ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
44
" ဟဲ့ ေခ်ာရီ …တိုးတိုးလုပ္ႀကပါဟဲ့ …
ဧည့္သည္ေတြ အိပ္ေနႀကတုန္း "
"သိပါတယ္ အန္တီလွရယ္ … သမီးတို ့လည္း တိုးတိုးေျပာေနတာပဲ… ကဲပါ…ေမးေနတာသာေျဖေပးစမ္းပါ … ဘိုးဘိုးႀကီးေျမးက
ေယာက်ာ္းေလးခ်င္းယူထားတာဆို …ျပီးေတာ့ အေတာ္ႀကီးကို လွတယ္ဆို …
ဟုတ္လား "
" ေအာ္ေအ …ညည္းတို ့ကလည္း မိုးမလင္းေသးဘူး သတင္းကေရာက္ေနျပန္ပါျပီ ေနပြင့္မွ …လာႀကည့္ပါေတာ့လားေအ "
"အန္တီလွတို ့က စိတ္ဓာတ္ပဲေနာ္ …
ဒါေလးေျဖတာကို မေန ့က ဘိုးဘိုးႀကီးကို ေမးေတာ့ ငါ့ေျမးသမက္ကိုျမင္ရင္ ညည္းတို ့ငိုႀကလိမ့္မယ္တဲ့ ေျပာသြားတာ ။ အဲ့ဒါသမီးတို ့က မယံုလို လာႀကည့္ၾကတာ "
" ေအးမယံုရင္ ပံုျပင္သာမွတ္ေဟ့ ။ ေျပာရင္ ယံုမွာမဟုတ္ဘူး ။ ရြာအေရွ ့ပိုင္း ရြာလူႀကီး ဦးဘိုတင္ သမီး ျမသဇင္သင္း ကိုသိတယ္မို ့လား …သူတက္တဲ့ေက်ာင္းမွာ queen ဆိုလားဘာဆိုလား အဲ့တစ္ေယာက္ေလ "
"သိတယ္ေလ မမသဇင္က မႏၱေလးေဆးတကၠသိုလ္မွာ queen ရွင့္ queen ။သမီးတို ့ရြာမွာ အလွဆံုးဆိုတာ သမီးတို ့တင္ မကဘူး
ဒီနားက ေရႊဘို …ဇီးကုန္း …ကန္ ့ဘလူ က လူေတြထိ သိတယ္။ အန္တီလွ မသိလို ့ေနာ္ Fb ေပၚမွာလည္း မမသဇင္က ဆယ္လီ ေနာ္ ။ရြာသူဆိုပီးမထင္မေသးနဲ ့"
"အမေလး ေအ.. ငါေျပာတာေလး
လည္းဆံုးေအာင္နားေထာင္ႀကပါဦးလားေအ ။ တကယ္ထဲ
ညည္းတို ့ ျမသဇင္သင္းအေႀကာင္းကို ေျပာမွာလား… ငါ့အိမ္က ဧည့္သည္အေႀကာင္းကိုေျပာရမွာလား "
" ဟဲဟဲ… အန္တီလွက လည္း စိတ္မဆိုးပါနဲ ့ဆက္ေျပာဆက္ေျပာ နားေထာင္ေပးမယ္ ။ "
"ေအး အဲ့ဒီ ျမသဇင္သင္းလွတာထက္ ဆယ္ဆ သာတယ္ ။ ကဲ သိခ်င္တာ သိပီးရင္ျပန္ႀကေတာ့ ။ ငါလည္း မနက္ဆြမ္းေတာ္ကပ္အုန္းမယ္။ ဟဲ့ ေနအုန္း ညည္းတို ့ ရြာလယ္ ဓမၶာရုံမွာ ကိုးနာရီေလာက္ ႀကက္သြန္ေႀကာ္ဖို ့လာႀကဦးေနာ္ "
"သိပါတယ္ အန္တီလွရယ္ ။ မေျပာလည္း သမီးတို ့က လာမွာပါ ။အခုေတာင္ ရြာထဲလူစုပီး သြားကူႀကေတာ့မွာ…ကဲ… သြားေတာ့မယ္ "
နားထဲ တိုးဝင္လာတဲ့ အသံေတြေႀကာင့္ အမိန္ ့ျပံဳးလိုက္ရင္း ေဘးမွာ ေကြးေကြးေလးအိပ္ေနႀကတဲ့ ကေလးနွစ္ေယာက္ကိုလွည့္ပီးေစာင္ေလးဆြဲျခံဳေပးလိုက္သည္။
ခ်စ္ျခင္းကေတာ့ အမိန္ ့လက္ေမာင္းေပၚမွာအိပ္ေနတာေႀကာင့္ ခ်ိဳင္းကေန ဆြဲမပီး အေပၚနားေလးထိတိုးကာေခါင္းအုန္းေပၚတင္ေပးလိုက္သည္။
ထိုအခါမွ ရွင္းရွင္းလင္းလင္းေပၚလာတဲ့ မ်က္နွာနုနုကအဖုအပိန္ ့ကင္းကာ ေဖြးႀကည္ေန၏။
မ်က္နွာလွလွအစြမ္းက အံ့မခန္းေပ။
ခ်စ္ျခင္းျပည့္စံု ၏ ရုပ္ရည္ရူပကာ အဆင္းသည္ေရာက္ေလရာအရပ္ မိုးေတာင္မလင္းေသး.. လာႀကည့္တဲ့သူေတြေတာင္ ရွိေနသည္။
အိပ္ေပ်ာ္ေနတာေတာင္ ထိရက္စရာမရွိ လွနိုင္လြန္းတဲ့ ခ်စ္ျခင္းကို ေစ့ေစ့စပ္စပ္ႀကည့္ေနရင္း ျဖဴ နုေနတဲ့ ပါးျပင္ကို မခ်င့္မရဲ နမ္းရွဳိက္လိုက္သည္။
ျမင္ေနရက္နဲ ့မထိရရင္ေသရလိမ့္မယ္။ ပါးျပင္ေပၚက ေသြးေႀကာေလးေတြက လွသလို နုေထြးေနတဲ့ နွဳတ္ခမ္းနွစ္လႊာက
လည္း လွသည္။
သြယ္တန္းေနတဲ့ မ်က္ခံုးတန္းေလးက အႀကည့္လႊဲဖို ့ခက္သလို ေကာ့ျဖာေနတဲ့ မ်က္ေတာင္ဖ်ားတို ့ကလည္းအသက္ရွဳမွားခ်င္စရာေကာင္းသည္ ။
တကယ္ပါ ခ်စ္ျခင္းျပည့္စံုက ရူးေလာက္ေအာင္ကို လွတာပင္။
ႀကည့္ရင္းနဲ ့ ခ်စ္သလို ခ်စ္ရင္းနဲ ့လည္း ပိုပိုႀကည့္ခ်င္လာသည္။
ရူးေလာက္တဲ့
ခ်စ္ျခင္းျပည့္စံုေလးက အမိန္ ့အာဏာ အပိုင္မို ့ နီရဲေနတဲ့ နွင္းဆီဖူးေလးလို နွုဳတ္ခမ္းနွစ္လႊာ ေမးဖ်ားကေနကိုင္ေမာ့ နမ္းရွဳိက္လိုက္သည္။
"အြန္း ေမာင့္ "
" အခ်စ္ ခဏ ေမာင္နမ္းဦးမယ္ "
မပီမျပင္ ထြက္လာတဲ့ ေမာင့္အသံေႀကာင့္ အိပ္ခ်င္စိတ္နဲ ့အတူ မ်က္လံုးမဖြင့္ပဲ အနမ္းခံေနလိုက္သည္။
အိပ္ေနတဲ့သူကို ေနွာက္ယွက္ ခုမွ မဟုတ္။
မရုိးနိုင္ေသးတဲ့ အမိန္ ့အာဏာက အိပ္ေနတာပဲျဖစ္ျဖစ္ ဇာတ္ကားႀကည့္ေနတာပဲျဖစ္ျဖစ္ ဘယ္ေသာအခါမွ ျငိမ္ေအးခြင့္မေပး မက္ေမာစြာနမ္းရွဳိက္တက္တာပံုမွန္ပင္ျဖစ္၏။
အနမ္းဆိုေပမဲ့ ခ်စ္ျမတ္နိုးစိတ္ေတြပါကပ္
ပါသည္မို ့ ခ်စ္ျခင္းအေနျဖင့္ မႀကိဳက္နွစ္သက္စရာအေႀကာင္းမရွိ ။
"မြ "
အျပီးသတ္ နွဳတ္ခမ္းလႊာကို အသံထြက္ေအာင္တခ်က္နမ္းပီးမွ ကိုင္ဆြဲထားတဲ့ေမးဖ်ားကို အမိန္ ့လႊတ္ေပးလိုက္သည္။
"ေမာင္ အေစာႀကီးနိုးေနတာလား "
ႀကည္ႀကည္လင္လင္းျဖစ္သြားပီမို ့ခ်စ္ျခင္း မ်က္လံုးဖြင့္ႀကည့္လိုက္သည္။ ေရာင္နီပ်ိဳးစအခ်ိန္ဆိုေပမဲ့ အနည္းငယ္ေစာေနေသးသည္။
" အင္း ဒီမွာက ဒီအခ်ိန္မေစာေတာ့ဘူးေလ။ မနက္ကတည္းက မင္းကို လာေတြ ့တဲ့ သူေတြ ေရာက္ေနႀကတယ္ ။ "
ဆံပင္အုပ္ေလးကိုထိုးဖြေဆာ့ကစားရင္း
ေျပာလိုက္ေတာ့ မသိနားမလည္တဲ့မ်က္ဝန္းတို ့က အမိန္ ့ဆီ လြင့္လာ၏။
"ဘာလုပ္ဖို ့လဲ "
"ဘာမွမဟုတ္ဘူး။ ေမာင့္ခ်စ္ျခင္းေလးကို
တမင္ ေတြ ့ခ်င္လို ့လာက်တာ ။ေရာက္တုန္း Maskမတပ္ေသးနဲ ့ဦး ။
မ်က္နွာေလးျပေပးလိုက္ပါ။ ေမာင့္အခ်စ္ေလးဘယ္ေလာက္လွလည္း ဆိုတာႀကည့္ပါေလ့ေစ ။ မဟုတ္ေတာင္ ဘိုးဘိုးႀကီးက လာသမ်ွသူ သူ ့ေျမးသမက္ဘယ္ေလာက္လွေၾကာင္း လိုက္ႀကြားထားတာ "
"အာ အဲ့လိုႀကီးႀကည့္က်မွာလားရွက္စရာႀကီး "
"ဟား ဟား အခ်စ္ရယ္ ။ မင္းတသက္လံုး
မ်က္လံုးေလးနဲ ့လက္ဖ်ားေလးေပၚေနတာေတာင္ သိေတာင့္သိသာ လိုက္ႀကည့္ေနက်တာ မရုိးေသးဘူးလား "
အသဲေတြယားလာတာေႀကာင့္ ပုခံုးသားေလးကို ခပ္ဖြဖြ ေပြ ့ဖက္ လိုက္သည္။ ရုန္းမထြက္သြားပဲ ညိမ္ညိမ္ေလး အဖက္ခံေနတဲ့ ခ်စ္ျခင္းေလးက လူလွသလို ပိုပိုခ်စ္ေအာင္လည္း လုပ္တက္ေသးသည္။
" ဒယ္ဒီ "
အေသာေလးက အသံနဲ ့တူ အမိန္ ့လည္ပင္းကို လက္ေသးေသးနဲ ့လာဖက္၏။
သူ ့ငွက္နီေလးတစ္ေကာင္နိုးလာပီမွန္း အမိန္ ့သိလိုက္ပါၿပီ။
" အခ်စ္ေလး နိုးပီလား "
ခ်စ္ျခင္းကိုဖက္ထားတာမလႊတ္ေပးေသးပဲ
ေက်ာဖက္မွာ မ်က္နွာကပ္ကာ မွိန္းေနေသးတဲ့ အေသာကို အသံေပးလိုက္သည္။
" yes ဒယ္ဒီ "
အိပ္ခ်င္မူးတူးသံေလးနဲ ့အေသာကျပန္ေျဖသည္။
" ဒယ္ဒီ morning ။အလြန္းေလးေရာ နိုး လာပါပီ … သားသား ကိုခ်စ္… မြ …"
အေသာအသံႀကားသည္နဲ ့ လွဳပ္လွဳပ္ရြရြ အသံေပးကာ အလြန္းပါ နိုးလာ၏။
ေမာင္ျဖစ္သူကို ေနာက္ဖက္ကေန သိုင္းဖက္ပီး ေခါင္းေလးကိုပါအသံထြက္ေအာင္နမ္းလိုက္ေသးသည္။
ရထားတြဲ လိုအေနအထားမ်ိဳး အမိန္ ့တို ့မိသားစုက အတြဲလိုက္ျဖစ္ေနသည္။
ခ်စ္ျခင္းကိုအမိန္ ့ကဖက္ …အမိန္ ့ကို အေသာကဖက္ …အေသာကို အလြန္းက ဖက္…နွင့္ပင္။
ေတာ္ေသးသည္ ။ မိသားစုအိပ္က်ြန္းကုတင္ႀကီးက က်ယ္က်ယ္ဝန္းဝန္းရွိလို ့ ။
အေတာ္ႀကီးႀကာေအာင္ အမိန္ ့တို ့အိပ္ယာထဲက မထပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စကားေတြေျပာပီးမွ အိပ္ယာထႀကသည္။
-----------------------
"ဘယ္နွယ့္လဲ စားေကာင္းတယ္မို ့လား ဒါေလးလဲစားႀကည့္"
လည္ပင္းမွာ ငါးက်ပ္သားေလာက္ရွိတဲ့ ဆြဲႀကိဳးတုတ္တုတ္ႀကီး ဆြဲထားတဲ့ အန္တီႀကီးက အမိန္ ့ ေရွ ့ကို ငါးရံေျခာက္ဖုတ္နဲ ့ပဲနိုင္းခ်င္းေပါင္းထားတဲ့ ေကာင္ညွင္းေပါင္းပန္းကန္းကိုတိုးေပးပီး ျမည္းစမ္းခိုင္းေန၏။
စားပြဲေပၚမွာ ေကာင္ညွင္းေပါင္း ၊မုန္ ့ဟင္းခါး အေႀကာ္စံုတို ့က အေငြ ့တေထာင္းေထာင္းနဲ ့စားခ်င္စဖြယ္ေကာင္းေအာင္ ျပည့္ေန၏။
တကယ္ေတာ့မန္းေလးသူ ဘြားေလးအေမက ဒီရြာသူ ျဖစ္တာေႀကာင့္ ငယ္ငယ္ကတည္းက မၾကာခဏ လာလည္ခဲ့ဖူးသည္မို ့အမိန္ ့အတြက္ကေတာ့မစိမ္းသက္ေပ။
ဘိုးဘိုးက ဘြားေလး ခ်စ္တဲ့ ရြာေလးဆိုေတာ့ သူပါ လိုက္ခ်စ္ရင္းကေန ခုထိ ရပ္ရြာက လိုအပ္သမ်ွကို ေထာက္ပံ့ေပးေန
မို ့ ဘိုးဘိုးႀကီးဆိုရင္တရြာလံုးက ခ်စ္ႀကသည္။
" ေကာင္းတယ္ မိတင္ေရ။ ငါကေတာ့ ဒီလာရင္ ညည္းလက္ရာ မွမစားရရင္ မေပ်ာ္ဘူးေဟ့ ။ ခ်စ္ျခင္း စားႀကည့္ ေကာက္ညွင္ေပါင္းဆိုပီး အထင္မေသးနဲ ့အိစက္စိမ့္ေမႊးေနတာပဲ ။ တခါတေလ လာတုန္းစားျဖစ္ေအာင္စားႀကည့္ "
"ဟုတ္ ဘိုးဘိုး သားစားပါတယ္ "
တကယ္လည္းစား ေကာင္းတာမို ့ခ်စ္ျခင္းအေတာ္ႀကီးေတာင္စားထားမိသည္။
အေသာနဲ ့အလြန္းက ႏြားနို ့တခြက္စီနဲ ့ျငိမ့္ေနႀကတဲ့ ပံုမို ႔သူ ့ကေလးေတြကို ခ်စ္ျခင္း ျပံဳးႀကည့္လိုက္သည္။
အဆင့္တန္းရွိရွိ စားေနႀကတာမ်ား မသိရင္ လူႀကီးေလးက်ေနတာပဲ ။ မေပမပြ တဲ့အျပင္ ငိုျခင္း၊ ရယ္ျခင္းလဲမရွိ ။ခ်ေပးထားတဲ့ မုန္ ့ေလးပဲ ျဖည္းျဖည္းျခင္းစားေနႀကသည္။
" ကိုမိန္ ့ အိမ္ေထာင္ျပဳလိုက္ပီဆိုတာ ႀကားလိုက္တုန္းက အံ့ႀသခဲ့ေပမဲ့ ခုေတြ ့လိုက္ေတာ့လဲ မထူးဆန္းေတာ့ပါဘူး ။ လွလိုက္တာဆိုတာက က်ြန္မ တသက္လံုး တခါမွေတာင္ ဒီလို အသားေရ ဒီလို ရုပ္ရည္မ်ိဳးေတြ ့ေတာင္မေတြ ့ဘူးဘူး ။"
အန္တီတင္ဆိုတဲ့ အေဒၚႀကီးက ခ်စ္ျခင္းတို ့ခုေနေနတဲ့ အိမ္ပိုင္ရွင္အန္တီလွရဲ ့ညီမအပ်ိဳႀကီးျဖစ္ပီး ဘြားေလးရဲ ့တူမေတာ္စပ္ႀကသည္ဟု ေမာင္မေန ့ကေျပာလို ့သိပီးထား၏။
" အန္တီတင္ အန္တီတင္ "
"ေဟး ခင္ပြင့္ တို ့ ငါတို ့က အိမ္ေပၚမွာေဟ့ "
ခဏၾကာေတာ့ေလွကားမွ တက္လာသံ တဒုန္းဒုန္းကို ႀကားလိုက္ရ၏။
မႀကာဘူး
ဆယ္ငါးေယာက္ေလာက္ လူအုပ္ႀကီးသည္ ဘြားခနဲ ေလွကားအတက္မွာ ေပၚလာသည္မို ့ခ်စ္ျခင္းတို ့အံ့ႀသကုန္သည္။
"ဟဲ့ မ်ားလွခ်ည္လား ။ဖိုးေထာင္၊ ျမရီ ညည္းတို ့လင္မယားကဘာလာလုပ္ႀကတာလဲ "
"ဟီး အန္တီလွ ရယ္ ရြာထဲမွာ သတင္းေမႊးေနတာ ကိုမိန္ ့အိမ္ေထာင္ဖက္က အေတာ္လွဆိုလို ့လာႀကည့္တာပါေတာ္ ။
လွခ်က္က ရက္စက္ပဲ က်ဳပ္ေတာ့ ဒါမ်ိဳးျမင္ေတာင္မျမင္ဘူးပါဘူးေတာ္ "
ကြမ္းစားထားတဲ့ သြားနီနီနဲ ့အန္တီႀကီးအေျပာေႀကာင့္ခ်စ္ျခင္းပါ ျပံဳးမိမလို ျဖစ္သြား၏။
" အဲ့ဒါပဲ ကိုမိန္ ့ေရ ျမင္တဲ့အတိုင္းပဲ မိုးမလင္းခင္ကတည္းက မင္းေယာက်ာ္းကို လာလာႀကည့္ေနတာ ဒါနဲ ့ဆို သံုးဖြဲ ့ရွိေနပီ "
"ဟားဟား ႀကားတယ္ အန္တီေရ ။ ဒါမထူးဆန္းေတာ့ဘူး။ ခ်စ္ျခင္းကို မ်က္နွာမျမင္ပဲ maskတပ္ထားတာေတာင္ သိသိသာသာႀကည့္ႀကလြန္းလို ့က်ြန္ေတာ္ဆို သဝန္တို ဖို ့ေတာင္ေမ ့ေနပါ ပီ "
ေမာင္ကပါေက်နပ္ေနသည့္ပံုမို ့ ခ်စ္ျခင္း ေရေႏြးခ်မ္းခြက္ကိုသာေသာက္ပီးမသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။ အေတာ္ႀကီးအားရေအာင္ႀကည့္ပီးမွ ျပန္သြားႀကသည္မို ့ခုေလာက္ဆိုရြာထဲမွာ သတင္းျပန္ ့ေနေလာက္ပီ …။
လွရတာလဲ ခက္လိုက္တာ တကယ္ပါပဲ ။
----------
" ဒယ္ဒီ သားသား ကိုႀကည့္ "
ေဘာကြင္းေလးေပၚမွာ အားယားေမွာက္ေနတဲ့ အလြန္းေလးကို အေသာကတြန္းေပးေန၏။ သဲေသာင္ျပင္ေပၚျဖတ္စီးဆင္းေနတဲ့ ေရက ေျခသလံုး တဝက္ေလာက္သာရွိပီး ႀကည္စိမ္းေနရုံသာမကဘူး ေအးျမေန၏။ ျမစ္ျပင္မွာထြန္းေနတဲ့ ေသာင္ခံုမို ့ ေရစီး သန္ေပမဲ့ ေသာင္နွစ္ခုႀကားေရတိမ္ပိုင္းမို ့အေသာတို ့အလြန္းတို ့အတြက္ကေတာ့ေပ်ာ္စရာျဖစ္ေနသည္။
" သားသား ကိုယ့္ေဘ့ာကြင္းကိုယ္စီးေလ
မမဘာသာ လြတ္လြတ္လပ္လပ္ေဆာ့ပါေစ"
"ဟင္အင္ မမ ကသားသားေလာက္ေရမကူးတက္ဘူး ။ သားသားေဘးကတြန္းေပးမွ မမ မေႀကာက္မွာ "
" သားသားကိုခ်စ္ "
"သားသားလည္း မမ ကိုခ်စ္ "
ေမာင္လုပ္သူလုပ္ေပးသမ်ွေက်နပ္ေနတဲ့
အလြန္းကို အမိန္ ့ ဘာဆက္ေျပာနိုင္မွာလဲ။ ခ်စ္ႀကေပါ့ …အားက်မူ ့တသိန္းျဖင့္
" အခ်စ္ ကို ခ်စ္တယ္ "
"…… "
ဟြန္ ့ အေသာလိုလဲ ျပန္မေျပာဘူး ။
အခ်စ္က ရုပ္ေလးလွသေလာက္ စိတ္ပုတ္လိုက္တာ …
ခ်စ္တဲ့အိမ္စည္
" ဟဲ့ ချောရီ …တိုးတိုးလုပ်ကြပါဟဲ့ …
ဧည့်သည်တွေ အိပ်နေကြတုန်း "
"သိပါတယ် အန်တီလှရယ် … သမီးတို့ လည်း တိုးတိုးပြောနေတာပဲ… ကဲပါ…မေးနေတာသာဖြေပေးစမ်းပါ … ဘိုးဘိုးကြီးမြေးက
ယောကျာ်းလေးချင်းယူထားတာဆို …ပြီးတော့ အတော်ကြီးကို လှတယ်ဆို …
ဟုတ်လား "
" အော်အေ …ညည်းတို့ ကလည်း မိုးမလင်းသေးဘူး သတင်းကရောက်နေပြန်ပါပြီ နေပွင့်မှ …လာကြည့်ပါတော့လားအေ "
"အန်တီလှတို့ က စိတ်ဓာတ်ပဲနော် …
ဒါလေးဖြေတာကို မနေ့ က ဘိုးဘိုးကြီးကို မေးတော့ ငါ့မြေးသမက်ကိုမြင်ရင် ညည်းတို့ ငိုကြလိမ့်မယ်တဲ့ ပြောသွားတာ ။ အဲ့ဒါသမီးတို့ က မယုံလို လာကြည့်ကြတာ "
" အေးမယုံရင် ပုံပြင်သာမှတ်ဟေ့ ။ ပြောရင် ယုံမှာမဟုတ်ဘူး ။ ရွာအရှေ့ ပိုင်း ရွာလူကြီး ဦးဘိုတင် သမီး မြသဇင်သင်း ကိုသိတယ်မို့ လား …သူတက်တဲ့ကျောင်းမှာ queen ဆိုလားဘာဆိုလား အဲ့တစ်ယောက်လေ "
"သိတယ်လေ မမသဇင်က မန္တလေးဆေးတက္ကသိုလ်မှာ queen ရှင့် queen ။သမီးတို့ ရွာမှာ အလှဆုံးဆိုတာ သမီးတို့ တင် မကဘူး
ဒီနားက ရွှေဘို …ဇီးကုန်း …ကန့် ဘလူ က လူတွေထိ သိတယ်။ အန်တီလှ မသိလို့ နော် Fb ပေါ်မှာလည်း မမသဇင်က ဆယ်လီ နော် ။ရွာသူဆိုပီးမထင်မသေးနဲ့ "
"အမလေး အေ.. ငါပြောတာလေး
လည်းဆုံးအောင်နားထောင်ကြပါဦးလားအေ ။ တကယ်ထဲ
ညည်းတို့ မြသဇင်သင်းအကြောင်းကို ပြောမှာလား… ငါ့အိမ်က ဧည့်သည်အကြောင်းကိုပြောရမှာလား "
" ဟဲဟဲ… အန်တီလှက လည်း စိတ်မဆိုးပါနဲ့ ဆက်ပြောဆက်ပြော နားထောင်ပေးမယ် ။ "
"အေး အဲ့ဒီ မြသဇင်သင်းလှတာထက် ဆယ်ဆ သာတယ် ။ ကဲ သိချင်တာ သိပီးရင်ပြန်ကြတော့ ။ ငါလည်း မနက်ဆွမ်းတော်ကပ်အုန်းမယ်။ ဟဲ့ နေအုန်း ညည်းတို့ ရွာလယ် ဓမ္ဓာရုံမှာ ကိုးနာရီလောက် ကြက်သွန်ကြော်ဖို့ လာကြဦးနော် "
"သိပါတယ် အန်တီလှရယ် ။ မပြောလည်း သမီးတို့ က လာမှာပါ ။အခုတောင် ရွာထဲလူစုပီး သွားကူကြတော့မှာ…ကဲ… သွားတော့မယ် "
နားထဲ တိုးဝင်လာတဲ့ အသံတွေကြောင့် အမိန့် ပြုံးလိုက်ရင်း ဘေးမှာ ကွေးကွေးလေးအိပ်နေကြတဲ့ ကလေးနှစ်ယောက်ကိုလှည့်ပီးစောင်လေးဆွဲခြုံပေးလိုက်သည်။
ချစ်ခြင်းကတော့ အမိန့် လက်မောင်းပေါ်မှာအိပ်နေတာကြောင့် ချိုင်းကနေ ဆွဲမပီး အပေါ်နားလေးထိတိုးကာခေါင်းအုန်းပေါ်တင်ပေးလိုက်သည်။
ထိုအခါမှ ရှင်းရှင်းလင်းလင်းပေါ်လာတဲ့ မျက်နှာနုနုကအဖုအပိန့် ကင်းကာ ဖွေးကြည်နေ၏။
မျက်နှာလှလှအစွမ်းက အံ့မခန်းပေ။
ချစ်ခြင်းပြည့်စုံ ၏ ရုပ်ရည်ရူပကာ အဆင်းသည်ရောက်လေရာအရပ် မိုးတောင်မလင်းသေး.. လာကြည့်တဲ့သူတွေတောင် ရှိနေသည်။
အိပ်ပျော်နေတာတောင် ထိရက်စရာမရှိ လှနိုင်လွန်းတဲ့ ချစ်ခြင်းကို စေ့စေ့စပ်စပ်ကြည့်နေရင်း ဖြူ နုနေတဲ့ ပါးပြင်ကို မချင့်မရဲ နမ်းရှိုက်လိုက်သည်။
မြင်နေရက်နဲ့ မထိရရင်သေရလိမ့်မယ်။ ပါးပြင်ပေါ်က သွေးကြောလေးတွေက လှသလို နုထွေးနေတဲ့ နှုတ်ခမ်းနှစ်လွှာက
လည်း လှသည်။
သွယ်တန်းနေတဲ့ မျက်ခုံးတန်းလေးက အကြည့်လွှဲဖို့ ခက်သလို ကော့ဖြာနေတဲ့ မျက်တောင်ဖျားတို့ ကလည်းအသက်ရှုမှားချင်စရာကောင်းသည် ။
တကယ်ပါ ချစ်ခြင်းပြည့်စုံက ရူးလောက်အောင်ကို လှတာပင်။
ကြည့်ရင်းနဲ့ ချစ်သလို ချစ်ရင်းနဲ့ လည်း ပိုပိုကြည့်ချင်လာသည်။
ရူးလောက်တဲ့
ချစ်ခြင်းပြည့်စုံလေးက အမိန့် အာဏာ အပိုင်မို့ နီရဲနေတဲ့ နှင်းဆီဖူးလေးလို နှုတ်ခမ်းနှစ်လွှာ မေးဖျားကနေကိုင်မော့ နမ်းရှိုက်လိုက်သည်။
"အွန်း မောင့် "
" အချစ် ခဏ မောင်နမ်းဦးမယ် "
မပီမပြင် ထွက်လာတဲ့ မောင့်အသံကြောင့် အိပ်ချင်စိတ်နဲ့ အတူ မျက်လုံးမဖွင့်ပဲ အနမ်းခံနေလိုက်သည်။
အိပ်နေတဲ့သူကို နှောက်ယှက် ခုမှ မဟုတ်။
မရိုးနိုင်သေးတဲ့ အမိန့် အာဏာက အိပ်နေတာပဲဖြစ်ဖြစ် ဇာတ်ကားကြည့်နေတာပဲဖြစ်ဖြစ် ဘယ်သောအခါမှ ငြိမ်အေးခွင့်မပေး မက်မောစွာနမ်းရှိုက်တက်တာပုံမှန်ပင်ဖြစ်၏။
အနမ်းဆိုပေမဲ့ ချစ်မြတ်နိုးစိတ်တွေပါကပ်
ပါသည်မို့ ချစ်ခြင်းအနေဖြင့် မကြိုက်နှစ်သက်စရာအကြောင်းမရှိ ။
"မွ "
အပြီးသတ် နှုတ်ခမ်းလွှာကို အသံထွက်အောင်တချက်နမ်းပီးမှ ကိုင်ဆွဲထားတဲ့မေးဖျားကို အမိန့် လွှတ်ပေးလိုက်သည်။
"မောင် အစောကြီးနိုးနေတာလား "
ကြည်ကြည်လင်လင်းဖြစ်သွားပီမို့ ချစ်ခြင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ ရောင်နီပျိုးစအချိန်ဆိုပေမဲ့ အနည်းငယ်စောနေသေးသည်။
" အင်း ဒီမှာက ဒီအချိန်မစောတော့ဘူးလေ။ မနက်ကတည်းက မင်းကို လာတွေ့ တဲ့ သူတွေ ရောက်နေကြတယ် ။ "
ဆံပင်အုပ်လေးကိုထိုးဖွဆော့ကစားရင်း
ပြောလိုက်တော့ မသိနားမလည်တဲ့မျက်ဝန်းတို့ က အမိန့် ဆီ လွင့်လာ၏။
"ဘာလုပ်ဖို့ လဲ "
"ဘာမှမဟုတ်ဘူး။ မောင့်ချစ်ခြင်းလေးကို
တမင် တွေ့ ချင်လို့ လာကျတာ ။ရောက်တုန်း Maskမတပ်သေးနဲ့ ဦး ။
မျက်နှာလေးပြပေးလိုက်ပါ။ မောင့်အချစ်လေးဘယ်လောက်လှလည်း ဆိုတာကြည့်ပါလေ့စေ ။ မဟုတ်တောင် ဘိုးဘိုးကြီးက လာသမျှသူ သူ့ မြေးသမက်ဘယ်လောက်လှကြောင်း လိုက်ကြွားထားတာ "
"အာ အဲ့လိုကြီးကြည့်ကျမှာလားရှက်စရာကြီး "
"ဟား ဟား အချစ်ရယ် ။ မင်းတသက်လုံး
မျက်လုံးလေးနဲ့ လက်ဖျားလေးပေါ်နေတာတောင် သိတောင့်သိသာ လိုက်ကြည့်နေကျတာ မရိုးသေးဘူးလား "
အသဲတွေယားလာတာကြောင့် ပုခုံးသားလေးကို ခပ်ဖွဖွ ပွေ့ ဖက် လိုက်သည်။ ရုန်းမထွက်သွားပဲ ညိမ်ညိမ်လေး အဖက်ခံနေတဲ့ ချစ်ခြင်းလေးက လူလှသလို ပိုပိုချစ်အောင်လည်း လုပ်တက်သေးသည်။
" ဒယ်ဒီ "
အသောလေးက အသံနဲ့ တူ အမိန့် လည်ပင်းကို လက်သေးသေးနဲ့ လာဖက်၏။
သူ့ ငှက်နီလေးတစ်ကောင်နိုးလာပီမှန်း အမိန့် သိလိုက်ပါပြီ။
" အချစ်လေး နိုးပီလား "
ချစ်ခြင်းကိုဖက်ထားတာမလွှတ်ပေးသေးပဲ
ကျောဖက်မှာ မျက်နှာကပ်ကာ မှိန်းနေသေးတဲ့ အသောကို အသံပေးလိုက်သည်။
" yes ဒယ်ဒီ "
အိပ်ချင်မူးတူးသံလေးနဲ့ အသောကပြန်ဖြေသည်။
" ဒယ်ဒီ morning ။အလွန်းလေးရော နိုး လာပါပီ … သားသား ကိုချစ်… မွ …"
အသောအသံကြားသည်နဲ့ လှုပ်လှုပ်ရွရွ အသံပေးကာ အလွန်းပါ နိုးလာ၏။
မောင်ဖြစ်သူကို နောက်ဖက်ကနေ သိုင်းဖက်ပီး ခေါင်းလေးကိုပါအသံထွက်အောင်နမ်းလိုက်သေးသည်။
ရထားတွဲ လိုအနေအထားမျိုး အမိန့် တို့ မိသားစုက အတွဲလိုက်ဖြစ်နေသည်။
ချစ်ခြင်းကိုအမိန့် ကဖက် …အမိန့် ကို အသောကဖက် …အသောကို အလွန်းက ဖက်…နှင့်ပင်။
တော်သေးသည် ။ မိသားစုအိပ်ကျွန်းကုတင်ကြီးက ကျယ်ကျယ်ဝန်းဝန်းရှိလို့ ။
အတော်ကြီးကြာအောင် အမိန့် တို့ အိပ်ယာထဲက မထပဲ ပျော်ပျော်ရွှင်ရွှင် စကားတွေပြောပီးမှ အိပ်ယာထကြသည်။
-----------------------
"ဘယ်နှယ့်လဲ စားကောင်းတယ်မို့ လား ဒါလေးလဲစားကြည့်"
လည်ပင်းမှာ ငါးကျပ်သားလောက်ရှိတဲ့ ဆွဲကြိုးတုတ်တုတ်ကြီး ဆွဲထားတဲ့ အန်တီကြီးက အမိန့် ရှေ့ ကို ငါးရံခြောက်ဖုတ်နဲ့ ပဲနိုင်းချင်းပေါင်းထားတဲ့ ကောင်ညှင်းပေါင်းပန်းကန်းကိုတိုးပေးပီး မြည်းစမ်းခိုင်းနေ၏။
စားပွဲပေါ်မှာ ကောင်ညှင်းပေါင်း ၊မုန့် ဟင်းခါး အကြော်စုံတို့ က အငွေ့ တထောင်းထောင်းနဲ့ စားချင်စဖွယ်ကောင်းအောင် ပြည့်နေ၏။
တကယ်တော့မန်းလေးသူ ဘွားလေးအမေက ဒီရွာသူ ဖြစ်တာကြောင့် ငယ်ငယ်ကတည်းက မကြာခဏ လာလည်ခဲ့ဖူးသည်မို့ အမိန့် အတွက်ကတော့မစိမ်းသက်ပေ။
ဘိုးဘိုးက ဘွားလေး ချစ်တဲ့ ရွာလေးဆိုတော့ သူပါ လိုက်ချစ်ရင်းကနေ ခုထိ ရပ်ရွာက လိုအပ်သမျှကို ထောက်ပံ့ပေးနေ
မို့ ဘိုးဘိုးကြီးဆိုရင်တရွာလုံးက ချစ်ကြသည်။
" ကောင်းတယ် မိတင်ရေ။ ငါကတော့ ဒီလာရင် ညည်းလက်ရာ မှမစားရရင် မပျော်ဘူးဟေ့ ။ ချစ်ခြင်း စားကြည့် ကောက်ညှင်ပေါင်းဆိုပီး အထင်မသေးနဲ့ အိစက်စိမ့်မွှေးနေတာပဲ ။ တခါတလေ လာတုန်းစားဖြစ်အောင်စားကြည့် "
"ဟုတ် ဘိုးဘိုး သားစားပါတယ် "
တကယ်လည်းစား ကောင်းတာမို့ ချစ်ခြင်းအတော်ကြီးတောင်စားထားမိသည်။
အသောနဲ့ အလွန်းက နွားနို့ တခွက်စီနဲ့ ငြိမ့်နေကြတဲ့ ပုံမို့ သူ့ ကလေးတွေကို ချစ်ခြင်း ပြုံးကြည့်လိုက်သည်။
အဆင့်တန်းရှိရှိ စားနေကြတာများ မသိရင် လူကြီးလေးကျနေတာပဲ ။ မပေမပွ တဲ့အပြင် ငိုခြင်း၊ ရယ်ခြင်းလဲမရှိ ။ချပေးထားတဲ့ မုန့် လေးပဲ ဖြည်းဖြည်းခြင်းစားနေကြသည်။
" ကိုမိန့် အိမ်ထောင်ပြုလိုက်ပီဆိုတာ ကြားလိုက်တုန်းက အံ့သြခဲ့ပေမဲ့ ခုတွေ့ လိုက်တော့လဲ မထူးဆန်းတော့ပါဘူး ။ လှလိုက်တာဆိုတာက ကျွန်မ တသက်လုံး တခါမှတောင် ဒီလို အသားရေ ဒီလို ရုပ်ရည်မျိုးတွေ့ တောင်မတွေ့ ဘူးဘူး ။"
အန်တီတင်ဆိုတဲ့ အဒေါ်ကြီးက ချစ်ခြင်းတို့ ခုနေနေတဲ့ အိမ်ပိုင်ရှင်အန်တီလှရဲ့ ညီမအပျိုကြီးဖြစ်ပီး ဘွားလေးရဲ့ တူမတော်စပ်ကြသည်ဟု မောင်မနေ့ ကပြောလို့ သိပီးထား၏။
" အန်တီတင် အန်တီတင် "
"ဟေး ခင်ပွင့် တို့ ငါတို့ က အိမ်ပေါ်မှာဟေ့ "
ခဏကြာတော့လှေကားမှ တက်လာသံ တဒုန်းဒုန်းကို ကြားလိုက်ရ၏။
မကြာဘူး
ဆယ်ငါးယောက်လောက် လူအုပ်ကြီးသည် ဘွားခနဲ လှေကားအတက်မှာ ပေါ်လာသည်မို့ ချစ်ခြင်းတို့ အံ့သြကုန်သည်။
"ဟဲ့ များလှချည်လား ။ဖိုးထောင်၊ မြရီ ညည်းတို့ လင်မယားကဘာလာလုပ်ကြတာလဲ "
"ဟီး အန်တီလှ ရယ် ရွာထဲမှာ သတင်းမွှေးနေတာ ကိုမိန့် အိမ်ထောင်ဖက်က အတော်လှဆိုလို့ လာကြည့်တာပါတော် ။
လှချက်က ရက်စက်ပဲ ကျုပ်တော့ ဒါမျိုးမြင်တောင်မမြင်ဘူးပါဘူးတော် "
ကွမ်းစားထားတဲ့ သွားနီနီနဲ့ အန်တီကြီးအပြောကြောင့်ချစ်ခြင်းပါ ပြုံးမိမလို ဖြစ်သွား၏။
" အဲ့ဒါပဲ ကိုမိန့် ရေ မြင်တဲ့အတိုင်းပဲ မိုးမလင်းခင်ကတည်းက မင်းယောကျာ်းကို လာလာကြည့်နေတာ ဒါနဲ့ ဆို သုံးဖွဲ့ ရှိနေပီ "
"ဟားဟား ကြားတယ် အန်တီရေ ။ ဒါမထူးဆန်းတော့ဘူး။ ချစ်ခြင်းကို မျက်နှာမမြင်ပဲ maskတပ်ထားတာတောင် သိသိသာသာကြည့်ကြလွန်းလို့ ကျွန်တော်ဆို သဝန်တို ဖို့ တောင်မေ့ နေပါ ပီ "
မောင်ကပါကျေနပ်နေသည့်ပုံမို့ ချစ်ခြင်း ရေနွေးချမ်းခွက်ကိုသာသောက်ပီးမသိချင်ယောင်ဆောင်နေလိုက်သည်။ အတော်ကြီးအားရအောင်ကြည့်ပီးမှ ပြန်သွားကြသည်မို့ ခုလောက်ဆိုရွာထဲမှာ သတင်းပြန့် နေလောက်ပီ …။
လှရတာလဲ ခက်လိုက်တာ တကယ်ပါပဲ ။
----------
" ဒယ်ဒီ သားသား ကိုကြည့် "
ဘောကွင်းလေးပေါ်မှာ အားယားမှောက်နေတဲ့ အလွန်းလေးကို အသောကတွန်းပေးနေ၏။ သဲသောင်ပြင်ပေါ်ဖြတ်စီးဆင်းနေတဲ့ ရေက ခြေသလုံး တဝက်လောက်သာရှိပီး ကြည်စိမ်းနေရုံသာမကဘူး အေးမြနေ၏။ မြစ်ပြင်မှာထွန်းနေတဲ့ သောင်ခုံမို့ ရေစီး သန်ပေမဲ့ သောင်နှစ်ခုကြားရေတိမ်ပိုင်းမို့ အသောတို့ အလွန်းတို့ အတွက်ကတော့ပျော်စရာဖြစ်နေသည်။
" သားသား ကိုယ့်ဘေ့ာကွင်းကိုယ်စီးလေ
မမဘာသာ လွတ်လွတ်လပ်လပ်ဆော့ပါစေ"
"ဟင်အင် မမ ကသားသားလောက်ရေမကူးတက်ဘူး ။ သားသားဘေးကတွန်းပေးမှ မမ မကြောက်မှာ "
" သားသားကိုချစ် "
"သားသားလည်း မမ ကိုချစ် "
မောင်လုပ်သူလုပ်ပေးသမျှကျေနပ်နေတဲ့
အလွန်းကို အမိန့် ဘာဆက်ပြောနိုင်မှာလဲ။ ချစ်ကြပေါ့ …အားကျမူ့ တသိန်းဖြင့်
" အချစ် ကို ချစ်တယ် "
"…… "
ဟွန့် အသောလိုလဲ ပြန်မပြောဘူး ။
အချစ်က ရုပ်လေးလှသလောက် စိတ်ပုတ်လိုက်တာ …
ချစ်တဲ့အိမ်စည်
Bạn đang đọc truyện trên: ZingTruyen.Xyz