ZingTruyen.Xyz

ဇ ( Completed)

13

eainsi23

အကိုႀကီးေျပာေပးတဲ့ ကိတ္ဆိုင္မွာ အလုပ္ေနတာ နွစ္ရက္ေတာင္ရွိေနပီ။
ဆိုင္မွာရွိတဲ့ ဝန္ထမ္းေတြႀကားထဲမွာ လူကေလးက အငယ္ဆံုးေလးမို ့ အကုန္ေဖးေဖးမမ။
အရင္ေနခဲ့ရတဲ့ ပတ္ဝန္းက်င္နဲ ့မတူစြာ
လူေနမူ ့အဆင့္အတန္းေရာ အလုပ္ကိုင္ေရာ ေျပာင္းလဲစြာ လူကေလးကေတာ့ေနရာသစ္မွာျပံဳးလို ့ေပ်ာ္လို ့ ။ 
အေဆာင္နဲ ့ ့လဲ သိပ္မေဝးတာေႀကာင့္ Bus စီးပီးျပန္လဲရသလို ေျခခ်င္သြားလဲ အဆင္ေျပသည္။ ခုရက္ပိုင္းေတာ့ အကိုႀကီးက အသြားအျပန္ လိုက္ပို ့ေပးေနသည္မို ့  မက်ြမ္းက်င္တဲ့ လမ္းေတြကို ေတာင္ လူကေလး သိေနပီျဖစ္၏။

"ျပန္ေတာ့မွာလား ညီေလး "

ဆိုင္မွာ မုန္ ့ဖုတ္တဲ့ အကိုႀကီးက နွုတ္ဆက္လာတာေႀကာင့္ ……

"ဟုတ္ကဲ့ အကို … ျပန္ေတာ့မွာပါ ခင္ဗ် "

ရုိရုိေသေသ ျပန္နုတ္ဆက္လိုက္ေတာ့ သေဘာက်သြားသလို ျပံဳး၏။
ဒါတမင္လုပ္ယူတာမဟုတ္တဲ့ လူကေလးရဲ့ အားသာခ်က္။
တဖက္လူကို ရုိေသတယ္။ ကိုယ့္ကိုကိုယ္နိမ့္ခ်တယ္ စိတ္ထားျဖဴတယ္။
ဒါဟာ
တျခားလူ တစ္ေယာက္နဲ ့ အလြယ္တကူရင္းနွီးနိုင္မဲ့  အေနထားမ်ိဳ းပင္။

"ဟုတ္ပါပီကြာ လာႀကိဳမွာ မို ့ လား …
ဒါဆိုျပန္နွင့္ပီ "

ေျပာပီးျပန္သြားတဲ့ မုန္ ့ဖုတ္ တဲ့ အကိုႀကီးကိုေငးျပီး ေသခ်ာရင္းနွီးေအာင္ ေပါင္းထားဖို ့ လူကေလးေတြးလိုက္သည္။
ခုတေလာ ကိတ္မုန္ ့လုပ္တာ ကို လူကေလး ဝါသနာပါေန၏။
အစက မေရရာခဲ့တဲ့ ဝါသနာဆိုတဲ့အရာက ဆင္းရဲျခင္းဆိုတဲ့ဖိနွိပ္မူ ့ေအာက္ တိမ္ျမဳပ္ေနျပီးေနာက္မွာ
ေက်ာင္းတက္ဖို ့ ပိုက္ဆံရွာရမယ္ဆိုတဲ့ အသိနဲ ့ ေမ ့ေနခဲ့၏။
ခုေတာ့ လူကေလးလုပ္ခ်င္တာေတြ အကုန္လံုးျဖည္းျဖည္းျခင္းတခုပီးတခု လုပ္သြားေတာ့မည္။

"တီ တီ "

ဆိုင္ေရွ ့က ဟြန္းသံေႀကာင့္ လူကေလးအေျပးေလးသြားလိုက္၏။ ဆိုင္က ည ဆယ္နာရီမွ ပိတ္တာမို ့ လူကေလးတို ့လို အခ်ိန္ပိုင္းဝန္ထမ္းေတြေရာ တေနကုန္ လုပ္တဲ့ ဝန္ထမ္းေတြေရာ အေယာက္နွစ္ဆယ္ေလာက္ရွိသည့္ အေတာ္ႀကီးသည့္ဆိုင္ျဖစ္သည္။

" အဆင္ေျပလား ဒီေန ့ေရာ "

"ေျပတယ္ …အကိုႀကီး ဆိုင္က… အေတာ္ႀကီးတာပဲ… က်ြန္ ့ေတာ္ဘာသာ အလုပ္ေလ်ွာက္ရင္ရဖို ့…မလြယ္ဘူး အကိုႀကီးေႀကာင့္သာ အလြယ္တကူရတာ "

ကားထဲဝင္ထိုင္လိုက္ေတာ့ ထံုးစံတိုင္းေမး
လာ၏။ အရင္းနီးဆံုး သူစိမ္းေလးျဖစ္တဲ့
အကိုႀကီးကိုေတာ့ အစစအရာရာ အကုန္ေျပာျပဖို ့ရာ လူကေလး အရင္ေလာက္ မရွက္တက္ေတာ့။ 
တေန ့တာ ျဖစ္သမ်ွ အစီရင္ခံလို ့အျပီးမွာ အေဆာင္ေရွ ့ကိုေရာက္၏။

"ေနာက္ရက္ လိုက္မပို ့လဲရတယ္ အကိုႀကီး နီးနီးေလးပဲဟာ… က်ြန္ေတာ္ သြားတက္ေနပါပီ ။ "

ကားစက္သတ္ပီး လွည့္ႀကည့္လာတဲ့မ်က္ဝန္းကေအးစက္စက္မို ့လန္ ့သြား၏
ေႏြမိုးေဆာင္း ရာသီေျပာင္းလဲတက္သလို
အျမဲေျပာင္းလဲတက္တဲ့ မ်က္နွာထားကို
လူကေလးလဲ လိုက္မမွီေတာ့ …

"ဆင္း "

မာထန္ေနေသာ အသံျဖင့္ေျပာ၏။

"အကိုႀကီး"

မဝင့္မရဲ  ေႀကာက္လန္ ့တႀကားခပ္တိုးတိုးခၚမိေတာ့  စိတ္မရွည္သလို မ်က္ခံုးတို ့ကတြန္ ့ခ်ိဳးကုန္၏။

"ဆင္းေတာ့ "

ေျပာပီး ေရွ ့ျပန္လွည့့္ပီး ကားျပန္ေမာင္းဖို ့
ျပင္လိုက္တာေႀကာင့္ လူကေလးဝမ္းနည္းသြားရ၏။
အကိုႀကီးရဲ့ ဒီလိုပံုဆံကို
လူကေလးလံုးဝ မႀကိဳက္ပါ။ ကိုယ့္ကို ကိုယ္ ဘာအမွားလုပ္မိသလဲဆိုတာ ထပ္ခါထပ္ခါျပန္စဥ္းႀကည့္ေတာ့လဲ အေျဖကမထြက္။
သက္ျပင္းခ်ကာ လူကေလးေျဖးေလးစြာ
ဆင္းလိုက္ပီး ကားတံခါးကို ျပန္ပိတ္ေပးလိုက္သည္။ ပိတ္ေပးလိုက္တာနဲ ့ခ်က္ျခင္း
အႀကမ္းပတမ္းေမာင္း ထြက္သြားတဲ့ ကားေနာက္မွီးကို ရပ္ေငးရင္း
ရင္ဖက္ထဲက ေအာင့္လာကာ ဝမ္းနည္းစ္တ္နဲ ့ မ်က္ရည္တို ့က အတိုင္းစမရွိ က်လာ၏။
ပုခံုးေပၚက ေက်ာပိုးအိတ္ေလးကို ေျမႀကီေပၚပစ္ခ်ပီး ဒူးေပၚမ်က္နွာအပ္ လက္ပိုက္ကာ အေဆာင္ထဲလဲမဝင္ပဲ ျခံေရွ ့ေထာင့္ခ်ိဳးေလး ထိုင္ ငိုပစ္လိုက္သည္။

"က်စ္ "

စိတ္တိုပီး ပစ္ထားခဲ့ေပမဲ့ မေနနိုင္ မထိုင္နိုင္ ေနာက္ျပန္လွည့္ခ်င္စိတ္က ဝင္လာ၏။
ေန ့တိုင္း ဒီမ်က္နွာေလး ေတြ ့ဖို ့ ဇဘယ္ေလာက္ ေမ်ွာ္လင့္ခဲ့ရသလဲ။ ဒါေတာင္ လိုက္ပို ့စရာမဟုတ္ဘူးဆိုေတာ့ ဒါဘာသေဘာလဲ ။ စီယာတိုင္ ကို ေဒါသတႀကီးသံုးေလးခ်က္ေလာက္ တဘန္းဘန္းအသံထြက္ေအာင္ထိ ရုိက္ပီး ေဒါသေတြ ကိုပံုခ်လိုက္သည္။ ဒီေန ့တေန ့လံုးဘယ္ခ်ိန္
စကားေကာင္းေကာင္းေျပာရေသးလို ့လဲ။
ကားေပၚမွာမျပန္ခင္ တီတီတာတာ ေျပာဖို ့ အားခဲထားတာကို

"ဟာကြာ  "

လက္သီးကို တင္းတင္းစုတ္ပီး စိတ္တင္းထားေပမဲ့ မေရာင့္ရဲနိုင္ေသးတဲ့ စိတ္က
စိတ္အလိုကို လိုက္ကာ ကားကိုျပန္ေကြ ့ပီးေန၏။ တခနအတြင္းမွာ အေဆာင္ေရွ ့ ျပန္ေရာက္ေတာ့ ေစာေစာက ထားခဲ့ေနရာမွာ ငုတ္တုတ္ထိုင္ေနတဲ့ အျဖဴေရာင္အရိပ္ေလး။

စိုးရိမ္တႀကီး  ကားေပၚက ဆင္းေျပးလိုက္မိပီး ေထြးေပြ ့ထားလိုက္မိသည္အထိ
ဇ  ပူထူသြား၏

"ဘာျဖစ္တာလဲ  ဘယ္ေကာင္လုပ္တာလဲေျပာ  "

ေထြးေပြ ့ပီးေဒါသတႀကီးေအာ္မိေတာ့ ဒူးေပၚေမွာက္ထားတဲ့ မ်က္နွာေလးက ေမာ့လာ၏။

"က်ြတ္ "

နီရဲေနတဲ့ မ်က္ခမ္း စပ္ေလးေတြေႀကာင့္
ဇ  ရင္ဖက္ထဲက စစ္ကနဲေတာင္ ေအာင့္မ်က္သြား၏။
မခံစားနိုင္တဲ့ အဆံုးမွာ  ပုခံုးေလးနွစ္ဖက္ ကို ဖိကိုင္ပီး မ်က္လံုးျခင္းစံုေအာင္ ဇ  စိုက္ႀကည့္လိုက္သည္။ တဒုန္းဒုန္းတဒိုင္းျမည္ေနတဲ့ ရင္ခုံသံေတြက ပိုင္ရွင္နဲ ့ေတြ ့တိုင္း အျပင္ေတာင္ခုန္ထြက္ခ်င္ေနသလို ဆိုးဆိုးရြားရြားခုန္၏။

"ဟင့္ အကိုႀကီး"

ေျပာရင္း တလိမ့္လိမ့္ႀကလာတဲ့ ပုလံုးေလးေတြကို ဇ မက္ေမာစြာလိုက္ႀကည့္လိုက္၏။  မင္းကို ေသေအာင္ သေဘာက်တယ္ကေလးေလး ။ က်န္တာေတြ မလိုဘူး
မ်က္ရည္ဥေလးေတြ ကိုေတာင္ ေအာက္ျပဳတ္က်သြားမွာ နွာေျမာတယ္။ ပါးျပင္နုနုက
မ်က္ရည္စက္ေလးေတြကို ဖိကပ္နမ္းရွဳိက္ပစ္လိုက္ခ်င္ပါေသာ္လဲ လက္ေတြ ့မွာေတာ့

"မငိုနဲ ့ … ေျပာ…ဘာလို ့ငိုတာလဲ "

ပါးျပင္ကို လက္မေလးနဲ ့ ဖိသုတ္ရင္းဆိုလိုက္၏။

" အ အကိုႀကီး… ဘာလို ့ထားခဲ့လဲ ဟီးအီး
ဘာလို ့ ေဒါသထြက္တာလဲ ။ အဲ့လိုရုပ္ႀကီးနဲ ့ ေနာက္ကိုလာမႀကည့္နဲ ့မႀကိဳက္ဘူး ဟီးအီး"

   လည္ပင္းကို သိုင္းဖက္ပီး ငိုေတာ့
ေႏြးေထြးတဲ့ ကိုယ္ေသးေသးကို ျမတ္နိုးစြာေထြးေပြ ့ထားရင္း ဇ  ျပံဳးလိုက္သည္။

ခ်စ္စရာေလး။ ကိုယ္လံုးေလးကလဲ အိ လို ့။

"မႀကိဳက္ဘူးလို ့ဟင့္ …  အဲ့လို ေဒါသထြက္တာႀကီးကိုမႀကိဳက္ဘူးလို ့…  ခုလို… အေႀကာင္းမရွိ စိတ္ဆိုးတာလဲ မႀကိဳက္ဘူးလို ့ …အင့္ လံုးဝမႀကိဳက္ဘူး "

ရွဳိက္ႀကီးတငင္ငင္ ငိုပီးေျပာေနတာက 
သူ ့ကိုေဒါသထြက္ပီးထားခဲ့လို ့တဲ့ ။

"အင္းေနာက္ကို  ေဒါသမထြက္ေအာင္ႀကိဳးစားမယ္ "

"မထြက္ဘူးလို ့ေျပာ ဟင့္ "

"ဘာကိုလဲ "

"အီးဟီး ေဒါသမထြက္ဘူးလို ့ ေျပာလို ့"

"ဟုတ္ပီဟုတ္ပီ … မႀကိဳးစားဘူး။ ေသခ်ာေပါက္ ေဒါသ မထြက္ေတာ့ဘူး … ေနာ္ "

ေက်ာျပင္ေလးကို ပုတ္ပီး ဂတိေပးေတာ့ ခ်က္ျခင္းတိတ္သြား၏။ဆိုးလိုက္တာ ကေလးေလးက  ဒါေပမဲ့ ခ်စ္စရာေလး။ ျငိမ္ျငိမ္သက္သက္ေလး ဇ ဖက္ထားတဲ့ အတိုင္းျငိမ္ခံေနေတာ့ ဇ ပိုတိုးဖက္လိုက္၏။
တမင္သက္သက္ ဖက္လိုက္နမ္းလိုက္လုပ္ဖို ့က်လဲ လက္ကမရဲတာမို ့ ခုလို
အေႀကာင္းတိုက္ဆိုင္လာေတာ့ လဲ ပိုပို
သာသာေလး ဖက္မိလိုက္၏။ ဒါ အသက္မျပည့္ေသးတာနဲ ့ေတာ့ ဘာမွမဆိုင္ဘူးမို ့လား။

#####

"ျပန္ေရာက္ပီလား ေနာက္က်လိုက္တာ"

စာဖတ္ေနရာကေန အလုပ္ကျပန္တာတဲ့ လူလူကို ေရး ေမာ့ႀကည့္ေမးလိုက္ေတာ့ ႏြမ္းလ်စြာ ျပံဳးျပ၏။

"အင္း …ျပန္လာပီ ။ နည္းနည္းေနာက္က်သြားတယ္ "

ကုတင္စြန္းမွာ ေက်ာပိုးအိတ္အနက္ေလးကို ပစ္တင္ရင္း ခံုဆြဲထုတ္ပီး ေျခပစ္လက္ပစ္ထိုင္ရင္းျပန္ေျဖ၏။

" အခ်ိန္ပိုဆင္းေနတာလား "

"မ ဟုတ္ဘူး ျပန္ေရာက္တာႀကာပီ။
အကိုႀကီးနဲ ့စကားေျပာေနလို ့"

"ေအာ္ ငါက မင္းအခ်ိန္ပိုဆင္းေနေသးတယ္မွတ္တာ ။ ဒါဆိုလဲ ေရခ်ိဳးေတာ့ေလ မိုးခ်ဳပ္မွခ်ိဳးရင္ေနမေကာင္းျဖစ္လိမ့္မယ္ "

"အင္း ဒါဆို ငါေရခ်ိဳးအုန္းမယ္ "

တလွဳပ္လွဳပ္နဲ ့ေရလဲပုဆိုးေတြယူပီးေရခ်ိဳးခန္းကို ဝင္သြားတဲ့ လူကေလးကို ေရး
ေသေသခ်ာခ်ာလိုက္ႀကည့္ေနလိုက္သည္။
တျခားဘယ္သူ ့ဆီမွဖုန္းဆက္လာတာမရွိပဲ အကိုႀကီးဆိုသူသာ ခနခနဆက္သည္
မို ့ သတိထားမိေနတာႀကာပီ။ 

အႀကိဳအပို ့သာ မက အဲ့အကိုႀကီးက တခါတခါ မုန္ ့ေတြဝယ္လာေပးတာလဲ ေရခဲေသတၱာထဲမွာမနည္းမေနာ ။
ဘာေနေန
အကိုႀကီးဆိုသူသာ သတိတရ လွမ္းလွမ္းေျပာျပေနတက္ပီး  တခါတခါဖုန္းေျပာရင္လဲ သမီးရည္းစားေတြလို အႀကာႀကီးပဲ။
မေသခ်ာတဲ့ အေတြးေတြနဲ ့ ေရး ေမးရမွာလဲ အားနာ ထင္ေႀကးေပးဖို ့ကလဲ
ကိုယ္လဲ အကိုႀကီးဆိုသူကို မေတြ ့ဘူး ။
ဒီတခါလာရင္ေတာ့ ေသခ်ာေပါက္
ႀကည့္ျဖစ္ေအာင္ႀကည့္ရအုန္းမည္။

ခ်စ္တဲ့အိမ္စည္။

(ေတာင္ေလ တိုက္ေနေတာ့ ရူးခ်င္သလိုလိုျဖစ္ေနတယ္။)

ေနကပူ သစ္ရြက္ကေႀကြ ဖုန္က ထ၏ ။
ထန္းေရကခ်ိဳ  အပင္ကခ် ေတာ့
ခ်က္ျခင္းေသာက္မိ ေလပူတိုက္ေတာ့
မူးေလပီ    ေဂ့ ……

(မိမိသည္ အရက္သမားမဟုတ္ အိမ္ေရွ့မွာ ထန္းပင္ခ်ေတာ့ ျမည္းႀကည့္ရုံတင္)

############

အကိုကြီးပြောပေးတဲ့ ကိတ်ဆိုင်မှာ အလုပ်နေတာ နှစ်ရက်တောင်ရှိနေပီ။
ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေကြားထဲမှာ လူကလေးက အငယ်ဆုံးလေးမို့  အကုန်ဖေးဖေးမမ။
အရင်နေခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့ မတူစွာ
လူနေမူ့ အဆင့်အတန်းရော အလုပ်ကိုင်ရော ပြောင်းလဲစွာ လူကလေးကတော့နေရာသစ်မှာပြုံးလို့ ပျော်လို့  ။ 
အဆောင်နဲ့့လဲ သိပ်မဝေးတာကြောင့် Bus စီးပီးပြန်လဲရသလို ခြေချင်သွားလဲ အဆင်ပြေသည်။ ခုရက်ပိုင်းတော့ အကိုကြီးက အသွားအပြန် လိုက်ပို့ ပေးနေသည်မို့   မကျွမ်းကျင်တဲ့ လမ်းတွေကို တောင် လူကလေး သိနေပီဖြစ်၏။

"ပြန်တော့မှာလား ညီလေး "

ဆိုင်မှာ မုန့် ဖုတ်တဲ့ အကိုကြီးက နှုတ်ဆက်လာတာကြောင့် ……

"ဟုတ်ကဲ့ အကို … ပြန်တော့မှာပါ ခင်ဗျ "

ရိုရိုသေသေ ပြန်နုတ်ဆက်လိုက်တော့ သဘောကျသွားသလို ပြုံး၏။
ဒါတမင်လုပ်ယူတာမဟုတ်တဲ့ လူကလေးရဲ့ အားသာချက်။
တဖက်လူကို ရိုသေတယ်။ ကိုယ့်ကိုကိုယ်နိမ့်ချတယ် စိတ်ထားဖြူတယ်။
ဒါဟာ
တခြားလူ တစ်ယောက်နဲ့  အလွယ်တကူရင်းနှီးနိုင်မဲ့  အနေထားမျိုးပင်။

"ဟုတ်ပါပီကွာ လာကြိုမှာ မို့  လား …
ဒါဆိုပြန်နှင့်ပီ "

ပြောပီးပြန်သွားတဲ့ မုန့် ဖုတ် တဲ့ အကိုကြီးကိုငေးပြီး သေချာရင်းနှီးအောင် ပေါင်းထားဖို့  လူကလေးတွေးလိုက်သည်။
ခုတလော ကိတ်မုန့် လုပ်တာ ကို လူကလေး ဝါသနာပါနေ၏။
အစက မရေရာခဲ့တဲ့ ဝါသနာဆိုတဲ့အရာက ဆင်းရဲခြင်းဆိုတဲ့ဖိနှိပ်မူ့ အောက် တိမ်မြုပ်နေပြီးနောက်မှာ
ကျောင်းတက်ဖို့  ပိုက်ဆံရှာရမယ်ဆိုတဲ့ အသိနဲ့  မေ့ နေခဲ့၏။
ခုတော့ လူကလေးလုပ်ချင်တာတွေ အကုန်လုံးဖြည်းဖြည်းခြင်းတခုပီးတခု လုပ်သွားတော့မည်။

"တီ တီ "

ဆိုင်ရှေ့ က ဟွန်းသံကြောင့် လူကလေးအပြေးလေးသွားလိုက်၏။ ဆိုင်က ည ဆယ်နာရီမှ ပိတ်တာမို့  လူကလေးတို့ လို အချိန်ပိုင်းဝန်ထမ်းတွေရော တနေကုန် လုပ်တဲ့ ဝန်ထမ်းတွေရော အယောက်နှစ်ဆယ်လောက်ရှိသည့် အတော်ကြီးသည့်ဆိုင်ဖြစ်သည်။

" အဆင်ပြေလား ဒီနေ့ ရော "

"ပြေတယ် …အကိုကြီး ဆိုင်က… အတော်ကြီးတာပဲ… ကျွန့် တော်ဘာသာ အလုပ်လျှောက်ရင်ရဖို့ …မလွယ်ဘူး အကိုကြီးကြောင့်သာ အလွယ်တကူရတာ "

ကားထဲဝင်ထိုင်လိုက်တော့ ထုံးစံတိုင်းမေး
လာ၏။ အရင်းနီးဆုံး သူစိမ်းလေးဖြစ်တဲ့
အကိုကြီးကိုတော့ အစစအရာရာ အကုန်ပြောပြဖို့ ရာ လူကလေး အရင်လောက် မရှက်တက်တော့။ 
တနေ့ တာ ဖြစ်သမျှ အစီရင်ခံလို့ အပြီးမှာ အဆောင်ရှေ့ ကိုရောက်၏။

"နောက်ရက် လိုက်မပို့ လဲရတယ် အကိုကြီး နီးနီးလေးပဲဟာ… ကျွန်တော် သွားတက်နေပါပီ ။ "

ကားစက်သတ်ပီး လှည့်ကြည့်လာတဲ့မျက်ဝန်းကအေးစက်စက်မို့ လန့် သွား၏
နွေမိုးဆောင်း ရာသီပြောင်းလဲတက်သလို
အမြဲပြောင်းလဲတက်တဲ့ မျက်နှာထားကို
လူကလေးလဲ လိုက်မမှီတော့ …

"ဆင်း "

မာထန်နေသော အသံဖြင့်ပြော၏။

"အကိုကြီး"

မဝင့်မရဲ  ကြောက်လန့် တကြားခပ်တိုးတိုးခ်ါမိတော့  စိတ်မရှည်သလို မျက်ခုံးတို့ ကတွန့် ချိုးကုန်၏။

"ဆင်းတော့ "

ပြောပီး ရှေ့ ပြန်လှည့်ပီး ကားပြန်မောင်းဖို့
ပြင်လိုက်တာကြောင့် လူကလေးဝမ်းနည်းသွားရ၏။
အကိုကြီးရဲ့ ဒီလိုပုံဆံကို
လူကလေးလုံးဝ မကြိုက်ပါ။ ကိုယ့်ကို ကိုယ် ဘာအမှားလုပ်မိသလဲဆိုတာ ထပ်ခါထပ်ခါပြန်စဉ်းကြည့်တော့လဲ အဖြေကမထွက်။
သက်ပြင်းချကာ လူကလေးဖြေးလေးစွာ
ဆင်းလိုက်ပီး ကားတံခါးကို ပြန်ပိတ်ပေးလိုက်သည်။ ပိတ်ပေးလိုက်တာနဲ့ ချက်ခြင်း
အကြမ်းပတမ်းမောင်း ထွက်သွားတဲ့ ကားနောက်မှီးကို ရပ်ငေးရင်း
ရင်ဖက်ထဲက အောင့်လာကာ ဝမ်းနည်းစ်တ်နဲ့  မျက်ရည်တို့ က အတိုင်းစမရှိ ကျလာ၏။
ပုခုံးပေါ်က ကျောပိုးအိတ်လေးကို မြေကြီပေါ်ပစ်ချပီး ဒူးပေါ်မျက်နှာအပ် လက်ပိုက်ကာ အဆောင်ထဲလဲမဝင်ပဲ ခြံရှေ့ ထောင့်ချိုးလေး ထိုင် ငိုပစ်လိုက်သည်။

"ကျစ် "

စိတ်တိုပီး ပစ်ထားခဲ့ပေမဲ့ မနေနိုင် မထိုင်နိုင် နောက်ပြန်လှည့်ချင်စိတ်က ဝင်လာ၏။
နေ့ တိုင်း ဒီမျက်နှာလေး တွေ့ ဖို့  ဇဘယ်လောက် မျှော်လင့်ခဲ့ရသလဲ။ ဒါတောင် လိုက်ပို့ စရာမဟုတ်ဘူးဆိုတော့ ဒါဘာသဘောလဲ ။ စီယာတိုင် ကို ဒေါသတကြီးသုံးလေးချက်လောက် တဘန်းဘန်းအသံထွက်အောင်ထိ ရိုက်ပီး ဒေါသတွေ ကိုပုံချလိုက်သည်။ ဒီနေ့ တနေ့ လုံးဘယ်ချိန်
စကားကောင်းကောင်းပြောရသေးလို့ လဲ။
ကားပေါ်မှာမပြန်ခင် တီတီတာတာ ပြောဖို့  အားခဲထားတာကို

"ဟာကွာ  "

လက်သီးကို တင်းတင်းစုတ်ပီး စိတ်တင်းထားပေမဲ့ မရောင့်ရဲနိုင်သေးတဲ့ စိတ်က
စိတ်အလိုကို လိုက်ကာ ကားကိုပြန်ကွေ့ ပီးနေ၏။ တခနအတွင်းမှာ အဆောင်ရှေ့  ပြန်ရောက်တော့ စောစောက ထားခဲ့နေရာမှာ ငုတ်တုတ်ထိုင်နေတဲ့ အဖြူရောင်အရိပ်လေး။

စိုးရိမ်တကြီး  ကားပေါ်က ဆင်းပြေးလိုက်မိပီး ထွေးပွေ့ ထားလိုက်မိသည်အထိ
ဇ  ပူထူသွား၏

"ဘာဖြစ်တာလဲ  ဘယ်ကောင်လုပ်တာလဲပြော  "

ထွေးပွေ့ ပီးဒေါသတကြီးအော်မိတော့ ဒူးပေါ်မှောက်ထားတဲ့ မျက်နှာလေးက မော့လာ၏။

"ကျွတ် "

နီရဲနေတဲ့ မျက်ခမ်း စပ်လေးတွေကြောင့်
ဇ  ရင်ဖက်ထဲက စစ်ကနဲတောင် အောင့်မျက်သွား၏။
မခံစားနိုင်တဲ့ အဆုံးမှာ  ပုခုံးလေးနှစ်ဖက် ကို ဖိကိုင်ပီး မျက်လုံးခြင်းစုံအောင် ဇ  စိုက်ကြည့်လိုက်သည်။ တဒုန်းဒုန်းတဒိုင်းမြည်နေတဲ့ ရင်ခုံသံတွေက ပိုင်ရှင်နဲ့ တွေ့ တိုင်း အပြင်တောင်ခုန်ထွက်ချင်နေသလို ဆိုးဆိုးရွားရွားခုန်၏။

"ဟင့် အကိုကြီး"

ပြောရင်း တလိမ့်လိမ့်ကြလာတဲ့ ပုလုံးလေးတွေကို ဇ မက်မောစွာလိုက်ကြည့်လိုက်၏။  မင်းကို သေအောင် သဘောကျတယ်ကလေးလေး ။ ကျန်တာတွေ မလိုဘူး
မျက်ရည်ဥလေးတွေ ကိုတောင် အောက်ပြုတ်ကျသွားမှာ နှာမြောတယ်။ ပါးပြင်နုနုက
မျက်ရည်စက်လေးတွေကို ဖိကပ်နမ်းရှိုက်ပစ်လိုက်ချင်ပါသော်လဲ လက်တွေ့ မှာတော့

"မငိုနဲ့  … ပြော…ဘာလို့ ငိုတာလဲ "

ပါးပြင်ကို လက်မလေးနဲ့  ဖိသုတ်ရင်းဆိုလိုက်၏။

" အ အကိုကြီး… ဘာလို့ ထားခဲ့လဲ ဟီးအီး
ဘာလို့  ဒေါသထွက်တာလဲ ။ အဲ့လိုရုပ်ကြီးနဲ့  နောက်ကိုလာမကြည့်နဲ့ မကြိုက်ဘူး ဟီးအီး"

   လည်ပင်းကို သိုင်းဖက်ပီး ငိုတော့
နွေးထွေးတဲ့ ကိုယ်သေးသေးကို မြတ်နိုးစွာထွေးပွေ့ ထားရင်း ဇ  ပြုံးလိုက်သည်။

ချစ်စရာလေး။ ကိုယ်လုံးလေးကလဲ အိ လို့ ။

"မကြိုက်ဘူးလို့ ဟင့် …  အဲ့လို ဒေါသထွက်တာကြီးကိုမကြိုက်ဘူးလို့ …  ခုလို… အကြောင်းမရှိ စိတ်ဆိုးတာလဲ မကြိုက်ဘူးလို့  …အင့် လုံးဝမကြိုက်ဘူး "

ရှိုက်ကြီးတငင်ငင် ငိုပီးပြောနေတာက 
သူ့ ကိုဒေါသထွက်ပီးထားခဲ့လို့ တဲ့ ။

"အင်းနောက်ကို  ဒေါသမထွက်အောင်ကြိုးစားမယ် "

"မထွက်ဘူးလို့ ပြော ဟင့် "

"ဘာကိုလဲ "

"အီးဟီး ဒေါသမထွက်ဘူးလို့  ပြောလို့ "

"ဟုတ်ပီဟုတ်ပီ … မကြိုးစားဘူး။ သေချာပေါက် ဒေါသ မထွက်တော့ဘူး … နော် "

ကျောပြင်လေးကို ပုတ်ပီး ဂတိပေးတော့ ချက်ခြင်းတိတ်သွား၏။ဆိုးလိုက်တာ ကလေးလေးက  ဒါပေမဲ့ ချစ်စရာလေး။ ငြိမ်ငြိမ်သက်သက်လေး ဇ ဖက်ထားတဲ့ အတိုင်းငြိမ်ခံနေတော့ ဇ ပိုတိုးဖက်လိုက်၏။
တမင်သက်သက် ဖက်လိုက်နမ်းလိုက်လုပ်ဖို့ ကျလဲ လက်ကမရဲတာမို့  ခုလို
အကြောင်းတိုက်ဆိုင်လာတော့ လဲ ပိုပို
သာသာလေး ဖက်မိလိုက်၏။ ဒါ အသက်မပြည့်သေးတာနဲ့ တော့ ဘာမှမဆိုင်ဘူးမို့ လား။

#####

"ပြန်ရောက်ပီလား နောက်ကျလိုက်တာ"

စာဖတ်နေရာကနေ အလုပ်ကပြန်တာတဲ့ လူလူကို ရေး မော့ကြည့်မေးလိုက်တော့ နွမ်းလျစွာ ပြုံးပြ၏။

"အင်း …ပြန်လာပီ ။ နည်းနည်းနောက်ကျသွားတယ် "

ကုတင်စွန်းမှာ ကျောပိုးအိတ်အနက်လေးကို ပစ်တင်ရင်း ခုံဆွဲထုတ်ပီး ခြေပစ်လက်ပစ်ထိုင်ရင်းပြန်ဖြေ၏။

" အချိန်ပိုဆင်းနေတာလား "

"မ ဟုတ်ဘူး ပြန်ရောက်တာကြာပီ။
အကိုကြီးနဲ့ စကားပြောနေလို့ "

"အော် ငါက မင်းအချိန်ပိုဆင်းနေသေးတယ်မှတ်တာ ။ ဒါဆိုလဲ ရေချိုးတော့လေ မိုးချုပ်မှချိုးရင်နေမကောင်းဖြစ်လိမ့်မယ် "

"အင်း ဒါဆို ငါရေချိုးအုန်းမယ် "

တလှုပ်လှုပ်နဲ့ ရေလဲပုဆိုးတွေယူပီးရေချိုးခန်းကို ဝင်သွားတဲ့ လူကလေးကို ရေး
သေသေချာချာလိုက်ကြည့်နေလိုက်သည်။
တခြားဘယ်သူ့ ဆီမှဖုန်းဆက်လာတာမရှိပဲ အကိုကြီးဆိုသူသာ ခနခနဆက်သည်
မို့  သတိထားမိနေတာကြာပီ။ 

အကြိုအပို့ သာ မက အဲ့အကိုကြီးက တခါတခါ မုန့် တွေဝယ်လာပေးတာလဲ ရေခဲသေတ္တာထဲမှာမနည်းမနော ။
ဘာနေနေ
အကိုကြီးဆိုသူသာ သတိတရ လှမ်းလှမ်းပြောပြနေတက်ပီး  တခါတခါဖုန်းပြောရင်လဲ သမီးရည်းစားတွေလို အကြာကြီးပဲ။
မသေချာတဲ့ အတွေးတွေနဲ့  ရေး မေးရမှာလဲ အားနာ ထင်ကြေးပေးဖို့ ကလဲ
ကိုယ်လဲ အကိုကြီးဆိုသူကို မတွေ့ ဘူး ။
ဒီတခါလာရင်တော့ သေချာပေါက်
ကြည့်ဖြစ်အောင်ကြည့်ရအုန်းမည်။

ချစ်တဲ့အိမ်စည်။

(တောင်လေ တိုက်နေတော့ ရူးချင်သလိုလိုဖြစ်နေတယ်။)

နေကပူ သစ်ရွက်ကကြွေ ဖုန်က ထ၏ ။
ထန်းရေကချို  အပင်ကချ တော့
ချက်ခြင်းသောက်မိ လေပူတိုက်တော့
မူးလေပီ    ဂေ့ ……

(မိမိသည် အရက်သမားမဟုတ် အိမ်ရှေ့မှာ ထန်းပင်ချတော့ မြည်းကြည့်ရုံတင်)

############

Bạn đang đọc truyện trên: ZingTruyen.Xyz