ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
ခ်စ္ေသာက ငစား-ချစ်သောက ငစား
"ဘယ္ေရာက္ေနပီတဲ့လဲ "
"ေရႊဘိုေက်ာ္ခဲ့ပီ တဲ့ "
"လူက အမ်ားႀကီးပဲ ေနဖို ့ရာေရာ အဆင္ေျပပါ့မလား "
"ေျပပါ့ ေျပပါ့ ... အိမ္အလြတ္ နွစ္လံုး ငွားေပးထားတယ္ အန္တီတင္က "
ကေလးေတြ အဝတ္ေတြ ကိုေခါက္ေနရင္း
ခ်စ္ျခင္းေမးေတာ့ သူ ့ငွက္နီကေလးေတြ ကို ေသခ်ာ ေနေလာင္ခံလိမ္းေပး...အလွျပင္ေပးေနတဲ့ အမိိ္န္ ့က လွည့္မႀကည့္ပဲျပန္ေျဖသည္။
မနက္ဖန္ အလွဴ မႀကီးေန ့မို ့ ရန္ကုန္ကလူေတြ လာႀကလိမ့္မယ္။ ေမာင့္ရုံးခ်ဳပ္ကေရာ ၊ ခ်စ္ျခင္း စိန္တိုက္ကေရာမို ့ကားႀကီးနွစ္စီးနဲ ့အျပည့္ ျဖစ္၏။ ဒါေတာင္ အကုန္မဟုတ္ေသးဘူး။ အကုန္သာဆိုရင္ ဝန္ထမ္းေပါင္း ေထာင္ေက်ာ္တာမို ့ေနစရာေတာင္ေလာက္မွာ မဟုတ္ေပ။
" ကဲ အလြန္းေလး လွသြားပီ ။ မီးမီး ဒယ္ဒီမွာထားတာ မေမ့နဲ ့ေနာ္ "
လွလွပပ စီးေပးထားတဲ့ ဆံပင္ေလးေပၚမွာ အပီးသတ္ ဆံညွပ္လွလွေလး ညွပ္တြဲေပးရင္း သမီးလုပ္သူကိုလဲ မွာရေသးသည္။
"ဟုတ္ကဲ့ မီးမီး မွတ္မိပါတယ္ဒယ္ဒီ။
ေဒၚေဒၚႀကည္ နားမွာပဲေနရမယ္။ မိန္းကေလးဆိုတာ တစ္ေယာက္ထဲ ေလ်ွာက္မသြားရဘူး ။ "
"ဟုတ္ပီ လိမ္မာတယ္ ...ေအာက္မွာ ေဖႀကီးတို ့ ေစာင့္ေနတယ္ ။ ျဖည္းျဖည္းဆင္းေနာ္ အသည္းေလး"
"ဟုတ္ ဒယ္ဒီ "
ခ်ိတ္လံုခ်ည္ဝမ္းဆက္ေလးဝတ္ေပးထားတဲ့ ခ်စ္လြန္းအာဏာစံသည္ ၅နွစ္အ႐ြယ္ဆိုေပမဲ့ တစ္ျဖည္းျဖည္း အဆင္းသ႑ာန္ေလးက တင့္တယ္လာေလၿပီ။
လွခ်င္တိုင္းလွေနတဲ့သမီးေလးကို အမိန္ ့ လိုက္ႀကည့္ၿပီး ရတက္မေအးနိုင္ေတာ့ေပ။ သမီးတစ္ေကာင္ႏြားတစ္ေထာင္တဲ့။
အလြန္းကို ျဖစ္နိုင္ရင္ အတၱႀကီးစြာ ဖြက္ထားခ်င္သည္။
______
ဒီေန ့ အလွဴ ဝင္တဲ့ေန ႔ပင္။
တစ္ရြာလံုး အလွဴ ဝင္တဲ့ ညေနခင္းကစပီး ေကြၽးေမြးဧည့္ခံ သည္မို ႔ ေဘးနားကရြာနီးခ်ဳပ္စပ္က အစ လာႀကသည္။
အလွဴ ႀကီး ဆိုတာ ရပ္႐ြာေတြအေနနဲ ့ မစိမ္းသက္ေသာ္လည္း နွစ္နွစ္ေနမွ တခါေလာက္သာ ရွိသည္။ ထိုအခ်ိန္မ်ိဳးဆို အကုန္တေပ်ာ္တပါး ဝိုင္းဝန္း ကုသိုလ္ ယူ ၾကသည္မွာ ႐ြာ၏ ဓေလ ့ထံုးတမ္းတခုပင္။
ရြာလမ္းေတြေပၚမွာသာမက
အလွဴ ထမင္ေးကြၽးမဲ့ ရြာထိပ္ဘုန္းႀကီးေက်ာင္းနားမွာေဆာက္ထားတဲ့ ဓမၼာရုံ မွာပါ ဧည့္ပရိတ္သတ္အေပါင္းက အျပည့္ျဖစ္ေန၏။
ဆိုင္းသံတညံညံ ကလည္း ၿမိဳင္ၿမိဳင္ ဆိုင္ဆိုင္ ေပၚထြက္ေနသည္မို ့ အလွဴေပးရတဲ့ အရသာကို အမိန္ ့ ေကာင္းေကာင္းမြန္မြန္ခံစားေနရသည္။
ခ်စ္လြန္းက ဘိုးဘိုးႀကီးတို ့နွင့္အတူ အလွဴ မွာ သြားဧည့္ခံလိမ့္မည္။ ခ်စ္ေသာက ေတာ့ ေနမေကာင္းသည္မို အိမ္မွာသာ က်န္ခဲ့ရသည္။
"သားသား ဗိုက္ေအာင့္ေသးလား ။ "
"သက္သာပါတယ္ ဒယ္ဒီ "
" မာလကာသီးနဲ ့ မတည့္ပါဘူးဆိုမွဘာလို ႔စားလာတာလဲ အေသာ "
ဆူမိလိုက္ေတာ့ နွုတ္ခမ္းစူပီးေကာက္၏။
"ဒယ္ဒီဆိုရင္ေဖေဖေက်ြးသမ်ွ အကုန္စားတာပဲ မို ့လား "
"ဘာဆိုင္လည္း အဲ့ဒါနဲ ့ "
"ဆိုင္တယ္ေလ။ သားလည္း သားေကာင္ေလးေက်ြးမွေတာ့ စားမွာေပါ့ "
အမိန္ ့မ်က္ျဖဴလန္ခ်င္သြား၏။ ဘယ္ကေကာင္ေလးကရသြားျပန္တာလည္း ခ်စ္ေသာတို ့ကေတာ့။
" ေျပာျပန္ၿပီ။ သူမ်ားၾကားရင္ ဒယ္ဒီ တို ႔က မဆံုးမဘူးထင္ၾကေတာ့မွာပဲ။ အဲ့လိုေတြမေျပာပါနဲ ့ဆို။ မွတ္မထားဘူး သားငယ္က "
အက်ၤ ီ လက္ရွည္အျဖဴေလးကို ႀကယ္သီးတပ္ ေပးရင္း အမိန္ ႔သားေတာ္ေမာင္ကို ဆူမိသည္။
"သားသား ဒါဘာလဲ "
ႀကိဳးေလးနဲ ့တြဲထားတဲ့ ေငြလက္စြပ္ ေလးက သားသားလက္ပင္းမွာ ဆြဲထားတာသည္။ အိမ္က ဆင္ေပးထားတဲ့ ပစၥည္းမဟုတ္ဘူးဆိုတာ သိေတာ့ ကိုင္ႀကည့္ရင္းအမိန္ ့ေမးလိုက္သည္။
"ကိုကိုေပးထားတာ"
"သားသား ႀကည့္စမ္း... အျပင္ကိုဘယ္ခ်ိနိ ခိုးထြက္လိုက္တာလဲ.. ။အခ်စ္ မင္းရဲ႕ သားေျပာေနတာေတြ ႀကားလား "
ခ်စ္ျခင္းဖက္ပါ လွည့္လာပီမို ့ ခ်စ္ေသာကို
မ်က္လံုးေစြ ႀကည့္လိုက္သည္။ သူမဟုတ္သလို အမိန္ ့ ေပါင္ေပၚတက္ထိုင္ေနတာမို ့ ခ်စ္ျခင္း မဝင့္မရဲ သူ ့ညီေလးကို ျပန္ႀကည့္လိုက္၏။
အမိန္ ့မ်က္နွာသည္ ေဒါသေတြေၾကာင့္နီရဲေန၏။ ယယ
အမိန္ ႔ကေဒါသထြက္ခဲသည္။အေတာ္ႀကီး စိတ္အလိုမက် မွသာ ျဖစ္ေပၚတက္သည့္ မ်က္နွာထားမ်ိဳးမို ႔ ခ်စ္ျခင္း သူ႔သားခ်စ္ေသာကိုမ်က္ေစာင္းလွမ္းထိုးလိုက္သည္။
" အဲ့ဒါက ဒီလိုရွိတယ္ေမာင္ရဲ႕။ ေသာင္ခံုက ေရေဆာ့ျပန္လာေတာ့ မင္း
ပင္ပန္းလို ႔ အိပ္တယ္ေလ။ အဲ့ခ်ိန္မွာ ခ်စ္ေသာ ျခံထဲ ထြက္ေဆာ့ေနတာ ။ ငါလည္း မင္းနိုးသြားမွာစိုးလို ့ ေဆာ့ပါေစဆိုပီးပစ္ထားလိုက္တာ ။ မင္းသားကအဲခ်ိန္ေလး ခဏကို ျခံျပင္ခိုးထြက္သြားတာ ။
ငါသိသိခ်င္း လိုက္ရွာေတာ့ သံုးျခံေက်ာ္ေလာက္က မာလကာပင္ေအာက္မွာ ေကာင္ေလးတစ္ေယာက္နဲ ့ေဆာ့ေနတာ။ မင္းကို မေျပာမိတာ ငါတကယ္မွားသြားပါတယ္။ ေနာက္မျဖစ္ေစရဘူးေလကြာ ေနာ္ "
ရွည္ရွည္ေဝးေဝးရွင္းျပပီးတာေတာင္ မ်က္နွာေႀကာက မေလ်ာ့ေသးေပ။
ဒါေတာင္ သူသားကိုငံု ႔ၿပီး ထပ္ေမးေနေသးသည္။
"ေျပာ အဲ့ဒါ ဘယ္ကေကာင္လဲ "
"ဒယ္ဒီေနာ္ သားသားေကာင္ေလးပါဆိုမွ။ ေကာင္ လို ့မေျပာနဲ ့ေကာင္ေလးလို ့ေျပာ "
တျဖည္းျဖည္းနီရဲလာတဲ့ မ်က္နွာေႀကာင့္ ခ်စ္ျခင္းသားျဖစ္သူကို မ်က္နွာရိပ္မ်က္နွာကဲျပသည္။
ခ်စ္ေသာတို ့ကေတာ့လုပ္ခ်လိုက္ျပန္ပီ။
" ခ်စ္ေသာ!! "
ေအာ္သံက သိပ္မက်ယ္ေပမဲ့ အမိန္ ့ေဒါသထြက္ေနေလျပီ ။
"သားကိုဒယ္ဒီဘာေျပာထားလဲ ။ ငယ္ေသးတယ္ ဒီလိုစကားေတြ မေျပာရဘူးလို ့။ အသက္ျပည့္ရင္သားသားႀကိဳက္တာလုပ္လို ့မွာမထားဘူးလား ေျပာ "
"မွာထားပါတယ္ "
"မွာထားရက္နဲ ့ သားသားက ဒယ္ဒီ့ကို
မေလးစားတာလား "
"အင့္ ဟုတ္ဘူး"
သားငိုသံႀကားေတာ့ ေဒါသေျပသြားပံုရတဲ့ အမိန္ ့ ကို ႀကည့္ပီး ခ်စ္ျခင္းေခါင္းရမ္းလိုက္သည္။ ဘယ္ေတာ့မွလည္း နိုင္တာမဟုတ္ပဲေဒါသထြက္ေနေသးတယ္။
"ဒါဆိုဘာလို ့ ေကာင္ေလးကရလာတာလဲ"
"ကိုကိုက ငိုေနလို ့ သားသားသြားေမးတာပါ။ သူကို ဘယ္သူမွ မခ်စ္ႀကဘူးတဲ့ ဟင့္
အဲ့ဒါနဲ ့ ဒယ္ဒီလို လိမ္မာရင္ သားသားခ်စ္မယ္လို ့ေျပာလိုက္တာ အူးဝါး ဒယ္ဒီ ေကာင္းဘူး သူက် ေဖေဖကိုခ်စ္တယ္ သားသားက် မခ်စ္ရဘူးတဲ့ "
ျဗဲကနဲ ထငိုပီမို ့ အမိန္ ့ေျခမကိုင္မိလက္မကိုင္မိျဖစ္သြားသည္။ ကေလးမို ့ ဘာအဓပၸါယ္ လဲ မသိပဲ အလြယ္တကူေျပာခဲ့တာကို သိေပမဲ့ နွေျမာတဲ့ စိတ္က ကေလးစကားကိုေတာင္လက္မခံနိုင္ေပ။
"တိတ္ တိတ္ ဒယ္ဒီမွားသြားပါတယ္ မငိုနဲ ့
ေတာ့ ေမးတာေျဖေပးပါဦး "
ေပါင္ေပၚက သားကို ငံု ့ပီးမ်က္ရည္ေတြသုတ္ေပးလိုက္ေခ်ာ့ေမာ့ေမးလိုက္နဲ ့အမိန္ ့တစ္ေယာက္ျပာယာခက္ေနသည္။ ဒါေတာင္ သားတစ္ေယာက္ပဲရွိေသးတယ္ သမီးမပါေသးဘူး။
မေလ်ာ့ေသာ ဇြဲလံုးလ နဲ ့ ငါးနွစ္သားခ်စ္ေသာရဲ ့ေကာင္ေလးအေႀကာင္းကို အစ္ေအာက္ေမးေန၏။
"နာမည္ဘယ္သူလဲဟင္ အသည္းေလး"
"ကိုကို "
"မဟုတ္ေသးဘူးေလ သားသားနာမည္ခ်စ္ေသာ လို အရွည္ေလ "
"သားသားမသိဘူး "
"ထားေတာ့၊ ထားေတာ့ ဘယ္မွာေနတာလဲ"
"ဒီမွာေနတာေပါ့ "
"ေအာ္ ေအး ဟုတ္တာေပါ့"
ေမးတဲ့ သူကေမးတယ္။ ေျဖတဲ့သူကေျဖတယ္။ လြဲေနတာတခုပဲ။ ရယ္ခ်င္စိတ္နဲ ့
သားအဖနွစ္ေယာက္ကို ခ်စ္ျခင္းေမးေထာက္ႀကည့္ေနလိုက္သည္။ ဘာေတြ ေျပာက်မွာလဲ သိခ်င္ေသးသည္။
" ေအာ္ ...သားသားသိၿပီ။ ကိုကို ဒီမွာေနတာ ဟုတ္ေတာ့ဟုတ္တယ္။ဒါေပမဲ့
ခုမဟုတ္ေတာ့ဘူး "
သားျဖစ္သူစကားေႀကာင့္အမိန္ ့ေခါင္းေတြကိုက္လာ၏။
ဒါဘာစကားေတြတုန္း ...
" ဘာမဟုတ္တာလဲ သားသားရာ "
"ခုရွိေတာ့ဘူး"
"ဘာလို ့မရွိတာလဲ ။ ဘယ္သြားလို႔လဲ"
"ကို ကို ေျပာတာ ညေန ဒီမွာမရွိေတာ့ဘူးတဲ့ သူ ့ကို ေစာင့္ေရွာက္ဖို ့ဦးေလးႀကီးတစ္ေယာက္လာေခၚမွာမို ့ လိုက္သြားရမယ္တဲ့ "
"ေအာ္ "
အမိန္ ့ရင္ထဲ အပူလံုးႀကီးက်သြား၏။
ေတာ္ေသးတယ္၊ ေစာေစာစီးစီးဇာတ္လမ္းပ်က္သြားလို ့။
ဟူး ...သားေလးတစ္ေယာက္ေမြးထားတာလဲ မလြယ္လိုက္တာ။
ထိန္းေပအုန္းပဲ။
သားကို စိတ္ေအးသြားပံု ရသြားသည္ထင္၏။
ေအးရာေအးေၾကာင္း အလွဴကို အဝတ္စားလဲကာ ထြက္သြားတဲ့ အမိန္ ႔ကို လွမ္းႀကည့္ပီး သားျဖစ္သူကို လက္ယပ္ေခၚလိုက္သည္။
"လာအုန္း သားသား ေဖေဖေမးစရာရွိလို ့"
လွဳပ္စိလွဳပ္စိနဲ ့ေပါင္ေပၚ တက္ထိုင္လာတဲ့ အေသာခါးကို ဖက္ပီးလ်ွင္...
" ေနာက္ကို ဒယ္ဒီမႀကိဳက္တာ မလုပ္ရဘူးသိလား။ လြယ္လြယ္ကူကူ သူစိမ္းေတြကို ခုလိုခ်စ္တယ္လို ့မေျပာရဘူးႀကားလား "
"ဘာလို ့လဲေဖေဖ သူတပါးကို ေမတၱာထားရမယ္ဆို ေဖေဖပဲသင္ေပးပီးေတာ့"
နွုတ္ခမ္းဆူပီး ေမးခြန္းထုတ္တဲ့ အေသာကို ငံု ့နမ္းလိုက္ကာ
" ေမတၱာထားတာနဲ ့ခ်စ္တာနဲ ့မွမတူတာ။
ခ်စ္တယ္ဆိုတာ အေသာေလးအရြယ္ေရာက္လာရင္ ရင္ထဲက တကယ္ ခ်စ္ျမတ္နိုးတဲ့ သူေတြ ့လာရင္ ေျပာရတဲ့ စကား ။
ေဖေဖတို ့ကို ခ်စ္တယ္ေျပာတာနဲ ့သူစိမ္းေတြကို ခ်စ္တယ္ေျပာတာ မတူဘူး။ ေနာက္ကို အလြယ္တကူေကာင္ေလးထားမလာခဲ့နဲ ့ေနာ္ ႀကားလား "
"ဒါဆို အခုေကာင္ေလး ထားမိသြားတာကို
သားသား ဘယ္လို လုပ္ရမလဲဟင္ ။ကိုကိုကေျပာတယ္ သားသားကို အသက္ႀကီးလာရင္ လာရွာမယ္တဲ့"
ခ်စ္ျခင္းေအာ္ သာရယ္ပစ္လိုက္ခ်င္ေတာ့တယ္ ။ ခ်စ္ေသာအာဏာမာန္က တကယ့္
ငစားပင္။
"အင္း ခုေတာ့ေမ့ထားလိုက္ေတာ့။ ေနာက္ကို ဒီအေႀကာင္းေတြ မင္းဒယ္ဒီေရွ ့မွာသြားမေျပာနဲ ့ ေနာ္။ ခုျမင္တယ္မို ႔လား
ဒယ္ဒီအရမ္းေဒါသထြက္သြားတယ္ေလ"
"ဟုတ္ကဲ့ ေဖေဖ ။ သားသားမေျပာေတာ့ပါဘူး။ "
"အင္း လိမ္မာတယ္"
ဆံပင္လိပ္ကေလးေတြ ကို ထိုးဖြပီး မနက္ဖန္ ရွင္ေလာင္းဝတ္စံုေလးနဲ ့ခန္ ့ညားေနမဲ့ သားျဖစ္သူကို ျမင္ေယာင္လာ၏။
ၿပီးေတာ့ၿပံဳးမိေသးသည္။
ႀကီးလာရင္ သမီးလုပ္သူထက္ သားလုပ္သူကို ပိုၿပီးထိန္းရမလားဆိုတာ ခုကတည္းက စဥ္စားခန္းဝင္ေနရေလၿပီ။
ခ်စ္တဲ့အိမ္စည္။
"ဘယ်ရောက်နေပီတဲ့လဲ "
"ရွှေဘိုကျော်ခဲ့ပီ တဲ့ "
"လူက အများကြီးပဲ နေဖို့ ရာရော အဆင်ပြေပါ့မလား "
"ပြေပါ့ ပြေပါ့ ... အိမ်အလွတ် နှစ်လုံး ငှားပေးထားတယ် အန်တီတင်က "
ကလေးတွေ အဝတ်တွေ ကိုခေါက်နေရင်း
ချစ်ခြင်းမေးတော့ သူ့ ငှက်နီကလေးတွေ ကို သေချာ နေလောင်ခံလိမ်းပေး...အလှပြင်ပေးနေတဲ့ အမိ်န့် က လှည့်မကြည့်ပဲပြန်ဖြေသည်။
မနက်ဖန် အလှူ မကြီးနေ့ မို့ ရန်ကုန်ကလူတွေ လာကြလိမ့်မယ်။ မောင့်ရုံးချုပ်ကရော ၊ ချစ်ခြင်း စိန်တိုက်ကရောမို့ ကားကြီးနှစ်စီးနဲ့ အပြည့် ဖြစ်၏။ ဒါတောင် အကုန်မဟုတ်သေးဘူး။ အကုန်သာဆိုရင် ဝန်ထမ်းပေါင်း ထောင်ကျော်တာမို့ နေစရာတောင်လောက်မှာ မဟုတ်ပေ။
" ကဲ အလွန်းလေး လှသွားပီ ။ မီးမီး ဒယ်ဒီမှာထားတာ မမေ့နဲ့ နော် "
လှလှပပ စီးပေးထားတဲ့ ဆံပင်လေးပေါ်မှာ အပီးသတ် ဆံညှပ်လှလှလေး ညှပ်တွဲပေးရင်း သမီးလုပ်သူကိုလဲ မှာရသေးသည်။
"ဟုတ်ကဲ့ မီးမီး မှတ်မိပါတယ်ဒယ်ဒီ။
ဒေါ်ဒေါ်ကြည် နားမှာပဲနေရမယ်။ မိန်းကလေးဆိုတာ တစ်ယောက်ထဲ လျှောက်မသွားရဘူး ။ "
"ဟုတ်ပီ လိမ်မာတယ် ...အောက်မှာ ဖေကြီးတို့ စောင့်နေတယ် ။ ဖြည်းဖြည်းဆင်းနော် အသည်းလေး"
"ဟုတ် ဒယ်ဒီ "
ချိတ်လုံချည်ဝမ်းဆက်လေးဝတ်ပေးထားတဲ့ ချစ်လွန်းအာဏာစံသည် ၅နှစ်အရွယ်ဆိုပေမဲ့ တစ်ဖြည်းဖြည်း အဆင်းသဏ္ဍာန်လေးက တင့်တယ်လာလေပြီ။
လှချင်တိုင်းလှနေတဲ့သမီးလေးကို အမိန့် လိုက်ကြည့်ပြီး ရတက်မအေးနိုင်တော့ပေ။ သမီးတစ်ကောင်နွားတစ်ထောင်တဲ့။
အလွန်းကို ဖြစ်နိုင်ရင် အတ္တကြီးစွာ ဖွက်ထားချင်သည်။
______
ဒီနေ့ အလှူ ဝင်တဲ့နေ့ ပင်။
တစ်ရွာလုံး အလှူ ဝင်တဲ့ ညနေခင်းကစပီး ကျွေးမွေးဧည့်ခံ သည်မို့ ဘေးနားကရွာနီးချုပ်စပ်က အစ လာကြသည်။
အလှူ ကြီး ဆိုတာ ရပ်ရွာတွေအနေနဲ့ မစိမ်းသက်သော်လည်း နှစ်နှစ်နေမှ တခါလောက်သာ ရှိသည်။ ထိုအချိန်မျိုးဆို အကုန်တပျော်တပါး ဝိုင်းဝန်း ကုသိုလ် ယူ ကြသည်မှာ ရွာ၏ ဓလေ့ ထုံးတမ်းတခုပင်။
ရွာလမ်းတွေပေါ်မှာသာမက
အလှူ ထမင်ေးကျွးမဲ့ ရွာထိပ်ဘုန်းကြီးကျောင်းနားမှာဆောက်ထားတဲ့ ဓမ္မာရုံ မှာပါ ဧည့်ပရိတ်သတ်အပေါင်းက အပြည့်ဖြစ်နေ၏။
ဆိုင်းသံတညံညံ ကလည်း မြိုင်မြိုင် ဆိုင်ဆိုင် ပေါ်ထွက်နေသည်မို့ အလှူပေးရတဲ့ အရသာကို အမိန့် ကောင်းကောင်းမွန်မွန်ခံစားနေရသည်။
ချစ်လွန်းက ဘိုးဘိုးကြီးတို့ နှင့်အတူ အလှူ မှာ သွားဧည့်ခံလိမ့်မည်။ ချစ်သောက တော့ နေမကောင်းသည်မို အိမ်မှာသာ ကျန်ခဲ့ရသည်။
"သားသား ဗိုက်အောင့်သေးလား ။ "
"သက်သာပါတယ် ဒယ်ဒီ "
" မာလကာသီးနဲ့ မတည့်ပါဘူးဆိုမှဘာလို့ စားလာတာလဲ အသော "
ဆူမိလိုက်တော့ နှုတ်ခမ်းစူပီးကောက်၏။
"ဒယ်ဒီဆိုရင်ဖေဖေကျွေးသမျှ အကုန်စားတာပဲ မို့ လား "
"ဘာဆိုင်လည်း အဲ့ဒါနဲ့ "
"ဆိုင်တယ်လေ။ သားလည်း သားကောင်လေးကျွေးမှတော့ စားမှာပေါ့ "
အမိန့် မျက်ဖြူလန်ချင်သွား၏။ ဘယ်ကကောင်လေးကရသွားပြန်တာလည်း ချစ်သောတို့ ကတော့။
" ပြောပြန်ပြီ။ သူများကြားရင် ဒယ်ဒီ တို့ က မဆုံးမဘူးထင်ကြတော့မှာပဲ။ အဲ့လိုတွေမပြောပါနဲ့ ဆို။ မှတ်မထားဘူး သားငယ်က "
အင်္ကျီ လက်ရှည်အဖြူလေးကို ကြယ်သီးတပ် ပေးရင်း အမိန့် သားတော်မောင်ကို ဆူမိသည်။
"သားသား ဒါဘာလဲ "
ကြိုးလေးနဲ့ တွဲထားတဲ့ ငွေလက်စွပ် လေးက သားသားလက်ပင်းမှာ ဆွဲထားတာသည်။ အိမ်က ဆင်ပေးထားတဲ့ ပစ္စည်းမဟုတ်ဘူးဆိုတာ သိတော့ ကိုင်ကြည့်ရင်းအမိန့် မေးလိုက်သည်။
"ကိုကိုပေးထားတာ"
"သားသား ကြည့်စမ်း... အပြင်ကိုဘယ်ချိနိ ခိုးထွက်လိုက်တာလဲ.. ။အချစ် မင်းရဲ့ သားပြောနေတာတွေ ကြားလား "
ချစ်ခြင်းဖက်ပါ လှည့်လာပီမို့ ချစ်သောကို
မျက်လုံးစွေ ကြည့်လိုက်သည်။ သူမဟုတ်သလို အမိန့် ပေါင်ပေါ်တက်ထိုင်နေတာမို့ ချစ်ခြင်း မဝင့်မရဲ သူ့ ညီလေးကို ပြန်ကြည့်လိုက်၏။
အမိန့် မျက်နှာသည် ဒေါသတွေကြောင့်နီရဲနေ၏။ ယယ
အမိန့် ကဒေါသထွက်ခဲသည်။အတော်ကြီး စိတ်အလိုမကျ မှသာ ဖြစ်ပေါ်တက်သည့် မျက်နှာထားမျိုးမို့ ချစ်ခြင်း သူ့သားချစ်သောကိုမျက်စောင်းလှမ်းထိုးလိုက်သည်။
" အဲ့ဒါက ဒီလိုရှိတယ်မောင်ရဲ့။ သောင်ခုံက ရေဆော့ပြန်လာတော့ မင်း
ပင်ပန်းလို့ အိပ်တယ်လေ။ အဲ့ချိန်မှာ ချစ်သော ခြံထဲ ထွက်ဆော့နေတာ ။ ငါလည်း မင်းနိုးသွားမှာစိုးလို့ ဆော့ပါစေဆိုပီးပစ်ထားလိုက်တာ ။ မင်းသားကအဲချိန်လေး ခဏကို ခြံပြင်ခိုးထွက်သွားတာ ။
ငါသိသိချင်း လိုက်ရှာတော့ သုံးခြံကျော်လောက်က မာလကာပင်အောက်မှာ ကောင်လေးတစ်ယောက်နဲ့ ဆော့နေတာ။ မင်းကို မပြောမိတာ ငါတကယ်မှားသွားပါတယ်။ နောက်မဖြစ်စေရဘူးလေကွာ နော် "
ရှည်ရှည်ဝေးဝေးရှင်းပြပီးတာတောင် မျက်နှာကြောက မလျော့သေးပေ။
ဒါတောင် သူသားကိုငုံ့ ပြီး ထပ်မေးနေသေးသည်။
"ပြော အဲ့ဒါ ဘယ်ကကောင်လဲ "
"ဒယ်ဒီနော် သားသားကောင်လေးပါဆိုမှ။ ကောင် လို့ မပြောနဲ့ ကောင်လေးလို့ ပြော "
တဖြည်းဖြည်းနီရဲလာတဲ့ မျက်နှာကြောင့် ချစ်ခြင်းသားဖြစ်သူကို မျက်နှာရိပ်မျက်နှာကဲပြသည်။
ချစ်သောတို့ ကတော့လုပ်ချလိုက်ပြန်ပီ။
" ချစ်သော!! "
အော်သံက သိပ်မကျယ်ပေမဲ့ အမိန့် ဒေါသထွက်နေလေပြီ ။
"သားကိုဒယ်ဒီဘာပြောထားလဲ ။ ငယ်သေးတယ် ဒီလိုစကားတွေ မပြောရဘူးလို့ ။ အသက်ပြည့်ရင်သားသားကြိုက်တာလုပ်လို့ မှာမထားဘူးလား ပြော "
"မှာထားပါတယ် "
"မှာထားရက်နဲ့ သားသားက ဒယ်ဒီ့ကို
မလေးစားတာလား "
"အင့် ဟုတ်ဘူး"
သားငိုသံကြားတော့ ဒေါသပြေသွားပုံရတဲ့ အမိန့် ကို ကြည့်ပီး ချစ်ခြင်းခေါင်းရမ်းလိုက်သည်။ ဘယ်တော့မှလည်း နိုင်တာမဟုတ်ပဲဒေါသထွက်နေသေးတယ်။
"ဒါဆိုဘာလို့ ကောင်လေးကရလာတာလဲ"
"ကိုကိုက ငိုနေလို့ သားသားသွားမေးတာပါ။ သူကို ဘယ်သူမှ မချစ်ကြဘူးတဲ့ ဟင့်
အဲ့ဒါနဲ့ ဒယ်ဒီလို လိမ်မာရင် သားသားချစ်မယ်လို့ ပြောလိုက်တာ အူးဝါး ဒယ်ဒီ ကောင်းဘူး သူကျ ဖေဖေကိုချစ်တယ် သားသားကျ မချစ်ရဘူးတဲ့ "
ဗြဲကနဲ ထငိုပီမို့ အမိန့် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည်။ ကလေးမို့ ဘာအဓပ္ပါယ် လဲ မသိပဲ အလွယ်တကူပြောခဲ့တာကို သိပေမဲ့ နှမြောတဲ့ စိတ်က ကလေးစကားကိုတောင်လက်မခံနိုင်ပေ။
"တိတ် တိတ် ဒယ်ဒီမှားသွားပါတယ် မငိုနဲ့
တော့ မေးတာဖြေပေးပါဦး "
ပေါင်ပေါ်က သားကို ငုံ့ ပီးမျက်ရည်တွေသုတ်ပေးလိုက်ချော့မော့မေးလိုက်နဲ့ အမိန့် တစ်ယောက်ပြာယာခက်နေသည်။ ဒါတောင် သားတစ်ယောက်ပဲရှိသေးတယ် သမီးမပါသေးဘူး။
မလျော့သော ဇွဲလုံးလ နဲ့ ငါးနှစ်သားချစ်သောရဲ့ ကောင်လေးအကြောင်းကို အစ်အောက်မေးနေ၏။
"နာမည်ဘယ်သူလဲဟင် အသည်းလေး"
"ကိုကို "
"မဟုတ်သေးဘူးလေ သားသားနာမည်ချစ်သော လို အရှည်လေ "
"သားသားမသိဘူး "
"ထားတော့၊ ထားတော့ ဘယ်မှာနေတာလဲ"
"ဒီမှာနေတာပေါ့ "
"အော် အေး ဟုတ်တာပေါ့"
မေးတဲ့ သူကမေးတယ်။ ဖြေတဲ့သူကဖြေတယ်။ လွဲနေတာတခုပဲ။ ရယ်ချင်စိတ်နဲ့
သားအဖနှစ်ယောက်ကို ချစ်ခြင်းမေးထောက်ကြည့်နေလိုက်သည်။ ဘာတွေ ပြောကျမှာလဲ သိချင်သေးသည်။
" အော် ...သားသားသိပြီ။ ကိုကို ဒီမှာနေတာ ဟုတ်တော့ဟုတ်တယ်။ဒါပေမဲ့
ခုမဟုတ်တော့ဘူး "
သားဖြစ်သူစကားကြောင့်အမိန့် ခေါင်းတွေကိုက်လာ၏။
ဒါဘာစကားတွေတုန်း ...
" ဘာမဟုတ်တာလဲ သားသားရာ "
"ခုရှိတော့ဘူး"
"ဘာလို့ မရှိတာလဲ ။ ဘယ်သွားလို့လဲ"
"ကို ကို ပြောတာ ညနေ ဒီမှာမရှိတော့ဘူးတဲ့ သူ့ ကို စောင့်ရှောက်ဖို့ ဦးလေးကြီးတစ်ယောက်လာခေါ်မှာမို့ လိုက်သွားရမယ်တဲ့ "
"အော် "
အမိန့် ရင်ထဲ အပူလုံးကြီးကျသွား၏။
တော်သေးတယ်၊ စောစောစီးစီးဇာတ်လမ်းပျက်သွားလို့ ။
ဟူး ...သားလေးတစ်ယောက်မွေးထားတာလဲ မလွယ်လိုက်တာ။
ထိန်းပေအုန်းပဲ။
သားကို စိတ်အေးသွားပုံ ရသွားသည်ထင်၏။
အေးရာအေးကြောင်း အလှူကို အဝတ်စားလဲကာ ထွက်သွားတဲ့ အမိန့် ကို လှမ်းကြည့်ပီး သားဖြစ်သူကို လက်ယပ်ခေါ်လိုက်သည်။
"လာအုန်း သားသား ဖေဖေမေးစရာရှိလို့ "
လှုပ်စိလှုပ်စိနဲ့ ပေါင်ပေါ် တက်ထိုင်လာတဲ့ အသောခါးကို ဖက်ပီးလျှင်...
" နောက်ကို ဒယ်ဒီမကြိုက်တာ မလုပ်ရဘူးသိလား။ လွယ်လွယ်ကူကူ သူစိမ်းတွေကို ခုလိုချစ်တယ်လို့ မပြောရဘူးကြားလား "
"ဘာလို့ လဲဖေဖေ သူတပါးကို မေတ္တာထားရမယ်ဆို ဖေဖေပဲသင်ပေးပီးတော့"
နှုတ်ခမ်းဆူပီး မေးခွန်းထုတ်တဲ့ အသောကို ငုံ့ နမ်းလိုက်ကာ
" မေတ္တာထားတာနဲ့ ချစ်တာနဲ့ မှမတူတာ။
ချစ်တယ်ဆိုတာ အသောလေးအရွယ်ရောက်လာရင် ရင်ထဲက တကယ် ချစ်မြတ်နိုးတဲ့ သူတွေ့ လာရင် ပြောရတဲ့ စကား ။
ဖေဖေတို့ ကို ချစ်တယ်ပြောတာနဲ့ သူစိမ်းတွေကို ချစ်တယ်ပြောတာ မတူဘူး။ နောက်ကို အလွယ်တကူကောင်လေးထားမလာခဲ့နဲ့ နော် ကြားလား "
"ဒါဆို အခုကောင်လေး ထားမိသွားတာကို
သားသား ဘယ်လို လုပ်ရမလဲဟင် ။ကိုကိုကပြောတယ် သားသားကို အသက်ကြီးလာရင် လာရှာမယ်တဲ့"
ချစ်ခြင်းအော် သာရယ်ပစ်လိုက်ချင်တော့တယ် ။ ချစ်သောအာဏာမာန်က တကယ့်
ငစားပင်။
"အင်း ခုတော့မေ့ထားလိုက်တော့။ နောက်ကို ဒီအကြောင်းတွေ မင်းဒယ်ဒီရှေ့ မှာသွားမပြောနဲ့ နော်။ ခုမြင်တယ်မို့ လား
ဒယ်ဒီအရမ်းဒေါသထွက်သွားတယ်လေ"
"ဟုတ်ကဲ့ ဖေဖေ ။ သားသားမပြောတော့ပါဘူး။ "
"အင်း လိမ်မာတယ်"
ဆံပင်လိပ်ကလေးတွေ ကို ထိုးဖွပီး မနက်ဖန် ရှင်လောင်းဝတ်စုံလေးနဲ့ ခန့် ညားနေမဲ့ သားဖြစ်သူကို မြင်ယောင်လာ၏။
ပြီးတော့ပြုံးမိသေးသည်။
ကြီးလာရင် သမီးလုပ်သူထက် သားလုပ်သူကို ပိုပြီးထိန်းရမလားဆိုတာ ခုကတည်းက စဉ်စားခန်းဝင်နေရလေပြီ။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz