17
ေဒါက္ ေဒါက္ ……
"ေရး ေရ … လကုန္ အေဆာင္လခ လာေတာင္းတာေဟ့ …"
"ဟုတ္ ဦးေလး …လာပီ "
တံခါး သြားဖြင့္ေပးတဲ့ ေရး ကိုႀကည့္ပီး
လူကေလး စိတ္မပါလက္မပါ အိပ္ယာမွထလိုက္သည္။
ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မရွိေအာင္ ေပ်ာ့ဖက္ေခြေခါက္ေနတာ ေနခင္းေက်ာင္းကျပန္ေရာက္ကတည္းက။
ေက်ာခိုင္းထြက္သြားတဲ့ အကိုႀကီးကိုႀကည့္ပီး လစ္ဟာသြားတဲ့ ခံစားခ်က္ဆိုးဆိုးႀကီးက အလုပ္ေတာင္မသြားနုိင္ေအာင္ထိ
လူကေလးကို ျဖစ္ေစသည္။
ခါတိုင္း တစ္နာရီျခားတခါ တဂြမ္ဂြမ္ လာေနတဲ့ ဖုန္းေလးက နာရီေပါင္းအေတာ္ႀကာေအာင္ထိ အသံမႀကားေသး။
" ေအာ္… လူကေလးေရာရွိေနတာပဲ ။ ဦးေလးက အလုပ္သြားတယ္ထင္ေနတာ "
အခန္းထဲဝင္လာတဲ့ အေဆာင္မွဴ းက လွမ္းနုတ္ဆက္တာေႀကာင့္ အသက္မပါစြာ ျပန္လည္ျပံဳးျပပီး ……
"ဟုတ္ … ဒီေန ့ေန သိပ္မေကာင္းလို ့နားလိုက္တာ … ဦးေလး က်ြန္ေတာ္ေရာတခါထဲ ေပးလိုက္ရမွာမို ့လား …ဘယ္ေလာက္လဲ မသိဘူးလခက က်ြန္ေတာ္မသိလို ့"
"ေရာ ့…ဦးေလး ဒီလ …အတြက္ "
ေရး လွမ္းေပးတာကို ယူလိုက္ပီးမွ……
" တလ ရွစ္ေသာင္း ေလ …မင္း မသိဘူးလား။ "
ရွစ္ေသာင္းေတာင္ ! …
လူကေလးဖ်ားခ်င္သြား၏။ ဒီေလာက္ ျပည့္ျပည့္စံုစံု သန္ ့သန္ ့ရွင္းရွင္းေနရမွေတာ့
ေပးရမွာပဲဆိုတာ …သူဘာလို ့ေမ့ေနတာပါလိမ့္ ။
မတက္နိုင္ဘူး အိမ္က ယူလာတဲ့ ပိုက္ဆံ သံုးသိန္း က ခုထိ သိပ္အရာမယြင္းေသးတာမို ့ အဲ့ထဲကသာ ေပးလိုက္ေတာ့မည္။ လခ ကလဲ ဒီေန ့အလုပ္မသြားလို ့မရေသး။
ေက်ာပိုးအိတ္ထဲက အျမဲမဖြင့္ျဖစ္တဲ့ ပိုက္ဆံအိတ္အေဟာင္းေလးကို လွမ္းယူလိုက္သည္။ အခ်ိန္တိုင္း လိုေလစိတ္မရွိထားတဲ့အကိုႀကီးေႀကာင့္ ေက်ာင္းတက္ေနတာေတာင္ ပိုက္ဆံမကုန္ေသး ။
ေန ့ခင္းစာ က အစ… ညတေရးနိုး
ဆာေန မွာေႀကာင့္လို ့ အခ်ိန္တိုင္းသူပဲ ပိုက္ဆံထုတ္ဝယ္ေပးတက္လြန္းသူေႀကာင့္ အိမ္က ထြက္လာတာ တလေတာင္ျပည့္ေတာ့မည္
busကားခ က လြဲပီးဘာမွမကုန္ေသး။
"ရွစ္ေသာင္းပါ ဦးေလး "
တရုိတေသလွမ္းေပးေတာ့ ဦးေလးႀကီးက မ်က္ခံုးပင့္ပီး သေဘာတက်ရယ္၏။
"ဟားဟား လူကေလးရာ …မင္းအကိုႀကီးက
ဘာမွမေျပာဘူးလား ။ မင္းဒီမွာ ေနဖို ့ တနွစ္စာ ေပးသြားပီေလ … "
စကားေတာင္ျပန္မေျပာနိုင္ေတာ့ပဲ လူကေလး ျငိမ္သက္သြား၏။ အေဆာင္မွဴ းျပန္ထြက္သြားသည္တိုင္ လူကေလး မလွဳပ္ေသး။
" ေရး "
အားကိုးရာမဲ့ စြာ ေရးကိုေခၚမိလိုက္သည္။
သူ အကိုႀကီးကို သတိရတယ္။ ဒီေန ့တေန ့လံုး ျဖစ္ေႀကာင္းကုန္စင္လဲ မေျပာရေသးဘူး …အကုိႀကီး အသံကိုလဲ ေကာင္းေကာင္းမႀကားရေသးဘူး။
"အင္း ေျပာ လူလူငါရွိတယ္ "
ပုခံုးကို ပုတ္ပီး ေရးေျပာလိုက္သည္။ တကယ္ပဲ လူကေလး အေျခေနမေကာင္း။
ဘာေတြျဖစ္ခဲ့လဲ ေမးလို ့လဲမရသလို ေရာက္ကတည္းက အိပ္ယာထဲေခြအိပ္ေန၏။
ငိုတာလဲ မဟုတ္ပဲ မ်က္ရည္ေတြ က်ေနတာကို သူ ့ကို သူ သိပံုမရပဲ သတိလက္လြတ္ ျဖစ္ေနသည္။ သနားေပမဲ့
အေႀကာင္းရင္း မသိရွိပဲ ေရး ကဘာကူညီေပးနိုင္မွာလဲ။
"အကိုႀကီးကို သတိရတယ္ ဟင့္ ……
ငါ့ကို ေမးတယ္။ သူ ့ေကာင္ေလး မလုပ္ခ်င္ဘူးလားတဲ့ …ငါ ငါ gayမဟုတ္ဘူးလို ့ေျပာလိုက္တာ… ငါ့ကို မုန္းသြားပီလား မသိဘူး။ အင့္ …ငါ အကိုႀကီး မရွိပဲ မေနနိုင္ဘူး။ ဟင့္ … ဘာဆက္လုပ္ရမလဲ မသိေတာ့ဘူး … "
ဝမ္းနည္းပက္လက္ ေျပာလာတာမို ့ ေရး
စိတ္မေကာင္းစြာ ဆြဲဖက္ပီး ေက်ာကို ပုတ္ေပးလိုက္သည္။
" မင္း က ဇ ရဲ့ ေကာင္ေလး လုပ္နိုင္လို ့လား ။
လုပ္နိုင္တယ္ …ပါတ္ဝန္းက်င္ကိုလဲဂရုမစိုက္ဘူး …
တကယ္လဲ မင္း ဇ …ကိုခ်စ္တယ္ဆိုရင္ မင္းဖက္က စပီး ဖုန္းဆက္လိုက္ေပါ့ ……"
"ဟင့္အင္ ငါမသိဘူး ။ ငါသိတာ အကိုႀကီးကိုေတြ ့ခ်င္တယ္ ဟင့္ "
ရွဳိက္ႀကီးတငင္ ငိုယိုပီးေျပာလာတာေႀကာင့္ ေရး သက္ျပင္းခ်လိုက္သည္။ လူလူက သူခံစားခ်က္ကို ခ်က္ျခင္း လက္မခံနိုင္ေသးတာ ပါ။ ျမင္ရ သေလာက္ ဇ ကေတာ့ လူလူကို တကယ္ခ်စ္ပံုပါပဲ။
#####
"ဇ ျပန္ရေအာင္ "
သက္တန္ ့အသံက အနည္းငယ္တိုးလ်ေနေပမဲ့ ဇ ႀကားနိုင္သည္။
ေန ့ခင္းကတည္းက barသြားမယ္ လိုက္ခဲ့ ဆိုပီး အဖြဲ ့လိုက္ပါသြားတာ…
ညကိုးနာရီထိုးပီးတဲ့ ထိ ဇ နားက နည္းနည္းမွမခြာရေသး။
မူရူးကြဲျပဲေနေအာင္ အေသ ေသာက္တဲ့ အျပင္ ကေလးဆီ သြားမယ္ဆိုပီး ကားကို
မူးမူးရူးရူးတက္ေမာင္းတာကိုလဲ တစ္ေယာက္မွ မတားရဲႀက။
ဇ ေဒါသကို သူ ့အေဖေတာင္ မနိုင္တာ သူတို ့က ဘာတားနိုင္မွာလဲ။
ျပသနာမျဖစ္ေအာင္ တားရုံပဲ တားနိုင္မွာေပါ့။
" မျပန္ဘူး …မင္းတို ့ဘာသာျပန္က် ေဂ့ "
ရီေဝေဝ မ်က္လံုးနဲ ့ အသိစိတ္ေတာင္ သိပ္မကပ္တဲ့ေကာင္ကို ဘယ္လို ထားခဲ့ရမွာလဲ။ သက္တန္ ့ေဒဝါ့ ကို လွမ္ျကည့္ေတာ့လဲ ပုခံုးတြန္ ့့ျပသည္။ ေဒဝါေတာင္ မထိန္းနိုင္တာ ဝနက ဘာအသံုးဝင္မွာလဲ ။
သံုးေယာက္သမားတစ္ေယာက္ မ်က္နွာတစ္ေယာက္ႀကည့္ကာ စိတ္ပ်က္လက္ပ်က္သက္ျပင္းခ်၏။
" မင္းပဲ မေတြ ့ေတာ့ဘူးဆို "
" ဘယ္တုန္းက ေျပာလို ့လဲ …အင့္ … ။ သက္တန္ ့အပိုေတြ ေျပာ မေနနဲ ့ ကေလးကိုေခၚေပး …အင့္ "
အရက္သမားတို ့ထံုးစံ ဂ်ြတ္က ထိုးေသးတယ္ ရစ္ကရစ္ေသးတယ္။ သက္တန္ ့စိတ္ညစ္ေနပီ။
"ေခၚလို ့မွမရတာ မင္းတို ့ရန္ျဖစ္ထားတယ္ဆို "
"မသိဘူး ကေလးကိုေတြ ့ခ်င္တယ္ …ဖုန္းေပး ေဂ့ … ေဒဝါ ေပးလို ့ "
မေက်နပ္သလို မ်က္ေထာင္နီနဲ ့ရန္လွမ္းလုပ္တာမို ့ ေဒဝါ သက္ျပင္းခ်ကာလွမ္းေပးလိုက္သည္။
##########
"မသိလို ့မွမရတာ မင္းေသခ်ာ စဥ္းစား ငိုမေနနဲ ့"
ေရး စိတ္ညစ္ေနပီ။ လူကေလးက ငိုပဲငိုေနတာ ေခ်ာ့လို ့လဲမရ
Ringtone ……
ဖုန္းလာသံေႀကာင့္ လူကေလး ငိုတာခ်က္ျခင္းတိတ္သြား၏။ ဖက္ထားရာမွဖယ္ခြာပီး
ကုတင္ေပၚတင္ ထားတဲ့ ဖုန္းကို ခ်က္ျခင္း ေျပးကိုင္တာကိုႀကည့္ပီး ေရး ေခါင္းရမ္းလိုက္သည္။ ဒါလား gayမဟုတ္တာ …
ဖုန္း screenေပၚက အကိုႀကီးဆိုတဲ့ နာမည္ေလးကို ႀကည့္ပီး လူကေလး ငိုသည္။
မုန္းသြားပီထင္ေနတာ ။ တသက္လံုး မဆက္သြယ္ေတာ့ဘူး ထင္ေနတာ ခုေတာ့…
" Hello !! "
"ကေလးေလး ကိုယ့္ရဲ့ ကေလးေလး "
မပီမသေလးေလးပင္ပင္ အသံေႀကာင့္
လူကေလး ေတြ မ်က္ရည္ေတြ ျပန္က်လာျပန္သည္။
အကိုႀကီး ေသာက္ထားတယ္။
သူ ့ေႀကာင္ ့ အကိုႀကီး မူးေနတာ အဲ့ဒါ လူကေလး မေကာင္းလို ့…
"ဟင့္ "
မသိေအာင္ ငိုေနေသာ္လဲ ရွဳိက္သံ တစြန္းတစ ကနွုတ္ဖ်ားက တိုးထြက္သြားေသးသည္။
" ငို ေနတာလား… မႀကိဳက္ဘူး… မင္းငိုတာ မႀကိဳက္ဘူး … အင့္ … တိတ္ … ။
မႀကားခ်င္လို ့လား ကိုယ့္အသံကို… ေဂ့ … ခန ……ခနေလး ပါ လြမ္းလို ့ မင္းအသံကို မႀကားပဲ ကိုယ္ မေနနိုင္ဘူး …
ခနေလးပဲ ေျပာမယ္ေနာ္ …… ကေလးေလး"
"……"
ဘာစကားမွ မေျပာမိေအာင္ ပါးစပ္ကို လက္နဲ ့ပိတ္ပီး လူကေလးက်ိတ္ ငိုမိသည္။
အကိုႀကီးကို သနားလို ့ဘယ္လို လုပ္ရမလဲ။
" မေတြ ့ေအာင္ေနမယ္ လို ့အင့္…
ေျပာထားတာ … ဘယ္လို လုပ္ရမလဲ? မေတြ ့ရပဲ တစ္နာရီေတာင္ မေနနိုင္ဘူး
အင့္ …
ကိုယ့္ကို စိတ္မဆိုးပါနဲ ့ ကိုယ္မဆိုးေတာ့ဘူးေလကြာ ေဂ့ … မဆိုးေတာ့ဘူး ။
ဂတိေပးမယ္ေလ ေနာ္ … မင္းေျပာေတာ့
ဘယ္ေတာ့ မွ ထားမသြားဘူးဆို …အင့္ မင္းလံုးဝ ဂတိ မတည္ဘူး ။
မင္း အရမ္းရက္စက္တယ္ ကေလးေလး… အရမ္းရက္စက္တယ္။
ဆင္းခဲ့ေအာက္ကို မင္းနဲ ့စကားေျပာမွျဖစ္မယ္… ခုဆင္းခဲ့ ။ ေအး …မဆင္းလာ
ရင္ ငါ့ကိုငါ တခုခုျဖစ္ေအာင္ လုပ္ပစ္မွာေနာ္ ကေလးေလး ။ မင္း ငါ့အေႀကာင္းကို သိပါတယ္ "
" အကိုႀကီး ! "
ထိတ္လန္ ့တႀကား လူကေလးေအာ္ေတာ့ ဖုန္းက်သြားပီ ။ အဆက္မပ်က္ စီးက်လာေသာမ်က္ရည္တို ့က လံုဝ မရပ္တန္ ့ေတာ့။
အကိုႀကီးသာ တခုခုျဖစ္သြားရင္……
"ဘယ္လဲ "
ဖုန္းေျပာရင္း ဆတ္ကနဲ မတ္တပ္ထ ရပ္လိုက္တာမို ့ ေရး …စာက်က္ေနရင္း လွမ္းေမးလိုက္သည္။
"ေအာက္ဆင္းမလို ့ ငါ ငါ ခနသြားအုန္းမယ္ အကိုႀကီးေရာက္ေနလို ့ "
ေသြးရူးတန္းရူးေျပာပီးေျပးထြက္သြားတာေႀကာင့္ ေရး ပါလန္ ့သြားသည္။
ဘာျဖစ္က်တာလဲ ?
ျခံတံခါးကေန လူကေလး ေျပးထြက္သြားေတာ့ မလွမ္းမကမ္းမွာ ရပ္ထားတဲ့ အကိုႀကီးရဲ့ကားေႀကာင့္ ေျခလွမ္းတို ့က ကားရွိရာေျပးေနစဥ္ လက္ဖ်ားကေန လွမ္းဆြဲလိုက္ တာေႀကာင့္ ေမာ့ႀကည့္မိေတာ့
အကိုႀကီး ……
ဆြဲေခၚသြားတာ ကားနဲ ့မလွမ္းမကမ္း
အနည္းငယ္ေမွာင္ရိပ္သန္းတဲ့သစ္ပင္ေအာက္ ။ ေမွာင္မဲေနတာမဟုတ္တာမို ့ လမ္းမီးအလင္းေရာင္နဲ ့အကိုႀကီးကိုေတာ့ေကာင္းေကာင္းျမင္ေနရသည္။
ဇ ဆြဲထားတဲ့ ကေလး လက္ေလးကို
ရင္ဖက္နားေရာက္ေအာင္ လက္နွစ္ဖက္နဲ ့ပူးပီးဆုပ္ကိုင္လိုက္သည္။
" အရမ္း မုန္းေနတယ္မို ့လား ။
အခ်ိန္တိုင္း
ရည္းစားတစ္ေယာက္လို အဆက္ဆံခံရလို ့ ။
အခ်ိန္တိုင္း ကိုယ့္ဖက္က အင့္ …
မင္းကို ျဖဴျဖဴစင္စင္ မခ်စ္ခဲ့လို ့ ေနရခက္ခဲ့တယ္မို ့လား …"
ကိုယ့္ကိုကိုယ္ေတာင္မနည္းထိန္းေနရတဲ့ သူက လူကေလးကိုေတာ့ ေမးခြန္းေတြ အမ်ားႀကီးေမးနိုင္ေသးသည္။ ဝမ္းနည္းစိတ္
နဲ ့ ငိုခ်လိုက္ခ်င္ေပမဲ့ ငိုရင္မႀကိဳက္တဲ့ အကိုႀကီးေႀကာင့္ ေခါင္းသာရမ္းနိုင္သည္။
" မထားခဲ့လို ့မရဘူး လား …အင့္… မင္းမရွိပဲ တကယ္မေနနိုင္ဘူးလို ့! "
ဆုပ္ ကိုင္ထားတဲ့ လက္ကို လႊတ္ခ်ပီး အက်ယ္ႀကီးေအာ္လိုက္တာမို ့ လူကေလးလန္ ့ပီး တုန္စက္သြား၏။
"က်စ္ ! sorry ! ေဂ့ "
လန္ ့သြားမွန္းသိေတာ့ခ်က္ျခင္းေတာင္းပန္၏။ မူးေနတာေတာင္ လူကေလးဘာျဖစ္မွန္းခ်က္ျခင္း သိသည္။
" ေျပာ ငါ့ေကာင္ေလး မလုပ္ခ်င္ဘူးလား
မင္းကို တသက္လံုးခ်စ္ေပးပါ့မယ္။ ငါ့ကို
ျပန္ခ်စ္ေပးလို ့မရဘူးလား ဟမ္ ! အင့္…မရဘူးလား ။ ဘာလုပ္ေပးမွ ေဂ့ ျပန္ခ်စ္ေပးမွာလဲ ။ ေျပာ……ေျပာလို ့ "
ရီရဲေနတဲ့ မ်က္သားေတြနဲ ့အကိုႀကီးက
ပုခံုးနွစ္ဖက္ကို အလိုမက်စြာ ကိုင္ဆြဲ
လွဳပ္ပီးေမးျပန္၏။
" ေအးရတယ္ မခ်စ္နဲ ့ မင္းငါ့ကို မလိုအပ္ဘူး မို ့လား ေဂ့ …။
လာေတြ ့ေပးတာ ေက်းဇူးပဲ ကေလးေလး အင့္… မင္းဖက္က မခ်စ္နိုင္မွေတာ့ အသက္ရွင္လဲ အပိုပဲ ေဂ့ …သြားေတာ့မယ္ "
ပုခံုးေပၚက လက္အစံုသည္ ျပဳတ္က်သြားပီး အကိုႀကီးက ေနာက္တႀကိမ္ လူကေလး ကို ေက်ာခိုင္းဖို ့ျပင္ေနတာမို ့ လူကေလး ခါးကေနဆြဲဖက္လိုက္သည္။ နည္းနည္းေလးေတာင္အကိုႀကီးနဲ ့ မေဝးခ်င္ေတာ့သည္မို ့…
"အကိုႀကီးေကာင္ေလး လုပ္ေပးပါ့မယ္။
မ ထားခဲ့ပါနဲ ့ ။
ထားခဲ့ရင္… ဟင့္ …အကိုႀကီးကိုသတ္မွာေနာ္။
အကိုႀကီးေျပာေတာ့ ဆိုးလဲ အလိုလိုက္မယ္ဆို ဟင့္ …
အကိုႀကီး အလိုလဲ မလိုက္ဘူး။
က်ြန္ေတာ္ တစ္ေယာက္ထဲ အကိုႀကီး မရွိပဲ ဘယ္လို ေနရမွာလဲ ။ အကိုႀကီး ေသသြားရင္ က်ြန္ေတာ္ပါ လိုက္ေသမွာ…ဟင့္ ။
အကိုႀကီးက ဂတိမတည္သလို ရက္လဲရက္စက္တယ္။ အခ်ိန္တိုင္း အကိုႀကီး စိတ္တိုင္းက်လုပ္တယ္။ ျပသနာကို အကိုႀကီး မေျဖရွင္းေပးဘူး။ အလြယ္တကူ
ဟင့္ …ထားခဲ့ဖို ့ႀကံတယ္။ က်ြန္ေတာ္ ကို ခ်စ္တယ္မေျပာပဲ ခ်စ္လားပဲ ေမးတဲ့ အကိုႀကီးကို က်ြန္ေတာ္စိတ္ဆိုးတယ္ ဟီးအီးအီး အရမ္းစိတ္ဆိုးတယ္ ။ "
ခါးကို က်စ္က်စ္ပါေအာင္ ဖက္ကာ
ေက်ာမွာ မ်က္နွာအပ္ပီး ငိုေျပာေနတဲ့ ကေလးေလး ေႀကာင့္ ဇ ပါမ်က္ရည္ဝိုင္းလာ၏။ သူတကယ္ ကေလးေလးကို ခ်စ္ခဲ့တာပါ ။
"မင္းကို ကိုယ့္အသက္ေလာက္ခ်စ္တယ္ "
ခါးကဖက္ထားတဲ့ လက္ကို ဆြဲျဖည္ကာ
ကေလးဖက္ ကို ဇ လွည့္လိုက္သည္။
မ်က္နွာေလးကို လက္နွစ္ဖက္ႀကားညွပ္ကာ နစ္နစ္နဲနဲ စိုက္ႀကည့္ကာ ေလးေလးနက္နက္ထပ္ေျပာလိုက္သည္။
"မင္းကို ရူးေလာက္ေအာင္ခ်စ္တယ္ …
ကိုယ့္ကိုေရာ ခ်စ္လား "
နားထဲကေန နွလံုးသားထဲကို ေျဖးညွင္းစြာ
တိုးဝင္လာတဲ့ စကားေလးကို ျမတ္နိုးစြာနားေထာင္ရင္းလူကေလး မ်က္နွာေပၚက လက္ကိုထပ္ဆုပ္ကိုင္လိုက္သည္။ ပီးမွ……
"က်ြန္ေတာ္လဲ အကိုႀကီးကို သိပ္ခ်စ္ပါတယ္"
ခ်စ္တဲ့ အိမ္စည္။
(ကိုယ္ေတြနယ္ဖက္က အႏၱရာယ္ကင္းေပမဲ့ ျမိဳ ့က လူေတြေတာ့ စိတ္ပူတယ္။ ဂရုစိုက္ႀကပါ ။ မအိမ္စည္တို ့အကုန္ တေနရာစီရွိေနေပမဲ့ နွလံုးသားကတခုထဲပါပဲ။ )
ဒေါက် ဒေါက် ……
"ရေး ရေ … လကုန် အဆောင်လခ လာတောင်းတာဟေ့ …"
"ဟုတ် ဦးလေး …လာပီ "
တံခါး သွားဖွင့်ပေးတဲ့ ရေး ကိုကြည့်ပီး
လူကလေး စိတ်မပါလက်မပါ အိပ်ယာမှထလိုက်သည်။
ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိအောင် ပျော့ဖက်ခွေခေါက်နေတာ နေခင်းကျောင်းကပြန်ရောက်ကတည်းက။
ကျောခိုင်းထွက်သွားတဲ့ အကိုကြီးကိုကြည့်ပီး လစ်ဟာသွားတဲ့ ခံစားချက်ဆိုးဆိုးကြီးက အလုပ်တောင်မသွားနိုင်အောင်ထိ
လူကလေးကို ဖြစ်စေသည်။
ခါတိုင်း တစ်နာရီခြားတခါ တဂွမ်ဂွမ် လာနေတဲ့ ဖုန်းလေးက နာရီပေါင်းအတော်ကြာအောင်ထိ အသံမကြားသေး။
" အော်… လူကလေးရောရှိနေတာပဲ ။ ဦးလေးက အလုပ်သွားတယ်ထင်နေတာ "
အခန်းထဲဝင်လာတဲ့ အဆောင်မှူးက လှမ်းနုတ်ဆက်တာကြောင့် အသက်မပါစွာ ပြန်လည်ပြုံးပြပီး ……
"ဟုတ် … ဒီနေ့ နေ သိပ်မကောင်းလို့ နားလိုက်တာ … ဦးလေး ကျွန်တော်ရောတခါထဲ ပေးလိုက်ရမှာမို့လား …ဘယ်လောက်လဲ မသိဘူးလခက ကျွန်တော်မသိလို့ "
"ရော့ …ဦးလေး ဒီလ …အတွက် "
ရေး လှမ်းပေးတာကို ယူလိုက်ပီးမှ……
" တလ ရှစ်သောင်း လေ …မင်း မသိဘူးလား။ "
ရှစ်သောင်းတောင် ! …
လူကလေးဖျားချင်သွား၏။ ဒီလောက် ပြည့်ပြည့်စုံစုံ သန့် သန့် ရှင်းရှင်းနေရမှတော့
ပေးရမှာပဲဆိုတာ …သူဘာလို့ မေ့နေတာပါလိမ့် ။
မတက်နိုင်ဘူး အိမ်က ယူလာတဲ့ ပိုက်ဆံ သုံးသိန်း က ခုထိ သိပ်အရာမယွင်းသေးတာမို့ အဲ့ထဲကသာ ပေးလိုက်တော့မည်။ လခ ကလဲ ဒီနေ့ အလုပ်မသွားလို့ မရသေး။
ကျောပိုးအိတ်ထဲက အမြဲမဖွင့်ဖြစ်တဲ့ ပိုက်ဆံအိတ်အဟောင်းလေးကို လှမ်းယူလိုက်သည်။ အချိန်တိုင်း လိုလေစိတ်မရှိထားတဲ့အကိုကြီးကြောင့် ကျောင်းတက်နေတာတောင် ပိုက်ဆံမကုန်သေး ။
နေ့ ခင်းစာ က အစ… ညတရေးနိုး
ဆာနေ မှာကြောင့်လို့ အချိန်တိုင်းသူပဲ ပိုက်ဆံထုတ်ဝယ်ပေးတက်လွန်းသူကြောင့် အိမ်က ထွက်လာတာ တလတောင်ပြည့်တော့မည်
busကားခ က လွဲပီးဘာမှမကုန်သေး။
"ရှစ်သောင်းပါ ဦးလေး "
တရိုတသေလှမ်းပေးတော့ ဦးလေးကြီးက မျက်ခုံးပင့်ပီး သဘောတကျရယ်၏။
"ဟားဟား လူကလေးရာ …မင်းအကိုကြီးက
ဘာမှမပြောဘူးလား ။ မင်းဒီမှာ နေဖို့ တနှစ်စာ ပေးသွားပီလေ … "
စကားတောင်ပြန်မပြောနိုင်တော့ပဲ လူကလေး ငြိမ်သက်သွား၏။ အဆောင်မှူးပြန်ထွက်သွားသည်တိုင် လူကလေး မလှုပ်သေး။
" ရေး "
အားကိုးရာမဲ့ စွာ ရေးကိုခေါ်မိလိုက်သည်။
သူ အကိုကြီးကို သတိရတယ်။ ဒီနေ့ တနေ့ လုံး ဖြစ်ကြောင်းကုန်စင်လဲ မပြောရသေးဘူး …အကိုကြီး အသံကိုလဲ ကောင်းကောင်းမကြားရသေးဘူး။
"အင်း ပြော လူလူငါရှိတယ် "
ပုခုံးကို ပုတ်ပီး ရေးပြောလိုက်သည်။ တကယ်ပဲ လူကလေး အခြေနေမကောင်း။
ဘာတွေဖြစ်ခဲ့လဲ မေးလို့ လဲမရသလို ရောက်ကတည်းက အိပ်ယာထဲခွေအိပ်နေ၏။
ငိုတာလဲ မဟုတ်ပဲ မျက်ရည်တွေ ကျနေတာကို သူ့ ကို သူ သိပုံမရပဲ သတိလက်လွတ် ဖြစ်နေသည်။ သနားပေမဲ့
အကြောင်းရင်း မသိရှိပဲ ရေး ကဘာကူညီပေးနိုင်မှာလဲ။
"အကိုကြီးကို သတိရတယ် ဟင့် ……
ငါ့ကို မေးတယ်။ သူ့ ကောင်လေး မလုပ်ချင်ဘူးလားတဲ့ …ငါ ငါ gayမဟုတ်ဘူးလို့ ပြောလိုက်တာ… ငါ့ကို မုန်းသွားပီလား မသိဘူး။ အင့် …ငါ အကိုကြီး မရှိပဲ မနေနိုင်ဘူး။ ဟင့် … ဘာဆက်လုပ်ရမလဲ မသိတော့ဘူး … "
ဝမ်းနည်းပက်လက် ပြောလာတာမို့ ရေး
စိတ်မကောင်းစွာ ဆွဲဖက်ပီး ကျောကို ပုတ်ပေးလိုက်သည်။
" မင်း က ဇ ရဲ့ ကောင်လေး လုပ်နိုင်လို့ လား ။
လုပ်နိုင်တယ် …ပါတ်ဝန်းကျင်ကိုလဲဂရုမစိုက်ဘူး …
တကယ်လဲ မင်း ဇ …ကိုချစ်တယ်ဆိုရင် မင်းဖက်က စပီး ဖုန်းဆက်လိုက်ပေါ့ ……"
"ဟင့်အင် ငါမသိဘူး ။ ငါသိတာ အကိုကြီးကိုတွေ့ ချင်တယ် ဟင့် "
ရှိုက်ကြီးတငင် ငိုယိုပီးပြောလာတာကြောင့် ရေး သက်ပြင်းချလိုက်သည်။ လူလူက သူခံစားချက်ကို ချက်ခြင်း လက်မခံနိုင်သေးတာ ပါ။ မြင်ရ သလောက် ဇ ကတော့ လူလူကို တကယ်ချစ်ပုံပါပဲ။
#####
"ဇ ပြန်ရအောင် "
သက်တန့် အသံက အနည်းငယ်တိုးလျနေပေမဲ့ ဇ ကြားနိုင်သည်။
နေ့ ခင်းကတည်းက barသွားမယ် လိုက်ခဲ့ ဆိုပီး အဖွဲ့ လိုက်ပါသွားတာ…
ညကိုးနာရီထိုးပီးတဲ့ ထိ ဇ နားက နည်းနည်းမှမခွာရသေး။
မူရူးကွဲပြဲနေအောင် အသေ သောက်တဲ့ အပြင် ကလေးဆီ သွားမယ်ဆိုပီး ကားကို
မူးမူးရူးရူးတက်မောင်းတာကိုလဲ တစ်ယောက်မှ မတားရဲကြ။
ဇ ဒေါသကို သူ့ အဖေတောင် မနိုင်တာ သူတို့ က ဘာတားနိုင်မှာလဲ။
ပြသနာမဖြစ်အောင် တားရုံပဲ တားနိုင်မှာပေါ့။
" မပြန်ဘူး …မင်းတို့ ဘာသာပြန်ကျ ဂေ့ "
ရီဝေဝေ မျက်လုံးနဲ့ အသိစိတ်တောင် သိပ်မကပ်တဲ့ကောင်ကို ဘယ်လို ထားခဲ့ရမှာလဲ။ သက်တန့် ဒေဝါ့ ကို လှမ်ကြည့်တော့လဲ ပုခုံးတွန့့်ပြသည်။ ဒေဝါတောင် မထိန်းနိုင်တာ ဝနက ဘာအသုံးဝင်မှာလဲ ။
သုံးယောက်သမားတစ်ယောက် မျက်နှာတစ်ယောက်ကြည့်ကာ စိတ်ပျက်လက်ပျက်သက်ပြင်းချ၏။
" မင်းပဲ မတွေ့ တော့ဘူးဆို "
" ဘယ်တုန်းက ပြောလို့ လဲ …အင့် … ။ သက်တန့် အပိုတွေ ပြော မနေနဲ့ ကလေးကိုခေါ်ပေး …အင့် "
အရက်သမားတို့ ထုံးစံ ဂျွတ်က ထိုးသေးတယ် ရစ်ကရစ်သေးတယ်။ သက်တန့် စိတ်ညစ်နေပီ။
"ခေါ်လို့ မှမရတာ မင်းတို့ ရန်ဖြစ်ထားတယ်ဆို "
"မသိဘူး ကလေးကိုတွေ့ ချင်တယ် …ဖုန်းပေး ဂေ့ … ဒေဝါ ပေးလို့ "
မကျေနပ်သလို မျက်ထောင်နီနဲ့ ရန်လှမ်းလုပ်တာမို့ ဒေဝါ သက်ပြင်းချကာလှမ်းပေးလိုက်သည်။
##########
"မသိလို့ မှမရတာ မင်းသေချာ စဉ်းစား ငိုမနေနဲ့ "
ရေး စိတ်ညစ်နေပီ။ လူကလေးက ငိုပဲငိုနေတာ ချော့လို့ လဲမရ
Ringtone ……
ဖုန်းလာသံကြောင့် လူကလေး ငိုတာချက်ခြင်းတိတ်သွား၏။ ဖက်ထားရာမှဖယ်ခွာပီး
ကုတင်ပေါ်တင် ထားတဲ့ ဖုန်းကို ချက်ခြင်း ပြေးကိုင်တာကိုကြည့်ပီး ရေး ခေါင်းရမ်းလိုက်သည်။ ဒါလား gayမဟုတ်တာ …
ဖုန်း screenပေါ်က အကိုကြီးဆိုတဲ့ နာမည်လေးကို ကြည့်ပီး လူကလေး ငိုသည်။
မုန်းသွားပီထင်နေတာ ။ တသက်လုံး မဆက်သွယ်တော့ဘူး ထင်နေတာ ခုတော့…
" Hello !! "
"ကလေးလေး ကိုယ့်ရဲ့ ကလေးလေး "
မပီမသလေးလေးပင်ပင် အသံကြောင့်
လူကလေး တွေ မျက်ရည်တွေ ပြန်ကျလာပြန်သည်။
အကိုကြီး သောက်ထားတယ်။
သူ့ ကြောင့် အကိုကြီး မူးနေတာ အဲ့ဒါ လူကလေး မကောင်းလို့ …
"ဟင့် "
မသိအောင် ငိုနေသော်လဲ ရှိုက်သံ တစွန်းတစ ကနှုတ်ဖျားက တိုးထွက်သွားသေးသည်။
" ငို နေတာလား… မကြိုက်ဘူး… မင်းငိုတာ မကြိုက်ဘူး … အင့် … တိတ် … ။
မကြားချင်လို့ လား ကိုယ့်အသံကို… ဂေ့ … ခန ……ခနလေး ပါ လွမ်းလို့ မင်းအသံကို မကြားပဲ ကိုယ် မနေနိုင်ဘူး …
ခနလေးပဲ ပြောမယ်နော် …… ကလေးလေး"
"……"
ဘာစကားမှ မပြောမိအောင် ပါးစပ်ကို လက်နဲ့ ပိတ်ပီး လူကလေးကျိတ် ငိုမိသည်။
အကိုကြီးကို သနားလို့ ဘယ်လို လုပ်ရမလဲ။
" မတွေ့ အောင်နေမယ် လို့အင့်…
ပြောထားတာ … ဘယ်လို လုပ်ရမလဲ? မတွေ့ ရပဲ တစ်နာရီတောင် မနေနိုင်ဘူး
အင့် …
ကိုယ့်ကို စိတ်မဆိုးပါနဲ့ ကိုယ်မဆိုးတော့ဘူးလေကွာ ဂေ့ … မဆိုးတော့ဘူး ။
ဂတိပေးမယ်လေ နော် … မင်းပြောတော့
ဘယ်တော့ မှ ထားမသွားဘူးဆို …အင့် မင်းလုံးဝ ဂတိ မတည်ဘူး ။
မင်း အရမ်းရက်စက်တယ် ကလေးလေး… အရမ်းရက်စက်တယ်။
ဆင်းခဲ့အောက်ကို မင်းနဲ့ စကားပြောမှဖြစ်မယ်… ခုဆင်းခဲ့ ။ အေး …မဆင်းလာ
ရင် ငါ့ကိုငါ တခုခုဖြစ်အောင် လုပ်ပစ်မှာနော် ကလေးလေး ။ မင်း ငါ့အကြောင်းကို သိပါတယ် "
" အကိုကြီး ! "
ထိတ်လန့် တကြား လူကလေးအော်တော့ ဖုန်းကျသွားပီ ။ အဆက်မပျက် စီးကျလာသောမျက်ရည်တို့ က လုံဝ မရပ်တန့် တော့။
အကိုကြီးသာ တခုခုဖြစ်သွားရင်……
"ဘယ်လဲ "
ဖုန်းပြောရင်း ဆတ်ကနဲ မတ်တပ်ထ ရပ်လိုက်တာမို့ ရေး …စာကျက်နေရင်း လှမ်းမေးလိုက်သည်။
"အောက်ဆင်းမလို့ ငါ ငါ ခနသွားအုန်းမယ် အကိုကြီးရောက်နေလို့ "
သွေးရူးတန်းရူးပြောပီးပြေးထွက်သွားတာကြောင့် ရေး ပါလန့် သွားသည်။
ဘာဖြစ်ကျတာလဲ ?
ခြံတံခါးကနေ လူကလေး ပြေးထွက်သွားတော့ မလှမ်းမကမ်းမှာ ရပ်ထားတဲ့ အကိုကြီးရဲ့ကားကြောင့် ခြေလှမ်းတို့ က ကားရှိရာပြေးနေစဉ် လက်ဖျားကနေ လှမ်းဆွဲလိုက် တာကြောင့် မော့ကြည့်မိတော့
အကိုကြီး ……
ဆွဲခေါ်သွားတာ ကားနဲ့ မလှမ်းမကမ်း
အနည်းငယ်မှောင်ရိပ်သန်းတဲ့သစ်ပင်အောက် ။ မှောင်မဲနေတာမဟုတ်တာမို့ လမ်းမီးအလင်းရောင်နဲ့ အကိုကြီးကိုတော့ကောင်းကောင်းမြင်နေရသည်။
ဇ ဆွဲထားတဲ့ ကလေး လက်လေးကို
ရင်ဖက်နားရောက်အောင် လက်နှစ်ဖက်နဲ့ ပူးပီးဆုပ်ကိုင်လိုက်သည်။
" အရမ်း မုန်းနေတယ်မို့ လား ။
အချိန်တိုင်း
ရည်းစားတစ်ယောက်လို အဆက်ဆံခံရလို့ ။
အချိန်တိုင်း ကိုယ့်ဖက်က အင့် …
မင်းကို ဖြူဖြူစင်စင် မချစ်ခဲ့လို့ နေရခက်ခဲ့တယ်မို့ လား …"
ကိုယ့်ကိုကိုယ်တောင်မနည်းထိန်းနေရတဲ့ သူက လူကလေးကိုတော့ မေးခွန်းတွေ အများကြီးမေးနိုင်သေးသည်။ ဝမ်းနည်းစိတ်
နဲ့ ငိုချလိုက်ချင်ပေမဲ့ ငိုရင်မကြိုက်တဲ့ အကိုကြီးကြောင့် ခေါင်းသာရမ်းနိုင်သည်။
" မထားခဲ့လို့ မရဘူး လား …အင့်… မင်းမရှိပဲ တကယ်မနေနိုင်ဘူးလို့ ! "
ဆုပ် ကိုင်ထားတဲ့ လက်ကို လွှတ်ချပီး အကျယ်ကြီးအော်လိုက်တာမို့ လူကလေးလန့် ပီး တုန်စက်သွား၏။
"ကျစ် ! sorry ! ဂေ့ "
လန့် သွားမှန်းသိတော့ချက်ခြင်းတောင်းပန်၏။ မူးနေတာတောင် လူကလေးဘာဖြစ်မှန်းချက်ခြင်း သိသည်။
" ပြော ငါ့ကောင်လေး မလုပ်ချင်ဘူးလား
မင်းကို တသက်လုံးချစ်ပေးပါ့မယ်။ ငါ့ကို
ပြန်ချစ်ပေးလို့ မရဘူးလား ဟမ် ! အင့်…မရဘူးလား ။ ဘာလုပ်ပေးမှ ဂေ့ ပြန်ချစ်ပေးမှာလဲ ။ ပြော……ပြောလို့ "
ရီရဲနေတဲ့ မျက်သားတွေနဲ့ အကိုကြီးက
ပုခုံးနှစ်ဖက်ကို အလိုမကျစွာ ကိုင်ဆွဲ
လှုပ်ပီးမေးပြန်၏။
" အေးရတယ် မချစ်နဲ့ မင်းငါ့ကို မလိုအပ်ဘူး မို့ လား ဂေ့ …။
လာတွေ့ ပေးတာ ကျေးဇူးပဲ ကလေးလေး အင့်… မင်းဖက်က မချစ်နိုင်မှတော့ အသက်ရှင်လဲ အပိုပဲ ဂေ့ …သွားတော့မယ် "
ပုခုံးပေါ်က လက်အစုံသည် ပြုတ်ကျသွားပီး အကိုကြီးက နောက်တကြိမ် လူကလေး ကို ကျောခိုင်းဖို့ ပြင်နေတာမို့ လူကလေး ခါးကနေဆွဲဖက်လိုက်သည်။ နည်းနည်းလေးတောင်အကိုကြီးနဲ့ မဝေးချင်တော့သည်မို့ …
"အကိုကြီးကောင်လေး လုပ်ပေးပါ့မယ်။
မ ထားခဲ့ပါနဲ့ ။
ထားခဲ့ရင်… ဟင့် …အကိုကြီးကိုသတ်မှာနော်။
အကိုကြီးပြောတော့ ဆိုးလဲ အလိုလိုက်မယ်ဆို ဟင့် …
အကိုကြီး အလိုလဲ မလိုက်ဘူး။
ကျွန်တော် တစ်ယောက်ထဲ အကိုကြီး မရှိပဲ ဘယ်လို နေရမှာလဲ ။ အကိုကြီး သေသွားရင် ကျွန်တော်ပါ လိုက်သေမှာ…ဟင့် ။
အကိုကြီးက ဂတိမတည်သလို ရက်လဲရက်စက်တယ်။ အချိန်တိုင်း အကိုကြီး စိတ်တိုင်းကျလုပ်တယ်။ ပြသနာကို အကိုကြီး မဖြေရှင်းပေးဘူး။ အလွယ်တကူ
ဟင့် …ထားခဲ့ဖို့ ကြံတယ်။ ကျွန်တော် ကို ချစ်တယ်မပြောပဲ ချစ်လားပဲ မေးတဲ့ အကိုကြီးကို ကျွန်တော်စိတ်ဆိုးတယ် ဟီးအီးအီး အရမ်းစိတ်ဆိုးတယ် ။ "
ခါးကို ကျစ်ကျစ်ပါအောင် ဖက်ကာ
ကျောမှာ မျက်နှာအပ်ပီး ငိုပြောနေတဲ့ ကလေးလေး ကြောင့် ဇ ပါမျက်ရည်ဝိုင်းလာ၏။ သူတကယ် ကလေးလေးကို ချစ်ခဲ့တာပါ ။
"မင်းကို ကိုယ့်အသက်လောက်ချစ်တယ် "
ခါးကဖက်ထားတဲ့ လက်ကို ဆွဲဖြည်ကာ
ကလေးဖက် ကို ဇ လှည့်လိုက်သည်။
မျက်နှာလေးကို လက်နှစ်ဖက်ကြားညှပ်ကာ နစ်နစ်နဲနဲ စိုက်ကြည့်ကာ လေးလေးနက်နက်ထပ်ပြောလိုက်သည်။
"မင်းကို ရူးလောက်အောင်ချစ်တယ် …
ကိုယ့်ကိုရော ချစ်လား "
နားထဲကနေ နှလုံးသားထဲကို ဖြေးညှင်းစွာ
တိုးဝင်လာတဲ့ စကားလေးကို မြတ်နိုးစွာနားထောင်ရင်းလူကလေး မျက်နှာပေါ်က လက်ကိုထပ်ဆုပ်ကိုင်လိုက်သည်။ ပီးမှ……
"ကျွန်တော်လဲ အကိုကြီးကို သိပ်ချစ်ပါတယ်"
ချစ်တဲ့ အိမ်စည်။
(ကိုယ်တွေနယ်ဖက်က အန္တရာယ်ကင်းပေမဲ့ မြို့ က လူတွေတော့ စိတ်ပူတယ်။ ဂရုစိုက်ကြပါ ။ မအိမ်စည်တို့ အကုန် တနေရာစီရှိနေပေမဲ့ နှလုံးသားကတခုထဲပါပဲ။ )
Bạn đang đọc truyện trên: ZingTruyen.Xyz