11
ေသခ်ာ စီထည့္အပီးမွာလက္ဆြဲအိတ္ေလးကို ဇစ္ဆြဲပိတ္လိုက္သည္။ ျပည့္ျပည့္တင္းတင္း ျဖစ္ေနတဲ့ အိတ္ကေလးက အကိုႀကီးေကာင္းမူ ့ ျဖင့္ အေတာ္ေလး မ်ားေနေပမဲ့ ယူသြားစရာဒါေလးပဲရွိသည္မို ့ ေတာ္ေသးသည္။ ေနာက္ဆံုးအႀကိမ္ အခန္းေဟာင္းေလးကို တခ်က္ေဝ့ႀကည့္ပီး အခန္းအျပင္ထြက္လိုက္ေတာ့ အန္တီေရႊမိက လက္ပိုက္ပီးႀကည့္ေန၏။
" ဘယ္လိုလဲ ခုေတာ့… ေျခစံုကန္ပီေပါ့ ေက်ြးရႀကိဳးနပ္လိုက္တာ… ဒါေႀကာင့္ ေျခနွစ္ေခ်ာင္းမကယ္ေကာင္းဘူးေျပာတာ …
အရြယ္ေလးေရာက္လာေတာ့ခိုင္းစားရမလားမွတ္တယ္ … အလကားဆန္ကုန္ေျမေလးေတြ "
မဲ့ရြဲ ့ေျပာေနတဲ့ အန္တီေရႊမိေႀကာင့္ အိတ္ကေလးကို လက္နွစ္ဖက္နဲ ့ ဆြဲကိုင္ပီး
လူကေလး ေခါင္းငံု ့နားေထာင္ေနလိုက္၏။ အေဆာင္သြားေနေတာ့မယ္ဆိုကတည္း က ျပသနာရွာတာ ဦးေက်ာ္နဲ ့ရန္ျဖစ္ရသည္အထိပဲ။ မခြဲခ်င္လို ့ေတာ့ မဟုတ္ေပ။ထမင္းအိုးေခ်ာင္နဲ ့ ရွိသမ်ွအိမ္အလုပ္ ကို …လူကေလးမရွိရင္ သူလုပ္ရမွာစိုးလို ့ပင္။
"အဲ့ဒါ …ဘာလုပ္ေနတာလဲ ? ငါေစာင့္ေနတာႀကာပီ ။ ေပး …အဲ့အိတ္ငါသယ္မယ္။"
ကူကယ္ရာမဲ့ေနတုန္း အကိုႀကီးအသံေႀကာင့္ လူကေလးေမာ့ႀကည့္လိုက္မိေတာ့
ရူ ့တည္တည္နဲ ့ လက္ကမ္းေပးေနတာေႀကာင့္ ကေယာင္ကတမ္း လက္ထဲအိတ္ကိုထည့္ေပးလိုက္သည္။
ဒီေန ့အေဆာင္သြားမဲ့ေန ့မို ့ လာေခၚေပးတဲ့ အကိုႀကီးက …ကားေပၚက ေစာင့္မေနပဲ ဘာလို ့အိမ္ေပၚတက္လာတာလဲ။
"လာေလ …ဘာလုပ္ေနတာလဲ "
မာဆတ္ဆတ္အသံက ဟိန္းကနဲ ထြက္လာတာမို ့… အန္တီေရႊမိပါ…
ေႀကာက္ပီး မ်က္နွာေႀကာ… ေလ်ာ့သြား၏။
"ဟို …မင္းကဘယ္သူလဲ။ လူကေလးနဲ ့ ဘယ္လို သိတာလဲ "
ဝတ္ထားတဲ့ အဝတ္စားက သန္ ့ျပန္ ့ေနသည့္အျပင္ လူပံုကလဲ ကိုရီးယားမင္းသားေတြအတိုင္းမို ့ ေဒၚေရႊမိ စိတ္ဝင္တစားေမးလိုက္သည္။ လူကေလး ကဒီလို အဆင့္အတန္းမ်ိဳးနဲ ့ ခင္မင္ေနတာကိုေစာေစာက မေျပာဘူး။ သူ ့တူမ ေရႊရည္
နဲ ့အေစာကသိရင္ေအာင္သြယ္ေပးလို ့ ရနိုင္သည္မို ့လား။
" ……"
ဘာမွမေျပာပဲ ေအးစက္စက္ႀကည့္ေနတာေႀကာင့္ လူကေလးလက္ဖ်ားေတြ ေအးစက္လာ၏။ အန္တီေရႊမိ အႀကံကို လူကေလး သိတာမို ့ အကိုႀကီးကို အားနာေနမိသည္။ စိတ္ဝင္စားမူ ့ေတြျဖင့္ အန္တီေရႊမိက တဖ်တ္ဖ်တ္လဲ့ ေနေသာ မ်က္လံုးမ်ားျဖင့္ အကိုႀကီးကိုႀကည့္ေနသည္ေႀကာင့္ လူကေလး ႀကားထဲက ရွင္းျပဖို ့ ပါးစပ္ …ဟ …မလို ့ရွိေသး။
"ေနာက္ကို …လမ္းမွာေတြ ့ရင္ေတာင္
လူကေလး အရိပ္ကိုျဖတ္မေလ်ွာက္နဲ ့ ။
ဒီလို… ေလသံနဲ ့ …ကေလးကို ေျပာဖို ့မေျပာ
နဲ ့…သိသလိုေတာင္… စကားလာမေျပာမိပ့ါေလ့ ေစနဲ ့ ။ ေရာ့ … တသက္လံုး ဒီအိမ္မွာေနခ … ေနာက္ကို… ဘာမွ ခင္ဖ်ား
တို ့နဲ ့ပတ္သတ္စရာမရွိေတာ့ဘူး။"
ေလးေထာင့္ဘဏ္ကဒ္ ေလးကို အန္တီေရႊမိ နားက စားပြဲေပၚ ပစ္တင္လိုက္ပီး
လူကေလးလက္ကို ဆြဲပီး ထြက္သြားတာေႀကာင့္ ယက္ကန္ယက္ကန္ ပါသြား၏။
ကားေပၚတက္တဲ့အထိ လက္သီးဆုပ္ ကာ တရွဴ း ရွဴ းတရွဲရွဲ ေဒါသထြက္ေနတာေႀကာင့္ လူကေလး ပါျငိပ္ကုပ္ေန၏။
အင္တီေရြမိ ဘယ္လိုက်န္ေနခဲ့သလဲ လူကေလးစိတ္မဝင္စားေတာ့ေပ ခုခ်ိန္မွာ ေဒါသထြက္ေနတဲ့ အကိုႀကီးကိုေႀကာက္တာပဲရွိေတာ့၏။
" အကိုႀကီး "
"……"
မဝင့္မရဲ တိုးတိုးေလး ေခၚလိုက္ေပမဲ့ ျပန္မထူး တာေႀကာင့္ထပ္လဲမေခၚရဲ။ ေဒါသထြက္တာ ပထမဦးဆံုးအႀကိမ္ျမင္ဘူးတာမို ့ လူကေလး လက္ေတြတုန္ေအာင္ေႀကာင္ေန၏။ အားကိုးရာက အကိုႀကီးတစ္ေယာက္ပဲ ရွိေတာ့သည္မို ့အကိုႀကီးသာစိတ္ပ်က္သြားရင္ …
"ဟင့္ "
ငိုရွဳိက္သံသဲ့သဲ့ေႀကာင္ ့ ဇ …ဆတ္ကနဲ အသိဝင္သြား၏။ ထံုးစံအတိုင္းေဒါသထြက္လ်ွင္ အသိစိတ္လြတ္တက္ေပမဲ့ ဒီတခါမနည္းမေပါက္ကြဲမိေအာင္ ထိန္းထားရတာမို ့ အံႀကိတ္ထားေတာင္ ေသြးထြက္ခ်င္ေန၏။ ပထမဆံုး စိတ္ကိုေလ်ာ့လိုက္ပီး ဆုပ္ထားတဲ့လက္သီးကိုပါျဖည္လိုက္သည္ ။ထို ့ေနာက္ မ်က္နွာထားကို ျပင္လိုက္ပီး
လူကေလးဖက္ကိုေစာင္းႀကည့္လိုက္ပီးလ်ွင္……
"ငိုတာမႀကိဳက္ဘူးလို ့ေျပာထားတယ္မို ့လား"
"ဟင့္ … ဟုတ္ကဲ့ "
ေျပာပီး ပါးေပၚက မ်က္ရည္ေတြကို ျမန္ျမန္ဆန္ဆန္သုတ္ေနသည္မို ့ လက္ေတြဆြဲတားလိုက္႔သည္။
*က်ြတ္ အသားေရေလးမွ နုပါတယ္ဆိုမွ *
နီရဲသြားတာတဲ့ ပါးျပင္ေလးေႀကာင့္ အလိုမက်သြားစိတ္နဲ ့ က်န္ေနေသးတဲ့ မ်က္ရည္စေတြကို အသာအယာ လက္ညိဳးေလးနဲ့ ဖယ္သုတ္ေပးလိုက္သည္။ ေမာ့ေမာ့ေလးျငိမ္ခံေနတဲ့ ကေလးက မ်က္ေတာင္ေလးေတြစင္းခ်ထားပီးအရုပ္ကေလးခ်ထားသလို မလွဳပ္မယွက္ ……
"ငါက ေဒါသႀကီးတယ္ ။ ဒီလို အျမဲတမ္းျဖစ္ေနရင္ မင္းအဆင္ေျပပါ့မလား"
ေမးဖ်ားကေနဆြဲကိုင္ေမာ့ပီးေမးေနတာေႀကာင့္ မ်က္လႊာေတြ ပင့္ပီး အကိုႀကီးကို ေမာ့ႀကည့္မိေတာ့ ျပန္ေျဖလာမဲ့စကားေတြကိုေလးေလးနက္နက္ ေစာင့္ေမ်ွာ္ေနတဲ့ အႀကည့္ေတြေႀကာင့္…
"အကိုႀကီး ပစ္မထားသြားရင္ ျဖစ္ပါတယ္"
ေျပာပီးျပန္စင္းခ်သြားတဲ့ မ်က္ေတာင္ေလးေတြေႀကာင့္ ဇ အားမလို အားမရ အံႀကတ္လိုက္မိသည္။ တစစီလုပ္မိရင္နာေတာ့မည္။ ကိုင္ဆြဲထားတဲ့ ေမးဖ်ားကို လြတ္ပီး စိတ္ေလ်ာ့ကာကားကိုေမာင္းလိုက္ရသည္။ မဟုတ္ရင္ မလြယ္ဘူး
တရိပ္ရိပ္ ေျပးေနတဲ့ ကားေလးက သူလိုရာကိုေျပးေနေပမဲ့ ကားထဲက လူနွစ္ေယာက္ကေတာ့ တိတ္ဆိတ္ေန၏။
ကားေမာင္းေနတဲ့အကိုႀကီးကို လူကေလး
ေဘးတိုက္ခိုးႀကည့္လိုက္၏။
တီရွပ္ အနက္ေပၚမွာ အျပာေရာင္ဂ်င္းအက်ၤ ီထပ္ဝတ္ထားပီး နားမွာ အမဲေရာင္နားကြင္းေသးေသးက သိသိသာသာထင္းေနတဲ့ ေမးရုိးနဲ ့ လိုက္ဖက္သည္။ အကိုႀကီးက တကယ္ေခ်ာပါသည္။ ခန္ ့သန္ ့ေခ်ာတာမဟုတ္ပဲ ခပ္မိုက္မိုက္ေခ်ာတာျဖစ္သည္။ ေသြးေႀကာေတြထင္းေနတဲ့ လက္မွာ
ပလက္တီနမ္ ေယာက်ာ္းဝတ္ လက္ေကာက္ကိုဝတ္ထားပီး လက္မနဲ ့လက္ညိုးမွာလဲ ဖန္စီလက္စြပ္ေတြဝတ္ထားသည္။
" ဆင္း"
"ဗ်ာ"
အလန္ ့တႀကားထူးမိေတာ့မရယ္မျပံဳး စူးစူးစိုက္စိုက္ ႀကည့္လာသည္မို ့ လူကေလး ေခါင္းငံ ု ့လိုက္မိသည္။ တကယ္ကို အကိုႀကီးအႀကည့္ေတြ လူကေလးရင္မဆိုင္တာမို ့
"ေနာက္တခါ …ခိုးမႀကည့္နဲ ့… ေရာက္ေနပီဆင္းေတာ့ "
ျဖန္းခနဲ ရဲတက္သြားတဲ့ ပါးျပင္က သိသိသာသာမို ့ ငံု ့ထားတဲ့ ေခါင္းက ပိုငံု ့သြား၏။ ရွက္ဖို ့ေကာင္းလိုက္တာ…
တကယ္ပဲ။
ရွက္ေနတဲ့ ကေလးေလးကို ႀကည့္ပီး နွဳတ္ခမ္းတဖက္တြန္ ့ကာ ဇ ျပံဳးလိုက္သည္။ အဝါေရာင္ ရွပ္လက္တိုေလးကို ပုဆိုးေလးနဲ ့တြဲဝတ္ထားတာမို ့ပုဆိုးမနိုင္ေသးတဲ့ ကေလးေပါက္စေလးလို ခ်စ္ဖို ့ေကာင္းေန၏ ကားတံခါးကို အရင္ဖြင့္ဆင္းပီး ေနာက္ေပါက္ဖြင့္ကာ ဝယ္ထားတာေတြယူလိုက္သည္။
အဲ့ဒီအိမ္က ဘာပစၥည္းမွ ယူမလာနဲ ့လို ့သူကိုယ္တိုင္မွာလိုက္တာမို ့လိုအပ္တာေတြအကုန္ေမြ ့ယာေခါင္းအုန္းကအစ သြားတိုက္တံအဆံုးအကုန္ဝယ္လာခဲ့သည္။
အကုန္သယ္ပိုးပီး သံုးထပ္တိုက္ေဆာက္ထားတဲ့ လေရာင္ဆိုတဲ့ အေဆာင္
ကို ဇ …တခ်က္ေမာ့ႀကည့္လိုက္၏။ တခန္းကို နွစ္ေယာက္ပဲေနရမွာျဖစ္သလို aircon ေရာ ေရခ်ိဳးခန္းေရာ ပါတာမို ့ေစ်းႀကီးသလို လူလဲသန္ ့၏။
"ေနာက္ခန္းက …အရုပ္သယ္ပီးလိုက္ခဲ့"
ေျပာပီး အထဲဝင္သြားတာမို ့ လူကေလးကဗ်ာကယာ ဆင္းပီးေနာက္ခန္းက အရုပ္ႀကီးေပြ ့ကာ အကိုႀကီးေနာက္ကိုေျပးလိုက္ရ၏။
"ဒါ မင္းေနရမဲ့ အခန္း ။ အတူေနရမဲ့ အေဖာ္က … အျပင္သြားတယ္… ႀကိဳေျပာထားပီးသားမို ့ …လြတ္လြတ္လပ္ေနလို ့ရတယ္။ ေအးေအးေဆးေဆးေနတက္တဲ့ကေလးမို ့ …အဆင္ေျပမွာပါ "
အေဆာင္မူး ဦးေလးႀကီးက ရွင္းျပပီးထြက္သြား၏။
အခန္းက ေကာင္းေကာင္းေနလို ့ရေအာင္ က်ယ္ဝန္းသည့္ အျပင္
ျပည့္ျပည့္စံုစံုပါတာမို ့ လူကေလးမ်က္လံုးျပဴ းေန၏။ မေနနိုင္တဲ့အဆံုးအကိုႀကီး လက္ကို ဆြဲပီး……
"အကိုႀကီး ဒီအေဆာင္က အရမ္းေကာင္းလြန္းေနတယ္။ ေစ်းႀကီးမယ္ထင္တယ္ တျခားေစ်းခ်ိဳတာရွာေပးလို ့မရဘူးလား"
"မရဘူး ။ ဒီမွာပဲေနရမယ္ ။ ရပ္ကြက္သန္ ့သလို လူလဲသန္ ့တယ္ ဒီမွာ ေနတဲ့ သူေတြက ေက်ာင္းသားေတြ နဲ ့ ရာထူးျမင့္ျမင့္အလုပ္လုပ္ေနတဲ့ သူေတြႀကီးပဲ တျခားေနရာမွာဆို ကိုယ္စိတ္မခ်ဘူး "
"ဒါေပမဲ့ …"
"ဘာမွဒါေပမဲ့ မေနနဲ ့ ငါ့ထားသလိုပဲေန က်န္တာမင္းနဲ ့မဆိုင္ဘူး "
ေျပာပီး လြတ္ေနတဲ့တဖက္ကုတင္ေပၚ
ေမြ ့ယာခင္းေပး အသစ္စက္စက္ဝယ္လာတဲ့ေခါင္းအုန္းနဲ ့ေစာင္ထုတ္ေပးနဲ ့ သူတစ္ေယာက္ထဲ အလုပ္ရွဳပ္ေန၏။
စံုစိေနတဲ့မ်ား အခန္းတြင္းစီးဖို ့ ဖိနပ္…
မ်က္နွာသုတ္ပုဝါ …သြားတိုက္တံ …မ်က္နွာသစ္ေဆး… ေခါင္းလိမ္းဆီ… မွန္ နဲ ့ဘီးပါ ပါ၏။ ဘယ္ခ်ိန္ကမ်ားသြားဝယ္ထားတာပါလိမ့္……
"ဟို ……အန္တီေရႊမိ ေပးလိုက္တဲ့ ပိုက္ဆံကို
က်ြန္ေတာ္ျပန္ဆပ္ ေပးမွာပါ ။ "
"မလိုဘူး "
"ဘာလို ့လဲ "
"မမ်ားလို ့ "
"ဘယ္ေလာက္ေပးလိုက္တာလဲ "
ေနရာခ်ေပးေနရာမွရပ္ကာ လူကေလးကိုလွည့္ႀကည့္ပီး……
"ငါ့မုန္ ့ဖိုး သံုးလစာထဲတင္ "
ေျပာပီး ျပန္လွည့္သြားတာမို ့ လူကေလး အေႀကာင္းမဲ့
ေငးေမာႀကည့္ေနမိသည္။ အကိုႀကီးက
ဘာလို ့အခုလိုေတြ ကူညီေပးေနတာလဲ လူကေလးမသိေပမဲ့ လူကေလး ယံုႀကည္ပီးေက်နပ္ေနမိတာေတာ့ေသခ်ာသည္။
ခ်စ္တဲ့အိမ္စည္။
(မႀကိဳက္က်ဘူး ထင္တယ္။ ဇာတ္ေအးေနလားမသိေပမဲ့ ခုထိရည္းစားျဖစ္ေနမွန္းမသိတဲ့ လူကေလးနဲ ့ သူ ့ရည္းစားဆိုပီးအပိုင္တြက္ထားတဲ့ ဇ နဲ ့ ဘာေတြတလြဲလုပ္က်အုန္းမလဲဆိုတာ ……"
########
သေချာ စီထည့်အပီးမှာလက်ဆွဲအိတ်လေးကို ဇစ်ဆွဲပိတ်လိုက်သည်။ ပြည့်ပြည့်တင်းတင်း ဖြစ်နေတဲ့ အိတ်ကလေးက အကိုကြီးကောင်းမူ့ ဖြင့် အတော်လေး များနေပေမဲ့ ယူသွားစရာဒါလေးပဲရှိသည်မို့ တော်သေးသည်။ နောက်ဆုံးအကြိမ် အခန်းဟောင်းလေးကို တချက်ဝေ့ကြည့်ပီး အခန်းအပြင်ထွက်လိုက်တော့ အန်တီရွှေမိက လက်ပိုက်ပီးကြည့်နေ၏။
" ဘယ်လိုလဲ ခုတော့… ခြေစုံကန်ပီပေါ့ ကျွေးရကြိုးနပ်လိုက်တာ… ဒါကြောင့် ခြေနှစ်ချောင်းမကယ်ကောင်းဘူးပြောတာ …
အရွယ်လေးရောက်လာတော့ခိုင်းစားရမလားမှတ်တယ် … အလကားဆန်ကုန်မြေလေးတွေ "
မဲ့ရွဲ့ ပြောနေတဲ့ အန်တီရွှေမိကြောင့် အိတ်ကလေးကို လက်နှစ်ဖက်နဲ့ ဆွဲကိုင်ပီး
လူကလေး ခေါင်းငုံ့ နားထောင်နေလိုက်၏။ အဆောင်သွားနေတော့မယ်ဆိုကတည်း က ပြသနာရှာတာ ဦးကျော်နဲ့ ရန်ဖြစ်ရသည်အထိပဲ။ မခွဲချင်လို့ တော့ မဟုတ်ပေ။ထမင်းအိုးချောင်နဲ့ ရှိသမျှအိမ်အလုပ် ကို …လူကလေးမရှိရင် သူလုပ်ရမှာစိုးလို့ ပင်။
"အဲ့ဒါ …ဘာလုပ်နေတာလဲ ? ငါစောင့်နေတာကြာပီ ။ ပေး …အဲ့အိတ်ငါသယ်မယ်။"
ကူကယ်ရာမဲ့နေတုန်း အကိုကြီးအသံကြောင့် လူကလေးမော့ကြည့်လိုက်မိတော့
ရူ့ တည်တည်နဲ့ လက်ကမ်းပေးနေတာကြောင့် ကယောင်ကတမ်း လက်ထဲအိတ်ကိုထည့်ပေးလိုက်သည်။
ဒီနေ့ အဆောင်သွားမဲ့နေ့ မို့ လာခေါ်ပေးတဲ့ အကိုကြီးက …ကားပေါ်က စောင့်မနေပဲ ဘာလို့ အိမ်ပေါ်တက်လာတာလဲ။
"လာလေ …ဘာလုပ်နေတာလဲ "
မာဆတ်ဆတ်အသံက ဟိန်းကနဲ ထွက်လာတာမို့ … အန်တီရွှေမိပါ…
ကြောက်ပီး မျက်နှာကြော… လျော့သွား၏။
"ဟို …မင်းကဘယ်သူလဲ။ လူကလေးနဲ့ ဘယ်လို သိတာလဲ "
ဝတ်ထားတဲ့ အဝတ်စားက သန့် ပြန့် နေသည့်အပြင် လူပုံကလဲ ကိုရီးယားမင်းသားတွေအတိုင်းမို့ ဒေါ်ရွှေမိ စိတ်ဝင်တစားမေးလိုက်သည်။ လူကလေး ကဒီလို အဆင့်အတန်းမျိုးနဲ့ ခင်မင်နေတာကိုစောစောက မပြောဘူး။ သူ့ တူမ ရွှေရည်
နဲ့ အစောကသိရင်အောင်သွယ်ပေးလို့ ရနိုင်သည်မို့ လား။
" ……"
ဘာမှမပြောပဲ အေးစက်စက်ကြည့်နေတာကြောင့် လူကလေးလက်ဖျားတွေ အေးစက်လာ၏။ အန်တီရွှေမိ အကြံကို လူကလေး သိတာမို့ အကိုကြီးကို အားနာနေမိသည်။ စိတ်ဝင်စားမူ့ တွေဖြင့် အန်တီရွှေမိက တဖျတ်ဖျတ်လဲ့ နေသော မျက်လုံးများဖြင့် အကိုကြီးကိုကြည့်နေသည်ကြောင့် လူကလေး ကြားထဲက ရှင်းပြဖို့ ပါးစပ် …ဟ …မလို့ ရှိသေး။
"နောက်ကို …လမ်းမှာတွေ့ ရင်တောင်
လူကလေး အရိပ်ကိုဖြတ်မလျှောက်နဲ့ ။
ဒီလို… လေသံနဲ့ …ကလေးကို ပြောဖို့ မပြော
နဲ့ …သိသလိုတောင်… စကားလာမပြောမိပ့ါလေ့ စေနဲ့ ။ ရော့ … တသက်လုံး ဒီအိမ်မှာနေခ … နောက်ကို… ဘာမှ ခင်ဖျား
တို့ နဲ့ ပတ်သတ်စရာမရှိတော့ဘူး။"
လေးထောင့်ဘဏ်ကဒ် လေးကို အန်တီရွှေမိ နားက စားပွဲပေါ် ပစ်တင်လိုက်ပီး
လူကလေးလက်ကို ဆွဲပီး ထွက်သွားတာကြောင့် ယက်ကန်ယက်ကန် ပါသွား၏။
ကားပေါ်တက်တဲ့အထိ လက်သီးဆုပ် ကာ တရှူး ရှူးတရှဲရှဲ ဒေါသထွက်နေတာကြောင့် လူကလေး ပါငြိပ်ကုပ်နေ၏။
အင်တီရွေမိ ဘယ်လိုကျန်နေခဲ့သလဲ လူကလေးစိတ်မဝင်စားတော့ပေ ခုချိန်မှာ ဒေါသထွက်နေတဲ့ အကိုကြီးကိုကြောက်တာပဲရှိတော့၏။
" အကိုကြီး "
"……"
မဝင့်မရဲ တိုးတိုးလေး ခေါ်လိုက်ပေမဲ့ ပြန်မထူး တာကြောင့်ထပ်လဲမခေါ်ရဲ။ ဒေါသထွက်တာ ပထမဦးဆုံးအကြိမ်မြင်ဘူးတာမို့ လူကလေး လက်တွေတုန်အောင်ကြောင်နေ၏။ အားကိုးရာက အကိုကြီးတစ်ယောက်ပဲ ရှိတော့သည်မို့ အကိုကြီးသာစိတ်ပျက်သွားရင် …
"ဟင့် "
ငိုရှိုက်သံသဲ့သဲ့ကြောင့် ဇ …ဆတ်ကနဲ အသိဝင်သွား၏။ ထုံးစံအတိုင်းဒေါသထွက်လျှင် အသိစိတ်လွတ်တက်ပေမဲ့ ဒီတခါမနည်းမပေါက်ကွဲမိအောင် ထိန်းထားရတာမို့ အံကြိတ်ထားတောင် သွေးထွက်ချင်နေ၏။ ပထမဆုံး စိတ်ကိုလျော့လိုက်ပီး ဆုပ်ထားတဲ့လက်သီးကိုပါဖြည်လိုက်သည် ။ထို့ နောက် မျက်နှာထားကို ပြင်လိုက်ပီး
လူကလေးဖက်ကိုစောင်းကြည့်လိုက်ပီးလျှင်……
"ငိုတာမကြိုက်ဘူးလို့ ပြောထားတယ်မို့ လား"
"ဟင့် … ဟုတ်ကဲ့ "
ပြောပီး ပါးပေါ်က မျက်ရည်တွေကို မြန်မြန်ဆန်ဆန်သုတ်နေသည်မို့ လက်တွေဆွဲတားလိုက့်သည်။
*ကျွတ် အသားရေလေးမှ နုပါတယ်ဆိုမှ *
နီရဲသွားတာတဲ့ ပါးပြင်လေးကြောင့် အလိုမကျသွားစိတ်နဲ့ ကျန်နေသေးတဲ့ မျက်ရည်စတွေကို အသာအယာ လက်ညိုးလေးနဲ့ ဖယ်သုတ်ပေးလိုက်သည်။ မော့မော့လေးငြိမ်ခံနေတဲ့ ကလေးက မျက်တောင်လေးတွေစင်းချထားပီးအရုပ်ကလေးချထားသလို မလှုပ်မယှက် ……
"ငါက ဒေါသကြီးတယ် ။ ဒီလို အမြဲတမ်းဖြစ်နေရင် မင်းအဆင်ပြေပါ့မလား"
မေးဖျားကနေဆွဲကိုင်မော့ပီးမေးနေတာကြောင့် မျက်လွှာတွေ ပင့်ပီး အကိုကြီးကို မော့ကြည့်မိတော့ ပြန်ဖြေလာမဲ့စကားတွေကိုလေးလေးနက်နက် စောင့်မျှော်နေတဲ့ အကြည့်တွေကြောင့်…
"အကိုကြီး ပစ်မထားသွားရင် ဖြစ်ပါတယ်"
ပြောပီးပြန်စင်းချသွားတဲ့ မျက်တောင်လေးတွေကြောင့် ဇ အားမလို အားမရ အံကြတ်လိုက်မိသည်။ တစစီလုပ်မိရင်နာတော့မည်။ ကိုင်ဆွဲထားတဲ့ မေးဖျားကို လွတ်ပီး စိတ်လျော့ကာကားကိုမောင်းလိုက်ရသည်။ မဟုတ်ရင် မလွယ်ဘူး
တရိပ်ရိပ် ပြေးနေတဲ့ ကားလေးက သူလိုရာကိုပြေးနေပေမဲ့ ကားထဲက လူနှစ်ယောက်ကတော့ တိတ်ဆိတ်နေ၏။
ကားမောင်းနေတဲ့အကိုကြီးကို လူကလေး
ဘေးတိုက်ခိုးကြည့်လိုက်၏။
တီရှပ် အနက်ပေါ်မှာ အပြာရောင်ဂျင်းအင်္ကျီထပ်ဝတ်ထားပီး နားမှာ အမဲရောင်နားကွင်းသေးသေးက သိသိသာသာထင်းနေတဲ့ မေးရိုးနဲ့ လိုက်ဖက်သည်။ အကိုကြီးက တကယ်ချောပါသည်။ ခန့် သန့် ချောတာမဟုတ်ပဲ ခပ်မိုက်မိုက်ချောတာဖြစ်သည်။ သွေးကြောတွေထင်းနေတဲ့ လက်မှာ
ပလက်တီနမ် ယောကျာ်းဝတ် လက်ကောက်ကိုဝတ်ထားပီး လက်မနဲ့ လက်ညိုးမှာလဲ ဖန်စီလက်စွပ်တွေဝတ်ထားသည်။
" ဆင်း"
"ဗျာ"
အလန့် တကြားထူးမိတော့မရယ်မပြုံး စူးစူးစိုက်စိုက် ကြည့်လာသည်မို့ လူကလေး ခေါင်းငုံ့ လိုက်မိသည်။ တကယ်ကို အကိုကြီးအကြည့်တွေ လူကလေးရင်မဆိုင်တာမို့
"နောက်တခါ …ခိုးမကြည့်နဲ့ … ရောက်နေပီဆင်းတော့ "
ဖြန်းခနဲ ရဲတက်သွားတဲ့ ပါးပြင်က သိသိသာသာမို့ ငုံ့ ထားတဲ့ ခေါင်းက ပိုငုံ့ သွား၏။ ရှက်ဖို့ ကောင်းလိုက်တာ…
တကယ်ပဲ။
ရှက်နေတဲ့ ကလေးလေးကို ကြည့်ပီး နှုတ်ခမ်းတဖက်တွန့် ကာ ဇ ပြုံးလိုက်သည်။ အဝါရောင် ရှပ်လက်တိုလေးကို ပုဆိုးလေးနဲ့ တွဲဝတ်ထားတာမို့ ပုဆိုးမနိုင်သေးတဲ့ ကလေးပေါက်စလေးလို ချစ်ဖို့ ကောင်းနေ၏ ကားတံခါးကို အရင်ဖွင့်ဆင်းပီး နောက်ပေါက်ဖွင့်ကာ ဝယ်ထားတာတွေယူလိုက်သည်။
အဲ့ဒီအိမ်က ဘာပစ္စည်းမှ ယူမလာနဲ့ လို့ သူကိုယ်တိုင်မှာလိုက်တာမို့ လိုအပ်တာတွေအကုန်မွေ့ ယာခေါင်းအုန်းကအစ သွားတိုက်တံအဆုံးအကုန်ဝယ်လာခဲ့သည်။
အကုန်သယ်ပိုးပီး သုံးထပ်တိုက်ဆောက်ထားတဲ့ လရောင်ဆိုတဲ့ အဆောင်
ကို ဇ …တချက်မော့ကြည့်လိုက်၏။ တခန်းကို နှစ်ယောက်ပဲနေရမှာဖြစ်သလို aircon ရော ရေချိုးခန်းရော ပါတာမို့ ဈေးကြီးသလို လူလဲသန့် ၏။
"နောက်ခန်းက …အရုပ်သယ်ပီးလိုက်ခဲ့"
ပြောပီး အထဲဝင်သွားတာမို့ လူကလေးကဗျာကယာ ဆင်းပီးနောက်ခန်းက အရုပ်ကြီးပွေ့ ကာ အကိုကြီးနောက်ကိုပြေးလိုက်ရ၏။
"ဒါ မင်းနေရမဲ့ အခန်း ။ အတူနေရမဲ့ အဖော်က … အပြင်သွားတယ်… ကြိုပြောထားပီးသားမို့ …လွတ်လွတ်လပ်နေလို့ ရတယ်။ အေးအေးဆေးဆေးနေတက်တဲ့ကလေးမို့ …အဆင်ပြေမှာပါ "
အဆောင်မူး ဦးလေးကြီးက ရှင်းပြပီးထွက်သွား၏။
အခန်းက ကောင်းကောင်းနေလို့ ရအောင် ကျယ်ဝန်းသည့် အပြင်
ပြည့်ပြည့်စုံစုံပါတာမို့ လူကလေးမျက်လုံးပြူးနေ၏။ မနေနိုင်တဲ့အဆုံးအကိုကြီး လက်ကို ဆွဲပီး……
"အကိုကြီး ဒီအဆောင်က အရမ်းကောင်းလွန်းနေတယ်။ ဈေးကြီးမယ်ထင်တယ် တခြားဈေးချိုတာရှာပေးလို့ မရဘူးလား"
"မရဘူး ။ ဒီမှာပဲနေရမယ် ။ ရပ်ကွက်သန့် သလို လူလဲသန့် တယ် ဒီမှာ နေတဲ့ သူတွေက ကျောင်းသားတွေ နဲ့ ရာထူးမြင့်မြင့်အလုပ်လုပ်နေတဲ့ သူတွေကြီးပဲ တခြားနေရာမှာဆို ကိုယ်စိတ်မချဘူး "
"ဒါပေမဲ့ …"
"ဘာမှဒါပေမဲ့ မနေနဲ့ ငါ့ထားသလိုပဲနေ ကျန်တာမင်းနဲ့ မဆိုင်ဘူး "
ပြောပီး လွတ်နေတဲ့တဖက်ကုတင်ပေါ်
မွေ့ ယာခင်းပေး အသစ်စက်စက်ဝယ်လာတဲ့ခေါင်းအုန်းနဲ့ စောင်ထုတ်ပေးနဲ့ သူတစ်ယောက်ထဲ အလုပ်ရှုပ်နေ၏။
စုံစိနေတဲ့များ အခန်းတွင်းစီးဖို့ ဖိနပ်…
မျက်နှာသုတ်ပုဝါ …သွားတိုက်တံ …မျက်နှာသစ်ဆေး… ခေါင်းလိမ်းဆီ… မှန် နဲ့ ဘီးပါ ပါ၏။ ဘယ်ချိန်ကများသွားဝယ်ထားတာပါလိမ့်……
"ဟို ……အန်တီရွှေမိ ပေးလိုက်တဲ့ ပိုက်ဆံကို
ကျွန်တော်ပြန်ဆပ် ပေးမှာပါ ။ "
"မလိုဘူး "
"ဘာလို့ လဲ "
"မများလို့ "
"ဘယ်လောက်ပေးလိုက်တာလဲ "
နေရာချပေးနေရာမှရပ်ကာ လူကလေးကိုလှည့်ကြည့်ပီး……
"ငါ့မုန့် ဖိုး သုံးလစာထဲတင် "
ပြောပီး ပြန်လှည့်သွားတာမို့ လူကလေး အကြောင်းမဲ့
ငေးမောကြည့်နေမိသည်။ အကိုကြီးက
ဘာလို့ အခုလိုတွေ ကူညီပေးနေတာလဲ လူကလေးမသိပေမဲ့ လူကလေး ယုံကြည်ပီးကျေနပ်နေမိတာတော့သေချာသည်။
ချစ်တဲ့အိမ်စည်။
(မကြိုက်ကျဘူး ထင်တယ်။ ဇာတ်အေးနေလားမသိပေမဲ့ ခုထိရည်းစားဖြစ်နေမှန်းမသိတဲ့ လူကလေးနဲ့ သူ့ ရည်းစားဆိုပီးအပိုင်တွက်ထားတဲ့ ဇ နဲ့ ဘာတွေတလွဲလုပ်ကျအုန်းမလဲဆိုတာ ……"
Bạn đang đọc truyện trên: ZingTruyen.Xyz