14
" ဟုတ္လား အင္းပါ ဒါဆိုလဲ က်ြန္ေတာ္
ေရး နဲ ့ပဲ သြားလိုက္ေတာ့မယ္ ။ မဟုတ္လဲ
က်ြန္ေတာ္တို ့နွစ္ေယာက္က အတန္းတူတာပဲ …အကိုႀကီးသာ လုပ္စရာရွိတာ စိတ္ခ်လက္ခ် လုပ္ပါ။ "
"………"
"ဟုတ္ …အကိုႀကီး ဒါဆိုဖုန္းခ်လိုက္ေတာ့မယ္။ "
တမင္ရပ္ေစာင့္ေပးေနတဲ့ ေရးကို အားနာတာေႀကာင့္ ဖုန္းကိုျမန္ျမန္ခ်လိုက္ရသည္ ။ ဒါေတာင္ ထမင္းစားခ်ိန္ လာေခၚမယ္ဆိုတာေရာ …သိပ္မႀကာဘူးဆိုတာေရာ…
ေက်ာင္းတခါေလးသြားဖို ့ကို မပီးနိုင္ မစီးနိုင္မွာေသး၏။ ပုခံုးေပၚက ေလ်ာက်ေနတဲ့ အိတ္ကို ျပန္ဆြဲတင္ရင္း ေရးကို လွည့္ေျပာလိုက္၏။
"ေတာင္းပန္ပါတယ္ ေရး …ငါဖုန္းေျပာတာႀကာသြားတယ္။ "
"ရပါတယ္ကြာ… ပီးပီမို ့လား …သြားရေအာင္ "
တီရွပ္အဝါအကြက္ေလးကို ဂ်င္းေဘာင္းဘီ အနက္ေလးနဲ ့တြဲဝတ္ထားတဲ့ေရးက ျဖဴျဖဴဥဥေလးမို ့ လူကေလးထက္စာရင္ပိုပီး ေခ်ာေမာႀကည့္ေကာင္း၏။ အလိုမက်စိတ္နဲ ့ ကိုယ့္ကိုကိုယ္ငံု ့ႀကည့္မိေတာ့ သနပ္ခါးေရာင္ ေျဗာင္ရွပ္လက္တိုေလးနဲ ့ပုဆိုးေလးသာဝတ္ထားသည္မို ့ေရးနဲ ့ယွဥ္ရင္ မွိန္ေဖ်ာ့ေန၏။
တံခါးဝမွာ ဖိနပ္ငံု ့စီးေနတဲ့ ေရးက အျပင္သြားဖို ့အဆင္သင့္ျဖစ္ေနသည္မို ့ ကတၱီပါဖိနပ္ အနက္ေလးကို စီးပီး အေျပးအလႊားေရးေနာက္ကိုလိုက္ရသည္။
" ေရး … ႀကည့္ပါအုန္း… ေက်ာင္းႀကီးက လွလိုက္တာ "
နွစ္ေယာက္သား busကား စီးပီး ေက်ာင္းေရာက္လာေပမဲ့ ေက်ာင္းေရွ ့မွာရပ္ပီး
အေရာင္အေသြးစံုလင္လွတဲ့ လူအုပ္ကိုရပ္ႀကည့္လိုက္သည္။
ပထမဆံုးအႀကိမ္ တကၠသိုလ္ေက်ာင္းသားဘဝကို ျဖတ္သန္းဖို ့ အေတာ္လွမ္းလွမ္းမွာ ျမင္ေနရတဲ့ေက်ာင္းေဆာင္ႀကီးေတြကိုေမာ့ႀကည့္ရင္း လူကေလးဆိုလိုက္ျခင္းျဖစ္၏။
"အင္း လွတယ္… ဒါေပမဲ့ ေနာက္က်ေနပီသြားရေအာင္ ။"
ေက်ာင္းေနာက္က်ေနသည္မို ့ က်န္တာမေငးအား လူကေလး လက္ကိုဆြဲပီး ေရး ေျပးလိုက္၏။ အတန္း ကို ဟိုေမးဒီေမးနဲ ့ေရာက္သြားေတာ့ အေတာ္ႀကီးေနာက္က်ေနေပမဲ့ ပထမဆံုးရက္မို ့ဆရာ မဝင္ေသး။
ေနာက္နားေလးက လြတ္တဲ့ခံုကို ဝင္ထိုင္ပီး ေဘးဘီႀကည့္ေတာ့ ပထမဆံုးရက္ဆိုေပမဲ့ first year ေလးေတြမို ့လားမသိ လူစံုေန၏။
"ဟဲ့ နင္သိပီးပီလား ဇ ေက်ာင္းျပန္တက္မွာတဲ့ "
"ေသခ်ာလို ့လား "
"ေသခ်ာတာမွ လံုးဝကိုေသခ်ာတာ "
နွစ္ခံုေက်ာ္ေလာက္မွာစုပီးေျပာေနတဲ့ ေကာင္မေလးေတြေျပာစကားကို တိုးတိုးေျပာတာမဟုတ္ေတာ့ လူကေလးတို ့ႀကားေနရ၏။
ဆရာ မဝင္ေသးတဲ့ အတန္းတို ့ရဲ့ထံုးစံအတိုင္း စကားတေျပာေျပာနဲ ့အနည္းငယ္ဆူညံေန၏။
"ဒါဆိုရင္ေတာ့ မိုက္တာေပါ့ …ဇ တို ့အ
ဖြဲ ့က အေသမိုက္တာတဲ့… သမီးဒီေက်ာင္းကို လာတက္ရတဲ့ ရည္ရြယ္ခ်က္က ဇ …ကိုေတြ ့ဖို ့ပဲ "
ဇ …ဆိုတာ ဘယ္သူမို ့လို ့ဒီေလာက္ အေရးတယူေျပာေနႀကတာလဲ။ ဘာရယ္မဟုတ္ နားထဲ တိုးဝင္လာသည္မို ့ နားေထာင္မိရက္ျဖစ္ေန၏။
"ေအးေတြ ့ေန …ဟိုက သံတုတ္နဲ ့ရုိက္ထဲ့လိုက္လို ့ရွိတဲ့ သြားက်ြတ္သြားကုန္အုန္းမယ္။
ေခ်ာတာပဲ ျမင္မေနနဲ ့ ေဒါသကိုလဲႀကည့္အုန္း ။ နင္တို ့မို ့သေဘာက်တယ္။ ငါျဖင့္
သူ ့ကိုေတြ ့ရင္ ဘယ္ေျပးပုန္းရမလဲမသိဘူးေႀကာက္လြန္းလို ့ … ရန္ပြဲဆိုရင္ သူက
ေရွ ့ဆံုးက အသံမႀကားလိုက္နဲ ့ႀကားလိုက္ရင္ ဇ …ပဲတဲ့ အဲ့ေလာက္ဆိုးတာ"
" အမေလး …ႀကက္သီးထလိုက္တာ
သူေျပာတာမွန္တယ္ ကေလးမေတြ …
ငမ္းဖို ့ပဲ ႀကည့္မေနနဲ ့ အႏၱရာယ္ကိုလဲ ေရွာင္အုန္း …နင္တို ့က first yearေတြမို ့သတင္းေလာက္သာႀကားဘူးတာ ငါတို ့က လက္ေတြ ့ႀကံဳဘူးတာေနာ္ "
"အဲ့ေလာက္ေတာင္လား"
"ေအး အဲ့ထက္ဆိုးတယ္။ ကဲ ေဟမာန္ ငါတို ့လဲ ကိုယ့္အတန္းကို သြားရေအာင္ ။
ကေလးတို ့ အမတို ့သြားေတာ့မယ္ေနာ္ "
အသက္နည္းနည္းႀကီးပံုရတဲ့ မိန္းကေလးနွစ္ေယာက္ ထျပန္သြားသည္နဲ ့ ေစာေစာက အုပ္စုလိုက္ စကားဝိုင္းေလး က သိသိသာသာ အသံတိတ္သြား၏။ ႀကည့္ရတာ
က်န္ခဲ့တဲ့ ေကာင္မေလးေတြက လူကေလးတို ့အတန္းက ျဖစ္ပီး ထြက္သြားတဲ့ မိန္းကေလးနွစ္ေယာက္က အတန္းႀကီး စီနီယာအမေတြ ျဖစ္နိုင္သည္။
"အဲ့ဒီ ဇ ဆိုတဲ့ တစ္ေယာက္က ဒီေက်ာင္းမွာ နာမည္ႀကီးပဲ "
ေဘးကေန ေရးအသံထြက္ လာသည္မို ့
လွည့္ႀကည့္လိုက္ေတာ့ ေရးက လူကေလးကိုႀကည့္မေနပဲ gameေဆာ့ေန၏။
"မင္းက ဘယ္လို သိတာလဲ "
" ငါ့crush ရဲ့ သူငယ္ခ်င္း "
"ေအာ္ "
gameေဆာ့ေနရင္းေျပာေနေပမဲ့ အေဆာ့လဲမပ်က္ ေျပာေနတာျဖစ္သည္။
" အရမ္းမိုက္တယ္ အဲ့ဘဲက… ဒီေက်ာင္းမွာ ဇ ကို မသိရင္ ေခတ္မမွီဘူး ။ ဒါေပမဲ့ အရမ္း ဆိုးတယ္ ။ ငါႀကားဘူးတာေတာ့သူ ့ကားထဲမွာရန္ျဖစ္တက္လို ့ သံဒုတ္ေတာင္အျမဲေဆာင္ထားတယ္ဆိုလားပဲ "
"ဟင္ !အဲ့သေလာက္ေတာင္ ဆိုးတယ္ "
ျဖန္းကနဲ တက္လာတဲ့ ႀကက္သီးဖုေတြကို လက္နဲ ့သပ္ခ်ရင္းေမးေတာ့ ေရးက ျပန္မေျဖေတာ့ဘူး။ ဘာဘဲေျပာေျပာ လမ္းေတြ ့ရင္ေတာင္ ေရွာင္ရမည္။ လူမိုက္ဆိုမွေတာ့ ေဝးေဝးကေရွာင္မွ အႏၱရာယ္ကင္းလိမ့္မည္။
"ေတာင္ ! "
မက္ေဆ့ ဝင္လာသံေႀကာင့္ လူကေလး အိတ္ထဲက ဖုန္းကို နွဳိက္ထုတ္ႀကည့္လိုက္ေတာ့ အကိုႀကီး ဆီက
"အျပင္မွာ ေရာက္ေနပီ အခန္းျပင္ထြက္ခဲ့"
စာဖက္ပီး ေဘးဘီကိုေဝ့ဝိုက္လိုက္ရွာေတာ့ အခန္းဝမွာ လက္ျပေနတဲ့ အကိုႀကေႀကာင့္ gameထဲ အာရုံေရာက္ေနတဲ့ ေရးကိုေတာင္ ေျပာမထားခဲ့ပဲ ထြက္ေတြ ့လိုက္သည္။
"အကိုႀကီး "
"ျဖည္းျဖည္းလာတာမဟုတ္ဘူး ေခ်ာ္လဲမွျဖင့္ "
သူ ့ကိုျမင္တာနဲ ့ေျပးလာလိုက္တာမ်ား မသိရင္ အခ်ိန္ႀကာႀကီးမေတြ ့ရတဲ့ သူေတြလိုဝမ္းသာအားရ ။
ေဘးခြဲေလး သပ္သပ္ရပ္ဖီးခဲ့ပံုေပၚတဲ့ ဆံပင္ေလးေတြက နဖူးေပၚမွာ အနည္းငယ္ ဝဲက်ေနသည္မို ့သပ္တင္ေပးလိုက္၏။
"ဟီး …အကိုႀကီး ေစာင့္ေနရမွာမို ့လိုေလ။ ေျပာေတာ့ မနက္က ေဖေဖခိုင္းလို ့သြားစရာရွိေသးတယ္ဆို… ေနခင္းပိုင္းေလာက္မွ ေက်ာင္းကိုလာမယ္ဆို "
ေမးခြန္းေတြ ထုတ္ေနတဲ့ ကေလးေလးကို ျပံဳးျပပီး…
" အင္း …အေစာက အဲ့တိုင္း …ဒါေပမဲ့ မင္းကိုစိတ္မခ်လို ့ "
"စိတ္မခ်စရာမွမဟုတ္တာ က်ြန္ေတာ္က
ကေလးလဲမဟုတ္ "
မေက်နပ္သလို စူပုတ္ကေလးလုပ္ေနသည္မို ့အနည္းငယ္ေဖာင္းခ်င္ေနတဲ့ ပါးေလးကို ဆြဲ ဖ်စ္ညစ္လိုက္သည္။
"အင္း … ကေလးမဟုတ္ေတာ့တဲ့
ကေလးေလးမို ့ ဘယ္သြားသြား စိတ္မခ်ဘူး။ ျဖစ္နိုင္ရင္ အိပ္ေထာင္ထဲ သြားေလရာထည့္ေခၚသြားခ်င္တာ "
အေနွာင့္အသြားမလႊတ္တဲ့ ဘာလိုလို စကားႀကီးေႀကာင့္ လူကေလး ပူထူသြားတာမို ့ ပါးေပၚက လက္ႀကီးကို ဆြဲဖယ္ပီးမ်က္ေစာင္းထိုးလိုက္သည္။ နည္းနည္းမွအရွက္မရွိတဲ့သူႀကီး ။
ပန္းနုေရာင္ ပါးျပင္မို ့မို ့ကို ႀကည့္ပီး ဇ တံေတြးျမိဳခ်လိုက္ရသည္။ ပန္းေရာင္ပါးေဖာင္းေလးက ဘာအရာသာရွိလဲ သိခ်င္ေသး၏။ အေကာင္လိုက္ျမိဳခ်ရမလား …
ပါးေဖာင္းေလးကို တကိုက္ေလာက္
အရင္ကိုက္ႀကည့္ရမလား။ဒါမွမဟုတ္
မေက်နပ္လို ့ခ်ြန္ထြက္ေနတဲ့ နွဳတ္ခမ္းေလးကို နည္းနည္းျမည္းပီး အရသာခံႀကည့္ရမလား ေဝခြဲမရျဖစ္ေန၏။
"ဟို ……သြားေတာ့မယ္ အကိုႀကီးလဲ ျပန္ေတာ့ ။ "
အတင္းႀကီးငံု ့ ႀကည့္ေနတာေႀကာင့္
လူကေလးေနရခက္လွသည္။ ဘယ္ေတာ့ႀကည့္ႀကည့္ ဘို ့အားတစ္ေထာင္မကတဲ့
အႀကည့္တို ့နဲ ့ႀကည့္တက္တဲ့ အကိုႀကီး
ကို လူကေလးရင္မဆိုင္နုိုင္ေသး။
အခန္းျပင္ဖက္မွဆိုေပမဲ့ တခ်ိဳ ့တေလက ရပ္ပီးသိသိသာသာႀကည့္ေနသည္မို ့ အတင္းနွင္လႊတ္မိပီး အခန္းထဲဝင္ေျပးလိုက္သည္။
"ေနအုန္း "
လက္ဖ်ားကေန အားထည့္ဆြဲလိုက္တာမို ့ လူကအရွိန္နဲ ့ တပတ္လည္ပီး အကိုႀကီးနဲ ့မ်က္နွာခ်င္းဆိုင္ ျပန္ျဖစ္သြား၏။
လန္ ့သြားတာသျဖင့္ မေက်နပ္ခ်င္ေတာ့။
စူပုတ္ကာ ေမာ့ႀကည့္ေတာ့ အကိုႀကီးက ရီေဝ လွဳိက္ဖို တဲ့ အႀကည့္တို ့နဲ ့နစ္နစ္နဲနဲ စိုက္ႀကည့္ေန၏။
" ဘာလို ့အတင္းသြားေနတာလဲ …
ဒီမယ္…မွာစရာရွိေသးတယ္ေလ ။ "
ဘယ္လိုမွရင္ဆိုင္ဖို ့အဆင္မေျပတာမို ့
လူကေလး ေခါင္းငံု ့လိုက္ေတာ့ ေမးဖ်ားကေန ျပန္ဆြဲေမာ့ျပန္၏။ ဒီအကိုႀကီး ဘာျဖစ္ေနတာလဲ ?သူမ်ားအသားကို လက္
လြတ္စဘယ္နဲ ့။
"ေန ့ခင္း ထမင္းစားဖို ့လာေခၚမယ္။
အျပင္ေတြ ေလ်ွာက္မသြားနဲ ့။ တခုခုဆိုဖုန္းဆက္…။ ေနာ္ ကေလးေလး "
"ဟုတ္ကဲ့ "
တိုးတိုးေလးျပန္ေျဖေတာ့
ဆြဲေမာ့ထားတဲ့ ေမးဖ်ားကို ျပန္လြတ္လိုက္ေပး၏။
ေျခလွမ္းတို ့က အကိုႀကီးလက္ကေနလြတ္သြားတာနဲ ့
အခန္းထဲ ကို အလ်ွင္အျမန္ျပန္ဝင္ေျပး၏။ ရွက္စရာေကာင္းလိုက္တာ… လူျမင္ကြင္းႀကီး မွာ ။
ဒါေတာင္ေနာက္ဖက္ကေန …သေဘာတက်ရယ္ေမာေနတဲ့ အကိုႀကီး အသံကႀကားေနရေသးသည္။ ဆိုးလိုက္တာ
ဒီအကိုႀကီးက။
နားေတြေရာ ပူ… ပါးျပင္နွစ္ဖက္ကလဲ ပူပီး
လူကလဲ ကတုန္ကယင္ႀကီးျဖစ္ေနတာက
လူေတြႀကည့္ေနလို ့လား။
ဒါမွမဟုတ္ သေဘာတက် ရယ္ေမာလိုက္တဲ့ ႀသရွ အသံေႀကာင့္လား။
ဒါမွမဟုတ္ ………………။
ခ်စ္တဲ့အိမ္စည္။
########
" ဟုတ်လား အင်းပါ ဒါဆိုလဲ ကျွန်တော်
ရေး နဲ့ ပဲ သွားလိုက်တော့မယ် ။ မဟုတ်လဲ
ကျွန်တော်တို့ နှစ်ယောက်က အတန်းတူတာပဲ …အကိုကြီးသာ လုပ်စရာရှိတာ စိတ်ချလက်ချ လုပ်ပါ။ "
"………"
"ဟုတ် …အကိုကြီး ဒါဆိုဖုန်းချလိုက်တော့မယ်။ "
တမင်ရပ်စောင့်ပေးနေတဲ့ ရေးကို အားနာတာကြောင့် ဖုန်းကိုမြန်မြန်ချလိုက်ရသည် ။ ဒါတောင် ထမင်းစားချိန် လာခေါ်မယ်ဆိုတာရော …သိပ်မကြာဘူးဆိုတာရော…
ကျောင်းတခါလေးသွားဖို့ ကို မပီးနိုင် မစီးနိုင်မှာသေး၏။ ပုခုံးပေါ်က လျောကျနေတဲ့ အိတ်ကို ပြန်ဆွဲတင်ရင်း ရေးကို လှည့်ပြောလိုက်၏။
"တောင်းပန်ပါတယ် ရေး …ငါဖုန်းပြောတာကြာသွားတယ်။ "
"ရပါတယ်ကွာ… ပီးပီမို့ လား …သွားရအောင် "
တီရှပ်အဝါအကွက်လေးကို ဂျင်းဘောင်းဘီ အနက်လေးနဲ့ တွဲဝတ်ထားတဲ့ရေးက ဖြူဖြူဥဥလေးမို့ လူကလေးထက်စာရင်ပိုပီး ချောမောကြည့်ကောင်း၏။ အလိုမကျစိတ်နဲ့ ကိုယ့်ကိုကိုယ်ငုံ့ ကြည့်မိတော့ သနပ်ခါးရောင် ဗြောင်ရှပ်လက်တိုလေးနဲ့ ပုဆိုးလေးသာဝတ်ထားသည်မို့ ရေးနဲ့ ယှဉ်ရင် မှိန်ဖျော့နေ၏။
တံခါးဝမှာ ဖိနပ်ငုံ့ စီးနေတဲ့ ရေးက အပြင်သွားဖို့ အဆင်သင့်ဖြစ်နေသည်မို့ ကတ္တီပါဖိနပ် အနက်လေးကို စီးပီး အပြေးအလွှားရေးနောက်ကိုလိုက်ရသည်။
" ရေး … ကြည့်ပါအုန်း… ကျောင်းကြီးက လှလိုက်တာ "
နှစ်ယောက်သား busကား စီးပီး ကျောင်းရောက်လာပေမဲ့ ကျောင်းရှေ့ မှာရပ်ပီး
အရောင်အသွေးစုံလင်လှတဲ့ လူအုပ်ကိုရပ်ကြည့်လိုက်သည်။
ပထမဆုံးအကြိမ် တက္ကသိုလ်ကျောင်းသားဘဝကို ဖြတ်သန်းဖို့ အတော်လှမ်းလှမ်းမှာ မြင်နေရတဲ့ကျောင်းဆောင်ကြီးတွေကိုမော့ကြည့်ရင်း လူကလေးဆိုလိုက်ခြင်းဖြစ်၏။
"အင်း လှတယ်… ဒါပေမဲ့ နောက်ကျနေပီသွားရအောင် ။"
ကျောင်းနောက်ကျနေသည်မို့ ကျန်တာမငေးအား လူကလေး လက်ကိုဆွဲပီး ရေး ပြေးလိုက်၏။ အတန်း ကို ဟိုမေးဒီမေးနဲ့ ရောက်သွားတော့ အတော်ကြီးနောက်ကျနေပေမဲ့ ပထမဆုံးရက်မို့ ဆရာ မဝင်သေး။
နောက်နားလေးက လွတ်တဲ့ခုံကို ဝင်ထိုင်ပီး ဘေးဘီကြည့်တော့ ပထမဆုံးရက်ဆိုပေမဲ့ first year လေးတွေမို့ လားမသိ လူစုံနေ၏။
"ဟဲ့ နင်သိပီးပီလား ဇ ကျောင်းပြန်တက်မှာတဲ့ "
"သေချာလို့ လား "
"သေချာတာမှ လုံးဝကိုသေချာတာ "
နှစ်ခုံကျော်လောက်မှာစုပီးပြောနေတဲ့ ကောင်မလေးတွေပြောစကားကို တိုးတိုးပြောတာမဟုတ်တော့ လူကလေးတို့ ကြားနေရ၏။
ဆရာ မဝင်သေးတဲ့ အတန်းတို့ ရဲ့ထုံးစံအတိုင်း စကားတပြောပြောနဲ့ အနည်းငယ်ဆူညံနေ၏။
"ဒါဆိုရင်တော့ မိုက်တာပေါ့ …ဇ တို့ အ
ဖွဲ့ က အသေမိုက်တာတဲ့… သမီးဒီကျောင်းကို လာတက်ရတဲ့ ရည်ရွယ်ချက်က ဇ …ကိုတွေ့ ဖို့ ပဲ "
ဇ …ဆိုတာ ဘယ်သူမို့ လို့ ဒီလောက် အရေးတယူပြောနေကြတာလဲ။ ဘာရယ်မဟုတ် နားထဲ တိုးဝင်လာသည်မို့ နားထောင်မိရက်ဖြစ်နေ၏။
"အေးတွေ့ နေ …ဟိုက သံတုတ်နဲ့ ရိုက်ထဲ့လိုက်လို့ ရှိတဲ့ သွားကျွတ်သွားကုန်အုန်းမယ်။
ချောတာပဲ မြင်မနေနဲ့ ဒေါသကိုလဲကြည့်အုန်း ။ နင်တို့ မို့ သဘောကျတယ်။ ငါဖြင့်
သူ့ ကိုတွေ့ ရင် ဘယ်ပြေးပုန်းရမလဲမသိဘူးကြောက်လွန်းလို့ … ရန်ပွဲဆိုရင် သူက
ရှေ့ ဆုံးက အသံမကြားလိုက်နဲ့ ကြားလိုက်ရင် ဇ …ပဲတဲ့ အဲ့လောက်ဆိုးတာ"
" အမလေး …ကြက်သီးထလိုက်တာ
သူပြောတာမှန်တယ် ကလေးမတွေ …
ငမ်းဖို့ ပဲ ကြည့်မနေနဲ့ အန္တရာယ်ကိုလဲ ရှောင်အုန်း …နင်တို့ က first yearတွေမို့ သတင်းလောက်သာကြားဘူးတာ ငါတို့ က လက်တွေ့ ကြုံဘူးတာနော် "
"အဲ့လောက်တောင်လား"
"အေး အဲ့ထက်ဆိုးတယ်။ ကဲ ဟေမာန် ငါတို့ လဲ ကိုယ့်အတန်းကို သွားရအောင် ။
ကလေးတို့ အမတို့ သွားတော့မယ်နော် "
အသက်နည်းနည်းကြီးပုံရတဲ့ မိန်းကလေးနှစ်ယောက် ထပြန်သွားသည်နဲ့ စောစောက အုပ်စုလိုက် စကားဝိုင်းလေး က သိသိသာသာ အသံတိတ်သွား၏။ ကြည့်ရတာ
ကျန်ခဲ့တဲ့ ကောင်မလေးတွေက လူကလေးတို့ အတန်းက ဖြစ်ပီး ထွက်သွားတဲ့ မိန်းကလေးနှစ်ယောက်က အတန်းကြီး စီနီယာအမတွေ ဖြစ်နိုင်သည်။
"အဲ့ဒီ ဇ ဆိုတဲ့ တစ်ယောက်က ဒီကျောင်းမှာ နာမည်ကြီးပဲ "
ဘေးကနေ ရေးအသံထွက် လာသည်မို့
လှည့်ကြည့်လိုက်တော့ ရေးက လူကလေးကိုကြည့်မနေပဲ gameဆော့နေ၏။
"မင်းက ဘယ်လို သိတာလဲ "
" ငါ့crush ရဲ့ သူငယ်ချင်း "
"အော် "
gameဆော့နေရင်းပြောနေပေမဲ့ အဆော့လဲမပျက် ပြောနေတာဖြစ်သည်။
" အရမ်းမိုက်တယ် အဲ့ဘဲက… ဒီကျောင်းမှာ ဇ ကို မသိရင် ခေတ်မမှီဘူး ။ ဒါပေမဲ့ အရမ်း ဆိုးတယ် ။ ငါကြားဘူးတာတော့သူ့ ကားထဲမှာရန်ဖြစ်တက်လို့ သံဒုတ်တောင်အမြဲဆောင်ထားတယ်ဆိုလားပဲ "
"ဟင် !အဲ့သလောက်တောင် ဆိုးတယ် "
ဖြန်းကနဲ တက်လာတဲ့ ကြက်သီးဖုတွေကို လက်နဲ့ သပ်ချရင်းမေးတော့ ရေးက ပြန်မဖြေတော့ဘူး။ ဘာဘဲပြောပြော လမ်းတွေ့ ရင်တောင် ရှောင်ရမည်။ လူမိုက်ဆိုမှတော့ ဝေးဝေးကရှောင်မှ အန္တရာယ်ကင်းလိမ့်မည်။
"တောင် ! "
မက်ဆေ့ ဝင်လာသံကြောင့် လူကလေး အိတ်ထဲက ဖုန်းကို နှိုက်ထုတ်ကြည့်လိုက်တော့ အကိုကြီး ဆီက
"အပြင်မှာ ရောက်နေပီ အခန်းပြင်ထွက်ခဲ့"
စာဖက်ပီး ဘေးဘီကိုဝေ့ဝိုက်လိုက်ရှာတော့ အခန်းဝမှာ လက်ပြနေတဲ့ အကိုကြကြောင့် gameထဲ အာရုံရောက်နေတဲ့ ရေးကိုတောင် ပြောမထားခဲ့ပဲ ထွက်တွေ့ လိုက်သည်။
"အကိုကြီး "
"ဖြည်းဖြည်းလာတာမဟုတ်ဘူး ချော်လဲမှဖြင့် "
သူ့ ကိုမြင်တာနဲ့ ပြေးလာလိုက်တာများ မသိရင် အချိန်ကြာကြီးမတွေ့ ရတဲ့ သူတွေလိုဝမ်းသာအားရ ။
ဘေးခွဲလေး သပ်သပ်ရပ်ဖီးခဲ့ပုံပေါ်တဲ့ ဆံပင်လေးတွေက နဖူးပေါ်မှာ အနည်းငယ် ဝဲကျနေသည်မို့ သပ်တင်ပေးလိုက်၏။
"ဟီး …အကိုကြီး စောင့်နေရမှာမို့ လိုလေ။ ပြောတော့ မနက်က ဖေဖေခိုင်းလို့ သွားစရာရှိသေးတယ်ဆို… နေခင်းပိုင်းလောက်မှ ကျောင်းကိုလာမယ်ဆို "
မေးခွန်းတွေ ထုတ်နေတဲ့ ကလေးလေးကို ပြုံးပြပီး…
" အင်း …အစောက အဲ့တိုင်း …ဒါပေမဲ့ မင်းကိုစိတ်မချလို့ "
"စိတ်မချစရာမှမဟုတ်တာ ကျွန်တော်က
ကလေးလဲမဟုတ် "
မကျေနပ်သလို စူပုတ်ကလေးလုပ်နေသည်မို့ အနည်းငယ်ဖောင်းချင်နေတဲ့ ပါးလေးကို ဆွဲ ဖျစ်ညစ်လိုက်သည်။
"အင်း … ကလေးမဟုတ်တော့တဲ့
ကလေးလေးမို့ ဘယ်သွားသွား စိတ်မချဘူး။ ဖြစ်နိုင်ရင် အိပ်ထောင်ထဲ သွားလေရာထည့်ခေါ်သွားချင်တာ "
အနှောင့်အသွားမလွှတ်တဲ့ ဘာလိုလို စကားကြီးကြောင့် လူကလေး ပူထူသွားတာမို့ ပါးပေါ်က လက်ကြီးကို ဆွဲဖယ်ပီးမျက်စောင်းထိုးလိုက်သည်။ နည်းနည်းမှအရှက်မရှိတဲ့သူကြီး ။
ပန်းနုရောင် ပါးပြင်မို့ မို့ ကို ကြည့်ပီး ဇ တံတွေးမြိုချလိုက်ရသည်။ ပန်းရောင်ပါးဖောင်းလေးက ဘာအရာသာရှိလဲ သိချင်သေး၏။ အကောင်လိုက်မြိုချရမလား …
ပါးဖောင်းလေးကို တကိုက်လောက်
အရင်ကိုက်ကြည့်ရမလား။ဒါမှမဟုတ်
မကျေနပ်လို့ ချွန်ထွက်နေတဲ့ နှုတ်ခမ်းလေးကို နည်းနည်းမြည်းပီး အရသာခံကြည့်ရမလား ဝေခွဲမရဖြစ်နေ၏။
"ဟို ……သွားတော့မယ် အကိုကြီးလဲ ပြန်တော့ ။ "
အတင်းကြီးငုံ့ ကြည့်နေတာကြောင့်
လူကလေးနေရခက်လှသည်။ ဘယ်တော့ကြည့်ကြည့် ဘို့ အားတစ်ထောင်မကတဲ့
အကြည့်တို့ နဲ့ ကြည့်တက်တဲ့ အကိုကြီး
ကို လူကလေးရင်မဆိုင်နိုင်သေး။
အခန်းပြင်ဖက်မှဆိုပေမဲ့ တချို့ တလေက ရပ်ပီးသိသိသာသာကြည့်နေသည်မို့ အတင်းနှင်လွှတ်မိပီး အခန်းထဲဝင်ပြေးလိုက်သည်။
"နေအုန်း "
လက်ဖျားကနေ အားထည့်ဆွဲလိုက်တာမို့ လူကအရှိန်နဲ့ တပတ်လည်ပီး အကိုကြီးနဲ့ မျက်နှာချင်းဆိုင် ပြန်ဖြစ်သွား၏။
လန့် သွားတာသဖြင့် မကျေနပ်ချင်တော့။
စူပုတ်ကာ မော့ကြည့်တော့ အကိုကြီးက ရီဝေ လှိုက်ဖို တဲ့ အကြည့်တို့ နဲ့ နစ်နစ်နဲနဲ စိုက်ကြည့်နေ၏။
" ဘာလို့ အတင်းသွားနေတာလဲ …
ဒီမယ်…မှာစရာရှိသေးတယ်လေ ။ "
ဘယ်လိုမှရင်ဆိုင်ဖို့ အဆင်မပြေတာမို့
လူကလေး ခေါင်းငုံ့ လိုက်တော့ မေးဖျားကနေ ပြန်ဆွဲမော့ပြန်၏။ ဒီအကိုကြီး ဘာဖြစ်နေတာလဲ ?သူများအသားကို လက်
လွတ်စဘယ်နဲ့ ။
"နေ့ ခင်း ထမင်းစားဖို့ လာခေါ်မယ်။
အပြင်တွေ လျှောက်မသွားနဲ့ ။ တခုခုဆိုဖုန်းဆက်…။ နော် ကလေးလေး "
"ဟုတ်ကဲ့ "
တိုးတိုးလေးပြန်ဖြေတော့
ဆွဲမော့ထားတဲ့ မေးဖျားကို ပြန်လွတ်လိုက်ပေး၏။
ခြေလှမ်းတို့ က အကိုကြီးလက်ကနေလွတ်သွားတာနဲ့
အခန်းထဲ ကို အလျှင်အမြန်ပြန်ဝင်ပြေး၏။ ရှက်စရာကောင်းလိုက်တာ… လူမြင်ကွင်းကြီး မှာ ။
ဒါတောင်နောက်ဖက်ကနေ …သဘောတကျရယ်မောနေတဲ့ အကိုကြီး အသံကကြားနေရသေးသည်။ ဆိုးလိုက်တာ
ဒီအကိုကြီးက။
နားတွေရော ပူ… ပါးပြင်နှစ်ဖက်ကလဲ ပူပီး
လူကလဲ ကတုန်ကယင်ကြီးဖြစ်နေတာက
လူတွေကြည့်နေလို့ လား။
ဒါမှမဟုတ် သဘောတကျ ရယ်မောလိုက်တဲ့ သြရှ အသံကြောင့်လား။
ဒါမှမဟုတ် ………………။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz