ZingTruyen.Xyz

ဇ ( Completed)

1

eainsi23


"ဇ ငါတို ့ ျပန္ႀကရင္ ေကာင္းမယ္ထင္တယ္ "

ေဘးကေန စိုးရိမ္တႀကီး လက္နဲ ့တို ့ေျပာေနတဲ့ သာလွ ဆိုတဲ ့ေကာင္ကို ဇ မ်က္ေထာင့္နီနဲ ့ႀကည္ေပးလိုက္သည္။

ဘာအထာလဲ အေနာ္ရထာလား ?

ဇ ဘာေကာင္ဆိုတာ ဒီေကာင္မသိတာလဲမဟုတ္။ ငါးေယာက္ေလာက္ကို ေႀကာက္ေနရင္ ရွိတဲ့ ေသြးေဖာက္ထုတ္လိုက္မယ္။

" သတၱိမရွိ ရင္ လစ္လိုက္ေတာ့ သားႀကီး
မင္းက သူငယ္ခ်င္းအရင္းႀကီးမို ့ဒီတခါေလ်ွာ္ ေပးလိုက္မယ္ ။ ေနာက္တခါ ဇ ကို
ဒီအခ်ိဳး လာမခ်ိဳးနဲ ့ ။ ငါ့သမိုင္းကို ေမး...
ေနာက္ျပန္လွည့္တာ ရာဇဝင္မရွိဘူး။ ok? "

ေျပာပီး ေဘးက အလူမီနီယမ္ခံု ကိုဆြဲထုတ္ပီး အရံသင့္ကိုင္ထားလိုက္သည္။
ဒီေကာင္ ထြန္းသာလွဆိုတဲ့ေကာင္က သူငယ္ခ်င္းျဖစ္ေပမဲ့ ရန္ျဖစ္ရင္ ေဒဝါေလာက္အားမကိုးရ။ ထြက္မသြားေပမဲ့ ေဘးကပ္ရပ္ႀကည့္ေနတဲ့ သာလွကို လ်စ္လ်ဴ ရွဴ ့ပီး
ပါးစပ္ကလဲ ပီေက တေျဖာက္ေျဖာက္ဝါးကာ မပီးမျပင္ေရရြတ္လိုက္၏။

"ေတာက္စ္ !! ေစာက္ျပသနာေတြက မျပီးနိုင္ဘူး ကလပ္လာတာ ေအးေဆးေသာက္ဖို ့ပါဆို အလကားဟာေတြ "

"ေဟ့ ဇ ...... အေတာ္ပဲ မင္းနဲ ့စာရင္းရွင္းခ်င္ေနတာ ။ ဘယ္လို လဲ တခါထဲ ရွင္းသြားမလား "

ရုပ္ရွင္ထဲကလို လူမိုက္အထာေတြလာလုပ္ေနတဲ့ ဂင္တိုတို ပုကြကြ မင္းရဲထိုက္ဆိုတဲ့ ေကာင္ကို ဇ ပီေကဝါးမပ်က္ မ်က္ခံုးတဖက္ပင့္ႀကည့္လိုက္သည္။

" ႀကိဳက္တဲ့ေနရာရွင္းလို ့ရတယ္ မင္းရဲထိုက္။ တခုေတာ့ေျပာမယ္ ကိုယ္ေစာ္ကို ကိုယ့္ဘာသာနိုင္ေအာင္ထိန္း ။ အလကားရတဲ့အေပါစားေတြ ဇ ဆိုတဲ့ေကာင္က သံုးဖူးလာသမိုင္းကို မင္းမွာေခါင္းပါေသးရင္ တခ်က္ျပန္ႀကည့္လိုက္။ "

" မင္း !"

ေဒါသနဲ ့နီတြက္သြားတဲ့ မ်က္နွာက ေႀကာက္စရာမေကာင္းပဲ ရယ္စရာေကာင္းေန၏။ ဟားဟား လူပု စိတ္တို ......

အသံေတာ့ ထြက္မေျပာလိုက္ဘူး ။
ေခါင္းမပါတဲ့ေကာင္က ကမူးရွဴ းတိုး ထလုပ္ရင္
ငါးေယာက္နဲ ့တစ္ေယာက္ အဆင္ေျပနိုင္မွာမဟုတ္ဘူး။ ဒါေပမဲ့ ဇ ကုိ မိုက္ေႀကးလာခြဲေနမွ ဒီတိုင္းေက်ာ္ျပစ္လိုက္ဖို ့ေတာ့

"ဘာလဲ ငါေျပာတာမွားလား မင္းေစာ္ကို ထိန္းလိုက္ရင္ ok တယ္ ငါ့ဖက္က လံုးဝ စိတ္မဝင္စားဘူး။ငါ စိတ္ဝင္စားရေလာက္ေအာင္လဲ မင္းေစာ္က အဲ့ေလာက္လဲမမိုက္ပါဘူး။ ႀကည့္ရတာ မင္းအရပ္နဲ ့အတူတူ မင္းd **k ကလဲတိုပံုပဲ ။ ဒါေႀကာင့္မင္းေစာ္က ငါကို ခိုက္သြားတာေနမွာ ငါ့ပံုကိုတခ်က္ႀကည့္ မိန္းမတိုင္း မက္ေလာက္စရာႀကီးမို ့လား "

မထီတထီ နွဳတ္ခမ္းတခ်က္တြန္ ့ေျပာလိုက္ေတာ့ လူပုစိတ္တို မင္းရဲထိုက္တစ္ေယာက္ ေဒါသ ကထိန္းရပံုမေပၚေတာ့

" ဟိတ္ေကာင္ေတြ ခ်စမ္း ...ဒီေကာင္ ကို
ေဆးရုံေရာက္ေအာင္လုပ္နိုင္ရင္ ငါအခုစီးလာတဲ့ကား ကိုမင္းတို ့ခြဲယူလိုက္ "

ေျပာစကားေတာင္မဆံုးေသး အလံုးအရင္းဝင္လာတဲ့ေလးေယာက္ေႀကာင့္ကိုင္ထားတဲ့ခံုနဲ ့ေဝ ့ရမ္းလိုက္၏။ အလကား ဂ်ပုေကာင္က သူ ့ကိုယ္တိုင္က ငေႀကာက္ အေပါင္းသင္းအားကိုးနဲ ့လာမိုက္ေနတာ လူမိုက္အထာလုပ္ေနတဲ့ ေကာင္ေတြက
ဟန္သာရွိပီး အဆံမရွိတဲ့ အီးေပါေသာေတြမွန္း ျပီးမွသိရသည္။
နည္းနည္း လူရွဲ သြားေပမဲ့ ထပ္ေျပးဝင္လာတဲ့ ဗလနဲ ့ေကာင္ကို ဇ ဂြႀကား ပစ္ကန္လိုက္ေတာ့ ကုန္းကြသြားတာေတာ္ေတာ္နဲ ့မထနိုင္ေတာ့။ တစ္ေယာက္ခံလ္ုက္ရေတာ့ ေနာက္သံုးေယာက္က ေတာ္ေတာ္နဲ ့ထပ္ဝင္မလာရဲ ။

"ေဟ့ေကာင္ေတြ ...ခ်ေလ ကြာ ဘာလုပ္ေနတာလဲ "

စိတ္တိုေပမဲ့ နည္းနည္းေႀကာက္ေနတဲ့ မင္းရဲထိုက္အသံက အေျခေနမေကာင္းရင္
သူက ေျပးေတာ့မယ္ပံု။

ဇ လက္ထဲက ကိုင္ထားတဲ့ ခံုကိုဆြဲပီး ့ သံုးေယာက္ႀကား ေျပးဝင္ရုိက္ပစ္လိုက္သည္။ ႀကာတယ္ ။ အျပင္းေျပမလား ေအာက္ေမ့တာ အလကားဟာေတြနဲ ့ လာေတြ ့ေနတယ္။ မိနစ္ပိုင္းႀကာပီးတဲ့ေနာက္မွာ ေလးေယာက္သားႀကမ္းေပၚမွာ လူးလူးလိမ့္လိမ့္ ။ ေျပးဖို ့ေမ ့ေနဟန္တူတဲ့ ျဖဴစုတ္စုတ္
မင္းရဲ ထိုက္ကို ပီေကဝါးမပ်က္ ဇ ဂုတ္ေစာင္းႀကည့္လိုက္၏။ လက္ထဲက ကိုု္င္ထားလက္စ ခံု ကို... လဲေနတဲ့ လူေတြ ႀကားခ်လိုက္ပီး ေအးေဆး ဝင္ထိုက္လိုက္ပီးမွ

"ဘယ္လိုလဲ မင္းရဲထိုက္ မင္းေခါင္းပါရင္
ေနာက္တခါ လူငွားရင္ ႀကည့္ငွား။ ဘယ္
ရပ္ကြက္က ငွားလာမွန္းမသိ အာရုံေနာက္တယ္။ ဒီတခါ မင္းကို ဒီတိုင္း လႊတ္လိုက္မယ္။ ေနာက္တခါ ဇ ကို လာမထိ နဲ ့ ။ "

ရယ္တာလဲ မဟုတ္ ျပံဳး တာလဲ မဟုတ္ တဲ့ အျပံဳးမည္တဲ့အျပံဳး တခုကို
နုတ္ခမ္းတဖက္ တြန္ ့ျပံဳးလိုက္ပီးမွ ရပ္ႀကည့္ေနတဲ့ လူအုပ္ ႀကားထဲကေန ျဖတ္ေလ်ွာက္လိုက္သည္။ အေစာက ဆူညံေနတဲ့ ကလပ္သည္ ခုေတာ့ စကားတိုးတိုးေျပာသံေတာင္ မႀကား တိတ္ဆိတ္ေနတာမ်ား။ ဇ ဆိုရင္ လူတိုင္း လက္ေရွာင္ႀကသည္မွာ ခုမွမဟုတ္ ။ေနာက္ခံ အရွိန္အဝါကို ေႀကာက္သလို ဇကိုလဲ ေႀကာက္ႀကသည္။ ဇက ေျမြေပြးလို လူ ။ လာမထိနဲ ့ထိရင္ျငိဖို ့လြယ္သည္။

က်ြန္ေတာ္နာမည္ ဇ ။ ဒါက က်ြန္ေတာ္က်င္လည္ရာေလာက က ေခၚက်ရင္း တြင္သြားတာ ။
နာမည္အရင္းက တိုင္းထြဋ္တင္ ။

ဒီနာမည္နဲ ့က်ြန္ေတာ္ သိပ္ကီးမကိုက္ဘူး ဘယ္လို ႀကီးေပးထားမွန္း စဥ္းစားလို ့ကို မရဘူး။ တိုင္းထြဋ္တင္လို ့အေဖတစ္ေယာက္သာေခၚေပမဲ့ ခုထိ အဆင္မေျပတဲ့ တစ္ဦးတည္းေသာေသြးသားရင္းမို ့ေခၚလဲ မသိခ်င္ေယာင္သာ ေဆာင္ေနလိုက္သည္။ တျခားလူ ေခၚႀကည့္ပါ့လား ေခါင္းနဲ ့ကိုယ္အိုးစားကြဲသြားလိမ့္မယ္။ အဲ့ေလာက္ထိ နာမည္ ကို ႀကိဳက္တာဗ်ိဳ ့။

######

ဦးထြဋ္တင္ တစ္ေယာက္ ေတာင္ေလ်ွာက္လိုက္ေျမာက္ေလ်ွာက္လိုက္နဲ ့နည္းနည္းမွ ဂနာမျငိမ္ျဖစ္ေနသည္။ နာရီႀကည့္ေတာ့လဲ တစ္နာရီထိုးေနပီ ။ တစ္ဦးတည္းေသာ သား ကလဲ အလိုက္မသိ ဖုန္းေခၚေတာ့လဲ မကိုင္... ဘယ္ခ်ိန္ထိ ခုလို လုပ္ေနမွာလဲဆိုတာ သူမသိေတာ့။ တကယ္ဆို
အိမ္ေထာင္ကြဲတယ္ဆိုတာ နွစ္ဦးနွစ္ဖက္ေဖာက္ျပန္က်လို ့မွမဟုတ္တာ။ အဆင္မေျပေတာ့တဲ့အိမ္ေထာင္ေရးကို ရပ္
တန္ ့လိုက္ႀကရုံသာ။ ဒါကို သားမိုက္က ကိုယ့္ကို မႀကည္တာေလးနွစ္ရွိေနပီ။ ဆယ္တန္းေအာင္ပီးေဆးမွီတာေတာင္မတက္ပဲ ဖေအကိုရြဲ ့တာ ဆိုတာ ။ ေတြးေနရင္ ျခံေရွ ့က ကားမီးေရာင္ေႀကာင့္ အေျပးအလႊားထကာ ဝင္လာမဲ့သားကို ေစာင့္ေနလိုက္သည္။

အိမ္တံခါး မပိတ္ထားေသးသျဖင့္ ေဖေဖ မအိပ္ပဲေစာင့္ေနတယ္ဆိုတာ ဇ သိလိုက္ပီ။
အေတြးေတာင္မဆံုးေသး

" ဒီကို ခဏေလာက္ႀကြခဲ့ပါအုန္း ကိုတိုင္းထြဋ္တင္ "

"က်စ္!! ေဖေဖ "

မေက်မလည္ စူးကနဲ ထြက္လာတဲ့အသံက ဒီနာမည္ကို တလံုးတခဲေခၚတိုင္း ျဖစ္ေနက်အသံ။

" ထြဋ္တင္သားမို ့တိုင္းထြဋ္တင္ျဖစ္တာဆန္းလား "

"မသိဘူးဗ်ာ မေခၚနဲ ့ က်ြန္ေတာ္အဲ့နာမည္
မႀကိဳက္ဘူး "

" ႀကိဳက္ႀကိဳက္မႀကိဳက္ႀကိဳက္ ငါေမြးထားတဲ့ငါ့သားကို ငါေခၚခ်င္ေခၚမွာပဲ "

"အေဖ "

"ဘာေျပာတယ္ မင္းကိုဘယ္လိုေခၚလို ့ေျပာထားတာလဲ "

တရွဴ းရွဴ းေဒါသ ထြက္လာတဲ့ အေဖက သူ ့ကို အေဖလို ့ေခၚရင္မႀကိဳက္။ မတက္နိုင္ဘူး ေခၚတာမႀကိဳက္ရင္ ဇ ကိုလဲ လာမေခၚနဲ ့ေပါ့။

"အေဖလဲ က်ြန္ေတာ္မႀကိဳက္တာမေခၚနဲ ့ေလ"

"ေအး ဒါဆို မင္းလဲ ငါ့ကို အေဖလို ့မေခၚနဲ ့"

"ok ဒါဆို က်ြန္ေတာ္သြားအိပ္ေတာ့မယ္ "

ေျပာပီး အိမ္ေပၚတက္သြားတဲ့သားက
ေျခတံရွည္ေတြ နဲ ့ တလႊားလႊားတက္သြားတာမ်ား မ်က္စိေရွ ့ခနတင္ အရိပ္ေတာင္မျမင္ရေတာ့။
အရပ္ရွည္သလို လူကလဲ ဖေအတူ သားလို ့မေျပာရဘူး လူေခ်ာ လူခန္ ့။

ဒါေတာင္ မ်က္ခံုးမွာ အေပါက္ေဖာက္ထားပီး ေငြေရာင္အကြင္းေသးေသးေလးေတြနွစ္ကြင္းကမ်က္ခံုးထပ္မွာတလက္လက္ျဖစ္ေနတာေတာင္ ေခ်ာတာမပ်က္သြား။

နားထင္ေဘးနွစ္ဖက္ ရွိတ္ထိုးထားတဲ့အေပၚဆံပင္အုပ္အုပ္က လူႀကီးေတြမ်က္စိအျမင္ရဳိင္းေပမဲ့ မိန္းကေလးေတြႀကားဘယ္ေလာက္ေရပန္းစားသလဲဆိုတာသူအသိဆံုး။ နားမွာလဲ နားဆြဲနားကြင္းမရုိးရတဲ့ နာကပ္ေပါင္း ေသာင္းေျခာက္ေထာင္က ေသးေသးေလးေတြဆိုေပမဲ့
လာေတာင္းႀကတဲ့ အေႀကြးရွင္ေတြေႀကာင့္ဘယ္ေလာက္တန္သလဲဆိုတာ သိခဲ့ရတာ။
သားေလးတစ္ေယာက္ရွိတာမို ့အျပစ္မျမင္ရက္ေပမဲ့ တိုင္းထြဋ္တင္ဆိုရင္ လက္ဗလာနဲ ့လာရင္ေတာင္ ႀကိဳက္တာယူသြားပီးမွမင္းအေဖဆီေတာင္းလိုက္မယ္ဆိုတဲ့ သူေတြကိုေတာ့ သူ မႀကိဳက္ေပ။

ဆိုးလိုက္တာ လြန္ေနေပမဲ့ မတည့္အတူေန သားအဖနွစ္ေယာက္ထဲမို ့သူကေတာ့ အခ်စ္မေလ်ာ့ေပ။

ဧည့္ခန္းမွာ အခ်ိန္ေတာ္ႀကာထိုင္ေနပီးမွ
လက္ရွိ အခ်ိန္ကို ျပန္ေတြးမိကာ ဦးထြဋ္တင္ ေဒၚသ တို ့အတိုင္းဆမရွိ တက္လာ၏။

" ဟိတ္ေကာင္ တိုင္းထြဋ္တင္ မင္းကို ဆူမလို ့ ငါေစာင့္ေနတာကြ "

လူသူမရွိတဲ့ ဧည့္ခန္းမွာ ေအာ္သံက်ယ္ႀကီးထြက္လာေပမဲ့ သားျဖစ္သူ ကေတာ့ အိပ္ေပ်ာ္လို ့သိုးေတာင္ေနပီျဖစ္၏

ခ်စ္တဲ့အိမ္စည္။

"ဇ ငါတို့ ပြန်ကြရင် ကောင်းမယ်ထင်တယ် "

ဘေးကနေ စိုးရိမ်တကြီး လက်နဲ့ တို့ ပြောနေတဲ့ သာလှ ဆိုတဲ့ ကောင်ကို ဇ မျက်ထောင့်နီနဲ့ ကြည်ပေးလိုက်သည်။
ဘာအထာလဲ အနော်ရထာလား ?
ဇ ဘာကောင်ဆိုတာ ဒီကောင်မသိတာလဲမဟုတ်။ ငါးယောက်လောက်ကို ကြောက်နေရင် ရှိတဲ့ သွေးဖောက်ထုတ်လိုက်မယ်။

" သတ္တိမရှိ ရင် လစ်လိုက်တော့ သားကြီး
မင်းက သူငယ်ချင်းအရင်းကြီးမို့ ဒီတခါလျှော် ပေးလိုက်မယ် ။ နောက်တခါ ဇ ကို
ဒီအချိုး လာမချိုးနဲ့ ။ ငါ့သမိုင်းကို မေး နောက်ပြန်လှည့်တာ ရာဇဝင်မရှိဘူး။ ok? "

ပြောပီး ဘေးက အလူမီနီယမ်ခုံ ကိုဆွဲထုတ်ပီး အရံသင့်ကိုင်ထားလိုက်သည်။
ဒီကောင် ထွန်းသာလှဆိုတဲ့ကောင်က သူငယ်ချင်းဖြစ်ပေမဲ့ ရန်ဖြစ်ရင် ဒေဝါလောက်အားမကိုးရ။ ထွက်မသွားပေမဲ့ ဘေးကပ်ရပ်ကြည့်နေတဲ့ သာလှကို လျစ်လျူ ရှူ့ပီး
ပါးစပ်ကလဲ ပီကေ တဖြောက်ဖြောက်ဝါးကာ မပီးမပြင်ရေရွတ်လိုက်၏။

"တောက်စ် !! စောက်ပြသနာတွေက မပြီးနိုင်ဘူး ကလပ်လာတာ အေးဆေးသောက်ဖို့ ပါဆို အလကားဟာတွေ "

"ဟေ့ ဇ ...... အတော်ပဲ မင်းနဲ့ စာရင်းရှင်းချင်နေတာ ။ ဘယ်လို လဲ တခါထဲ ရှင်းသွားမလား "

ရုပ်ရှင်ထဲကလို လူမိုက်အထာတွေလာလုပ်နေတဲ့ ဂင်တိုတို ပုကွကွ မင်းရဲထိုက်ဆိုတဲ့ ကောင်ကို ဇ ပီကေဝါးမပျက် မျက်ခုံးတဖက်ပင့်ကြည့်လိုက်သည်။

" ကြိုက်တဲ့နေရာရှင်းလို့ ရတယ် မင်းရဲထိုက်။ တခုတော့ပြောမယ် ကိုယ်စော်ကို ကိုယ့်ဘာသာနိုင်အောင်ထိန်း ။ အလကားရတဲ့အပေါစားတွေ ဇ ဆိုတဲ့ကောင်က သုံးဖူးလာသမိုင်းကို မင်းမှာခေါင်းပါသေးရင် တချက်ပြန်ကြည့်လိုက်။ "

" မင်း !"

ဒေါသနဲ့ နီတွက်သွားတဲ့ မျက်နှာက ကြောက်စရာမကောင်းပဲ ရယ်စရာကောင်းနေ၏။ ဟားဟား လူပု စိတ်တို ......
အသံတော့ ထွက်မပြောလိုက်ဘူး ။ ခေါင်းမပါတဲ့ကောင်က ကမူးရှူးတိုး ထလုပ်ရင်
ငါးယောက်နဲ့ တစ်ယောက် အဆင်ပြေနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဇ ကို မိုက်ကြေးလာခွဲနေမှ ဒီတိုင်းကျော်ပြစ်လိုက်ဖို့တော့

"ဘာလဲ ငါပြောတာမှားလား မင်းစော်ကို ထိန်းလိုက်ရင် ok တယ် ငါ့ဖက်က လုံးဝ စိတ်မဝင်စားဘူး။ငါ စိတ်ဝင်စားရလောက်အောင်လဲ မင်းစော်က အဲ့လောက်လဲမမိုက်ပါဘူး။ ကြည့်ရတာ မင်းအရပ်နဲ့ အတူတူ မင်းd **k ကလဲတိုပုံပဲ ။ ဒါကြောင့်မင်းစော်က ငါကို ခိုက်သွားတာနေမှာ ငါ့ပုံကိုတချက်ကြည့် မိန်းမတိုင်း မက်လောက်စရာကြီးမို့ လား "

မထီတထီ နှုတ်ခမ်းတချက်တွန့် ပြောလိုက်တော့ လူပုစိတ်တို မင်းရဲထိုက်တစ်ယောက် ဒေါသ ကထိန်းရပုံမပေါ်တော့

" ဟိတ်ကောင်တွေ ချစမ်း ...ဒီကောင် ကို
ဆေးရုံရောက်အောင်လုပ်နိုင်ရင် ငါအခုစီးလာတဲ့ကား ကိုမင်းတို့ ခွဲယူလိုက် "

ပြောစကားတောင်မဆုံးသေး အလုံးအရင်းဝင်လာတဲ့လေးယောက်ကြောင့်ကိုင်ထားတဲ့ခုံနဲ့ ဝေ့ ရမ်းလိုက်၏။ အလကား ဂျပုကောင်က သူ့ ကိုယ်တိုင်က ငကြောက် အပေါင်းသင်းအားကိုးနဲ့ လာမိုက်နေတာ လူမိုက်အထာလုပ်နေတဲ့ ကောင်တွေက
ဟန်သာရှိပီး အဆံမရှိတဲ့ အီးပေါသောတွေမှန်း ပြီးမှသိရသည်။
နည်းနည်း လူရှဲ သွားပေမဲ့ ထပ်ပြေးဝင်လာတဲ့ ဗလနဲ့ ကောင်ကို ဇ ဂွကြား ပစ်ကန်လိုက်တော့ ကုန်းကွသွားတာတော်တော်နဲ့ မထနိုင်တော့။ တစ်ယောက်ခံလ်ုက်ရတော့ နောက်သုံးယောက်က တော်တော်နဲ့ ထပ်ဝင်မလာရဲ ။

"ဟေ့ကောင်တွေ ...ချလေ ကွာ ဘာလုပ်နေတာလဲ "

စိတ်တိုပေမဲ့ နည်းနည်းကြောက်နေတဲ့ မင်းရဲထိုက်အသံက အခြေနေမကောင်းရင်
သူက ပြေးတော့မယ်ပုံ။

ဇ လက်ထဲက ကိုင်ထားတဲ့ ခုံကိုဆွဲပီ့း သုံးယောက်ကြား ပြေးဝင်ရိုက်ပစ်လိုက်သည်။ ကြာတယ် ။ အပြင်းပြေမလား အောက်မေ့တာ အလကားဟာတွေနဲ့ လာတွေ့ နေတယ်။ မိနစ်ပိုင်းကြာပီးတဲ့နောက်မှာ လေးယောက်သားကြမ်းပေါ်မှာ လူးလူးလိမ့်လိမ့် ။ ပြေးဖို့ မေ့ နေဟန်တူတဲ့ ဖြူစုတ်စုတ်
မင်းရဲ ထိုက်ကို ပီကေဝါးမပျက် ဇ ဂုတ်စောင်းကြည့်လိုက်၏။ လက်ထဲက ကို်င်ထားလက်စ ခုံ ကို လဲနေတဲ့ လူတွေ ကြားချလိုက်ပီး အေးဆေး ဝင်ထိုက်လိုက်ပီးမှ

"ဘယ်လိုလဲ မင်းရဲထိုက် မင်းခေါင်းပါရင်
နောက်တခါ လူငှားရင် ကြည့်ငှား။ ဘယ်
ရပ်ကွက်က  ငှားလာမှန်းမသိ အာရုံနောက်တယ်။ ဒီတခါ မင်းကို ဒီတိုင်း လွှတ်လိုက်မယ်။ နောက်တခါ ဇ ကို လာမထိ နဲ့ ။ "

ရယ်တာလဲ မဟုတ် ပြုံး တာလဲ မဟုတ် တဲ့ အပြုံးမည်တဲ့အပြုံး တခုကို
နုတ်ခမ်းတဖက် တွန့် ပြုံးလိုက်ပီးမှ ရပ်ကြည့်နေတဲ့ လူအုပ် ကြားထဲကနေ ဖြတ်လျှောက်လိုက်သည်။ အစောက ဆူညံနေတဲ့ ကလပ်သည် ခုတော့ စကားတိုးတိုးပြောသံတောင် မကြား တိတ်ဆိတ်နေတာများ။ ဇ ဆိုရင် လူတိုင်း လက်ရှောင်ကြသည်မှာ ခုမှမဟုတ် ။နောက်ခံ အရှိန်အဝါကို ကြောက်သလို ဇကိုလဲ ကြောက်ကြသည်။ ဇက မြွေပွေးလို လူ ။ လာမထိနဲ့ ထိရင်ငြိဖို့ လွယ်သည်။

ကျွန်တော်နာမည် ဇ ။ ဒါက ကျွန်တော်ကျင်လည်ရာလောက က ခေါ်ကျရင်း တွင်သွားတာ ။
နာမည်အရင်းက တိုင်းထွဋ်တင် ။
ဒီနာမည်နဲ့ ကျွန်တော် သိပ်ကီးမကိုက်ဘူး ဘယ်လို ကြီးပေးထားမှန်း စဉ်းစားလို့ ကို မရဘူး။ တိုင်းထွဋ်တင်လို့ အဖေတစ်ယောက်သာခေါ်ပေမဲ့ ခုထိ အဆင်မပြေတဲ့ တစ်ဦးတည်းသောသွေးသားရင်းမို့ ခေါ်လဲ မသိချင်ယောင်သာ ဆောင်နေလိုက်သည်။ တခြားလူ ခေါ်ကြည့်ပါ့လား ခေါင်းနဲ့ ကိုယ်အိုးစားကွဲသွားလိမ့်မယ်။ အဲ့လောက်ထိ နာမည် ကို ကြိုက်တာဗျို့။

######

ဦးထွဋ်တင် တစ်ယောက် တောင်လျှောက်လိုက်မြောက်လျှောက်လိုက်နဲ့ နည်းနည်းမှ ဂနာမငြိမ်ဖြစ်နေသည်။ နာရီကြည့်တော့လဲ တစ်နာရီထိုးနေပီ ။ တစ်ဦးတည်းသော သား ကလဲ အလိုက်မသိ ဖုန်းခေါ်တော့လဲ မကိုင် ဘယ်ချိန်ထိ ခုလို လုပ်နေမှာလဲဆိုတာ သူမသိတော့။ တကယ်ဆို
အိမ်ထောင်ကွဲတယ်ဆိုတာ နှစ်ဦးနှစ်ဖက်ဖောက်ပြန်ကျလို့ မှမဟုတ်တာ။ အဆင်မပြေတော့တဲ့အိမ်ထောင်ရေးကို ရပ်
တန့် လိုက်ကြရုံသာ။ ဒါကို သားမိုက်က ကိုယ့်ကို မကြည်တာလေးနှစ်ရှိနေပီ။ ဆယ်တန်းအောင်ပီးဆေးမှီတာတောင်မတက်ပဲ ဖအေကိုရွဲ့ တာ ဆိုတာ ။ တွေးနေရင် ခြံရှေ့ က ကားမီးရောင်ကြောင့် အပြေးအလွှားထကာ ဝင်လာမဲ့သားကို စောင့်နေလိုက်သည်။

အိမ်တံခါး မပိတ်ထားသေးသဖြင့် ဖေဖေ မအိပ်ပဲစောင့်နေတယ်ဆိုတာ ဇ သိလိုက်ပီ။
အတွေးတောင်မဆုံးသေး

" ဒီကို ခဏလောက်ကြွခဲ့ပါအုန်း ကိုတိုင်းထွဋ်တင် "

"ကျစ်!! ဖေဖေ "

မကျေမလည် စူးကနဲ ထွက်လာတဲ့အသံက ဒီနာမည်ကို တလုံးတခဲခေါ်တိုင်း ဖြစ်နေကျအသံ။

" ထွဋ်တင်သားမို့ တိုင်းထွဋ်တင်ဖြစ်တာဆန်းလား "

"မသိဘူးဗျာ မခေါ်နဲ့ ကျွန်တော်အဲ့နာမည်
မကြိုက်ဘူး "

" ကြိုက်ကြိုက်မကြိုက်ကြိုက် ငါမွေးထားတဲ့ငါ့သားကို ငါခေါ်ချင်ခေါ်မှာပဲ "

"အဖေ "

"ဘာပြောတယ် မင်းကိုဘယ်လိုခေါ်လို့ ပြောထားတာလဲ "

တရှူးရှူးဒေါသ ထွက်လာတဲ့ အဖေက သူ့ ကို အဖေလို့ ခေါ်ရင်မကြိုက်။ မတက်နိုင်ဘူး ခေါ်တာမကြိုက်ရင် ဇ ကိုလဲ လာမခေါ်နဲ့ ပေါ့။

"အဖေလဲ ကျွန်တော်မကြိုက်တာမခေါ်နဲ့ လေ"

"အေး ဒါဆို မင်းလဲ ငါ့ကို အဖေလို့ မခေါ်နဲ့ "

"ok ဒါဆို ကျွန်တော်သွားအိပ်တော့မယ် "

ပြောပီး အိမ်ပေါ်တက်သွားတဲ့သားက
ခြေတံရှည်တွေ နဲ့ တလွှားလွှားတက်သွားတာများ မျက်စိရှေ့ ခနတင် အရိပ်တောင်မမြင်ရတော့။ အရပ်ရှည်သလို လူကလဲ ဖအေတူ သားလို့ မပြောရဘူး လူချော လူခန့် ။ ဒါတောင် မျက်ခုံးမှာ အပေါက်ဖောက်ထားပီး ငွေရောင်အကွင်းသေးသေးလေးတွေနှစ်ကွင်းကမျက်ခုံးထပ်မှာတလက်လက်ဖြစ်နေတာတောင် ချောတာမပျက်သွား။ နားထင်ဘေးနှစ်ဖက် ရှိတ်ထိုးထားတဲ့အပေါ်ဆံပင်အုပ်အုပ်က လူကြီးတွေမျက်စိအမြင်ရိုင်းပေမဲ့ မိန်းကလေးတွေကြားဘယ်လောက်ရေပန်းစားသလဲဆိုတာသူအသိဆုံး။ နားမှာလဲ နားဆွဲနားကွင်းမရိုးရတဲ့ နာကပ်ပေါင်း သောင်းခြောက်ထောင်က သေးသေးလေးတွေဆိုပေမဲ့
လာတောင်းကြတဲ့ အကြွေးရှင်တွေကြောင့်ဘယ်လောက်တန်သဲဆိုတာ သိခဲ့ရတာ။
သားလေးတစ်ယောက်ရှိတာမို့ အပြစ်မမြင်ရက်ပေမဲ့ တိုင်းထွဋ်တင်ဆိုရင် လက်ဗလာနဲ့ လာရင်တောင် ကြိုက်တာယူသွားပီးမှမင်းအဖေဆီတောင်းလိုက်မယ်ဆိုတဲ့ သူတွေကိုတော့ သူ မကြိုက်ပေ။
ဆိုးလိုက်တာ လွန်နေပေမဲ့ မတည့်အတူနေ သားအဖနှစ်ယောက်ထဲမို့ သူကတော့ အချစ်မလျော့ပေ။

ဧည့်ခန်းမှာ အချိန်တော်ကြာထိုင်နေပီးမှ
လက်ရှိ အချိန်ကို ပြန်တွေးမိကာ ဦးထွဋ်တင် ဒေါ်သ တို့ အတိုင်းဆမရှိ တက်လာ၏။

" ဟိတ်ကောင် တိုင်းထွဋ်တင် မင်းကို ဆူမလို့ ငါစောင့်နေတာကွ "

လူသူမရှိတဲ့ ဧည့်ခန်းမှာ အော်သံကျယ်ကြီးထွက်လာပေမဲ့ သားဖြစ်သူ ကတော့ အိပ်ပျော်လို့ သိုးတောင်နေပီဖြစ်၏

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz