ZingTruyen.Xyz

ဇ ( Completed)

16

eainsi23

" အကိုႀကီး ဘာလုပ္ေနတာလဲ "

အညိဳေရာင္ဝက္ဝံရုပ္ႀကီး ကို တင္းတင္းဖက္ပီး လူကေလး ေမးလိုက္သည္။ ဖုန္းထဲကေန ႀကားေနရတဲ့ လွဳပ္ရွားသံသဲ့သဲ့ ကို
လိုက္နားေထာင္ပီး အကိုႀကီးဘာေတြ
လုပ္ေနမလဲ …ခန္ ့မွန္းေနရတာ ပိုပီးေပ်ာ္စရာေကာင္းသည္။
ည တိုင္းမပ်က္မကြက္ ဖုန္းေျပာတာထံုးစံလို ျဖစ္ေနတာမို ့ အခုလဲ အလုပ္က ျပန္လာပီး  ေရမိုးခ်ိဳးစာက်က္ပီးမွ အကိုႀကီးနဲ ့ဖုန္းေျပာဖို ့ လူကေလးဖက္ကသာ စေခၚလိုက္ျခင္းျဖစ္၏။

" အင္း စာက်က္ေနတာ "

"ခုထိလား "

စားပြဲက တင္ထားတဲ့ နာရီအေသးေလးကို လွမ္းႀကည့္လိုက္ေတာ့ ညဆယ့္တစ္နာရီ ။

"အင္း ဟုတ္တယ္ ။ "

"မိုးခ်ဳပ္ေနပီေလ "

လူကေလးအသံက မႀကည္မသာ ။

"စာေမးပြဲေအာင္မွ ဘြဲ ့ျမန္ျမန္ရေပါ့ ။ "

"ဘြဲ ့အျမန္ရခ်င္ေနရေအာင္ အကိုႀကီးက
ဘာလုပ္စရာရွိလို ့လဲ "

"……"

တိတ္ဆိတ္သြားေပမဲ့ စာအုပ္လွန္သံ တရႊတ္ရႊတ္နဲ ့ ေရြ ့လ်ားသြားတဲ့ အသံတခ်ိဳ ့ကိုႀကားလိုက္ရသည္။ တဆက္ထဲ လမ္းေလ်ွာက္သြားသံ သဲ့သဲ့ ကိုႀကားရပီးေနာက္မွာ

"အလုပ္လုပ္မလို ့ ။ ဘာလို ့လုပ္ခ်င္တာလဲဆိုေတာ့  မင္းလို ခ်င္တာ ျဖည့္စီးေပးခ်င္လို ့ "

ဝက္ဝံရုပ္ရဲ့ ရင္ဖက္က အသဲပံု စာတန္းေလးကို လက္ညိဳးေလးနဲ ့ပြတ္ေဆာ့ရင္း
လူကေလး ေက်နပ္စြာရွက္ျပံဳးေလးျပံဳးလိုက္သည္။ ခုတေလာ အကိုႀကီး ခုလိုေတြ ေျပာရင္ လူကေလး သေဘာက်ေနတက္တာက ကိုယ့္ကိုကိုယ္ လိမ္လို ့မရေအာင္ေသခ်ာေနသည္ ။

"ဘာလို ့တိတ္သြားတာလဲ?  "

လွဳပ္ရွားသံက ပိုပီပီသသ ႀကားလိုက္ရတာမို ့

"ဘာေတြ လုပ္ေနျပန္တာလဲ တလွဳပ္လွဳပ္နဲ  ့အသံေတြႀကားေနရတယ္ "

"ဘာမွ မလုပ္ဘူး  ။ မင္းနဲ ့ေအးေအးေဆးေဆး စကားေျပာခ်င္လို ့ အိပ္ယာထဲ
သြားမလို ့"

" ေအာ္ "

" ေက်ာင္းပီးရင္ ဘာလုပ္မွာလဲ "

"ေက်ာင္းပီးရင္  ပိုက္ဆံရွာမယ္။ အကိုႀကီးနဲ ့ခရီးေတြ ထြက္မယ္ "

" ဘယ္အခ်ိန္ထိ အနားနားမွာေနမွာလဲ "

"အကိုႀကီး ခုလိုေလး က်ြန္ေတာ့္ကို အလိုလိုက္သေရြ ့ေပါ့ "

"ေအာ္… ဒါဆို အလိုမလိုက္ရင္ မေနဘူးေပါ့"

မေက်နပ္လာသလို  မာဆတ္ဆတ္ ေျပာလာ၏။
ဒါကို လူကေလး က ေက်နပ္သြားတာမို ့
ရႊင္ျမဴးျမဴးေလးရယ္ေမာလိုက္သည္။ အကိုႀကီးက စိတ္ဆိုးရင္ ခ်စ္ဖို ့ေကာင္းတယ္။
တခုပဲ ေဒါသထြက္ရင္ ေတာ့ ေႀကာက္စရာႀကီး။

"ဟင္ လို  ့!  ေမးတာေျဖ "

ေဒါသ  အရွိန္ျမင့္ခ်င္လာသည္မို ့

"စတာ ကို  "

"မ  စနဲ ့ "

"ဒါဆို အကိုႀကီးက အျမဲ အလိုလိုက္ေပါ့ "

"အင္း အလိုလိုက္မယ္ ။ မင္းသာ အနားနားမွာ အျမဲေန ။ မဟုတ္ရင္ ငါ့ေဒါသအေႀကာင္းမင္းသိပါတယ္။ မင္းေက်နပ္ေအာင္ထားမွာ  ေအး  ဒါေပမဲ့
ဘယ္လိုအေႀကာင္းျပခ်က္ရွိရွိ  ငါ့ကိုထားသြားလို ့မရဘူး။ ထားသြားခဲ့ရင္ ေတာ့
မင္း ကိုငါ သတ္မွာ "

ႀကိမ္းေမာင္းေနတဲ့ ေအးစက္စက္ ေဒါသသံကိုနားေထာင္ရင္း လူကေလး ျပံဳးမိလိုက္သည္။ ဒီအကိုႀကီးကို ပိုပို သေဘာက်မိလာတာ မို ့ ဘာေျပာေျပာ မေႀကာက္တဲ့ အျပင္ ေက်နပ္ေနေသး၏။
အကိုႀကီးနားမွာေနရတာက
သက္ေသာင့္သက္သာ ရွိပီး စိတ္ခ်မ္းေမြ ့ဖြယ္ေကာင္းလြန္းေနတာ ကို လူကေလး ဘယ္ထြက္သြားရမွာလဲ။ ျဖစ္နိုင္ရင္ အကိုႀကီးကို မိန္းမ မယူေစခ်င္ဘူး။ တသက္လံုးလူပ်ိဳႀကီး လုပ္ပီး လူကေလးနားမွာပဲေခၚထားခ်င္တာ အျဖစ္ခ်င္ဆံုး ဆႏၵပဲ။

#######

" လူလူ  ! "

ေက်ာင္းသြားဖို ့ျပင္ဆင္ေနတဲ့ လူကေလးကို ကုတင္ေပၚကေနထိုင္ႀကည့္ရင္း
ဇ  ဆိုတာ လူလူ ့ အကိုႀကီးမွန္းသိေအာင္ ေျပာဖို ့ လွမ္းေခၚလိုက္သည္။ ခုလဲ
ေက်ာင္းpage မွာေရာ  ဇ   fanclub မွာ ေရာ
လူလူနဲ ့ ဇ  ပုံေတြႀကီးပဲ တက္ေန တာလဲ လူလူက သိပံု မရ။

" ဘာလဲ ေရး "

ေက်ာပိုးအိတ္ေလးကို လြယ္ရင္း လွည့္ႀကည့္လာသည္မို ့

"ဟို ဇ က "

ringtone …

" ခနေလးေနာ္ ေရး… အကိုႀကီးဆီက "

စကားစ  ပ်က္သြားတာမို ့ ေရးစိတ္ညစ္သြားသည္။ အဲ့ဒီအကိုႀကီးအေႀကာင္းေျပာမလို ့ပါဆိုမွ …

" ေက်ာင္းအတူသြားဖို ့ဝင္ေခၚတာတဲ့ ေအာက္မွာေရာက္ေနပီ သြားရေအာင္ ။ ဒီေန ့
busစီးစရာမလိုေတာ့ဘူး ဟီး "

ေရွ ့ကေန မေျပးရုံတမယ္ ေလ်ွာက္ေနတာမို ့  ဇ  ကလူလူအေပၚ ဘယ္အတိုင္းတာထိ လႊမ္းမိုးထားသည္မွန္း ေရး
ရိပ္မိလိုက္သည္။ သူ ့ဘာသာ  မႀကာခင္
သိသြားမွာမို ့ ေရး  အေနနဲ ့ပါးစပ္ပိတ္ထားလိုက္တာအေကာင္းဆံုးျဖစ္လိမ့္မည္။

"အကိုႀကီး "

ေရာက္ေလရာအရပ္ ကေန အေျပးေလးလာတက္တဲ့ အက်င့္ေလးက ဘယ္ေလာက္ဆူဆူမေျပာင္းလဲ။

ေမာ့ ပီးျပံဳးျပနုတ္ဆက္ေနတဲ့ မ်က္နွာေလးကို ငံု ့ႀကည့္ပီး  ပါးေဖာင္းေလးကို ဇ
ဖ်စ္ညစ္လိုက္သည္။

တကယ္ေတာ့ ကေလးေလးက လူေလးကလဲေသးသလို မ်က္နွာကလဲ ဝိုင္းဝိုင္းေသးေသးေလး။  ပါးေဖာင္းေလးသည္ အခ်ိန္တိုင္းေပၚေနတာ မဟုတ္ပဲ မ်က္နွာဝိုင္းေလးမို ့
ရယ္လိုက္မွ  အနည္းငယ္ ထြက္လာတက္
သည္ပင္။

" နာတယ္ "

ပါးကို အူယားစိတ္နဲ ့ နည္းနည္းပိုဖိညစ္လိုက္ေတာ့ အသံေသးေသးေလးထြက္လာ၏။

"Sorry !  မင္းခ်စ္စရာေကာင္းေနလို ့"

ဖ်တ္ကနဲ ပန္းေရာင္ေျပးသြားတဲ့ ပါးျပင္ေလးကို ဇ… မမွိတ္မသုန္ ႀကည့္ပီး   နွုတ္ခမ္းေတြ တြန္ ့ေကြးကုန္ေအာင္ထိ ျပံဳးမိသည္။
ကေလးေလးက ဇ ရဲ ့ရယ္ေမာျခင္းေလး။

တေလာကလံုးေမ့ပီး တေယာက္မ်က္နွာတစ္ေယာက္ႀကည့္ေနတာမို ့  ေရး ကားထဲပဲ ဝင္ထိုင္ရမွာလား သူ ့တို ့ကိုပဲ
ဆက္ႀကည့္ေနရမွာလား မသဲကြဲေတာ့ ။

"အဟမ္း ! ဟို ေက်ာင္းေနာက္က်ေတာ့မယ္။ "

ေခ်ာင္းဟန္ ့သံႀကားမွ လူလူက ရွက္ကိုးရွက္ကန္းျဖစ္သြားပီး  ဇ …ကေတာ့ သူ ့ပံုစံအတိုင္း ေအးတိေအးစက္။

"Sorry ! တက္ေလ  ။  လာ…ကေလး
ဒီမွာတက္ "

ေရး ကို ကားေနာက္ခန္းကို ေမးေငါ့ျပပီး
လူလူ ကိုေတာ့ ကားေရွ ့ခန္းတံခါးကို ကိုယ္တိုင္ဖြင့္ေပးေနသည္မို ့  ေရး မ်က္နွာငယ္သြား၏။ 

သူ မ်ားအတြဲေတြႀကား ေနရတာ စိတ္အားငယ္လိုက္တာ မျဖစ္ေတာ့ဘူး မိုးေဒဝါႀကီးကို ျမန္ျမန္ရည္းစားစကားေျပာမွ ။

တဖက္တြင္လဲ ကားေမာင္းေနတဲ့ မိုးေဒဝါ
တစ္ေယာက္  အေအးလဲ မပက္ပဲ နွာေခ်ေန၏။

"ဟက္ခ်ိဳး ! ဟက္ခ်ိဳး  !"

#######

"  ဒီမွာ …နင္က  ဇ ရည္းစားလား "

ဆရာ စာသင္ပီးလို ့ ထြက္သြားတာမို ့
လူကေလး စာအုပ္ေတြ သိမ္းေနရာမွ
ေနာက္ကေန   လက္တို ့ ပီးေမးလာတဲ့
ေကာင္မေလးေႀကာင့္  လူကေလးေႀကာင္သြား၏။

ဇ ရည္းစား!

"ဘာေတြလာေမးေနတာလဲ "

ေရးက မေနနိုင္ေတာ့ ဝင္ေျပာလိုက္သည္။လူလူမွ ဇ ကို မသိတာ။

" ဘာေတြေမးရမွာလဲ… ငါေမးတာရွင္းရွင္းေလး  ဇ  …ရည္းစား လူကေလး…
ဆိုတာ နင္လား"

တဖက္မိန္းကေလးက ရဲရဲတင္းတင္း လက္ညိဳးထိုးပီးေဒါသတႀကီး ေမးလာေတာ့
လူကေလး လန္ ့သြား၏။

ေတာ္ေတာ္မ်ားမ်ား လွည့္ႀကည့္လာတာမို ့  လူကေလးရွက္လာသည္။ အေရးအေႀကာင္းဆိုရင္ ဘာစကားမွ ေျပာမထြက္ လာတဲ့ ပါးစပ္ကိုလဲ ပိတ္ရုိက္ခ်င္ေနပီ။ 

"ဟုတ္တယ္ ဆိုရင္ေရာ မင္းက ဘာလုပ္မလို ့လဲ။  "

"အကိုႀကီး "

တိုးတိုးနွဳတ္က ထြက္သြားတဲ့ စကားလံုးက အကိုႀကီးတဲ့ ။ တည္တင္းေအးစက္ေနတဲ့ မ်က္နွာက ဘယ္သူ ့ကို မွမႀကည့္ေတာ့  ။
ေစာေစာက ေဒါသတႀကီး လာေအာ္ေနတဲ့ ေကာင္မေလးက အကိုႀကီးရဲ ့အႀကည့္ေတြေအာက္မွာ  မ်က္စိမ်က္နွာ ပ်က္လို ့။

" ဟုတ္လို ့မရဘူး။ သမီး  ဇ  ကို ႀကိဳက္တယ္။  ႀကိဳက္လြန္းလို ့ ဘယ္သူ ့ကိုမွ မေပးနိုင္ဘူး။ "

ေသြးရူးတန္းရူးနဲ ့  ကေလးကို လက္ညိဳးထိုးျပပီး တားေနတဲ့ မိန္းကေလးကိုႀကည့္ပီး
ဇ … မဲ့လိုက္သည္။

သိပ္စိတ္ပ်က္ ဖို ့တဲ့ မိန္းကေလး။

ကန္တင္းသြားဖို ့လာေခၚ ရာကေန ေတြ ့လိုက္ရတဲ့ ျမင္ကြင္းေႀကာင့္ ေဒါသက ေထာင္းကနဲ ။

" ေပါေတာေတာေတြ လာလုပ္မေနနဲ ့။
စိတ္ကူးထဲကို မရွိတာ။ ေနာက္ကို လူကေလးကို လာမထိနဲ ့ ။ မင္း မိန္းကေလးမို ့ဒီတခါခြင့္လႊတ္လိုက္မယ္။
သတိေပးထားရက္နဲ ့ ထပ္ပီး လာေနွာက္ယွက္ရင္ မင္းေသမယ္။  
အတန္းထဲက လူေတြပါ တခါထဲ မွတ္ထား
လူကေလး ကို ထိရင္ ငါ့ကို ထိတာနဲ ့အတူတူပဲ   ။
ထ …ကေလး ထမင္းသြားစားမယ္ ။ "

အကုန္လံုးကို ေဒါသတႀကီး လွည့္က်ိမ္းေမာင္းကာ လက္ေမာင္းကိုလာဆြဲထူပီး
ထ…ခိုင္းေနတာေႀကာင့္  လူကေလး ေက်ာပိုးအိတ္ေလးကိုေတာင္ မသယ္နိုင္…
ေႀကာက္အားလန္ ့အား ပါသြား၏။ 

အကိုႀကီး ခုလို အႀကမ္းအတမ္းေတြ လုပ္ရင္ လူကေလးေႀကာက္သည္။ 

အခ်ိန္တိုင္းေႀကာက္ရြံ ့ခဲ့ရတဲ့ ဇ  ဆိုတာအကိုႀကီးလား။  ဘယ္ဆီကို ေခၚသြားမွန္းလဲ မသိ  ။ ဆြဲေခၚရက္အတိုင္း အသိစိတ္မဲ့ေနသလို  လူကေလးပါသြား၏။ အျဖစ္အပ်က္ေတြကို နားမလည္သလို လက္လဲမခံနိုင္ေသး ။ လူကေလးက  အကိုႀကီးေကာင္ေလးမွမဟုတ္တာ။ အကိုႀကီး ကို ဒီတိုင္းရုိးရုိးပဲ ခင္တာပါ ။ ဘာေႀကာင့္ လူေတြ ေရွ ့မွာ
ဟုတ္တယ္လို ့  ေျပာခဲ့ရတာလဲ။

"ကေလး "

လူသူရွင္းလင္းတဲ့  သစ္ပင္ ေအာက္မွာ
နွစ္ေယာက္သားရပ္မိႀကေတာ့ အကိုႀကီးက လူကေလး လက္ဖ်ားေလးကို ေျပာင္းကိုင္ပီး နုနုညံ့ညံ့ေခၚ၏။

"လႊတ္   မထိနဲ ့"

ဆြဲထားတဲ့လက္ဖ်ားကို  လူကေလး
ေႀကာက္အား လန္ ့အား ရုန္းထြက္ပစ္လိုက္ေတာ့ ……

"ဘာျဖစ္လို ့လဲ ? ကိုယ္ေဒါသ ထြက္လို ့
စိတ္ဆိုးေနတာလား ။ဟုတ္သားပဲ ကတိေပးထားတာကို ေဒါသထြက္မိသြားတယ္။
ေမ့သြားတာမဟုတ္ပါဘူး …စိတ္မဆိုးေတာ့နဲ ့ေနာ္ …တကယ္ေနာက္ကို စိတ္ကိုထိန္းပါ့မယ္ "

ေျပလည္ရာ ေျပလည္ေႀကာင္း ဇ  ျပံဳးပီးေခ်ာ့ေမာ့ လိုက္မိေတာ့လဲ ေမာ့ႀကည့္မလာ။
ငံု ့ထားတဲ့ မ်က္နွာေလး ကို ေမးဖ်ားကေန
ပင့္ေမာ့လိုက္မိေတာ့ 

"ကေလးေလး  ! "

ကိုင္ထားတဲ့ ေမးဖ်ားကို ဇ အလန္ ့တႀကားလႊတ္ခ်လိုက္မိသည္။ တလိမ့္လိမ့္က်ေနတဲ့ မ်က္ရည္ေတြကို
ဇ  တကယ္  မျမင္ရက္ဘူး။

"မငိုနဲ ့  အဲ့မ်က္ရည္ေတြကို ကိုယ္မႀကိဳက္ဘူး။ ဘာလို ့ငိုတာလဲ ကိုယ့္ကိုေျပာ"

ကေလးမ်က္နွာေလးကို ေတာင္ ဇ မႀကည့္ရဲဘူး ။ အနည္းငယ္လႊဲဖယ္ပီး ဇ ေမးလိုက္သည္။ ပိုခ်စ္ရတဲ့ သူက ပိုရင္နာရတယ္ဆိုတာ သိပ္မွန္တယ္။

"ဟင့္ …က်ြန္  က်ြန္ေတာ္  အကိုႀကီးေကာင္ေလး မဟုတ္ဘူး …ဘာလို ့ လူေတြ ေရွ ့မွာ ဟုတ္တယ္လို ့ အင့္ ေျပာလိုက္တာလဲ။ က်ြန္ေတာ္  gay မဟုတ္ဘူး အီးဟီးဟီး မဟုတ္ဘူးလို ့ "

စူးေအာင့္လာတဲ့ ရင္ဖက္ကို ကိုင္ပီး
ဇ  ေျခေထာက္ေတြေတာင္ ယိုင္က်သြားတာမို ့မနည္းထိန္းလိုက္ရသည္။ ကေလး
ဘယ္လိုေျပာလိုက္တာလဲ ။

" မင္းပဲ ငါ့ကို သေဘာက်တယ္ဆို "

" ဟင့္ "

တသိမ့္သိမ့္တုန္ေအာင္  ငိုေနတဲ့ ကေလးကို ႀကည့္ပီး ဇ ေမးလိုက္ေတာ့ ျပန္မေျဖလာ။

" ငါ့ေကာင္ေလး တကယ္မျဖစ္ခ်င္ဘူးေပါ့"

"……"

" ဟား…
ငါရူးပီးထင္ခ်င္ရာထင္လိုက္တာပဲ  …

ေတာင္းပန္ပါတယ္ …

ငါအမွတ္မွား သြားတယ္……

ဒါ …ဒါေပမဲ့ 

ငါမင္းကို ေသေလာက္ေအာင္ ကို သေဘာက်ခဲ့တာပါ။

ငါလဲ gay မ …မ ဟုတ္ပါဘူးကြာ ။

မင္းမႀကိဳက္ရင္…  အင္းး … ေသခ်ာေပါက္  လာမရွာမိေအာင္ေနပါ့မယ္  "

ကေမွာက္ကမ  စကားေတြကို ဇ မနည္းအားတင္းေျပာပီး ကေလးေလးကိုေက်ာခိုင္းလိုက္တယ္။ မ်က္ရည္ပူေတြ ပါးေပၚမွာတလိမ့္လိမ့္စီးက်လာတာကုိလဲ  မသုတ္နိုင္ဘူး ေအာင့္မ်က္လာတဲ့ရင္ထဲက နာက်င္မူ ့ကိုသာ ခံစားေနရပီး ျဖစ္နိုင္ရင္ ကေလးဆီကိုသာေျပးဖက္ပီး ငါ့ေကာင္ေလးပဲလုပ္ရမယ္လို ့သာ ေျပာခ်င္သည္။ တနာရီႀကာေအာင္ေတာင္ မခြဲနိုင္တာ  ဘယ္္လို လုပ္ မင္းမ်က္နွာေလးကို မျမင္ရပဲေနနိုင္မွာလဲ။

အလကား အရူးေလး  ခ်စ္မွန္းသိေတာ့ သိပ္ဆိုးလြန္းတယ္။

ခ်စ္တဲ့ အိမ္စည္။

" အကိုကြီး ဘာလုပ်နေတာလဲ "

အညိုရောင်ဝက်ဝံရုပ်ကြီး ကို တင်းတင်းဖက်ပီး လူကလေး မေးလိုက်သည်။ ဖုန်းထဲကနေ ကြားနေရတဲ့ လှုပ်ရှားသံသဲ့သဲ့ ကို
လိုက်နားထောင်ပီး အကိုကြီးဘာတွေ
လုပ်နေမလဲ …ခန့် မှန်းနေရတာ ပိုပီးပျော်စရာကောင်းသည်။
ည တိုင်းမပျက်မကွက် ဖုန်းပြောတာထုံးစံလို ဖြစ်နေတာမို့  အခုလဲ အလုပ်က ပြန်လာပီး  ရေမိုးချိုးစာကျက်ပီးမှ အကိုကြီးနဲ့ ဖုန်းပြောဖို့  လူကလေးဖက်ကသာ စခေါ်လိုက်ခြင်းဖြစ်၏။

" အင်း စာကျက်နေတာ "

"ခုထိလား "

စားပွဲက တင်ထားတဲ့ နာရီအသေးလေးကို လှမ်းကြည့်လိုက်တော့ ညဆယ့်တစ်နာရီ ။

"အင်း ဟုတ်တယ် ။ "

"မိုးချုပ်နေပီလေ "

လူကလေးအသံက မကြည်မသာ ။

"စာမေးပွဲအောင်မှ ဘွဲ့ မြန်မြန်ရပေါ့ ။ "

"ဘွဲ့ အမြန်ရချင်နေရအောင် အကိုကြီးက
ဘာလုပ်စရာရှိလို့ လဲ "

"……"

တိတ်ဆိတ်သွားပေမဲ့ စာအုပ်လှန်သံ တရွှတ်ရွှတ်နဲ့  ရွေ့ လျားသွားတဲ့ အသံတချို့ ကိုကြားလိုက်ရသည်။ တဆက်ထဲ လမ်းလျှောက်သွားသံ သဲ့သဲ့ ကိုကြားရပီးနောက်မှာ

"အလုပ်လုပ်မလို့  ။ ဘာလို့ လုပ်ချင်တာလဲဆိုတော့  မင်းလို ချင်တာ ဖြည့်စီးပေးချင်လို့  "

ဝက်ဝံရုပ်ရဲ့ ရင်ဖက်က အသဲပုံ စာတန်းလေးကို လက်ညိုးလေးနဲ့ ပွတ်ဆော့ရင်း
လူကလေး ကျေနပ်စွာရှက်ပြုံးလေးပြုံးလိုက်သည်။ ခုတလော အကိုကြီး ခုလိုတွေ ပြောရင် လူကလေး သဘောကျနေတက်တာက ကိုယ့်ကိုကိုယ် လိမ်လို့ မရအောင်သေချာနေသည် ။

"ဘာလို့ တိတ်သွားတာလဲ?  "

လှုပ်ရှားသံက ပိုပီပီသသ ကြားလိုက်ရတာမို့ 

"ဘာတွေ လုပ်နေပြန်တာလဲ တလှုပ်လှုပ်နဲ့အသံတွေကြားနေရတယ် "

"ဘာမှ မလုပ်ဘူး  ။ မင်းနဲ့ အေးအေးဆေးဆေး စကားပြောချင်လို့  အိပ်ယာထဲ
သွားမလို့ "

" အော် "

" ကျောင်းပီးရင် ဘာလုပ်မှာလဲ "

"ကျောင်းပီးရင်  ပိုက်ဆံရှာမယ်။ အကိုကြီးနဲ့ ခရီးတွေ ထွက်မယ် "

" ဘယ်အချိန်ထိ အနားနားမှာနေမှာလဲ "

"အကိုကြီး ခုလိုလေး ကျွန်တော့်ကို အလိုလိုက်သရွေ့ ပေါ့ "

"အော်… ဒါဆို အလိုမလိုက်ရင် မနေဘူးပေါ့"

မကျေနပ်လာသလို  မာဆတ်ဆတ် ပြောလာ၏။
ဒါကို လူကလေး က ကျေနပ်သွားတာမို့
ရွှင်မြူးမြူးလေးရယ်မောလိုက်သည်။ အကိုကြီးက စိတ်ဆိုးရင် ချစ်ဖို့ ကောင်းတယ်။
တခုပဲ ဒေါသထွက်ရင် တော့ ကြောက်စရာကြီး။

"ဟင် လို့!  မေးတာဖြေ "

ဒေါသ  အရှိန်မြင့်ချင်လာသည်မို့

"စတာ ကို  "

"မ  စနဲ့  "

"ဒါဆို အကိုကြီးက အမြဲ အလိုလိုက်ပေါ့ "

"အင်း အလိုလိုက်မယ် ။ မင်းသာ အနားနားမှာ အမြဲနေ ။ မဟုတ်ရင် ငါ့ဒေါသအကြောင်းမင်းသိပါတယ်။ မင်းကျေနပ်အောင်ထားမှာ  အေး  ဒါပေမဲ့
ဘယ်လိုအကြောင်းပြချက်ရှိရှိ  ငါ့ကိုထားသွားလို့ မရဘူး။ ထားသွားခဲ့ရင် တော့
မင်း ကိုငါ သတ်မှာ "

ကြိမ်းမောင်းနေတဲ့ အေးစက်စက် ဒေါသသံကိုနားထောင်ရင်း လူကလေး ပြုံးမိလိုက်သည်။ ဒီအကိုကြီးကို ပိုပို သဘောကျမိလာတာ မို့  ဘာပြောပြော မကြောက်တဲ့ အပြင် ကျေနပ်နေသေး၏။
အကိုကြီးနားမှာနေရတာက
သက်သောင့်သက်သာ ရှိပီး စိတ်ချမ်းမွေ့ ဖွယ်ကောင်းလွန်းနေတာ ကို လူကလေး ဘယ်ထွက်သွားရမှာလဲ။ ဖြစ်နိုင်ရင် အကိုကြီးကို မိန်းမ မယူစေချင်ဘူး။ တသက်လုံးလူပျိုကြီး လုပ်ပီး လူကလေးနားမှာပဲခေါ်ထားချင်တာ အဖြစ်ချင်ဆုံး ဆန္ဒပဲ။

#######

" လူလူ  ! "

ကျောင်းသွားဖို့ ပြင်ဆင်နေတဲ့ လူကလေးကို ကုတင်ပေါ်ကနေထိုင်ကြည့်ရင်း
ဇ  ဆိုတာ လူလူ့  အကိုကြီးမှန်းသိအောင် ပြောဖို့  လှမ်းခေါ်လိုက်သည်။ ခုလဲ
ကျောင်းpage မှာရော  ဇ   fanclub မှာ ရော
လူလူနဲ့  ဇ  ပုံတွေကြီးပဲ တက်နေ တာလဲ လူလူက သိပုံ မရ။

" ဘာလဲ ရေး "

ကျောပိုးအိတ်လေးကို လွယ်ရင်း လှည့်ကြည့်လာသည်မို့

"ဟို ဇ က "

ringtone …

" ခနလေးနော် ရေး… အကိုကြီးဆီက "

စကားစ  ပျက်သွားတာမို့  ရေးစိတ်ညစ်သွားသည်။ အဲ့ဒီအကိုကြီးအကြောင်းပြောမလို့ ပါဆိုမှ …

" ကျောင်းအတူသွားဖို့ ဝင်ခေါ်တာတဲ့ အောက်မှာရောက်နေပီ သွားရအောင် ။ ဒီနေ့
busစီးစရာမလိုတော့ဘူး ဟီး "

ရှေ့ ကနေ မပြေးရုံတမယ် လျှောက်နေတာမို့   ဇ  ကလူလူအပေါ် ဘယ်အတိုင်းတာထိ လွှမ်းမိုးထားသည်မှန်း ရေး
ရိပ်မိလိုက်သည်။ သူ့ ဘာသာ  မကြာခင်
သိသွားမှာမို့  ရေး  အနေနဲ့ ပါးစပ်ပိတ်ထားလိုက်တာအကောင်းဆုံးဖြစ်လိမ့်မည်။

"အကိုကြီး "

ရောက်လေရာအရပ် ကနေ အပြေးလေးလာတက်တဲ့ အကျင့်လေးက ဘယ်လောက်ဆူဆူမပြောင်းလဲ။

မော့ ပီးပြုံးပြနုတ်ဆက်နေတဲ့ မျက်နှာလေးကို ငုံ့ ကြည့်ပီး  ပါးဖောင်းလေးကို ဇ
ဖျစ်ညစ်လိုက်သည်။

တကယ်တော့ ကလေးလေးက လူလေးကလဲသေးသလို မျက်နှာကလဲ ဝိုင်းဝိုင်းသေးသေးလေး။  ပါးဖောင်းလေးသည် အချိန်တိုင်းပေါ်နေတာ မဟုတ်ပဲ မျက်နှာဝိုင်းလေးမို့
ရယ်လိုက်မှ  အနည်းငယ် ထွက်လာတက်
သည်ပင်။

" နာတယ် "

ပါးကို အူယားစိတ်နဲ့  နည်းနည်းပိုဖိညစ်လိုက်တော့ အသံသေးသေးလေးထွက်လာ၏။

"Sorry !  မင်းချစ်စရာကောင်းနေလို့ "

ဖျတ်ကနဲ ပန်းရောင်ပြေးသွားတဲ့ ပါးပြင်လေးကို ဇ… မမှိတ်မသုန် ကြည့်ပီး   နှုတ်ခမ်းတွေ တွန့် ကွေးကုန်အောင်ထိ ပြုံးမိသည်။
ကလေးလေးက ဇ ရဲ့ ရယ်မောခြင်းလေး။

တလောကလုံးမေ့ပီး တယောက်မျက်နှာတစ်ယောက်ကြည့်နေတာမို့   ရေး ကားထဲပဲ ဝင်ထိုင်ရမှာလား သူ့ တို့ ကိုပဲ
ဆက်ကြည့်နေရမှာလား မသဲကွဲတော့ ။

"အဟမ်း ! ဟို ကျောင်းနောက်ကျတော့မယ်။ "

ချောင်းဟန့် သံကြားမှ လူလူက ရှက်ကိုးရှက်ကန်းဖြစ်သွားပီး  ဇ …ကတော့ သူ့ ပုံစံအတိုင်း အေးတိအေးစက်။

"Sorry ! တက်လေ  ။  လာ…ကလေး
ဒီမှာတက် "

ရေး ကို ကားနောက်ခန်းကို မေးငေါ့ပြပီး
လူလူ ကိုတော့ ကားရှေ့ ခန်းတံခါးကို ကိုယ်တိုင်ဖွင့်ပေးနေသည်မို့   ရေး မျက်နှာငယ်သွား၏။ 

သူ များအတွဲတွေကြား နေရတာ စိတ်အားငယ်လိုက်တာ မဖြစ်တော့ဘူး မိုးဒေဝါကြီးကို မြန်မြန်ရည်းစားစကားပြောမှ ။

တဖက်တွင်လဲ ကားမောင်းနေတဲ့ မိုးဒေဝါ
တစ်ယောက်  အအေးလဲ မပက်ပဲ နှာချေနေ၏။

"ဟက်ချိုး ! ဟက်ချိုး  !"

#######

"  ဒီမှာ …နင်က  ဇ ရည်းစားလား "

ဆရာ စာသင်ပီးလို့  ထွက်သွားတာမို့ 
လူကလေး စာအုပ်တွေ သိမ်းနေရာမှ
နောက်ကနေ   လက်တို့  ပီးမေးလာတဲ့
ကောင်မလေးကြောင့်  လူကလေးကြောင်သွား၏။

ဇ ရည်းစား!

"ဘာတွေလာမေးနေတာလဲ "

ရေးက မနေနိုင်တော့ ဝင်ပြောလိုက်သည်။လူလူမှ ဇ ကို မသိတာ။

" ဘာတွေမေးရမှာလဲ… ငါမေးတာရှင်းရှင်းလေး  ဇ  …ရည်းစား လူကလေး…
ဆိုတာ နင်လား"

တဖက်မိန်းကလေးက ရဲရဲတင်းတင်း လက်ညိုးထိုးပီးဒေါသတကြီး မေးလာတော့
လူကလေး လန့် သွား၏။

တော်တော်များများ လှည့်ကြည့်လာတာမို့   လူကလေးရှက်လာသည်။ အရေးအကြောင်းဆိုရင် ဘာစကားမှ ပြောမထွက် လာတဲ့ ပါးစပ်ကိုလဲ ပိတ်ရိုက်ချင်နေပီ။ 

"ဟုတ်တယ် ဆိုရင်ရော မင်းက ဘာလုပ်မလို့ လဲ။  "

"အကိုကြီး "

တိုးတိုးနှုတ်က ထွက်သွားတဲ့ စကားလုံးက အကိုကြီးတဲ့ ။ တည်တင်းအေးစက်နေတဲ့ မျက်နှာက ဘယ်သူ့ ကို မှမကြည့်တော့  ။
စောစောက ဒေါသတကြီး လာအော်နေတဲ့ ကောင်မလေးက အကိုကြီးရဲ့ အကြည့်တွေအောက်မှာ  မျက်စိမျက်နှာ ပျက်လို့ ။

" ဟုတ်လို့ မရဘူး။ သမီး  ဇ  ကို ကြိုက်တယ်။  ကြိုက်လွန်းလို့  ဘယ်သူ့ ကိုမှ မပေးနိုင်ဘူး။ "

သွေးရူးတန်းရူးနဲ့   ကလေးကို လက်ညိုးထိုးပြပီး တားနေတဲ့ မိန်းကလေးကိုကြည့်ပီး
ဇ … မဲ့လိုက်သည်။

သိပ်စိတ်ပျက် ဖို့ တဲ့ မိန်းကလေး။

ကန်တင်းသွားဖို့ လာခေါ် ရာကနေ တွေ့ လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါသက ထောင်းကနဲ ။

" ပေါတောတောတွေ လာလုပ်မနေနဲ့ ။
စိတ်ကူးထဲကို မရှိတာ။ နောက်ကို လူကလေးကို လာမထိနဲ့  ။ မင်း မိန်းကလေးမို့ ဒီတခါခွင့်လွှတ်လိုက်မယ်။
သတိပေးထားရက်နဲ့  ထပ်ပီး လာနှောက်ယှက်ရင် မင်းသေမယ်။  
အတန်းထဲက လူတွေပါ တခါထဲ မှတ်ထား
လူကလေး ကို ထိရင် ငါ့ကို ထိတာနဲ့ အတူတူပဲ   ။
ထ …ကလေး ထမင်းသွားစားမယ် ။ "

အကုန်လုံးကို ဒေါသတကြီး လှည့်ကျိမ်းမောင်းကာ လက်မောင်းကိုလာဆွဲထူပီး
ထ…ခိုင်းနေတာကြောင့်  လူကလေး ကျောပိုးအိတ်လေးကိုတောင် မသယ်နိုင်…
ကြောက်အားလန့် အား ပါသွား၏။ 

အကိုကြီး ခုလို အကြမ်းအတမ်းတွေ လုပ်ရင် လူကလေးကြောက်သည်။ 

အချိန်တိုင်းကြောက်ရွံ့ ခဲ့ရတဲ့ ဇ  ဆိုတာအကိုကြီးလား။  ဘယ်ဆီကို ခေါ်သွားမှန်းလဲ မသိ  ။ ဆွဲခေါ်ရက်အတိုင်း အသိစိတ်မဲ့နေသလို  လူကလေးပါသွား၏။ အဖြစ်အပျက်တွေကို နားမလည်သလို လက်လဲမခံနိုင်သေး ။ လူကလေးက  အကိုကြီးကောင်လေးမှမဟုတ်တာ။ အကိုကြီး ကို ဒီတိုင်းရိုးရိုးပဲ ခင်တာပါ ။ ဘာကြောင့် လူတွေ ရှေ့ မှာ
ဟုတ်တယ်လို့   ပြောခဲ့ရတာလဲ။

"ကလေး "

လူသူရှင်းလင်းတဲ့  သစ်ပင် အောက်မှာ
နှစ်ယောက်သားရပ်မိကြတော့ အကိုကြီးက လူကလေး လက်ဖျားလေးကို ပြောင်းကိုင်ပီး နုနုညံ့ညံ့ခေါ်၏။

"လွှတ်   မထိနဲ့ "

ဆွဲထားတဲ့လက်ဖျားကို  လူကလေး
ကြောက်အား လန့် အား ရုန်းထွက်ပစ်လိုက်တော့ ……

"ဘာဖြစ်လို့ လဲ ? ကိုယ်ဒေါသ ထွက်လို့
စိတ်ဆိုးနေတာလား ။ဟုတ်သားပဲ ကတိပေးထားတာကို ဒေါသထွက်မိသွားတယ်။
မေ့သွားတာမဟုတ်ပါဘူး …စိတ်မဆိုးတော့နဲ့ နော် …တကယ်နောက်ကို စိတ်ကိုထိန်းပါ့မယ် "

ပြေလည်ရာ ပြေလည်ကြောင်း ဇ  ပြုံးပီးချော့မော့ လိုက်မိတော့လဲ မော့ကြည့်မလာ။
ငုံ့ ထားတဲ့ မျက်နှာလေး ကို မေးဖျားကနေ
ပင့်မော့လိုက်မိတော့ 

"ကလေးလေး  ! "

ကိုင်ထားတဲ့ မေးဖျားကို ဇ အလန့် တကြားလွှတ်ချလိုက်မိသည်။ တလိမ့်လိမ့်ကျနေတဲ့ မျက်ရည်တွေကို
ဇ  တကယ်  မမြင်ရက်ဘူး။

"မငိုနဲ့   အဲ့မျက်ရည်တွေကို ကိုယ်မကြိုက်ဘူး။ ဘာလို့ ငိုတာလဲ ကိုယ့်ကိုပြော"

ကလေးမျက်နှာလေးကို တောင် ဇ မကြည့်ရဲဘူး ။ အနည်းငယ်လွှဲဖယ်ပီး ဇ မေးလိုက်သည်။ ပိုချစ်ရတဲ့ သူက ပိုရင်နာရတယ်ဆိုတာ သိပ်မှန်တယ်။

"ဟင့် …ကျွန်  ကျွန်တော်  အကိုကြီးကောင်လေး မဟုတ်ဘူး …ဘာလို့  လူတွေ ရှေ့ မှာ ဟုတ်တယ်လို့  အင့် ပြောလိုက်တာလဲ။ ကျွန်တော်  gay မဟုတ်ဘူး အီးဟီးဟီး မဟုတ်ဘူးလို့  "

စူးအောင့်လာတဲ့ ရင်ဖက်ကို ကိုင်ပီး
ဇ  ခြေထောက်တွေတောင် ယိုင်ကျသွားတာမို့ မနည်းထိန်းလိုက်ရသည်။ ကလေး
ဘယ်လိုပြောလိုက်တာလဲ ။

" မင်းပဲ ငါ့ကို သဘောကျတယ်ဆို "

" ဟင့် "

တသိမ့်သိမ့်တုန်အောင်  ငိုနေတဲ့ ကလေးကို ကြည့်ပီး ဇ မေးလိုက်တော့ ပြန်မဖြေလာ။

" ငါ့ကောင်လေး တကယ်မဖြစ်ချင်ဘူးပေါ့"

"……"

" ဟား…
ငါရူးပီးထင်ချင်ရာထင်လိုက်တာပဲ  …

တောင်းပန်ပါတယ် …

ငါအမှတ်မှား သွားတယ်……

ဒါ …ဒါပေမဲ့ 

ငါမင်းကို သေလောက်အောင် ကို သဘောကျခဲ့တာပါ။

ငါလဲ gay မ …မ ဟုတ်ပါဘူးကွာ ။

မင်းမကြိုက်ရင်…  အင်းး … သေချာပေါက်  လာမရှာမိအောင်နေပါ့မယ်  "

ကမှောက်ကမ  စကားတွေကို ဇ မနည်းအားတင်းပြောပီး ကလေးလေးကိုကျောခိုင်းလိုက်တယ်။ မျက်ရည်ပူတွေ ပါးပေါ်မှာတလိမ့်လိမ့်စီးကျလာတာကိုလဲ  မသုတ်နိုင်ဘူး အောင့်မျက်လာတဲ့ရင်ထဲက နာကျင်မူ့ ကိုသာ ခံစားနေရပီး ဖြစ်နိုင်ရင် ကလေးဆီကိုသာပြေးဖက်ပီး ငါ့ကောင်လေးပဲလုပ်ရမယ်လို့ သာ ပြောချင်သည်။ တနာရီကြာအောင်တောင် မခွဲနိုင်တာ  ဘယ်လို လုပ် မင်းမျက်နှာလေးကို မမြင်ရပဲနေနိုင်မှာလဲ။

အလကား အရူးလေး  ချစ်မှန်းသိတော့ သိပ်ဆိုးလွန်းတယ်။

ချစ်တဲ့ အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz