19
" အကိုကြီးက လိပ်ကြီးပဲ "
မချစ်တော့ဘူးလား "
ကျွန်တော်က ချစ်မှာပါ "
" မော့ကြည့် "
"မော့ ဆို "
" မမော့ချင်ဘူး "
"ဘာလို့ လဲ"
"မွှေးလို့  "
" မင်းကို ချစ်တယ် ။ ယုံလား "
" အင်း "
"သေချာဖြေ"
"ယုံတယ် "
"နမ်းရအောင် "
နမ်းရအောင်ပါ။ နော် နော်လို့  "
ရည်းစားဦး အနမ်းဦး ကို
"အွန်း တော် ပီ အွန့် "
ပြော၏။
"အကိုကြီး !!! "
"ဟေ ဟေ "
အသေးလေး ဒေါသထွက်တာ
"ဖယ်အုန်း "
"ဖယ်ချင်ဘူး "
"အကိုကြီးအတွက် "
လက်ကို ဆန့် ပေးမိတော့ ……
" အကိုကြီးကြိုက်လား "
အရသာကို သိပီးသားသူက
"မင်းကို ပိုကြိုက်တယ် "
ဒါပေမဲ့ ဖွဖွလေးပါပဲ။
ချစ်တဲ့ အိမ်စည်။
လူကလေး အလုပ်ချိန် ပီးပီမို့ ဝန်ထမ်းယူနီဖောင်းကို အလျှင်အမြန်လဲဝတ်လိုက်ပီးကျောပိုးအိတ်လေးကိုဂရုတစိုက်ယူလိုက်သည်။ အပြင်မှာ အကိုကြီးလာခေါ်နေပီ ဖြစ်တာကြောင့် အိတ်ကို ယုယုယယပိုက်ကာ ဆိုင်ပြင်သို့ ထွက်လိုက်၏။ ဒီနေ့ ပထမဆုံး လခ ရသည့်နေမို့ လူကလေး
အကိုကြီးအတွက်လက်ဆောင်ပြင်ထားသည်။
ခြေလှမ်းတို့ က ဆိုင်အပြင်ကို တိတိပပထွက်လိုက်တာနဲ့ ကားတံခါးကိုမှီပီးစောင့်နေတဲ့ အကိုကြီးကိုတွေ့ သည်။
အကိုကြီးက ဒီနေ့ ဘောင်းဘီတို အနက်နဲ့ တီရှပ် အဖြူ ဗြောင်ပွပွ ကိုဝတ်ထား၏။ ခြေညှပ်ဖိနပ်ကို စီးထားတာ
မို့ ဒီနေ့ ည အကိုကြီးပုံက လုံးဝ လွတ်လပ်ပေါ့ပါးနေ၏။
" အကိုကြီး ဒီနေ့ အရမ်းမိုက်နေတယ်"
ထွက်လာကတည်းက ငေးမောပီး
ကြည့်လာတာမို့ ဇ မျက်နှာကိုမော့ပြီးသဘောကျ ရယ်လိုက်သည်။ လက်မလေးပါ ထောင် ပီးချီးမွန်းနေတာမို့ ဒီရူပါဖြောင့် တဲ့ အကိုကြီး ကို အတော်ကြွေသွားပုံရသည်။
"မင်းဘဲကြီးပဲ ဒီလောက်တော့ရှိမှာပေါ့"
" အကိုကြီးက လိပ်ကြီးပဲ "
"ဘာလဲ လိပ်ကြီးဆိုတော့မင်းက
မချစ်တော့ဘူးလား "
"ဟင့်အင် လိပ်ကြီးလဲ အကိုကြီးမို့ လို့
ကျွန်တော်က ချစ်မှာပါ "
ဇ ခါးကုန်းကာ ကလေးလေးပါးလေးနှစ်ဖက်ကို ဖျစ်ညစ်ပစ်လိုက်ကာ
"အားရီးဂူး သိပ်အသည်းယား အောင်
လုပ်နေတယ်ပေါ့ ဟုတ်လား ။ မင်းတော့ နာတော့မှာပဲ "
အရပ်ရှည်ပေမဲ့ သူများတွေအရပ်ရှည်သလို ပိန်ပိန်ပါးပါး ကလန်ကလားမဟုတ်။ တောင့်ဖြောင့်နေသောကိုယ်က ခါးကို သိုင်းဖက်လိုက်တာနဲ့ မာတောင့်တောင့်
ကြွက်သားတွေက သိသိသာသာ ။
စကားပြောရင်လဲ ငုံ့ ကြည့်ပီး ပြောရသည်မို့ မျက်နှာပြင်က မဲနက်နေတဲ့ မျက်ခုံး
ထင်းထွက်နေတဲ့ ယောကျာ်းပီသ လှတဲ့ ပါးရိုး… ဆေးလိပ်သောက်တက်၍အနည်းငယ်ညိုချင်နေတဲ့ နှုတ်ခမ်းသားတို့ ကို မော့ကြည့်တို်င်း မြင်ရသည်က အသက်ရှူမှားဖွယ်။
ကားပေါ်ရောက်ရှိသည့်တိုင်အောင်
ဒီဘဲကြီးက လူကလေး ရည်းစားကြီးဆိုတာ မယုံကြည်နိုင်သေးပေ။
"ကိုယ့်ကို အဲ့ဒီလောက်ကြည့်နေရင်
ကိုယ်ကားမောင်းဖို့ အဆင်မပြေတော့ဘူး "
လှည့်မကြည့်ပဲ ပြောတဲ့ အကိုကြီးကလူကလေး ကြည့်နေတာကို သိပုံပင်။
" အကိုကြီး မျက်ခုံးပေါ်မှာ အပေါက်ဖောက်တော့မနာဘူးလား "
မျက်ခုံးပေါ်က စိန်ပွင့်သေးသေးလေးကို လက်နဲ့ လှမ်းထိပီးမေးလိုက်သည်။ တလဲ့လဲ့တောက်နေတဲ့ စိန်ပွင့်လေးက မျက်ခုံးပေါ်မှာ တင့်တင့်တယ်တယ်မို့ အကိုကြီးကို
နည်းနည်းမှ အရှိန်အဝါ မညိုးနွမ်းချေ။
"နာပေမဲ့ ကိုယ်က သိပ်လုပ်ချင်နေတဲ့ အချိန်ဆိုတော့ နာရကောင်းမှန်းမသိဘူး "
" နား…မှာတွေရော အကိုကြီးက ဆိုးလိုက်တာ"
"မင်း ကြည့်ရတာ အဆင်မပြေဘူးလား"
" ဟင့်အင် အရမ်းမိုက်လွန်းတော့ ကျွန်တော်သိမ်ငယ်ရတယ် "
ပြောပီး မျက်နှာကို တဖက်လှည့်သွားတာတာကို ဇ ကားကွေ့ ရင်း မြင်လိုက်ရသည်။ ကားကို အဆောင်ဖက် ရှေ့ မလှမ်းမကမ်းမှာရပ်ပီး စက်သတ်လိုက်သည်။
ခုထိ ဇ ဖက်ကို လှည့်မလာသေးတဲ့ ကိုယ်လေးကို ကားခါးပတ်လှမ်းဖြူတ်ပေးပီး ဆွဲပွေ့ ယူလိုက်သည်။ သေးသေးသွယ်သွယ်ကိုယ်လေးက ဇ ပေါင်ပေါ်မှာ အံဝင်ခွင်ကျမို့ ဇ သဘောကျသွားသည်။
ဒီလောက် လိုက်ဖက်ညီနေတာတောင်
ဒီလောက် လိုက်ဖက်ညီမှာမဟုတ်ဘူး။
" မော့ကြည့် "
မလှုပ်တငုတ်နဲ့ ဇ ရင်ခွင်ထဲရောက်လာတာတောင်ကြောက်ရကောင်းသည် မရှိ
တိုးပီး ရင်ဘက်မှာ မျက်နှာလေးတောင် ကပ်ထားလိုက်သေးသည်။
ကလေးလေးသည်ကြာလေကြာလေ
ဇ ကို နည်းနည်းမှ ကြောက်ရကောင်းသည်မရှိတော့။ ရင်ဘက်ထဲက ကိုယ်လေးကို ထွေးဖက်ပီး မော့ကြည့်ခိုင်းတော့ မော့ မလာ။
"မော့ ဆို "
" မမော့ချင်ဘူး "
"ဘာလို့ လဲ"
"မွှေးလို့ "
ရင်ဖက်ကိုတောင် နမ်းပြလိုက်သေးသည်။
လူကလေး ပမာမခန့် လုပ်တာများနေပီ။
" မင်းကို ချစ်တယ် ။ ယုံလား "
" အင်း "
"သေချာဖြေ"
"ယုံတယ် "
" ဒီလို အားငယ်တာမျိုးကိုယ်မကြိုက်ဘူး
မင်းကို အားလုံး …မနာလို အားကျရလောက်အောင် ဒီအကိုကြီးက ချစ်ပေးမှာ ။
နောက်မှ အချစ်မခံချင်တော့ဘူးလာမလုပ်နဲ့ "
"ဟီး အကိုကြီးအကောင်းဆုံးပဲ "
"နမ်းရအောင် "
"ဘာမှမဆိုင်ဘူး။ ဟိုတခါ နမ်းလိုက်တာ နှုတ်ခမ်းနည်းနည်းပေါက်သွားလို့ ထမင်းစားတိုင်း စပ်နေရတယ်။ "
"ဒီတခါ ဖွဖွလေးနမ်းမယ်လေ "
"တော်ပီ မနမ်းဘူး အကိုကြီးက ပီးရင်ဟုတ်တာမဟုတ်ဘူး အကြမ်းပတမ်းကြီးလုပ်တယ်"
"ဒီတခါ တကယ် ဖွဖွလေး နမ်းမယ်လေ။
နမ်းရအောင်ပါ။ နော် နော်လို့ "
ဖက်ထားတဲ့ ခါးကို အားမလိုအားမရ
ဖျစ်ညစ်လိုက်မိတော့ တွန့် လိန်သွားပီးငုံ့
ထားတဲ့ မျက်နှာလေးက အနည်းငယ်ပေါ်လာ၏။ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ပါးပြင်ကို လက်နဲ့ ဖိကိုင်ပီး အပီအပြင်နမ်းပစ်လိုက်သည်။
လိမ်မာတဲ့ ကလေးက ဇ လုပ်သမျှငြိမ်ခံသည်။ မနမ်းတက်တဲ့ နှုတ်ခမ်းလေးက
ဇ လမ်းပြတဲ့ အတိုင်း လိုက်လျှောက်ကာ
အနည်းငယ်တော့ လှူပ်ရှားတက်လာ၏။
အိစက်နေတဲ့ နှုတ်ခမ်းသားက ဖူးဖူးအိအိ ဂျယ်လီလေးလို ။
အရသာက ပြောစရာမလို ရှယ်ပဲ။
ရည်းစားဦး အနမ်းဦး ကို
ဇ အပိုင်သိမ်းကာ နုရေ ဖက်ရေ ရည်းစားလေးကို သိမ်းကြုံးပွေ့ ဖက် နမ်းမိသွား၏။
မျက်လုံးအစုံကို မှေးမှိတ်ရင်း
ကလေးလေးရဲ့ နှုတ်ခမ်းက အရသာ
ကတွင်းက အရသာ ကို ဇ အပြန်ပြန်အလှန်လှန် စမ်းသက်ခံစားနေမိသည်။
"အွန်း တော် ပီ အွန့် "
ပြောခွင့်လေးတောင် မပေးနို်င်ပဲ ဆက်ပီး
လျှာကိုပါ နယ်ချဲ့ မိတော့ လက်တွေက
ရင်ဘက်ကို ထုရိုက်လာ၏။ အသိစိတ်ပျောက်လုနည်းပါး ခံစားချက်ကို ပြန်လည်ကြိုးစားလျော့ချရင်း လွှတ်ပေးလိုက်သည်။
နဖူးလေးကို ဇ နဖူးနဲ့ တိုက်ပီး ဇပါ ငြိမ်သက် အမောဖြေလိုက်သည်။ ကြာချိန် ဆယ်ငါ့မိနစ်နည်းပါးမို့ ကလေးတင်မကဘူး
ဇ ပါနည်းနည်းမောချင်သွားသည်။
" အဲ့ဒါကြောင့် မနမ်းဘူးပြောတာ အကိုကြီး အရမ်းဆိုးလွန်းတယ်။ "
အမောပြေသွားပုံရတဲ့ အသေးလေးက
ဒေါသတကြီး ဇ နဖူးကို နဖူးခြင်းတိုက်ပီး
ပြော၏။
"မင်းဘာလို့ အိစက်နေသေးလဲ ။
ကိုယ့်ကို အပြစ်တင်ရမှာမဟုတ်ဘူး
အိစက်နေတဲ့ မင်းနှုတ်ခမ်း အပြစ်ပဲ။ ကိုယ်က နမ်းပဲ နမ်းတာ မင်းနှုတ်ခမ်းကိုက
ကိုယ်ကို မသွားခိုင်းတာ"
လူကလေး အကိုကြီးကို မျက်လုံးသာပြူးကြည့်နေလိုက်တော့တယ် ။ အကြီးဖြစ်ပီး
အမှားကို ဝန်မခံတဲ့ အကိုကြီးက လူကလေးမျက်နှာတောင် မကြည့်ရဲပဲ ပြတင်းပေါက်ပီးကျော်ကြည့်နေ၏။
"နောက် ပေးမနမ်းတော့ဘူး "
"အရင်ကလဲ အဲ့ တိုင်းပြောတာပဲ"
"အကိုကြီး !!! "
"ဟေ ဟေ "
အော်လိုက်တာ စူးကနဲ မို့ နားတောင်အူသွား၏။
အသေးလေး ဒေါသထွက်တာ
ချစ်ဖို့ ကောင်းပေမဲ့ ဆက်မစရဲ ။ ပေါင်ပေါ်မှာ ခုထိ ထိုင်နေသေးတဲ့ ကိုယ်လေးကို ပြန်ဆွဲဖက်ကာ
"စိတ်မဆိုးပါနဲ့ တော့ ချစ်လို့ နမ်းတာပဲဟာ။ နောက်လဲ မနမ်းတော့ဘူးလို့ အာမ မှမခံနိုင်တာ ကလေးလေးပဲ ကျင့်သားရအောင် ကြိုးစားပေးလို့ မရဘူးလား။ ချစ်သူတွေပဲလေ ။ ကလေးလေးက လိမ်မာပါတယ်"
ပက်ချွဲ နပ်ချွဲ ခါးဖက်ချော့လာသူ ကို မကြည်သလို ပြန်ကြည့်လိုက်ပေမဲ့ လူကလေးကိုယ်တိုင်ကြာကြာစိတ်မဆိုးနိုင်ပေ။
"ဖယ်အုန်း "
"ဖယ်ချင်ဘူး "
တစောင်းပေါင်ပေါ်ထိုင်နေရာမှ ကုန်းပီး
ဘေးခုံက ကျောပိုးအိတ်ကို လှမ်းယူလိုက်ပေမဲ့ ခါးကို အတင်းပြန်ဆွဲထားတာမို့
လူကကြွမရ။ အကြောင်းမသိပဲ ဆွဲနေတာကြောင့် စိတ်မရှည်စွာ လက်ဖမိုး ဆိတ်ပစ်လိုက်တော့ မျက်မှောင်ကြုတ်ပီးငုံ့ ကြည့်သည်။
" ကျောပိုးအိတ်ယူမလို့ ဘယ်မှမသွားဘူး "
"ကိုယ်ယူပေးမယ် ငြိမ်ငြိမ်ထိုင်နေ"
အရပ်ရှည်သလို လက်တံ ရှည်တဲ့ အကိုကြီး ဘေးခုံက အိတ်သေးသေးလေးကို အသာအယာပင်ဆွဲ ယူလိုက်ကာ လူကလေးပေါင်ပေါ်တင်ပေး၏။
အနက်ရောင် ကျောပိုးအိတ်သေးသေးလေးက လူကလေးနဲ့ လိုက်အောင် ဝယ်ပေးတက်တဲ့ အကိုကြီးလက်ဆောင်။
အကိုကြီးဝယ်ပေးသမျှ အသုံးအဆောင်တော်တော်များများသည် ချစ်စရာ သေးသေးလေးတွေများသည်။ အပြာရောင် ကြိုက်သော လူကလေးအတွက် ဒီလို အိတ်ပုံစံတူ အပြာရောင် အိတ်လေးလဲ ထပ်ဝယ်ပေးထားသေးသည်။
"အကိုကြီးအတွက် "
အိတ်ထဲကို လက်နှိုက်လိုက်ပီးဆွဲထုတ်လိုက်တဲ့ လေးထောင့်ဘူးလေး ။ မယူသေးပဲ အတော်တန်ကြာအောင် စူးစိုက်ကြည့်မိတော့ မျက်ခုံးပင့် ပီးယူခိုင်းသည်။
"ဖွင့်ကြည့်လေ။ ကျွန်တော်ပထမဆုံးရတဲ့ လစာကို အကိုကြီးအတွက် အမှတ်တရလက်ဆောင်ဝယ်ပေးတာ "
ဘူးဖုံးလေးကိုဖွင့်ကြည့်တော့ အနက်ရောင် ကျစ်ထားတဲ့ ကြိုးလေးနဲ့ ရွှေစစ်စစ်နဲ့ လုပ်ထားတဲ့ ပီချူးလေး။
"ကလေးတော့ ပိုက်ဆံတွေကုန် ကုန်တော့မှာပဲ "
လက်တဖက်က ဘူးလေးကိုကိုင်ပီး တဖက်က ခါးလေးကို ဆွဲဖက်လိုက်သည်။
သူ ကလေးလေးကို သိပ်ချစ်တာ။
"သိပ်မကုန်ပါဘူး ခြောက်သောင်းထဲပါ။
ဒီ့ထက်တန်ဖိုးကြီးတာဝယ်ပေးချင်ပေမဲ့
ကျွန်တော့် လခက အဲ့လောက်မများလို့ တက်နိုင်တာလေးပဲ ဝယ်ပေးလိုက်တာ ။နောက်ဆို ကျွန်တော်အလုပ်တွေပိုလုပ်ပီး
အကိုကြီး လိုအပ်တာတွေ ဝယ်ပေးမယ်နော် "
မြတ်နိုးစိတ်တို့ နဲ့ အနက်ရောင် ဘေးခွဲဖီးထားတဲ့ ခေါင်းလေးကို ငုံနမ်းလိုက်ပီးမှ
"အင်း မင်းကောင်းသလို လုပ်ပါ ။ ကိုယ်ကြိုက်ပါတယ် "
"ပေး ကျွန်တော်ဝတ်ပေးမယ် "
လက်ကို ဆန့် ပေးမိတော့ ……
"မဟုတ်ဘူးဘယ်ဘက်လက် ကိုပေး "
စိတ်တိုင်းကျ ဘယ်လက်ကိုပေးလိုက်တော့ တယုတယကြိုးလေးကို ဝတ်ပေးပီး
"ကျွန်တော်ဘာလို့ ဘယ်ဖက်လက်ကို
ဝတ်ပေးတာလဲဆိုတော့ သူ့ရဲ့စွမ်းအင်က ဘယ်ဘက်က ညာဘက်သို့ စီးဆင်းတဲ့ သဘောရှိတယ်တဲ့ ပီးတော့
ပီချူးလေးက ချမ်းသာခြင်း၊လာဘ်လာဘကောင်းခြင်း အရာတွေမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လာဘ်ကောင်လေး အဖြစ် ယုံကြည်သတ်မှတ်ထားကြတယ်။
လူချစ်လူခင်ပေါများပြီး ကိုယ့်ဆီကျရောက်လာမယ့် ကံဆိုးမှု အညံ့များကိုလည်း မိအကိုကြီး ကိုယ်စား တိုက်ထုတ်ကာကွယ်ပေးနိုင်တဲ့ အစွမ်းလဲရှိတယ်။ သွေးလည်ပတ်မှုကိုပိုမိုကောင်းမွန်စေတယ်တဲ့။
" အင်း …ကိုယ်အမြဲဝတ်ထားပါ့မယ်။ "
အနက်ရောင်ကြိုးနဲ့ ကျစ်ထားတဲ့ ပီးချူးလေးက လက်မှာ ခန့် ခန့် ထည်ထည်ဖြင့်။
" အကိုကြီးကြိုက်လား "
မော့မေးလာတဲ့ မျက်ဝန်းလေးက တလဲ့လဲ့
ပြုံးရောင်သန်းနေတဲ့ နှုတ်ခမ်းဖူးဖူးက အိစက်စက်။
အရသာကို သိပီးသားသူက
လာပါ လာပါ ထပ်ခေါ်စရာမလို
"မင်းကို ပိုကြိုက်တယ် "
အလည်သွားရောက်ခဲ့ပေမဲ့ နှုတ်ခမ်းတစုံရဲ့
အိစက်မူ့ ကို လောဘတက် ကာ အကြိမ်ကြိမ်ကျူးကျော်မိတော့ ကလေးလေးကစိတ်ဆိုးတယ်။ ဖွဖွလေးတော့ ဖွဖွလေး အင်း
ဒါပေမဲ့ ဖွဖွလေးပါပဲ။
ချစ်တဲ့ အိမ်စည်။
စိတ်နှစ်ပီး စာရေးတယ် ခနတာနာကျင်မူ့ ကိုမေ့လို့ မေ့ညားပေါ့။ ရေးသာရေးနေရတာ ကိုယ့်စိတ်က မနက်ဖန်ဘာတွေ ပြင်ဆင်ထွက်ရမလဲ စိတ်ရောက်နေပီ။
ဝမ်းနည်းလွန်းလို့ fbတောင်မကြည့်နိုင်ဘူး
Bạn đang đọc truyện trên: ZingTruyen.Xyz