ZingTruyen.Xyz

ဇ ( Completed)

15

eainsi23

"ဒါက ဘာရုပ္ျဖစ္ေနတာလဲ "

လြယ္ထားတဲ့ ေက်ာပိုးအိတ္ကို ခံုေပၚပစ္တင္ပီး စပ္ျဖဲျဖဲနဲ ့ဝင္ထိုင္လာတာေႀကာင့္
ေဒဝါ ေမးမိလိုက္သည္။ အခ်ိန္တိုင္းသူ ့လုပ္စာ စားေနရတဲ့ ရုပ္က ခုတေလာမွာ
ဒီလို ရုပ္မ်ိဳးေျပာင္းေနတာႀကာပီ။
ရည္းစားတစ္ေယာက္ရွိလိုက္နဲ ့ လူေတြ ဒါမ်ိဳးေျပာင္းလဲတက္သလား။

" ခ်စ္စရာေလးကြာ ။ ဒီေသးေသးေလးကို
တက်ြတ္က်ြတ္နဲ ့ဝါးစားမိရင္ ငါ့အလြန္ ျဖစ္အုန္းမယ္။ အဲ့ဒီမ်က္နွာေသးေသးပါးေဖာင္းေဖာင္းေလး ရွက္သြားရင္ ပန္းေရာင္ေလးက ...သန္း လို ့...ဟာကြာ ငါအသည္းယားလာပီကြ "

ေျပာရင္း လြယ္အိတ္ႀကိဳးႀကီး ပြတ္ေျခေနတာေႀကာင့္ ေဒဝါ ့မ်က္နွာ ရွဳံ ့မဲ့ကုန္၏။
သက္တန္ ့နဲ ့ဝန ကိုပါ ေက်ာင္းျပန္တက္ခိုင္းရမည္။ ဒီလို
မ်က္နွာပိုးမေသတဲ့ ရူးေႀကာင္ေႀကာင္ ဖိုက္တာနဲ ့ ေက်ာင္းအတူူတူ မတက္နိုင္။
ဖိုက္တာ သိကၡာ က်တယ္။
စိတ္တိုတာနဲ ့ဖုန္းကို ေကာက္ကိုင္ႀကည့္
မိျပန္ေတာ့လဲ တက္လာတဲ့ သတင္းေတြက ပလူပ်ံလို ့......

"က်စ္ ! ဇ ...မင္းနည္းနည္းပါးပါးေတာ့
သိကၡာေလးေတာ့ ထိန္းပါအုန္းကြာ ။ ငါမေျပာခ်င္ေပမဲ့ ဒါငါတို ့ဖိုက္တာ အဖြဲ ့က
မင္းေႀကာင့္ imageပ်က္ေတာ့မယ္ကြ "

"ငါက ဘာလုပ္ေနလို ့လဲ? "

ကိုယ့္ကိုျပန္ႀကည့္လာတဲ့ ရုပ္ကက်
တြန္ ့ခ်ိဳးေနတဲ့ မ်က္ခံုးနဲ ့ မသိရင္ ထရုိက္ေတာ့မယ္ရုပ္မ်ိဳ း ။ သူဟာေလးက်
ငါ ကြာ...ေျပာလိုက္ရင္မေကာင္းရွိေတာ့မယ္။

"ဘာျဖစ္ရမွာလဲ လိုင္းဖြင့္ႀကည့္လိုက္အုန္း
မင္းအခြက္ႀကီးက ေက်ာင္းမွာ ဟိုးေလးတေႀကာ္ေႀကာ္ျဖစ္ေနပီ"

ေျပာပီး ဖုန္းကိုပစ္ေပးလိုက္ေတာ့ခ်က္ျခင္းႀကည့္သည္။ ေစာေစာက သူ ့ကိုႀကည့္တဲ့ ေစာက္ခ်ိဳးမေျပတဲ့ အႀကည့္က ေအာ္တို ေျပာင္းပီး စပ္ျဖဲျဖဲျဖစ္သြားျပန္၏။

အခ်စ္ကအဲ့သေလာက္စြမ္းလား ?

" ကိုယ့္ဘာသာ ရုိက္ရင္ေတာင္ ဒီေလာက္ ပံုထြက္လွမွာမဟုတ္ဘူး ။ ဘယ္သူ ့ရုိက္ပီး တင္ထားတာလဲမသိဘူး ေနာက္ရက္ေက်းဇူးတင္စကားေျပာပီး မုန္ ့ေလးဘာေလး လိုက္ဝယ္ေက်ြးအုန္းမွ "

" ေဟ့ေကာင္... မင္းတို ့ပက္သက္မူ ့ကို
ေက်ာင္းမွာတင္မက ဘူး ...တနိုင္ငံလံုးသိမွာေလ ...သူမ်ားေတြ ေဝဖန္မွာ မေႀကာက္ဖူးလား ။ ဒါကေလး ကစားစရာမဟုတ္ဘူးေနာ္ ဇ ... ျပန္ဖ်က္ခိုင္းလိုက္ ဒီမွာ တင္ထားတာ ငါးမိနစ္မရွိေသးဘူး likeက 10kရေနပီ "

ေဒဝါေျပာလိုက္ေတာ့ ဇ ကေဒဝါဖုန္းကို
ေဘးခ်ပီး သူ ့ဖုန္းနဲ ့ပံုေတြ လိုက္saveရင္းကေန ......

"မင္းမခ်စ္တက္ေသးလို ့မသိေသးတာပါ။
တကယ္ခ်စ္မိသြားရင္ တေလာကလံုး
နဲ ့တာင္ ရန္ျဖစ္ရဲသြားလိမ့္မယ္။
ငါ ကေလးနဲ ့ လူမသိေအာင္ တိတ္တိတ္ေလးတြဲဖို ့ဆႏၵမရွိဘူး ။
ကေလး ရဲ့ ခ်စ္သူကလဲ ငါပဲ။ ငါ့ရဲ့ ခ်စ္သူကလဲ ကေလးပဲ ။ ဒါ လူတိုင္းသိကို သိထားရမဲ့ အမွန္တရားပဲ ။
ဇ ခ်စ္သူက E major first year က
လူကေလးဆိုတာ... ဒီေက်ာင္းမွာ တက္တဲ့ သူတိုင္း သိရင္ပိုေတာင္ေကာင္းေသးတယ္ "

ေဒဝါ မ်က္ျဖဴလန္ပီး ေသသာ ေသသြားခ်င္ေတာ့တယ္။ အလကားRsေတြ ဘဲရွိတိုင္း ေစာက္ပိုေတြ သိပ္လုပ္က်တယ္။
ဆရာ ဝင္ပီး စာသင္ေတာ့လဲ သူမဟုတ္သလို စာေတြ လိုက္လုပ္ေနတဲ့ ဇ ကိုႀကည့္ပီး ေလာကႀကီးက ဘာေတြမ်ားျဖစ္ေနပီလဲ ဆိုတာ ေဒဝါတစ္ေယာက္ နားမလည္နိုင္ေတာ့ေပ။

"ကန္တင္းလိုက္မွာလား... ေရး "

စာအုပ္ေတြ သိမ္းပီး လူကေလး
ေရး...ကိုေမးလိုက္သည္။ အကိုႀကီးလာေခၚမွာမို ့
လူကေလးကေတာ့ လိုက္ကိုလိုက္သြားရမည္။ ေရးကိုပါ လိုက္မယ္ဆို မိတ္ဆက္ေပးခ်င္သည္မို ့...

"အင္း လိုက္မွာ ငါဗိုက္ဆာေနပီ "

"အင္း ...ဒါဆို အကိုႀကီးနဲ ့ မိတ္ဆတ္ေပးမယ္ ...သူ လာေခၚမွာ"

ေရးက ပိုလို ့ေတာင္ အဆင္ေျပေသးတယ္
ေတြ ့ခ်င္တာနဲ ့အေတာ္ပဲ လူလူရဲ ့အကိုႀကီဆိုတာကို။

"ေရာက္ေနပီတဲ့ သြားရေအာင္ "

ဖုန္းနဲ ့လြယ္အိတ္ကို ေကာက္ကိုင္ပီး အရင္ထြက္သြားတဲ့ လူလူ ့ေနာက္ကေန ေရး လိုက္လာရင္း ရိပ္ကနဲ ေတြ ့လိုက္ရတဲ့ သူေႀကာင့္ လူလူ လက္ကိုလမ္းဆြဲလိုက္၏။

" လူလူ ေနအုန္း "

"ဘာျဖစ္လို ့လဲ ေရး "

အျပင္ကို ခိုးေႀကာင္ခိုးဝွက္ႀကည့္ေနတဲ့
ေရး ကို ႀကည့္ပီး လူကေလးပါ ေရးႀကည့္တဲ့အတိုင္း လိုက္ႀကည့္လိုက္ေတာ့ ဘာမွမေတြ ့။

" ဇ "

"အမ္"

"ဇ ကိုေတြ ့လိုက္လို ့ "

"ဘာ ! ဇ ! "

ဇ ဆိုတဲ့ အသံလဲႀကားေရာ သတိၱေကာင္းတဲ့ လူကေလးက ေရး ေနာက္ကို ဖ်တ္ကနဲ ေရာက္သြား၏။ က်န္တာသာ မေႀကာက္တာ နာမည္ႀကီးလွတဲ့ ဇ ကိုေတာ့ လူကေလးလဲေႀကာက္သည္။ ဘာလို ့ေႀကာက္တာလဲ လို ့ေတာ့ လာမေမးနဲ ့ ဘာမွန္းမသိပဲ ေႀကာက္ခ်င္လို ့ကို ေႀကာက္ေနတာ။

"ငါပဲ မ်က္စိမွားတာလားမသိဘူး လာ သြားရေအာင္ "

လက္ကိုဆြဲပီး ေရး ကအရင္ထြက္သြားေပမဲ့ လူကေလးက ေတာ့ ေဘးဘီကို ႀကည့္ေနတုန္း ။

"အကိုႀကီး"

အခန္းအျပင္ဖက္ ေကာ္ရစ္တာမွာ နံရံကိုမွီ ပီး ေဆးလိပ္ေသာက္ေနတဲ့အကိုႀကီးကိုေတြ ့လိုက္တာေႀကာင့္
ကိုင္ထားတဲ့ ေရး လက္ကိုျဖဳတ္ပီး အေျပးသြားမိသည္။

"ျဖည္းျဖည္းမလာဘူး "

ေသာက္လက္စ ေဆးလိပ္တို ကို ပစ္ခ်ပီး ဖိနပ္ဦးနဲ ့နင္းေျခကာ လူကေလးကို စီးႀကိဳပီး ဆူ၏

" အကိုႀကီးေရာက္ေနတာ ႀကာပီလား "

သိပ္မကြာေသးတဲ့ ေနရာမွာရပ္က်န္ခဲ့ ေရးကေတာ့ ေက်ာက္ရုပ္ႀကီးျဖစ္က်န္ခဲ့၏။

နာမည္ႀကီးလွသည့္ ပြဲတိုင္းေက်ာ္တဲ့
ဖိုက္တာ ဇ ႀကီးက... ေရးရဲ့ ေရွ ့မွာ
အရွင္လက္လက္ႀကီး ။

"မႀကာေသးဘူး ။ ဗိုက္ဆာေနပီလား?
ဘာစားခ်င္လဲ ကေလးေလး ။ "

ပုခံုးတစ္ဖက္ကေလ်ာက်ေနတဲ့ အိတ္ကေလးကိုပါ လွမ္းဆြဲယူပီး ႀကင္ႀကင္နာနာေမးမိေတာ့ ကေလးက ျပံဳးသည္။

"ဟင္အင္... က်ြန္ေတာ္မသိဘူး။ အကိုႀကီးႀကိဳက္တာမွာေပး "

what? ေလာကႀကီးက ဘာေတြျဖစ္ကုန္တာလဲ။ လူဆိုးႀကီးဆိုပီး နာမည္ႀကီးတဲ့ ဇ ဆိုတဲ့ ဖိုက္တာႀကီးက ဒီလိုႀကီးျပံဳးတက္တယ္။ ကေလးေလး ကေလးေလးနဲ ့ပါးစပ္ဖ်ားကမခ်ပဲ ျပံဳးျပံဳးႀကီး...
အလိုလိုက္...ေနသူက ေရး fbမွာ ေတြ ့ျမင္ဖူးခဲ့တဲ့ ပံုေတြ
မိုက္တိမိုက္ကန္းပံု မဟုတ္။

"ေရး ...လာေလ မိတ္ဆက္ေပးမယ္ "

လက္ဖ်ားကို လာဆြဲေခၚသြားတာမို ့
မလိုက္ခ်င္ဘူးလို ့လဲ မေျပာရဲ...
ေရး အျဖစ္က ေသာင္ျပင္မွာ လႊတ္တဲ့ ေရႊဟသၤာေလးလို ဘယ္ေျပးလို ့ေျပးရမွန္းမသိ။

"အကိုႀကီး ...ဒါ က်ြန္ေတာ့္သူငယ္ခ်င္း ေရးတဲ့ ...အေဆာင္မွာလဲ အခန္းေဖာ္ေလ သိတယ္မို ့လား "

"ေရး ဒါငါ့အကိုႀကီး နာမည္က တိုင္းထြဋ္တင္တဲ့ "

ျပံဳးတယ္ဆိုရုံေလးျပံဳးပီး ေခါင္းဆတ္ျပလာေႀကာင့္ ေရး မသိခ်င္ေယာင္ေဆာင္လို ့မရေတာ့။ ေႀကာက္ေပမဲ့လဲ ေခါင္း
ညိမ့္ျပံဳးျပလိုက္သည္။

"လာေလ သြားရေအာင္။ သူငယ္ခ်င္းေတြ အလည္လာလို ့ ေဒဝါက ေက်ာင္းေရွ ့မွာသြားေခၚေနတယ္... ခနေန အဖြဲ ့
လိုက္လာရင္ ေနရမခက္နဲ ့ "

ေရွ ့ကေန လူကေလး အိတ္ကိုပါ...
ဆြဲရင္းေျပာေနတာမို ့ ေရး... ေျခလွမ္းေတြရပ္မလိုေတာင္ျဖစ္သြား၏။

ဇ ကိုေတြ ့ရင္ မိုးေဒဝါကို ပါ... ေတြ ့ရမည္ဆိုတာ ဘာလို ့ ေရး...ေမ့ေနတာပါလိမ့္။
ဒီမွာ ေက်ာင္းတက္ဖို ့ ေရြးခ်ယ္ခဲ့တာ
မိုးေဒဝါေႀကာင့္မို ့ဆိုတာ .........

"ထိုင္ ...ဘာမွာ မွာလဲ"

ထိုင္ဆိုတာက အရံသင့္ဆြဲထုတ္ထားေပးထားတဲ့ ခံုကို လူလူကို ထိုင္ခဲ့တာ ။
ဘာစားမလဲဆိုတာ ဝတ္ေက်တမ္းေက် ေရး ကိုလွမ္းေမးတာ။

" ပသ်ဴ းထမင္းေႀကာ္ နဲ ့ သံပရာေရတစ္ခြက္ "

ေဘးနားမွာ ေစာင့္ေနတဲ့စားပြဲထိုးေကာင္ေလးကိုပဲ ေရး ေျပာလိုက္ေတာ့သည္။ မဟုတ္လဲ ေရး ကိုေမးသာေမးေနတာ ခုထိ
လွည့္မွအေရးမလုပ္ေသးတာမို ့။

" စေတာ္ဘယ္ရီ လက္ေဖ်ာ္ တခြက္ ...
ထမင္းဆီဆမ္း ကိုႀကက္သားေႀကာ္နဲ ့
ေျမပဲဆံ မထည့္နဲ ့ ။ လက္ဖက္ထမင္း ကို
ႀကက္ဥေမႊေႀကာ္ ငါးဖယ္နဲ ့လုပ္ေပး ညီေလး။ ေအာ္ ... ေရသန္ ့ေအးတာေလး နွစ္ဘူးအရင္ခ်ေပး ေရခြက္ပါ ယူခဲ့ေနာ္ "

"အကိုႀကီးက က်ြန္ေတာ္ ေျမပဲဆံမႀကိဳက္တာ ဘယ္လိုသိလဲ "

"မသိစရာလား ဟိုတခါ ထမင္း လိုက္ေက်ြးတုန္းက မစားပဲ ခ်န္ထားခဲ့တာကို "

စားပြဲထိုးေကာင္ေလး လာခ်ေပးတဲ့ ေရဘူးနဲ ့ေရခြက္ကို လွမ္းယူပီး တဘူးကို ေရး ဆိုတဲ့ ေကာင္ေလး ဆီတိုးေပးရင္းေျဖသည္။

က်န္တဲ့ ေရဘူး ကိုအဖုံးဖြင့္ကာ ေရခြက္ကို ့ေသခ်ာက်င္းပီး သန္ ့ရွင္းေပးပီးမွ ကေလးေလးကို တခြက္အရင္ငဲ့ေပးလိုက္သည္။

"အကိုႀကီးက အေကာင္းဆံုး"

ေက်နပ္သြားတဲ့ မ်က္နွာေလးကိုႀကည့္ပီး ဇ
ျပံဳးလိုက္သည္။

" ေတြ ့လား သက္တန္ ့ငါေျပာရင္လြန္အုန္းမယ္ "

"ေဘာပဲ ေဟ့ေယ်ာင္ လူမျမင္ရေသးဘူး မင္းသတင္းေတြ တက္လာလို ့မေနနိုင္လို ့ေက်ာင္းထိ လာဆဲတာ "

တစ္ေယာက္တစ္ေပါက္ ေျပာပီး လာဝိုင္းထိုင္လိုက္ႀကတာေႀကာင့္ စားပြဲဝိုင္းက ျပည့္သြား၏။ ဇ ကေတာ့ ဘာေျပာေျပာမလွဳပ္ ။ ေရးကေတာ့ သူ ့ေဘးလာထိုင္တဲ့ မိုးေဒဝါေႀကာင့္ ျပာယာခက္သြား၏။
လူကေလးကေတာ့ ခုမွျမင္ဘူးတဲ့ သက္တန္ ့နဲ ့ဝနကို ျပဴးျပဴးေလးလိုက္ႀကည့္ေနသည္။

" ဟို အျဖဴေရာင္ဝတ္ထားတာ သက္တန္ ့
သူ ့ေဘးက ဆံပင္ အဝါနဲ ့သူက ဝန
ဒီဖက္က သူကေတာ့ ကေလးသိတယ္မို ့လား
ေဒဝါ တဲ့ ။ ေဟ့ေကာင္ေတြ ဒါ လူကေလးတဲ့ "

ကေလးကို သိသိသာသာစပ္စုေနတာမို ့
အလိုက္တသိ ကေလးစားဖို ့ ႀကက္သားေႀကာ္ကို အေသးေလးေတြ မႊာေပးပီး ေမာ့မႀကည့္ပဲ မိတ္ဆက္ေပးလိုက္သည္။

"ဟုတ္ ေတြ ့ရတာ ဝမ္းသာပါတယ္ဗ် ဒါ က်ြန္ေတာ့သူငယ္ခ်င္း ေရး ပါဗ် "

ေရး ကိုပါ မိတ္ဆက္ေပးလိုက္ေတာ့ ေကာင္းေကာင္းမြန္မြန္ျပန္နုတ္ဆက္က်သည္။
အကိုႀကီးကေတာ့ ဘယ္သူ ့မွ စကားမေျပာေတာ့ပဲ ႀကက္သားေႀကာ္သာ သဲႀကီးမဲႀကီးႏႊာေနသည္။စကားဝိုင္းက အစားအေသာက္ဖက္လွည့္ကာ တစ္ေယာက္တေပါက္နဲ ့ျပန္ဆူညံသြားက်ျပန္၏။

" မေန ့ညက video call ေခၚေသးတယ္ ။ ေဘာျဖစ္လို ့မကိုင္တာလား "

"ည က? "

ဝန အေမးကို ဇ ျပန္မေျဖနိုင္ေသး။
ညက သူ ဖုန္းသံုးမိလား ျပန္စဥ္းစားေနမိသည္။

"ဟို ညက က်ြန္ေတာ္သံုးေနတာပါ "

လူကေလးက မရဲတရဲဝင္ေျပာမွ

"ေအာ္ ဟုတ္သားပဲ ငါ့အေကာင့္က
ကေလးေရာသံုးေနတာ "

ဇ အေျပာေႀကာင့္ ဝနေရာ သက္တန္ ့ေရာရွဳ ံ ့မဲ့ကုန္၏။ ဒါႀကီးကေတာ့ ကဲလြန္းတယ္မို ့လား ။
ဇ ကေတာ့ ဘယ္သူ ့မွကို ဂရုမစိုက္ ကေလးေလးပန္းကန္ထဲ ႏႊာထားတဲ့အသားေသးေသးေလးေတြ ထည့္ေပးလိုက္သည္။

လူကေလးကေတာ့ အကိုႀကီးသူငယ္ခ်င္းေတြကို အားနာသလိုေလးရယ္ျပမိလိုက္သည္။ ဖုန္းေပးထားခဲ့ကတည္းက
အရင္သံုးလက္စ အကိုႀကီး facebook instagram တခုမွ မေျပာင္းပဲ ဆက္သံုး
ခိုင္းထားတာမို ့ လူကေလး အကိုႀကီး အေကာင့္ကိုသာ သံုးေနရျခင္းျဖစ္သည္။

(ဘဲ လိုခ်င္တာ မွားလား ?  စာေရးတယ္ဆိုတာ ေရးခ်င္လို ့ေရးေနတာမဟုတ္ဘူး ကိုယ္လို ခ်င္တဲ့ boyfri ကို စာထဲမွာပံုေဖာ္တာ ။ ေရးသာ ေရးေနတာ ဒီတသက္ ဘဲရမဲ့ ပံုလဲမျမင္ဘူး။ ဒီေန ့ ေျခေထာက္ေတြ ေယာင္ေနလို ့ နားတယ္ ဒါေႀကာင့္နွစ္ပိုင္းတင္ေပးလိုက္ပါတယ္။ )

ခ်စ္တဲ့ အိမ္စည္။

######

"ဒါက ဘာရုပ်ဖြစ်နေတာလဲ "

လွယ်ထားတဲ့ ကျောပိုးအိတ်ကို ခုံပေါ်ပစ်တင်ပီး စပ်ဖြဲဖြဲနဲ့ ဝင်ထိုင်လာတာကြောင့်
ဒေဝါ မေးမိလိုက်သည်။ အချိန်တိုင်းသူ့ လုပ်စာ စားနေရတဲ့ ရုပ်က ခုတလောမှာ
ဒီလို ရုပ်မျိုးပြောင်းနေတာကြာပီ။
ရည်းစားတစ်ယောက်ရှိလိုက်နဲ့  လူတွေ ဒါမျိုးပြောင်းလဲတက်သလား။

" ချစ်စရာလေးကွာ ။ ဒီသေးသေးလေးကို
တကျွတ်ကျွတ်နဲ့ ဝါးစားမိရင် ငါ့အလွန် ဖြစ်အုန်းမယ်။ အဲ့ဒီမျက်နှာသေးသေးပါးဖောင်းဖောင်းလေး ရှက်သွားရင် ပန်းရောင်လေးက ...သန်း လို့ ...ဟာကွာ ငါအသည်းယားလာပီကွ "

ပြောရင်း လွယ်အိတ်ကြိုးကြီး ပွတ်ခြေနေတာကြောင့် ဒေဝါ့ မျက်နှာ ရှုံ့ မဲ့ကုန်၏။
သက်တန့် နဲ့ ဝန ကိုပါ ကျောင်းပြန်တက်ခိုင်းရမည်။ ဒီလို
မျက်နှာပိုးမသေတဲ့ ရူးကြောင်ကြောင် ဖိုက်တာနဲ့  ကျောင်းအတူတူ မတက်နိုင်။
ဖိုက်တာ သိက္ခာ ကျတယ်။
စိတ်တိုတာနဲ့ ဖုန်းကို ကောက်ကိုင်ကြည့်
မိပြန်တော့လဲ တက်လာတဲ့ သတင်းတွေက ပလူပျံလို့ ......

"ကျစ် ! ဇ ...မင်းနည်းနည်းပါးပါးတော့
သိက္ခာလေးတော့ ထိန်းပါအုန်းကွာ ။ ငါမပြောချင်ပေမဲ့ ဒါငါတို့ ဖိုက်တာ အဖွဲ့ က
မင်းကြောင့် imageပျက်တော့မယ်ကွ "

"ငါက ဘာလုပ်နေလို့ လဲ? "

ကိုယ့်ကိုပြန်ကြည့်လာတဲ့ ရုပ်ကကျ
တွန့် ချိုးနေတဲ့ မျက်ခုံးနဲ့  မသိရင် ထရိုက်တော့မယ်ရုပ်မျိုး ။ သူဟာလေးကျ
ငါ ကွာ...ပြောလိုက်ရင်မကောင်းရှိတော့မယ်။

"ဘာဖြစ်ရမှာလဲ လိုင်းဖွင့်ကြည့်လိုက်အုန်း
မင်းအခွက်ကြီးက ကျောင်းမှာ ဟိုးလေးတကြော်ကြော်ဖြစ်နေပီ"

ပြောပီး ဖုန်းကိုပစ်ပေးလိုက်တော့ချက်ခြင်းကြည့်သည်။ စောစောက သူ့ ကိုကြည့်တဲ့ စောက်ချိုးမပြေတဲ့ အကြည့်က အော်တို ပြောင်းပီး စပ်ဖြဲဖြဲဖြစ်သွားပြန်၏။

အချစ်ကအဲ့သလောက်စွမ်းလား ?

" ကိုယ့်ဘာသာ ရိုက်ရင်တောင် ဒီလောက် ပုံထွက်လှမှာမဟုတ်ဘူး ။ ဘယ်သူ့ ရိုက်ပီး တင်ထားတာလဲမသိဘူး နောက်ရက်ကျေးဇူးတင်စကားပြောပီး မုန့် လေးဘာလေး လိုက်ဝယ်ကျွေးအုန်းမှ "

" ဟေ့ကောင်... မင်းတို့ ပက်သက်မူ့ ကို
ကျောင်းမှာတင်မက ဘူး ...တနိုင်ငံလုံးသိမှာလေ ...သူများတွေ ဝေဖန်မှာ မကြောက်ဖူးလား ။ ဒါကလေး ကစားစရာမဟုတ်ဘူးနော် ဇ ... ပြန်ဖျက်ခိုင်းလိုက် ဒီမှာ တင်ထားတာ ငါးမိနစ်မရှိသေးဘူး likeက 10kရနေပီ "

ဒေဝါပြောလိုက်တော့ ဇ ကဒေဝါဖုန်းကို
ဘေးချပီး သူ့ ဖုန်းနဲ့ ပုံတွေ လိုက်saveရင်းကနေ ......

"မင်းမချစ်တက်သေးလို့ မသိသေးတာပါ။
တကယ်ချစ်မိသွားရင် တလောကလုံး
နဲ့ တာင် ရန်ဖြစ်ရဲသွားလိမ့်မယ်။
ငါ ကလေးနဲ့  လူမသိအောင် တိတ်တိတ်လေးတွဲဖို့ ဆန္ဒမရှိဘူး ။
ကလေး ရဲ့ ချစ်သူကလဲ ငါပဲ။ ငါ့ရဲ့ ချစ်သူကလဲ ကလေးပဲ ။ ဒါ လူတိုင်းသိကို သိထားရမဲ့ အမှန်တရားပဲ ။
ဇ ချစ်သူက E major first year က
လူကလေးဆိုတာ... ဒီကျောင်းမှာ တက်တဲ့ သူတိုင်း သိရင်ပိုတောင်ကောင်းသေးတယ် "

ဒေဝါ မျက်ဖြူလန်ပီး သေသာ သေသွားချင်တော့တယ်။ အလကားRsတွေ ဘဲရှိတိုင်း စောက်ပိုတွေ သိပ်လုပ်ကျတယ်။
ဆရာ ဝင်ပီး စာသင်တော့လဲ သူမဟုတ်သလို စာတွေ လိုက်လုပ်နေတဲ့ ဇ ကိုကြည့်ပီး လောကကြီးက ဘာတွေများဖြစ်နေပီလဲ ဆိုတာ ဒေဝါတစ်ယောက် နားမလည်နိုင်တော့ပေ။

"ကန်တင်းလိုက်မှာလား... ရေး "

စာအုပ်တွေ သိမ်းပီး လူကလေး
ရေး...ကိုမေးလိုက်သည်။ အကိုကြီးလာခေါ်မှာမို့ 
လူကလေးကတော့ လိုက်ကိုလိုက်သွားရမည်။ ရေးကိုပါ လိုက်မယ်ဆို မိတ်ဆက်ပေးချင်သည်မို့ ...

"အင်း လိုက်မှာ ငါဗိုက်ဆာနေပီ "

"အင်း ...ဒါဆို အကိုကြီးနဲ့  မိတ်ဆတ်ပေးမယ် ...သူ လာခေါ်မှာ"

ရေးက ပိုလို့ တောင် အဆင်ပြေသေးတယ်
တွေ့ ချင်တာနဲ့ အတော်ပဲ လူလူရဲ့ အကိုကြီဆိုတာကို။

"ရောက်နေပီတဲ့ သွားရအောင် "

ဖုန်းနဲ့ လွယ်အိတ်ကို ကောက်ကိုင်ပီး အရင်ထွက်သွားတဲ့ လူလူ့ နောက်ကနေ ရေး လိုက်လာရင်း ရိပ်ကနဲ တွေ့ လိုက်ရတဲ့ သူကြောင့် လူလူ လက်ကိုလမ်းဆွဲလိုက်၏။

" လူလူ နေအုန်း "

"ဘာဖြစ်လို့ လဲ ရေး "

အပြင်ကို ခိုးကြောင်ခိုးဝှက်ကြည့်နေတဲ့
ရေး ကို ကြည့်ပီး လူကလေးပါ ရေးကြည့်တဲ့အတိုင်း လိုက်ကြည့်လိုက်တော့ ဘာမှမတွေ့ ။

" ဇ "

"အမ်"

"ဇ ကိုတွေ့ လိုက်လို့  "

"ဘာ ! ဇ ! "

ဇ ဆိုတဲ့ အသံလဲကြားရော သတ္တိကောင်းတဲ့ လူကလေးက ရေး နောက်ကို ဖျတ်ကနဲ ရောက်သွား၏။ ကျန်တာသာ မကြောက်တာ နာမည်ကြီးလှတဲ့ ဇ ကိုတော့ လူကလေးလဲကြောက်သည်။ ဘာလို့ ကြောက်တာလဲ လို့ တော့ လာမမေးနဲ့  ဘာမှန်းမသိပဲ ကြောက်ချင်လို့ ကို ကြောက်နေတာ။

"ငါပဲ မျက်စိမှားတာလားမသိဘူး လာ သွားရအောင် "

လက်ကိုဆွဲပီး ရေး ကအရင်ထွက်သွားပေမဲ့ လူကလေးက တော့ ဘေးဘီကို ကြည့်နေတုန်း ။

"အကိုကြီး"

အခန်းအပြင်ဖက် ကော်ရစ်တာမှာ နံရံကိုမှီ ပီး ဆေးလိပ်သောက်နေတဲ့အကိုကြီးကိုတွေ့ လိုက်တာကြောင့်
ကိုင်ထားတဲ့ ရေး လက်ကိုဖြုတ်ပီး အပြေးသွားမိသည်။

"ဖြည်းဖြည်းမလာဘူး "

သောက်လက်စ ဆေးလိပ်တို ကို ပစ်ချပီး ဖိနပ်ဦးနဲ့ နင်းခြေကာ လူကလေးကို စီးကြိုပီး ဆူ၏

" အကိုကြီးရောက်နေတာ ကြာပီလား "

သိပ်မကွာသေးတဲ့ နေရာမှာရပ်ကျန်ခဲ့ ရေးကတော့ ကျောက်ရုပ်ကြီးဖြစ်ကျန်ခဲ့၏။

နာမည်ကြီးလှသည့် ပွဲတိုင်းကျော်တဲ့
ဖိုက်တာ ဇ ကြီးက... ရေးရဲ့ ရှေ့ မှာ
အရှင်လက်လက်ကြီး ။

"မကြာသေးဘူး ။ ဗိုက်ဆာနေပီလား?
ဘာစားချင်လဲ ကလေးလေး ။ "

ပုခုံးတစ်ဖက်ကလျောကျနေတဲ့ အိတ်ကလေးကိုပါ လှမ်းဆွဲယူပီး ကြင်ကြင်နာနာမေးမိတော့ ကလေးက ပြုံးသည်။

"ဟင်အင်... ကျွန်တော်မသိဘူး။ အကိုကြီးကြိုက်တာမှာပေး "

what? လောကကြီးက ဘာတွေဖြစ်ကုန်တာလဲ။ လူဆိုးကြီးဆိုပီး နာမည်ကြီးတဲ့ ဇ ဆိုတဲ့ ဖိုက်တာကြီးက ဒီလိုကြီးပြုံးတက်တယ်။ ကလေးလေး ကလေးလေးနဲ့ ပါးစပ်ဖျားကမချပဲ ပြုံးပြုံးကြီး...
အလိုလိုက်...နေသူက ရေး fbမှာ တွေ့ မြင်ဖူးခဲ့တဲ့ ပုံတွေ
မိုက်တိမိုက်ကန်းပုံ မဟုတ်။

"ရေး ...လာလေ မိတ်ဆက်ပေးမယ် "

လက်ဖျားကို လာဆွဲခေါ်သွားတာမို့ 
မလိုက်ချင်ဘူးလို့ လဲ မပြောရဲ...
ရေး အဖြစ်က သောင်ပြင်မှာ လွှတ်တဲ့ ရွှေဟင်္သာလေးလို ဘယ်ပြေးလို့ ပြေးရမှန်းမသိ။

"အကိုကြီး ...ဒါ ကျွန်တော့်သူငယ်ချင်း ရေးတဲ့ ...အဆောင်မှာလဲ အခန်းဖော်လေ သိတယ်မို့ လား "

"ရေး ဒါငါ့အကိုကြီး နာမည်က တိုင်းထွဋ်တင်တဲ့ "

ပြုံးတယ်ဆိုရုံလေးပြုံးပီး ခေါင်းဆတ်ပြလာကြောင့် ရေး မသိချင်ယောင်ဆောင်လို့ မရတော့။ ကြောက်ပေမဲ့လဲ ခေါင်း
ညိမ့်ပြုံးပြလိုက်သည်။

"လာလေ သွားရအောင်။ သူငယ်ချင်းတွေ အလည်လာလို့  ဒေဝါက ကျောင်းရှေ့ မှာသွားခေါ်နေတယ်... ခနနေ အဖွဲ့
လိုက်လာရင် နေရမခက်နဲ့  "

ရှေ့ ကနေ လူကလေး အိတ်ကိုပါ...
ဆွဲရင်းပြောနေတာမို့  ရေး... ခြေလှမ်းတွေရပ်မလိုတောင်ဖြစ်သွား၏။

ဇ ကိုတွေ့ ရင် မိုးဒေဝါကို ပါ... တွေ့ ရမည်ဆိုတာ ဘာလို့  ရေး...မေ့နေတာပါလိမ့်။
ဒီမှာ ကျောင်းတက်ဖို့  ရွေးချယ်ခဲ့တာ
မိုးဒေဝါကြောင့်မို့ ဆိုတာ .........

"ထိုင် ...ဘာမှာ မှာလဲ"

ထိုင်ဆိုတာက အရံသင့်ဆွဲထုတ်ထားပေးထားတဲ့ ခုံကို လူလူကို ထိုင်ခဲ့တာ ။
ဘာစားမလဲဆိုတာ ဝတ်ကျေတမ်းကျေ ရေး ကိုလှမ်းမေးတာ။

" ပသျူးထမင်းကြော် နဲ့  သံပရာရေတစ်ခွက် "

ဘေးနားမှာ စောင့်နေတဲ့စားပွဲထိုးကောင်လေးကိုပဲ ရေး ပြောလိုက်တော့သည်။ မဟုတ်လဲ ရေး ကိုမေးသာမေးနေတာ ခုထိ
လှည့်မှအရေးမလုပ်သေးတာမို့ ။

" စတော်ဘယ်ရီ လက်ဖျော် တခွက် ...
ထမင်းဆီဆမ်း ကိုကြက်သားကြော်နဲ့
မြေပဲဆံ မထည့်နဲ့  ။ လက်ဖက်ထမင်း ကို
ကြက်ဥမွှေကြော် ငါးဖယ်နဲ့ လုပ်ပေး ညီလေး။ အော် ... ရေသန့် အေးတာလေး နှစ်ဘူးအရင်ချပေး ရေခွက်ပါ ယူခဲ့နော် "

"အကိုကြီးက ကျွန်တော် မြေပဲဆံမကြိုက်တာ ဘယ်လိုသိလဲ "

"မသိစရာလား ဟိုတခါ ထမင်း လိုက်ကျွေးတုန်းက မစားပဲ ချန်ထားခဲ့တာကို "

စားပွဲထိုးကောင်လေး လာချပေးတဲ့ ရေဘူးနဲ့ ရေခွက်ကို လှမ်းယူပီး တဘူးကို ရေး ဆိုတဲ့ ကောင်လေး ဆီတိုးပေးရင်းဖြေသည်။

ကျန်တဲ့ ရေဘူး ကိုအဖုံးဖွင့်ကာ ရေခွက်ကို့ သေချာကျင်းပီး သန့် ရှင်းပေးပီးမှ ကလေးလေးကို တခွက်အရင်ငဲ့ပေးလိုက်သည်။

"အကိုကြီးက အကောင်းဆုံး"

ကျေနပ်သွားတဲ့ မျက်နှာလေးကိုကြည့်ပီး ဇ
ပြုံးလိုက်သည်။

" တွေ့ လား သက်တန့် ငါပြောရင်လွန်အုန်းမယ် "

"ဘောပဲ ဟေ့ယျောင် လူမမြင်ရသေးဘူး မင်းသတင်းတွေ တက်လာလို့ မနေနိုင်လို့ ကျောင်းထိ လာဆဲတာ "

တစ်ယောက်တစ်ပေါက် ပြောပီး လာဝိုင်းထိုင်လိုက်ကြတာကြောင့် စားပွဲဝိုင်းက ပြည့်သွား၏။ ဇ ကတော့ ဘာပြောပြောမလှုပ် ။ ရေးကတော့ သူ့ ဘေးလာထိုင်တဲ့ မိုးဒေဝါကြောင့် ပြာယာခက်သွား၏။
လူကလေးကတော့ ခုမှမြင်ဘူးတဲ့ သက်တန့် နဲ့ ဝနကို ပြူးပြူးလေးလိုက်ကြည့်နေသည်။

" ဟို အဖြူရောင်ဝတ်ထားတာ သက်တန့် 
သူ့ ဘေးက ဆံပင် အဝါနဲ့ သူက ဝန
ဒီဖက်က သူကတော့ ကလေးသိတယ်မို့ လား
ဒေဝါ တဲ့ ။ ဟေ့ကောင်တွေ ဒါ လူကလေးတဲ့ "

ကလေးကို သိသိသာသာစပ်စုနေတာမို့ 
အလိုက်တသိ ကလေးစားဖို့  ကြက်သားကြော်ကို အသေးလေးတွေ မွှာပေးပီး မော့မကြည့်ပဲ မိတ်ဆက်ပေးလိုက်သည်။

"ဟုတ် တွေ့ ရတာ ဝမ်းသာပါတယ်ဗျ ဒါ ကျွန်တော့သူငယ်ချင်း ရေး ပါဗျ "

ရေး ကိုပါ မိတ်ဆက်ပေးလိုက်တော့ ကောင်းကောင်းမွန်မွန်ပြန်နုတ်ဆက်ကျသည်။
အကိုကြီးကတော့ ဘယ်သူ့ မှ စကားမပြောတော့ပဲ ကြက်သားကြော်သာ သဲကြီးမဲကြီးနွှာနေသည်။စကားဝိုင်းက အစားအသောက်ဖက်လှည့်ကာ တစ်ယောက်တပေါက်နဲ့ ပြန်ဆူညံသွားကျပြန်၏။

" မနေ့ ညက video call ခေါ်သေးတယ် ။ ဘောဖြစ်လို့ မကိုင်တာလား "

"ည က? "

ဝန အမေးကို ဇ ပြန်မဖြေနိုင်သေး။
ညက သူ ဖုန်းသုံးမိလား ပြန်စဉ်းစားနေမိသည်။

"ဟို ညက ကျွန်တော်သုံးနေတာပါ "

လူကလေးက မရဲတရဲဝင်ပြောမှ

"အော် ဟုတ်သားပဲ ငါ့အကောင့်က
ကလေးရောသုံးနေတာ "

ဇ အပြောကြောင့် ဝနရော သက်တန့် ရောရှုံ့ မဲ့ကုန်၏။ ဒါကြီးကတော့ ကဲလွန်းတယ်မို့ လား ။
ဇ ကတော့ ဘယ်သူ့ မှကို ဂရုမစိုက် ကလေးလေးပန်းကန်ထဲ နွှာထားတဲ့အသားသေးသေးလေးတွေ ထည့်ပေးလိုက်သည်။

လူကလေးကတော့ အကိုကြီးသူငယ်ချင်းတွေကို အားနာသလိုလေးရယ်ပြမိလိုက်သည်။ ဖုန်းပေးထားခဲ့ကတည်းက
အရင်သုံးလက်စ အကိုကြီး facebook instagram တခုမှ မပြောင်းပဲ ဆက်သုံး
ခိုင်းထားတာမို့  လူကလေး အကိုကြီး အကောင့်ကိုသာ သုံးနေရခြင်းဖြစ်သည်။

(ဘဲ လိုချင်တာ မှားလား ?  စာရေးတယ်ဆိုတာ ရေးချင်လို့ ရေးနေတာမဟုတ်ဘူး ကိုယ်လို ချင်တဲ့ boyfri ကို စာထဲမှာပုံဖော်တာ ။ ရေးသာ ရေးနေတာ ဒီတသက် ဘဲရမဲ့ ပုံလဲမမြင်ဘူး။ ဒီနေ့  ခြေထောက်တွေ ယောင်နေလို့  နားတယ် ဒါကြောင့်နှစ်ပိုင်းတင်ပေးလိုက်ပါတယ်။ )

ချစ်တဲ့ အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz