21
" မေသာက္ရဘူး "
"သောက်လေ ဘာလုပ်နေတာလဲ"
"အကိုကြီး!!! "
"ဘယ်သွားကြမလို့ လဲ "
"ငါတို့ ရောလိုက်မယ် "
ပါလာကြသည်။
"ဖယ် က , မလို့  "
များဝင်စားသလားပဲ။
" က အုန်းမှာ မဝသေးဘူး "
" ဂေ့"
" အကိုကြီး "
"အင်း"
"ဟို ဟာစားမှာ "
" ကလေး လေး"
"ဗျာ "
"ချစ်လား ကိုယ့်ကို "
"အရမ်းချစ် "
"အာဘွားပေး "
တက်လာခဲ့လိုက်သည်။
"ရေးချိုးမှာလား ကလေး "
"ဒေါက် ဒေါက် "
လက်ခံ ယူလိုက်၏။ တံခါးပြန်ပိတ်ပီး
လွှတ်အုန်း "
" အကိုကြီး "
"အင်း "
"ကလေးလေး "
"တကိုက်လောက် "
ချစ်တဲ့ အိမ်စည်။
" မသောက်ရဘူး "
ပါးစပ်ဖျားရောက်ခါနီးမှ မြင်လိုက်ရတာကြောင့် ဇ အလျှင်အမြန် ဆွဲလုလိုက်တော့
အေးစက်စက် ဘီယာတွေက ဖိတ်စင်ပီး လက်မှာ အနည်းငယ်တော့ ပေပွသွား၏
"အကိုကြီးကျ သောက်ပီးတော့ ကျွန်တော်ကျမသောက်ရဘူးဆိုတာတော့ မတရားဘူး "
"မတရားဘူးဟုတ်လား ဒါဆို သောက်လေ ကိုယ်က မင်းအသက်မပြည့်သေးလို့ မသောက်ခိုင်းတာ ဒါကို မင်းက သောက်ချင်ရင် ကိုယ်မတားဘူး အေးနောက်ဆက်တွဲ ပြသနာ ကို ထည့်မစဉ်းစားရင် သောက်လိုက်အဲ့မှာ "
စောစောက ဆွဲလုထားတဲ့ ခွက်ကို ရှေ့ မှာချပေးလိုက်၏။ အသက်မပြည့်သေးလို့
တားနေတာ နို့ မို့ ဆိုရင် ကြိုက်တာလုပ်စမ်း ဇ ဘေးကနေ လိုက်ထိန်းနိုင်တယ်။
"သောက်လေ ဘာလုပ်နေတာလဲ"
မသောက်ရဲပဲ တွေဝေနေတဲ့ ကလေးကြောင့်ထပ် ပြောလိုက်တော့
"ဟို နောက်ဆက်တွဲပြသနာကဘာလဲ အကိုကြီး"
ဟင်း…မေးမှမေးပါ့မလားလို့ ဒါကိုကြောက်ရကောင်းသည်တော့ရှိသားပဲ။ အနည်းငယ် ခါးကို ကိုင်းက ကလေးလေးကြားသာရုံလောက်နားနားကပ်ပြောလိုက်၏။
"အကိုကြီး!!! "
ပါးပြင်ရဲရဲက ဖြန်းကနဲ ရဲတက်လာပီး
လက်မောင်းကို ထုပီးအော်၏။
"ဘာလဲ ကိုယ်ပြောတာမှားလား။ သောက်ချင်သောက် ။ သောက်ပီရင်တော့ စောစောကပြောတဲ့ နောက်ဆက်တွဲပြသနာကို ခံရမယ်မှတ်"
"မသောက်ဘူး အကိုကြီး ညစ်ပါတ်တယ်"
ဇ ဘီယာခွက်ကို ပြန်ဆွဲယူသောက်ပီး ပြုံးလိုက်သည်။ ညစ်ပတ်မှတော်ကာ ကျတဲ့
ကလေးလေးက နောက်ဆို သူကြောက်တာနဲ့ ပဲ ခြိမ်းခြောက်တော့မယ်။
" ရေး မင်းလဲ အသက်မပြည့်သေးဘူးမို့ လား ဘာလို့ သောက်နေတာလဲ "
ဝန စကားကြောင့် ဘေးက ဖြူဖြူ လုံးလုံး ရေးဆိုတဲ့ ကောင်လေးကို ဒေဝါ စောင်းကြည့်လိုက်သည်။ ဒီကလေးကို သတိထားမိနေတာကြာပေမဲ့ တိတိပပ စကားမပြောဘူးသေး။ပါလာရင်လဲ ငြိမ်ငြိမ်လေးထိုင်နေတက်ပီး တခါတလေ သူ့ ကို ခိုးကြည့်တက်တာကိုလဲ မြင်ဘူး၏။
"ဟီးး ကျွန်တော် မြည်းကြည့်ရင်းများသွားတာ "
သိပ်မူးသေးပုံမရပေမဲ့ နည်းနည်းတော့ အူရိုင်းလေးမို့ ထွေချင်နေ၏။ ဒေဝါ ခေါင်ရမ်းပီး သောက်လက်စခွက်ကို မော့သောက်ပစ်လိုက်သည်။
"ဘယ်သွားကြမလို့ လဲ "
ဇ တို့ အတွဲ ထ သွားတော့ သက်တန့် ကလှမ်းအော်တာမို့ အကုန်လုံးအကြည့်တွေက ဇ တို့ ဆီရောက်သွား၏။
လူကလေးပုခုံးကို လှမ်းဖက်လိုက်ပီးမှ
"ကလေးနဲ့ အောက်သွား ,က မလို့ "
"ငါတို့ ရောလိုက်မယ် "
သက်တန့် ပါထတော့ အကုန်လုံး
ပါလာကြသည်။
လူအုပ်ကြီးကြားထဲ အကုန်တိုးဝင်ပီး က ,
ကြတော့ ပုသေးသေးကိုယ်က အကိုကြီးရင်ခွင်မှာ ကွက်တိ။ တီးလုံးသံက
မြူးထူးနေတော့ ရေး ကတော့ အသေကဲနေ၏။ ရေးကို ကြည့်ပီး မ က,တက် က, တက် လက်လေးမြှောက်ပီး က ကြည့်သည်။ မဆိုးဘူး အဆင်ပြေ၏။
ဇ ကတော့ ခုန်ပေါက်ပီး လက်လေးမြှောက် က နေတဲ့ ကလေးလေးကို ကြည့်ပီး ခါး ကနေ ရင်ဘက်ထဲ ဆွဲပွေ့ ကပ်ထားလိုက်သည်။
"ဖယ် က , မလို့ "
ဒီဂျေသံ ကျော်အောင် အတင်းကုန်းအော်နေတာမို့ နားနားကပ်
ပီး ဇ အော်ပြောလိုက်သည်။
" မဖယ်ဘူး ဒီလို ပဲရအောင် က "
နှုတ်ခမ်းတွေဆူလာပီး မျက်မှောင်ကုတ်ပီး
ဆူကောက်ချိတ် လာတော့ ဇ သဘောတကျ ရယ်မောကာ ဖက်ထားရာမှ လွတ်ပေးလိုက်တော့ ကွေးနေအောင် က ,တော့သည်။ လူကလေးက ဇာတ်မင်းသား
များဝင်စားသလားပဲ။
ရေး ရော လူကလေးရော ခုမှ ပိုးပေါ်လာပုံရကာ မမောနိုင်မပန်းနိုင် က, ကြ၏။
သက်တန့် တို့ လေးယောက်သားသည်
သူတို့ အလယ်မှာ ကွေးနေအောင် က , နေတဲ့ ကလေးနှစ်ကောင် ကြောင့် ကဲဖို့ ရာတောင်မေ့ပီး ခါးထောက်ပီးသာ ရယ်မိကြတော့သည်။ ဘယ်နှယ့် တခြား သူတွေလို မ က,ပဲ လက်ကလေးတောင်
ချိုးက,နေတာမို့ မသိရင် ဇာတ်ခုံပေါ်ရောက်နေသလို ။
မမူးပဲ သောင်းကြမ်းနေတဲ့ ကလေးကို ပုခုံးပေါ်ကောက်ထမ်းပီး အပေါ်ပြန်တက်လာခဲ့သည်။ ကျော ကို လက်သီးနဲ့ တဖုန်းဖုန်းထုနေသော်လဲ ဇ ပြန်ချ မပေး။
" က အုန်းမှာ မဝသေးဘူး "
ခုံပေါ်ချပေးသော်လဲ ပြန် ထဖို့ လုပ်နေတာမို့ ဆွဲချုပ်ပီးပေါင်ပေါ်ပွေ့ တင်ထားလိုက်သည်။
ဒေဝါ တို့ အဖွဲ့ ပါ ပြန်ရောက်လာပီး ဝန နဲ့
သက်တန့် က ရေး ကို ချိုင်းကနေ တစ်ယောက်တဖက် မ ပီး ပြန်ခေါ်လာ၏။
"မသွားရဘူး ဟိုမှာ ရေးတောင် ပြန်ခေါ်လာပီ "
မေးငေါ့ပီး ရေးကို ပြမှ ငြိမ်ကျသွားသည်။
"ဟာ ဟေ့ကောင်လေး အဲ့ဒါ ငါ့ခွက်လေ "
ဒေဝါ လှမ်းတားပေမဲ့ မမှီလိုက်တော့ ။
သောက်ထည့်လိုက်တာ တခါထဲပဲ
နီရဲတက်သွားတဲ့ မျက်နှာက ရှုံ့ မဲ့ပီး အားကနဲတောင် မြည်လိုက်သေးတယ်။
" ဂေ့"
ဗိုက်ကို ပွတ်ပီးလေချဉ်တက်လိုက်သေးတဲ့
ရေးဆိုတဲ့ကောင်လေးကို ကြည့်ပီး
ဒေဝါ ဘာပြန်ပြောရမှန်းတောင် မသိတော့။ တကယ့်အပြင်းတွေရောထားတာကို ဒီကလေး တခါထဲ မော့ပစ်လိုက်၏။
" အကိုကြီး "
"အင်း"
ပေါင်ပေါ်က ကလေး ကို လက်တဖက်နဲ့ ခါးကို သိုင်းဖက်ပီး ဇ ဘီယာ သောက်နေတာမို့ ကလေးခေါ်တော့ သောက်လက်စနဲ့ မပီမသ ထူးရ၏
"ဟို ဟာစားမှာ "
အမြည်းစားဖို့ မှာထားတဲ့ အာလူးကြော်ပန်းကန်ကို လှမ်းထိုးပြတာမို့ ဆွဲယူပီး
ရှေ့ ကို ချပေးလိုက်သည်။
ပေါင်ပေါ်ထိုင်ရတာနေသားကျသွားပုံရတဲ့ ကလေးက ကလေးပေါက်စတွေထိုင်သလို ကျောကို ဇ ရင်ဘက်မှာ အားရပါးရမှီပီး အာလူးကြော်တွေ စားနေ၏။
ပါးကို ကိုင်ပီး ငုံ့ နမ်းတော့လဲ အစားသောက်မပျက် ငြိမ်ခံသည်။
ည ဆယ်တစ်ခွဲလောက်ရောက်တော့
ဒေဝါ နဲ့ ဝနအပြင် ရေးပါ မူးနေ၏။
နောက်ဆုံးလက်ကျန်ခွက်ကို ဇ မော့သောက်ရင်း ပြန်ဖို့ သက်တန့် ကို ပြောလိုက်သည်။ ဒီည အိမ်မပြန် မှာမို့ အကုန်ဟော်တယ်မှာ စု အိပ်ကြမည်။
" ဇ မင်း တို့ ဟော်တယ်ပဲ သွားမယ်နော် "
ခေါင်းငြိမ့်ပြ လိုက်တော့ ကားကို သက်တန့် က အရင်မောင်းထွက်သွား၏။ သူငယ်ချင်းတွေအကုန်လုံး ဇ တို့ နှစ်ယောက်ကိုအတွဲမှန်းသိတော့ လွတ်လွတ်လပ်လပ်နေရအောင် အလိုက်တသိ ညှာ၏။ ရေးကိုပါ တင်ခေါ်သွားတာမို့ ဇ နဲ့ ကလေးသာ ကျန်ခဲ့သည်။
" ကလေး လေး"
"ဗျာ "
"ချစ်လား ကိုယ့်ကို "
"အရမ်းချစ် "
"အာဘွားပေး "
ကားမမောင်းသေးပဲ ဇ ပြောတော့ ကုန်းပီး လာနမ်း၏။
"အာဘွား အကိုကြီးကိုအရမ်းချစ်တယ်"
"အင်း မင်းကိုလဲ ချစ်တယ် ခါးပါတ်တပ် သွားရအောင်"
ဇ တို့ ဟော်တယ်ရောက်တော့ ကောင်လေးတစ်ယောက်ထွက်လာကြိုပီး သော့လာပေး၏။ အမှန်တိုင်းပြောရရင် ဒါမေမေ့ဖက်က အဘိုးက ဇ ကို အမွေပေးခဲ့တဲ့ဟော်တယ်။ လောလောဆယ်တော့ ဖေဖေက တာဝန်ယူထားတာမို့ ဇ ဂရုမစိုက်ပဲ ဘာသိဘာသာ သုံးဖြုန်းပျော်ပါးနေမိသည်။ နောက်ဆိုရင်တော့ သူ ဒီအတိုင်းနေလို့ မရတော့ ။
"ငါ့သူ့ ငယ်ချင်းတွေရော "
သော့ကို လှမ်းယူရင်းမေးတော့
" နှစ်ခန်းယူပီး သွားနားပါပီ အကိုလေး "
ခေါင်းငြိမ့်ပြပီး ကလေးလက်ဆွဲကာ သူ့ လာရင် နေနေကြ သူ့ ကိုယ်ပိုင် အခန်းဆီ
တက်လာခဲ့လိုက်သည်။
"ရေးချိုးမှာလား ကလေး "
"ဟုတ် ချိုးချင်တယ် အရက်စော်တွေနံနေလို့ "
အင်္ကျီကို ငုံ့ နမ်းနေတာမို့ ဇ ခေါင်းညိမ့်ပီး
ဘီဒို ထဲက သူ့ အဝတ်တွေ သွားထုတ်ပေးလိုက်သည်။
"ဟို မှာရေချိုးခန်း သွားချိုးချေ "
ကလေးလေးရေချိုးခန်းထဲ ဝင်သွားမှ ဇ အတွက် ချည်းသားဘောင်ဘီရှည် တစ်ထည်ဆွဲထုတ် ယူလိုက်သည်။ အဲကွန်း ခလုတ်ကို ယူပီးမြှင့်လိုက်ပီးမှ အခန်းထဲကဖုန်းကိုယူခေါ်လိုက်သည်။
"အေး လိမ္မော်ရေ တစ်ခွက် အသီးစစ်စစ်နဲ့ ပဲဖျော်ခဲ့ ။ အသီးပွဲ တပွဲရော ပြင်ခဲ့ပေး "
မှာစရာရှိတာမှာပီး ဖုန်းချပီးတော့ ကလေး ထွက်လာသည်မို့
"ပီးပီလား ခနနေ မှာထားတာလာပို့ ရင် လက်ခံထားလိုက်အုန်း ကိုယ်ရေချိုးအုန်းမယ်"
ခေါင်းလုံးလုံးကို နှစ်ချက်လောက်ပုတ်ပီးမှာခဲ့ရသေးသည်။ သူမြန်မြန်ရေချိုးပီးမှ……။
လူကလေး အကိုကြီး ရေချိုးနေတဲ့ အချိန် လုပ်စရာမရှိတော့ အခန်းကို လှည့်ပတ်ကြည့် လိုက်၏ ပုံမှန်ဟော်တယ်ခန်းတွေနဲ့ မတူပဲ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ အပြင်
tv game စက်တွေရောအစုံရှိသည်။
မွေ့ ယာကအစ အနက်ရောင် ကိုသုံးထားသည်မို့ လုံးဝဟော်တယ်ရောက်နေသလို မခံစားရပေ။
"ဒေါက် ဒေါက် "
အကိုကြီးမှာထားတာကို သတိရပီး တံခါးပြေးဖွင့်လိုက်၏။
" ကိုတိုင်း မှာထားတာ လာပို့ ပေးတာပါဗျ"
အခန်းထဲထိမဝင်ပဲ ပြောလာသည်မို့
လူကလေး သယ်လာပေးတဲ့ ဗန်းလေးကို
လက်ခံ ယူလိုက်၏။ တံခါးပြန်ပိတ်ပီး
အသီးဗန်း ကြီးနဲ့ လိမ္မော်ရည် ခွက်ကို စားပွဲပေါ်သွားတင်နေစဉ် အကိုကြီး ထွက်လာပီး ခါးကို လာဖက်လိုက်သည်မို့ တွန့် ကနဲ ဖြစ်သွား၏။ အေးစက်စက် လက်၏အထိအတွေ့ က အသားက တဆင့် ဖြတ်ပီး ခံစားလိုက်ရသည်မို့
"အာ အကိုကြီး ဖိတ်ကုန်တော့မယ်
လွှတ်အုန်း "
" မလွှတ်ချင်ဘူး ဒီတိုင်းသွား "
နောက်ကနေ ခါးဖက်ရက်တန်းလန်း ပါလာသည်မို့ ဗန်းကို မဖိတ်ကျအောင် မပီးစားပွဲပေါ်ရောက်အောင် မနဲ တင်လိုက်ရသည်။
" အကိုကြီး "
"အင်း "
ဖက်ထားရက်အတိုင်း မခွာပဲ ခေါင်းကိုငုံ့ နမ်းပီးဖြေသည်မို့
"ခနလေး လွှတ်ပေးအုန်း ရေတွေ စိုကုန်ပီထင်တယ်"
ဂုတ်ပေါ် တစက်စက်ကျနေတဲ့ ရေစက်တွေကြောင့် လည်ပင်းနားက အင်္ကျီတွေ အကွက်လိုက်စိုကုန်၏။ ဖယ်ခွာသွားတဲ့ လက်တွေကြောင့် ကျောပေးထားရာမှ မျက်နှာချင်းဆိုင်လှည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက သွေးတက်ဖွယ်။
ခေါင်းလျှော်ထားတဲ့ ဆံပင်တွေကို မသုတ်ထားတာကြောင့်ရေစက်တွေက ဆံပင်ဖျားမှ တတောက်တောက်စီးကျနေ၏။
ဘောင်းဘီရှည် ခဲရောင်ဗြောင်က ခါးမှာ
ကြိုးစီးပီးဝတ်ရတဲ့ အရှည်အပွ ။ အင်္ကျီမပါတဲ့ ရင်ဖက်က ကြွက်သားတွေက 6 pick တောင်မက ။ အမြှောင်းမြှောင်းထ နေတဲ့
ကြွက်သားတွေပေါ်ကိုရေစက်တွေ စီးကျနေပုံမှာ လုံးဝ sexy
တံတွေးတွေမြို ချပီး အကြည့်တွေကို လွှဲဖယ်လိုက်ပေးမဲ့ မျက်လုံးထဲမှာ မြင်ကွင်းက လုံးဝ မထွက် ။ ဖြစ်နိုင်ရင်အားရပါးရ ကိုက်ပစ်လိုက်ချင်သည်။
"ကလေးလေး "
"တကိုက်လောက် "
အမှတ်တမဲ့ ထွက်သွားတဲ့ စကားကြောင့်အလျှင်အမြန်ပါးစပ်ကိုအုပ်လိုက်ပေမဲ့ မမှီတော့။
ချစ်တဲ့ အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz