ZingTruyen.Xyz

ဇ ( Completed)

23

eainsi23


" လူလူ   မင္းသူငယ္ခ်င္း  ေရး ေရာ "

မနက္စာ…စားရင္း ေက်ာင္းကန္တင္းမွာ စံုႀကေတာ့ ထိုင္ေတာင္မထိုင္ရေသး ေမးလာတဲ့ ကိုမိုးေဒဝါ မ်က္နွာက ျပိဳေတာ့မဲ့
မိုးလို…

"ေရး… ေနမေကာင္းလို ့ဒီေန ့ေက်ာင္းမလာဘူး ကိုႀကီးေဒဝါ  ။ ဘာလို ့လဲ"

" ဘာမွမျဖစ္ဘူး ငါသိခ်င္လို ့"

မလံုမလဲ တဖက္လွည့္သြားတာမို ့ အကိုႀကီးကို ေမာ့ႀကည့္လိုက္သည္။ သူ ့အႀကည့္ကို နားလည္ပံုရတဲ့ အကိုႀကီးက
သူလဲ မသိဘူး ဆိုတဲ့ပံုမ်ိဳ း ေခါင္းရမ္းျပသည္။

" ဟို …သူ မေန ့ကဘာေျပာေသးလဲ "

" ဘာမွမေျပာဘူး ဒါေပမဲ့ သူ တိတ္တိတ္ေလး ငိုေနတယ္ မနက္က "

"ဟင္!! "

ေဒဝါ ငိုခ်င္လာကာ အဲ့ေန ့ညက ေျပာခဲ့တဲ့စကားေတြက နားထဲႀကားေယာင္လာသည္။
သူ တာဝန္ယူေပးခ်င္ေပမဲ့ ယူရမဲ့သူက ေယာက်ာ္းေလးတစ္ေယာက္မို ့နည္းနည္းတြန္ ့ဆုတ္ေနတာ မွန္ပါတယ္။ 

ဒါေပမဲ့ သူ
လူယုတ္မာမဟုတ္ဘူး ။ ေရးနဲ ့ျဖစ္ခဲ့တာကိုလဲ သူဖက္က ေျဖရွင္းဖို ့ႀကိဳးစားခဲ့ေပမဲ့
ေရး ဆိုတဲ့ေကာင္ေလးက ေခါင္းသိပ္မာသည္။

" ကဲ ေဒဝါ  မင္းဘာျဖစ္ေနတာလဲ။ ေယာက်ာ္းပဲ ပြင့္ပြင့္လင္းလင္းေျပာရေအာင္
မင္းတို ့ဘာျဖစ္လာတာလဲအဲ့ညက "

ဝန ရဲ့ ေမးခြန္းကို သက္တန္ ့ကေခါင္းျငိမ့္ေထာက္ခံသည္။ ဇ လဲ ရိပ္မိေနေပမဲ့
ကာယကံရွင္ ေျပာတာေစာင့္တာပင္။

လံုးဝ  မေန ့က မနက္က ေဒဝါ မူပ်က္ေနတာသိသာသလို ေရးဆိုတဲ့ ေကာင္ေလးကလဲ ငိုထားသလို မ်က္နွာအစ္ထြက္ေနသည္။

"ငါ ငါ  ေရးနဲ ့အဲ့ေန ့ညက လြန္ႀကဴ းခဲ့မိခဲ့တယ္"

"ဟာ!  "

"ေဒဝါ မင္း  …"

ေျပာစရာစကားမ်ားေပ်ာက္ရွသြားသလို
အကုန္ဆြံအကုန္သည္။ ဇ  …    ကေလးအတြက္ ႀကက္သားေႀကာ္မႊာေပးေနရာမွ
ရပ္တန္ ့သြား ကာ

"ေရး အသက္မျပည့္ေသးဘူးဆိုတာ မင္းသိတယ္မို ့လား ေဒဝါ ။ အဲ့ဒါထပ္ပိုအေရးႀကီးတာ မင္းတို ့က သမီးရည္းစားေတြ
မဟုတ္ဘူး"

ေဒဝါ ေခါင္းငိုက္က်သြားသည္။ တခါမွ sexကိစၥနဲ ့ ခုလို အရွက္တကြဲ မႀကံဳခဲ့ဖူးလို ့ရင္ထဲမွာလဲ ရွက္ရြံ ့စိတ္ကလဲအျပည့္ျဖစ္ေန၏

" ငါ   …ငါ လဲဘာဆက္လုပ္ရမွန္းမသိဘူး
ေရး …ကို ေတာင္းပန္ေတာ့လဲ
ေမ့လိုက္တဲ့ …ငါလဲရူးေတာ့မွာကြ "

ႀကိတ္မခဲနိုင္သလို အသံနဲ ့ေဒဝါေအာ္သည္။ လူကေလးကေတာ့ ျဖစ္ေနတဲ့
အေႀကာင္းရာကို နားမလည္နိုင္ေသး။
လြန္ႀကဴ းတယ္ဆိုတာဘာလဲ
ကိုႀကီးေဒဝါက ဘာလို ့မ်က္နွာပ်က္ေနပီး
ေရးကေရာ ဘာလို ့ငိုတာလဲဆိုတာ သူမသိေသး။

" မင္း သူေက်နပ္ေအာင္ ေတာင္းပန္သင့္တယ္။ ငါတို ့က လူမိုက္ေတြ မွန္တယ္။
ဒါေပမဲ့ မိေကာင္းဖခင္သားသမီး ေတြ လူယုတ္မာမဟုတ္ဘူး။ ဒါကို မင္းအေကာင္းဆံုးေျဖရွင္းနိုင္မယ္ဆိုတာငါတို ့သိပါတယ္။

သက္တန္ ့စကားကို ျပန္မေျဖနိုင္စြာ
ေဒဝါ  အေတြးေတြနဲ ့ခ်ာလပတ္ ရမ္းေန၏။မိနစ္အေတာ္ႀကာေအာင္  ေခါင္းငိုက္စိုက္က်ေနပီးမွ

" လူလူ ေရး…ဖုန္းနပါတ္ေပး "

လူကေလးဖုန္းနံပါတ္တခ်ိဳ  ့ကိုရြတ္ျပလိုက္သည္ကို ကမန္းကရမ္း မွတ္ပီး မတ္တပ္ ထ ရပ္လိုက္သည္မို ့

"မင္း ဘာလုပ္မလို ့လဲ "

"ေရး ဆီသြားမလို ့ ဒီကိစၥကို ဒီတိုင္းပီးလိုက္လို မရဘူး ငါသြားေတြ ့မလို ့။
ေက်ာင္း မတက္ေတာ့ဘူး ဇ …ငါ ျပန္နွင့္ပီ "

အေျပးထြက္သြားေသာ ကိုႀကီးေဒဝါကို
လူကေလး လိုက္ႀကည့္ပီး

"အကိုႀကီး  ေရး နဲ ့ကိုႀကီးေဒဝါက ဘာျဖစ္ႀကတာလဲ "

ဇ က လူကေလးကို ငံု ့ႀကည့္ပီး ဆံပင္ေတြ ဆြဲဖြလိုက္သည္။ပီးမွ

"ကေလးေတြ သိစရာမလို ဘူး "

##########

ဇ  အေဆာင္ေရွ ့မွာ ရပ္ေစာင့္ေနတာ နာရီဝက္ေလာက္ရွိေနပီ။ ဖုန္းေခၚရေကာင္း မလားဇေဝဇဝါ ျဖစ္ေနကာ
ေခၚလိုက္ရင္လဲဘယ္က စေျပာရမွန္းမသိ သူနည္းနည္းအႀကပ္ရုိက္ေန၏။ 

ေရွ ့ေလ်ွာက္လိုက္ ေနာက္ေလ်ွာက္လိုက္
သူ ျပာယာခက္ ေနစဥ္မွာ ခပ္ေဝးေဝးကေန ျဖည္းျဖည္းျခင္း ေလ်ွာက္လာတဲ့ ေရး။

မ်က္နွာေလး ႏြမ္းကာ  လမ္းေလ်ွာက္လာတဲ့ပံုေလးကလဲ အဆင္မေျပေနမွန္းသိသိသာသာ။ တခ်က္တခ်က္ ယိုင္သြားသည္မို ့ေဒဝါ စိုးရိမ္ပီး အေျပးကေလးသြားတြဲလိုက္သည္။

" ဘယ္ေတြ သြားေနတာလဲ ေနမေကာင္းတာကို နားနားေနေန မေနဘူး "

အံ့ႀသသလို ေမာ့ႀကည့္အပီးမွာ ေျပာင္းလဲသြားတဲ့ ေအးစက္စက္မ်က္နွာျဖင့္  တြဲထားတဲ့ လက္ကို ေရး ကပုတ္ခ်လိုက္သည္။

"ဘာလာ လုပ္တာလဲ ကိုမိုးေဒဝါ ။
ခင္မ်ားနဲ ့ပါတ္သတ္စရာမွ မလိုေတာ့တာ ။ က်ြန္ေတာ္ကို လာေတြ ့တာဆိုရင္ ျပန္ေတာ့ "

ေျပာပီး ေရွ ့ဆက္သြားတာမို ့
ေဒဝါ ေျပးပီး ေရွ ့ကာေန လက္ကာပီး ပိတ္လိုက္သည္။ ေမာ့ႀကည့္လာတဲ့ မ်က္နွာထားက စိတ္ပ်က္သြားသလို ပံုမ်ိဳ းမို ့
သိမ္ငယ္စိတ္က ဖ်င္းကနဲ ။

"ငါ မင္းကို တာဝန္ယူ ခ်င္တယ္ ေရး ။ "

ဒါ သူခ်လိုက္တဲ့ အျမန္ဆံုးနဲ ့ အႀကီးမားဆံုး  ဆံုးျဖတ္မူ ့…

"အားနာတယ္ဆိုရင္ မလိုအပ္ဘူး ။
အခ်စ္မပါတဲ့ ပတ္သတ္မူ ့မ်ိဳး မရခ်င္လို ့ "

ေအးစက္စက္ နဲ ့ေမာ့ႀကည့္လာတဲ့ မ်က္နွာထား။ က်စ္ …ဒီေကာင္ေလး ဘာလို ့ဒီေလာက္ေတာင္ေျပာင္းလဲသြားတာလဲ။

"မင္း ကိုယ့္ကို ခ်စ္ေစခ်င္တာလား "

ေမာ့ႀကည့္ေနတဲ့ မ်က္နွာက ခ်က္ျခင္းလႊဲဖယ္သြားသလို ေဒဝါ ကို ေက်ာ္ကာ ေရွာင္ကြင္းသြား၏။ ဒါမ်ိဳးေဒဝါ လက္မခံနိုင္ဘူး။

ဒီထပ္ပိုပီး သည္းမခံနိုင္ေတာ့တဲ့ အေနထားမ်ိဳးမို ့သူ သြက္လက္စြာထပ္ေျပာလိုက္သည္။

"တြဲ ႀကည့္မယ္ "

အေတာ္လွမ္းလွမ္းေရာက္မွ ေအာ္လိုက္သည္မို ့ ေရး ေျခလွမ္းေတြပါရပ္တန္ ့သြား၏။  အနည္းဆံုးေတာ့ မိုးေဒဝါကေရး
အခ်ိန္ႀကာႀကီး ႀကိတ္ခ်စ္ခဲ့ရသူ။

" မင္း ကိုယ့္ကို ဒီလို မဟုတ္ပါနဲ ့ေရး ။
ငါ့ကို ဒီေလာက္ သိမ္ငယ္ေအာင္ လုပ္ရ
ရင္ ေက် နပ္ ေရာေပါ့။ ခုမခ်စ္ေသးတာမွန္ပါတယ္ ။ ဒါေပမဲ့ တြဲႀကည့္ရေအာင္ …ကိုယ့္ဖက္က မင္းေက်နပ္ စိတ္ခ်မ္းသာေအာင္ထိ ထားေပးပါ့မယ္။ ခ်စ္နိုင္ေအာင္လဲႀကိဳးစားပါ့မယ္။ ကိုယ့္ကို အဲ့ေလာက္ေလးေတာင္ ခြင့္ျပဳေပးလို ့မရဘူးလား "

ေဒဝါ အရမ္း စိတ္ေတြ ေထြေနပီ။ ေက်ာေပးထားရက္နဲ ့ျပတ္ျပတ္သားသား မေျပာေသးတဲ့ ေရးကိုလဲ ကိုင္ဆြဲ လွဳပ္ပစ္လိုက္ခ်င္၏။ ေသးေသးေလးနဲ ့ဒီေလာက္ေခါင္းမာရသလားလို ့……

"ေကာင္းပီေလ ခင္မ်ားကို အခြင့္ေရးေပးလိုက္မယ္။ သံုးလ တြဲႀကည့္မယ္ ။ သံုးလျပည့္လို ့မွ ခင္မ်ားက်ြန္ေတာ့္ကို မခ်စ္နိုင္ေသးရင္  အားနာစရာမလိုဘူး ။ ခင္မ်ားကို
ခြင့္လြတ္ေပးမယ္ ။  "

ေျပာပီး တေရြ ့ေရြ ့ထြက္သြားတဲ့ ေက်ာျပင္ငယ္ကိုႀကည့္ပီး ေဒဝါ ေလးလံတဲ့ခံစား
ခ်က္ေပ်ာက္ကာအားရပါရ ရယ္လိုက္မိသည္။

ေနာက္ဆံုးေတာ့ သူလုပ္နိုင္ခဲ့ပီ။

ေရး  ေက်ာခိုင္းသာ ထြက္လာခဲ့ေပမဲ့
ဒူးေတြ တုန္ေနတာ မို ့မနည္းအားတင္းပီး အခန္းေရာက္ေအာင္ ျပန္ခဲ့ရသည္။
မိုးေဒဝါက  ခ်စ္နိုင္ေအာင္ႀကိဳးစားမယ္တဲ့။
သူ ျဖစ္ခ်င္ခဲ့ ဆုေတာင္းေလးက မိုးေဒဝါ ခ်စ္သူ ျဖစ္ခ်င္ခဲ့တာ။ အိမ္နဲ ့အတိုက္ခံလုပ္ပီး ဒီမွာေက်ာင္းလာတက္တာ  မိုးေဒဝါကိုေတြ ့ခ်င္လို ့။

ေဘးမွာ ခ်ထားတဲ့ ဖုန္းကိုယူပီး ဖြင့္လိုက္ေတာ့wallpaperမွာ မိုးေဒဝါျပံဳးေနတဲ့ပံုေလး ။ ရင္ဖက္မွာ တယုတယ ကပ္ပီး အိပ္ယာေပၚလွဲ အိပ္လိုက္သည္။  သူ မိုးေဒဝါကို သိပ္သေဘာက်ခဲ့တာ။

ခ်စ္တဲ့ အိမ္စည္။

(ခုတေလာ fbမႀကည့္ပဲ စာေတြႀကီးပဲစိတ္နွစ္ေရးခဲ့တယ္။ ခ်စ္အမိန္ ့ကိုလဲ ဇာတ္သိမ္းခ်င္ေနပီ။
မင္းသားကိုလဲႀကိဳေရးထားတာ သံုးပိုင္းေတာင္ရွိေနပီ။ ဇာတ္ကြက္ေလးေတြေပၚလာလို ့ စာေရးမွတ္ထားတဲ့ ဇာတ္လမ္းေလးေတြလဲမ်ားေနပီ။
မင္းသားကို အရမ္းမုဝင္ေနတယ္။
ခ်စ္ေသာရဲ့ဇာတ္ေကာင္ပံုစံေလးနဲ ့
အမိန္ ့တို ့မိသားစုရဲ့ စည္လံုးေႏြးေထြးမူ ့ကို အရမ္းပံုသြင္းခ်င္ေနပီ။ အဓိက က မင္းသား သူ ့ပံုေလးကို  ေပၚလြင္ေအာင္ ႀကိဳးစားခ်င္တယ္။ ကိုယ္ေရးေနတယ္ အရမ္းကို ေရးခ်င္ေနတယ္။ မအလ ကို အေသမုန္းေနပီ။ ဒီမွာ အရမ္း ခ်ျပခ်င္ေနပီ မင္းသား ကို ။  ကိုယ္ေရးတာေတြ ခုခ်ိန္မွာ မေျပာေသးဘူး  အေရးေတာ္ပံုေအာင္ျမင္သြားရင္ေတာ့ ကိုယ့္ficေတြ ပရုိမိုးရွင္းဆင္းေပးရမယ္ မွတ္😁)

######

" လူလူ   မင်းသူငယ်ချင်း  ရေး ရော "

မနက်စာ…စားရင်း ကျောင်းကန်တင်းမှာ စုံကြတော့ ထိုင်တောင်မထိုင်ရသေး မေးလာတဲ့ ကိုမိုးဒေဝါ မျက်နှာက ပြိုတော့မဲ့
မိုးလို…

"ရေး… နေမကောင်းလို့ ဒီနေ့ ကျောင်းမလာဘူး ကိုကြီးဒေဝါ  ။ ဘာလို့ လဲ"

" ဘာမှမဖြစ်ဘူး ငါသိချင်လို့ "

မလုံမလဲ တဖက်လှည့်သွားတာမို့  အကိုကြီးကို မော့ကြည့်လိုက်သည်။ သူ့ အကြည့်ကို နားလည်ပုံရတဲ့ အကိုကြီးက
သူလဲ မသိဘူး ဆိုတဲ့ပုံမျိုး ခေါင်းရမ်းပြသည်။

" ဟို …သူ မနေ့ ကဘာပြောသေးလဲ "

" ဘာမှမပြောဘူး ဒါပေမဲ့ သူ တိတ်တိတ်လေး ငိုနေတယ် မနက်က "

"ဟင်!! "

ဒေဝါ ငိုချင်လာကာ အဲ့နေ့ ညက ပြောခဲ့တဲ့စကားတွေက နားထဲကြားယောင်လာသည်။
သူ တာဝန်ယူပေးချင်ပေမဲ့ ယူရမဲ့သူက ယောကျာ်းလေးတစ်ယောက်မို့ နည်းနည်းတွန့် ဆုတ်နေတာ မှန်ပါတယ်။ 

ဒါပေမဲ့ သူ
လူယုတ်မာမဟုတ်ဘူး ။ ရေးနဲ့ ဖြစ်ခဲ့တာကိုလဲ သူဖက်က ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့
ရေး ဆိုတဲ့ကောင်လေးက ခေါင်းသိပ်မာသည်။

" ကဲ ဒေဝါ  မင်းဘာဖြစ်နေတာလဲ။ ယောကျာ်းပဲ ပွင့်ပွင့်လင်းလင်းပြောရအောင်
မင်းတို့ ဘာဖြစ်လာတာလဲအဲ့ညက "

ဝန ရဲ့ မေးခွန်းကို သက်တန့် ကခေါင်းငြိမ့်ထောက်ခံသည်။ ဇ လဲ ရိပ်မိနေပေမဲ့
ကာယကံရှင် ပြောတာစောင့်တာပင်။

လုံးဝ  မနေ့ က မနက်က ဒေဝါ မူပျက်နေတာသိသာသလို ရေးဆိုတဲ့ ကောင်လေးကလဲ ငိုထားသလို မျက်နှာအစ်ထွက်နေသည်။

"ငါ ငါ  ရေးနဲ့ အဲ့နေ့ ညက လွန်ကြူးခဲ့မိခဲ့တယ်"

"ဟာ!  "

"ဒေဝါ မင်း  …"

ပြောစရာစကားများပျောက်ရှသွားသလို
အကုန်ဆွံအကုန်သည်။ ဇ  …    ကလေးအတွက် ကြက်သားကြော်မွှာပေးနေရာမှ
ရပ်တန့် သွား ကာ

"ရေး အသက်မပြည့်သေးဘူးဆိုတာ မင်းသိတယ်မို့ လား ဒေဝါ ။ အဲ့ဒါထပ်ပိုအရေးကြီးတာ မင်းတို့ က သမီးရည်းစားတွေ
မဟုတ်ဘူး"

ဒေဝါ ခေါင်းငိုက်ကျသွားသည်။ တခါမှ sexကိစ္စနဲ့  ခုလို အရှက်တကွဲ မကြုံခဲ့ဖူးလို့ ရင်ထဲမှာလဲ ရှက်ရွံ့ စိတ်ကလဲအပြည့်ဖြစ်နေ၏

" ငါ   …ငါ လဲဘာဆက်လုပ်ရမှန်းမသိဘူး
ရေး …ကို တောင်းပန်တော့လဲ
မေ့လိုက်တဲ့ …ငါလဲရူးတော့မှာကွ "

ကြိတ်မခဲနိုင်သလို အသံနဲ့ ဒေဝါအော်သည်။ လူကလေးကတော့ ဖြစ်နေတဲ့
အကြောင်းရာကို နားမလည်နိုင်သေး။
လွန်ကြူးတယ်ဆိုတာဘာလဲ
ကိုကြီးဒေဝါက ဘာလို့ မျက်နှာပျက်နေပီး
ရေးကရော ဘာလို့ ငိုတာလဲဆိုတာ သူမသိသေး။

" မင်း သူကျေနပ်အောင် တောင်းပန်သင့်တယ်။ ငါတို့ က လူမိုက်တွေ မှန်တယ်။
ဒါပေမဲ့ မိကောင်းဖခင်သားသမီး တွေ လူယုတ်မာမဟုတ်ဘူး။ ဒါကို မင်းအကောင်းဆုံးဖြေရှင်းနိုင်မယ်ဆိုတာငါတို့ သိပါတယ်။

သက်တန့် စကားကို ပြန်မဖြေနိုင်စွာ
ဒေဝါ  အတွေးတွေနဲ့ ချာလပတ် ရမ်းနေ၏။မိနစ်အတော်ကြာအောင်  ခေါင်းငိုက်စိုက်ကျနေပီးမှ

" လူလူ ရေး…ဖုန်းနပါတ်ပေး "

လူကလေးဖုန်းနံပါတ်တချို့ကိုရွတ်ပြလိုက်သည်ကို ကမန်းကရမ်း မှတ်ပီး မတ်တပ် ထ ရပ်လိုက်သည်မို့

"မင်း ဘာလုပ်မလို့ လဲ "

"ရေး ဆီသွားမလို့  ဒီကိစ္စကို ဒီတိုင်းပီးလိုက်လို မရဘူး ငါသွားတွေ့ မလို့ ။
ကျောင်း မတက်တော့ဘူး ဇ …ငါ ပြန်နှင့်ပီ "

အပြေးထွက်သွားသော ကိုကြီးဒေဝါကို
လူကလေး လိုက်ကြည့်ပီး

"အကိုကြီး  ရေး နဲ့ ကိုကြီးဒေဝါက ဘာဖြစ်ကြတာလဲ "

ဇ က လူကလေးကို ငုံ့ ကြည့်ပီး ဆံပင်တွေ ဆွဲဖွလိုက်သည်။ပီးမှ

"ကလေးတွေ သိစရာမလို ဘူး "

##########

ဇ  အဆောင်ရှေ့ မှာ ရပ်စောင့်နေတာ နာရီဝက်လောက်ရှိနေပီ။ ဖုန်းခေါ်ရကောင်း မလားဇဝေဇဝါ ဖြစ်နေကာ
ခေါ်လိုက်ရင်လဲဘယ်က စပြောရမှန်းမသိ သူနည်းနည်းအကြပ်ရိုက်နေ၏။ 

ရှေ့ လျှောက်လိုက် နောက်လျှောက်လိုက်
သူ ပြာယာခက် နေစဉ်မှာ ခပ်ဝေးဝေးကနေ ဖြည်းဖြည်းခြင်း လျှောက်လာတဲ့ ရေး။

မျက်နှာလေး နွမ်းကာ  လမ်းလျှောက်လာတဲ့ပုံလေးကလဲ အဆင်မပြေနေမှန်းသိသိသာသာ။ တချက်တချက် ယိုင်သွားသည်မို့ ဒေဝါ စိုးရိမ်ပီး အပြေးကလေးသွားတွဲလိုက်သည်။

" ဘယ်တွေ သွားနေတာလဲ နေမကောင်းတာကို နားနားနေနေ မနေဘူး "

အံ့သြသလို မော့ကြည့်အပီးမှာ ပြောင်းလဲသွားတဲ့ အေးစက်စက်မျက်နှာဖြင့်  တွဲထားတဲ့ လက်ကို ရေး ကပုတ်ချလိုက်သည်။

"ဘာလာ လုပ်တာလဲ ကိုမိုးဒေဝါ ။
ခင်များနဲ့ ပါတ်သတ်စရာမှ မလိုတော့တာ ။ ကျွန်တော်ကို လာတွေ့ တာဆိုရင် ပြန်တော့ "

ပြောပီး ရှေ့ ဆက်သွားတာမို့
ဒေဝါ ပြေးပီး ရှေ့ ကာနေ လက်ကာပီး ပိတ်လိုက်သည်။ မော့ကြည့်လာတဲ့ မျက်နှာထားက စိတ်ပျက်သွားသလို ပုံမျိုးမို့
သိမ်ငယ်စိတ်က ဖျင်းကနဲ ။

"ငါ မင်းကို တာဝန်ယူ ချင်တယ် ရေး ။ "

ဒါ သူချလိုက်တဲ့ အမြန်ဆုံးနဲ့  အကြီးမားဆုံး  ဆုံးဖြတ်မူ့ …

"အားနာတယ်ဆိုရင် မလိုအပ်ဘူး ။
အချစ်မပါတဲ့ ပတ်သတ်မူ့ မျိုး မရချင်လို့  "

အေးစက်စက် နဲ့ မော့ကြည့်လာတဲ့ မျက်နှာထား။ ကျစ် …ဒီကောင်လေး ဘာလို့ ဒီလောက်တောင်ပြောင်းလဲသွားတာလဲ။

"မင်း ကိုယ့်ကို ချစ်စေချင်တာလား "

မော့ကြည့်နေတဲ့ မျက်နှာက ချက်ခြင်းလွှဲဖယ်သွားသလို ဒေဝါ ကို ကျော်ကာ ရှောင်ကွင်းသွား၏။ ဒါမျိုးဒေဝါ လက်မခံနိုင်ဘူး။

ဒီထပ်ပိုပီး သည်းမခံနိုင်တော့တဲ့ အနေထားမျိုးမို့ သူ သွက်လက်စွာထပ်ပြောလိုက်သည်။

"တွဲ ကြည့်မယ် "

အတော်လှမ်းလှမ်းရောက်မှ အော်လိုက်သည်မို့  ရေး ခြေလှမ်းတွေပါရပ်တန့် သွား၏။  အနည်းဆုံးတော့ မိုးဒေဝါကရေး
အချိန်ကြာကြီး ကြိတ်ချစ်ခဲ့ရသူ။

" မင်း ကိုယ့်ကို ဒီလို မဟုတ်ပါနဲ့ ရေး ။
ငါ့ကို ဒီလောက် သိမ်ငယ်အောင် လုပ်ရ
ရင် ကျေ နပ် ရောပေါ့။ ခုမချစ်သေးတာမှန်ပါတယ် ။ ဒါပေမဲ့ တွဲကြည့်ရအောင် …ကိုယ့်ဖက်က မင်းကျေနပ် စိတ်ချမ်းသာအောင်ထိ ထားပေးပါ့မယ်။ ချစ်နိုင်အောင်လဲကြိုးစားပါ့မယ်။ ကိုယ့်ကို အဲ့လောက်လေးတောင် ခွင့်ပြုပေးလို့ မရဘူးလား "

ဒေဝါ အရမ်း စိတ်တွေ ထွေနေပီ။ ကျောပေးထားရက်နဲ့ ပြတ်ပြတ်သားသား မပြောသေးတဲ့ ရေးကိုလဲ ကိုင်ဆွဲ လှုပ်ပစ်လိုက်ချင်၏။ သေးသေးလေးနဲ့ ဒီလောက်ခေါင်းမာရသလားလို့ ……

"ကောင်းပီလေ ခင်များကို အခွင့်ရေးပေးလိုက်မယ်။ သုံးလ တွဲကြည့်မယ် ။ သုံးလပြည့်လို့ မှ ခင်များကျွန်တော့်ကို မချစ်နိုင်သေးရင်  အားနာစရာမလိုဘူး ။ ခင်များကို
ခွင့်လွတ်ပေးမယ် ။  "

ပြောပီး တရွေ့ ရွေ့ ထွက်သွားတဲ့ ကျောပြင်ငယ်ကိုကြည့်ပီး ဒေဝါ လေးလံတဲ့ခံစား
ချက်ပျောက်ကာအားရပါရ ရယ်လိုက်မိသည်။

နောက်ဆုံးတော့ သူလုပ်နိုင်ခဲ့ပီ။

ရေး  ကျောခိုင်းသာ ထွက်လာခဲ့ပေမဲ့
ဒူးတွေ တုန်နေတာ မို့ မနည်းအားတင်းပီး အခန်းရောက်အောင် ပြန်ခဲ့ရသည်။
မိုးဒေဝါက  ချစ်နိုင်အောင်ကြိုးစားမယ်တဲ့။
သူ ဖြစ်ချင်ခဲ့ ဆုတောင်းလေးက မိုးဒေဝါ ချစ်သူ ဖြစ်ချင်ခဲ့တာ။ အိမ်နဲ့ အတိုက်ခံလုပ်ပီး ဒီမှာကျောင်းလာတက်တာ  မိုးဒေဝါကိုတွေ့ ချင်လို့ ။

ဘေးမှာ ချထားတဲ့ ဖုန်းကိုယူပီး ဖွင့်လိုက်တော့wallpaperမှာ မိုးဒေဝါပြုံးနေတဲ့ပုံလေး ။ ရင်ဖက်မှာ တယုတယ ကပ်ပီး အိပ်ယာပေါ်လှဲ အိပ်လိုက်သည်။  သူ မိုးဒေဝါကို သိပ်သဘောကျခဲ့တာ။

ချစ်တဲ့ အိမ်စည်။

(ခုတလော fbမကြည့်ပဲ စာတွေကြီးပဲစိတ်နှစ်ရေးခဲ့တယ်။ ချစ်အမိန့် ကိုလဲ ဇာတ်သိမ်းချင်နေပီ။
မင်းသားကိုလဲကြိုရေးထားတာ သုံးပိုင်းတောင်ရှိနေပီ။ ဇာတ်ကွက်လေးတွေပေါ်လာလို့  စာရေးမှတ်ထားတဲ့ ဇာတ်လမ်းလေးတွေလဲများနေပီ။
မင်းသားကို အရမ်းမုဝင်နေတယ်။
ချစ်သောရဲ့ဇာတ်ကောင်ပုံစံလေးနဲ့
အမိန့် တို့ မိသားစုရဲ့ စည်လုံးနွေးထွေးမူ့ ကို အရမ်းပုံသွင်းချင်နေပီ။ အဓိက က မင်းသား သူ့ ပုံလေးကို  ပေါ်လွင်အောင် ကြိုးစားချင်တယ်။ ကိုယ်ရေးနေတယ် အရမ်းကို ရေးချင်နေတယ်။ မအလ ကို အသေမုန်းနေပီ။ ဒီမှာ အရမ်း ချပြချင်နေပီ မင်းသား ကို ။  ကိုယ်ရေးတာတွေ ခုချိန်မှာ မပြောသေးဘူး  အရေးတော်ပုံအောင်မြင်သွားရင်တော့ ကိုယ့်ficတွေ ပရိုမိုးရှင်းဆင်းပေးရမယ် မှတ်😁)

Bạn đang đọc truyện trên: ZingTruyen.Xyz