18
ေမာ့ႀကည့္ေနရ ရွာတဲ့ မ်က္နွာေလးကို
ခ်စ္ျမတ္နိုးစိတ္နဲ ့ အေတာ္ႀကာေအာင္
စိုက္ႀကည့္ေနမိသည္။
ေသာက္ထားတဲ့ အရက္က ဘယ္ေရာက္သြားမွန္းမသိ အခ်စ္တန္ခိုးက ႀကီးတယ္ …မႀကီးတယ္ ရင္ဖက္တစ္ခုလံုး မူးတာေပ်ာက္ပီး ခ်စ္စိတ္ေတြသာ လ်ံက်ေန၏။
"ျပန္ေျပာ "
ပါးျပင္နုနုကို လက္ဖဝါးနဲ ့ဖြဖြေလးပြတ္ပီး
ျပန္ေမးလိုက္သည္။
အခ်ိန္တိုင္းႀကားခ်င္သည္။ ခနခန ႀကားခ်င္သည္။
"ခ်စ္တယ္ အကိုႀကီးကို သိပ္ခ်စ္တယ္ "
ေျပာပီး ရင္ခြင္ထဲ ဝင္တိုးလာတာမို ့အလိုက္တသိ ဆြဲဖက္ထားလိုက္သည္။
တဒုတ္ဒုတ္ျမည္ေနတဲ့ အသံေတြ
ကေလးႀကားပါေလစ။
" ကိုယ့္ေကာင္ေလး လုပ္ဖို ့ေသခ်ာပီလား"
"အင္း"
ရင္ဘက္ ကို ဖြဖြေလး ခိုးနမ္းပီး ျပန္ေျဖ၏။
ကေလးေလးက ေနရာမွားေနတာပဲ။
" ဘယ္ခ်ိန္ထိ အနားမွာေနမွာလဲ"
"အကိုႀကီးခ်စ္သ၍ေပါ့"
"ကိုယ္က မင္းတစ္ေယာက္ထဲကိုပဲ
ေသတဲ့ ထိခ်စ္မွာဆိုရင္ေရာ "
ကြယ္ဝွက္ ထားတဲ့ မ်က္နွာေလးက ေမာ့ပီး ဇ ကိုႀကည့္သည္မို ့ ျပန္ငံု ့ႀကည့္လိုက္ေတာ့ အကြာေဝးက အနည္းငယ္ေလာက္သာရွိေတာ့သည္။
အတင့္ရဲစြာ စူးစူးစိုက္စိုက္ ျပန္ႀကည့္လာတဲ့ ကေလးက သြားေလးေပၚေအာင္ျပံဳး၏။ ပီးမွ
" အကိုႀကီး "
နီးနီးကပ္ကပ္ေလးမို ့ဇ ရင္ခုန္သံေတြ ထိန္းခ်ဳပ္မရခ်င္ပါဘူးဆိုမွ နုနုညံ့ညံ့ေလးေခၚလိုက္ေတာ့ ဇ နလံုးသားႀကီးျပဳတ္မက်သြားတာကံေကာင္းလို ့။
"အင္း "
" အရမ္းခ်စ္တယ္ "
သြားပီ ထိန္းခ်ဳပ္နိုင္မူ ့ လစ္မစ္က်ာ္သြား၏။
ဆူနာမီ ထက္ေတာင္ ဆိုးေသးသည္
ဝုန္းဒိုင္းက်ဲ ျဖတ္သန္း သြားတာမို ့ရင္ခြင္တခုလံုးဖရုိဖရဲ ျဖစ္က်န္ခဲ့သလို
ေျဗာင္းဆန္ကုန္၏။
ဒါေတာင္ စကားေလးတခြန္းမို ့သာေတာ္ေတာ့သည္။
ကေလးေလးသည္ ဇ ရင္ကို လက္နက္မဲ့
သတ္နိုင္တဲ့ လူသတ္သမားေလး။
" ရင္ခုန္လြန္ပီး ေသေအာင္လုပ္ေနတာလား "
တစ္ေယာက္နဲ ့တစ္ေယာက္ စိုက္ႀကည့္မိတဲ့ မ်က္ဝန္းတို ့ကို ကေလးဖက္မွ စတင္လႊဲဖယ္သြား၏။
ဇ ခါးကို ကိုင္ထားတဲ့ လက္ကေလးေတြက ေနရာေျပာင္းကာ
ဇ လည္ပင္းကို သိုင္းဖက္လာ၏။
ဆူညံေနတဲ့ရင္ခုန္သံကို ဇ မထိန္းသိမ္းနိုင္ေတာ့။
ျမင္ေနရတဲ့ မ်က္နွာေလးကို ေမးဖ်ားကေန ဆြဲ မ လိုက္သည္။
ပီးေတာ့ သိပ္မကြာေတာ့တဲ့ အကြာအေဝးကို ထပ္မံနီးစပ္ေအာင္တိုးလိုက္ပီး
"နမ္းခ်င္ေနပီ "
စင္းခ်သြားတဲ့မ်က္ေတာင္ေလးေတြက ခြင့္ျပဳတာလား… ျမတ္နိုးစိတ္ေတြနဲ ့နုညံ့တဲ့ နုွုတ္ခမ္းအိအိေလးကို ထိေတြ ့ခံစားလိုက္သည္။
မူးရစ္ေဆးကို ဇ မသံုးဘူးပါဘူး။
ဒါေပမဲ့ ကေလးေလးနွုတ္ခမ္းေတြက ပိုရစ္မူးဖို ့ေကာင္းတာမို ့ ဇ အတြက္ေတာ့ေသာက္ေလေသာက္ေလ ငတ္မေျပတဲ့ နွစ္ခ်ိဳ ့ဝိုင္ေလး။
အစကေတာ့ ခန ေလာက္ပဲ နမ္းမယ္ေတြးေပမဲ့ အထိအေတြ ့က ရူးေ လာက္စရာမို ့ ဇ လက္မလြတ္နုိင္ေတာ့
"အြန္း အြန္ ့"
လည္ပင္းေပၚက လက္ေလးေတြက အခ်ိန္ႀကာေတာ့ ဇ မ်က္နွာကို အတင္းဆြဲခြာလာတာေႀကာင့္ မလႊတ္ခ်င္လႊတ္ခ်င္လႊတ္ေပးလိုက္ရသည္။
မီးေရာင္ေအာက္မွာ ေတြ ့လိုက္ရတဲ့ နွုတ္ခမ္းသားေလးက အနည္းငယ္ထူအန္းခ်င္ေန၏။
ဒီနွူတ္ခမ္းေလးဆီကေန အႀကည့္တို ့က ဘယ္မွဖယ္ခြာမရတာေႀကာင့္ ဇ တံေထြးျမိဳခ်ပီး ကေလးေလးကို ထပ္ေျပာလိုက္သည္။
"ထပ္နမ္းခ်င္ေသးတယ္။ မဝေသးဘူး "
ပူးကပ္သြားေသာ မ်က္နွာ နွစ္ခုကို အေဝးကေန ဝနတို ့လွမ္းႀကည့္ရင္း ရွဳ ံ ့မဲ့ကုန္၏။
ဒါFAေတြကို ေခၚပီး ေစာ္ကားလိုက္တာပဲ။
အစြမ္းအစမရွိတဲ့ သံုးေယာက္သားကေတာ့ တစ္နာရီေလာက္ႀကာေအာင္ ကားေပၚကေနေစာင့္လိုက္ရတယ္။
အေတာ္ကဲတဲ့ ဇ ကေတာ့ မူးသာ မူေနတာ အမူးပါးမို ့ …စိတ္ႀကိဳက္ နမ္းပီးမွ ျပန္လႊတ္ေပးလိုက္၏။
ဒါေတာင္ သူ မေက်နပ္ခ်င္ေသးဘူး။
နွုတ္ခမ္းေလးပဲရွိေသးတယ္ ဒီေလာက္
ခ်ိဳျမိန္ေနရင္ က်န္တဲ့ အရာေတြဆိုရင္
ဇ တိမ္ေတြေပၚမ်ားလြင့္ကုန္ မလားပဲ။
မူးရူးကြဲျပဲေနတဲ့ ဖိုက္တာႀကီး က အျပန္လမ္းမွာ အခ်စ္ေဆးမိကာ FAသံုးေယာက္ကိုနွိမ္ပီး ေအးေအးေဆးေဆး သီခ်င္းေတာင္ဖြင့္နားေထာင္လိုက္ေသးသည္။
🎶 တိမ္ေတြေပၚမွာ လြင့္ေနတယ္ေလး ငါေလး 🎶
🎶တိမ္ေတြေပၚမွာ လြင့္ေနတယ္ေလး ငါေလး🎶
############
" အရမ္း ခ်စ္တယ္ မင္း ကို "
"အင္း က်ြန္ေတာ္လဲ ခ်စ္တယ္ "
ဇ ကေလး လက္ကေလးကို ကားေမာင္းရင္း လွမ္းဆြဲ နမ္း လိုက္၏။
အသက္မျပည့္ေသးလို ့ မထိရက္မကိုင္ရက္ ဥထားေပမဲ့ ထိမိနမ္းမိပီးမွေတာ့ ဥလဲမထားနိုင္ေတာ့။
လက္ကေလးပဲနမ္းရ နမ္းရ
ဘယ္ေနရာပဲ နမ္းရနမ္းရ ကေလးေလးက ရုပ္ကသာ အလွႀကီးမဟုတ္တာ တကိုယ္လံုးက ဘယ္ေနရာထိထိ အိစက္ေနတာမို ့ ဇ ကေတာ့ ထိမိတဲ့ေနရာ နမ္းလိုက္ရမွ။
ကားေနာက္ခန္းကေနႀကည့္ေနတဲ့ ေရးကေတာ့ ကိုယ့္မ်က္လံုးကိုယ္သာေဖာက္ပစ္ခ်င္ေတာ့တယ္ ။ ေနာက္တခါ ဇ လာေခၚရင္ ေရး မလိုက္ေတာ့ဘူး။ ေက်ာင္းတခါ သြားရဖို ့အေရး ဒီလို မ်က္စိရွက္ဖြယ္ျမင္ကြင္းႀကီးကို မႀကည့္နိုင္။
" ကေလး အျပင္ေတြ ေလ်ွာက္မသြားနဲ ့
စားခ်င္တာလုပ္ခ်င္တာရွိရင္ ဖုန္းဆက္လိုက္ လာပို ့ေပးမယ္ "
ကားေပၚက ဆင္းကတည္းက မသိရင္
မူႀကိဳေက်ာင္းသားေလးလို တလမ္းလံုး
လက္ဆြဲလာပီး တတြတ္တြတ္မွာေနတာ
မို ့လူကေလးရွက္လာ၏။ အကိုႀကီးကေတာ့
တေလာကလံုး ဘယ္သူႀကည့္ႀကည့္ ဂရုမစိုက္တာအက်င့္ပါေနေပမဲ့ လူကေလးကေတာ့ ေနသားမက်ေသးေပ။
"ဟုတ္ကဲ့ပါ အကိုႀကီးကလဲ က်ြန္ေတာ္
ကေလးမွမဟုတ္ေတာ့တာ။ အကိုႀကီးမွာတာေတြက တစ္ရက္ထဲမဟုတ္ေတာ ့အလြတ္ရ လြန္းလို ့ ႀကိဳေတာင္ သိေနပီ"
မႀကည္သလို ေမာ့ပီးေျပာေတာ့ ေခါင္းကဆံပင္ေတြကို လက္နဲ ့ လာသပ္တင္ေပးသည္။
ဘာစကားမွ မေျပာပဲ အေတာ္တန္ႀကာေအာင္ဆံပင္ေတြသပ္ေနေပးပီးမွ
"ဟင္းး ခနေလးေတာင္ မခြဲခ်င္ဘူး ကေလးေလးကို ။ "
သက္ျပင္းခ်ပီး မသြားခ်င္ေသးသလို ေျပာတဲ့ အကိုႀကီးကိုႀကည့္ပီး
လူကေလးပိုခ်စ္လာသည္။
အကိုႀကီးက လူေကာင္ႀကီးႀကီးနဲ ့ခ်စ္ဖို ့ေကာင္းေအာင္ေနတက္ပီး ခ်စ္ေမႊးပါ၏။
လူကေလး ေဘးဘီကို လွမ္းႀကည့္လိုက္ပီး အခန္းထဲမဝင္ခင္ ေထာင့္ခ်ိဳးေလးနားမွာ ရပ္လိုက္ကာ အကိုႀကီးေမးဖ်ားကို ျမန္ျမန္ေမာ့နမ္းလိုက္သည္။
"အကုိႀကီးကို ခ်စ္တယ္ ။ ေန ့ခင္း ဆိတ္သားေထာင္းေက်ာ္နဲ ့ထမင္းဆီဆမ္းစားမွာေနာ္ "
ေျပာပီး အခန္းထဲ ေျပးဝင္သြားေသာ ကေလးကို ျပံဳးျပံဳးႀကီး လိုက္ႀကည့္ပီး ဇ ကိုယ့္အတန္းဆီကို သာျပန္ခဲ့ သည္။
ျမန္ျမန္ေက်ာင္းပီးေအာင္ လုပ္ရမည္။
အလုပ္ေတြအမ်ားႀကီးလဲ လုပ္ရအုန္းမည္။
သူေယာက်ာ္း ေတာ္ေတာ္ရခ်င္ပီ။
ျဖစ္နိုင္ရင္ ခ်က္ျခင္းယူခ်င္လွေပမဲ့ ကေလးေလးကို တင့္ေတာင္းတင့္တယ္ေလးေတာ့ ျဖစ္ေအာင္လုပ္ေပးခ်င္ေသးတာမို ့
အလုပ္ကေတာ့ လုပ္အုန္းမွျဖစ္မည္။
" ဇ ညက် ကလပ္သြားရေအာင္ "
"No "
ဆရာစာသင္ေနတုန္း ဝနက ကပ္ေျပာေတာ့ စာကုန္းေရးေနတဲ့ ဇ ကျငင္းသည္။
ဝန နဲ ့သက္တန္ ့က ေဒဝါ အတင္းေခၚလို ့
ေက်ာင္းျပန္တက္ေနျခင္းျဖစ္သည္။ ဇ
ကေတာ့ လူေျပာင္းလိုက္သလို လံုးဝ အပိုးက်ိဳးေန၏။ စာေတြပါ လိုက္သင္ေနသလို
အျပင္ထြက္ရန္ျဖစ္တာပါ နည္းလာ၏။
"ေနေပါ့ ေဒဝါ ညသြားမလား "
ဝန အေဖာ္လွမ္းစပ္ေတာ့ ေဒဝါက gameခိုးေဆာ့ရင္း ေျဖ၏
"သြားရုံပဲ ငါက သူမ်ားေတြလို မိန္းမ
ေႀကာက္မဟုတ္ဘူး "
"မိန္းမေႀကာက္တာ မဟုတ္ဘူး ခ်စ္တာ။
ဟိုေခတ္စားေနတဲ့ စကား မႀကားဘူးဘူးလား။
မိန္းမရွစ္ခိုး သြားမက်ိဳး
မိန္းမရုိေသအသက္ရွည္တဲ့ ဟား ဟား
ငါက အသက္ရွည္သြားမက်ိဳးေအာင္ ငါ့ကေလးေလးကို ခ်စ္တာ "
"ေဘာပဲ "
သက္တန္ ့နားမခံနိုင္ေတာ့လို ့ ဇ ကိုဝင္ဆဲသည္။ သူဆဲေတာ့ ဝနကပါ
" ေအးေလ ေစာက္ရွက္က without ပဲ "
"ေဟ့ေကာင္ေတြ ပစ္ထားလိုက္ လင္စိတ္မႊန္ေနတာ ခုမွ အခ်စ္ကိုေတြ ့တဲ့သူဆိုေတာ့ ငါ့တို ့ကပဲ နားလည္ေပးရမွာေပါ့ "
ေဒဝါ ေျပာေတာ့
"ေအးပါ ငါကခုမွ အခ်စ္ကို ေတြ ့ဖူးတာ မင္းတို ့က ခုထိ အခ်စ္ကိုမေတြ ့ဘူးတဲ့ FAေတြ။ ေတြ ့ဖို ့လဲ မျမင္ပါဘူး ႀကည့္ရတာ ငါလို ေစာက္ေခ်ာႀကီး မဟုတ္လို ့ ေနမွာ "
ဆဲသံေတြ ဆူညံသြားေပမဲ့ ဇ ဂရုမစိုက္။
ကေလးေလးမွ… မဟုတ္ေစာက္ေရးလုပ္စရာလား။
စာေရးလဲ မပ်က္ စကားေျပာလဲ မပ်က္ ေလးေယာက္သမား တိုးတိုးျငင္းခုန္ေနႀကတာျဖစ္၏။
မေက်နပ္တဲ့ သံုးေယာက္ကေတာ့ ဆရာထြက္သြားေတာ့ ဇ ကိုအပီအျပင္ဝိုင္းသမ က်သည္။ ဇ ဘဝကလဲ မနာလိုသူေတြေပါလိုက္တာ ။
ခ်စ္တဲ့ အိမ္စည္။
(မံုရြာ မွာ ျဖစ္သြားတဲ့ ပစ္ခတ္မူ ့ကို
ႀကည့္ပီး ေသေအာင္အသည္းနာတယ္။
မနက္ဖန္ ေႀကာက္ရြံ ့မေနပဲ ငါတို ့အားလံုး
ထြက္က်မယ္ ။ )
#######
မော့ကြည့်နေရ ရှာတဲ့ မျက်နှာလေးကို
ချစ်မြတ်နိုးစိတ်နဲ့ အတော်ကြာအောင်
စိုက်ကြည့်နေမိသည်။
သောက်ထားတဲ့ အရက်က ဘယ်ရောက်သွားမှန်းမသိ အချစ်တန်ခိုးက ကြီးတယ် …မကြီးတယ် ရင်ဖက်တစ်ခုလုံး မူးတာပျောက်ပီး ချစ်စိတ်တွေသာ လျံကျနေ၏။
"ပြန်ပြော "
ပါးပြင်နုနုကို လက်ဖဝါးနဲ့ ဖွဖွလေးပွတ်ပီး
ပြန်မေးလိုက်သည်။
အချိန်တိုင်းကြားချင်သည်။ ခနခန ကြားချင်သည်။
"ချစ်တယ် အကိုကြီးကို သိပ်ချစ်တယ် "
ပြောပီး ရင်ခွင်ထဲ ဝင်တိုးလာတာမို့ အလိုက်တသိ ဆွဲဖက်ထားလိုက်သည်။
တဒုတ်ဒုတ်မြည်နေတဲ့ အသံတွေ
ကလေးကြားပါလေစ။
" ကိုယ့်ကောင်လေး လုပ်ဖို့ သေချာပီလား"
"အင်း"
ရင်ဘက် ကို ဖွဖွလေး ခိုးနမ်းပီး ပြန်ဖြေ၏။
ကလေးလေးက နေရာမှားနေတာပဲ။
" ဘယ်ချိန်ထိ အနားမှာနေမှာလဲ"
"အကိုကြီးချစ်သ၍ပေါ့"
"ကိုယ်က မင်းတစ်ယောက်ထဲကိုပဲ
သေတဲ့ ထိချစ်မှာဆိုရင်ရော "
ကွယ်ဝှက် ထားတဲ့ မျက်နှာလေးက မော့ပီး ဇ ကိုကြည့်သည်မို့ ပြန်ငုံ့ ကြည့်လိုက်တော့ အကွာဝေးက အနည်းငယ်လောက်သာရှိတော့သည်။
အတင့်ရဲစွာ စူးစူးစိုက်စိုက် ပြန်ကြည့်လာတဲ့ ကလေးက သွားလေးပေါ်အောင်ပြုံး၏။ ပီးမှ
" အကိုကြီး "
နီးနီးကပ်ကပ်လေးမို့ ဇ ရင်ခုန်သံတွေ ထိန်းချုပ်မရချင်ပါဘူးဆိုမှ နုနုညံ့ညံ့လေးခေါ်လိုက်တော့ ဇ နလုံးသားကြီးပြုတ်မကျသွားတာကံကောင်းလို့ ။
"အင်း "
" အရမ်းချစ်တယ် "
သွားပီ ထိန်းချုပ်နိုင်မူ့ လစ်မစ်ကျာ်သွား၏။
ဆူနာမီ ထက်တောင် ဆိုးသေးသည်
ဝုန်းဒိုင်းကျဲ ဖြတ်သန်း သွားတာမို့ ရင်ခွင်တခုလုံးဖရိုဖရဲ ဖြစ်ကျန်ခဲ့သလို
ဗြောင်းဆန်ကုန်၏။
ဒါတောင် စကားလေးတခွန်းမို့ သာတော်တော့သည်။
ကလေးလေးသည် ဇ ရင်ကို လက်နက်မဲ့
သတ်နိုင်တဲ့ လူသတ်သမားလေး။
" ရင်ခုန်လွန်ပီး သေအောင်လုပ်နေတာလား "
တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့်မိတဲ့ မျက်ဝန်းတို့ ကို ကလေးဖက်မှ စတင်လွှဲဖယ်သွား၏။
ဇ ခါးကို ကိုင်ထားတဲ့ လက်ကလေးတွေက နေရာပြောင်းကာ
ဇ လည်ပင်းကို သိုင်းဖက်လာ၏။
ဆူညံနေတဲ့ရင်ခုန်သံကို ဇ မထိန်းသိမ်းနိုင်တော့။
မြင်နေရတဲ့ မျက်နှာလေးကို မေးဖျားကနေ ဆွဲ မ လိုက်သည်။
ပီးတော့ သိပ်မကွာတော့တဲ့ အကွာအဝေးကို ထပ်မံနီးစပ်အောင်တိုးလိုက်ပီး
"နမ်းချင်နေပီ "
စင်းချသွားတဲ့မျက်တောင်လေးတွေက ခွင့်ပြုတာလား… မြတ်နိုးစိတ်တွေနဲ့ နုညံ့တဲ့ နှုတ်ခမ်းအိအိလေးကို ထိတွေ့ ခံစားလိုက်သည်။
မူးရစ်ဆေးကို ဇ မသုံးဘူးပါဘူး။
ဒါပေမဲ့ ကလေးလေးနှုတ်ခမ်းတွေက ပိုရစ်မူးဖို့ ကောင်းတာမို့ ဇ အတွက်တော့သောက်လေသောက်လေ ငတ်မပြေတဲ့ နှစ်ချို့ ဝိုင်လေး။
အစကတော့ ခန လောက်ပဲ နမ်းမယ်တွေးပေမဲ့ အထိအတွေ့ က ရူးေ လာက်စရာမို့ ဇ လက်မလွတ်နိုင်တော့
"အွန်း အွန့် "
လည်ပင်းပေါ်က လက်လေးတွေက အချိန်ကြာတော့ ဇ မျက်နှာကို အတင်းဆွဲခွာလာတာကြောင့် မလွှတ်ချင်လွှတ်ချင်လွှတ်ပေးလိုက်ရသည်။
မီးရောင်အောက်မှာ တွေ့ လိုက်ရတဲ့ နှုတ်ခမ်းသားလေးက အနည်းငယ်ထူအန်းချင်နေ၏။
ဒီနှူတ်ခမ်းလေးဆီကနေ အကြည့်တို့ က ဘယ်မှဖယ်ခွာမရတာကြောင့် ဇ တံထွေးမြိုချပီး ကလေးလေးကို ထပ်ပြောလိုက်သည်။
"ထပ်နမ်းချင်သေးတယ်။ မဝသေးဘူး "
ပူးကပ်သွားသော မျက်နှာ နှစ်ခုကို အဝေးကနေ ဝနတို့ လှမ်းကြည့်ရင်း ရှုံ့ မဲ့ကုန်၏။
ဒါFAတွေကို ခေါ်ပီး စော်ကားလိုက်တာပဲ။
အစွမ်းအစမရှိတဲ့ သုံးယောက်သားကတော့ တစ်နာရီလောက်ကြာအောင် ကားပေါ်ကနေစောင့်လိုက်ရတယ်။
အတော်ကဲတဲ့ ဇ ကတော့ မူးသာ မူနေတာ အမူးပါးမို့ …စိတ်ကြိုက် နမ်းပီးမှ ပြန်လွှတ်ပေးလိုက်၏။
ဒါတောင် သူ မကျေနပ်ချင်သေးဘူး။
နှုတ်ခမ်းလေးပဲရှိသေးတယ် ဒီလောက်
ချိုမြိန်နေရင် ကျန်တဲ့ အရာတွေဆိုရင်
ဇ တိမ်တွေပေါ်များလွင့်ကုန် မလားပဲ။
မူးရူးကွဲပြဲနေတဲ့ ဖိုက်တာကြီး က အပြန်လမ်းမှာ အချစ်ဆေးမိကာ FAသုံးယောက်ကိုနှိမ်ပီး အေးအေးဆေးဆေး သီချင်းတောင်ဖွင့်နားထောင်လိုက်သေးသည်။
🎶 တိမ်တွေပေါ်မှာ လွင့်နေတယ်လေး ငါလေး 🎶
🎶တိမ်တွေပေါ်မှာ လွင့်နေတယ်လေး ငါလေး🎶
############
" အရမ်း ချစ်တယ် မင်း ကို "
"အင်း ကျွန်တော်လဲ ချစ်တယ် "
ဇ ကလေး လက်ကလေးကို ကားမောင်းရင်း လှမ်းဆွဲ နမ်း လိုက်၏။
အသက်မပြည့်သေးလို့ မထိရက်မကိုင်ရက် ဥထားပေမဲ့ ထိမိနမ်းမိပီးမှတော့ ဥလဲမထားနိုင်တော့။
လက်ကလေးပဲနမ်းရ နမ်းရ
ဘယ်နေရာပဲ နမ်းရနမ်းရ ကလေးလေးက ရုပ်ကသာ အလှကြီးမဟုတ်တာ တကိုယ်လုံးက ဘယ်နေရာထိထိ အိစက်နေတာမို့ ဇ ကတော့ ထိမိတဲ့နေရာ နမ်းလိုက်ရမှ။
ကားနောက်ခန်းကနေကြည့်နေတဲ့ ရေးကတော့ ကိုယ့်မျက်လုံးကိုယ်သာဖောက်ပစ်ချင်တော့တယ် ။ နောက်တခါ ဇ လာခေါ်ရင် ရေး မလိုက်တော့ဘူး။ ကျောင်းတခါ သွားရဖို့ အရေး ဒီလို မျက်စိရှက်ဖွယ်မြင်ကွင်းကြီးကို မကြည့်နိုင်။
" ကလေး အပြင်တွေ လျှောက်မသွားနဲ့
စားချင်တာလုပ်ချင်တာရှိရင် ဖုန်းဆက်လိုက် လာပို့ ပေးမယ် "
ကားပေါ်က ဆင်းကတည်းက မသိရင်
မူကြိုကျောင်းသားလေးလို တလမ်းလုံး
လက်ဆွဲလာပီး တတွတ်တွတ်မှာနေတာ
မို့ လူကလေးရှက်လာ၏။ အကိုကြီးကတော့
တလောကလုံး ဘယ်သူကြည့်ကြည့် ဂရုမစိုက်တာအကျင့်ပါနေပေမဲ့ လူကလေးကတော့ နေသားမကျသေးပေ။
"ဟုတ်ကဲ့ပါ အကိုကြီးကလဲ ကျွန်တော်
ကလေးမှမဟုတ်တော့တာ။ အကိုကြီးမှာတာတွေက တစ်ရက်ထဲမဟုတ်တော့ အလွတ်ရ လွန်းလို့ ကြိုတောင် သိနေပီ"
မကြည်သလို မော့ပီးပြောတော့ ခေါင်းကဆံပင်တွေကို လက်နဲ့ လာသပ်တင်ပေးသည်။
ဘာစကားမှ မပြောပဲ အတော်တန်ကြာအောင်ဆံပင်တွေသပ်နေပေးပီးမှ
"ဟင်းး ခနလေးတောင် မခွဲချင်ဘူး ကလေးလေးကို ။ "
သက်ပြင်းချပီး မသွားချင်သေးသလို ပြောတဲ့ အကိုကြီးကိုကြည့်ပီး
လူကလေးပိုချစ်လာသည်။
အကိုကြီးက လူကောင်ကြီးကြီးနဲ့ ချစ်ဖို့ ကောင်းအောင်နေတက်ပီး ချစ်မွှေးပါ၏။
လူကလေး ဘေးဘီကို လှမ်းကြည့်လိုက်ပီး အခန်းထဲမဝင်ခင် ထောင့်ချိုးလေးနားမှာ ရပ်လိုက်ကာ အကိုကြီးမေးဖျားကို မြန်မြန်မော့နမ်းလိုက်သည်။
"အကိုကြီးကို ချစ်တယ် ။ နေ့ ခင်း ဆိတ်သားထောင်းကျော်နဲ့ ထမင်းဆီဆမ်းစားမှာနော် "
ပြောပီး အခန်းထဲ ပြေးဝင်သွားသော ကလေးကို ပြုံးပြုံးကြီး လိုက်ကြည့်ပီး ဇ ကိုယ့်အတန်းဆီကို သာပြန်ခဲ့ သည်။
မြန်မြန်ကျောင်းပီးအောင် လုပ်ရမည်။
အလုပ်တွေအများကြီးလဲ လုပ်ရအုန်းမည်။
သူယောကျာ်း တော်တော်ရချင်ပီ။
ဖြစ်နိုင်ရင် ချက်ခြင်းယူချင်လှပေမဲ့ ကလေးလေးကို တင့်တောင်းတင့်တယ်လေးတော့ ဖြစ်အောင်လုပ်ပေးချင်သေးတာမို့
အလုပ်ကတော့ လုပ်အုန်းမှဖြစ်မည်။
" ဇ ညကျ ကလပ်သွားရအောင် "
"No "
ဆရာစာသင်နေတုန်း ဝနက ကပ်ပြောတော့ စာကုန်းရေးနေတဲ့ ဇ ကငြင်းသည်။
ဝန နဲ့ သက်တန့် က ဒေဝါ အတင်းခေါ်လို့
ကျောင်းပြန်တက်နေခြင်းဖြစ်သည်။ ဇ
ကတော့ လူပြောင်းလိုက်သလို လုံးဝ အပိုးကျိုးနေ၏။ စာတွေပါ လိုက်သင်နေသလို
အပြင်ထွက်ရန်ဖြစ်တာပါ နည်းလာ၏။
"နေပေါ့ ဒေဝါ ညသွားမလား "
ဝန အဖော်လှမ်းစပ်တော့ ဒေဝါက gameခိုးဆော့ရင်း ဖြေ၏
"သွားရုံပဲ ငါက သူများတွေလို မိန်းမ
ကြောက်မဟုတ်ဘူး "
"မိန်းမကြောက်တာ မဟုတ်ဘူး ချစ်တာ။
ဟိုခေတ်စားနေတဲ့ စကား မကြားဘူးဘူးလား။
မိန်းမရှစ်ခိုး သွားမကျိုး
မိန်းမရိုသေအသက်ရှည်တဲ့ ဟား ဟား
ငါက အသက်ရှည်သွားမကျိုးအောင် ငါ့ကလေးလေးကို ချစ်တာ "
"ဘောပဲ "
သက်တန့် နားမခံနိုင်တော့လို့ ဇ ကိုဝင်ဆဲသည်။ သူဆဲတော့ ဝနကပါ
" အေးလေ စောက်ရှက်က without ပဲ "
"ဟေ့ကောင်တွေ ပစ်ထားလိုက် လင်စိတ်မွှန်နေတာ ခုမှ အချစ်ကိုတွေ့ တဲ့သူဆိုတော့ ငါ့တို့ ကပဲ နားလည်ပေးရမှာပေါ့ "
ဒေဝါ ပြောတော့
"အေးပါ ငါကခုမှ အချစ်ကို တွေ့ ဖူးတာ မင်းတို့ က ခုထိ အချစ်ကိုမတွေ့ ဘူးတဲ့ FAတွေ။ တွေ့ ဖို့ လဲ မမြင်ပါဘူး ကြည့်ရတာ ငါလို စောက်ချောကြီး မဟုတ်လို့ နေမှာ "
ဆဲသံတွေ ဆူညံသွားပေမဲ့ ဇ ဂရုမစိုက်။
ကလေးလေးမှ… မဟုတ်စောက်ရေးလုပ်စရာလား။
စာရေးလဲ မပျက် စကားပြောလဲ မပျက် လေးယောက်သမား တိုးတိုးငြင်းခုန်နေကြတာဖြစ်၏။
မကျေနပ်တဲ့ သုံးယောက်ကတော့ ဆရာထွက်သွားတော့ ဇ ကိုအပီအပြင်ဝိုင်းသမ ကျသည်။ ဇ ဘဝကလဲ မနာလိုသူတွေပေါလိုက်တာ ။
ချစ်တဲ့ အိမ်စည်။
(မုံရွာ မှာ ဖြစ်သွားတဲ့ ပစ်ခတ်မူ့ ကို
ကြည့်ပီး သေအောင်အသည်းနာတယ်။
မနက်ဖန် ကြောက်ရွံ့ မနေပဲ ငါတို့ အားလုံး
ထွက်ကျမယ် ။ )
Bạn đang đọc truyện trên: ZingTruyen.Xyz