာရေးခရီးထွက်မှာတဲ့ ကျွန်တော်လိုက်ရမှာလား"

"ဘယ်သွားမှာတဲ့လဲ "

"ပုဂံ တဲ့ "

"မလိုက်နဲ့  "

"ဘာလို့ လဲ "

ဆတ်ကနဲ ပုခုံးပေါ်မှီနေရာမှ ခေါင်းထောင်ကြည့်လာပီး နှုတ်ခမ်းဆူပီး မကြည်သလိုမေး၏။

ခေါင်းလေးကိုဖိပီး ပုခုံးမှာပြန်မှီစေလိုက်ပီးမှ……

" လူအများကြီးနဲ့ စိတ်ရှုတ်လိမ့်မယ် ။
ကိုယ် သက်သက်လိုက်ပို့ ပေးမယ် "

" ဟီး …အကိုကြီးကို ချစ်လိုက်တာ "

မှီထားရာမှ  လက်မောင်းကို ပွေ့ ဖက်ပီး တရွှတ်ရွှတ်နမ်းနေတာကြောင့် နဖူးလေးကို လက်ညိုးဖြင့် ထိုးပီး တားလိုက်၏။

" အဲ့နေရာကို မပေးနဲ့  ပေးချင်ရင် ဒီကို ပေး "

နှုတ်ခမ်းစူပြတော့  ချက်ခြင်း ကုန်းထပီး ပေါင်ပေါ်ခွထိုင်သည်။ လည်ပင်းကို ဖက်ပီး
နှုတ်ခမ်းကို အတင်းနမ်း၏။  

လူလူ ဆေးမှားစားသလား… ခါတိုင်း…
နမ်းပါဆိုရင် ပါးတွေနီအောင်ရှက်တက်တဲ့ ကလေးက စိတ်ပါလက်ပါ နမ်းလို့ ။

မျက်လုံးပြူးပီး ကြောင် နေရာမှ  နုညံ့တဲ့ နှုတ်ခမ်းလေးကြောင့် ဖြည်းဖြည်းခြင်း မှေးမှိတ်သွားကာ သေချာခံစားလိုက်၏။ 
ခါးသေးသေးလေးကို ပြန်ဖက်ပီး ရှည်လျားတဲ့ အနမ်းရှည်ကြီးကို ဇ…  ပုံဖော်လိုက်သည်။
နုညံ့အိ စက်ချက်ကတော့ လွန် လွန်းတယ်။
ဒူရင်းနံ့ သင်းသင်းလေးက ကလေးဆီကရနေ တာမို့
ဒူရင်းသီးကြိုက်တဲ့ ဇ အတွက်ကတော့ရှယ်ပဲ။

>>>>>><<<<<<

"ပြန်လာပီလား "

ကုတင်ပေါ်ကနေ ဖုန်းပြောရင်း နှုတ်ဆက်လာသည်မို့   လူကလေး ပြုံးပြပီး
လက်က ကိုင်ထားတဲ့ မုန့် ဘူးလေးကို မြှောက်ပြလိုက်၏။

"ပြန်လာပီ  မုန့် ယူလာတယ် စားလိုက်အုန်း "

"ဘာမုန့် လဲ "

ကျောပိုးအိတ်ရော  မုန့် ဘူးရော စာကြည့်စားပွဲမှာ ချလိုက်ပီးမှ……

"ဒူးရင်းကိတ်  အကိုကြီး အမေ ပေးလိုက်တာ "

"ဘာရယ်!   ယောက်ခမ နဲ့ တောင် တွေ့ လာပီ "

"ဒီတိုင်းစားရအောင် ပေးလိုက်တာပါ
ဘာမှမဟုတ်ဘူး …ငါစားခဲ့ပီ  မင်းအတွက်သက်သက်ချန်ထားတာ  …ငါ ရေချိုးအုန်းမယ် "

ဖုန်းဆက်ပြောနေတဲ့  ရေးကို ထားခဲ့ပီး လူကလေးရေချိုးခန်းထဲ ဝင်လာလိုက်သည်။ အေးစက်စက် ရေ ရဲ့ အထိ အတွေ့ ကို မျက်စိမှိတ်ခံစားရင်း  တနေ့ တာရဲ့ ပင်ပန်းမူ့ ကို ဖြေဖျောက်လိုက်မိသည်။ 

ရေထိ လိုက်တာနဲ့ ဖျင်းကနဲ စပ်သွားတဲ့ နှုတ်ခမ်းလေးကို လက်နဲ့ စမ်းထိရင်း
ခုချိန် ကားမောင်းနေမဲ့ အကိုကြီးကို လှမ်းပီး စိတ်ထဲက ရန်တွေ့ လိုက်သည်။
နမ်းမိရင် ဘယ်တော့မှ မပီးတဲ့ အကိုကြီးကိုသွားသွား စ  မိတာ  လူကလေးအမှား။

ခနလေးနားလိုက်ပြန်နမ်းလိုက်နဲ့  တခါတခါနမ်းမိရင် ဘယ်တော့ မှာ ချက်ခြင်းလွှတ်ပေးတယ်ဆိုတာ မရှိ … ပျော့ခွေကျသွားအောင် စိတ်ရှိလက်ရှိ နမ်းလိုက်ရမှ ကျေနပ်တက်တာ  ။ ဒါတောင် ကုတ်ဖဲ့ ထုရိုက် မှ မလွှတ်ချင်လွှတ်ချင် လွှတ်ပေးတာဖြစ်သည်။ 

ရေမြန်မြန်ချိုးပီး ကာတွန်းဘောင်းဘီရှည်လေးနဲ့   တီရှပ် တစ်ထည်ထုတ်ဝတ်လိုက်သည်။  ညောင်းညာကိုက်ခဲနေသည်မို့
မွေ့ ယာပေါ် ဒိုင်ပင်ထိုးအိပ်လိုက်၏။

"အားး ငါအိပ်ယာလေး  လွမ်းလိုက်တာကွာ"

အားယားမှောက်ပီး  လက်နဲ့ ပွတ်ကာ
ပြောနေတုန်း… ဖုန်းပြောနေတဲ့ ရေးက

" စောစောက ဖုန်းလာသွားသေးတယ်
မင်းရေချိုးနေလို့   ငါကိုင်လိုက်တာ
ပြန်ရောက်ပီတဲ့   ……"

"အင်း ကျေးဇူး …ငါပြန်ခေါ်လိုက်မယ် "

ပြန်ခေါ်လိုက်တော့  မကိုင်သည်မို့ 
ပျင်းပျင်းနဲ့ facebook ထဲဝင်ကာ လျှောက်ကြည့်နေလိုက်သည်။ ခုတော့ facebook
အကောင့်က လူကလေး နာမည်နဲ့ သက်သက်ဖောက်ပေးလိုက်ပီမို့  လွတ်လွတ်လပ်လပ်သုံးရုံပဲ။ ဒါတောင် … Relationship က လာချိတ်ထားပီးသား
မို့  မဟုတ်တာလုပ်ဖို့ မပြောနဲ့ စိတ်ကူးလို့ တောင်မရ။ 

အဝတ်အစား ဖိနပ် လှတာမြင်ရင် likeပေးလိုက် …အကိုကြီး အကောင့်ထဲ ဝင်စစ်လိုက်နဲ့ …လုပ်နေတုန်း  ဖုန်းကပြန်ခေါ်လာသည်မို့ …

" အင်း အကိုကြီး  စောစောက ဖုန်းပြန်ခေါ်တယ် ကိုင်လဲမကိုင်ဘူး "

" ရေချိုးနေလို့ မကိုင်တာ……  video call ပြောရအောင် ခု ခေါ်လိုက် "

အင်းလို့ တောင်မပြောလိုက်ရသေးဘူး
ချက်ခြင်း ဖုန်းချသွားသည်မို့  နှုတ်ခမ်းစူလိုက်သည်။ ဇွတ်ပဲ……

" အင်း ကလေး ……ခန ကိုင်ထားအုန်း "

ဖုန်းကိုင်ထားရင်းနဲ့  လမ်းလျှောက်နေပုံပေါ်ကာ  ခနကြာတော့ ရေဘူးကိုမော့သောက်နေတဲ့ မျက်နှာပေါ်လာသည်။  

" နှုတ်ခမ်း နာနေသေးလား "

ရေဘူးကို ကိုင်ထားရင်း ပြုံးစစ မေးလာသည်မို့  လူကလေး မျက်စောင်းလှမ်းထိုးလိုက်သည်။ မုန်းစရာကြီး……

" အော်ဟော်  မေးတာမဖြေပဲ စူကောက်မနေနဲ့  နောက်တခါပိုဆိုးအောင်  ထပ်လုပ်မှာနော် "

"လုပ်ကြည့်လိုက်လေ  … ဒီတခါ လာနမ်းရင်  အကိုကြီးနှုတ်ခမ်းကို ပြတ်ထွက် သွားအောင် ကို ကိုက်ဆွဲမှာ……"

"တကယ်ကြီးလား ကိုယ်ကမင်းချစ်သူနော် "

"အဲ့ဒါဆို လာမနမ်းနဲ့ လေ "

"ဟ! မနမ်းလို့ ရမလား မင်းကငါ့ကောင်လေးလေ …"

"ကောင်လေးတိုင်း အကြမ်းပတမ်းလုပ်လို့ ရမလား …  ။ ရည်းစားဆိုပီး ဗလ အားကိုးနဲ့  အနိုင်ကျင့် တာမျိုးလူကလေးကို လာမလုပ်နဲ့ "

ပြောနေရင်းတစ်ယောက်တခွန်းနဲ့ ဒေါသသံပါလာကာ video call ပြောရင်း
တဖြည်းဖြည်းရန်ဆောင်လာကြ၏

" လူလူ …မင်းပြန်ပြောနေတာများနေပီနော်…မင်းပြောတော့ နောက်ကိုပြန်မပြောတော့ပါဘူးဆို… ခုတော့ မင်းပြောသမျှအလိမ်အညာတွေကြီးပဲ …တော်ပီ နောက် ကို မင်းစကားတွေငါမယုံတော့ဘူး "

" အော် အကိုကြီးက ခုတော့ ဒီလိုပြောပီပေါ့ …
ကျွန်တော့်ကိုပဲ လာပြောမနေနဲ့ အကိုကြီးလဲ ဘာထူးလဲ …
ကလေးလေးရယ်ကိုယ်မှားသွားပါတယ် …ကိုယ့်ကို ထားမသွားနဲ့  နောက်တခါ ကလေးကို မအော်တော့ပါဘူး ဆို "

နှုတ်ခမ်းတလန် ပန်း တလန် နဲ့ ဇ လုပ်ပြတဲ့ပုံစံကို လိုက်လုပ်ပြနေသည်မို့   ဇ ခေါင်းမော့ပီး လေပူတွေ မှုတ်ထုတ်လိုက်သည်။   လူကလေးတော့ လုပ်မိရင် မလွယ်ဘူး နာတော့မှာ……

" အဲ့ဒါဆို မင်းက ဘာဖြစ်ချင်တာလဲ
ပြော  … ငါနမ်းတာ မကြိုက်လို့ ပြောနေတာလား … အစကတည်းက မကြိုက်ရင်
ရည်းစားမထားနဲ့ လေ "

ိမျက်မှောင်ကုတ်ပီး ပြောနေတဲ့ အကိုကြီးကို လူကလေး ကုတ်ဖဲ့ချင်နေပီ။ 

" ရည်းစားမထားနဲ့ ဟုတ်လား … ကျွန်တော် ပြန်မချစ်ရင် အသက်ရှင်နေလဲမထူးပါဆို  …အခုပဲ သေတော့မှာလိုလို လုပ်ပြတာဘယ်သူလဲ "

"လူလူ ! "

"ဘာလဲ !"

ဇ ရဲ့ ဒေါသတကြီးအော်လိုက်သံက ဟိန်းကနဲမို့  ရေး  ပါလှည့်ကြည့်လာ၏ …
ရောင်းသူဝယ်သူအသံတူစွာ အကိုကြီး
ရှေ့ ကအော်ရင် နောက်က လူကလေးက ပြန်အော်သည်။

သူဒေါသထွက်တက်သလို ကိုယ်လဲထွက်တက်တယ်။ လူကို သတ်တော့ဖြတ်တော့မလိုမျက်ထောင့်နီနဲ့  ကြည့်လာရင်
သိပ်မုန်းတာပဲ ။ အဲ့ဒါတွေကြောင့်မတည့်တာ။ ဒေါသထွက်ရင် မျက်လုံးကြီးက ချစ်သူတွေသာပြောတာ  ပြူးပြ  ဖြဲပြနဲ့ ။

"မအော်နဲ့ မင်းထက်အသက်ကြီးတယ်"

" အဲ့ဒါဆို  အကိုကြီးလဲ လာမအော်နဲ့ လေ။ အကိုကြီးမကြိုက်သလို ကျွန်တော်လဲ မကြိုက်ဘူး "

" ကျစ်! …လူလူ မင်းကိုယ့်ကို တခွန်းမကျန်ပြန်အော်နေတာလား …ဘာလဲပြော  ငါ့ကို စိတ်ကုန်နေတာလား မချစ်တော့တာလား"

ဇ  တော်တော်ဒေါသထွက်လာသည်။
လူလူ ခုတလောအလိုလိုက်မှန်းသိတော့ တအားကဲလာတယ်။ 

" ဘာဆိုင်လဲ ချစ်တာနဲ့ ရန်ဖြစ်တာနဲ့ တခြားစီပဲ "

" ဒါဆိုမချစ်ဘူးလား "

"ချစ်တယ်လေ "

" တော်ပီရန်မဖြစ်တော့ဘူး ရပ်မယ် "

" ဒါဆို အကိုကြီးလဲ ဆက်မအော်တော့နဲ့ "

" အင်း မအော်တော့ဘူး "

" ပီးရော ကျွန်တော့ကိုရော ချစ်လား "

"ချစ်တာမှအရမ်းကို ချစ်တာ "

"အင်း ဒါဆိုနောက်ကို လာမအော်တော့နဲ့ "

"မင်းရော ကိုယ့်ကို ပြန်မပြောနဲ့ "

"အင်း မအော်တော့ဘူး "

စောစောက အော်ဟစ်ရန်ဖြစ်နေတဲ့ ရန်ပွဲကြောင့် ထ ပဲ ဆွဲရတော့မလိုလို ဖြစ်နေတဲ့ ရေး က ချက်ခြင်း ငြိမ်ကျသွားတာကြောင့် ပါးစပ်အဟောင်းသားလေး ငေးနေ၏

ဘယ်လို အတွဲကြီးလဲ စိတ်ရောမှန်ကြရဲ့လား ……

ချစ်တဲ့အိမ်စည်။

(oneshot လေးတစ်ပုဒ်ရေးထားတယ် ။
ချစ်စရာလေး ဖတ်ပေးပါအုန်း )

Bạn đang đọc truyện trên: ZingTruyen.Xyz