ZingTruyen.Xyz

ဇ ( Completed)

20

eainsi23

" ဘာ  !!  အလုပ္ လုပ္ခ်င္လို ့ဟုတ္လား! "

ဦးထြဋ္တင္  သားျဖစ္သူ တိုင္းထြဋ္တင္ကို ျပဴ းျပဲ ပီးေသခ်ာႀကည့္လိုက္သည္။

ေသခ်ာတယ္ ဒါ သူ ့သား မဟုတ္ဘူး ။

"  အေဖ ! !"

"ေဟ ! "

"တကယ္  ေျပာေနတာ "

ဇ  မ်က္ခံုးေတြ တြန္ ့ခ်ိဳးပီး ခပ္ေစာင့္ေစာင့္ေျပာလိုက္သည္။

" ေသခ်ာလို ့လား ။ ဒါ ကစားစရာမဟုတ္ဘူးေနာ္ ေအး ပီးမွ  မလုပ္ခ်င္ေတာ့ဘူးဘာညာေျပာရင္  ရွယ္ယာရွင္ေတြႀကားငါပဲ မ်က္နွာပ်က္ရမွာ"

" က်ြန္ေတာ္ အတည္ လုပ္မွာပါ။ ေဖေဖ စိတ္ပူစရာမလိုဘူး ။ တခုပဲ ေနာက္သံုးနွစ္ေနပီးရင္ေတာ့ က်ြန္ေတာ္ အိမ္ေထာင္ျပဳခ်င္တယ္ "

"ဘယ္လို !  မင္းဟာက မဟုတ္ေသးပါဘူး
ငါက သားသမီးကို ေနရာတကာခ်ဳပ္ခ်ယ္ေနတဲ့ မိဘ မဟုတ္ဘူးဆိုေပမဲ့ ေယာက်ာ္းေလးတစ္ေယာက္ကို လက္ထက္ဖို ့အထိကေတာ့ သေဘာထားမႀကီးေပးနိုင္ဘူး။"

သားေကာင္ေလးတစ္ေယာက္ကို ခ်စ္မိသြားတာထိ သူလက္ခံေပးနိုင္ေပးမဲ့
အတည္တက် လက္ထက္ယူဖို ့က် ခြင့္ျပဳေပးလိုက္ဖို ့ အဆင္မေျပနိုင္။

ကိုယ္မေျပနိုင္တာထပ္  ခ်ယ္ရီ ကေရာ ကိုယ့္အထိန္းသိန္းမေကာင္းလို ့ သားဒီလို ျဖစ္တာပါလို ့မ်ားလက္ညိုးထိုးစြပ္စြဲမလား။  ကြဲကြာေနတာ ငါးနွစ္ေလာက္ရွိပီဆိုေပမဲ့ မခ်စ္လို ့ကြဲခဲ့တာမွ မဟုတ္တာ ။ နန္းခ်ယ္ရီသင္းဆိုတဲ့ မိန္းမက မ်က္နွာအညိုးမခံနိုင္ေလာက္ေအာင္ထိ သူခ်စ္ခဲ့ရတဲ့ ဇနီး။

"ေဖေဖ တို ့လက္ခံဖို ့ခက္ခဲတယ္ဆိုတာမွန္ပါတယ္။
ဒါေပမဲ့ ကေလးေလးကို ဒီတိုင္း အခ်ိန္ႀကာႀကီး သမီးရည္းစားအျဖစ္ေလာက္ေလာက္ထိ ထားဖို ့ ကေတာ့  ……

အင္း ……က်ြန္ေတာ္ အဆင္မေျပတာက ပိုပါတယ္။ က်ြန္ေတာ္ စိတ္မခ်ဘူးေဖေဖ ။

နားလည္ေပးပါမေျပာခ်င္ဘူး ေမေမေရာေဖေဖေရာ လက္ခံဖို ့က်ြန္ေတာ္ ႀကိဳးစားမွာပါ ။ တခုပဲ ေမေမ ျပန္လာရင္ေတာ့ ကေလးေလးကို ဇာတ္ကားထဲေတြထဲကလို သြားဆဲတာ ဘာညာ လုပ္ရင္ က်ြန္ေတာ္
ျငိမ္ခံေနမွာမဟုတ္ဘူးေနာ္ ။ မိဘ ကိုျပန္ေျပာတာမ်ိဴ း လုပ္မွာမဟုတ္ေပမဲ့
ကေလးနဲ ့ေဖေဖတို ့မသိတဲ့ေနရာမ်ိဳးထိ ထြက္သြားပစ္မွာ က်ြန္ေတာ့္အေႀကာင္းေဖေဖ ပိုသိပါတယ္ "

  ေက်ာျပင္သည္ သားစကားေႀကာင့္ မတ္ကနဲ ျဖစ္သြားသည္။ သားရဲ့ စိတ္ကို သူ အသိဆံုး။ ခ်ယ္ရီ လာရင္ေတာ့
သူ အဆင္ေျပေအာင္ ႀကိဳေျပာထားမွ ျဖစ္မည္။

#########

ဇ     မွန္ထဲမွာ ျမင္ေနရတဲ့ သူ ့ပံုရိပ္ကို ေက်နပ္စြာႀကည့္ပီး  နဖူးေပၚအနည္းငယ္က်ေနတဲ့ ဆံပင္တခ်ိဳ ့ကို လွန္တင္လိုက္သည္။
ခါတိုင္း နားထင္ေဘးေတြက ခပ္ပါးပါး
ရွိတ္ထိုးထားတဲ့ ဆံပင္တို ့သည္ မညွပ္တာႀကာေန၍အေတာ္ပင္ရွည္လ်ားေန၏။ 
နားမွ  တပ္ထားတဲ့ နားဆြဲကို ျဖဳတ္ပီး  ပလက္တီနမ္ နားကြင္းေသးေသးတခုကိုယူတပ္ လိုက္သည္။
စိတ္တိုင္းမက်စြာ မွန္ ကိုထပ္ႀကည့္ပီး  နားအလယ္ ေလာက္က  အရုိးနုေလးမွာ
ထပ္ေဖာက္ထားတဲ့ အေပါက္ကို ပါ နားကြင္းေသးတခုထပ္ တပ္လိုက္သည္။

ဘယ္ျပန္ညာျပန္ႀကည့္ပီး စိတ္တိုင္းက်သြားမွ  spray ဘူးကို ယူပီး ေခါင္းကို ျဖန္းလိုက္၏။

လံုးဝ perfect ပဲ။ ကေလးေလးေရွ ့မွာပိုေခ်ာ   ပိုခန္ ့ခ်င္တာ သူအျပစ္လား။
နဂိုကတည္းက ရူပါက ေျဖာင့္ပီးသားဆိုေပမဲ့ ပိုပိုပီး ဆြဲျငိ သြားေစခ်င္၏။

မနက္ဖန္ ကေလးေလးရဲ့ အလုပ္ေရာ ေက်ာင္းေရာပိတ္တဲ့ ေန ့မို ့ ညကို
ကလပ္သြားပီးကဲက်မည္။
ခ်စ္သူသက္တမ္းရက္တစ္ရာျပည့္ေနကို တခါထဲက်င္းပရင္း သူငယ္ခ်င္းေတြကိုလဲ
စံုတံုး ေသာက္စားပီးဒကာခံမည္။

ညကိုေတာ့ ကေလးကို အေဆာင္ျပန္မပို ့ေတာ့။

အနက္ေရာင္ စြပ္က်ယ္ ေပၚမွာ လယ္သာဂ်က္ကတ္ အနက္ေရာင္ကို ထပ္ဝတ္လိုက္သည္။ ဂ်င္းေဘာင္းဘီကလဲ အနက္မို ့ တကိုယ္လံုး နက္ေမွာင္ေနေပမဲ့ နတ္ဘုရားတပါးလို  တင့္တယ္ျခင္းေတြနဲ ့ ။
ေျခတံရွည္ေတြနဲ ့ေလွကားမွာ တလႊားလႊားေက်ာ္ဆင္းကာ ကားေပၚတက္ေမာင္းထြက္ခဲ့သည္။ 

"Hello ! ကေလးေလး  ဆင္းခဲ့ေတာ့ ကိုယ္ေရာက္ေနပီ ။ "

ကေလးဆီ ဖုန္းဆက္အသိေပးပီး
ကားေပၚကေန မဆင္းပဲ အေဆာင္ေပၚကို လွမ္းေမ်ွာ္ႀကည့္ရင္း ဇ ေစာင့္ေနလိုက္သည္။
ျခံတံခါးကို  စူးစိုက္ႀကည့္ေနရင္း
သိပ္မႀကာ ခင္မွာပဲ   ခပ္ေသးေသးပံုရိပ္ေလးနွစ္ရိပ္ ထြက္လာ၏။
အေနာက္က ကပ္ပါလာတဲ့ ေရးက ဘယ္လိုပံုလဲဆိုတာ ဇ မသိေတာ့ ။

ခ်စ္ဖို ့ေကာင္းတဲ့ ဇ ရဲ့    ရင္နွစ္သည္းျခာေလးက  ဒီေန ့ေတာ့  ခုေခတ္ကေလးေတြဝတ္ေနႀကတဲ့ ပန္ ့အပြအနက္ေရာင္ ေဘာင္းဘီအပြ ေလးနဲ ့  ေကာ္ဖီေရာင္လက္ရွည္ လည္ကတံုးအက်ၤ ီနဲ ့တြဲဖက္ဝတ္ဆင္ထား၏။ ပန္ ့ကလံုးဝ အပြျဖစ္ေနေတာ့
ေအာက္က sneaker ဖိနပ္အျဖဴေလးေတာင္ မျမင္ရေတာ့ပဲ ပံုက်ေန၏။
ခါးေသးေသး လူေသးေသးေလးက  ဒါမ်ိဳးပြပြရရေလးေတြ ဝတ္ထားရင္
ထိုင္းက ေကာင္ေလးေတြလို ခ်စ္စဖြယ္အတိ ။

ကားတံခါးကိုဖြင့္ဝင္ထိုင္ရင္း လူကေလး အကိုႀကီးကိုျပံဳးျပလိုက္၏။ အျမဲတမ္း
မိမိုက္ေနေသာ သူ ့အကိုႀကီးက ဒီေန ့လဲ ေစာက္ရမ္းလန္းေန၏။ 

" ဒီေန ့ျပန္မပို ့ဘူး ေျပာခဲ့လားအေဆာင္မွဴ းကို "

ကားကိုေနာက္ျပန္ဆုတ္ရင္းေမးေနတာမို ့
အကိုႀကီးအႀကည့္ေတြက လူကေလးဆီမွာမရွိ ။

"ေျပာခဲ့တယ္  အကိုႀကီး သူငယ္ခ်င္းေတြေရာ "

ျပန္မေျဖပဲ ကားကို ေမာင္းေနရင္းနဲ ့မွ

" ေပ်ာ္ရႊင္စရာ ရက္တစ္ရာေန ့ေလးပါ ကေလးေလး … "

လက္ကို လွမ္းဆုပ္ကိုင္ပီး လက္ဖဝါးထဲ ထည့္လာတဲ့ ေအးစက္စက္အရာေလး။
ငံု ့ႀကည့္လိုက္ေတာ့ ေမာင္းကြင္း ေရႊလက္စြပ္ကေလးက လူကေလးလက္ထဲမွာ
ဝါဝါဝင္းဝင္း။

"အကိုႀကီး "

ဝမ္းနည္းေပ်ာ္ရႊင္မူ ့နဲ ့ လူကေလး
ေခၚမိေတာ့ လွည့္မႀကည့္ပဲ ရယ္သည္။
လက္တဖက္က ကားေမာင္းေနရင္းနဲ ့
ေခါင္းကို လာပြတ္ကာ

"ဝတ္ထားလိုက္   ကိုယ္နဲ ့ဆင္တူေလး
ဒီမွာႀကည့္ "

လက္ကို ျဖန္ ့ျပေတာ့ အကိုႀကီးလက္သႀကြယ္မွာလဲ ပံုစံတူ လက္စြပ္ေလး။
ကလပ္ေရာက္ရွိသည့္တိုင္း လူကေလး
ဝမ္းနည္းေနတုန္း ။ ေရးကေတာ့ လူကေလးတို ့နွစ္ေယာက္ကို ပစ္ထားပီးဘာသိဘာသာ။   အရင္က လက္ကို လာကိုင္ရင္ ရွက္သလိုလို ခံစားေနရေပမဲ့ ခုေတာ့ အကိုႀကီး လာကိုင္တဲ့ လက္ကို ျပန္ဆုပ္ ကိုင္လိုက္သည္။ ေႏြးေထြးႀကင္နာမူ ့ကို ခံစားရတဲ့ အကိုႀကီး လက္ကို လူကေလးအရင္က ဘာလို ့ သေဘာမက်ခဲ့မိတာပါလိမ့္။

ကလပ္တို ့ရဲ့ ထံုးစံအတိုင္း  တအုန္းအုန္း ဒီေဂ် သံတို ့က ဆူညံ ေပါက္ကြဲေနတာမို ့
လူကေလး တအံ့တႀသလိုက္ႀကည့္မိသည္။  ေရးက  ေတာ့ ေရာက္ဖူးပံုရကာ
ေအးေအးလူလူ။  ေကာင္မေလးေတြေရာေကာင္ေလးေတြေရာ က ခုန္ ေနႀကပီး တီးလံုးသံကပါ ျမဴ းႀကြေန၍လူကေလးပါ
ေပ်ာ္ျမဴ းလာ၏။

အေပၚထပ္ ကို သံေလွကားအတိုင္း တက္သြားတာမို ့ လူကေလးလဲ အကိုႀကီးလက္ဆြဲေခၚတဲ့ အတိုင္းပါလာ၏။
ေအာက္ က ကေနႀကတဲ့ သူေတြအကုန္လံုး အေပၚထပ္ကေနႀကည့္ရင္ ရွင္းရွင္းလင္းလင္းျမင္ေနရသည္။

"ႀကာလိုက္တာကြာ မင္းဟာက ကေလးေတြ သြားေခၚတာေရာ ဟုတ္ရဲ့လား
ေဟး…ကေလးေလး မင္းဘဲႀကီးကို  ေသခ်ာ ဂရုစိုက္အုန္း  "

အရင္ႀကိဳေရာက္ေနတဲ့အကိုႀကီးသူငယ္ခ်င္းေတြက ခံုမွာ စထိုင္တာနဲ ့ ဝိုင္းစႀကေတာ့သည္။   အားက်မခံ  အကိုႀကီး လက္ေမာင္းကို လွမ္းဖက္ပီး

"အံမယ္  က်ြန္ေတာ့္အကိုႀကီးက
စိတ္ခ်ရတာမွ လြန္ေနေသးတယ္။
က်ြန္ေတာ္က လြဲပီးဘယ္သူ ့မွမခ်စ္ဘူးေသခ်ာတယ္။ဒါကို အကိုႀကီးတို ့ လို FAေတြက မသိပါဘူး "

ခ်က္ေကာင္းထိသြားပံုရတဲ့ သံုးေယာက္သမား  လူကေလးစကားေႀကာင့္ အကုန္လွဳပ္လွဳပ္ရွားရွားျဖစ္ကုန္သည္။ အကိုႀကီးကေတာ့ သူ ့လက္ေမာင္းကိုဖက္မွီထားတဲ့ လူကေလးေခါင္းကို လွမ္းပုတ္ပီး သေဘာတက် ဘီယာေသာက္ေန၏။

" ဇ  ႀကည့္စမ္း လက္ေတာက္ေလာက္နဲ ့
ငါတို ့ကို ေစာ္ကားေနတာ။ သက္တန္ ့့ဘယ္ေလာက္ေစာ္ႀကည္လဲ ဆိုတာ မင္းအသိဆံုးပဲမို ့လား ေဟ့ေယ်ာင္ ေသာက္မေနနဲ ့ေျပာလိုက္အုန္း  "

"ဘယ္တုန္းက ႀကည္တာလဲ ငါလဲမသိလိုက္ပါလား "

ခြက္ကို ေဘးခ်ပီး ဇ  ကေလးပုခုံး လွမ္းဖက္ပီး ေျပာ၏
သက္တန္ ့ဆဲဆူ သံ ကိုဥပကၡာျပဳကာ
ဇ ကေတာ့ ေပ်ာ္ေနပံုရတဲ့ ကေလးေလး
မ်က္နွာ တစ္ရြာထင္ပီး  က်န္တဲ့ သူေတြကို ဂရုကို မစိုက္ေတာ့။
စကားေျပာရင္ လက္ဟန္ေျခဟန္ေလးပါ ထည့္ေျပာတက္တဲ့ကေလးက  ဇ ကိုယ္တိုင္ထုစစ္ထားတဲ့ ပန္းပုရုပ္ေလး မို ့လားမသိ ေျပာင္းလဲလာတာ သိသိသာသာ။

ေရႊပင္နားေတာ့ ေရႊက်ီး တဲ့ ဇ  ကိုနားမွေတာ့ ကေလးေလး ဒီတသက္ပူစရာမလိုေတာ့။
အခ်စ္လဲေပးမယ္
ဂုဏ္ေတြလဲေပးမယ္ ဒီအကိုႀကီးက
ရုပ္လဲေခ်ာေပးမယ္။ ကဲ ဘာလိုေသးလဲ။

ခ်စ္တဲ့ အိမ္စည္။

" ဘာ  !!  အလုပ် လုပ်ချင်လို့ ဟုတ်လား! "

ဦးထွဋ်တင်  သားဖြစ်သူ တိုင်းထွဋ်တင်ကို ပြူးပြဲ ပီးသေချာကြည့်လိုက်သည်။

သေချာတယ် ဒါ သူ့ သား မဟုတ်ဘူး ။

"  အဖေ ! !"

"ဟေ ! "

"တကယ်  ပြောနေတာ "

ဇ  မျက်ခုံးတွေ တွန့် ချိုးပီး ခပ်စောင့်စောင့်ပြောလိုက်သည်။

" သေချာလို့ လား ။ ဒါ ကစားစရာမဟုတ်ဘူးနော် အေး ပီးမှ  မလုပ်ချင်တော့ဘူးဘာညာပြောရင်  ရှယ်ယာရှင်တွေကြားငါပဲ မျက်နှာပျက်ရမှာ"

" ကျွန်တော် အတည် လုပ်မှာပါ။ ဖေဖေ စိတ်ပူစရာမလိုဘူး ။ တခုပဲ နောက်သုံးနှစ်နေပီးရင်တော့ ကျွန်တော် အိမ်ထောင်ပြုချင်တယ် "

"ဘယ်လို !  မင်းဟာက မဟုတ်သေးပါဘူး
ငါက သားသမီးကို နေရာတကာချုပ်ချယ်နေတဲ့ မိဘ မဟုတ်ဘူးဆိုပေမဲ့ ယောကျာ်းလေးတစ်ယောက်ကို လက်ထက်ဖို့ အထိကတော့ သဘောထားမကြီးပေးနိုင်ဘူး။"

သားကောင်လေးတစ်ယောက်ကို ချစ်မိသွားတာထိ သူလက်ခံပေးနိုင်ပေးမဲ့
အတည်တကျ လက်ထက်ယူဖို့ ကျ ခွင့်ပြုပေးလိုက်ဖို့  အဆင်မပြေနိုင်။

ကိုယ်မပြေနိုင်တာထပ်  ချယ်ရီ ကရော ကိုယ့်အထိန်းသိန်းမကောင်းလို့  သားဒီလို ဖြစ်တာပါလို့ များလက်ညိုးထိုးစွပ်စွဲမလား။  ကွဲကွာနေတာ ငါးနှစ်လောက်ရှိပီဆိုပေမဲ့ မချစ်လို့ ကွဲခဲ့တာမှ မဟုတ်တာ ။ နန်းချယ်ရီသင်းဆိုတဲ့ မိန်းမက မျက်နှာအညိုးမခံနိုင်လောက်အောင်ထိ သူချစ်ခဲ့ရတဲ့ ဇနီး။

"ဖေဖေ တို့ လက်ခံဖို့ ခက်ခဲတယ်ဆိုတာမှန်ပါတယ်။
ဒါပေမဲ့ ကလေးလေးကို ဒီတိုင်း အချိန်ကြာကြီး သမီးရည်းစားအဖြစ်လောက်လောက်ထိ ထားဖို့  ကတော့  ……

အင်း ……ကျွန်တော် အဆင်မပြေတာက ပိုပါတယ်။ ကျွန်တော် စိတ်မချဘူးဖေဖေ ။

နားလည်ပေးပါမပြောချင်ဘူး မေမေရောဖေဖေရော လက်ခံဖို့ ကျွန်တော် ကြိုးစားမှာပါ ။ တခုပဲ မေမေ ပြန်လာရင်တော့ ကလေးလေးကို ဇာတ်ကားထဲတွေထဲကလို သွားဆဲတာ ဘာညာ လုပ်ရင် ကျွန်တော်
ငြိမ်ခံနေမှာမဟုတ်ဘူးနော် ။ မိဘ ကိုပြန်ပြောတာမျိူး လုပ်မှာမဟုတ်ပေမဲ့
ကလေးနဲ့ ဖေဖေတို့ မသိတဲ့နေရာမျိုးထိ ထွက်သွားပစ်မှာ ကျွန်တော့်အကြောင်းဖေဖေ ပိုသိပါတယ် "

  ကျောပြင်သည် သားစကားကြောင့် မတ်ကနဲ ဖြစ်သွားသည်။ သားရဲ့ စိတ်ကို သူ အသိဆုံး။ ချယ်ရီ လာရင်တော့
သူ အဆင်ပြေအောင် ကြိုပြောထားမှ ဖြစ်မည်။

#########

ဇ     မှန်ထဲမှာ မြင်နေရတဲ့ သူ့ ပုံရိပ်ကို ကျေနပ်စွာကြည့်ပီး  နဖူးပေါ်အနည်းငယ်ကျနေတဲ့ ဆံပင်တချို့ ကို လှန်တင်လိုက်သည်။
ခါတိုင်း နားထင်ဘေးတွေက ခပ်ပါးပါး
ရှိတ်ထိုးထားတဲ့ ဆံပင်တို့ သည် မညှပ်တာကြာနေ၍အတော်ပင်ရှည်လျားနေ၏။ 
နားမှ  တပ်ထားတဲ့ နားဆွဲကို ဖြုတ်ပီး  ပလက်တီနမ် နားကွင်းသေးသေးတခုကိုယူတပ် လိုက်သည်။
စိတ်တိုင်းမကျစွာ မှန် ကိုထပ်ကြည့်ပီး  နားအလယ် လောက်က  အရိုးနုလေးမှာ
ထပ်ဖောက်ထားတဲ့ အပေါက်ကို ပါ နားကွင်းသေးတခုထပ် တပ်လိုက်သည်။

ဘယ်ပြန်ညာပြန်ကြည့်ပီး စိတ်တိုင်းကျသွားမှ  spray ဘူးကို ယူပီး ခေါင်းကို ဖြန်းလိုက်၏။

လုံးဝ perfect ပဲ။ ကလေးလေးရှေ့ မှာပိုချော   ပိုခန့် ချင်တာ သူအပြစ်လား။
နဂိုကတည်းက ရူပါက ဖြောင့်ပီးသားဆိုပေမဲ့ ပိုပိုပီး ဆွဲငြိ သွားစေချင်၏။

မနက်ဖန် ကလေးလေးရဲ့ အလုပ်ရော ကျောင်းရောပိတ်တဲ့ နေ့ မို့  ညကို
ကလပ်သွားပီးကဲကျမည်။
ချစ်သူသက်တမ်းရက်တစ်ရာပြည့်နေကို တခါထဲကျင်းပရင်း သူငယ်ချင်းတွေကိုလဲ
စုံတုံး သောက်စားပီးဒကာခံမည်။

ညကိုတော့ ကလေးကို အဆောင်ပြန်မပို့ တော့။

အနက်ရောင် စွပ်ကျယ် ပေါ်မှာ လယ်သာဂျက်ကတ် အနက်ရောင်ကို ထပ်ဝတ်လိုက်သည်။ ဂျင်းဘောင်းဘီကလဲ အနက်မို့  တကိုယ်လုံး နက်မှောင်နေပေမဲ့ နတ်ဘုရားတပါးလို  တင့်တယ်ခြင်းတွေနဲ့  ။
ခြေတံရှည်တွေနဲ့ လှေကားမှာ တလွှားလွှားကျော်ဆင်းကာ ကားပေါ်တက်မောင်းထွက်ခဲ့သည်။ 

"Hello ! ကလေးလေး  ဆင်းခဲ့တော့ ကိုယ်ရောက်နေပီ ။ "

ကလေးဆီ ဖုန်းဆက်အသိပေးပီး
ကားပေါ်ကနေ မဆင်းပဲ အဆောင်ပေါ်ကို လှမ်းမျှော်ကြည့်ရင်း ဇ စောင့်နေလိုက်သည်။
ခြံတံခါးကို  စူးစိုက်ကြည့်နေရင်း
သိပ်မကြာ ခင်မှာပဲ   ခပ်သေးသေးပုံရိပ်လေးနှစ်ရိပ် ထွက်လာ၏။
အနောက်က ကပ်ပါလာတဲ့ ရေးက ဘယ်လိုပုံလဲဆိုတာ ဇ မသိတော့ ။

ချစ်ဖို့ ကောင်းတဲ့ ဇ ရဲ့    ရင်နှစ်သည်းခြာလေးက  ဒီနေ့ တော့  ခုခေတ်ကလေးတွေဝတ်နေကြတဲ့ ပန့် အပွအနက်ရောင် ဘောင်းဘီအပွ လေးနဲ့   ကော်ဖီရောင်လက်ရှည် လည်ကတုံးအင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ထား၏။ ပန့် ကလုံးဝ အပွဖြစ်နေတော့
အောက်က sneaker ဖိနပ်အဖြူလေးတောင် မမြင်ရတော့ပဲ ပုံကျနေ၏။
ခါးသေးသေး လူသေးသေးလေးက  ဒါမျိုးပွပွရရလေးတွေ ဝတ်ထားရင်
ထိုင်းက ကောင်လေးတွေလို ချစ်စဖွယ်အတိ ။

ကားတံခါးကိုဖွင့်ဝင်ထိုင်ရင်း လူကလေး အကိုကြီးကိုပြုံးပြလိုက်၏။ အမြဲတမ်း
မိမိုက်နေသော သူ့ အကိုကြီးက ဒီနေ့ လဲ စောက်ရမ်းလန်းနေ၏။ 

" ဒီနေ့ ပြန်မပို့ ဘူး ပြောခဲ့လားအဆောင်မှူးကို "

ကားကိုနောက်ပြန်ဆုတ်ရင်းမေးနေတာမို့
အကိုကြီးအကြည့်တွေက လူကလေးဆီမှာမရှိ ။

"ပြောခဲ့တယ်  အကိုကြီး သူငယ်ချင်းတွေရော "

ပြန်မဖြေပဲ ကားကို မောင်းနေရင်းနဲ့ မှ

" ပျော်ရွှင်စရာ ရက်တစ်ရာနေ့ လေးပါ ကလေးလေး … "

လက်ကို လှမ်းဆုပ်ကိုင်ပီး လက်ဖဝါးထဲ ထည့်လာတဲ့ အေးစက်စက်အရာလေး။
ငုံ့ ကြည့်လိုက်တော့ မောင်းကွင်း ရွှေလက်စွပ်ကလေးက လူကလေးလက်ထဲမှာ
ဝါဝါဝင်းဝင်း။

"အကိုကြီး "

ဝမ်းနည်းပျော်ရွှင်မူ့ နဲ့  လူကလေး
ခေါ်မိတော့ လှည့်မကြည့်ပဲ ရယ်သည်။
လက်တဖက်က ကားမောင်းနေရင်းနဲ့ 
ခေါင်းကို လာပွတ်ကာ

"ဝတ်ထားလိုက်   ကိုယ်နဲ့ ဆင်တူလေး
ဒီမှာကြည့် "

လက်ကို ဖြန့် ပြတော့ အကိုကြီးလက်သကြွယ်မှာလဲ ပုံစံတူ လက်စွပ်လေး။
ကလပ်ရောက်ရှိသည့်တိုင်း လူကလေး
ဝမ်းနည်းနေတုန်း ။ ရေးကတော့ လူကလေးတို့ နှစ်ယောက်ကို ပစ်ထားပီးဘာသိဘာသာ။   အရင်က လက်ကို လာကိုင်ရင် ရှက်သလိုလို ခံစားနေရပေမဲ့ ခုတော့ အကိုကြီး လာကိုင်တဲ့ လက်ကို ပြန်ဆုပ် ကိုင်လိုက်သည်။ နွေးထွေးကြင်နာမူ့ ကို ခံစားရတဲ့ အကိုကြီး လက်ကို လူကလေးအရင်က ဘာလို့  သဘောမကျခဲ့မိတာပါလိမ့်။

ကလပ်တို့ ရဲ့ ထုံးစံအတိုင်း  တအုန်းအုန်း ဒီဂျေ သံတို့ က ဆူညံ ပေါက်ကွဲနေတာမို့
လူကလေး တအံ့တသြလိုက်ကြည့်မိသည်။  ရေးက  တော့ ရောက်ဖူးပုံရကာ
အေးအေးလူလူ။  ကောင်မလေးတွေရောကောင်လေးတွေရော က ခုန် နေကြပီး တီးလုံးသံကပါ မြူးကြွနေ၍လူကလေးပါ
ပျော်မြူးလာ၏။

အပေါ်ထပ် ကို သံလှေကားအတိုင်း တက်သွားတာမို့  လူကလေးလဲ အကိုကြီးလက်ဆွဲခေါ်တဲ့ အတိုင်းပါလာ၏။
အောက် က ကနေကြတဲ့ သူတွေအကုန်လုံး အပေါ်ထပ်ကနေကြည့်ရင် ရှင်းရှင်းလင်းလင်းမြင်နေရသည်။

"ကြာလိုက်တာကွာ မင်းဟာက ကလေးတွေ သွားခေါ်တာရော ဟုတ်ရဲ့လား
ဟေး…ကလေးလေး မင်းဘဲကြီးကို  သေချာ ဂရုစိုက်အုန်း  "

အရင်ကြိုရောက်နေတဲ့အကိုကြီးသူငယ်ချင်းတွေက ခုံမှာ စထိုင်တာနဲ့  ဝိုင်းစကြတော့သည်။   အားကျမခံ  အကိုကြီး လက်မောင်းကို လှမ်းဖက်ပီး

"အံမယ်  ကျွန်တော့်အကိုကြီးက
စိတ်ချရတာမှ လွန်နေသေးတယ်။
ကျွန်တော်က လွဲပီးဘယ်သူ့ မှမချစ်ဘူးသေချာတယ်။ဒါကို အကိုကြီးတို့  လို FAတွေက မသိပါဘူး "

ချက်ကောင်းထိသွားပုံရတဲ့ သုံးယောက်သမား  လူကလေးစကားကြောင့် အကုန်လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။ အကိုကြီးကတော့ သူ့ လက်မောင်းကိုဖက်မှီထားတဲ့ လူကလေးခေါင်းကို လှမ်းပုတ်ပီး သဘောတကျ ဘီယာသောက်နေ၏။

" ဇ  ကြည့်စမ်း လက်တောက်လောက်နဲ့
ငါတို့ ကို စော်ကားနေတာ။ သက်တန့့်ဘယ်လောက်စော်ကြည်လဲ ဆိုတာ မင်းအသိဆုံးပဲမို့ လား ဟေ့ယျောင် သောက်မနေနဲ့ ပြောလိုက်အုန်း  "

"ဘယ်တုန်းက ကြည်တာလဲ ငါလဲမသိလိုက်ပါလား "

ခွက်ကို ဘေးချပီး ဇ  ကလေးပုခုံး လှမ်းဖက်ပီး ပြော၏
သက်တန့် ဆဲဆူ သံ ကိုဥပက္ခာပြုကာ
ဇ ကတော့ ပျော်နေပုံရတဲ့ ကလေးလေး
မျက်နှာ တစ်ရွာထင်ပီး  ကျန်တဲ့ သူတွေကို ဂရုကို မစိုက်တော့။
စကားပြောရင် လက်ဟန်ခြေဟန်လေးပါ ထည့်ပြောတက်တဲ့ကလေးက  ဇ ကိုယ်တိုင်ထုစစ်ထားတဲ့ ပန်းပုရုပ်လေး မို့ လားမသိ ပြောင်းလဲလာတာ သိသိသာသာ။

ရွှေပင်နားတော့ ရွှေကျီး တဲ့ ဇ  ကိုနားမှတော့ ကလေးလေး ဒီတသက်ပူစရာမလိုတော့။
အချစ်လဲပေးမယ်
ဂုဏ်တွေလဲပေးမယ် ဒီအကိုကြီးက
ရုပ်လဲချောပေးမယ်။ ကဲ ဘာလိုသေးလဲ။

ချစ်တဲ့ အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz