12
အကိုႀကီး ခင္းေပးထားတဲ့ အျပာေရာင္ေမြ ့ယာ ေလးေပၚအိပ္ရင္း ေမြးေန ့က လက္ေဆာင္ေပးထားတဲ့ အရုပ္ကေလးကို ဖက္ပီးျပံဳးလိုက္သည္။ ေအးစိမ့္စိမ့္အခန္းကအိမ္မွာလို ပူပူေလာင္ေလာင္မရွိတာေႀကာင့္ လူကေလးသေဘာက်ေန၏
ေမြ ့ယာပါးပါးေလးဆိုေပမဲ့ ခုမွအိပ္ဖူးတာမို ့ ဇိမ္က်ေနသည့္အျပင္ ေခါင္းအုန္းကလဲအိမ္မွာလို မာေတာင့္ေတာင့္ အေဟာင္းေလးမဟုတ္ပဲ အိစက္ေနသည္မို ့ ျပံဳးစိစိနဲ ့အေတာ္ႀကီးနွစ္ျခိဳက္ေနမိသည္။ တျဖည္းျဖည္းနဲ ့အကိုႀကီးအရိပ္ေအာက္မွာ နစ္သက္ထက္နစ္လာေပမဲ့ လူကေလးလံုျခံဳေနသည္ဟု ယံုႀကည္လက္ခံထားဆဲပင္။
"က်ြီ "
တံခါးတြန္းဝင္သံေႀကာင့္ လူကေလး ထ ထိုင္ပီးႀကည့္လိုက္ေတာ့ လူကေလးတို ့လိုအရြယ္ေကာင္ေလးျဖစ္ေန၏။ လူကေလးလိုမဟုတ္ပဲ ဂ်င္းေဘာင္းဘီ အနက္ကေလးကို တီရွပ္ကေလးနဲ ့တြဲဝတ္ထားကာ
ေက်ာပိုးအိတ္ေလးလြယ္ထားသည္မို ့ ခပ္လန္းလန္းဆယ္ေက်ာ္သက္ေလးျဖစ္သည္။
"ဟိုင္း!!"
ဒီေန ့ အခန္းမွာ လူသစ္ေရာက္မယ္လို ့အေဆာင္မွဴ းေျပာထားလို ့ ေရး သိထားသည္။ ေအးေအးေဆးေဆးေနတက္သည္မို ့ တအားစကားမ်ားဆူပူတက္သူမ်ိဳးဆို
ေရး အခန္းေျပာင္းဖို ့စဥ္းစားထားေပမဲ့ တကယ္ေတြ ့လိုက္ရတာ ေရး အရြယ္ေကာင္ေလးမို ့ ေရးဖက္ကသာ ခပ္သြက္သြက္နုတ္ဆက္လိုက္သည္။ ကာတြန္းရုပ္ႀကီးႀကီးပါသည္ အျပာေရာင္ ေမြ ့ယာထက္မွာငုတ္တုတ္ေလး ထိုင္ပီး ေရးကိုျပဴးျပဴးေလး
ႀကည့္ေနသည္မို ့ ေရးဖက္ စနုတ္ဆက္လိုက္ျခင္းျဖစ္သည္။
"ဟုတ္ကဲ့ …က်ြန္ေတာ္ ခုမွေရာက္တဲ့ …
အခန္းေဖာ္အသစ္ပါဗ် "
အမယ္ ယဥ္ယဥ္ေက်းေက်းေလး…မဆိုးဘူး… ဒီအေဆာင္က လူသန္ ့ေပမဲ့
ရုံးဝန္ထမ္းမ်ားကာ လူလတ္ပိုင္းအရြယ္ေတြမို ့ ေရး…အေပါင္းသင္းလုပ္ဖို ့အဆင္မေျပ။ ေက်ာပိုးအိတ္ကို တဖက္ကေမြ ့ယာေပၚ ပစ္တင္ပီး ကုတင္ေဘးမွာ တစ္ေယာက္တလံုးအသံုးျပဳဖို ့ခ်ေပးထားေသာစာႀကည့္စားပြဲကခံုကို ဆြဲထုတ္ပီးထိုင္လိုက္သည္။
"အင္း …ငါသိတယ္ မင္းလာမယ္လို ့ ။ ငါ့နာမည္က… ေရး …မင္းကေရာ "
ေမးေငါ့ျပသည္မို ့ လူကေလးကိုယ့္ကိုကိုယ္မိတ္ဆက္လိုက္၏။
"က်ြန္ေတာ့နာမည္ လူကေလးပါ ဗ် "
"ဘယ္လို "
"လူကေလးပါဗ် "
"ဟားဟား …လူကေလး … ေပးတက္လိုက္တာ နာမည္က …ငါသေဘာက်တယ္ ။
ဒါေပမဲ့ ေခၚရတာေထာက္လို ့ လူလူလို ့ေခၚမယ္ …ရလား "
တဟားဟား ေအာ္ရယ္ပီး ေျပာေနတာေႀကာင့္ လူကေလး စိတ္မဆိုးတဲ့အျပင္ သေဘာေတာင္ က်ေနေသးသည္။ ဒါလူကေလးဘဝမွာ ပထမဦးဆံုးရြယ္တူအေပါင္းအသင္းျဖစ္လို ့ပင္ ။
"ဟုတ္ …အဆင္ေျပသလို ေခၚပါဗ် ။ ေရး နာမည္ကေရာ ေရး …ပဲလား "
"ေဟ့…ေဟ့… ရုိရုိေသေသလုပ္မေနနဲ ့။
မင္းနဲ ့ငါနဲ ့ေျပာ …ရတယ္ ။ ဟုတ္တယ္ ငါ့နာမည္ ေရး တစ္လံုးထဲ ။ "
ေပ်ာ္ေပ်ာ္ေနတက္ပံုရသည္မို ့ လူကေလးတို ့နွစ္ေယာက္ ခန ပင္ ခင္သြား၏။
" ဒါဆို… မင္းက သက္သက္ အေဆာင္လာေနတာေပါ့ "
ေရး အေမးကို လူကေလးေခါင္းျငိမ့္ျပပီး…
"အင္း… ငါ အလုပ္လုပ္ရင္းေက်ာင္းတက္ဖို ့…အေဆာင္လာေနတာ ။ "
" ဘာေမဂ်ာလဲ"
"Eေမဂ်ာ "
"ဟာ… တကယ္ ငါေရာပဲ… Eေမဂ်ာ …ဟားဟား …
ငါတစ္ေယာက္ထဲေႀကာင္ေနမယ္ထင္တာ အေဖာ္ရပီ ဟ "
"ဟီး …ငါေရာပဲ …မဟုတ္ရင္… ငါက
အျပင္ေတြ သိပ္မထြက္ဖူးေတာ့တစ္ေယာက္ထဲ သြားရမွာ… ေႀကာက္ေနတာနဲ ့အေတာ္ပဲ "
တည္တည္ျငိမ္ျငိမ္ေလး ေျပာေနတဲ့ လူလူကို ေရး …ႀကည့္ပီး တကယ္သေဘာက်ေန၏။
ေခ်ာေခ်ာလွလွေလးလဲမဟုတ္ပဲ ျမင္တာနဲ ့စိတ္ရင္းေကာင္းမွန္းသိသာစြာ ရုပ္ကေလးကႀကည္ႀကည္လင္လင္ေလးျဖစ္ေန၏
နွစ္ေယာက္သားစကားေျပာေနရင္းဖုန္းျမည္လာတာေႀကာင့္ စကားေျပာတာရပ္သြား၏။
i phone ringtoneသံေႀကာင့္
ေရး မ်က္ခံုးပင့္မိသြား၏။
ေခါင္းအုန္းေဘးက ဖုန္းကိုဆြဲယူပီး ကိုင္လိုက္တဲ့ ေနာက္ဆံုးေပၚ i phoneႀကီးေႀကာင့္ ေရး သူကိုင္ေနတဲ့ ဒိတ္ေအာက္ေနတဲ့ i phoneအေဟာင္းေလးကိုငံု ့ႀကည့္လိုက္သည္။
တကယ္ဆို ေရးတို ့အိမ္က တအားမခ်မ္းသာေပမဲ့ ျမစ္ႀကီးနားမွာ
အေတာ္ႀကီးျပည့္စံုသည့္ မိသားစုအသိုင္းဝိုင္းမွျဖစ္သည္။
ေက်ာင္းကို ဒီျမိဳ ့မွာ တက္ခ်င္၍သက္သက္ လာေနတာျဖစ္ျပီး
အသံုးစရိတ္ အေဆာင္စရိတ္နဲ ့ ထမင္းဖိုးတို ့နဲ ့တင္ ေပးသေလာက္ မေလာက္ငွ နိုင္သည္ေႀကာင့္ ဖုန္းလဲခ်င္တာေတာင္ မလဲ နိုင္ရေသးျခင္းျဖစ္သည္။
လူကေလး အားနာသလို ေရးကို ေခါင္းညိမ့္ ခြင့္ေတာင္းပီး ဖုန္းကိုင္လိုက္ရသည္။ မဟုတ္ရင္ အကိုႀကီးက ေဒါသက ဖုန္းကိုင္ေနာက္က်လဲ ထြက္တက္သည္မို ့…
"ဟယ္လို အကိုႀကီး "
"အဆင္ေျပလား ကေလး "
ႀသရွရွအသံ ကနားထဲ စီးဝင္သြားသည္မို ့
လူကေလး ေက်နပ္စြာျပံဳးလိုက္ပီးမွ…
" ဟုတ္ ေျပပါတယ္အကိုႀကီး ။ အခုအခန္းေဖာ္ျပန္ေရာက္ေနလို ့က်ြန္ေတာ္နဲ ့စကားေျပာေနတာ …အကိုႀကီးသိလား…
ေရးက ……က်ြန္ေတာ္နဲ ့ေမဂ်ာတူတူပဲ… ေအာ္… ပီးေတာ့ အသက္လဲတူတူပဲ "
ဝမ္းသာအားရ စကားေတြ မနားတမ္းေျပာေနတဲ့ ကေလးေလးေႀကာင့္ ဇ ေက်နပ္သြား၏။ ဒီပံုစံဆိုရင္မႀကာခင္ လူထဲသူထဲ တျဖည္းျဖည္းေနသားက်သြားလိမ့္မည္။
"အဆင္ေျပရင္ပီးတာပဲ ကိုယ္စိတ္ပူလို ့လွမ္းဆက္လိုက္တာ လိုတာရွိေျပာ ။ "
"လိုတာထပ္ေတာင္ ပိုေနေသးတယ္။
က်ြန္ေတာ္အဆင္ေျပပါတယ္ အကိုႀကီး ။
မစိုးရိမ္ပါနဲ ့… ဟို …အလုပ္က ေရာအကိုႀကီး "
"အင္း …အလုပ္က cafeဆိုင္မွာ
ညေန သံုးနာရီကေန… ည ရွစ္နာရီအထိ လုပ္ရမွာ ။ သိပ္မပန္းဘူးလို ့ေျပာတာပဲ
မင္းဝါသနာပါရင္ မုန္ ့လုပ္နည္းပါသင္လို ့ရတယ္ ။လခကေတာ့ သိပ္မရေသးဘူး တစ္သိန္းေလးေသာင္းေလာက္ပဲ ရမယ္တဲ့… ဒါေပမဲ့
သံုးလျပည့္လို ့မင္းကိုသေဘာက်ရင္ သံုးေသာင္းထည့္တိုးေပးမယ္တဲ့ အဆင္ေျပရဲ့လား"
"ေျပတယ္ ေျပတာမွအေတာ္ႀကီးေျပတယ္"
လူကေလး အေနနဲ ့ေသခ်ာ ေျခြတာသံုးရင္ ေလာက္ငွ သည္ထက္ေတာင္ ပိုေနေသးသည္။ ေက်ာင္းခ်ိန္နဲ ့လဲ အဆင္ေျပ အေဆာင္ကလဲ ညဆယ္နာရီထိ သြားလာလို ့ရသည္မို ့အေတာ္ႀကီးအဆင္ေျပ၏။
"အင္း ဒါဆို ဖုန္းခ်ေတာ့မယ္ ။ ကိုယ့္သူငယ္ခ်င္းေတြေရာက္ေနလို ့"
ဇ ဖုန္းမခ်ခ်င္ေသးေပမဲ့… ေဒဝါေရာ
တခါတေလ ခ်ိန္းပြဲေတြမွာ ပါပါလာတက္တဲ့ေဒဝါ သူ ့ငယ္ခ်င္းနွစ္ေယာက္ပါ ေရာက္ေနသည္မို ့ ခ်လိုက္ရသည္။
ေဒဝါလို ငယ္ေပါင္းမဟုတ္ေပမဲ့ ဆိုးေဖာ္ဆိုးဖက္ေတြမို ့
ဇ နဲ ့လဲ အတြင္းသိအဆင္းသိေတြသာျဖစ္၏။
"ေျပာ ဘာလာလုပ္က်တာလဲ "
"ဘာလာလုပ္ရမွာလဲ ။ မင္း ဒုကၡေပးထားတာေတြ မ်ားလို ့ မင္းကိုျပန္ညွင္းမလို ့…
လာ…ကလပ္ သြားမယ္… တဝိုင္းပဲ ေဟ့ေယ်ာင္"
" ေအးေလ ဒီတခါေတာ့ ဝိုင္းေပးလိုက္
ဇ
အေဆာင္က ငါရွာေပးထားတာေနာ္ "
ဝန က ဝင္ေျပာလိုက္ေတာ့ သက္တန္ ့ကပါ …
"ဟုတ္တယ္ သားႀကီး… မင္းဒီတခါေတာ့ ေပးသင့္တယ္ …ကိတ္ဆိုင္မွာအလုပ္ရဖို ့ ငါဘယ္ေလာက္ ငါ့ဦးေလးကို နားပူထားရတယ္မွတ္လဲ။ အလုပ္ရဖို ့တင္မကဘူး
သက္သာတဲ့ေနရာမွာ ထားေပဖို ့ေရာ
ေျပာရေသးတယ္။ "
သက္တန္ ့ေရာ ဝနေရာပါ ေျပာလာသည္မို ့ ဇ မ်က္နွာရွဳံ ့မဲ့သြား၏။
" လုိက္ပို ့လို ့မရဘူး "
"ဘာလို ့လဲ "
"ဘာလို ့လဲ
ေဒဝါနဲ ့ ဝန အသံက ျပိဳင္တူထြက္လာပီး သက္တန္ ့ကေတာ့ ေဆးလိပ္ေသာက္ရင္း
ဇ ကို လွမ္းႀကည့္လာ၏။ ဇ အႀကည့္တို ့ကိုႀကမ္းျပင္ေပၚပို ့ရင္း တိုးတိတ္စြာေျပာလိုက္သည္။
" ပိုက္ဆံမရွိလို ့ "
" ဟ ! ဘယ္ေရာက္သြားလို ့လဲ ။ေဟ့ေကာင္လာညာမေနနဲ ့ မင္းအေဖ တခါတခါေပးရင္ သံုးလစာေပးတာငါမသိတာက်လို ့ "
ေဒဝါ ကစေနတယ္ထင္လို ့ ပုခံုးကို လက္သီးနဲ ့ထိုးရင္ စ ၏ သက္တန္ ့ကေဆးလိပ္ေသာက္မပ်က္ေပမဲ့ ဝနကေတာ့
ေဒဝါနဲ ့နည္တူမယံုေပ။
"ေအးေလ …မင္း ဖားသား သံုးလတခါ
မုန္ ့ဖိုး သိန္းေျခာက္ဆယ္… ထည့္ေပးတာ မသိတာက်လို ့ "
တကယ္ပဲ တလ သိန္းနွစ္ဆယ္ သံုးလ သိန္းေျခာက္ဆယ္ ဇ မုန္ ့ဖိုးရသည္ျဖစ္၏။
ခါတိုင္း ျပိဳင္ကားေလာင္းေႀကးနဲ ့ေမာင္းတာမ်ိဳး တို ့… ရန္ျဖစ္လို ့တခါတေလ ေလ်ာ္ရတာမ်ိဳးတို ့ေတာင္… ဇ အေဖက လိုက္ရွင္းေပးတက္လို ့ကုန္စရာမရွိ ။ ခုက်မွ မရွိဘူးဆိုေတာ့ ယံုႀကမည္မထင္။ သက္ျပင္းခ်ကာ …
"မင္းတို ့မယံုလဲ မတက္နိုင္ဘူး။ ငါတကယ္ ပိုက္ဆံမရွိတာ ။ ေဖေဖေပးထားတာ
မႀကာေသးေတာ့ငါလဲ မေတာင္းရဲဘူး။ "
"ဘယ္ေရာက္သြားတာလဲ ဒါဆို "
ေဒဝါေမးလိုက္တာကို အေတာ္ႀကီးႀကာမွ
"ကေလးေလး အေဒၚကို ေစာင့္ေရွာက္ခ
ေပးလိုက္တာ …ထပ္မေမးနဲ ့ ငါမေျဖခ်င္ဘူး
ေသခ်ာတာေတာ့ …ကေလးေလးနဲ ့မဆိုင္ဘူး။ …မင္းတို ့ကူညီေပးတာကို ငါတကယ္ေက်းဇူးတင္ပါတယ္။ မနက္ဖန္ညေတာ့
ေသခ်ာေပါက္ ငါလိုက္ရွင္းေပးမယ္။ ခုေတာ့ မင္းတို ့ရွိတာေလးေပးခဲ့က်အုန္း "
အတည္ေပါက္ႀကီး လက္ျဖန္ ့ေတာင္းေနသည္ ့ Sugar Daddy ဇ - " ……"
ပိုက္ဆံျပန္ေတာင္းခံလိုက္ရေသာအကိုႀကီးမ်ား !!
ေဒဝါ - "……"
သက္တန္ ့ - "……"
ဝန - "……"
ခ်စ္တဲ့အိမ္စည္။
############
အကိုကြီး ခင်းပေးထားတဲ့ အပြာရောင်မွေ့ ယာ လေးပေါ်အိပ်ရင်း မွေးနေ့ က လက်ဆောင်ပေးထားတဲ့ အရုပ်ကလေးကို ဖက်ပီးပြုံးလိုက်သည်။ အေးစိမ့်စိမ့်အခန်းကအိမ်မှာလို ပူပူလောင်လောင်မရှိတာကြောင့် လူကလေးသဘောကျနေ၏
မွေ့ ယာပါးပါးလေးဆိုပေမဲ့ ခုမှအိပ်ဖူးတာမို့ ဇိမ်ကျနေသည့်အပြင် ခေါင်းအုန်းကလဲအိမ်မှာလို မာတောင့်တောင့် အဟောင်းလေးမဟုတ်ပဲ အိစက်နေသည်မို့ ပြုံးစိစိနဲ့ အတော်ကြီးနှစ်ခြိုက်နေမိသည်။ တဖြည်းဖြည်းနဲ့ အကိုကြီးအရိပ်အောက်မှာ နစ်သက်ထက်နစ်လာပေမဲ့ လူကလေးလုံခြုံနေသည်ဟု ယုံကြည်လက်ခံထားဆဲပင်။
"ကျွီ "
တံခါးတွန်းဝင်သံကြောင့် လူကလေး ထ ထိုင်ပီးကြည့်လိုက်တော့ လူကလေးတို့ လိုအရွယ်ကောင်လေးဖြစ်နေ၏။ လူကလေးလိုမဟုတ်ပဲ ဂျင်းဘောင်းဘီ အနက်ကလေးကို တီရှပ်ကလေးနဲ့ တွဲဝတ်ထားကာ
ကျောပိုးအိတ်လေးလွယ်ထားသည်မို့ ခပ်လန်းလန်းဆယ်ကျော်သက်လေးဖြစ်သည်။
"ဟိုင်း!!"
ဒီနေ့ အခန်းမှာ လူသစ်ရောက်မယ်လို့ အဆောင်မှူးပြောထားလို့ ရေး သိထားသည်။ အေးအေးဆေးဆေးနေတက်သည်မို့ တအားစကားများဆူပူတက်သူမျိုးဆို
ရေး အခန်းပြောင်းဖို့ စဉ်းစားထားပေမဲ့ တကယ်တွေ့ လိုက်ရတာ ရေး အရွယ်ကောင်လေးမို့ ရေးဖက်ကသာ ခပ်သွက်သွက်နုတ်ဆက်လိုက်သည်။ ကာတွန်းရုပ်ကြီးကြီးပါသည် အပြာရောင် မွေ့ ယာထက်မှာငုတ်တုတ်လေး ထိုင်ပီး ရေးကိုပြူးပြူးလေး
ကြည့်နေသည်မို့ ရေးဖက် စနုတ်ဆက်လိုက်ခြင်းဖြစ်သည်။
"ဟုတ်ကဲ့ …ကျွန်တော် ခုမှရောက်တဲ့ …
အခန်းဖော်အသစ်ပါဗျ "
အမယ် ယဉ်ယဉ်ကျေးကျေးလေး…မဆိုးဘူး… ဒီအဆောင်က လူသန့် ပေမဲ့
ရုံးဝန်ထမ်းများကာ လူလတ်ပိုင်းအရွယ်တွေမို့ ရေး…အပေါင်းသင်းလုပ်ဖို့ အဆင်မပြေ။ ကျောပိုးအိတ်ကို တဖက်ကမွေ့ ယာပေါ် ပစ်တင်ပီး ကုတင်ဘေးမှာ တစ်ယောက်တလုံးအသုံးပြုဖို့ ချပေးထားသောစာကြည့်စားပွဲကခုံကို ဆွဲထုတ်ပီးထိုင်လိုက်သည်။
"အင်း …ငါသိတယ် မင်းလာမယ်လို့ ။ ငါ့နာမည်က… ရေး …မင်းကရော "
မေးငေါ့ပြသည်မို့ လူကလေးကိုယ့်ကိုကိုယ်မိတ်ဆက်လိုက်၏။
"ကျွန်တော့နာမည် လူကလေးပါ ဗျ "
"ဘယ်လို "
"လူကလေးပါဗျ "
"ဟားဟား …လူကလေး … ပေးတက်လိုက်တာ နာမည်က …ငါသဘောကျတယ် ။
ဒါပေမဲ့ ခေါ်ရတာထောက်လို့ လူလူလို့ ခေါ်မယ် …ရလား "
တဟားဟား အော်ရယ်ပီး ပြောနေတာကြောင့် လူကလေး စိတ်မဆိုးတဲ့အပြင် သဘောတောင် ကျနေသေးသည်။ ဒါလူကလေးဘဝမှာ ပထမဦးဆုံးရွယ်တူအပေါင်းအသင်းဖြစ်လို့ ပင် ။
"ဟုတ် …အဆင်ပြေသလို ခေါ်ပါဗျ ။ ရေး နာမည်ကရော ရေး …ပဲလား "
"ဟေ့…ဟေ့… ရိုရိုသေသေလုပ်မနေနဲ့ ။
မင်းနဲ့ ငါနဲ့ ပြော …ရတယ် ။ ဟုတ်တယ် ငါ့နာမည် ရေး တစ်လုံးထဲ ။ "
ပျော်ပျော်နေတက်ပုံရသည်မို့ လူကလေးတို့ နှစ်ယောက် ခန ပင် ခင်သွား၏။
" ဒါဆို… မင်းက သက်သက် အဆောင်လာနေတာပေါ့ "
ရေး အမေးကို လူကလေးခေါင်းငြိမ့်ပြပီး…
"အင်း… ငါ အလုပ်လုပ်ရင်းကျောင်းတက်ဖို့ …အဆောင်လာနေတာ ။ "
" ဘာမေဂျာလဲ"
"Eမေဂျာ "
"ဟာ… တကယ် ငါရောပဲ… Eမေဂျာ …ဟားဟား …
ငါတစ်ယောက်ထဲကြောင်နေမယ်ထင်တာ အဖော်ရပီ ဟ "
"ဟီး …ငါရောပဲ …မဟုတ်ရင်… ငါက
အပြင်တွေ သိပ်မထွက်ဖူးတော့တစ်ယောက်ထဲ သွားရမှာ… ကြောက်နေတာနဲ့ အတော်ပဲ "
တည်တည်ငြိမ်ငြိမ်လေး ပြောနေတဲ့ လူလူကို ရေး …ကြည့်ပီး တကယ်သဘောကျနေ၏။
ချောချောလှလှလေးလဲမဟုတ်ပဲ မြင်တာနဲ့ စိတ်ရင်းကောင်းမှန်းသိသာစွာ ရုပ်ကလေးကကြည်ကြည်လင်လင်လေးဖြစ်နေ၏
နှစ်ယောက်သားစကားပြောနေရင်းဖုန်းမြည်လာတာကြောင့် စကားပြောတာရပ်သွား၏။
i phone ringtoneသံကြောင့်
ရေး မျက်ခုံးပင့်မိသွား၏။
ခေါင်းအုန်းဘေးက ဖုန်းကိုဆွဲယူပီး ကိုင်လိုက်တဲ့ နောက်ဆုံးပေါ် i phoneကြီးကြောင့် ရေး သူကိုင်နေတဲ့ ဒိတ်အောက်နေတဲ့ i phoneအဟောင်းလေးကိုငုံ့ ကြည့်လိုက်သည်။
တကယ်ဆို ရေးတို့ အိမ်က တအားမချမ်းသာပေမဲ့ မြစ်ကြီးနားမှာ
အတော်ကြီးပြည့်စုံသည့် မိသားစုအသိုင်းဝိုင်းမှဖြစ်သည်။
ကျောင်းကို ဒီမြို့ မှာ တက်ချင်၍သက်သက် လာနေတာဖြစ်ပြီး
အသုံးစရိတ် အဆောင်စရိတ်နဲ့ ထမင်းဖိုးတို့ နဲ့ တင် ပေးသလောက် မလောက်ငှ နိုင်သည်ကြောင့် ဖုန်းလဲချင်တာတောင် မလဲ နိုင်ရသေးခြင်းဖြစ်သည်။
လူကလေး အားနာသလို ရေးကို ခေါင်းညိမ့် ခွင့်တောင်းပီး ဖုန်းကိုင်လိုက်ရသည်။ မဟုတ်ရင် အကိုကြီးက ဒေါသက ဖုန်းကိုင်နောက်ကျလဲ ထွက်တက်သည်မို့ …
"ဟယ်လို အကိုကြီး "
"အဆင်ပြေလား ကလေး "
သြရှရှအသံ ကနားထဲ စီးဝင်သွားသည်မို့
လူကလေး ကျေနပ်စွာပြုံးလိုက်ပီးမှ…
" ဟုတ် ပြေပါတယ်အကိုကြီး ။ အခုအခန်းဖော်ပြန်ရောက်နေလို့ ကျွန်တော်နဲ့ စကားပြောနေတာ …အကိုကြီးသိလား…
ရေးက ……ကျွန်တော်နဲ့ မေဂျာတူတူပဲ… အော်… ပီးတော့ အသက်လဲတူတူပဲ "
ဝမ်းသာအားရ စကားတွေ မနားတမ်းပြောနေတဲ့ ကလေးလေးကြောင့် ဇ ကျေနပ်သွား၏။ ဒီပုံစံဆိုရင်မကြာခင် လူထဲသူထဲ တဖြည်းဖြည်းနေသားကျသွားလိမ့်မည်။
"အဆင်ပြေရင်ပီးတာပဲ ကိုယ်စိတ်ပူလို့ လှမ်းဆက်လိုက်တာ လိုတာရှိပြော ။ "
"လိုတာထပ်တောင် ပိုနေသေးတယ်။
ကျွန်တော်အဆင်ပြေပါတယ် အကိုကြီး ။
မစိုးရိမ်ပါနဲ့ … ဟို …အလုပ်က ရောအကိုကြီး "
"အင်း …အလုပ်က cafeဆိုင်မှာ
ညနေ သုံးနာရီကနေ… ည ရှစ်နာရီအထိ လုပ်ရမှာ ။ သိပ်မပန်းဘူးလို့ ပြောတာပဲ
မင်းဝါသနာပါရင် မုန့် လုပ်နည်းပါသင်လို့ ရတယ် ။လခကတော့ သိပ်မရသေးဘူး တစ္ သိန်းလေးသောင်းလောက်ပဲ ရမယ်တဲ့… ဒါပေမဲ့
သုံးလပြည့်လို့ မင်းကိုသဘောကျရင် သုံးသောင်းထည့်တိုးပေးမယ်တဲ့ အဆင်ပြေရဲ့လား"
"ပြေတယ် ပြေတာမှအတော်ကြီးပြေတယ်"
လူကလေး အနေနဲ့ သေချာ ခြွေတာသုံးရင် လောက်ငှ သည်ထက်တောင် ပိုနေသေးသည်။ ကျောင်းချိန်နဲ့ လဲ အဆင်ပြေ အဆောင်ကလဲ ညဆယ်နာရီထိ သွားလာလို့ ရသည်မို့ အတော်ကြီးအဆင်ပြေ၏။
"အင်း ဒါဆို ဖုန်းချတော့မယ် ။ ကိုယ့်သူငယ်ချင်းတွေရောက်နေလို့ "
ဇ ဖုန်းမချချင်သေးပေမဲ့… ဒေဝါရော
တခါတလေ ချိန်းပွဲတွေမှာ ပါပါလာတက်တဲ့ဒေဝါ သူ့ ငယ်ချင်းနှစ်ယောက်ပါ ရောက်နေသည်မို့ ချလိုက်ရသည်။
ဒေဝါလို ငယ်ပေါင်းမဟုတ်ပေမဲ့ ဆိုးဖော်ဆိုးဖက်တွေမို့
ဇ နဲ့ လဲ အတွင်းသိအဆင်းသိတွေသာဖြစ်၏။
"ပြော ဘာလာလုပ်ကျတာလဲ "
"ဘာလာလုပ်ရမှာလဲ ။ မင်း ဒုက္ခပေးထားတာတွေ များလို့ မင်းကိုပြန်ညှင်းမလို့ …
လာ…ကလပ် သွားမယ်… တဝိုင်းပဲ ဟေ့ယျောင်"
" အေးလေ ဒီတခါတော့ ဝိုင်းပေးလိုက်
ဇ
အဆောင်က ငါရှာပေးထားတာနော် "
ဝန က ဝင်ပြောလိုက်တော့ သက်တန့် ကပါ …
"ဟုတ်တယ် သားကြီး… မင်းဒီတခါတော့ ပေးသင့်တယ် …ကိတ်ဆိုင်မှာအလုပ်ရဖို့ ငါဘယ်လောက် ငါ့ဦးလေးကို နားပူထားရတယ်မှတ်လဲ။ အလုပ်ရဖို့ တင်မကဘူး
သက်သာတဲ့နေရာမှာ ထားပေဖို့ ရော
ပြောရသေးတယ်။ "
သက်တန့် ရော ဝနရောပါ ပြောလာသည်မို့ ဇ မျက်နှာရှုံ့မဲ့သွား၏။
" လိုက်ပို့ လို့ မရဘူး "
"ဘာလို့ လဲ "
"ဘာလို့ လဲ
ဒေဝါနဲ့ ဝန အသံက ပြိုင်တူထွက်လာပီး သက်တန့် ကတော့ ဆေးလိပ်သောက်ရင်း
ဇ ကို လှမ်းကြည့်လာ၏။ ဇ အကြည့်တို့ ကိုကြမ်းပြင်ပေါ်ပို့ ရင်း တိုးတိတ်စွာပြောလိုက်သည်။
" ပိုက်ဆံမရှိလို့ "
" ဟ ! ဘယ်ရောက်သွားလို့ လဲ ။ဟေ့ကောင်လာညာမနေနဲ့ မင်းအဖေ တခါတခါပေးရင် သုံးလစာပေးတာငါမသိတာကျလို့ "
ဒေဝါ ကစနေတယ်ထင်လို့ ပုခုံးကို လက်သီးနဲ့ ထိုးရင် စ ၏ သက်တန့် ကဆေးလိပ်သောက်မပျက်ပေမဲ့ ဝနကတော့
ဒေဝါနဲ့ နည်တူမယုံပေ။
"အေးလေ …မင်း ဖားသား သုံးလတခါ
မုန့် ဖိုး သိန်းခြောက်ဆယ်… ထည့်ပေးတာ မသိတာကျလို့ "
တကယ်ပဲ တလ သိန်းနှစ်ဆယ် သုံးလ သိန်းခြောက်ဆယ် ဇ မုန့် ဖိုးရသည်ဖြစ်၏။
ခါတိုင်း ပြိုင်ကားလောင်းကြေးနဲ့ မောင်းတာမျိုး တို့ … ရန်ဖြစ်လို့ တခါတလေ လျော်ရတာမျိုးတို့ တောင်… ဇ အဖေက လိုက်ရှင်းပေးတက်လို့ ကုန်စရာမရှိ ။ ခုကျမှ မရှိဘူးဆိုတော့ ယုံကြမည်မထင်။ သက်ပြင်းချကာ …
"မင်းတို့ မယုံလဲ မတက်နိုင်ဘူး။ ငါတကယ် ပိုက်ဆံမရှိတာ ။ ဖေဖေပေးထားတာ
မကြာသေးတော့ငါလဲ မတောင်းရဲဘူး။ "
"ဘယ်ရောက်သွားတာလဲ ဒါဆို "
ဒေဝါမေးလိုက်တာကို အတော်ကြီးကြာမှ
"ကလေးလေး အဒေါ်ကို စောင့်ရှောက်ခ
ပေးလိုက်တာ …ထပ်မမေးနဲ့ ငါမဖြေချင်ဘူး
သေချာတာတော့ …ကလေးလေးနဲ့ မဆိုင်ဘူး။ …မင်းတို့ ကူညီပေးတာကို ငါတကယ်ကျေးဇူးတင်ပါတယ်။ မနက်ဖန်ညတော့
သေချာပေါက် ငါလိုက်ရှင်းပေးမယ်။ ခုတော့ မင်းတို့ ရှိတာလေးပေးခဲ့ကျအုန်း "
အတည်ပေါက်ကြီး လက်ဖြန့် တောင်းနေသည့် Sugar Daddy ဇ - " ……"
ပိုက်ဆံပြန်တောင်းခံလိုက်ရသောအကိုကြီးများ !!
ဒေဝါ - "……"
သက်တန့် - "……"
ဝန - "……"
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz