ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

The End

eainsi23


"လွလိုက္တာ ဒယ့္ဒီ သမီးေလးက "

မိတ္ကပ္ပါးပါးေလး လိမ္းထားပီး  ေရႊအိုေရာင္ ထိုင္မသိမ္း ေလးဝတ္ေပးေနတာကို
ႀကည့္ပီး အမိန္ ့အသံက အားရဝမ္းသာ တလံုးတခဲႀကီး။ 

"ဟို… ႀကိဳေျပာထားတယ္ေနာ္ …ဆံထံုး ေလးထံုးေပး  မာမီ …။   ေခါင္းအုပ္ မအုပ္ခ်င္ဘူး … သဇင္ပန္းကိုလဲ… အစစ္ေတြဝယ္ထားတယ္… အေသာကိုလဲ သဇင္အစစ္ပဲပန္ေပး ။ အခ်စ္ေရ  သဇင္ပန္းေလး"

"ဒီမွာ မင္းမခိုင္းခင္ကတည္းက ႀကိဳယူထားတယ္ "

ခ်စ္ျခင္း စိတ္တိုေနပီမို ့အသံက သိပ္မႀကည္ေတာ့ ။ ဘယ္နွယ့္ တစ္မနက္လံုး သူ ့အသံႀကီးပဲ ။

"ဟီး …အခ်စ္က လိမ္မာလိုက္တာ ေပးေပး  ေမာင့္ကို "

ပန္းထည့္ထားတဲ့ လင္ဗန္းေလးကို ေပးလိုက္ပီး… အမိန္႔ နဲ ့အတူ ……သူရဲ့ခ်စ္သက္ကေလးေတြကို ႀကည္နူးျခင္းေတြနဲ ့ႀကည့္ေနမိသည္။ 

" လည္တံု ေတြက အစစ္ေတြမို ့သမီးေရ
ေသခ်ာေလး ခ်ီေပးမယ္ေနာ္ ။  "

မာမီက အလြန္းကို လက္ဝတ္လက္စားဝတ္ေပးေနတဲ့ သူ ့တပည့္ေတြကို ေသခ်ာမွာေန၏။

သိပ္လွေနတဲ့  သမီးရဲ့ လည္တိုင္မွာ ခ်စ္ျခင္းဆိုင္က ယူလာတဲ့ စိန္လည္တုံ လွလွေလးက တလွဳပ္လွဳပ္

"သားသား …အဲ့ဒါ ဘာျဖစ္ေနတာလဲ ။"

သမီးကို ေငးေနရင္းမွ ခ်စ္ျခင္း   ေမာင့္အသံေႀကာင့္ အေသာကို လွည့္ႀကည့္လိုက္မိသည္။ ျမင္လိုက္ရတဲ့ပံုေလး ေႀကာင့္
နွုတ္ခမ္းကို ကိုက္ကာ စိတ္ထိန္းလိုက္ရသည္အထိ  ။ 

ခ်စ္ေသာေလးကေတာ့ တကယ္ပဲ……

နွုတ္ခမ္းနီဆိုးထားတာကို ပ်က္မွာစိုးလို ့ထင္၏ ။ 
ပါးစပ္ဟ ထားတာျပန္မပိတ္ေတာ့။

ရွင္ေလာင္းဝတ္စံုဝတ္ေပးေနတဲ့ မာမီေပါက္စေတြေရာ… ေမာင္ေရာ သေဘာတက် ရယ္က်ေတာ့ မ်က္လံုးျပဴးေလးနဲ ့စကားမေျပာရဲ။ 
မ်က္ေတာင္တု တပ္ထားသည္မို ့
ျပဳတ္က်မွာလဲဆိုးပံုေပၚ၏။

"တားတား နွပ္ခမ္းနီ က်က္မာခ်ိဴးလို ့"

"ဟားဟားး … သားသားရယ္ …မပ်က္ပါဘူးကြာ… ပါးစပ္ပိတ္ထားေညာင္းေနေတာ့မွာပဲ ။မဲတင္းမထားနဲ ့သားငယ္ … ေပါ့ေပါ့ပါးပါးေန ဘာမွမျဖစ္ဘူး "

စကားေတြေတာင္မပီေတာ့တာမို ့ အမိန္ ့တို ့မွာ ငိုအားထက္ရယ္အားသန္ ျဖစ္ေနရသည္။

"သားသား မမ လိုေလးေန… ဒီမွာႀကည့္ 
ဒီလိုေလး "

ေမာင္လုပ္သူကို ျပံဳးျပပီး သင္ေပးေနတဲ့အမ ကို   ေငးေငးေလးလိုက္ႀကည့္ေနတဲ့အေသာသည္
ေမာင္ရွင္ေလာင္းဝတ္စံု နဲ ့ ေတာင္ရွည္ပုဆိုးကို ဝတ္ထား၏။   ေခါင္းမွာတင္ေပးထားတဲ့ ဆံထံုးေသးေသးမွာလဲ  သဇင္ပန္းေတြက ေဝဆာလို ့။
ရွင္ဘုရင္ေပါက္ေလး ခန္ ့ညားေနရုံမကဘူး …

ထိုင္မသိမ္းေလးနဲ ့ ထံုးေပးထားတဲ့ ဆံထံုးေလးေလးသည္ အလြန္း၏ ေခါင္းမွာ သတိုးသမီးေတြလို က်က်နန ။ဆံထံုး
ေဘးနားမွာ ကပ္ပန္ေပးထားတဲ့ သဇင္ေတြက ေဖြးေဖြးလွဳပ္ ျမိဳင္လို ့။

သိပ္ကို ခ်စ္ဖို ့ေကာင္းတဲ့ သူ ့ရဲ့ငွက္ေပါက္ေလးနွစ္ေကာင္အားေငးႀကည့္ရင္း အမိန္ ့မ်က္ရည္ခိုးသုတ္လိုက္သည္။

ရင္ထဲမွာ ဝမ္းသာႀကည့္နွူးစိတ္က သားသမီးဆိုတဲ့  ရင္ကျဖစ္တဲ့ေသြးသား
ေလးေတြေႀကာင့္  ကတုန္ကရင္ နဲ ့
လက္ဖ်ားေျခဖ်ားေတြေတာင္ေအးေနသည္။

တျဖည္းျဖည္းေရာင္နီသန္းလာကာ
ေလာကႀကီးကိုရွင္းရွင္းလင္းလင္းျမင္ေနရျပီ။
တရြာလံုး တင္ မက  တျခားရြာက သူေတြပါ  လမ္းမွာ ရွုတ္ယွက္ခက္ေန၏။

အလွဴ  ျကီးျဖစ္သည္ေၾကာင့္  တရြာလံုးပါဝင္ဆင္ႏႊဲတဲ့ ပြဲမို ့ အကုန္လံုး မိုးမလင္းကတည္းက
ပ်ားပန္းခက္လႈပ္ရွားသြားလာ ေနၾက၏။

" ခ်စ္ျခင္း  ခ်စ္ျခင္း "

"ဗ်ာ …ဘိုးဘိုး "

ေအာက္က ေခၚသံေႀကာင့္  ခ်စ္ျခင္း  အဝတ္လဲေနရာမွ  ျပန္ထူးလိုက္သည္။

"မျပီးေသးဘူးလား ေနာက္က် ေတာ့မွာ ကေလးေတြေရာ "

" ခုဆင္းလာေတာ့မွာ ဘိုးဘိုး
အကုန္ျပီးေနပီ  "

တိုက္ပံုႀကယ္သီးကို တလႊဲတက္ေနတဲ့ ေမာင့္ကို ေျပးပီး ဝိုင္းကူ တပ္ေပးလိုက္ရင္း ေအာက္ကို လွမ္းေအာ္ေနရသည္။

မိုးမလင္းခင္ကတည္းက နုိးေနပီး ဘာမွ
ျပင္ျပင္ဆင္ဆင္ ႀကိဳမလုပ္ထားတဲ့ ေယာက်ာ္းလုပ္သူကို မ်က္ေစာင္းရြယ္ပီး
မေက်နပ္ေႀကာင္း ျပေနေပမဲ့  အမိန္ ့အာဏာရဲ့ အႀကည့္ေတြက ခ်စ္ျခင္းဆီမွာမရွိ။ အႀကည့္တို ့လားရာကို လွည့္ႀကည့္စရာမလိုေပ။

ခံုေပၚမွာ ျငိမ္ျငိ္္မ္ေလးထိုင္ေနတဲ့ သူ ့ငွက္ေပါက္ေတြက လြဲရင္ဘာျဖစ္နိုင္မလဲ။

"သားသားနဲ ့မီးမီး  ထ  သြားရေအာင္ "

ခ်စ္ျခင္း အရင္ အေသာ ကို ေပြ ့ခ်ီလိုက္ပီး
ေျပာလိုက္ေတာ့ ေမာင္ကပါ အလြန္းေလးကို လာေပြ ့ခ်ီ၏။    အလြန္းက လံုးဝ
အေနမခက္ ပဲ သက္ေတာင့္သက္သာ ျဖစ္ေနေပမဲ့  ခ်စ္ေသာက ေတာ့  ခုထိ ပါးစပ္
ပိတ္ခိုင္းလို ့မရ  ။ 

"သားသားရာ  ပ်က္ရင္ ေဖေဖ ထပ္ဆိုးေပးပါ့မယ္   ပါးစပ္ႀကီးပိတ္ထားစမ္းပါ ။
မ်က္ေတာင္ေရာ ခတ္ေရာ ခတ္ ရဲ့လား "

ေျပာလိုက္ေတာ့ မ်က္ေတာင္တုကို ပုတ္ခတ္ပုတ္ခတ္လုပ္ျပသည္။ ပီးရင္ သူမဟုတ္သလို မ်က္လံုးႀကီးျပဴ းေနအုန္းမွာ ျမင္ေယာင္ေသးတယ္။

  ခ်စ္ေသာေပါက္သည္ အဲ့သည္ေလာက္လွခ်င္တာပါ။ ေအာက္ထပ္ကိုေရာသည္နွင့္ ႀကိဳေစာင့္ေနေသာ ဘိုးဘိုးကိုေတြ ့ရသည္။

" ဟားဟား…   ေတာင္ရွည္ေလးနဲ ့ ဘိုးဘိုး အသည္းေလးက လွ လိုက္တာ
ကြာ … ။  ဟ…  ငါ့သားမ်က္ေတာင္က  ပိုရွည္လာသလားလို ့"

မ်က္မွန္တပ္ပီး ျပဴးျပဲႀကည့္ေနတဲ့ ဘိုးဘိုးေႀကာင့္ခ်စ္ျခင္းကေတာ့ရယ္ခ်င္လွပီ။ ဒါေတာင္ ေဖႀကီးမပါေသးဘူး  ။

"  ဘိုးဘိုးႀကီးေရ  ေျပာေတာ့ ေနာက္က်ေနပီဆို  "

"ေအးေလ ေနာက္က်ပီ "

မ်က္ေတာင္ဘယ္နွစ္ပင္ ရွိလဲ ေရတြက္ေနသလားပဲ …ခုထိ အေသာ မ်က္ေတာင္ကေနအႀကည့္လႊဲမလာပဲ  ေျပာေနသည္မို ့အမိန္ ့ မီးမီးကို ခ်ီထားရက္နဲ့ ရယ္ခ်င္
ေနေပမဲ့ မရယ္ရဲ။ 

" ဒါဆို သြားႀကရေအာင္ေလ  "

"ေအးပါ  ေနပါအုန္း ငါသားကို
ႀကည့္ပါရေစအုန္း "

ခ်စ္ျခင္းနဲ ့အမိန္ ့တစ္ေယာက္မ်က္နွာ တစ္ေယာက္ႀကည့္ပီး ျပံဳးလိုက္မိသည္။
တကယ့္သဲသဲကဲကဲ  ေတြ ……

>>>>>>>><<<<<<<<

" အဲ့ဒါ ဘာျဖစ္ေနတာလဲ "

ေခါင္းႀကီးငံု ့ပီး တရွဳ ံ ့ရွဳ ံ  ့ငိုေနတဲ့ ေမာင့္ကိုႀကည့္ပီး ခ်စ္ျခင္း ေအာက္နွုတ္ခမ္းေလးကို ဖိကိုက္လိုက္သည္။ 

သူ ့အသည္းနွလံုးႀကီးက ခုထိ ရူးေလာက္ေအာင္  ခ်စ္ဖို ့ေကာင္းေနတုန္းပင္။ 

မိုးမလင္းခင္ကတည္းက ျပာယာခက္ေနသူသည္ အလွဴ လွည့္ေနတုန္းကလည္း  ဆင္ေပၚက သားကို ေျပးႀကည့္လိုက္… ျမင္းလွည္းေပၚက သမီးကိုေျပးႀကည့္လိုက္
နဲ ့
အလုပ္မ်ား၏။   

ေျပးႀကည့္ရုံတင္ဆို ခ်စ္ျခင္း ဘာမွမေျပာေပမဲ့  အငိုမင္းသားအမိန္ ့အာဏာက ႀကည့္ပီးျပန္လာတိုင္း  မ်က္ရည္ေလးတ စမ္းစမ္းနဲ ့။   ခ်စ္ျခင္းလည္း သားနဲ ့သမီးကို ႀကည့္မိတိုင္း   ဝမ္းသာမ်က္ရည္စို ့တယ္ဆိုေပမဲ့အမိန္ ့ေလာက္ေတာ့ မကဲသဲပါ။

ဘိတ္သိတ္သြန္းေပးေတာ့လဲ ငို …
ပါဝါစေလးခံပီး  သားနဲ ့သမီးကို ျမင့္ျမတ္တဲ့ သာသနေဘာင္ကူးေျပာင္းဖို ့ဆံခ်ေပးေတာ့လဲ ငို …နဲ ့တခ်ိန္လံုးငိုနိုင္လြန္းသူႀကီးပါ။

ခုလည္း ဘုရားသားေတာ္ ၊သမီးေတာ္ အျဖစ္လံုးလံုးေရာက္ရွိသြားပီျဖစ္တဲ့ ကိုရင္ေလးအရွင္ခႏၲီဝရ နဲ ့ သီလရွင္ ဆရာေလး
မေခမာကို ႀကည့္ပီး ေခါင္းႀကီးငံု ့ကာ ငိုေနေလရဲ့။ 

" ေမာင္  ငိုမေနနဲ ့ေလ  …ဟိုမွာ ကိုရင္ေလးက မင္းႀကည့္ပီး ငိုေတာ့မွာ မ်က္နွာမဲ့ ေနပီ။  "

ေမာင့္ပုခံုးကို ပုတ္ပီး ကိုရင္ေလးကို ေမးေငါ့ျပလိုက္သည္။ တကယ္ပဲ  ကိုရင္ေလး
က  ေက်ာင္းထိုင္ဆရာေတာ္ေရွ ့မွာ ျငိမ္ျငိမ္ေလးထိုင္ေနေပမဲ့ 
အမိန္ ့ငိုတာျမင္ေတာ့  မ်က္နွာေလး မဲ့က်ေန၏။  

ေဖႀကီးတို ့ေရာ ဘိုးဘိုးတို ့ေရာ ဒူးတုတ္ထိုင္ပီး  ေက်ာင္းထိုင္ ဆရာေတာ္နဲ ့စကားေျပာေနႀကသည္မို ့ အမိန္ ့တို ့သားအဖ ျဖစ္ပ်က္ေနသည္ကို မျမင္ႀကေပ။   ဆရာေလး မေခမာ ကေတာ့ တည္တည္ႀကည္ႀကည္ေလး မ်က္လႊာေလးခ်ပီးျငိမ္သက္ေနသည္မို ့ေတာ္ေသး၏။ 

အမိန္ ့မ်က္ရည္ေတြ ကို ကမန္းကတန္း
သုတ္ပီး   လက္အုပ္ခ်ီလိုက္ပီး  ကိုရင္ေလးနားကို ျဖည္းျဖည္းျခင္း ဒူးတုတ္ရက္နဲ ့တိုးလိုက္သည္။

" ကိုရင္ေလးဘုရား … မငိုပါနဲ ့ တပည့္ေတာ္
ကိုရင္ေလးတို ့ကိုႀကည့္ပီး ဝမ္းသာလို ့မ်က္္က်တာပါဘုရား … "

စိမ္းဖန္ ့ဖန္ ့ကုတံုးေလးနဲ ့  နီညိဳေရာင္ သကၤန္းျခံဳ ထားတဲ့ ႀကည္စင္ေနတဲ့ မ်က္နွာေတာ္နုနုကို ႀကည့္ပီး  အမိန္ ထပ္မံပီးမ်က္ရည္ေတြ ေဝ့သီလာျပန္သည္။  သူ ့ငွက္နီေပါက္ေလးေတြကိုေနာက္ဆံုးေတာ့ မိဘ
တို ့ဝတၱရားအတိုင္း ရွင္ျပဳနားသ သာသနေဘာင္ကို ကူးေျပာင္းေပးနိုင္ခဲ့ပီ။ 

ပုတ္ခတ္ပုတ္ခတ္ လုပ္ေနတဲ့ မ်က္ေတာင္ဖ်ားေတြေႀကာင့္  ခ်စ္ျခင္း ေဘးကေနဝင္ပါလိုက္ရေတာ့သည္။ မဟုတ္ရင္ 
သူ ့ေယာက်ာ္းအငိုမင္းသား သည္ လူေရွ ႔လည္းမေရွာင္ ငိုေပေတာ့မည္။

" ကိုရင္ေလးဘုရား တပည့္ေတာ္တို ့ျပန္ပါေတာ့မယ္ ဘုရား …ညေနက်မွ တစ္ေခါက္ျပန္လာႀကည့္ပါမယ္ဘုရား  "

" သြား...သြား  …ကိုရင္ေလး  မဟုတ္ရင္ ငိုေတာ့မွာ "

ဆရာေတာ္ကပါ နွင္ေနပီမို ့ အမိန္ ့မထခ်င္ထခ်င္နဲ ့ ထလိုက္ရသည္။ တခါမွမခြဲဘူးေတာ့  သူ ထားခဲ့ရမွာနည္းနည္းမွစိတ္မခ် ။

"ဆရာေလး ဘုရား …ကိုရင္ေလး ငိုေနမွာဆိုးလို ့ ႀကည့္လိုက္ပါအုန္း ဘုရား "

မ်က္လႊာခ်ထားတဲ့ မ်က္ေတာင္ဖ်ားေတြပင့္ေမာ့ႀကည့္လာပီး ေခါင္းျငိမ့္ျပသည္မို ့
အမိန္ ့ စိတ္ခ်သြားသည္။ သမီးက တည္ၿငိမ္ပီးဥာဏ္ေကာင္းသူမို ့အစစအရာရာ
ဦးေဆာင္နိုင္လိမ့္မည္။ 

" ဒကာေလး စိတ္မခ်ရင္ ညက် အတူလာအိပ္ေပးလို ့ရပါတယ္  … ဒီရြာမွာက
သီလရွင္ေက်ာင္းသက္သက္မရွိေတာ့ ဆရာေလးေတြကို ေက်ာင္းမွာ ေခၚထားရလို ့  မိဘေတြကိုညေရးညတာ လာေစာင့္အိပ္ေပးဖို ့ဘုန္းဘုန္းတို ့ခြင့္ျပဳထားပါတယ္ "

" အဲ့… အဲ့လိုလုပ္လို ့ရလား ဘုရား "

ဝမ္းသာသြားတဲ့ မ်က္နွာက သိသိသာသာမို ့ ခ်စ္ျခင္းေခါင္းရမ္းလိုက္သည္။  မလြယ္ဘူးအမိန္ ့အာဏာက  ။ 

ဘုန္းႀကီးေက်ာင္းကျပန္ထြက္လာေတာ့  နွစ္ေယာက္သမား  ေျခလွမ္းေတြက လႊတ္လပ္ေပါ့ပါးေန၏။  ေရွ ့ကသြားေနတဲ့ ဘိုးဘိုးႀကီးတို ့ကိုႀကည့္ပီး ေဘးတိုက္အတူေလ်ွာက္ေနတဲ့ ေမာင့္ကို ေမးလိုက္သည္……။

" မင္း … သားနဲ ့သမီးကို အဲ့ေလာက္ေတာင္ခ်စ္တာလား "

ခ်စ္ျခင္းေမးေတာ့ ေမာင္ကျပံဳးသည္။
ေမာင္ျပံဳးလိုက္တဲ့ အျပံဳးေလးက သိပ္လွတာပဲ။ အရာရာနားလည္လက္ခံေပးနိုင္သလို အျပံဳးမ်ိဳးမို ့ ခ်စ္ျခင္းအတြက္ကေတာ့ အဓိပၸါယ္ရွိသည္။

" သားနဲ ့သမီး တင္မက ဘူး မင္းကလည္း ေမာင့္ဘဝ… ေမာင့္အသက္ပါအခ်စ္ရယ္။
ငွက္နီေပါက္ေလး ေတြကို ေမာင္ ခ်စ္တယ္ဆိုတာ မင္းရဲ့ေသြးသားေလးေတြမို ့
လို ့ပါ… ေမာင့္ကို ပိုလြန္းကဲလြန္းတယ္လို ့ေတာ့ မထင္လိုက္ပါနဲ ့ … မင္းတို ့သံုးေယာက္လံုးက ေမာင့္အသက္ရွင္ျခင္းေလးေတြလို ့ေျပာရင္ ရယ္စရာမ်ားျဖစ္ေနမလားပဲ …အဲ့ေလာက္ထိ မင္းတို ့ကိုသံုးေယာက္ကိုေမာင္ခ်စ္တာ  "

တည္ႀကည္ခန္ ့ညားေနတဲ့ အမိန္ ့အာဏာကို ျမတ္နိုးစြာေမာ့ႀကည့္ရင္း
လက္ဖဝါးတစ္ဖက္ကိုေထြးဆုပ္ကိုင္လိုက္သည္။ 
ဒီေယာက်ာ္းနဲ ့သာ တသက္လံုး အတူတကြျဖတ္သန္းခ်င္မိတယ္ဆိုရင္ ခ်စ္ျခင္းအလြန္မဟုတ္ေပ။ ေ
ႏြးေထြးပီးခ်စ္တက္လြန္းတဲ့ ေမာင္က  ခ်စ္ျခင္းအတြက္ကေတာ့ တန္ဖိုးမျဖတ္နိုင္တဲ့ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ပဲ။ 

နွစ္ေယာက္လံုး ဆုေတာင္းမွားပီးေတြ ့စံုခဲ့ရေပမဲ့
အမိန္ ့အာဏာဆိုတဲ့ ေယာက်ာ္းက 
ခ်စ္ျခင္းအတြက္ ဘုရာေပးတဲ့ ဆုလာဒ္ကေလး  ……

တသက္လံုးျမတ္နိုးတန္ဖိုးထားသြားရမဲ့
ခင္ပြန္းေကာင္း……

စစ္မွန္စြာ ခ်စ္ခဲ့ႀကတဲ့ သူေတြအတြက္ကေတာ့  ခ်စ္ျခင္းေမတၱာဆိုတာ  ေယာက်ာ္းမိန္းမ ခြဲေနစရာမလိုဘူး။  အမိန္ ့အာဏာအတြက္ ခ်စ္ျခင္းျပည့္စံုက မရွိမျဖစ္ဆိုရင္…
ခ်စ္ျခင္းျပည့္စံုအတြက္ကလည္း အမိန္ ့အာဏာက  ေနာင္သံသရာ အဆက္ဆက္ထိ လက္လႊတ္မေပးနိုင္တဲ့ သူမ်ိဳး …

ဘယ္သူက ပိုခ်စ္သလဲ စကားနိုင္လာမလုနဲ ့ကေလးငယ္ ………

မင္းျပံဳးရင္လည္း ငါခ်စ္တယ္……

မင္းငိုရင္လည္း ငါခ်စ္တယ္ ……

ေယာက်ာ္းတစ္ေယာက္ျဖစ္ရက္နဲ ့ ကေလးယူေပးနိုင္ေလာက္ေအာင္ ငါခ်စ္တယ္…

ေသမင္းနဲ ့စစ္ခင္းပီး မင္းဆီျပန္လာရေအာင္ ငါခ်စ္တယ္……

ရင္ဝယ္ျဖစ္လာတဲ့ ေသြးသားေတာင္
မင္းနဲ ့ျပိဳင္ရင္ မင္းနိုင္ေလာက္ေအာင္
ငါခ်စ္တယ္……

အေသြးအသားကိုလည္း ေပးမယ္ …

နွလံုးေသြးနဲ ့ရင္းပီး စစ္မွန္တဲ့ အခ်စ္ေတြကိုလည္းေပးမယ္ ……

ငါ့ျဖစ္တည္မူ ့ငါ့အသက္ကိုလည္းေပးမယ္…

အဲ့သေလာက္ထိ ေမာင့္ကိုငါခ်စ္တယ္…

The  end………………။

ခ်စ္တဲ့အိမ္စည္။

ဇာတ်သိမ်းပိုင်း

"လှလိုက်တာ ဒယ့်ဒီ သမီးလေးက "

မိတ်ကပ်ပါးပါးလေး လိမ်းထားပီး  ရွှေအိုရောင် ထိုင်မသိမ်း လေးဝတ်ပေးနေတာကို
ကြည့်ပီး အမိန့် အသံက အားရဝမ်းသာ တလုံးတခဲကြီး။ 

"ဟို… ကြိုပြောထားတယ်နော် …ဆံထုံး လေးထုံးပေး  မာမီ …။   ခေါင်းအုပ် မအုပ်ချင်ဘူး … သဇင်ပန်းကိုလဲ… အစစ်တွေဝယ်ထားတယ်… အသောကိုလဲ သဇင်အစစ်ပဲပန်ပေး ။ အချစ်ရေ  သဇင်ပန်းလေး"

"ဒီမှာ မင်းမခိုင်းခင်ကတည်းက ကြိုယူထားတယ် "

ချစ်ခြင်း စိတ်တိုနေပီမို့ အသံက သိပ်မကြည်တော့ ။ ဘယ်နှယ့် တစ်မနက်လုံး သူ့ အသံကြီးပဲ ။

"ဟီး …အချစ်က လိမ်မာလိုက်တာ ပေးပေး  မောင့်ကို "

ပန်းထည့်ထားတဲ့ လင်ဗန်းလေးကို ပေးလိုက်ပီး… အမိန့် နဲ့ အတူ ……သူရဲ့ချစ်သက်ကလေးတွေကို ကြည်နူးခြင်းတွေနဲ့ ကြည့်နေမိသည်။ 

" လည်တုံ တွေက အစစ်တွေမို့ သမီးရေ
သေချာလေး ချီပေးမယ်နော် ။  "

မာမီက အလွန်းကို လက်ဝတ်လက်စားဝတ်ပေးနေတဲ့ သူ့ တပည့်တွေကို သေချာမှာနေ၏။

သိပ်လှနေတဲ့  သမီးရဲ့ လည်တိုင်မှာ ချစ်ခြင်းဆိုင်က ယူလာတဲ့ စိန်လည်တုံ လှလှလေးက တလှုပ်လှုပ်

"သားသား …အဲ့ဒါ ဘာဖြစ်နေတာလဲ ။"

သမီးကို ငေးနေရင်းမှ ချစ်ခြင်း   မောင့်အသံကြောင့် အသောကို လှည့်ကြည့်လိုက်မိသည်။ မြင်လိုက်ရတဲ့ပုံလေး ကြောင့်
နှုတ်ခမ်းကို ကိုက်ကာ စိတ်ထိန်းလိုက်ရသည်အထိ  ။ 

ချစ်သောလေးကတော့ တကယ်ပဲ……

နှုတ်ခမ်းနီဆိုးထားတာကို ပျက်မှာစိုးလို့ ထင်၏ ။ 
ပါးစပ်ဟ ထားတာပြန်မပိတ်တော့။

ရှင်လောင်းဝတ်စုံဝတ်ပေးနေတဲ့ မာမီပေါက်စတွေရော… မောင်ရော သဘောတကျ ရယ်ကျတော့ မျက်လုံးပြူးလေးနဲ့ စကားမပြောရဲ။ 
မျက်တောင်တု တပ်ထားသည်မို့
ပြုတ်ကျမှာလဲဆိုးပုံပေါ်၏။

"တားတား နှပ်ခမ်းနီ ကျက်မာချိူးလို့ "

"ဟားဟားး … သားသားရယ် …မပျက်ပါဘူးကွာ… ပါးစပ်ပိတ်ထားညောင်းနေတော့မှာပဲ ။မဲတင်းမထားနဲ့ သားငယ် … ပေါ့ပေါ့ပါးပါးနေ ဘာမှမဖြစ်ဘူး "

စကားတွေတောင်မပီတော့တာမို့  အမိန့် တို့ မှာ ငိုအားထက်ရယ်အားသန် ဖြစ်နေရသည်။

"သားသား မမ လိုလေးနေ… ဒီမှာကြည့် 
ဒီလိုလေး "

မောင်လုပ်သူကို ပြုံးပြပီး သင်ပေးနေတဲ့အမ ကို   ငေးငေးလေးလိုက်ကြည့်နေတဲ့အသောသည်
မောင်ရှင်လောင်းဝတ်စုံ နဲ့  တောင်ရှည်ပုဆိုးကို ဝတ်ထား၏။   ခေါင်းမှာတင်ပေးထားတဲ့ ဆံထုံးသေးသေးမှာလဲ  သဇင်ပန်းတွေက ဝေဆာလို့ ။
ရှင်ဘုရင်ပေါက်လေး ခန့် ညားနေရုံမကဘူး …

ထိုင်မသိမ်းလေးနဲ့  ထုံးပေးထားတဲ့ ဆံထုံးလေးလေးသည် အလွန်း၏ ခေါင်းမှာ သတိုးသမီးတွေလို ကျကျနန ။ဆံထုံး
ဘေးနားမှာ ကပ်ပန်ပေးထားတဲ့ သဇင်တွေက ဖွေးဖွေးလှုပ် မြိုင်လို့ ။

သိပ်ကို ချစ်ဖို့ ကောင်းတဲ့ သူ့ ရဲ့ငှက်ပေါက်လေးနှစ်ကောင်အားငေးကြည့်ရင်း အမိန့် မျက်ရည်ခိုးသုတ်လိုက်သည်။

ရင်ထဲမှာ ဝမ်းသာကြည့်နှူးစိတ်က သားသမီးဆိုတဲ့  ရင်ကဖြစ်တဲ့သွေးသား
လေးတွေကြောင့်  ကတုန်ကရင် နဲ့
လက်ဖျားခြေဖျားတွေတောင်အေးနေသည်။

တဖြည်းဖြည်းရောင်နီသန်းလာကာ
လောကကြီးကိုရှင်းရှင်းလင်းလင်းမြင်နေရပြီ။
တရွာလုံး တင် မက  တခြားရွာက သူတွေပါ  လမ်းမှာ ရှုတ်ယှက်ခက်နေ၏။

အလှူ  ကြီးဖြစ်သည်ကြောင့်  တရွာလုံးပါဝင်ဆင်နွှဲတဲ့ ပွဲမို့  အကုန်လုံး မိုးမလင်းကတည်းက
ပျားပန်းခက်လှုပ်ရှားသွားလာ နေကြ၏။

" ချစ်ခြင်း  ချစ်ခြင်း "

"ဗျာ …ဘိုးဘိုး "

အောက်က ခေါ်သံကြောင့်  ချစ်ခြင်း  အဝတ်လဲနေရာမှ  ပြန်ထူးလိုက်သည်။

"မပြီးသေးဘူးလား နောက်ကျ တော့မှာ ကလေးတွေရော "

" ခုဆင်းလာတော့မှာ ဘိုးဘိုး
အကုန်ပြီးနေပီ  "

တိုက်ပုံကြယ်သီးကို တလွှဲတက်နေတဲ့ မောင့်ကို ပြေးပီး ဝိုင်းကူ တပ်ပေးလိုက်ရင်း အောက်ကို လှမ်းအော်နေရသည်။

မိုးမလင်းခင်ကတည်းက နိုးနေပီး ဘာမှ
ပြင်ပြင်ဆင်ဆင် ကြိုမလုပ်ထားတဲ့ ယောကျာ်းလုပ်သူကို မျက်စောင်းရွယ်ပီး
မကျေနပ်ကြောင်း ပြနေပေမဲ့  အမိန့် အာဏာရဲ့ အကြည့်တွေက ချစ်ခြင်းဆီမှာမရှိ။ အကြည့်တို့ လားရာကို လှည့်ကြည့်စရာမလိုပေ။

ခုံပေါ်မှာ ငြိမ်ငြိ်မ်လေးထိုင်နေတဲ့ သူ့ ငှက်ပေါက်တွေက လွဲရင်ဘာဖြစ်နိုင်မလဲ။

"သားသားနဲ့ မီးမီး  ထ  သွားရအောင် "

ချစ်ခြင်း အရင် အသော ကို ပွေ့ ချီလိုက်ပီး
ပြောလိုက်တော့ မောင်ကပါ အလွန်းလေးကို လာပွေ့ ချီ၏။    အလွန်းက လုံးဝ
အနေမခက် ပဲ သက်တောင့်သက်သာ ဖြစ်နေပေမဲ့  ချစ်သောက တော့  ခုထိ ပါးစပ်
ပိတ်ခိုင်းလို့ မရ  ။ 

"သားသားရာ  ပျက်ရင် ဖေဖေ ထပ်ဆိုးပေးပါ့မယ်   ပါးစပ်ကြီးပိတ်ထားစမ်းပါ ။
မျက်တောင်ရော ခတ်ရော ခတ် ရဲ့လား "

ပြောလိုက်တော့ မျက်တောင်တုကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြသည်။ ပီးရင် သူမဟုတ်သလို မျက်လုံးကြီးပြူးနေအုန်းမှာ မြင်ယောင်သေးတယ်။

  ချစ်သောပေါက်သည် အဲ့သည်လောက်လှချင်တာပါ။ အောက်ထပ်ကိုရောသည်နှင့် ကြိုစောင့်နေသော ဘိုးဘိုးကိုတွေ့ ရသည်။

" ဟားဟား…   တောင်ရှည်လေးနဲ့  ဘိုးဘိုး အသည်းလေးက လှ လိုက်တာ
ကွာ … ။  ဟ…  ငါ့သားမျက်တောင်က  ပိုရှည်လာသလားလို့ "

မျက်မှန်တပ်ပီး ပြူးပြဲကြည့်နေတဲ့ ဘိုးဘိုးကြောင့်ချစ်ခြင်းကတော့ရယ်ချင်လှပီ။ ဒါတောင် ဖေကြီးမပါသေးဘူး  ။

"  ဘိုးဘိုးကြီးရေ  ပြောတော့ နောက်ကျနေပီဆို  "

"အေးလေ နောက်ကျပီ "

မျက်တောင်ဘယ်နှစ်ပင် ရှိလဲ ရေတွက်နေသလားပဲ …ခုထိ အသော မျက်တောင်ကနေအကြည့်လွှဲမလာပဲ  ပြောနေသည်မို့ အမိန့်  မီးမီးကို ချီထားရက်နဲ့ ရယ်ချင်
နေပေမဲ့ မရယ်ရဲ။ 

" ဒါဆို သွားကြရအောင်လေ  "

"အေးပါ  နေပါအုန်း ငါသားကို
ကြည့်ပါရစေအုန်း "

ချစ်ခြင်းနဲ့ အမိန့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပီး ပြုံးလိုက်မိသည်။
တကယ့်သဲသဲကဲကဲ  တွေ ……

>>>>>>>><<<<<<<<

" အဲ့ဒါ ဘာဖြစ်နေတာလဲ "

ခေါင်းကြီးငုံ့ ပီး တရှုံ့ ရှုံ့ငိုနေတဲ့ မောင့်ကိုကြည့်ပီး ချစ်ခြင်း အောက်နှုတ်ခမ်းလေးကို ဖိကိုက်လိုက်သည်။ 

သူ့ အသည်းနှလုံးကြီးက ခုထိ ရူးလောက်အောင်  ချစ်ဖို့ ကောင်းနေတုန်းပင်။ 

မိုးမလင်းခင်ကတည်းက ပြာယာခက်နေသူသည် အလှူ လှည့်နေတုန်းကလည်း  ဆင်ပေါ်က သားကို ပြေးကြည့်လိုက်… မြင်းလှည်းပေါ်က သမီးကိုပြေးကြည့်လိုက်
နဲ့ 
အလုပ်များ၏။   

ပြေးကြည့်ရုံတင်ဆို ချစ်ခြင်း ဘာမှမပြောပေမဲ့  အငိုမင်းသားအမိန့် အာဏာက ကြည့်ပီးပြန်လာတိုင်း  မျက်ရည်လေးတ စမ်းစမ်းနဲ့ ။   ချစ်ခြင်းလည်း သားနဲ့ သမီးကို ကြည့်မိတိုင်း   ဝမ်းသာမျက်ရည်စို့ တယ်ဆိုပေမဲ့အမိန့် လောက်တော့ မကဲသဲပါ။

ဘိတ်သိတ်သွန်းပေးတော့လဲ ငို …
ပါဝါစလေးခံပီး  သားနဲ့ သမီးကို မြင့်မြတ်တဲ့ သာသနဘောင်ကူးပြောင်းဖို့ ဆံချပေးတော့လဲ ငို …နဲ့ တချိန်လုံးငိုနိုင်လွန်းသူကြီးပါ။

ခုလည်း ဘုရားသားတော် ၊သမီးတော် အဖြစ်လုံးလုံးရောက်ရှိသွားပီဖြစ်တဲ့ ကိုရင်လေးအရှင်ခန္တီဝရ နဲ့  သီလရှင် ဆရာလေး
မခေမာကို ကြည့်ပီး ခေါင်းကြီးငုံ့ ကာ ငိုနေလေရဲ့။ 

" မောင်  ငိုမနေနဲ့ လေ  …ဟိုမှာ ကိုရင်လေးက မင်းကြည့်ပီး ငိုတော့မှာ မျက်နှာမဲ့ နေပီ။  "

မောင့်ပုခုံးကို ပုတ်ပီး ကိုရင်လေးကို မေးငေါ့ပြလိုက်သည်။ တကယ်ပဲ  ကိုရင်လေး
က  ကျောင်းထိုင်ဆရာတော်ရှေ့ မှာ ငြိမ်ငြိမ်လေးထိုင်နေပေမဲ့ 
အမိန့် ငိုတာမြင်တော့  မျက်နှာလေး မဲ့ကျနေ၏။  

ဖေကြီးတို့ ရော ဘိုးဘိုးတို့ ရော ဒူးတုတ်ထိုင်ပီး  ကျောင်းထိုင် ဆရာတော်နဲ့ စကားပြောနေကြသည်မို့  အမိန့် တို့ သားအဖ ဖြစ်ပျက်နေသည်ကို မမြင်ကြပေ။   ဆရာလေး မခေမာ ကတော့ တည်တည်ကြည်ကြည်လေး မျက်လွှာလေးချပီးငြိမ်သက်နေသည်မို့ တော်သေး၏။ 

အမိန့် မျက်ရည်တွေ ကို ကမန်းကတန်း
သုတ်ပီး   လက်အုပ်ချီလိုက်ပီး  ကိုရင်လေးနားကို ဖြည်းဖြည်းခြင်း ဒူးတုတ်ရက်နဲ့ တိုးလိုက်သည်။

" ကိုရင်လေးဘုရား … မငိုပါနဲ့  တပည့်တော်
ကိုရင်လေးတို့ ကိုကြည့်ပီး ဝမ်းသာလို့ မျက်ကျတာပါဘုရား … "

စိမ်းဖန့် ဖန့် ကုတုံးလေးနဲ့   နီညိုရောင် သင်္ကန်းခြုံ ထားတဲ့ ကြည်စင်နေတဲ့ မျက်နှာတော်နုနုကို ကြည့်ပီး  အမိန် ထပ်မံပီးမျက်ရည်တွေ ဝေ့သီလာပြန်သည်။  သူ့ ငှက်နီပေါက်လေးတွေကိုနောက်ဆုံးတော့ မိဘ
တို့ ဝတ္တရားအတိုင်း ရှင်ပြုနားသ သာသနဘောင်ကို ကူးပြောင်းပေးနိုင်ခဲ့ပီ။ 

ပုတ်ခတ်ပုတ်ခတ် လုပ်နေတဲ့ မျက်တောင်ဖျားတွေကြောင့်  ချစ်ခြင်း ဘေးကနေဝင်ပါလိုက်ရတော့သည်။ မဟုတ်ရင် 
သူ့ ယောကျာ်းအငိုမင်းသား သည် လူရှေ့ လည်းမရှောင် ငိုပေတော့မည်။

" ကိုရင်လေးဘုရား တပည့်တော်တို့ ပြန်ပါတော့မယ် ဘုရား …ညနေကျမှ တစ်ခေါက်ပြန်လာကြည့်ပါမယ်ဘုရား  "

" သွား...သွား  …ကိုရင်လေး  မဟုတ်ရင် ငိုတော့မှာ "

ဆရာတော်ကပါ နှင်နေပီမို့  အမိန့် မထချင်ထချင်နဲ့  ထလိုက်ရသည်။ တခါမှမခွဲဘူးတော့  သူ ထားခဲ့ရမှာနည်းနည်းမှစိတ်မချ ။

"ဆရာလေး ဘုရား …ကိုရင်လေး ငိုနေမှာဆိုးလို့  ကြည့်လိုက်ပါအုန်း ဘုရား "

မျက်လွှာချထားတဲ့ မျက်တောင်ဖျားတွေပင့်မော့ကြည့်လာပီး ခေါင်းငြိမ့်ပြသည်မို့ 
အမိန့်  စိတ်ချသွားသည်။ သမီးက တည်ငြိမ်ပီးဥာဏ်ကောင်းသူမို့ အစစအရာရာ
ဦးဆောင်နိုင်လိမ့်မည်။ 

" ဒကာလေး စိတ်မချရင် ညကျ အတူလာအိပ်ပေးလို့ ရပါတယ်  … ဒီရွာမှာက
သီလရှင်ကျောင်းသက်သက်မရှိတော့ ဆရာလေးတွေကို ကျောင်းမှာ ခေါ်ထားရလို့   မိဘတွေကိုညရေးညတာ လာစောင့်အိပ်ပေးဖို့ ဘုန်းဘုန်းတို့ ခွင့်ပြုထားပါတယ် "

" အဲ့… အဲ့လိုလုပ်လို့ ရလား ဘုရား "

ဝမ်းသာသွားတဲ့ မျက်နှာက သိသိသာသာမို့  ချစ်ခြင်းခေါင်းရမ်းလိုက်သည်။  မလွယ်ဘူးအမိန့် အာဏာက  ။ 

ဘုန်းကြီးကျောင်းကပြန်ထွက်လာတော့  နှစ်ယောက်သမား  ခြေလှမ်းတွေက လွှတ်လပ်ပေါ့ပါးနေ၏။  ရှေ့ ကသွားနေတဲ့ ဘိုးဘိုးကြီးတို့ ကိုကြည့်ပီး ဘေးတိုက်အတူလျှောက်နေတဲ့ မောင့်ကို မေးလိုက်သည်……။

" မင်း … သားနဲ့ သမီးကို အဲ့လောက်တောင်ချစ်တာလား "

ချစ်ခြင်းမေးတော့ မောင်ကပြုံးသည်။
မောင်ပြုံးလိုက်တဲ့ အပြုံးလေးက သိပ်လှတာပဲ။ အရာရာနားလည်လက်ခံပေးနိုင်သလို အပြုံးမျိုးမို့  ချစ်ခြင်းအတွက်ကတော့ အဓိပ္ပါယ်ရှိသည်။

" သားနဲ့ သမီး တင်မက ဘူး မင်းကလည်း မောင့်ဘဝ… မောင့်အသက်ပါအချစ်ရယ်။
ငှက်နီပေါက်လေး တွေကို မောင် ချစ်တယ်ဆိုတာ မင်းရဲ့သွေးသားလေးတွေမို့
လို့ ပါ… မောင့်ကို ပိုလွန်းကဲလွန်းတယ်လို့ တော့ မထင်လိုက်ပါနဲ့  … မင်းတို့ သုံးယောက်လုံးက မောင့်အသက်ရှင်ခြင်းလေးတွေလို့ ပြောရင် ရယ်စရာများဖြစ်နေမလားပဲ …အဲ့လောက်ထိ မင်းတို့ ကိုသုံးယောက်ကိုမောင်ချစ်တာ  "

တည်ကြည်ခန့် ညားနေတဲ့ အမိန့် အာဏာကို မြတ်နိုးစွာမော့ကြည့်ရင်း
လက်ဖဝါးတစ်ဖက်ကိုထွေးဆုပ်ကိုင်လိုက်သည်။ 
ဒီယောကျာ်းနဲ့ သာ တသက်လုံး အတူတကွဖြတ်သန်းချင်မိတယ်ဆိုရင် ချစ်ခြင်းအလွန်မဟုတ်ပေ။ေ
နွးထွေးပီးချစ်တက်လွန်းတဲ့ မောင်က  ချစ်ခြင်းအတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပဲ။ 

နှစ်ယောက်လုံး ဆုတောင်းမှားပီးတွေ့ စုံခဲ့ရပေမဲ့
အမိန့် အာဏာဆိုတဲ့ ယောကျာ်းက 
ချစ်ခြင်းအတွက် ဘုရာပေးတဲ့ ဆုလာဒ်ကလေး  ……

တသက်လုံးမြတ်နိုးတန်ဖိုးထားသွားရမဲ့
ခင်ပွန်းကောင်း……

စစ်မှန်စွာ ချစ်ခဲ့ကြတဲ့ သူတွေအတွက်ကတော့  ချစ်ခြင်းမေတ္တာဆိုတာ  ယောကျာ်းမိန်းမ ခွဲနေစရာမလိုဘူး။  အမိန့် အာဏာအတွက် ချစ်ခြင်းပြည့်စုံက မရှိမဖြစ်ဆိုရင်…
ချစ်ခြင်းပြည့်စုံအတွက်ကလည်း အမိန့် အာဏာက  နောင်သံသရာ အဆက်ဆက်ထိ လက်လွှတ်မပေးနိုင်တဲ့ သူမျိုး …

ဘယ်သူက ပိုချစ်သလဲ စကားနိုင်လာမလုနဲ့ ကလေးငယ် ………

မင်းပြုံးရင်လည်း ငါချစ်တယ်……

မင်းငိုရင်လည်း ငါချစ်တယ် ……

ယောကျာ်းတစ်ယောက်ဖြစ်ရက်နဲ့  ကလေးယူပေးနိုင်လောက်အောင် ငါချစ်တယ်…

သေမင်းနဲ့ စစ်ခင်းပီး မင်းဆီပြန်လာရအောင် ငါချစ်တယ်……

ရင်ဝယ်ဖြစ်လာတဲ့ သွေးသားတောင်
မင်းနဲ့ ပြိုင်ရင် မင်းနိုင်လောက်အောင်
ငါချစ်တယ်……

အသွေးအသားကိုလည်း ပေးမယ် …

နှလုံးသွေးနဲ့ ရင်းပီး စစ်မှန်တဲ့ အချစ်တွေကိုလည်းပေးမယ် ……

ငါ့ဖြစ်တည်မူ့ ငါ့အသက်ကိုလည်းပေးမယ်…

အဲ့သလောက်ထိ မောင့်ကိုငါချစ်တယ်…

The  end………………။

Bạn đang đọc truyện trên: ZingTruyen.Xyz