24
ဆိုင္မ်က္နွာစာ တျခမ္းလံုးမွန္အျပည့္ ကာထားသည္မို ့ လမ္းမွာျဖတ္သြားသမ်ွ အကုန္ရွင္းရွင္းလင္းလင္းျမင္ေတြ ့ေနရသည္။
ဆိုင္ထဲ မွာလဲ အဝါေရာင္ ေတာက္ေတာက္ ေဆးျခယ္ထားသည္မို ့ သစ္လြင္တဲ့ ခံစားခ်က္ကို ရသည္သာမက စားပြဲ ဝိုင္းေလးေတြကိုလဲ တဝိုင္းနဲ ့တဝိုင္း ခါးလည္ေလာက္ အျမင့္ရွိတဲ့ အကန္ ့ေလးေတြနဲ ့ပိတ္ထား၏။
ဝန္ထမ္းေလးေတြကလဲပံုစံတူ ယူနီေဖာင္းကို သပ္သပ္ရပ္ရပ္ဝတ္ထားႀကသည္မို ့ျမင္ရတာ အဆင္ေျပသည္ထက္ပိုသည္။
မ်က္စိတဆံုး ရွည္လ်ားတဲ့ မွန္ေကာင္တာထဲမွာကိတ္ မုန္ ့မ်ိဳးစံု ကို လွလွပပ ထည့္ထားသည္မို ့စားခ်င္တာ ကိုယ္တိုင္ေရြးရုံပဲ။
ပတ္ဝန္းက်င္ကို ေစ့ေစ့စပ္စပ္ လိုက္ႀကည့္ပီး ေဒၚနန္းခ်ယ္ရီ နွာေခါင္းေပၚမွာ ပင့္တင္ထားတဲ့ ေနကာမ်က္မွန္ ကို ျပန္ခ်လိုက္သည္။ ပံုစံတူအရြယ္တူေလးေတြမို ့ သားျဖစ္သူ ရဲ့ေကာင္ေလးက ဘယ္တစ္ေယာက္လဲဆိုကာ မသဲကြဲ။ ေဘးခံုမွာ ခ်ထားတဲ့ ပိုက္ဆံအိတ္ထဲက ဖုန္းကို နွုိက္ထုတ္ပီး ဖုန္းထဲက ေကာင္ေလးပံုကို ျပန္ထုတ္ထပ္ႀကည့္လိုက္သည္။
အဝါေရာင္ လက္တိုေကာ္လံပါ ရွပ္အက်ၤ ီ ီေလးနဲ ့ သူ ့သား ကို ေမာ့ႀကည့္ျပံဳးေနသည့္ေကာင္ေလးက ရုပ္အလွႀကီးမ ဟုတ္ေပမဲ့ နုနုငယ္ငယ္။ ေသခ်ာဖုန္းကိုတလွည့္ အလုပ္လုပ္ေနတဲ့ေကာင္ေလးေတြကို တလွည့္ႀကည့္ေနရင္း မ်က္စိထဲဝင္လာတာ
ယူနီေဖာင္း အျဖဴေရာင္လက္ရွည္ နဲ ့စတိုင္ပန္ အနက္ကို ဝတ္ထားတဲ့ အျပံဳးခ်ိဴခ်ိဳေလးနဲ ့ေသးေသးသြယ္သြယ္ကေလးေလး။
ေသခ်ာေအာင္ဖုန္းကို ထပ္ႀကည့္ပီး အိတ္ထဲျပန္ထည့္လိုက္ပီး လက္ျပ ေခၚလိုက္သည္။ ဦးညႊတ္ျပပီး ျပံဳးရယ္ကာ ခ်က္ျခင္းေရာက္လာသည္ မို ့ မ်က္နွာကိုေမာ္ခ်ီကာ အဆင္သင့္ေစာင့္ေနလိုက္၏။
"မဂၤလာပါ ဗ်
ဘာမ်ား သံုးေဆာင္ခ်င္ပါသလဲခင္ဗ်"
"ဘာ စားရမလဲ မသိဘူး ။ မင္းအႀကံေပးလို ့ရမလား "
ေျပာတာကို ေသခ်ာ နားေထာင္ေနပီး
ေခါင္းျငိမ့္ ျပံဳးျပ ၏။ ပီးမွ ……
"ဒီဆိုင္္မွာက မုန္ ့ေတာ္ေတာ္မ်ားမ်ားေကာင္းႀကပါတယ္ဗ် …အန္တီအေန နဲ ့အခ်ိဳႀကိဳက္ရင္ ခ်ိဳတဲ့မုန္ ့ေလးေတြ အႀကံေပးလို ့ရသလို စိမ့္တာေလးေတြ ႀကိဳက္ရင္လဲ တကယ္စားလို ့ေကာင္းတာေလးေတြလဲရွိပါတယ္ခင္ဗ်"
"မင္းဆိုရင္ ဘာႀကိဳက္တက္လဲ "
ေဒၚနန္းခ်ယ္ရီ စကားကို ျဖတ္ေမးလိုက္သည္။
"ဟုတ္… က်ြန္ေတာ္ဆိုရင္ ဒူးရင္းကိတ္ ကိုႀကိဳက္တယ္ ဗ် ။ သူ ကအနံ ့မႀကိဳက္တက္တဲ့ သူ ဆိုရင္ အဆင္မေျပေပမဲ့ …
တကယ္ဒူးရင္းသီးႀကိဳက္တက္တဲ့သူေတြ ဆိုရင္ေတာ့ ေတာ္ေတာ္စားလို ့ေကာင္းတဲ့ထဲပါပါတယ္ဗ် "
ေဒၚနန္းခ်ယ္ရီေခါင္းျငိမ့္ျပပီး……
"ဒါဆိုရင္ အဲ့ဒါ ယူခဲ့ေပး "
"ဟုတ္ကဲ့ ခင္ဗ် …အေအးေရာ လိုပါေသးလားဗ်"
ေခါင္းရမ္းျပကာ…
"ေတာ္ပီ…ဗိုက္သိပ္မဆာလို ့ "
ဦးညႊတ္ ျပံဳးျပပီးထြက္ခြာသြားတဲ့ ေက်ာျပင္ငယ္ကို ႀကည့္ပီး မနွစ္သက္မူ ့မရွိတာထူးဆန္းသည္။
သံုးမိနစ္ေလာက္ႀကာပီးေနာက္ ခ်က္ျခင္းေရာက္လာပီး စားပြဲေပၚကို အဝါေရာင္ ကိတ္အစိတ္ေလးတစိတ္ကို ခ်ေပး၏။
ျမင္လိုက္တာနဲ ့စားခ်င္စဖြယ္အိစက္တဲ့ အသြင္ျပင္ရွိပီး အနံ ့ေမႊးေမႊးက နွာေခါင္းဝမွာ သင္းသင့္ပ်ံ ပ်ံ ့ရစ္သိုင္းလာသည္။
"စားႀကည့္ပါခင္ဗ် …ဒူးရင္းသီးစစ္စစ္နဲ ့
လုပ္ထားလို ့ စားရတာေရာ အနံ ့ေရာ
အသီးစစ္စစ္ကို စားရသလို ခံစားရလိမ့္မယ္ ဗ် ။အစိမ့္ကို ဦးစားေပးထားပီး မုန္ ့သားကပြပြႀကီးလဲမဟုတ္ေတာ့ သေဘာက်မွာပါ ဗ် "
လက္ေလးနွစ္ဖက္ေရွ ့မွာယွက္အုပ္ကိုင္ထားပီး စိတ္ရွည္ရွည္ ျပံဳးျပပီးရွင္းျပေပးေနတာမို ့ ေဒၚနန္းခ်ယ္ရီျပံဳးလိုက္ပီး တဇြန္းေကာ္စားႀကည့္လိုက္သည္။
"အင္း …မင္းေျပာသလို စားလို ့ေကာင္းသားပဲ ။ "
"ဟုတ္ကဲ့ သံုးေဆာင္ပါအုန္း ခင္ဗ် "
မဆိုးဘူး ယဥ္ယဥ္ေက်းေက်းေလး ။ အျပံဳးေလးကလဲ ခ်ိဳသားပဲ။
ဆိုင္ကိုလာတုန္းက ေလ့လာရုံေလာက္ပဲ
လာႀကည့္ေပမဲ့ ျမင္လိုက္ရေတာ့လဲ
မ်က္နွာက ႀကည္ႀကည္ေအးေအးေလးမို ့လက္မခံခ်င္ေလာက္တဲ့ စိတ္ေတာ့မရွိေတာ့ေပ။
သူ ျပန္ေရာက္ေရာက္ျခင္း သားသတင္းကို ႀကားပီး ဦးထြဋ္တင္နဲ ့ေတာင္
စကားမ်ားခဲ့ ေသးသည္။
ပူေလာင္တဲ့ စိတ္က သားကို Gayဆိုတာ
လံုးဝ လက္သင့္မခံနိုင္ေလာက္ေအာင္ထိ
ိစိတ္ပ်က္ခဲ့ရသည္။
ဆင္းဆင္းရဲရဲ ေကာင္ေလးတစ္ေယာက္ကို သားကသေဘာက်တယ္ဆိုကတည္းက ဒီေကာင္ေလး
ဘာေတြျမဴဆြယ္ထားသလဲ လို ့ လာပီးေလ့လာႀကည့္တာ။
ျမင္လိုက္ရတဲ့ရုပ္ကေလးက ေအးေအးခ်မ္းခ်မ္းေလးမို ့ ပူေလာင္ေနတဲ့ စိတ္တို ့သည္ မီးကိုေရနဲ ့ျငွိမ္းလိုက္တဲ့ အတိုင္း ျဖစ္ခဲ့ရသည္။
ညႊန္းေပးတဲ့ ကိတ္ေလးက ေကာင္းသားပဲ
အေတြးနဲ ့ ေဘးမွျဖတ္သြားတဲ့ ဝန္ထမ္းေကာင္ေလးကို လွမ္းတားလိုက္သည္။
" ဟုတ္ …ဘာမ်ားအလိုရွိပါသလဲဗ် "
"ဒူးရင္းကိတ္ တလံုးေလာက္မွာခ်င္လို ့
ေသခ်ာေလး လွလွပပ ထည့္ေပးပါေနာ္
အန္တီ လက္ေဆာင္ေပးခ်င္လို ့"
"ဟုတ္ကဲ့ ခင္ဗ် "
"ေအာ္ က်န္ေသးတယ္ ခန ေနာ္ "
ထြက္သြားေတာ့မဲ့ ေကာင္ေလးကို လွမ္းတားပီး အိတ္ထဲက စာရြက္နဲ ့ေဘာပင္ယူကာ စာျမန္ျမန္ေရးလိုက္သည္။
"ဒါေလး ကို ပါ ဘူးထဲထည့္ေပးပါေနာ္ ။
ေကာင္တာမွာတခါထဲေငြရွင္းခဲ့မယ္။ လက္ေဆာင္က ဒီဆိုင္က လူကေလး အတြက္ပါ…အန္တီကို ဒါေလးေသခ်ာကူညီေပးပါအုန္း "
"ေအာ္ …လူလူ အတြက္လား ။
စိတ္ခ်ပါခင္ဗ် ေသခ်ာ ေပးလိုက္ပါ့မယ္ "
ျပံဳးျပနွုတ္ဆက္ပီး ေဒၚနန္းခ်ယ္ရီ ပိုက္ဆံအိတ္ လက္မွာ ခ်ိတ္ပီး ဆိုင္ထဲက ဟန္ပါပါ ထြက္ခဲ့လိုက္၏။ ပ်င္းေနတာနဲ ့အေတာ္ပဲ
ေနာက္ဆို ဒီကေလးကို နည္းနည္းေတာ့အခ်ိန္ေပးအုန္းမွ။
>>>>>>>>>>>>
" ဒါကဘာလဲ ကိုဦး "
လက္ထဲေရာက္လာတဲ့ ကိတ္မုန္ ့ဘူးေလးကိုႀကည့္ပီး လာေပးတဲ့ကိုဦးကို ေမးလိုက္သည္။
"မင္းအတြက္တဲ့ …အန္တီလွလွ တစ္ေယာက္ေပးခိုင္းလိုက္တာ"
လူကေလး လက္ထဲ က ဘူးေလးကို ႀကည့္ပီး ဘယ္သူလဲစဥ္းစားခန္းဝင္ေနတုန္း
ေစာေစာက ဘာစားရမလဲ ေမးတဲ့ အန္တီ့ကို မ်က္လံုးထဲျမင္သြား၏။
" ဟို… ဆံပင္ ပုခံုးေက်ာ္ေက်ာ္ေလာက္ကို
ေကာက္ထားတဲ့ မ်က္မွန္ကိုေခါင္းေပၚလွန္တင္ထားတဲ့ အန္တီလား ။ နွုတ္ခမ္းနီအနီေရာင္ ဆိုးထားတယ္… ပီးေတာ့လွလဲလွတယ္ေလ "
ေတြးမိတာကို ေျပာျပလိုက္ေတာ့ကိုဦးက
ေခါင္းျငိမ့္ျပသည္။
ေတာ္ေတာ္ႀကီး ျပင္ျပင္ဆင္ဆင္နဲ ့ ေခတ္မွီပီးလွသည္မို ့လူတိုင္းသတိထားမိလိုက္နိုင္ ၏။
" ေအာ္ အဲ့ ဘူးထဲမွာစာပါတယ္ ။ ငါသြားေတာ့မယ္ မအားေသးဘူး ။ "
ကိုဦးက ေျပာပီးနားေနခန္းကေနထြက္သြားသည္မို ့ လူကေလး လက္ထဲကဘူးေလးကို ခံုေပၚတင္ပီးဖြင့္ႀကည့္လိုက္ေတာ့ စာရြက္ေခါက္ေလးကို ေတြ ့ရသည္။
ခပ္ေသာ့ေသာ့ေရးထားတဲ့ လက္ေရးနဲ ့အတူ စာေႀကာင္းေလးသံုးေႀကာင္းက လူကေလးကို ေရွာ့ရေစ၏။
[မင္းကို သေဘာ မက်စရာမရွိဘူး…
ႀကိဳက္တယ္ ဆိုလို ့ ဝယ္ေက်ြးတာ
ငါ တိုင္းထြဋ္တင္ရဲ့ အေမ နန္းခ်ယ္ရီ ]
လက္ထဲ ကစာရြက္ ကို ျပန္ေခါက္ထည့္ပီး
လူကေလး ခံုေပၚမွာ အရုပ္ႀကိဳးျပတ္ ထိုင္ခ်လိုက္သည္။
အကိုႀကီးအေမက ဘာလို ့………။
ဇ ကားကိုလမ္းေဘး ထိုးရပ္ပီး စက္မသတ္ေသးပဲ လက္က နာရီကိုႀကည့္လိုက္သည္။ ရွစ္နာရီ ကြက္တိ မို ့ ကေလးေလးအလုပ္ဆင္းေတာ့မည္။
လည္ပင္းတရွည္ရွည္နဲ ့ေတြ ့ခ်င္ေနတဲ့
ခ်စ္သူေလးကို ေစာင့္ေမ်ွာ္ ရတဲ့ feelingက မိုက္၏။
လြမ္းတယ္ဆိုရင္ ပိုတယ္ထင္အုန္းမယ္ ။
ေန ့လည္းေတြ ့ခ်င္ ညလဲေတြ ့ခ်င္နဲ ့
ႀကာရင္ ကေလးေလးေႀကာင့္ ဇ လဲ
လံုးပါးပါးေတာ့မည္။
"ေဟာ ထြက္လာပီ "
ေမ်ွာ္ေနတုန္း ထြက္လာတဲ့ အရိပ္ကေလးေႀကာင့္ ဝမ္းသာအားရ နွုတ္က ထြက္သြား၏
ႀကည့္ေနတုန္းမွာပဲ အေပါက္မွာ ေကာင္ေလးတစ္ေယာက္နဲ ့နွုတ္ဆက္ေနသည္ကို ဇ ေတြ ့လိုက္၏။
ခါတိုင္းလဲ နွုတ္ဆက္ေနႀကမို ့ ဇ စိတ္ရွည္ရွည္ထားပီး ဆက္ေစာင့္ေနေသာ္လဲ ျမင္လိုက္ရတဲ့ ျမင္ကြင္းေႀကာင့္ ေက်ာက မတ္ကနဲ။
"က်စ္ "
အလိုမက်စြာ ေဒါသက နည္းနည္းထြက္သြား၏။ ရုိးရုိးနွုတ္ဆက္တာမဟုတ္ပဲ
ေခါင္းကို ဆြဲဖြလိုက္တာမို ့ သဝန္တိုျခင္းေတြက တရွိ္န္းရွိန္း တက္လာ၏။
ခ်စ္တဲ့အိမ္စည္။
########
ဆိုင်မျက်နှာစာ တခြမ်းလုံးမှန်အပြည့် ကာထားသည်မို့ လမ်းမှာဖြတ်သွားသမျှ အကုန်ရှင်းရှင်းလင်းလင်းမြင်တွေ့ နေရသည်။
ဆိုင်ထဲ မှာလဲ အဝါရောင် တောက်တောက် ဆေးခြယ်ထားသည်မို့ သစ်လွင်တဲ့ ခံစားချက်ကို ရသည်သာမက စားပွဲ ဝိုင်းလေးတွေကိုလဲ တဝိုင်းနဲ့ တဝိုင်း ခါးလည်လောက် အမြင့်ရှိတဲ့ အကန့် လေးတွေနဲ့ ပိတ်ထား၏။
ဝန်ထမ်းလေးတွေကလဲပုံစံတူ ယူနီဖောင်းကို သပ်သပ်ရပ်ရပ်ဝတ်ထားကြသည်မို့ မြင်ရတာ အဆင်ပြေသည်ထက်ပိုသည်။
မျက်စိတဆုံး ရှည်လျားတဲ့ မှန်ကောင်တာထဲမှာကိတ် မုန့် မျိုးစုံ ကို လှလှပပ ထည့်ထားသည်မို့ စားချင်တာ ကိုယ်တိုင်ရွေးရုံပဲ။
ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် လိုက်ကြည့်ပီး ဒေါ်နန်းချယ်ရီ နှာခေါင်းပေါ်မှာ ပင့်တင်ထားတဲ့ နေကာမျက်မှန် ကို ပြန်ချလိုက်သည်။ ပုံစံတူအရွယ်တူလေးတွေမို့ သားဖြစ်သူ ရဲ့ကောင်လေးက ဘယ်တစ်ယောက်လဲဆိုကာ မသဲကွဲ။ ဘေးခုံမှာ ချထားတဲ့ ပိုက်ဆံအိတ်ထဲက ဖုန်းကို နှိုက်ထုတ်ပီး ဖုန်းထဲက ကောင်လေးပုံကို ပြန်ထုတ်ထပ်ကြည့်လိုက်သည်။
အဝါရောင် လက်တိုကော်လံပါ ရှပ်အင်္ကျီလေးနဲ့ သူ့ သား ကို မော့ကြည့်ပြုံးနေသည့်ကောင်လေးက ရုပ်အလှကြီးမ ဟုတ်ပေမဲ့ နုနုငယ်ငယ်။ သေချာဖုန်းကိုတလှည့် အလုပ်လုပ်နေတဲ့ကောင်လေးတွေကို တလှည့်ကြည့်နေရင်း မျက်စိထဲဝင်လာတာ
ယူနီဖောင်း အဖြူရောင်လက်ရှည် နဲ့ စတိုင်ပန် အနက်ကို ဝတ်ထားတဲ့ အပြုံးချိူချိုလေးနဲ့ သေးသေးသွယ်သွယ်ကလေးလေး။
သေချာအောင်ဖုန်းကို ထပ်ကြည့်ပီး အိတ်ထဲပြန်ထည့်လိုက်ပီး လက်ပြ ခေါ်လိုက်သည်။ ဦးညွှတ်ပြပီး ပြုံးရယ်ကာ ချက်ခြင်းရောက်လာသည် မို့ မျက်နှာကိုမော်ချီကာ အဆင်သင့်စောင့်နေလိုက်၏။
"မင်္ဂလာပါ ဗျ
ဘာများ သုံးဆောင်ချင်ပါသလဲခင်ဗျ"
"ဘာ စားရမလဲ မသိဘူး ။ မင်းအကြံပေးလို့ ရမလား "
ပြောတာကို သေချာ နားထောင်နေပီး
ခေါင်းငြိမ့် ပြုံးပြ ၏။ ပီးမှ ……
"ဒီဆိုင်မှာက မုန့် တော်တော်များများကောင်းကြပါတယ်ဗျ …အန်တီအနေ နဲ့ အချိုကြိုက်ရင် ချိုတဲ့မုန့် လေးတွေ အကြံပေးလို့ ရသလို စိမ့်တာလေးတွေ ကြိုက်ရင်လဲ တကယ်စားလို့ ကောင်းတာလေးတွေလဲရှိပါတယ်ခင်ဗျ"
"မင်းဆိုရင် ဘာကြိုက်တက်လဲ "
ဒေါ်နန်းချယ်ရီ စကားကို ဖြတ်မေးလိုက်သည်။
"ဟုတ်… ကျွန်တော်ဆိုရင် ဒူးရင်းကိတ် ကိုကြိုက်တယ် ဗျ ။ သူ ကအနံ့ မကြိုက်တက်တဲ့ သူ ဆိုရင် အဆင်မပြေပေမဲ့ …
တကယ်ဒူးရင်းသီးကြိုက်တက်တဲ့သူတွေ ဆိုရင်တော့ တော်တော်စားလို့ ကောင်းတဲ့ထဲပါပါတယ်ဗျ "
ဒေါ်နန်းချယ်ရီခေါင်းငြိမ့်ပြပီး……
"ဒါဆိုရင် အဲ့ဒါ ယူခဲ့ပေး "
"ဟုတ်ကဲ့ ခင်ဗျ …အအေးရော လိုပါသေးလားဗျ"
ခေါင်းရမ်းပြကာ…
"တော်ပီ…ဗိုက်သိပ်မဆာလို့ "
ဦးညွှတ် ပြုံးပြပီးထွက်ခွာသွားတဲ့ ကျောပြင်ငယ်ကို ကြည့်ပီး မနှစ်သက်မူ့ မရှိတာထူးဆန်းသည်။
သုံးမိနစ်လောက်ကြာပီးနောက် ချက်ခြင်းရောက်လာပီး စားပွဲပေါ်ကို အဝါရောင် ကိတ်အစိတ်လေးတစိတ်ကို ချပေး၏။
မြင်လိုက်တာနဲ့ စားချင်စဖွယ်အိစက်တဲ့ အသွင်ပြင်ရှိပီး အနံ့ မွှေးမွှေးက နှာခေါင်းဝမှာ သင်းသင့်ပျံ ပျံ့ရစ်သိုင်းလာသည်။
"စားကြည့်ပါခင်ဗျ …ဒူးရင်းသီးစစ်စစ်နဲ့
လုပ်ထားလို့ စားရတာရော အနံ့ ရော
အသီးစစ်စစ်ကို စားရသလို ခံစားရလိမ့်မယ် ဗျ ။အစိမ့်ကို ဦးစားပေးထားပီး မုန့် သားကပွပွကြီးလဲမဟုတ်တော့ သဘောကျမှာပါ ဗျ "
လက်လေးနှစ်ဖက်ရှေ့ မှာယှက်အုပ်ကိုင်ထားပီး စိတ်ရှည်ရှည် ပြုံးပြပီးရှင်းပြပေးနေတာမို့ ဒေါ်နန်းချယ်ရီပြုံးလိုက်ပီး တဇွန်းကော်စားကြည့်လိုက်သည်။
"အင်း …မင်းပြောသလို စားလို့ ကောင်းသားပဲ ။ "
"ဟုတ်ကဲ့ သုံးဆောင်ပါအုန်း ခင်ဗျ "
မဆိုးဘူး ယဉ်ယဉ်ကျေးကျေးလေး ။ အပြုံးလေးကလဲ ချိုသားပဲ။
ဆိုင်ကိုလာတုန်းက လေ့လာရုံလောက်ပဲ
လာကြည့်ပေမဲ့ မြင်လိုက်ရတော့လဲ
မျက်နှာက ကြည်ကြည်အေးအေးလေးမို့ လက်မခံချင်လောက်တဲ့ စိတ်တော့မရှိတော့ပေ။
သူ ပြန်ရောက်ရောက်ခြင်း သားသတင်းကို ကြားပီး ဦးထွဋ်တင်နဲ့ တောင်
စကားများခဲ့ သေးသည်။
ပူလောင်တဲ့ စိတ်က သားကို Gayဆိုတာ
လုံးဝ လက်သင့်မခံနိုင်လောက်အောင်ထိ
ိစိတ်ပျက်ခဲ့ရသည်။
ဆင်းဆင်းရဲရဲ ကောင်လေးတစ်ယောက်ကို သားကသဘောကျတယ်ဆိုကတည်းက ဒီကောင်လေး
ဘာတွေမြူဆွယ်ထားသလဲ လို့ လာပီးလေ့လာကြည့်တာ။
မြင်လိုက်ရတဲ့ရုပ်ကလေးက အေးအေးချမ်းချမ်းလေးမို့ ပူလောင်နေတဲ့ စိတ်တို့ သည် မီးကိုရေနဲ့ ငြှိမ်းလိုက်တဲ့ အတိုင်း ဖြစ်ခဲ့ရသည်။
ညွှန်းပေးတဲ့ ကိတ်လေးက ကောင်းသားပဲ
အတွေးနဲ့ ဘေးမှဖြတ်သွားတဲ့ ဝန်ထမ်းကောင်လေးကို လှမ်းတားလိုက်သည်။
" ဟုတ် …ဘာများအလိုရှိပါသလဲဗျ "
"ဒူးရင်းကိတ် တလုံးလောက်မှာချင်လို့
သေချာလေး လှလှပပ ထည့်ပေးပါနော်
အန်တီ လက်ဆောင်ပေးချင်လို့ "
"ဟုတ်ကဲ့ ခင်ဗျ "
"အော် ကျန်သေးတယ် ခန နော် "
ထွက်သွားတော့မဲ့ ကောင်လေးကို လှမ်းတားပီး အိတ်ထဲက စာရွက်နဲ့ ဘောပင်ယူကာ စာမြန်မြန်ရေးလိုက်သည်။
"ဒါလေး ကို ပါ ဘူးထဲထည့်ပေးပါနော် ။
ကောင်တာမှာတခါထဲငွေရှင်းခဲ့မယ်။ လက်ဆောင်က ဒီဆိုင်က လူကလေး အတွက်ပါ…အန်တီကို ဒါလေးသေချာကူညီပေးပါအုန်း "
"အော် …လူလူ အတွက်လား ။
စိတ်ချပါခင်ဗျ သေချာ ပေးလိုက်ပါ့မယ် "
ပြုံးပြနှုတ်ဆက်ပီး ဒေါ်နန်းချယ်ရီ ပိုက်ဆံအိတ် လက်မှာ ချိတ်ပီး ဆိုင်ထဲက ဟန်ပါပါ ထွက်ခဲ့လိုက်၏။ ပျင်းနေတာနဲ့ အတော်ပဲ
နောက်ဆို ဒီကလေးကို နည်းနည်းတော့အချိန်ပေးအုန်းမှ။
>>>>>>>>>>>>
" ဒါကဘာလဲ ကိုဦး "
လက်ထဲရောက်လာတဲ့ ကိတ်မုန့် ဘူးလေးကိုကြည့်ပီး လာပေးတဲ့ကိုဦးကို မေးလိုက်သည်။
"မင်းအတွက်တဲ့ …အန်တီလှလှ တစ်ယောက်ပေးခိုင်းလိုက်တာ"
လူကလေး လက်ထဲ က ဘူးလေးကို ကြည့်ပီး ဘယ်သူလဲစဉ်းစားခန်းဝင်နေတုန်း
စောစောက ဘာစားရမလဲ မေးတဲ့ အန်တီ့ကို မျက်လုံးထဲမြင်သွား၏။
" ဟို… ဆံပင် ပုခုံးကျော်ကျော်လောက်ကို
ကောက်ထားတဲ့ မျက်မှန်ကိုခေါင်းပေါ်လှန်တင်ထားတဲ့ အန်တီလား ။ နှုတ်ခမ်းနီအနီရောင် ဆိုးထားတယ်… ပီးတော့လှလဲလှတယ်လေ "
တွေးမိတာကို ပြောပြလိုက်တော့ကိုဦးက
ခေါင်းငြိမ့်ပြသည်။
တော်တော်ကြီး ပြင်ပြင်ဆင်ဆင်နဲ့ ခေတ်မှီပီးလှသည်မို့ လူတိုင်းသတိထားမိလိုက်နိုင် ၏။
" အော် အဲ့ ဘူးထဲမှာစာပါတယ် ။ ငါသွားတော့မယ် မအားသေးဘူး ။ "
ကိုဦးက ပြောပီးနားနေခန်းကနေထွက်သွားသည်မို့ လူကလေး လက်ထဲကဘူးလေးကို ခုံပေါ်တင်ပီးဖွင့်ကြည့်လိုက်တော့ စာရွက်ခေါက်လေးကို တွေ့ ရသည်။
ခပ်သော့သော့ရေးထားတဲ့ လက်ရေးနဲ့ အတူ စာကြောင်းလေးသုံးကြောင်းက လူကလေးကို ရှော့ရစေ၏။
[မင်းကို သဘော မကျစရာမရှိဘူး…
ကြိုက်တယ် ဆိုလို့ ဝယ်ကျွေးတာ
ငါ တိုင်းထွဋ်တင်ရဲ့ အမေ နန်းချယ်ရီ ]
လက်ထဲ ကစာရွက် ကို ပြန်ခေါက်ထည့်ပီး
လူကလေး ခုံပေါ်မှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။
အကိုကြီးအမေက ဘာလို့ ………။
ဇ ကားကိုလမ်းဘေး ထိုးရပ်ပီး စက်မသတ်သေးပဲ လက်က နာရီကိုကြည့်လိုက်သည်။ ရှစ်နာရီ ကွက်တိ မို့ ကလေးလေးအလုပ်ဆင်းတော့မည်။
လည်ပင်းတရှည်ရှည်နဲ့ တွေ့ ချင်နေတဲ့
ချစ်သူလေးကို စောင့်မျှော် ရတဲ့ feelingက မိုက်၏။
လွမ်းတယ်ဆိုရင် ပိုတယ်ထင်အုန်းမယ် ။
နေ့ လည်းတွေ့ ချင် ညလဲတွေ့ ချင်နဲ့
ကြာရင် ကလေးလေးကြောင့် ဇ လဲ
လုံးပါးပါးတော့မည်။
"ဟော ထွက်လာပီ "
မျှော်နေတုန်း ထွက်လာတဲ့ အရိပ်ကလေးကြောင့် ဝမ်းသာအားရ နှုတ်က ထွက်သွား၏
ကြည့်နေတုန်းမှာပဲ အပေါက်မှာ ကောင်လေးတစ်ယောက်နဲ့ နှုတ်ဆက်နေသည်ကို ဇ တွေ့ လိုက်၏။
ခါတိုင်းလဲ နှုတ်ဆက်နေကြမို့ ဇ စိတ်ရှည်ရှည်ထားပီး ဆက်စောင့်နေသော်လဲ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျောက မတ်ကနဲ။
"ကျစ် "
အလိုမကျစွာ ဒေါသက နည်းနည်းထွက်သွား၏။ ရိုးရိုးနှုတ်ဆက်တာမဟုတ်ပဲ
ခေါင်းကို ဆွဲဖွလိုက်တာမို့ သဝန်တိုခြင်းတွေက တရှိ်န်းရှိန်း တက်လာ၏။
ချစ်တဲ့အိမ်စည်။
########
Bạn đang đọc truyện trên: ZingTruyen.Xyz