ZingTruyen.Xyz

ဇ ( Completed)

25

eainsi23

ကားေပၚတက္ထိုင္ပီးလက္ထဲက ပါလာတဲ့ ကိတ္ဘူးေလးနဲ ့ေက်ာပိုးအိတ္ကို ေနာကခန္းကို လွမ္းပို ့လိုက္ပီး ကားတံခါးကို ေလးေလးပင္ပင္ ပိတ္လိုက္၏။

ေျခေတြလက္ေတြက လွဳပ္ရွားခ်င္စိတ္မရွိေအာင္ ပင္ပန္းေနပီ။

အကိုႀကီးနဲ ့သာ ခြဲရရင္ ေသလိမ့္မည္။

အကိုႀကီးအေမက ဘာလို ့လာေတြ ့တာလဲ မသိေပမဲ့  ဝမ္းနည္းစိတ္ေတြက ရင္ထဲျပည့္ေန၏။ ဘာမွန္းမသိေပမဲ့
ဘယ္ေတာ့မွ မေတြ ့နိုင္ေတာ့တဲ့ အေမ့ကိုလြမ္းေနမိသည္။

ခုထိ သူ ့ဖက္ကိုလွည့္မလာေသးပဲေငးေငးငိုင္ငိုင္လုပ္ေနတဲ့ ကေလးကိုႀကည့္ပီး ဇ  အံႀကိတ္လိုက္သည္။
မ်က္စိေရွ ့ျမင္ေတြ ့ေနရတာ အကုန္လံုး တိုက္ခ်ိဳးပစ္လိုက္ရင္ ေသကုန္ေတာ့မယ္။ ခုထိ သူ ့ကိုေဘးမွာထားပီး ေစာက္ဖက္မလုပ္ေသးတာ ဘာသေဘာလဲ။

"ေတာက္စ္ !!!  ဘာလဲ အဲ့ေကာင္နဲ ့မခြဲခ်င္ေသးတာလား ။ ငါလာႀကိဳလို ့အေနွာက္ယွက္ျဖစ္သြားတာဆိုရင္ ငါျပန္မယ္"

"ဟင္ …ဘယ္ေကာင္လဲ"

ေဒါသတႀကီးေအာ္လိုက္တဲ့ အကိုႀကီးအသံေႀကာင့္ အေတြးႏြံ နွစ္ေနရာမွ လန္ ့ပီးတုန္သြား၏။ ဝမ္းနည္းေနပါတယ္ဆိုမွ
လာေအာ္ေနတဲ့ အကိုႀကီးက မ်က္ရည္ေတြဝိုင္းလာ၏။ ေဒါသႀကီးတဲ့ အကိုႀကီးက
တခါတေလ ဘာသေဘာမွန္းမသိ ထထ ေအာ္တက္လြန္းတာသိေပမဲ့ ဒီေန ့စိတ္အေျခေနရ မေကာင္းတဲ့ လူကေလးအတြက္ကေတာ့  သည္းခံလိုက္ဖို ့အဆင္မေျပေခ်။

"ဘယ္က ေကာင္ရမွာလဲ ။ ေစာေစာ က
မင္း မခြဲနိုင္…မခြာနိုင္နွုတ္ဆက္ေနတဲ့ အေကာင္ေပါ့…ဘာလဲ ငါ့ကိုတမင္ လုပ္ျပေနတာလား လူလူ ။ ငါေဒါသကို မင္းသိရက္နဲ ့ ေခါင္းပုတ္ေျခပုတ္ေနစရာလား။ နွုတ္ဆက္ရုံေလာက္ဆိုငါမေျပာဘူး …
အဲ့ေလာက္လဲ ငါလူမူ ့ေရးမေခါင္းပါးဘူး
ခုဟာက ေတာက္စ္!! ငါေျပာလိုက္ရ မေကာင္းရွိအုန္းမယ္ "

ခုထိ ကားက မထြက္နိုင္ေသးပဲ ဆိုင္နဲ ့မလွမ္းမကမ္းနားမွာရပ္ထားပီး ရန္ျဖစ္ေနႀကျခင္းျဖစ္သည္။  ဇ အေနနဲ ့ ကေလးကို အမ်ားႀကီးကန္ ့သတ္မထားေပမဲ့  လက္ပြန္းတတီးေနတာမ်ိဳးေတာ့မႀကိဳက္။

" အကိုႀကီး က်ြန္ေတာ္ကို စြပ္စြဲေနတာလား ။  အကိုႀကီး ေဒါသတႀကီး ေအာ္ရေအာင္ က်ြန္ေတာ္ မဟုတ္တာ လုပ္မထားဘူး။ ဘာလဲ သက္သက္ေျပာရပီးေရာဆိုပီး  မ်က္နွာမြဲ မိဘမဲ့ ဆိုပီး နွိမ္ခ်င္တာလား"

သူမ်ားမိဘ ေတြ ကိုယ့္သားသမီးအတြက္ စိတ္ပူေပးေနရတဲ့ အခ်ိန္မွာ လူကေလးက
ေမြးကတည္းက မိဘမဲ့ ။ဝမ္းနည္းေနတာကို ပိုပီး ေလာင္စာထည့္လိုက္သလို   မေျပာသင့္တာကို  သိေပမဲ့ အကိုႀကီးကိုျပန္ေအာ္လိုက္သည္။ 

"လူလူ မင္းငါ့ကို ဘယ္လိုေျပာလိုက္တာလဲ။ အခ်ိန္တိုင္း ငါထားခဲ့တဲ့ ေစတနာေတြကို မင္း ေစာ္ကားလိုက္တာလား"

ဇ ေပါင္ေပၚတင္ထားတဲ့ လက္ကို လက္သီးဆုပ္ လိုက္၏။ ကေလးေလးမို ့လို ့
သီးခံေနတာ တျခားတစ္ေယာက္ဆို ဒီေနရာမွာ တပြဲတလမ္းျဖစ္ပီးပီ။

"အကိုႀကီး ဒါဆို အေႀကာင္းျပခ်က္မရွိပဲ လာမေအာ္နဲ ့ေလ  ။ "

" မေအာ္ေစခ်င္ရင္… အစကတည္းက
တျခားတစ္ေယာက္နဲ ့ပုတ္လိုက္ခတ္လိုက္ မလုပ္နဲ ့ေလ ။ မင္းက ငါ့ခ်စ္သူ ။
ငါ့ေနရာမင္းဆိုရင္ေရာ …ငါဒီလို လုပ္ရင္ႀကိဳက္မလား "

သူ ့ကို ေအာက္နွုတ္ခမ္းေတြ ကိုက္ပီး  ျပန္ႀကည့္ေနတဲ့ ကေလးေႀကာင့္ ဇ တက္ေခါက္လိုက္သည္။

"ေတာက္ !!  လူလူ မင္း ငါ့ကိုထားသြားဖို ့ေတာ့ မစဥ္းစားနဲ ့ေနာ္ ။ လုပ္ရဲရင္လုပ္ႀကည့္မင္းကိုငါ သတ္မွာ "

အံ့ကို တင္းတင္းႀကိတ္ပီး စူးစူးရဲရဲ ျပန္စိုက္ ႀကည့္ပီး  ဇ ဆိုလိုက္၏
အျပန္အလွန္ စကားမ်ားေအာ္ဟစ္ပီးဆူညံေနတဲ့ စကားဝိုင္းက ခုေတာ့ တစ္ေယာက္နဲ ့တစ္ေယာက္ျပန္ႀကည့္ရင္း ျငိမ္သက္သြားသည္။   မိနစ္ အနည္းငယ္ႀကာေအာင္ႀကည့္ေနရင္းမွ ကေလးေလးဖက္က
အရင္ဦးဆံုး  မ်က္လႊာခ်သြားပီး ရင္ခြင္ထဲတိုးဝင္လာ၏။

တသိမ့္သိမ့္တုန္ေနေသာ ကိုယ္လံုးေလးကို  ဇ  … ျပန္ေထြးေပြ ့ပီး   ငံု ့နမ္းလိုက္မိေတာ့
ေစာေစာ ဆူပြက္ေနတဲ့ ေဒါသ မီးလ်ံက ခ်က္ျခင္းျငိမ္း၏။ 

သူ သိပ္ခ်စ္တာ ဒီကေလးကို ။

  နုနုညံ့ညံ့ မေျပာတက္ေပမဲ့ သူ ခ်စ္တာ သူပဲ သိတယ္။  ဘယ္ေလာက္ပဲ
စကားမ်ားမ်ား လူကေလးက ျငင္းပယ္လို ့မရေအာင္ သူ ့နွလံုးသား …သူ ့အသက္။

"ကိုယ္မွားသြားပါတယ္။  မင္းကို ေအာ္မိသြားတာ ကိုယ္သဝန္ တိုသြားလို ့ပါ။ ခြင့္လႊတ္ပါေနာ္ ကေလးေလး "

ေတာင္းပန္တယ္ဆိုတာရာဇဝင္မရွိေပမဲ့
ကေလးေလးကိုေတာ့ ေတာင္းပန္လိုက္သည္။
ကေလးေလးက ဇ ရဲ့ ပထမဆံုးခ်စ္ခဲ့ရတဲ့ ခ်စ္သူ။ ဇ ေအာက္က်ေနာက္က်ခံကာ
ခ်စ္တယ္ေျပာပီးအေျဖေတာင္းခဲ့သူ။

အကုန္လံုးထက္ပိုပီး ပထမဦးစားေပးေလးမို ့ သူ ့ဖက္က ေဒါသအေလ်ာက္ ေျပာခ်င္ေျပာမည္ ဆဲခ်င္ဆဲမည္။ ဒါေပမဲ့ လမ္းမခြဲနိုင္ေပ။

" မမုန္းလိုက္ပါနဲ ့ေနာ္ …ကိုယ္ေဒါသႀကီးတာ မင္းသိတာပဲ  …စိတ္တိုလို ့ ေအာ္ရင္လဲ ထားမသြားပါနဲ ့ ။ ဒီလိုပဲရန္ဖစ္မယ္
ေဒါသတႀကီး ေအာ္ႀကမယ္… ပီးရင္ ခုလိုေလး စိတ္ေျပသြားရင္ ရင္ခြင္ထဲ တိုးပီးကိုယ့္ေဒါသေတြ ကိုေလ်ာ့ခ်ေပးပါ ။ မမုန္းလိုက္ပါနဲ ့ထားမသြားပါနဲ ့ မင္းမရွိရင္ ကိုယ္ေသလိမ့္မယ္ "

ေက်ာျပင္ငယ္ကို ပြတ္ပီး ဇ  ေခ်ာ့လိုက္သည္။  စိတ္ေျပလြယ္တဲ့ ကေလးငယ္က
တျဖည္းျဖည္း ရွဳိက္သံဆဲ သြားပီမို ့ ဇ  ထပ္ပီးငံု ့နမ္းလိုက္၏။
ခ်စ္လိုက္တာ ဆိုတာ ေျပာျပလို ့ကို မရဘူး။

" အကိုႀကီးကို ေအာ္မိတာေတာင္းပန္ပါတယ္ "

"အင္း မင္းကို ခ်စ္တယ္ "

" က်ြန္ေတာ္  ဝမ္းနည္းေနလို ့ေအာ္မိသြားတာ ေနာက္ မျဖစ္ေအာင္ ထိန္းပါ့မယ္"

"မလိုပါဘူး ။ ဝမ္းနည္းရင္ ကိုယ္ရင္ဖက္ကိုကြယ္ပီး ငိုလိုက္ ။ စိတ္ညစ္ရင္ ခုလို တစ္ေယာက္နဲ ့တစ္ေယာက္ ေအာ္ဟစ္ရန္ဖစ္မယ္။ အခ်ိန္တန္လို ့စိတ္ေျပရင္
မင္းဖက္က ေလ်ာ့သင့္ရင္ေလ်ာ့မယ္ ကိုယ္ဖက္က ေလ်ာ့သင့္ရင္ေလ်ာ့မယ္။ တခုပဲ
ကိုယ့္ကို ထားသြားလို ့မရဘူး "

"က်ြန္ေတာ္ကိုလဲ ထားသြားလို ့မရဘူး "

"ေဝးေသးတယ္ "

ေျပာပီး ရင္ခြင္ထဲကေလးကို ငံု ့ပီး နမ္းပီး စ ,လိုက္သည္။ နမ္းလိုက္သည့္ေနရာက လည္ပင္းမို ့ တြန္ ့လိမ္ပီး ထေအာ္၏။

"ခစ္ခ္ ယားတယ္လို ့အကိုႀကီး"

"ဒါဆို ဘာလို ့  ဝမ္းနည္းတာလဲေျပာျပ "

နမ္းေနရာမွရပ္လိုက္ပီး ပုခံုးကေန ဆြဲထူကာမ်က္နွာခ်င္းဆိုင္လိုက္သည္။ 
ငိုထားလို ့စိုေနတဲ့ မ်က္ရည္စေတြကို လက္နဲ ့လိုက္သုတ္ေပးပီး ေမးလိုက္ေတာ့ မ်က္လႊာခ်ကာ ေခါင္းငံု ့သြား၏။

ဒီကေလး အလုပ္မွာမ်ား တခုခုျဖစ္လာတာလား။

"ဘာျဖစ္လာတာလဲ  ကိုယ့္ကိုမေျပာျပခ်င္ဘူးလား "

"မဟုတ္ပါဘူး။  က်ြန္ေတာ္ ေမေမကို သတိရလို ့ပါ "

"အင္း  ေနာက္ပီးေတာ့ေရာ … မင္းဝမ္းနည္းတာ ဒါတင္ပဲလား က်န္ေသးလား "

ဒီမ်က္နွာေလးကို အခ်ိန္တိုင္း အလြတ္ႀကည့္လာတဲ့ သူပီပီ  ဘာျဖစ္သလဲ ဆိုတာသူမသိေပမဲ့ ေနာက္ျပသနာရွိေနေသးတယ္ဆိုတာ သူသိသည္။

" အကိုႀကီးေမေမ လာသြားတယ္"

"ဘာ!!   "

ေအာ္သံက ကားထဲမွာ ဟိန္းကနဲ

"မင္းကို ဘာလာေျပာသြားတာလဲ။ ေျပာ တခုမက်န္ေျပာ "

ဇ ပူပင္ေသာက ေႀကာင့္ အေလာတႀကီး
ပုခံုးသားကို ညစ္ေမးလိုက္ေတာ့ မဲ့ကနဲ ျဖစ္သြားတဲ့ မ်က္နွာေလးေႀကာင့္ ကိုင္ထားတဲ့ ပုခံုးေပၚက လက္ကို အလန္ ့တႀကား
ဖယ္ေပးလိုက္သည္။

က်စ္!! ဘာတခုမွ အဆင္မေျပဘူး။
ေဖေဖကေရာ ေျပာေတာ့ မင္းအေမလာရင္ အဆင္ေျပေအာင္ႀကည့္ေျပာထားမယ္ဆိုပီး ခုေတာ့ ဘာေတြလဲ။ တခုခုဆိုရင္
လူလူ ကိုေဝးရာေခၚသြားဖို ့ပဲ သူ တက္နိုင္သည္မို ့

" မင္း ငါ့ကို လက္ထက္ဖို ့ဆႏၵရွိလား "

ေယာင္ေတာင္ေတာင္ ေခါင္းျငိမ့္ျပလာသည္မို ့  ပါးေလးကိုလွမ္းဖ်စ္ညစ္လိုက္သည္။ ေဖေဖက အရာရာ နားလည္ေပးနိုင္ေပမဲ့ ေမေမက အတၱႀကီးပီးေမာက္မာတဲ့ အမ်ိဳးသမီးမို ့ လူလူ ကို လက္ခံေပးနိုင္ဖို ့မေသခ်ာ။

"ဒါဆို လက္ထက္ရေအာင္ မင္းကို
ေဝးရာေခၚသြားမယ္ လိုက္မယ္မလား"

သက္ျပင္းခ်ကာ ေဆးလိပ္ကို ထုတ္ပီး နွုတ္ခမ္းမွာေတ့ရင္း ဇ  ေျပာလိုက္လ်ွင္

"ဘယ္ေခၚေခၚ လိုက္နိုင္တယ္ ဒါေပမဲ့ အခု…မဟုတ္ေသးဘူး ။ အကိုႀကီး ေဆးလိပ္မေသာက္နဲ ့  ဒီဖက္လွည့္ "

ဆြဲလုခံလိုက္ရတဲ့ ေဆးလိပ္ေလးကို လိုက္ႀကည့္ေနတုန္း ပါးနွစ္ဖက္ကို လက္ဖဝါးနဲ ့ညွပ္ကာဆြဲလွည့္ခံလိုက္ရသည္။

" အကိုႀကီးဘာေတြ ေတြးေနတာလဲ။
အျမဲ က်ြန္ေတာ္ဘာျဖစ္ေနတာလဲဆိုတာ
အကိုႀကီး သိဖို ့ဘာလို ့အရင္မႀကိဳးစားတာလဲ ။ အကိုႀကီး ေမေမကို စိတ္တိုေနတာဆိုရင္ ငရဲႀကီးလိမ့္မယ္ ။ အရင္ဆံုး က်ြန္ေတာ္ေျပာတာနားေထာင္ေပးလို ့ရမလား "

"…"

ပါးကို ကိုင္ထားတဲ့ လက္ေတြကို ဖယ္လိုက္ပီး လူကေလး ေခါင္းငုံ ့ကာ သက္ျပင္းခ်လိုက္ပီးမွ

"  လာသြားတယ္ ။ ေအးေအးေဆးေဆး
မုန္ ့လာစား တာပါ ။ က်ြန္ေတာ့္ကို ဘာမွေျပာမသြားဘူး …မုန္ ့ဝယ္ ေက်ြးသြားတယ္ပီးေတာ့ စာ တစ္ေစာင္လဲေပးသြားတယ္ ဒါေပမဲ့
က်ြန္ေတာ္ စိုးရိမ္ေနတယ္ …အကိုႀကီး အေမက  က်ြန္ေတာ္နဲ ့အကိုႀကီး ကို
ခြဲေတာ့ မခြဲေလာက္ဖူးမို ့လား "

ကေလးက  ဒါကို စိုးရိမ္လို ့ မ်က္နွာပ်က္ေနတာလား ။ တြန္ ့ခ်ိဳးေနတဲ့ မ်က္ခံုးတို ့သည္ေျပျပစ္သြားပီးလ်ွင္

"ေမေမေပးထားတဲ့ စာကို ကိုယ့္ကိုျပ "

အိတ္ေထာင္ထဲက ထုတ္ေပးတဲ့ စာရြက္ေခါက္ေလးကို ဇ ဖတ္ႀကည့္ပီး သေဘာတက် ျပံဳးလိုက္၏။ သိပ္ကို အ ,တဲ့ ကေလးေလး။ 

မာနႀကီးတဲ့ ေဒၚနန္းခ်ယ္ရီကို မိနစ္ပိုင္းအတြင္း ဘယ္လို မ်ားခ်ဳပ္လိုက္တာပါလိမ့္။
အတၱႀကီးသလို မာန္မာနႀကီးပီးေမာက္မာတဲ့ ေမေမက  လူတိုင္းနဲ ့မတည့္သလို
ေဖေဖနဲ ့ေတာင္ သိပ္မတည့္။
ဒါ ကို ခန အတြင္းမွာ ေက်နပ္ေအာင္
ဘယ္လိုမ်ားလုပ္ျပလိုက္လို ့ လက္ခံေပးလိုက္တာလဲ စဥ္းစာစရာပဲ။  ဇ အေနနဲ ့ေမေမနဲ ့ဒီထက္ပိုႀကာေအာင္ ရင္ဆိုင္ရမယ္ထင္ထားေပမဲ့ ဒီေလာက္လြယ္လြယ္ကူကူ ျဖစ္သြားတာကိုေတာ့  မယံုႀကည္နိုင္ေသးေပ။

ခ်စ္တဲ့ အိမ္စည္။

##############

ကားပေါ်တက်ထိုင်ပီးလက်ထဲက ပါလာတဲ့ ကိတ်ဘူးလေးနဲ့ ကျောပိုးအိတ်ကို နောကခန်းကို လှမ်းပို့ လိုက်ပီး ကားတံခါးကို လေးလေးပင်ပင် ပိတ်လိုက်၏။

ခြေတွေလက်တွေက လှုပ်ရှားချင်စိတ်မရှိအောင် ပင်ပန်းနေပီ။

အကိုကြီးနဲ့ သာ ခွဲရရင် သေလိမ့်မည်။

အကိုကြီးအမေက ဘာလို့ လာတွေ့ တာလဲ မသိပေမဲ့  ဝမ်းနည်းစိတ်တွေက ရင်ထဲပြည့်နေ၏။ ဘာမှန်းမသိပေမဲ့
ဘယ်တော့မှ မတွေ့ နိုင်တော့တဲ့ အမေ့ကိုလွမ်းနေမိသည်။

ခုထိ သူ့ ဖက်ကိုလှည့်မလာသေးပဲငေးငေးငိုင်ငိုင်လုပ်နေတဲ့ ကလေးကိုကြည့်ပီး ဇ  အံကြိတ်လိုက်သည်။
မျက်စိရှေ့ မြင်တွေ့ နေရတာ အကုန်လုံး တိုက်ချိုးပစ်လိုက်ရင် သေကုန်တော့မယ်။ ခုထိ သူ့ ကိုဘေးမှာထားပီး စောက်ဖက်မလုပ်သေးတာ ဘာသဘောလဲ။

"တောက်စ် !!!  ဘာလဲ အဲ့ကောင်နဲ့ မခွဲချင်သေးတာလား ။ ငါလာကြိုလို့ အနှောက်ယှက်ဖြစ်သွားတာဆိုရင် ငါပြန်မယ်"

"ဟင် …ဘယ်ကောင်လဲ"

ဒေါသတကြီးအော်လိုက်တဲ့ အကိုကြီးအသံကြောင့် အတွေးနွံ နှစ်နေရာမှ လန့် ပီးတုန်သွား၏။ ဝမ်းနည်းနေပါတယ်ဆိုမှ
လာအော်နေတဲ့ အကိုကြီးက မျက်ရည်တွေဝိုင်းလာ၏။ ဒေါသကြီးတဲ့ အကိုကြီးက
တခါတလေ ဘာသဘောမှန်းမသိ ထထ အော်တက်လွန်းတာသိပေမဲ့ ဒီနေ့ စိတ်အခြေနေရ မကောင်းတဲ့ လူကလေးအတွက်ကတော့  သည်းခံလိုက်ဖို့ အဆင်မပြေချေ။

"ဘယ်က ကောင်ရမှာလဲ ။ စောစော က
မင်း မခွဲနိုင်…မခွာနိုင်နှုတ်ဆက်နေတဲ့ အကောင်ပေါ့…ဘာလဲ ငါ့ကိုတမင် လုပ်ပြနေတာလား လူလူ ။ ငါဒေါသကို မင်းသိရက်နဲ့  ခေါင်းပုတ်ခြေပုတ်နေစရာလား။ နှုတ်ဆက်ရုံလောက်ဆိုငါမပြောဘူး …
အဲ့လောက်လဲ ငါလူမူ့ ရေးမခေါင်းပါးဘူး
ခုဟာက တောက်စ်!! ငါပြောလိုက်ရ မကောင်းရှိအုန်းမယ် "

ခုထိ ကားက မထွက်နိုင်သေးပဲ ဆိုင်နဲ့ မလှမ်းမကမ်းနားမှာရပ်ထားပီး ရန်ဖြစ်နေကြခြင်းဖြစ်သည်။  ဇ အနေနဲ့  ကလေးကို အများကြီးကန့် သတ်မထားပေမဲ့  လက်ပွန်းတတီးနေတာမျိုးတော့မကြိုက်။

" အကိုကြီး ကျွန်တော်ကို စွပ်စွဲနေတာလား ။  အကိုကြီး ဒေါသတကြီး အော်ရအောင် ကျွန်တော် မဟုတ်တာ လုပ်မထားဘူး။ ဘာလဲ သက်သက်ပြောရပီးရောဆိုပီး  မျက်နှာမွဲ မိဘမဲ့ ဆိုပီး နှိမ်ချင်တာလား"

သူများမိဘ တွေ ကိုယ့်သားသမီးအတွက် စိတ်ပူပေးနေရတဲ့ အချိန်မှာ လူကလေးက
မွေးကတည်းက မိဘမဲ့ ။ဝမ်းနည်းနေတာကို ပိုပီး လောင်စာထည့်လိုက်သလို   မပြောသင့်တာကို  သိပေမဲ့ အကိုကြီးကိုပြန်အော်လိုက်သည်။ 

"လူလူ မင်းငါ့ကို ဘယ်လိုပြောလိုက်တာလဲ။ အချိန်တိုင်း ငါထားခဲ့တဲ့ စေတနာတွေကို မင်း စော်ကားလိုက်တာလား"

ဇ ပေါင်ပေါ်တင်ထားတဲ့ လက်ကို လက်သီးဆုပ် လိုက်၏။ ကလေးလေးမို့ လို့
သီးခံနေတာ တခြားတစ်ယောက်ဆို ဒီနေရာမှာ တပွဲတလမ်းဖြစ်ပီးပီ။

"အကိုကြီး ဒါဆို အကြောင်းပြချက်မရှိပဲ လာမအော်နဲ့ လေ  ။ "

" မအော်စေချင်ရင်… အစကတည်းက
တခြားတစ်ယောက်နဲ့ ပုတ်လိုက်ခတ်လိုက် မလုပ်နဲ့ လေ ။ မင်းက ငါ့ချစ်သူ ။
ငါ့နေရာမင်းဆိုရင်ရော …ငါဒီလို လုပ်ရင်ကြိုက်မလား "

သူ့ ကို အောက်နှုတ်ခမ်းတွေ ကိုက်ပီး  ပြန်ကြည့်နေတဲ့ ကလေးကြောင့် ဇ တက်ခေါက်လိုက်သည်။

"တောက် !!  လူလူ မင်း ငါ့ကိုထားသွားဖို့ တော့ မစဉ်းစားနဲ့ နော် ။ လုပ်ရဲရင်လုပ်ကြည့်မင်းကိုငါ သတ်မှာ "

အံ့ကို တင်းတင်းကြိတ်ပီး စူးစူးရဲရဲ ပြန်စိုက် ကြည့်ပီး  ဇ ဆိုလိုက်၏
အပြန်အလှန် စကားများအော်ဟစ်ပီးဆူညံနေတဲ့ စကားဝိုင်းက ခုတော့ တစ်ယောက်နဲ့ တစ်ယောက်ပြန်ကြည့်ရင်း ငြိမ်သက်သွားသည်။   မိနစ် အနည်းငယ်ကြာအောင်ကြည့်နေရင်းမှ ကလေးလေးဖက်က
အရင်ဦးဆုံး  မျက်လွှာချသွားပီး ရင်ခွင်ထဲတိုးဝင်လာ၏။

တသိမ့်သိမ့်တုန်နေသော ကိုယ်လုံးလေးကို  ဇ  … ပြန်ထွေးပွေ့ ပီး   ငုံ့ နမ်းလိုက်မိတော့
စောစော ဆူပွက်နေတဲ့ ဒေါသ မီးလျံက ချက်ခြင်းငြိမ်း၏။ 

သူ သိပ်ချစ်တာ ဒီကလေးကို ။

  နုနုညံ့ညံ့ မပြောတက်ပေမဲ့ သူ ချစ်တာ သူပဲ သိတယ်။  ဘယ်လောက်ပဲ
စကားများများ လူကလေးက ငြင်းပယ်လို့ မရအောင် သူ့ နှလုံးသား …သူ့ အသက်။

"ကိုယ်မှားသွားပါတယ်။  မင်းကို အော်မိသွားတာ ကိုယ်သဝန် တိုသွားလို့ ပါ။ ခွင့်လွှတ်ပါနော် ကလေးလေး "

တောင်းပန်တယ်ဆိုတာရာဇဝင်မရှိပေမဲ့
ကလေးလေးကိုတော့ တောင်းပန်လိုက်သည်။
ကလေးလေးက ဇ ရဲ့ ပထမဆုံးချစ်ခဲ့ရတဲ့ ချစ်သူ။ ဇ အောက်ကျနောက်ကျခံကာ
ချစ်တယ်ပြောပီးအဖြေတောင်းခဲ့သူ။

အကုန်လုံးထက်ပိုပီး ပထမဦးစားပေးလေးမို့  သူ့ ဖက်က ဒေါသအလျောက် ပြောချင်ပြောမည် ဆဲချင်ဆဲမည်။ ဒါပေမဲ့ လမ်းမခွဲနိုင်ပေ။

" မမုန်းလိုက်ပါနဲ့ နော် …ကိုယ်ဒေါသကြီးတာ မင်းသိတာပဲ  …စိတ်တိုလို့  အော်ရင်လဲ ထားမသွားပါနဲ့  ။ ဒီလိုပဲရန်ဖစ်မယ်
ဒေါသတကြီး အော်ကြမယ်… ပီးရင် ခုလိုလေး စိတ်ပြေသွားရင် ရင်ခွင်ထဲ တိုးပီးကိုယ့်ဒေါသတွေ ကိုလျော့ချပေးပါ ။ မမုန်းလိုက်ပါနဲ့ ထားမသွားပါနဲ့  မင်းမရှိရင် ကိုယ်သေလိမ့်မယ် "

ကျောပြင်ငယ်ကို ပွတ်ပီး ဇ  ချော့လိုက်သည်။  စိတ်ပြေလွယ်တဲ့ ကလေးငယ်က
တဖြည်းဖြည်း ရှိုက်သံဆဲ သွားပီမို့  ဇ  ထပ်ပီးငုံ့ နမ်းလိုက်၏။
ချစ်လိုက်တာ ဆိုတာ ပြောပြလို့ ကို မရဘူး။

" အကိုကြီးကို အော်မိတာတောင်းပန်ပါတယ် "

"အင်း မင်းကို ချစ်တယ် "

" ကျွန်တော်  ဝမ်းနည်းနေလို့ အော်မိသွားတာ နောက် မဖြစ်အောင် ထိန်းပါ့မယ်"

"မလိုပါဘူး ။ ဝမ်းနည်းရင် ကိုယ်ရင်ဖက်ကိုကွယ်ပီး ငိုလိုက် ။ စိတ်ညစ်ရင် ခုလို တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်ရန်ဖစ်မယ်။ အချိန်တန်လို့ စိတ်ပြေရင်
မင်းဖက်က လျော့သင့်ရင်လျော့မယ် ကိုယ်ဖက်က လျော့သင့်ရင်လျော့မယ်။ တခုပဲ
ကိုယ့်ကို ထားသွားလို့ မရဘူး "

"ကျွန်တော်ကိုလဲ ထားသွားလို့ မရဘူး "

"ဝေးသေးတယ် "

ပြောပီး ရင်ခွင်ထဲကလေးကို ငုံ့ ပီး နမ်းပီး စ ,လိုက်သည်။ နမ်းလိုက်သည့်နေရာက လည်ပင်းမို့  တွန့် လိမ်ပီး ထအော်၏။

"ခစ်ခ် ယားတယ်လို့ အကိုကြီး"

"ဒါဆို ဘာလို့   ဝမ်းနည်းတာလဲပြောပြ "

နမ်းနေရာမှရပ်လိုက်ပီး ပုခုံးကနေ ဆွဲထူကာမျက်နှာချင်းဆိုင်လိုက်သည်။ 
ငိုထားလို့ စိုနေတဲ့ မျက်ရည်စတွေကို လက်နဲ့ လိုက်သုတ်ပေးပီး မေးလိုက်တော့ မျက်လွှာချကာ ခေါင်းငုံ့ သွား၏။

ဒီကလေး အလုပ်မှာများ တခုခုဖြစ်လာတာလား။

"ဘာဖြစ်လာတာလဲ  ကိုယ့်ကိုမပြောပြချင်ဘူးလား "

"မဟုတ်ပါဘူး။  ကျွန်တော် မေမေကို သတိရလို့ ပါ "

"အင်း  နောက်ပီးတော့ရော … မင်းဝမ်းနည်းတာ ဒါတင်ပဲလား ကျန်သေးလား "

ဒီမျက်နှာလေးကို အချိန်တိုင်း အလွတ်ကြည့်လာတဲ့ သူပီပီ  ဘာဖြစ်သလဲ ဆိုတာသူမသိပေမဲ့ နောက်ပြသနာရှိနေသေးတယ်ဆိုတာ သူသိသည်။

" အကိုကြီးမေမေ လာသွားတယ်"

"ဘာ!!   "

အော်သံက ကားထဲမှာ ဟိန်းကနဲ

"မင်းကို ဘာလာပြောသွားတာလဲ။ ပြော တခုမကျန်ပြော "

ဇ ပူပင်သောက ကြောင့် အလောတကြီး
ပုခုံးသားကို ညစ်မေးလိုက်တော့ မဲ့ကနဲ ဖြစ်သွားတဲ့ မျက်နှာလေးကြောင့် ကိုင်ထားတဲ့ ပုခုံးပေါ်က လက်ကို အလန့် တကြား
ဖယ်ပေးလိုက်သည်။

ကျစ်!! ဘာတခုမှ အဆင်မပြေဘူး။
ဖေဖေကရော ပြောတော့ မင်းအမေလာရင် အဆင်ပြေအောင်ကြည့်ပြောထားမယ်ဆိုပီး ခုတော့ ဘာတွေလဲ။ တခုခုဆိုရင်
လူလူ ကိုဝေးရာခေါ်သွားဖို့ ပဲ သူ တက်နိုင်သည်မို့

" မင်း ငါ့ကို လက်ထက်ဖို့ ဆန္ဒရှိလား "

ယောင်တောင်တောင် ခေါင်းငြိမ့်ပြလာသည်မို့   ပါးလေးကိုလှမ်းဖျစ်ညစ်လိုက်သည်။ ဖေဖေက အရာရာ နားလည်ပေးနိုင်ပေမဲ့ မေမေက အတ္တကြီးပီးမောက်မာတဲ့ အမျိုးသမီးမို့  လူလူ ကို လက်ခံပေးနိုင်ဖို့ မသေချာ။

"ဒါဆို လက်ထက်ရအောင် မင်းကို
ဝေးရာခေါ်သွားမယ် လိုက်မယ်မလား"

သက်ပြင်းချကာ ဆေးလိပ်ကို ထုတ်ပီး နှုတ်ခမ်းမှာတေ့ရင်း ဇ  ပြောလိုက်လျှင်

"ဘယ်ခေါ်ခေါ် လိုက်နိုင်တယ် ဒါပေမဲ့ အခု…မဟုတ်သေးဘူး ။ အကိုကြီး ဆေးလိပ်မသောက်နဲ့   ဒီဖက်လှည့် "

ဆွဲလုခံလိုက်ရတဲ့ ဆေးလိပ်လေးကို လိုက်ကြည့်နေတုန်း ပါးနှစ်ဖက်ကို လက်ဖဝါးနဲ့ ညှပ်ကာဆွဲလှည့်ခံလိုက်ရသည်။

" အကိုကြီးဘာတွေ တွေးနေတာလဲ။
အမြဲ ကျွန်တော်ဘာဖြစ်နေတာလဲဆိုတာ
အကိုကြီး သိဖို့ ဘာလို့ အရင်မကြိုးစားတာလဲ ။ အကိုကြီး မေမေကို စိတ်တိုနေတာဆိုရင် ငရဲကြီးလိမ့်မယ် ။ အရင်ဆုံး ကျွန်တော်ပြောတာနားထောင်ပေးလို့ ရမလား "

"…"

ပါးကို ကိုင်ထားတဲ့ လက်တွေကို ဖယ်လိုက်ပီး လူကလေး ခေါင်းငုံ့ ကာ သက်ပြင်းချလိုက်ပီးမှ

"  လာသွားတယ် ။ အေးအေးဆေးဆေး
မုန့် လာစား တာပါ ။ ကျွန်တော့်ကို ဘာမှပြောမသွားဘူး …မုန့် ဝယ် ကျွေးသွားတယ်ပီးတော့ စာ တစ်စောင်လဲပေးသွားတယ် ဒါပေမဲ့
ကျွန်တော် စိုးရိမ်နေတယ် …အကိုကြီး အမေက  ကျွန်တော်နဲ့ အကိုကြီး ကို
ခွဲတော့ မခွဲလောက်ဖူးမို့ လား "

ကလေးက  ဒါကို စိုးရိမ်လို့  မျက်နှာပျက်နေတာလား ။ တွန့် ချိုးနေတဲ့ မျက်ခုံးတို့ သည်ပြေပြစ်သွားပီးလျှင်

"မေမေပေးထားတဲ့ စာကို ကိုယ့်ကိုပြ "

အိတ်ထောင်ထဲက ထုတ်ပေးတဲ့ စာရွက်ခေါက်လေးကို ဇ ဖတ်ကြည့်ပီး သဘောတကျ ပြုံးလိုက်၏။ သိပ်ကို အ ,တဲ့ ကလေးလေး။ 

မာနကြီးတဲ့ ဒေါ်နန်းချယ်ရီကို မိနစ်ပိုင်းအတွင်း ဘယ်လို များချုပ်လိုက်တာပါလိမ့်။
အတ္တကြီးသလို မာန်မာနကြီးပီးမောက်မာတဲ့ မေမေက  လူတိုင်းနဲ့ မတည့်သလို
ဖေဖေနဲ့ တောင် သိပ်မတည့်။
ဒါ ကို ခန အတွင်းမှာ ကျေနပ်အောင်
ဘယ်လိုများလုပ်ပြလိုက်လို့  လက်ခံပေးလိုက်တာလဲ စဉ်းစာစရာပဲ။  ဇ အနေနဲ့ မေမေနဲ့ ဒီထက်ပိုကြာအောင် ရင်ဆိုင်ရမယ်ထင်ထားပေမဲ့ ဒီလောက်လွယ်လွယ်ကူကူ ဖြစ်သွားတာကိုတော့  မယုံကြည်နိုင်သေးပေ။

ချစ်တဲ့ အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz