ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
10
အပိုင္း၁၀
ေအးစိမ့္ေနတဲ့ အဲကြန္း အခန္းထဲမွာ
အမိန္ ့တစ္ေယာက္ ေခ်ြးျပန္ေနေလသည္။
တီ…ခနဲ သံရွည္ဆြဲပီး ဝင္ေနတဲ့ ေတာ္ေတာ္နဲ ့မကိုင္တဲ့ ဖုန္းကို ႀကည့္ပီး အမိန္ ့စိတ္လွဳပ္
ႈရွားစြာ လက္သည္းကိုက္ေနမိ၏ ။
ဒါနဲ ့ဆို ဒုတိယအႀကိ္မ္ေျမာက္ေခၚျခင္းပင္။
my life ဆိုပီးအသည္းပံုေလးနဲ ့မွတ္ထားတဲ့ ဖုန္းcontact ေလးကိုေငးရင္း
ဘာမ်ားျဖစ္ေနလဲလို ့စိတ္ပူလာရသည္။
ခ်စ္ျခင္းကိုခ်စ္မိပီးေနာက္ပိုင္းမွာ ေအးေဆးတည္ျငိမ္တဲ့
သူ ့ဘဝဟာ ခ်ိဳ ၊ခ်ဥ္ ၊ဖန္၊စပ္၊ ခါးနဲ ့ျဖစ္လာသည္။ စိတ္ပူလိုက္ ၊ဝမ္းနည္းလိုက္၊
ေပ်ာ္ရႊင္လိုက္နဲ ့ အမိန္ ့အာဏာကို
ရသမ်ိဳးစံု ခ်စ္ျခင္းျပည့္စံုက ေပးသည္။
ဂနာမျငိမ္လမ္းေလ်ွာက္ရင္း ဖုန္းအကိုင္ကိုေစာင့္ေနတဲ့ အမိန္ ့သည္ အခုတစ္ခါေခၚဆိုလ႔ိုမွ ခ်စ္ျခင္း ဖုန္းမကိုင္ရင္ တိုက္ခန္းကို သြားႀကည့္ဖို ့ေတြးထားလိုက္သည္။
သံုးခါေျမာက္ဖုန္းေခၚျခင္း အစမွ
ေမ်ွာ္လင့္ရတဲ့ ဆည္းလည္းသံေလးကို အမိန္ ့ႀကားလိုက္ရ၏
"Hello"
"ခ်စ္ျခင္း ေမာင္ေခၚေနတာႀကာေနပီ ။
ဘာလို ့ဖုန္းမကိုင္တာလဲ "
ခ်ိဳခ်ိဴေအးေအး အသံေလးကို အမိန္ ႔မသာယာနိုင္ေသးပါ ။ ကိုယ့္ဝမ္းနာ ကိုယ္သာသိသည္။
စိတ္ပူလြန္းလို ့ရွူးသြားမလားလို ့ထင္ေနခ်ိန္မွာ ဖုန္းကိုင္ေပးတဲ့ ခ်စ္ျခင္းကိုပဲ
ေျပးေက်းဇူးတင္ရမလား ဆိုတာ မသဲကြဲခင္ သူအေလာတႀကီးေမးလိုက္သည္။
သူ ့ဖက္ကသာ ငါးရံ့ျပာလူး ဖ်တ္ဖ်တ္လူး
ေနရတာ ဟိုဖက္က အခ်ိန္အေတာ္အတန္
ႀကာေအာင္ တိတ္သြားေသးသည္။
"ငါေရခ်ိဳးေနလို ့"
ေအးစက္စက္ အသံက ခ်စ္ျခင္းပီသစြာ
ေအးေအးသက္သာ ထြက္လာေပမဲ့
အကဲပိုစြာ ျဖစ္ျပေနတဲ့ အမိန္ ့ကေတာ့
နည္းနည္း နင္သလိုေတာင္ျဖစ္သြားရသည္။ ရွက္ရွက္နဲ ့နားရြက္ဖ်ားကို ကုတ္ရင္း
"အဟမ္း ! ေမာင္က စိတ္ပူသြားလို ့"
"--------"
" ညစာစားျပီးပီလား "
ညဆယ္နာရီေလာက္ျဖစ္ေနတဲ့ အခ်ိန္ကိုအမိန္ ့ေမ့ ကာ ကေယာင္ေျခာက္ျခားေျပာလိုက္မိသည္။
ဒါကိုသူ ့ကိုယ္တိုင္လည္း သတိမထားမိေပ။
ခ်စ္ျခင္းအသံၾကားေတာ့ သူ ႔ဦးေနွာက္သည္ပံုမွန္အလုပ္မလုပ္ေတာ့သလိုျဖစ္ေန၏။
"ငါ ညစာမစားဘူး"
"ဘာလို ့လဲ လူေလးမွေသးပါတယ္ဆိုမွ ကြာ။ ဘာစားခ်င္လဲ။ ေမာင္အခုလာပို ႔ေပးမယ္"
အေတာ္ၾကာအသံတိတ္သြားၿပီးမွ ..
"အင္း..ဘာရယ္မဟုတ္ဘူး ။ ဒီတိုင္းေနေနက်ျဖစ္သြားလို ့မစားျဖစ္ေတာ့တာ။ မိုးခ်ဳပ္ေနပီ။ လာမပို ႔နဲ ့ေတာ့ "
"ဟာ ဘယ္ျဖစ္မလဲ ။အစာအိမ္ေတြဘာေတြျဖစ္ေနမယ္။ ေမာင္မႀကိဳက္ဘူး။ ႏြားနုိ ့မရွိဘူးလား"
"ရွိတယ္ "
"ရွိရင္သြားေသာက္လိုက္။ေမာင္ဖုန္းကိုင္ထားမယ္"
စကားဆံုးေတာ့ ေျခသံတိုးတိုးကိုၾကားလိုက္ရ၏။ထို ႔ေနာက္ လွဳပ္ရွားေနတဲ့အသံေတြနဲ ့တခုခုကိုဖြင့္ သံ စတဲ့ ခ်ိဳးခ်ိဳးေျခာက္ေျခာက္အသံေလးေတြ နားထဲဝင္လာေတာ့
အမိန္ ့ျပံဳးလိုက္သည္။
ခ်စ္ျခင္းက
မခ်စ္ဘူးသာေျပာတာ သူ ့စကားက်နားေထာင္သားပဲ ။ ခနႀကာပီးေနာက္မွာေလသံ
သဲ့သဲ့ေလးထြက္လာသည္။
"ငါေသာက္ျပီးပီ"
"အင္းလိမ္မာတယ္။ ေနာက္ညေတြ
မစားပဲမေနနဲ ့။ညစာအတြက္တခုခုဝယ္ထား။ဒါမွမဟုတ္ ေမာင္ လာပို ့ေပးမယ္
စားခ်င္တာေျပာ "
ေစတနာေတြ ေရစီးကမ္းျပိဳေနတဲ့
အမိန္ ့ကေတာ့ ပို ့ခိုင္းခိုင္းမခိုင္းခိုင္း
သြားပို ့ဖို ့တြက္ခ်က္ေနျပီးေန၏။
အနည္းဆံုးေတာ့ခ်စ္ျခင္းျပည့္စံုရဲ႕မ်က္နွာေလးကို ေတာ့ေတြ ႕နိုင္ေသးသည္ေလ။
"ခ်စ္ျခင္း "
"အင္း"
တိုးလ်စြာနားထဲစီးဝင္လာတဲ့ အသံေလးေႀကာင့္ အမိန္ ့ ရင္ခုန္ေတြသံေတြက ထိန္းမရ ျပဳမရ ေသာင္းႀကမ္းလာေလသည္။
တဒုန္းဒုန္းခုန္ေနတဲ့ရင္ဖက္ကိုအသာဖိ
လို ႔ ...
"ေမာင္ရင္ေတြအရမ္းခုန္ေနတယ္ "
"-------"
"ေမာင္ မင္းကို ခ်စ္တယ္ ခ်စ္ျခင္းရယ္ ။
ေမာင္တို႔ လက္ထက္ရေအာင္…ေနာ္ "
"------"
တိတ္ဆိတ္ေနတဲ့ ခ်စ္ျခင္းေႀကာင့္ အမိန္ ့
အားမလိုအားမရျဖစ္လာသည္။ အနီးနားမွာသာရွိရင္ သူ ဆြဲ ဖက္ပီး အတင္းအႀကပ္ ခ်စ္စကားေျပာမိလိမ့္မည္။
တကယ္ေတာ့ စိတ္ကူးပဲရွိသည္။
လက္ေတြ ့မွာ ခ်စ္ျခင္း ရဲ႕လက္သီး
ကိုေႀကာက္ရေသးသည္။
"မခ်စ္ဘူးလားဟင္"
"အိပ္ေတာ့မယ္ "
က်သြားတဲ့ဖုန္းေလးကိုႀကည့္ပီး
အမိန္ ့အိပ္ယာေပၚအားယားေမွာက္ပစ္လွဲၿပီး ေျခေထာက္ေတြနဲ ့ အိပ္ယာကို တဖုန္းဖုန္းျမည္ေအာင္ထုေနမိ၏။ အားးရင္ခုန္လိုက္တာ
ခ်စ္သူေတြမဟုတ္ပဲနဲ ့ေတာင္ ဒီေလာက္ရင္ခုန္ေနရရင္ ခ်စ္သူေတြသာဆိုရင္
အမေလး… ရင္ဖက္ထဲကအေကာင္ ထြက္ႀကရင္ ဒုကၡျဖစ္ေတာ့မည္။။
ခ်စ္ျခင္းသည္ ဖုန္းခ်ၿပီးသည္နွင့္ အေတာ္ႀကာမလွဳပ္နိုင္ပဲ ေအးစက္စက္ထိုင္ေနမိသည္။ ပူေလာင္ေနမူ ႔သည္ တမ်က္နွာလံုးမီးေတာက္ေနသည့္အတိုင္းပင္။
အနီေရာင္သန္းေနတဲ့ ပါးျပင္မို ့မို ့ကို လက္နဲ ့တစ္ခ်က္ကိုင္ႀကည့္ပီး လူက
ကတုန္ကရင္ျဖစ္ေနသည္။ ထို ႔ေနာက္
ေရခ်ိဳးခန္းထဲလွမ္းဝင္ျပီး တိုက္ၿပီးသားသြားကိုေနာက္တခ်ိန္ထပ္တိုက္၏။
နွစ္ခ်ီေနေသာ အေဖာ္မဲ့ျခင္းေႀကာင့္တစ္ေယာက္ထဲညစာ မစားတက္တဲ့ သူသည္
မည္သို ႔ေသာအေၾကာင္းတရားတို ႔ေၾကာင့္ စကားတခြန္းကို နာခံမိခဲ့ေလသလဲ။
ေနရခက္လွတဲ့ ဝမ္းဗိုက္ေၾကာင့္ နာရီဝက္နီးပါးေလာက္ လမ္းေလ်ွာက္ေနရတာကို တေယာက္ေသာသူသိခဲ့မည္ဆိုလ်ွင္။
_____
"Hey ! "
တဘုတ္ဘုတ္ေျခသံနဲ ့အတူ မွီေအာင္
ေျပးလိုက္လာတဲ့ဟိုေန ့ကတစ္ေယာက္ေႀကာင့္
ခ်စ္ျခင္း မ်က္ခံုးတို ့တြန္ ့ခ်ိဳးကုန္သည္။
နည္းနည္းမွႀကည့္မရတဲ့ အဲ့တစ္ေယာက္က သူ ့ကိုသူအထင္ႀကီးကာ လက္ရဲ
ဇက္ရဲလဲနိုင္ေသးသည္။
"ေနပါအုန္း ။ sorry! ကိုယ္တမင္သက္သက္လုပ္လိုက္တာ မဟုတ္ပါဘူး ။
ဒီတိုင္း..မင္းျမင္လိုက္ေတာ့ ဝမ္းသာအားရျဖစ္သြားတာ"
လက္ကို လွမ္းဆြဲမလို ့လွမ္းလိုက္တာေႀကာင့္
ခ်စ္ျခင္းေရွာင္လိုက္ေတာ့ ျပာျပာသလဲ
ရွင္းျပသည္။
ဘယ္လိုေရစက္လဲမသိဘူး။
ခ်စ္ျခင္းထိုတေယာက္ကို တကယ္ပင္
ႀကည့္မရပါ။ ေနပူတာေရာ၊
ဒီေန ့သင္တန္းက ပင္ပန္းတာေရာ
ေပါင္းကာ ခ်စ္ျခင္း ခါတိုင္းထက္ပိုပီး စိတ္ရွဳတ္ေနသည္။ ဘာေႀကာင့္လဲမသိေပမဲ့
မေတာ္တဆ အမိန္ ့ျမင္သြားရင္ စိတ္မ
ေကာင္းျဖစ္သြားတာမ်ိဳး ခ်စ္ျခင္းမလိုခ်င္ပါ။
"မင္းကို လံုးဝစိတ္မဝင္စားလို ႔ ႀကိဳးစားေနလဲအပိုပဲ။
ထပ္ပီးမင္းေနွာက္ယွက္ေနမယ္ဆိုရင္ ငါသည္းခံေနမွာမဟုတ္ေတာ့ဘူး"
ဘာစကားမွသစ္တိုင္းဖက္က မေျပာရေသးခင္
ေအးစက္မာေႀကာတဲ့ အသံကျပတ္သားစြာ အရင္ပိတ္ေျပာသည္။
loveသည္ တကယ္ေသြးေအးကာရက္စက္လြန္းလွသည္။
နာက်င္စြာခံစားလိုက္ရတဲ့ ရင္ဖက္တေနရာက ရူးမတက္ေအာင့္မ်က္လို ႔သြားတာကိုေတာ့ love သိမယ္မထင္ဘူး။ သူ ့အျဖစ္က စစ္မထြက္ခင္ကတည္းကရွဳံးေနသလို ပါပဲ။ သစ္တိုင္းဖက္က ဘာမွေတာင္ မစရေသးပဲ
loveဖက္ကျပတ္ျပတ္သားသားျငင္းခဲ့သည္။
"ဘာလို ့လဲ မင္းအေကာင္ေႀကာင့္လား
love ။ကိုယ္မွာ ဘာအားနည္းခ်က္ရွိလို ့လဲ။
မင္းေသခ်ာမႀကည့္ပဲ မျငင္းလိုက္ပါနဲ့ ။
သစ္တိုင္းေအာင္ဆိုတဲ့ေကာင္က ဘယ္သူျငင္းတာမွခံခဲ့ရတဲ့ေကာင္မဟုတ္ဘူး ။
မင္းမလို ့
ကိုယ္စိတ္ေလ်ာ့ထားတာေနာ္love။
မင္းကိုတကယ္သေဘာက်လို ့ ကိုယ့္ဖက္ကေအာက္က်ခံေနရတာ"
သစ္တိုင္းစကားဆံုးေတာ့ တေယာက္ေသာသူရဲ႕ အၾကည့္တို ႔က ပံုမွန္ထပ္ပိုေအးစက္လာကာ
"သူ ့ကို အေကာင္ လို ့ေျပာစရာမလို ဘူး။
အနည္းဆံုးေတာ့ သူက ငါ့ဘဝရဲ့ေနရက္တိုင္းအတူရွိဘူးတဲ့သူပဲ။ အမွတ္တရ အမ်ားႀကီးမဟုတ္ေတာင္ ငါ့အေတြးထဲမွ မင္းလိုဘာမဟုတ္တဲ့ ရက္ပိုင္းမွေတြ ့တဲ့ သူထက္စာရင္ ေနရာပိုယူထားတဲ့သူ။ ေနာက္ဘယ္ေတာ့မွ သူနဲ ့လာမယွဥ္နဲ ့။ သူက မင္းနဲ ့မေျပာနဲ ့ဘယ္သူမွယွဥ္ပီးေျပာလို ့ရတဲ့သူမဟုတ္ဘူး"
နီရဲပီးမုန္းတီးရိပ္စြန္းေနတဲ့ မ်က္လံုးေတြ
နဲ ့ႀကည့္သြားတဲ့ loveက ထိုတေယာက္ကို အေကာင္လို ့ေျပာလို ့နာတာတဲ့ ။
ဟားး .. ေသလိုက္ေတာ့သစ္တိုင္း။
မင္းအဲ့ဒီ နားမွာပဲေသလိုက္ေတာ့ ။
ေက်ာခိုင္းသြားတဲ့ ေက်ာျပင္ငယ္ကို
ႀကည့္ပီး နာက်င္စြာခံစားလိုက္ရတဲ့
ေဝဒနာကို လမ္းေပၚက ေက်ာက္ခဲကို
ကန္ပီးေျဖသိမ့္လိုက္သည္။ သစ္တိုင္း
ေအာင္ဒီတစ္ေခါက္ေတာ့အႀကီးအက်ယ္ရွဳံးသြားခဲ့ျပီ။ ဒါေပမဲ့ အဲ့ဒီအရွဳံးကို သူလက္မခံနိုင္ေသးေပ။
ခ်စ္ျခင္းဘာကို စိတ္အလိုမက်မွန္းမသိဘူးျဖစ္ေနသည္။
သေဘာက်တယ္လို ့ေျပာတဲ့ သူကိုေရွ ့ထားပီး "ေမာင္မင္းကိုခ်စ္တယ္ "ဆိုတ႕ဲ
အသံကိုသာ ႀကားေနရသည္။
မင္း အေကာင္လို ့ေျပာတဲ့ အဲ့ဒီလူကို ခ်စ္ျခင္း
လက္သီးနဲ ့သာဆြဲထိုးခ်င္သည္။ သူလိုလူကမ်ား နိွဳိင္းစရာရွားလို ့ ။ အမိန္ ့ကို
ခ်စ္ျခင္းသာ ဆဲခ်င္ဆဲမည္ထိုးခ်င္ထိုးမည္။ တျခားဘယ္သူမွ ေလသံမာမာေျပာတာခ်စ္ျခင္းမႀကိဳက္။ ဒါ အေပါင္းအသင္းလံုးဝမရွိတဲ့ခ်စ္ျခင္းက သံုးနွစ္လံုး ေနပူမေရွာင္
မိုးရြာမေရွာင္ ေဘးနားမွာ အခ်ိန္တိုင္းရွိေနတဲ့ အမိန္ ့ကို နည္းနည္းေတာ့ အသိမွတ္
ျပဳလိုက္ျခင္းလို ့ပဲ သူ ့ကိုသူသက္မွတ္ထားသည္။
ခ်စ္တဲ့အိမ္စည္။
အေးစိမ့်နေတဲ့ အဲကွန်း အခန်းထဲမှာ
အမိန့် တစ်ယောက် ချွေးပြန်နေလေသည်။
တီ…ခနဲ သံရှည်ဆွဲပီး ဝင်နေတဲ့ တော်တော်နဲ့ မကိုင်တဲ့ ဖုန်းကို ကြည့်ပီး အမိန့် စိတ်လှုပ်
ှုရှားစွာ လက်သည်းကိုက်နေမိ၏ ။
ဒါနဲ့ ဆို ဒုတိယအကြိ်မ်မြောက်ခေါ်ခြင်းပင်။
my life ဆိုပီးအသည်းပုံလေးနဲ့ မှတ်ထားတဲ့ ဖုန်းcontact လေးကိုငေးရင်း
ဘာများဖြစ်နေလဲလို့ စိတ်ပူလာရသည်။
ချစ်ခြင်းကိုချစ်မိပီးနောက်ပိုင်းမှာ အေးဆေးတည်ငြိမ်တဲ့
သူ့ ဘဝဟာ ချို ချဉ် ဖန်စပ် ခါးနဲ့ ဖြစ်လာသည်။ စိတ်ပူလိုက် ဝမ်းနည်းလိုက်
ပျော်ရွှင်လိုက်နဲ့ အမိန့် အာဏာကို
ရသမျိုးစုံ ချစ်ခြင်းပြည့်စုံက ပေးသည်။
ဂနာမငြိမ်လမ်းလျှောက်ရင်း ဖုန်းအကိုင်ကိုစောင့်နေတဲ့ အမိန့် သည် အခုတစ်ခါခေါ်ဆိုလို့မှ ချစ်ခြင်း ဖုန်းမကိုင်ရင် တိုက်ခန်းကို သွားကြည့်ဖို့ တွေးထားလိုက်သည်။
သုံးခါမြောက်ဖုန်းခေါ်ခြင်း အစမှ
မျှော်လင့်ရတဲ့ ဆည်းလည်းသံလေးကို အမိန့် ကြားလိုက်ရ၏
"Hello"
"ချစ်ခြင်း မောင်ခေါ်နေတာကြာနေပီ ။
ဘာလို့ ဖုန်းမကိုင်တာလဲ "
ချိုချိူအေးအေး အသံလေးကို အမိန့် မသာယာနိုင်သေးပါ ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်။
စိတ်ပူလွန်းလို့ ရှူးသွားမလားလို့ ထင်နေချိန်မှာ ဖုန်းကိုင်ပေးတဲ့ ချစ်ခြင်းကိုပဲ
ပြေးကျေးဇူးတင်ရမလား ဆိုတာ မသဲကွဲခင် သူအလောတကြီးမေးလိုက်သည်။
သူ့ ဖက်ကသာ ငါးရံ့ပြာလူး ဖျတ်ဖျတ်လူး
နေရတာ ဟိုဖက်က အချိန်အတော်အတန်
ကြာအောင် တိတ်သွားသေးသည်။
"ငါရေချိုးနေလို့ "
အေးစက်စက် အသံက ချစ်ခြင်းပီသစွာ
အေးအေးသက်သာ ထွက်လာပေမဲ့
အကဲပိုစွာ ဖြစ်ပြနေတဲ့ အမိန့် ကတော့
နည်းနည်း နင်သလိုတောင်ဖြစ်သွားရသည်။ ရှက်ရှက်နဲ့ နားရွက်ဖျားကို ကုတ်ရင်း
"အဟမ်း ! မောင်က စိတ်ပူသွားလို့ "
"--------"
" ညစာစားပြီးပီလား "
ညဆယ်နာရီလောက်ဖြစ်နေတဲ့ အချိန်ကိုအမိန့် မေ့ ကာ ကယောင်ခြောက်ခြားပြောလိုက်မိသည်။
ဒါကိုသူ့ ကိုယ်တိုင်လည်း သတိမထားမိပေ။
ချစ်ခြင်းအသံကြားတော့ သူ့ ဦးနှောက်သည်ပုံမှန်အလုပ်မလုပ်တော့သလိုဖြစ်နေ၏။
"ငါ ညစာမစားဘူး"
"ဘာလို့ လဲ လူလေးမှသေးပါတယ်ဆိုမှ ကွာ။ ဘာစားချင်လဲ။ မောင်အခုလာပို့ ပေးမယ်"
အတော်ကြာအသံတိတ်သွားပြီးမှ ..
"အင်းဘာရယ်မဟုတ်ဘူး ။ ဒီတိုင်းနေနေကျဖြစ်သွားလို့ မစားဖြစ်တော့တာ။ မိုးချုပ်နေပီ။ လာမပို့ နဲ့ တော့ "
"ဟာ ဘယ်ဖြစ်မလဲ ။အစာအိမ်တွေဘာတွေဖြစ်နေမယ်။ မောင်မကြိုက်ဘူး။ နွားနို့ မရှိဘူးလား"
"ရှိတယ် "
"ရှိရင်သွားသောက်လိုက်။မောင်ဖုန်းကိုင်ထားမယ်"
စကားဆုံးတော့ ခြေသံတိုးတိုးကိုကြားလိုက်ရ၏။ထို့ နောက် လှုပ်ရှားနေတဲ့အသံတွေနဲ့ တခုခုကိုဖွင့် သံ စတဲ့ ချိုးချိုးခြောက်ခြောက်အသံလေးတွေ နားထဲဝင်လာတော့
အမိန့် ပြုံးလိုက်သည်။
ချစ်ခြင်းက
မချစ်ဘူးသာပြောတာ သူ့ စကားကျနားထောင်သားပဲ ။ ခနကြာပီးနောက်မှာလေသံ
သဲ့သဲ့လေးထွက်လာသည်။
"ငါသောက်ပြီးပီ"
"အင်းလိမ်မာတယ်။ နောက်ညတွေ
မစားပဲမနေနဲ့ ။ညစာအတွက်တခုခုဝယ်ထား။ဒါမှမဟုတ် မောင် လာပို့ ပေးမယ်
စားချင်တာပြော "
စေတနာတွေ ရေစီးကမ်းပြိုနေတဲ့
အမိန့် ကတော့ ပို့ ခိုင်းခိုင်းမခိုင်းခိုင်း
သွားပို့ ဖို့ တွက်ချက်နေပြီးနေ၏။
အနည်းဆုံးတော့ချစ်ခြင်းပြည့်စုံရဲ့မျက်နှာလေးကို တော့တွေ့ နိုင်သေးသည်လေ။
"ချစ်ခြင်း "
"အင်း"
တိုးလျစွာနားထဲစီးဝင်လာတဲ့ အသံလေးကြောင့် အမိန့် ရင်ခုန်တွေသံတွေက ထိန်းမရ ပြုမရ သောင်းကြမ်းလာလေသည်။
တဒုန်းဒုန်းခုန်နေတဲ့ရင်ဖက်ကိုအသာဖိ
လို့ ...
"မောင်ရင်တွေအရမ်းခုန်နေတယ် "
"-------"
"မောင် မင်းကို ချစ်တယ် ချစ်ခြင်းရယ် ။
မောင်တို့ လက်ထက်ရအောင်…နော် "
"------"
တိတ်ဆိတ်နေတဲ့ ချစ်ခြင်းကြောင့် အမိန့်
အားမလိုအားမရဖြစ်လာသည်။ အနီးနားမှာသာရှိရင် သူ ဆွဲ ဖက်ပီး အတင်းအကြပ် ချစ်စကားပြောမိလိမ့်မည်။
တကယ်တော့ စိတ်ကူးပဲရှိသည်။
လက်တွေ့ မှာ ချစ်ခြင်း ရဲ့လက်သီး
ကိုကြောက်ရသေးသည်။
"မချစ်ဘူးလားဟင်"
"အိပ်တော့မယ် "
ကျသွားတဲ့ဖုန်းလေးကိုကြည့်ပီး
အမိန့် အိပ်ယာပေါ်အားယားမှောက်ပစ်လှဲပြီး ခြေထောက်တွေနဲ့ အိပ်ယာကို တဖုန်းဖုန်းမြည်အောင်ထုနေမိ၏။ အားးရင်ခုန်လိုက်တာ
ချစ်သူတွေမဟုတ်ပဲနဲ့ တောင် ဒီလောက်ရင်ခုန်နေရရင် ချစ်သူတွေသာဆိုရင်
အမလေး… ရင်ဖက်ထဲကအကောင် ထွက်ကြရင် ဒုက္ခဖြစ်တော့မည်။။
ချစ်ခြင်းသည် ဖုန်းချပြီးသည်နှင့် အတော်ကြာမလှုပ်နိုင်ပဲ အေးစက်စက်ထိုင်နေမိသည်။ ပူလောင်နေမူ့ သည် တမျက်နှာလုံးမီးတောက်နေသည့်အတိုင်းပင်။
အနီရောင်သန်းနေတဲ့ ပါးပြင်မို့ မို့ ကို လက်နဲ့ တစ်ချက်ကိုင်ကြည့်ပီး လူက ကတုန်ကယင်ဖြစ်နေသည်။ ထို့ နောက်
ရေချိုးခန်းထဲလှမ်းဝင်ပြီး တိုက်ပြီးသားသွားကိုနောက်တချိန်ထပ်တိုက်၏။
နှစ်ချီနေသော အဖော်မဲ့ခြင်းကြောင့်တစ်ယောက်ထဲညစာ မစားတက်တဲ့ သူသည်
မည်သို့ သောအကြောင်းတရားတို့ ကြောင့် စကားတခွန်းကို နာခံမိခဲ့လေသလဲ။
နေရခက်လှတဲ့ ဝမ်းဗိုက်ကြောင့် နာရီဝက်နီးပါးလောက် လမ်းလျှောက်နေရတာကို တယောက်သောသူသိခဲ့မည်ဆိုလျှင်။
_____
"Hey ! "
တဘုတ်ဘုတ်ခြေသံနဲ့ အတူ မှီအောင်
ပြေးလိုက်လာတဲ့ဟိုနေ့ ကတစ်ယောက်ကြောင့်
ချစ်ခြင်း မျက်ခုံးတို့ တွန့် ချိုးကုန်သည်။
နည်းနည်းမှကြည့်မရတဲ့ အဲ့တစ်ယောက်က သူ့ ကိုသူအထင်ကြီးကာ လက်ရဲ
ဇက်ရဲလဲနိုင်သေးသည်။
"နေပါအုန်း ။ sorry! ကိုယ်တမင်သက်သက်လုပ်လိုက်တာ မဟုတ်ပါဘူး ။
ဒီတိုင်း..မင်းမြင်လိုက်တော့ ဝမ်းသာအားရဖြစ်သွားတာ"
လက်ကို လှမ်းဆွဲမလို့ လှမ်းလိုက်တာကြောင့်
ချစ်ခြင်းရှောင်လိုက်တော့ ပြာပြာသလဲ
ရှင်းပြသည်။
ဘယ်လိုရေစက်လဲမသိဘူး။
ချစ်ခြင်းထိုတယောက်ကို တကယ်ပင်
ကြည့်မရပါ။ နေပူတာရော၊
ဒီနေ့ သင်တန်းက ပင်ပန်းတာရော
ပေါင်းကာ ချစ်ခြင်း ခါတိုင်းထက်ပိုပီး စိတ်ရှုတ်နေသည်။ ဘာကြောင့်လဲမသိပေမဲ့
မတော်တဆ အမိန့် မြင်သွားရင် စိတ်မ
ကောင်းဖြစ်သွားတာမျိုး ချစ်ခြင်းမလိုချင်ပါ။
"မင်းကို လုံးဝစိတ်မဝင်စားလို့ ကြိုးစားနေလဲအပိုပဲ။
ထပ်ပီးမင်းနှောက်ယှက်နေမယ်ဆိုရင် ငါသည်းခံနေမှာမဟုတ်တော့ဘူး"
ဘာစကားမှသစ်တိုင်းဖက်က မပြောရသေးခင်
အေးစက်မာကြောတဲ့ အသံကပြတ်သားစွာ အရင်ပိတ်ပြောသည်။
loveသည် တကယ်သွေးအေးကာရက်စက်လွန်းလှသည်။
နာကျင်စွာခံစားလိုက်ရတဲ့ ရင်ဖက်တနေရာက ရူးမတက်အောင့်မျက်လို့ သွားတာကိုတော့ love သိမယ်မထင်ဘူး။ သူ့ အဖြစ်က စစ်မထွက်ခင်ကတည်းကရှုံးနေသလို ပါပဲ။ သစ်တိုင်းဖက်က ဘာမှတောင် မစရသေးပဲ
loveဖက်ကပြတ်ပြတ်သားသားငြင်းခဲ့သည်။
"ဘာလို့ လဲ မင်းအကောင်ကြောင့်လား
love ။ကိုယ်မှာ ဘာအားနည်းချက်ရှိလို့ လဲ။
မင်းသေချာမကြည့်ပဲ မငြင်းလိုက်ပါနဲ့ ။
သစ်တိုင်းအောင်ဆိုတဲ့ကောင်က ဘယ်သူငြင်းတာမှခံခဲ့ရတဲ့ကောင်မဟုတ်ဘူး ။
မင်းမလို့
ကိုယ်စိတ်လျော့ထားတာနော်love။
မင်းကိုတကယ်သဘောကျလို့ ကိုယ့်ဖက်ကအောက်ကျခံနေရတာ"
သစ်တိုင်းစကားဆုံးတော့ တယောက်သောသူရဲ့ အကြည့်တို့ က ပုံမှန်ထပ်ပိုအေးစက်လာကာ
"သူ့ ကို အကောင် လို့ ပြောစရာမလို ဘူး။
အနည်းဆုံးတော့ သူက ငါ့ဘဝရဲ့နေရက်တိုင်းအတူရှိဘူးတဲ့သူပဲ။ အမှတ်တရ အများကြီးမဟုတ်တောင် ငါ့အတွေးထဲမှ မင်းလိုဘာမဟုတ်တဲ့ ရက်ပိုင်းမှတွေ့ တဲ့ သူထက်စာရင် နေရာပိုယူထားတဲ့သူ။ နောက်ဘယ်တော့မှ သူနဲ့ လာမယှဉ်နဲ့ ။ သူက မင်းနဲ့ မပြောနဲ့ ဘယ်သူမှယှဉ်ပီးပြောလို့ ရတဲ့သူမဟုတ်ဘူး"
နီရဲပီးမုန်းတီးရိပ်စွန်းနေတဲ့ မျက်လုံးတွေ
နဲ့ ကြည့်သွားတဲ့ loveက ထိုတယောက်ကို အကောင်လို့ ပြောလို့ နာတာတဲ့ ။
ဟားး .. သေလိုက်တော့သစ်တိုင်း။
မင်းအဲ့ဒီ နားမှာပဲသေလိုက်တော့ ။
ကျောခိုင်းသွားတဲ့ ကျောပြင်ငယ်ကို
ကြည့်ပီး နာကျင်စွာခံစားလိုက်ရတဲ့
ဝေဒနာကို လမ်းပေါ်က ကျောက်ခဲကို
ကန်ပီးဖြေသိမ့်လိုက်သည်။ သစ်တိုင်း
အောင်ဒီတစ်ခေါက်တော့အကြီးအကျယ်ရှုံးသွားခဲ့ပြီ။ ဒါပေမဲ့ အဲ့ဒီအရှုံးကို သူလက်မခံနိုင်သေးပေ။
ချစ်ခြင်းဘာကို စိတ်အလိုမကျမှန်းမသိဘူးဖြစ်နေသည်။
သဘောကျတယ်လို့ ပြောတဲ့ သူကိုရှေ့ ထားပီး "မောင်မင်းကိုချစ်တယ် "ဆိုတဲ့
အသံကိုသာ ကြားနေရသည်။
မင်း အကောင်လို့ ပြောတဲ့ အဲ့ဒီလူကို ချစ်ခြင်း
လက်သီးနဲ့ သာဆွဲထိုးချင်သည်။ သူလိုလူကများ နှိုင်းစရာရှားလို့ ။ အမိန့် ကို
ချစ်ခြင်းသာ ဆဲချင်ဆဲမည်ထိုးချင်ထိုးမည်။ တခြားဘယ်သူမှ လေသံမာမာပြောတာချစ်ခြင်းမကြိုက်။ ဒါ အပေါင်းအသင်းလုံးဝမရှိတဲ့ချစ်ခြင်းက သုံးနှစ်လုံး နေပူမရှောင်
မိုးရွာမရှောင် ဘေးနားမှာ အချိန်တိုင်းရှိနေတဲ့ အမိန့် ကို နည်းနည်းတော့ အသိမှတ်
ပြုလိုက်ခြင်းလို့ ပဲ သူ့ ကိုသူသက်မှတ်ထားသည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz