ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
8
အပိုင်း၈
အဆင့်တန်းမြင့်မားလှတဲ့ ဂျပန်စားသောက်ဆိုင်၏VIPအခန်းအတွင်းဝယ် တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူနေပီး ဥပတိရုပ်ခန့် ညားတဲ့အသက်၇၀နီးပါးရှိသည့်အဘိုးအိုတစ်ယောက်နှင့်လှပပြီးကြည်လင်သောရုပ်ရှည်ရှိသော ကောင်လေးတို့ သည်မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
"မကြိုက်ချင်သေးတာပါ။ သုံးနှစ်လုံး
တော်ရုံတွေ့ ခွင့်မရနိုင်တဲ့ ဦးမိုးကောင်းက ချစ်ခြင်းလို့ ပြောလိုက်တာနဲ့ ချက်ခြင်းတွေ့ ဆုံစေခဲ့ခြင်းဟာ သူ့ မြေးအမိန့် အာဏာကြောင့်ဆိုတာ သိပေမဲ့ ဒီလောက်ကြီးထိ မိမိကို လက်ခံနေတာမျိုးထိဖြစ်လာမယ်မထင်ခဲ့တာပါ။ လာတုန်းက
မယုံဘူး ။လက်ထက်ဖို့ ဆိုတာ
ချစ်မွှေးပါတာလား ၊ကုသုလ်ကံထူးတာလားမသိတဲ့ ချစ်ခြင်းပြည့်စုံဆိုတဲ့ကောင်လေးက ကောင်းခြင်းများစွာကိုပိုင်ဆိုင်ထားတာကလည်း ငြင်းလို့ မရပေ။
လိုက်သည်။
မကြာခင် မှာထားတာရလာရင်စားကြည့်လိုက်မင်းကြိုက်သွားလိမ့်မယ်"
"ခဏ ..ခဏလေး ..ဘိုးဘိုး ကြီး ။
ပြောလိုက်သည်။
ဆိုတက်သူဖြစ်၏
-------------------
"ဒါဘယ်လဲ သစ်တိုင်း "
ကြားပါတယ်ဗျ "
"ကြားရင်လာအုန်း "
တော်သေးတယ်မှီလို့ ။
လိုက်သည်။
"Hi ! နောက်ကျတယ်နော် ။ကိုယ်ဒီနား
မင်းကခုမှထွက်လာတယ်"
ဆက်ပြောလိုက်သည်။
ကိုယ်ဝယ်ကျွေးမယ်လေ"
"----------"
"ခဏလေး ပါ "
"ခွပ် "
"စောက်ဂရုမစိုက်ဘူး "
" မပါတ်သတ်လို့ မရဘူး love
့ကိုယ်မင်းကို……"
"ချစ်ခြင်း! "
လိုက်သွားသည်။
ဆိုတာ ဘယ်သူမို့ လဲ။
သွားပြီ ။အဲ့ဒါတကယ်ပြောတာ…
ချစ်တဲ့အိမ်စည်။
အဆင့်တန်းမြင့်မားလှတဲ့ ဂျပန်စားသောက်ဆိုင်၏VIPအခန်း တွင် တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူနေပီး ဥပတိရုပ်ခန့် ညားတဲ့အသက်၇၀နီးပါးရှိသည့်အဘိုးအိုတစ်ယောက်နှင့်လှပပြီးကြည်လင်သောရုပ်ရှည်ရှိသော ကောင်လေးတို့ သည်မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
ဦးမိုးကောင်းသည် သူရှေ့ မှာ ရှိနေတဲ့ ကောင်လေးကို သေချာ အကဲခတ်ကြည့်
နေ့ရင်း သူ့ မြေးကိုမိန့် ဘာကြောင့် ဒီကလေးကို အရူးအမူးဖြစ်နေသလဲဆိုတာတွေးမိကာ ပြုံးလိုက်မိသည်။
"ဘာလို့ လဲ ဘိုးဘိုးကြီး ကျွန်တော်
ဘိုးဘိုးမြေးကို မကြိုက်ဘူး"
တိတ်ဆိတ်နေတဲ့အခန်းမှာ ချစ်ခြင်းအသံကပထမဦးဆုံးထွက်ပေါ်လာ၏။
ဒါပေမဲ့ ဦးမိုးကောင်းရဲ့ ပြုံးနေသောနှုတ်ခမ်းတွေကတော့ ပြောင်းလဲမသွားပဲ
စိတ်ကောက်နေတဲ့ကလေးကို နားလည်အောင်ရှင်းပြနေတဲ့အသံဖြင့်
"မကြိုက်ချင်သေးတာပါ။ သုံးနှစ်လုံး
ငါ့မြေးဘေးနားရှိနေတာကို မင်းခါးခါးသီးသီးမှမရှိတာ။ ပြီးတော့ လွယ်လွယ်နဲ့ သံယောဇဉ်ဖြစ်လွယ်တဲ့ ထဲမှာ ကိုမိန့် မပါဘူး။ သူတကယ် မင်းကိုသဘောကျတာပါ။ "
"ဒါပေမဲ့ ကျွန်တော်တို့ က ယောကျာ်းလေးတွေလေ။ "
"အဲ့တော့ ကိုမိန့် က မင်းကိုသဘောကျလို့ မရတော့ဘူးလား"
ဦးမိုးကောင်းရဲ့စကားကြောင့် ချစ်ခြင်း အသံတိတ်သွား၏။ ဖေကြီးဖြစ်သူဆီမှ
အမိန့် အာဏာအကြောင်းကိုသိပြီး
ဦးမိုးကောင်းနဲ့ တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။
တော်ရုံတွေ့ ခွင့်မရနိုင်တဲ့ ဦးမိုးကောင်းကလဲ ချစ်ခြင်းလို့ ပြောလိုက်တာနဲ့ ချက်ခြင်းတွေ့ ဆုံစေခဲ့ခြင်းဟာ သူ့ မြေးအမိန့် အာဏာကြောင့်ဆိုတာ သိပေမဲ့ ဒီလောက်ကြီးထိ မိမိကို လက်ခံနေတာမျိုးထိဖြစ်လာမယ်မထင်ခဲ့တာပါ။ လာတုန်းက
ချစ်ခြင်း လက်မခံနိုင်ဘူးဆိုတာ သိအောင်ပြောပြီးပြန်ဖို့ တွေးခဲ့ပေမဲ့ အခြေနေက
ပြောင်းပြန်ဖြစ်သွား၏။
" ဘာပဲဖြစ်ဖြစ် ကျွန်တော် အချစ်ဆိုတာ
မယုံဘူး ။လက်ထက်ဖို့ ဆိုတာ
ပိုဝေးသေးတယ်။ယောကျာ်းမိန်းမကြားတောင်မမြဲနိုင်တာ
ယောကျာ်းတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ပိုလို့ တောင်မမြဲနိုင်ဘူး။ ဒါကြောင့်ဘိုးဘိုးကြီးတို့ ဖက်က မဖြစ်နိုင်တာကို ဇွတ်မလုပ်ချင်ပါနဲ့ "
" ငါ့မြေးအကြောင်း ငါပိုသိတာပေါ့
အမိန့် အာဏာဆိုတဲ့ကောင်က
အဖြစ်နိုင်ဘူး ဆိုတာမရှိအောင် မင်းကိုချစ်ပေးလိမ့်မယ် ။ငါ့ကိုယုံလို့ ရပါတယ်"
ဘယ်လိုမှ မငြင်းနိုင်အောင်ပြောနေတဲ့
ဦးမိုးကောင်းကြောင့် ချစ်ခြင်းစိတ်ရှုပ်လာသည်။
လူတွေနဲ့ စကားပြောလေ့မရှိတဲ့ချစ်ခြင်းက ခုလဲ ဘာမှဆက်မပြောတက်တော့ပဲ ငြိမ်သက်သွား၏။
ဦးမိုးကောင်းက တော့ သူရှေ့ မှာနုတ်ခမ်းဆူပီးစိတ်ကောက်သလို ဖြစ်နေတဲ့ ကလေးကို ချစ်စနိုးစိုက်ကြည့်နေသည်။
သူဒီကလေးကို စတွေ့ ကတည်းက
သံယောစဉ်ရှိခဲ့သည်။ ထူးထူးခြားခြားမကျေနပ်တာကို သူ့ လိုလူ တစ်ယောက် ကို ဖွင့်ပြရဲခဲ့တဲ့ ပထမဆုံးအပြင်လူ ဖြစ်နေတဲ့အပြင် ကိုယ့်မြေးဖက်က တော်တော်ဖြစ်နေတာသိတော့ ရယ်ချင်ရုံကလွဲပြီးသိပ်ခါးခါးသီးသီးမဖြစ်ခဲ့ပေ။
ချစ်မွှေးပါတာလား ၊ကုသုလ်ကံထူးတာလားမသိတဲ့ ချစ်ခြင်းပြည့်စုံဆိုတဲ့ကောင်လေးက ကောင်းခြင်းများစွာကိုပိုင်ဆိုင်ထားတာကလဲငြင်းလို့ မရပေ။
အချစ်မေတ္တာ ငတ်နေတဲ့ကလေးက ချစ်ရမှာကြောက်တာမဟုတ်ပဲ
မချစ်တော့ပဲပြစ်သွားမှ ကြောက်နေ
တယ်ဆိုတာ သူကောင်းကောင်းသိ
လိုက်သည်။
"ဒီဆိုင်က ဘိုးဘိုးကြီး လာစားနေကြလေ။
ခနနေမှာထားတာရလာရင်စားကြည့်လိုက်မင်းကြိုက်သွားလိမ့်မယ်"
ပြောရင်းဆိုရင်း လာချပေးတဲ့အစားသောက်တွေကြောင့် ဦးမိုးကောင်း စကားစပြတ်သွား၏
"ဒါ ဝါစာဘိ ... ဒါ မီဆို့ ဆွပ် ...
ဒါက ဂျပန်စတိုင်ကြက်ကြော်... ဒါလေးက ရေဘဝဲသုပ် ဒါလေးက ... "
ဟင်းတွေကို ပြောပြပီး ချစ်ခြင်းပန်းကန်ထဲထည့်ပေးဖို့ ပြင်နေတာကြောင့်အလျှင်အမြန်တားလိုက်ရသည်။
"ခန ..ခနလေး ..ဘိုးဘိုး ကြီး ။
ဒါဘိုးဘိုးကြီးစားချင်တာတွေပဲမှာထားတာမို့ လား ။ကျွန်တော်အသား၊ငါး မစားဘူးဗျ"
"ဟုတ်လား။ ဒါဆို ဘိုးဘိုး တောင်းပန်ပါတယ်ကွာ။ ဘာပဲပြောပြော ရောက်မှတော့တခုခုစားသွားနော်။ နောက်ထပ် ထပ်မှာပေးမယ်"
ဦးမိုးကောင်း သဘောတကျ ရယ်မောကာ
ပြောလိုက်သည်။
ဘာရယ်မဟုတ် စိတ်ထဲ သူ့မြေးကိုမိန့် ကိုသွားသတိရပြီးတွေးမိသွားတာက
ချစ်ခြင်းက မွှေးပျံ့ ပြီး ချိုမြိန်လှတဲ့ သစ်သီးပွဲလေးနဲ့ တူတယ်ဆိုတာပဲ။
" တမင်မစားတာမဟုတ်ဘူး ။ဟို ..စိတ်မခုပါနဲ့ ။ကျွန်တော်ရိုင်းတာမဟုတ်ပါဘူး ။
ငယ်ငယ်ကတည်းက မစားတော့
အကျင့်ဖြစ်နေလို့ ပါဘိုးဘိုး "
အေးစက်စက်မျက်လုံး၊ မရယ်မပြုံးမျက်နာလေးနဲ့ မပြောချင်သလို လုပ်နေတဲ့ကလေးက သူစိတ်ဆိုးမှာကြောက်လို့ တောင်းပန်သလိုလေးပြောနေ၍ အတော်လေးကျေနပ်သွားသည်။ အနည်းဆုံးတော့
သူလို အသက်အရွယ်ကြီးနေတဲ့အဘိုးကြီးအတွက် ဒီလို ယဉ်ကျေးလိမ်မာတဲ့
မြေးသမက်လိုအပ်တာပေါ့။
"ဟုတ်လား။ တော်တာပေါ့ ..ဘိုးဘိုးကြီးဆို ခုထိ သက်သက်လွတ်မစားပဲမနေနိုင်သေးဘူး။နောက်ဆို ချစ်ခြင်းဆီက အကျင့်ကောင်းတွေ သင်ယူမှ ဖြစ်တော့မယ် "
သူ့ဆီကချီးကျူးစကားကြားတော့
ပါးနှစ်ဖက်က အနီရောင်လေးသန်းသွားတာတွေ့ ရသည်။ ဒါပေမဲ့ ရှက်ရွံ့နေရာခက်သွားတာမျိုးမရှိပဲ အေးစက်စွာပဲ ထိုင်နေတာတွေ့ ရတော့ စိတ်ထဲမကောင်းဖြစ်သွားရပြန်သည်။ ဒီကလေးရဲ့ စိတ်ဒဏ်ရာက ကြားထားတာအမှန်ပင်ဖြစ်လိမ့်မည်။
အရယ် ၊အပြုံးနည်းတဲ့ချစ်ခြင်းပြည့်စုံ
ဆိုတဲ့ကလေးက အေးစက် နေသလို အပြုမူတွေပဲအမြဲပြတက်တာဟာ
သူ့ အားနည်းချက်တွေလူသိမှာ
ကြောက်လို့ သန်မာချင်ယောင်ဆောင်နေတယ်ဆိုတာ ဦးမိုးကောင်းတစ်ယောက်နားလည်ခဲ့သည်။
"ချစ်ခြင်း ဒါတွေမစားဘူးဆိုရင် ဘိုဘိုးကြီး
သက်သက်လွတ် မှာပေးမယ် နော် "
ထို နေ့ က ဦးမိုးကောင်းနဲ့ ချစ်ခြင်း အတော်အတန်ကြာအောင်စကားပြောရင်းစားရင်းနဲ့ အချိန်ကုန်ခဲ့ကြသည်။ ချစ်ခြင်းဘဝမှာလဲ ဒါပထမဆုံး အပြင် မှာသူစိမ်းတစ်ယောက်နဲ့ စကားပြောခဲ့ခြင်းပေ။
ဘိုးဘိုးကြီး ဦးမိုးကောင်းသည် စကားပြော
ကောင်းသူဖြစ်ပီး ချစ်ခြင်းအနေရမခက်ပဲ
သက်တောင့်သက်တာဖြစ်အောင်ပြော
ဆိုတက်သူဖြစ်၏
လာတုန်းက လက်မခံနိုင်ကြောင်းအပြတ် ပြောဖို့ လာတာဖြစ်ပြီး အပြန်ကျ နောက်ထပ် ထပ်တွေ့ ဖို့ တောင် ချိန်းမိသေးသည်။ စကားအများစုသည် အမိန့် ဆိုတဲ့
ကောင်လေးအကြောင်းဖြစ်ပီး ချစ်ခြင်း
ကတော့ သူ့ မြေးကို ဈေးဗန်းခင်းပေးနေတဲ့ ဘိုးဘိုးကြီးကို အားနာ၍
သူ့ မူပိုင်ပုံစံအတိုင်း
မလှုပ်တငုတ် သာနားထောင်ခဲ့သည်။
-------------------
"ဒါဘယ်လဲ သစ်တိုင်း "
လှေကားပေါ်ကနေဆင်းလားပီး ဖအေတစ်ယောက်လုံးကိုမမြင်ပဲ အပြင်သွား
ဖို့ လောနေတဲ့ သစ်တိုင်းတစ်ယောက်
ဒယ်ဒီအသံကြားတော့ ရှုံ မဲ့သွားသည်။
အဆူအပြောအရစ်သန်တဲ့ ဒယ်ဒီက စကားပြောရင်တော်တော်နဲ့ မပြီး သည်မို့
လက်က နာရီကြည့်လိုက်သည်။
loveရဲ့သင်တန်းချိန်ကပြီးတော့မယ်။
သူ ဒီနေ့ ပထမဆုံစကားလိုက်ပြောဖို့ ကြံထားတာမို့ ရည်ရွယ်ချက်ကိုအပြတ်မခံနိုင်ပေ။
"ဟိတ်ကောင်! ငါ ပြောနေတာကြားလား "
"အာ! လန့် လိုက်တာဒယ်ဒီကလဲ။
ကြားပါတယ်ဗျ "
"ကြားရင်လာအုန်း "
ခတ်ဆတ်ဆတ်လေသံကြောင့် တွန့် ခနဲ ဖြစ်သွားပေမဲ့ အထွန့် တက်ဖို့ မျက်နှာကိုအစွမ်းကုန်ငယ်လိုက်ပြီး...
"မလာလို့ မရဘူးလား ဒယ်ဒီရေ ။သား
ဒီမှာအရေးတကြီးသွားစရာရှိလို့ ပါ။
တောင်းပန်ပါတယ်။ အပြန်မှကြိုက်သလောက်ဆူတော့.. အတည်အရေးကြီးနေလို့ ပါ"
ရှစ်ခိုးဦးချမတက်လုပ်ပြနေတဲ့ သစ်တိုင်းကြောင့်ဒယ်ဒီ မျက်မှောင်ကုတ်ကာ
"ကြွကြွ ... အေးပြန်လာရင်နားပူဖို့ ပြင်ထား သစ်တိုင်းအောင်။ ငါမင်းကို သိပ် မပြောချင်ဘူး "
ဒယ်ဒီရဲ့စကားအဆုံး သစ်တိုင်းအပြင်
သို့ သာပြေးထွက် လာခဲ့သည်။ loveမျက်နာလေးကို သူမြင်ချင်နေပီလေ။ ဒယ်ဒီကတော့ အပြန်မှဘာပြောပြောပေါ့ ။
ခပ်သွက်သွက်ကားမောင်းကာ
Loveရဲ့ သင်တန်းရှေ့ ရောက်တော့အချိန်က ကွက်တိ။
တော်သေးတယ်မှီလို့ ။
အလျို လျိုထွက်လာတဲ့ လူတွေကြား သူ့
loveကလေး ထွက်မလာသေးပေ။
အတော်ကြီးလူရှင်းမှ အနီရောင်အရိပ်လေးထွက်လာတော့သူ ပြေးပီး စကားပြော
လိုက်သည်။
"Hi ! နောက်ကျတယ်နော် ။ကိုယ်ဒီနား
မှာ စောင့်နေတာအတော်ကြာနေပီ
မင်းကခုမှထွက်လာတယ်"
စကားပြန်ပြောမလာပဲ အေးစက်စက်အကြည့်ရောက်လာ၍ သစ်တိုင်းလန့် သွား
သည်။ သစ်တိုင်းဘဝမှာ အလွယ်တကူရ
လာတဲ့အရာတွေအများကြီးရှိပေမဲ့ ဒီလို
အေးစက်စက် အကြည့်ကတော့ ပထမဆုံး
ဆိုတော့ နည်နည်းလန့် သွားပေမဲ့
ဆက်ပြောလိုက်သည်။
"နေပါအုန်း ။ဟို တစ်ခုခုလိုက်စားမလား။
ကိုယ်ဝယ်ကျွေးမယ်လေ"
"----------"
"ခနလေး ပါ "
"ခွပ် "
သစ်တိုင်းမျက်နာလည်ထွက်သွား၏။
မူးနှောက်သွားတဲ့ခံစားချက်ကြောင့်
ခေါင်းကို သုံးလေးခါ လောက်ခါရမ်းပစ်လိုက်သော်လည်း မူးနောက်နောက်ခံစားချက်က မပျောက်ပျက်သွား။
ဘာလဲ သူ အထိုး ခံလိုက်ရတာလား ။
တမင်သက်သက်လုပ်လိုက်တာမဟုတ်ပဲ
သူ့ ကိုကျော်သွားတာကြောင့်စကားပြောချင်ဇောနဲ့ အမှတ်တမဲ့ လှမ်းဆွဲမိရုံနဲ့
လည်ထွက်သွားအောင်အထိုးခံလိုက်သည်။
"ဟက် ! love မင်းသိလား ။ကိုယ့်ဘဝမှာဒါပထမဆုံးပဲ။ ဒါပေမဲ့ ကိုယ်ကြိုက်တယ် "
ကြိုက်တယ်ဆိုတဲ့ နေရာမှာ တမင်အသိဖိပြီး နှာခေါင်းရှုံ့ ပြောလာတဲ့ ထိုကောင်ကြောင့် ချစ်ခြင်းဒေါသတွေက ထိုးတက်လာသည်။ ရုပ်ရည် လှပနေရုံနဲ့
ဒီလို ထိကပါးရိကပါး လုပ်တာခံရလောက်အောင် ချစ်ခြင်းပြည့်စုံက အားနည်းနေသူမဟုတ်ဘူး။
ထို့ ကြောင့် စူးရဲစွာစိုက်ကြည့်ပြီး အေးစက်စက်ပြန်ပြောလိုက်သည်။
"စောက်ဂရုမစိုက်ဘူး "
loveစကားကြောင့် သစ်တိုင်း
သွေးကြွလာသည်။ လူတိုင်းမရတာမှပိုလိုချင်ကျတယ်မို့ လား……
"မရဘူး မပါတ်သတ်လို့
့ကိုယ်မင်းကို……"
"ချစ်ခြင်း "
သစ်တိုင်းပြောနေတဲ့စကားမဆုံးခင်
ခပ်ဆတ်ဆတ် အော်သံနဲ့ အတူ
သူ့ ထပ်အရပ်ရှည်မယ်ထင်တဲ့ ကောင်လေးတစ်ယောက်ရောက်သည်။
အတော်ချောပီး အမိုက်စား ပုံစံနဲ့ ကောင်
က သစ်တိုင်းဖက်သို့ ဒေါသမျက်လုံးတို့ နဲ့ ဝေ့ကြည့်ပီး ချက်ခြင်း ချစ်ခြင်းဖက်ကို ပြန်လှည့်သွားကာ..။
"မောင်စောင့်နေတာကြာပီ။ လူရှင်းတဲ့အထိ မလာသေးလို့ လိုက်လာတာ"
မောင်ဆိုတဲ့အသံကြောင့်သစ်တိုင်းမျက်နှာမဲခနဲ။
ဘာလဲရည်းစားရှိတာလား။ သူစုံစမ်းတုန်းကမရှိပါဘူး။ခုမှဘာလဲ ။
သူ့ ကိုကျခါးခါးသီးသီးကြည့်တဲ့
loveက အဲ့အကောင်လာခေါ်တော့
ဘာမှမပြောပဲ ကြည်ကြည်သာသာ
လိုက်သွားသည်။
သစ်တိုင်း ဒေါသ တို့ နဲ့ ပူလောင်လာသည်။အဲ့ကောင်ကဘာမို့ လို့ လဲ သစ်တိုင်း
ဘဝမှာအရှုံးဆိုတာ မရှိဘူး။ လွယ်လွယ်နဲ့
လက်လျော့ရအောင် သစ်တိုင်းအောင်
ဆိုတာ ဘယ်သူမို့ လဲ။
အထိုးခံလိုက်ရတဲ့ နာကျင်နေတဲ့ မေးဖျားကိုစမ်းရင်း
သစ်တိုင်းဒေါသတကြီး တက်ခေါက်ပီး ကျန်ခဲ့သည်။ ထပ်တွေ့ အုန်းမယ်love။
ကိုယ်မင်းကို တကယ် heartထိ
သွားပြီ ။အဲ့ဒါတကယ်ပြောတာ…
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz