ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
9
အပိုင္း၉
အမိန္ ့သက္ျပင္းခ်ေနမိတာဘယ္နွစ္ခါရွိျပီမွန္းကိုမသိေတာ့။ သက္ျပင္းခ်တိုင္းရုပ္ရင့္မည္ဆို ခုေလာက္ဆို သူဆယ္နွစ္စာေလာက္ အသက္ပိုႀကီးေနေလာက္ျပီ။ ေဘးမွာ
ေလ်ွာက္ေနတဲ့အနီေရာင္အရိပ္ကေလးကလည္း ေအးစက္တဲ့မ်က္နွာထားနဲ ့ ။
တကယ္ဆိုသူပဲျဖစ္ေနခဲ့တာပါ။
မခ်စ္တက္သူကေတာ့ ရင္ပူတယ္ဆိုတဲ့ခံစားခ်က္ကိုသိနိုင္မည္တဲ့လား။
ဒီနွစ္ထဲ ဘိုးဘိုးအလုပ္မွာ အမိန္ ႔
ဝင္ေလ့လာေနခဲ့တယ္ဆိုေပမဲ့ ခ်စ္ျခင္းသင္တန္းဆင္းခ်ိန္ေလးေတြကိုေတာ့ သူ ့မွာ မ်က္နာေလးေတြခ်င္လြန္းလို ့အေျပးအလႊားလာေတြ ႕ရသည္။
ဒီ ေရာက္ေတာ့ ျမင္လိုက္ရတဲ့ျမင္ကြင္းက အေမာကို ဆို ့ေရာ။
စိတ္မခ်ဘူးဆိုရင္ သူလြန္အုန္းမည္။
ခ်စ္ျခင္းျပည့္စံုဆိုတဲ့ နာမည္ကို
သူစိမ္းတစ္ေယာက္ေခၚတာေတာင္
သူမႀကားနိုင္တာ ခုလို ေဘးမွာလာ
ႏြယ္ေနတာမ်ိဴးဆိုရင္ သူ ဘယ္လို အလုပ္
မွာစိတ္ခ်ပီး ေနနိုင္မွာတဲ့လဲ ။
ခ်စ္ျခင္းက အေနတည္ၿပီး ဘယ္သူ႔ကိုမွ စကားမေျပာတက္ဘူးဆိုတာသိေပမဲ့ သူစိတ္ပူေနရသည္။
"ေမာင္တို ့လက္ထက္ရအာင္ "
ကားေတြ ေဘးမွာ တစ္စီးပီးတစ္စီး
ျဖတ္သန္းသြားလာေနက်ေပမဲ့
အမိန္ ့ ဂရုမစိုက္ပါ ။ ေႏြထက္ ပူေနတဲ့
ခံစားခ်က္ကို အမိန္ ့ဆက္လက္ထိန္းခ်ဳပ္မထားခ်င္ေတာ့ပါ။
ေအးစက္စက္ နဲ ့ဂရုမစိုက္တက္ေသာမ်က္နွာထားေလးသည္ သူေျပာတဲ့စကားေႀကာင့္ ထူးထူးျခားျခားေျပာင္းလဲသြားတာမရွိ။
"မင္းနဲ ့ငါက ဘာဆိုင္လို ့လက္ထက္ရမွာလဲ"
"မဆိုင္လို ့ဆိုင္ခ်င္တာေပါ့။ ေမာင္ဘယ္ေလာက္စိတ္ေသာကေရာက္ေနလည္း မင္း
မသိပါဘူး ။ခ်စ္လားဆိုေတာ့လည္း မင္းကမခ်စ္ဘူး ။သံုးနွစ္ရွိေနပီခ်စ္ျခင္း ေမာင္ဒီထပ္ပိုပီးမေစာင့္နိုင္ေတာ့ဘူး "
ခ်စ္ျခင္း ဘယ္လို သူ ့အေပၚသေဘာ
ထားလဲ မသိခ်င္ေတာ့ ။ ခ်စ္ျခင္း မခ်စ္
ရင္ေတာင္ သူလံုေလာက္ေအာင္ခ်စ္ေပး
နိုင္သည္။
"sorry လက္ထက္ျခင္းေတြကို
ငါသေဘာမက်ဘူး ။ အဆင္မေျပမူ ့
ေတြ၊ စိတ္ဆင္းရဲစရာေကာင္းတဲ့
ခ်ည္ေနွာင္မူ ့ေတြ နဲ ့ပါတ္သတ္ႀကတဲ့
လက္ထက္ပြဲကိုငါမလုပ္နိုင္ဘူး"
ငယ္က စိတ္ဒဏ္ရာရေအာင္လုပ္ခဲ့ တဲ့
ခ်စ္ျခင္းမိဘေတြကို အျပစ္တင္ရမလား။
ေခါင္းမာတဲ့ ခ်စ္ျခင္းကိုပဲအျပစ္တင္ရမလားဆိုတာ အမိန္ ့မေဝခြဲနိုင္ေတာ့ျပီ။
"မင္းအထင္မွားေနတာပါ ခ်စ္ျခင္းရယ္။
ေမာင္မင္းကို ရူးေလာက္ေအာင္ခ်စ္ေနတာ
ဘာလို ့မျမင္နိုင္ရတာလဲ "
ေျပာဆိုဆံုးမမရတဲ့ ကေလးကို စိတ္တိုင္းမက်ဆူေျပာေနသလို ျဖစ္ေနတဲ့ အမိန္ ့
အသံေႀကာင့္ ခ်စ္ျခင္းျပံဳးမလို ျဖစ္သြားသည္။ ဒီကေလး ဘိုးဘိုးႀကီးေျပာလို ့
ခ်စ္ျခင္းထက္ ၈လေလာက္ငယ္တယ္ဆိုတာကိုသိထားသည္။ ခ်စ္တယ္လို ့ခနခနေျပာရုံမက လက္ထက္ဖို ့ေတာင္
လာေျပာေနတဲ့ ဒီကေလးကို ခ်စ္ျခင္းစိတ္မဆိုးတာေတာ့ ကိုယ့္ကိုကိုယ္အံ့ႀသ
သည္။ အခ်စ္ကို မယံုႀကည္တဲ့ခ်စ္ျခင္းက
ခ်စ္တယ္လို ့ေျပာတဲ့သူတိုင္းႀကည့္မရေအာင္မုန္းတယ္ဆိုေပမဲ့ အမိန္ ့ေတာ့ မပါခဲ့ေပ။
"ေမာင္ ညက် ဖုန္းဆက္ခ်င္တယ္
ဖုန္းကိုင္ေပးပါ"
အဝင္Callမွာ ေဖႀကီးတစ္ေယာက္ပဲရွိတဲ့
ခ်စ္ျခင္းဖုန္းမွာ အသစ္ထပ္တို းအုန္း
မည္ထင္ပါ့။ စိတ္ထဲေနလို ့ထိုင္လို ့
အဆင္ေျပေနေသးသ၍ အမိန္ ့ကို
ဘာမွေျပာမေနေတာ့ဘူးလိဳ့ ဆံုးျဖတ္ လိုက္သည္။ စိတ္ေကာက္ေနတဲ့ကေလးကို
ဒီ့ထပ္ပိုပီး မေကာက္ေစခ်င္ေတာ့တာလည္း
ပါ၏။
အမိန္ ့ကေတာ့ မဆက္ခိုင္းလည္းဆက္မယ္လို ့ေတြးေတာထားေပမဲ့ မဆက္နဲ ့လို ့
ရန္မေတြ ့တဲ့ ခ်စ္ျခင္းေႀကာင့္ နည္းနည္း
ေပ်ာ္သြားသည္။
ထိုေန ့က စိတ္ေကာက္ေနတဲ့ အမိန္ ့ကို
ဘာမွ ရန္စကားမေျပာပဲ တိုက္ခန္းထိ လမ္းေလ်ွာက္ပို ့ေပးတာကို အသာတႀကည္လိုက္ပို ့ခံတဲ့ ခ်စ္ျခင္းျပည့္စံုက
ပထမဆံုး အမိန္ ့ကို အေလ်ာ့ေပးပီး နူတ္ကမေျပာေပမဲ့ အျပဳမူနဲ ့
ေခ်ာ့ခဲ့တယ္ဆိုတာ အမိန္ ့ကေတာ့ သိမသြားေပ။
_____
"ဗုေဒၶါ ... လန္ ့လိုက္တာကြာ ။ဒါကဘာျဖစ္ေနရတာလဲ "
ဦးမိုးေကာင္းတစ္ေယာက္ မိတ္ေဆြတစ္ေယာက္ရဲ့ အလွဴ သြားပီးျပန္ခဲ့ရာ အိမ္ေရွ ့ဧည့္ခန္းမွာ ေက်ာက္ရုပ္ႀကီးလို ငူငူႀကီး
ထိုင္ေနတဲ့ ေျမးျဖစ္သူေႀကာင့္ အသံထြက္ေအာင္ပင္လန္ ့သြားခဲ့ရသည္။
စိတ္နဲ ့လူကပ္ပံုမရတဲ့ ေျမးျဖစ္သူ
ေႀကာင့္ အနားသြားကာ နားရင္းရုိက္လိုက္၏။
ဘုန္း..
"အား ဘိုးဘိုး နာတယ္ဗ် ။ဘာလို ့ရုိက္တာလဲ "
"ရုိက္ခ်င္လို ့ရုိက္တာေလ လာဘ္မရွိ၊ကိုးမရွိ ဧည့္ခန္းမွာ ဘာျဖစ္ေနတာလဲ "
"ဘိုးဘိုး "
"ဘာလဲ "
ေျပာစရာရွိတာမေျပာပဲ ေခြးအ ႀကီးလွည္းနင္းသလို စကားဆက္မေျပာပဲသံရွည္ဆြဲပီးေခၚေနတာေႀကာင့္ စိတ္မရွည္ေတာ့ေပ။အသံုးမက်တဲ့သူေျမးကို ဘယ္လိုသင္ျပရမွန္းကိုမသိတက္ေတာ့သည္မွာ အမွန္ျဖစ္သည္။
တကယ္ဆို
ခ်စ္ျခင္းဆိုတဲ့ကေလးက သူ ့ေျမးကို
နည္းနည္းေတာ့ စိတ္ပါေနတာ သူသိေပမဲ့
အသံုးမက်တဲ့ ေျမးက ဒါေလးကိုရေအာင္
မစြမ္းေဆာင္နိုင္ခဲ့ေပ။
"သား ဘာဆက္လုပ္ရမလဲ ။
ခ်စ္ျခင္းကို ဒီေန ့စကားလိုက္ေျပာတဲ့
ေကာင္ကို သားမ်က္စိနဲ ့ေတြ ့ခဲ့တယ္ ။
သားလံုးဝစိတ္မခ်ေတာ့ဘူး ။
လက္ထက္ရေအာင္လို့ေျပာတာကိုလဲ
ခ်စ္ျခင္းက လက္မခံဘူး သားစိတ္မေကာင္းဘူး ဘိုးဘိုး "
မ်က္ရည္ေတြ ဝဲပီးအပီအျပင္feelေနတဲ့
ေျမးျဖစ္သူေႀကာင့္ နည္းနည္းသူပါ
စိတ္မသက္မသာျဖစ္သြားသည္။
ဘာပဲေျပာေျပာ တစ္ဦးတည္းေသာေျမးကေလးမို ႔ သူ စိတ္ခ်မ္းသာဖို ႔ရာသည္ကသာအဓိကပင္။
"အဲ့ေတာ့မင္းက ဘာဆက္လုပ္ခ်င္တာလဲ
အတင္းခိုးေျပးခ်င္လား ။သူက
မခ်စ္ရဲတာပါကြာ ။မင္းကို သံေယာဇဥ္ရွိပါတယ္ ။မင္းအေႀကာင္းေတြ ငါေျပာေတာ့လဲစိတ္ဝင္တစားနားေထာင္ပါတယ္ "
"မသိဘူးဗ်ာ။ ညက် ဖုန္းဆက္ပီး
ေမးမွာ ။ခ်စ္မွာလားမခ်စ္ဘူးလားလို ့"
"ဟ ! ဖုန္းဆက္ဖို ့မင္းမွာ နံပါတ္ရွိ လို ့လား။
အစြမ္းစမရွိတဲ့ေကာင္က
ႀကီးႀကီးက်ယ္က်ယ္ နဲ ့ "
ရွဴ းရွဴ းရွားရွား ေဒါသထြက္သြားထြက္သြားတဲ့ အမိန္ ့က အထင္ေသးတဲ့သူ ့အဘိုးကို
မ်က္နာ နီႀကီးျဖင့္
"ရွိတယ္။ ဆဲမွာေႀကာင့္မဆက္တာ။
ညေနက တိုက္ခန္းကိုလိုက္ပို ့ရင္း
ဖုန္းဆက္မယ္ကိုင္လို ့ေျပာခဲ့တုန္းက
ဘာမွမေျပာဘူး "
အမိန္ ့ျဖစ္ေနပံုက ကေလးလို ျဖစ္ေန၍ဦးမိုးေကာင္း ေျမးျဖစ္သူကို ခ်စ္ခင္စြာ ႀကည့္
ေနခဲ့သည္။ ဒါ အမိန္ ့ရဲ ့တစ္ဖက္ျခမ္းပင္
တစ္ျခားသူေတြ ေရွ ့ဆိုေခ်မိုးေနတက္ေပမဲ့ သူ ့ေရွ့ဆို ကေလးလိုပဲ ေနတက္တဲ့
ေျမးျဖစ္သူကို ဦးမို းေကာင္းခ်စ္ပါသည္။
ကိုမိန္ ့gayဆိုပီးသိတုန္းကလဲ
သူ ့ LGBTကို စပီးေလ့လာခဲ့သည္။
ကေလးေတြကို စိတ္ခြန္အားေပးဖို ့
ျဖစ္တည္မူ ့ကို နားလည္လက္ခံေပးဖို ့
ဒါေတြ ကို သူ အခ်ိန္အေတာ္ႀကာေအာင္
ေလ့လာခဲ့ရသည္။ ကိုမိန္ ့ေပ်ာ္ရင္
သူလဲေပ်ာ္ပါသည္။ ေသြးသားရင္းသည္ ေျပးၾကည့္ရင္ေတာင္ သူတို ႔နွစ္ေယာက္ထဲသာရွိသည္မို ႔ ကိုမိန္ ႔ငယ္ငယ္ကတည္းကအထီးမက်န္ရေလေအာင္ သူငယ္ခ်င္းေပါင္း ေပါင္းခဲ့တာျဖစ္သည္။
_____
"သား ညေနစာ မစားဘူးဆို
မင္းအေဖ ဆူလို ့စိတ္မေကာင္းျဖစ္ေနတာ
လား"
အိပ္ယာထက္မွာမအိပ္ပဲ ထိုင္ပီးစိတ္လြတ္ေနတဲ့သားျဖစ္သူကို ေဒၚေမခ်စ္သက္
က ေဘးမွ ခံုဆြဲပီး သားျဖစ္သူနဲ ့မ်က္နာခ်င္းဆိုင္မွာဝင္ထိုင္းရင္ေခ်ာ့ေမာ့ေမးလိုက္သည္။
သူမ ဝမ္းနဲ ့လြယ္မေပးခဲ့ရေပမဲ့
သစ္တိုင္းေအာင္ကိုေတာ့ ေဒၚေမခ်စ္သက္
ခ်စ္၏ ။ သူမ အျပစ္ ေတြ အတြက္
သားအရင္းျဖစ္သူက အေတြ ့ပင္မခံတာ
ဆယ္နွစ္ေက်ာ္ေနပီျဖစ္သည္။ သားကိုလြမ္းသမ်ွအတိုးခ်ကာ သားကိုမလုပ္ေပး
ခဲ့ရသမ်ွသစ္တိုင္းကိုပဲ အတိုးခ်ခ်စ္ေပး
ခဲ့သည္မွာသစ္တိုင္း ဒီအရြယ္ထိပင္။
အိမ္မွာဆို သစ္တိုင္းအေဖက ေဒါသႀကီးတက္သူမို ႔ သစ္တိုင္းနဲ ့ လံုးဝမတည့္ေပ။
"မဟုတ္ပါဘူး သားစိတ္ညစ္တာ တျခားပါ"
"အင္း အခ်စ္ေရးဆိုရင္ မာမီသိသေလာက္ေတာ့
loveဆိုတဲ့ ကေလးမ ေလးကို
သားလိုက္ေနတာအဆင္မေျပဘူးဆို"
သစ္တိုင္းမာမီကိုဆလံ သလိုက္သည္။
တကယ္ေဒၚေမခ်စ္သက္ပီသပါေပတယ္။
ေနာက္လဲသိမွာျခင္းအတူတူ မာမီကို
ရင္ဖြင့္ဖို ့သူစိတ္ကူးလိုက္သည္။
"သား မာမီကို ရင္ဖြင့္ခ်င္လို ့
ဒယ္ဒီကိုေတာ့ မေျပာပါနဲ ့ "
သစ္တိုင္းပံုစံကခခယယ ျဖစ္ေနမွန္းသိသာေနေပမဲ့
မရွက္နိုင္ပါ။ ဒယ္ဒီသိရင္ေတာ့ သူေသလိမ့္မည္။
"ေျပာႀကည့္ေလ နားေထာင္ေပးမယ္"
"ဟိုေလ loveက ေကာင္မေလးမဟုတ္ဘူး ေကာင္ေလးပါ မာမီ"
"ဘယ္လို သစ္တိုင္း"
ေဒၚေမခ်စ္သက္ မ်က္လံုးေတြေတာင္ျပာေဝသြားသည္။ သားက ေကာင္ေလးတစ္ေယာက္ကို သေဘာက်ေနသည္တဲ့။
အေတာ္ၾကာသစ္တိုင္းေျပာတဲ့ စကားကို
မယံုၾကည္နိုင္သလို အထပ္ထပ္အခါခါ ျပန္စဥ္းစားေနမိသည္။ ထြက္လာတဲ့အေျဖသည္ဘယ္လို မွ သေဘာမတူနိုင္ဘူးဆိုတာပဲ။ ဘာေၾကာင့္ မ်ိဳးတူေကာင္ေလးကို နွစ္သက္ရတာလဲ သစ္တိုင္းရယ္။
မင္းအေဖ သိရင္ေတာ့ လြယ္မွာမဟုတ္ဘူးဆိုတာ မသိေလသလား။
ဒီကိစၥကို သူမဘယ္လို ေျဖရွင္းရမွာလဲ ။ ေခါင္းေတြ
မူးေဝလာေပမဲ့ သားေရွ ့ဆိုေတာ့ အတက္နိုင္ဆံုး မ်က္နာမပ်က္ေအာင္ ထိန္းလိုက္၏
မာမီ မ်က္နွာပ်က္သြားတာသစ္တိုင္းသိေပမဲ ့ပူေလာင္ေနတဲ့ခံစားခ်က္ကိုရင္ဖြင့္မွျဖစ္မည္။ ဘာပဲေျပာေျပာ အနည္းဆံုးေတာ့
မာမီဆီက အႀကံဥာဏ္ရေလာက္ဖို ့ေမ်ွာ္မွန္းရသည္။ ဒီပြဲမွာသူ မရွဳံးဖို ့သာအေရး
ႀကီးေပမဲ့ Loveကလည္းသူ ပထမဆံုးရင္ခုန္တဲ့သူ။
"ဟုတ္တယ္ ေကာင္ေလးပါ ။
ေကာင္ေလးေတာင္ မာနႀကီးပီး
သားကို နည္းနည္းမွအဖက္မလုပ္တဲ့
ေကာင္ေလး မာမီ... "
သစ္တိုင္းပံုစံႀကည့္ ရတာဘယ္လိုေျပာေျပာ ေနာက္မဆုတ္ေတာ့မဲ့ပံုမ်ိဳးမို ့
ေဒၚခ်စ္သက္ေမ သက္ေမာသာခ်လိုက္မိသည္။ သားကိုေစာင့္ႀကည့္ရမည္။
တဖက္က မလွဳပ္သ၍ သူ( မ)ဖက္ကလည္း
ဝင္မပါပဲႀကည့္ေန ရုံပင္။ တစ္ဖက္က
သားကိုစိတ္ဝင္စားလာရင္ေတာ့ ဇာတ္လမ္းကိုသားမသိေအာင္ဖ်က္ရမွာေပါ့။
သားကိုေတာ့ ေယာက်ာ္းတစ္ေယာက္နဲ ့
ဘယ္လိုမွ သေဘာမတူနိုင္ပါ။
ခ်စ္တဲ့အိမ္စည္။
အမိန့် သက်ပြင်းချနေတာဘယ်နှစ်ခါရှိပီမှန်းကိုမသိတော့။ သက်ပြင်းချတိုင်းရုပ်ရင့်မည်ဆို ခုလောက်ဆို သူဆယ်နှစ်စာလောက် အသက်ပိုကြီးနေလောက်ပြီ။ ဘေးမှာ
လျှောက်နေတဲ့အနီရောင်အရိပ်ကလေးကလဲ အေးစက်တဲ့မျက်နာထားနဲ့ ။
တကယ်ဆိုသူပဲဖြစ်နေတာပါ။
မချစ်တက်သူကတော့ ရင်ပူတယ်ဆိုတဲ့ခံစားချက်ကိုသိနိုင်မည်တဲ့လား။
ဒီနှစ်ထဲ ဘိုးဘိုးအလုပ်မှာ အမိန့်
ဝင်လေ့လာနေခဲ့တယ်ဆိုပေမဲ့ ချစ်ခြင်းသင်တန်းဆင်းချိန်လေးတွေကိုတော့ သူ့ မှာ မျက်နာလေးတွေချင်လွန်းလို့ အပြေးအလွှားလာတွေ့ ရသည်။
ဒီ ရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက အမောကို ဆို့ ရော။
စိတ်မချဘူးဆိုရင် သူလွန်အုန်းမည်။
ချစ်ခြင်းပြည့်စုံဆိုတဲ့ နာမည်ကို
သူစိမ်းတစ်ယောက်ခေါ်တာတောင်
သူမကြားနိုင်တာ ခုလို ဘေးမှာလာ
နွယ်နေတာမျိူးဆိုရင် သူ ဘယ်လို အလုပ်
မှာစိတ်ချပီး နေနိုင်မှာလဲ ။
ချစ်ခြင်းက အေးစက်ပီး ဘယ်သူ့ကိုမှ စကားမပြောတက်ဘူးဆိုတာသိပေမဲ့ သူစိတ်ပူနေရသည်။
"မောင်တို့ လက်ထက်ရအာင် "
ကားတွေ ဘေးမှာ တစ်စီးပီးတစ်စီး
ဖြတ်သန်းသွားလာနေကျပေမဲ့
အမိန့် ဂရုမစိုက်ပါ ။ နွေထက် ပူနေတဲ့
ခံစားချက်ကို အမိန့် ဆက်လက်ထိန်းချုပ်မထားချင်တော့ပါ။
အေးစက်စက် နဲ့ ဂရုမစိုက်တက်တဲ့ မျက်နှာထားတို့ က သူပြောတဲ့စကားကြောင့် ထူးထူးခြားခြားပြောင်းမသွား။
"မင်းနဲ့ ငါက ဘာဆိုင်လို့ လက်ထက်ရမှာလဲ"
"မဆိုင်လို့ ဆိုင်ချင်တာပေါ့။ မောင်ဘယ်လောက်စိတ်သောကရောက်နေလဲ မင်း
မသိပါဘူး ။ချစ်လားဆိုလဲ မင်းကမချစ်
ဘူး ။သုံးနှစ်ရှိနေပီချစ်ခြင်း မောင်ဒီထပ်ပိုပီးမစောင့်နိုင်တော့ဘူး "
ချစ်ခြင်း ဘယ်လို သူ့ အပေါ်သဘော
ထားလဲ မသိချင်တော့ ။ ချစ်ခြင်း မချစ်
ရင်တောင် သူလုံလောက်အောင်ချစ်ပေး
နိုင်သည်။
"sorry လက်ထက်ခြင်းတွေကို
ငါသဘောမကျဘူး ။ အဆင်မပြေမူ့
တွေ၊ စိတ်ဆင်းရဲစရာကောင်းတဲ့
ချည်နှောင်မူ့ တွေ နဲ့ ပါတ်သတ်ကြတဲ့
လက်ထက်ပွဲကိုငါမလုပ်နိုင်ဘူး"
ငယ်က စိတ်ဒဏ်ရာရအောင်လုပ်ခဲ့ တဲ့
ချစ်ခြင်းမိဘတွေကို အပြစ်တင်ရမလား။
ခေါင်းမာတဲ့ ချစ်ခြင်းကိုပဲအပြစ်တင်ရမလားဆိုတာ အမိန့် မဝေခွဲနိုင်တော့ပြီ။
"မင်းအထင်မှားနေတာပါ ချစ်ခြင်းရယ်။
မောင်မင်းကို ရူးလောက်အောင်ချစ်နေတာ
ဘာလို့ မမြင်နိုင်ရတာလဲ "
ပြောဆိုဆုံးမမရတဲ့ ကလေးကို စိတ်တိုင်းမကျဆူပြောနေသလို ဖြစ်နေတဲ့ အမိန့်
အသံကြောင့် ချစ်ခြင်းပြုံးမလို ဖြစ်သွားသည်။ ဒီကလေး ဘိုးဘိုးကြီးပြောလို့
ချစ်ခြင်းထက် ၈လလောက်ငယ်တယ်ဆိုတာကိုသိထားသည်။ ချစ်တယ်လို့ ခနခနပြောရုံမက လက်ထက်ဖို့ တောင်
လာပြောနေတဲ့ ဒီကလေးကို ချစ်ခြင်းစိတ်မဆိုးတာတော့ ကိုယ့်ကိုကိုယ်အံ့သြ
သည်။ အချစ်ကို မယုံကြည်တဲ့ချစ်ခြင်းက
ချစ်တယ်လို့ ပြောတဲ့သူတိုင်းကြည့်မရအောင်မုန်းတယ်ဆိုပေမဲ့ အမိန့် တော့ မပါခဲ့ပေ။
"မောင် ညကျ ဖုန်းဆက်ချင်တယ်
ဖုန်းကိုင်ပေးပါ"
အဝင်Callမှာ ဖေကြီးတစ်ယောက်ပဲရှိတဲ့
ချစ်ခြင်းဖုန်းမှာ အသစ်ထပ်တိုးအုန်း
မည်ထင်ပါ့။ စိတ်ထဲနေလို့ ထိုင်လို့
အဆင်ပြေနေသေးသ၍ အမိန့် ကို
ဘာမှပြောမနေတော့ဘူးလို့ ဆုံးဖြတ် လိုက်သည်။ စိတ်ကောက်နေတဲ့ကလေးကို
ဒီ့ထပ်ပိုပီး မကောက်စေချင်တော့တာလဲ
ပါ၏။
အမိန့် ကတော့ မဆက်ခိုင်းလဲဆက်မယ်လို့ တွေးတောထားပေမဲ့ မဆက်နဲ့ လို့
ရန်မတွေ့ တဲ့ ချစ်ခြင်းကြောင့် နည်းနည်း
ပျော်သွားသည်။
ထိုနေ့ က စိတ်ကောက်နေတဲ့ အမိန့် ကို
ဘာမှ ရန်စကားမပြောပဲ တိုက်ခန်းထိ လမ်းလျှောက်ပို့ ပေးတာကို အသာတကြည်လိုက်ပို့ ခံတဲ့ ချစ်ခြင်းပြည့်စုံက
ပထမဆုံး အမိန့် ကို အလျော့ပေးပီး နူတ်ကမပြောပေမဲ့ အပြုမူနဲ့
ချော့ခဲ့တယ်ဆိုတာ အမိန့် ကတော့ သိမသွားပေ။
##############
"ဗုဒ္ဓေါ ... လန့် လိုက်တာကွာ ။ဒါကဘာဖြစ်နေရတာလဲ "
ဦးမိုးကောင်းတစ်ယောက် မိတ်ဆွေတစ်ယောက်ရဲ့ အလှူ သွားပီးပြန်ခဲ့ရာ အိမ်ရှေ့ ဧည့်ခန်းမှာ ကျောက်ရုပ်ကြီးလို ငူငူကြီး
ထိုင်နေတဲ့ မြေးဖြစ်သူကြောင့် အသံထွက်အောင်ပင်လန့် သွားခဲ့ရသည်။
စိတ်နဲ့ လူကပ်ပုံမကျတဲ့ မြေးဖြစ်သူ
ကြောင့် အနားသွားကာ နားရင်းရိုက်လိုက်၏
"အား ဘိုးဘိုး နာတယ်ဗျ ။ဘာလို့ ရိုက်တာလဲ "
"ရိုက်ချင်လို့ ရိုက်တာလေ လာဘ်မရှိကိုးမရှိ ဧည့်ခန်းမှာ ဘာဖြစ်နေတာလဲ "
"ဘိုးဘိုး "
"ဘာလဲ "
ပြောစရာရှိတာမပြောပဲ ခွေးအ ကြီးလှည်းနင်းသလို စကားဆက်မပြောပဲသံရှည်ဆွဲပီးခေါ်နေတာကြောင့် စိတ်မရှည်တော့ပေ။အသုံးမကျတဲ့သူမြေးကို ဘယ်လိုသင်ပြရမှန်းကိုမသိတက်တော့သည်မှာ အမှန်ဖြစ်သည်။
တကယ်ဆို
ချစ်ခြင်းဆိုတဲ့ကလေးက သူ့ မြေးကို
နည်းနည်းတော့ စိတ်ပါနေတာ သူသိပေမဲ့
အသုံးမကျတဲ့ မြေးက ဒါလေးကိုရအောင်
မစွမ်းဆောင်နိုင်ခဲ့ပေ။
"သား ဘာဆက်လုပ်ရမလဲ ။
ချစ်ခြင်းကို ဒီနေ့ စကားလိုက်ပြောတဲ့
ကောင်ကို သားမျက်စိနဲ့ တွေ့ ခဲ့တယ် ။
သားလုံးဝစိတ်မချတော့ဘူး ။
လက်ထက်ရအောင်လို့ပြောတာကိုလဲ
ချစ်ခြင်းက လက်မခံဘူး သားစိတ်မကောင်းဘူး ဘိုးဘိုး "
မျက်ရည်တွေ ဝဲပီးအပီအပြင်feelနေတဲ့
မြေးဖြစ်သူကြောင့် နည်းနည်းသူပါ
စိတ်မသက်မသာဖြစ်သွားသည်။
ဘာပဲပြောပြော တစ်ဦးတည်းသောမြေးကလေးမို့ သူ စိတ်ချမ်းသာဖို့ ရာသည်ကသာအဓိကပင်။
"အဲ့တော့မင်းက ဘာဆက်လုပ်ချင်တာလဲ
အတင်းခိုးပြေးချင်လား ။သူက
မချစ်ရဲတာပါကွာ ။မင်းကို သံယောဇဉ်ရှိပါတယ် ။မင်းအကြောင်းတွေ ငါပြောတော့လဲစိတ်ဝင်တစားနားထောင်ပါတယ် "
"မသိဘူးဗျာ။ ညကျ ဖုန်းဆက်ပီး
မေးမှာ ။ချစ်မှာလားမချစ်ဘူးလားလို့ "
"ဟ ! ဖုန်းဆက်ဖို့ မင်းမှာ နံပါတ်ရှိ လို့ လား။
အစွမ်းစမရှိတဲ့ကောင်က
ကြီးကြီးကျယ်ကျယ် နဲ့ "
ရှူးရှူးရှားရှား ဒေါသထွက်သွားထွက်သွားတဲ့ အမိန့် က အထင်သေးတဲ့သူ့ အဘိုးကို
မျက်နာ နီကြီးဖြင့်
"ရှိတယ်။ ဆဲမှာကြောင့်မဆက်တာ။
ညနေက တိုက်ခန်းကိုလိုက်ပို့ ရင်း
ဖုန်းဆက်မယ်ကိုင်လို့ ပြောခဲ့တုန်းက
ဘာမှမပြောဘူး "
အမိန့် ဖြစ်နေပုံက ကလေးလို ဖြစ်နေ၍ဦးမိုးကောင်း မြေးဖြစ်သူကို ချစ်ခင်စွာ ကြည့်
နေခဲ့သည်။ ဒါ အမိန့် ရဲ့ တစ်ဖက်ခြမ်းပင်
တစ်ခြားသူတွေ ရှေ့ ဆိုချေမိုးနေတက်ပေမဲ့ သူ့ ရှေ့ဆို ကလေးလိုပဲ နေတက်တဲ့
မြေးဖြစ်သူကို ဦးမိုးကောင်းချစ်ပါသည်။
ကိုမိန့် gayဆိုပီးသိတုန်းကလဲ
သူ့ LGBTကို စပီးလေ့လာခဲ့သည်။
ကလေးတွေကို စိတ်ခွန်အားပေးဖို့
ဖြစ်တည်မူ့ ကို နားလည်လက်ခံပေးဖို့
ဒါတွေ ကို သူ အချိန်အတော်ကြာအောင်
လေ့လာခဲ့ရသည်။ ကိုမိန့် ပျော်ရင်
သူလဲပျော်ပါသည်။ သွေးသားရင်းသည် ပြေးကြည့်ရင်တောင် သူတို့ နှစ်ယောက်ထဲသာရှိသည်မို့ ကိုမိန့် ငယ်ငယ်ကတည်းကအထီးမကျန်ရလေအောင် သူငယ်ချင်းပေါင်း ပေါင်းခဲ့တာဖြစ်သည်။
_____
"သား ညနေစာ မစားဘူးဆို
မင်းအဖေ ဆူလို့ စိတ်မကောင်းဖြစ်နေတာ
လား"
အိပ်ယာထက်မှာမအိပ်ပဲ ထိုင်ပီးစိတ်လွတ်နေတဲ့သားဖြစ်သူကို ဒေါ်မေချစ်သက်
က ဘေးမှ ခုံဆွဲပီး သားဖြစ်သူနဲ့ မျက်နာချင်းဆိုင်မှာဝင်ထိုင်းရင်ချော့မော့မေးလိုက်သည်။
သူမ ဝမ်းနဲ့ လွယ်မပေးခဲ့ရပေမဲ့
သစ်တိုင်းအောင်ကိုတော့ ဒေါ်မေချစ်သက်
ချစ်၏ ။ သူမ အပြစ် တွေ အတွက်
သားအရင်းဖြစ်သူက အတွေ့ ပင်မခံတာ
ဆယ်နှစ်ကျော်နေပီဖြစ်သည်။ သားကိုလွမ်းသမျှအတိုးချကာ သားကိုမလုပ်ပေး
ခဲ့ရသမျှသစ်တိုင်းကိုပဲ အတိုးချချစ်ပေး
ခဲ့သည်မှာသစ်တိုင်း ဒီအရွယ်ထိပင်။
အိမ်မှာဆို သစ်တိုင်းအဖေက ဒေါသကြီးတက်သူမို့ သစ်တိုင်းနဲ့ လုံးဝမတည့်ပေ။
"မဟုတ်ပါဘူး သားစိတ်ညစ်တာ တခြားပါ"
"အင်း အချစ်ရေးဆိုရင် မာမီသိသလောက်တော့
loveဆိုတဲ့ ကလေးမ လေးကို
သားလိုက်နေတာအဆင်မပြေဘူးဆို"
သစ်တိုင်းမာမီကိုဆလံ သလိုက်သည်။
တကယ်ဒေါ်မေချစ်သက်ပီသပါပေတယ်။
နောက်လဲသိမှာခြင်းအတူတူ မာမီကို
ရင်ဖွင့်ဖို့ သူစိတ်ကူးလိုက်သည်။
"သား မာမီကို ရင်ဖွင့်ချင်လို့
ဒယ်ဒီကိုတော့ မပြောပါနဲ့ "
သစ်တိုင်းပုံစံကခခယယ ဖြစ်နေမှန်းသိသာနေပေမဲ့
မရှက်နိုင်ပါ။ ဒယ်ဒီသိရင်တော့ သူသေလိမ့်မည်။
"ပြောကြည့်လေ နားထောင်ပေးမယ်"
"ဟိုလေ loveက ကောင်မလေးမဟုတ်ဘူး ကောင်လေးပါ မာမီ"
"ဘယ်လို သစ်တိုင်း"
ဒေါ်မေချစ်သက် မျက်လုံးတွေတောင်ပြာဝေသွားသည်။ သားက ကောင်လေးတစ်ယောက်ကို သဘောကျနေသည်တဲ့။
အတော်ကြာသစ်တိုင်းပြောတဲ့ စကားကို
မယုံကြည်နိုင်သလို အထပ်ထပ်အခါခါ ပြန်စဉ်းစားနေမိသည်။ ထွက်လာတဲ့အဖြေသည်ဘယ်လို မှ သဘောမတူနိုင်ဘူးဆိုတာပဲ။ ဘာကြောင့် မျိုးတူကောင်လေးကို နှစ်သက်ရတာလဲ သစ်တိုင်းရယ်။
မင်းအဖေ သိရင်တော့ လွယ်မှာမဟုတ်ဘူးဆိုတာ မသိလေသလား။
ဒီကိစ္စကို သူမဘယ်လို ဖြေရှင်းရမှာလဲ ။ ခေါင်းတွေ
မူးဝေလာပေမဲ့ သားရှေ့ ဆိုတော့ အတက်နိုင်ဆုံး မျက်နာမပျက်အောင် ထိန်းလိုက်၏
မာမီ မျက်နှာပျက်သွားတာသစ်တိုင်းသိပေမဲ့ ပူလောင်နေတဲ့ခံစားချက်ကိုရင်ဖွင့်မှဖြစ်မည်။ ဘာပဲပြောပြော အနည်းဆုံးတော့
မာမီဆီက အကြံဥာဏ်ရလောက်ဖို့ မျှော်မှန်းရသည်။ ဒီပွဲမှာသူ မရှုံးဖို့ သာအရေး
ကြီးပေမဲ့ Loveကလဲသူ ပထမဆုံးရင်ခုန်တဲ့သူ။
"ဟုတ်တယ် ကောင်လေးပါ ။
ကောင်လေးတောင် မာနကြီးပီး
သားကို နည်းနည်းမှအဖတ်မလုပ်တဲ့
ကောင်လေး မာမီ... "
သစ်တိုင်းပုံစံကြည့် ရတာဘယ်လိုပြောပြော နောက်မဆုတ်တော့မဲ့ပုံမျိုးမို့
ဒေါ်ချစ်သက်မေ သက်မောသာချလိုက်မိသည်။ သားကိုစောင့်ကြည့်ရမည်။
တဖက်က မလှုပ်သ၍ သူ( မ)ဖက်ကလဲ
ဝင်မပါပဲကြည့်နေ ရုံပင်။ တစ်ဖက်က
သားကိုစိတ်ဝင်စားလာရင်တော့ ဇာတ်လမ်းကိုသားမသိအောင်ဖျက်ရမှာပေါ့။
သားကိုတော့ ယောကျာ်းတစ်ယောက်နဲ့
ဘယ်လိုမှ သဘောမတူနိုင်ပါ။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz