ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

7

eainsi23

အပိုင္း၇

"မင္းတကယ္ေျပာေနတာလား သစ္တိုင္း ။ငါကို ဟာသလာမလုပ္နဲ ့ေနာ္။ "

မင္းခန္း  စကားကိုၾကားေတာ့ သစ္တိုင္းေအာင္ဆိုတဲ့ ေကာင္က ၿပံဳးစိစိ။
ဒီေကာင္ဘာျဖစ္ေနတာလဲ။
ဒီေန ႔လည္း အိမ္ကိုလာခဲ့ပါ ဆိုၿပီး မင္းခန္းကို လွမ္းေခၚသည္။
အဲ့ကတည္းက ထူးဆန္းေနတာ။
အိမ္နဲ ့သစ္တိုင္းေအာင္ဆိုတာ ဘယ္တုန္းကမွ အတူတူယွဥ္တြဲလို ႔မရဖူးဘူးေလ။
ၿပီးေတာ့ အခန္းထဲေရာက္ေရာက္ခ်င္းေျပာလိုက္တဲ့ စကားက သူ gayေနၿပီတဲ့။
ဘယ္လို ဟာသဆန္တဲ့ စကားလဲ။
သစ္တိုင္းေအာင္လို playboy က ေကြးသြားတယ္ဆိုတာ ယံုရမွာလား။

"မင္းမယံုရင္ေနေပါ့။ သူ႔နာမည္က ခ်စ္ျခင္းျပည့္စံုတဲ့ ။ ငါကေတာ့loveလို ႔ေခၚတယ္။ မင္းအကိုတက္တဲ့  ပန္းခ်ီသင္တန္းက "

" ဒါဆို...."

မင္းခန္းရဲ႕ တဝက္တပ်က္အေမးကို
သစ္တိုင္းက ၿပံဳးရယ္ၿပီးေခါင္းညိမ့္ျပလာတယ္။
လြန္ခဲ့ေသာ သံုးရက္ေလာက္က သစ္တိုင္းအိမ္အလည္လာတုန္း အကုိျဖစ္သူက
သူ ေမ့က်န္ခဲ့တဲ့ ပစၥည္းတခ်ိဳ ႕ကို ဖုန္းဆက္ၿပီးလာပို ႔ခိုင္းခဲ့တယ္။
ဒါကို သစ္တိုင္းက လူႀကံဳ သူယူသြားမယ္ဟု ဆိုလာတာေၾကာင့္ အားနာနာနဲ ့
သစ္တိုင္းကိုေပးခိုင္းလိုက္မိသည္။
အက်ိဳးဆက္ကေတာ့ ခုေျပာျပသြားတဲ့ အတိုင္းပဲ။

"မင္းမားသားသိရင္ေတာ့ င့ါကိုလာဆဲမလားမသိဘူးေနာ္သစ္တိုင္း။ မင္းမားသားေတာ့ ငါေၾကာက္တယ္ကြ။ မင္းမေကြးလို ႔ရရင္ မေကြးပါနဲ ့လားကြာ ဒါမွမဟုတ္  ေသခ်ာ ျပန္စမ္းစစ္ၾကည့္ပါအုန္း။ "

မင္းခန္းရဲ႕ စကားကို သစ္တိုင္း ၿပံဳးေနရင္းသာနားေထာင္ေနလိုက္သည္။
ေကြးဖို ႔ လြယ္တယ္ထင္ေနတာ။ မင္းခန္းကေတာ့တကယ့္ရယ္စရာပ်က္လံုးေတြပဲေျပာေနတာပဲ။

"မင္းသူ ႔ကိုမျမင္ေသးလို ႔ဒီစကားထြက္လာတာမင္းခန္း။ love က ငါျမင္ဖူးခဲ့သမ်ွ သူေတြထဲမွာ အလွဆံုးပဲ။ ဒါေတာင္ ငါသူ ႔ရုပ္ရည္အျပည့္ကို မေတြ ႕ဖူးဘူး။
မင္းသိလား။ သူ မ်က္လံုးေလးေတြ ၊ အက်ီ ၤ လြတ္တဲ့ လက္ဖ်ားေလးေတြကို ျမင္ေနရရုံတင္ ရူးသြပ္ေလာက္ေအာင္ ေစာက္ရမ္းလွတာ "

သစ္တိုင္းရဲ႕စကားေၾကာင့္ မင္းခန္း ပါးစပ္ပိတ္သြားသည္။
သစ္တိုင္းေအာင္ဆိုတဲ့ေကာင္က လွေပ့ႏုေပ့ဆိုတာမ်ိဳးမွ ႀကိဳက္တက္တဲ့ေကာင္ေလ။
ဘယ္ေလာက္မ်ား loveဆိုတဲ့ ေကာင္ေလးက ၾကည့္ေကာင္းေနလို ႔လဲဆိုတာ
မင္းခန္းကိုယ္တိုင္သိခ်င္လာခဲ့သည္။

_____

"ခ်စ္ျခင္း  ညေန အိမ္ျပန္ခဲ့အုန္း။ ေဖႀကီး
ေျပာစရာရွိလို ႔ "

ဖုန္းထဲက ေဖႀကီးအသံေၾကာင့္ ခ်စ္ျခင္း
သက္ျပင္းခ်မိသြားသည္။
မျပန္ခ်င္ဘူးလို ႔ေျပာရင္ ေဖႀကီးစိတ္မေကာင္းျဖစ္အုန္းမည္။
တကယ္ဆိုရင္ အတိတ္ဆိုးမ်ားနဲ ့
လႊမ္းၿခံဳေနေသာခ်စ္ျခင္းက  အိမ္ဆိုတဲ့
အေခၚအေဝၚေတြကို မုန္းသည္။

"ဟုတ္ေဖႀကီး ။ သင္တန္းဆင္းရင္လာခဲ့ပါ့မယ္"

ေဖႀကီးက အသက္ႀကီးေနၿပီမို ႔ေနရာတကာ ခ်စ္ျခင္းကန္ ႔လန္ ႔မတိုက္ခ်င္ပါ။
ထို ႔ေၾကာင့္  ေဖႀကီးေက်နပ္ေအာင္
လိုက္ေလ်ာလိုက္ျခင္းသာ။

ဖုန္းခ်သြားၿပီးတဲ့ေနာက္မွာ လုပ္စရာေရေရရာရာမရွိလွ။
တကယ္ဆို ခ်စ္ျခင္းမွာ ပံုဆြဲရင္ဆြဲ
မဟုတ္ရင္ ဘာအလုပ္မွမရွိသည္မို ႔
၅လႊာ ဝရံတာကေန ေငးေမာေနရတဲ့
အလုပ္ကိုသာ တေဘာတက် လုပ္တက္သူပင္။
အေတြးထဲမွာ  သူ ႔ကိုသူ ေမာင္ဟု ေခၚဆိုတက္တဲ့ ေကာင္ေလးတစ္ေယာက္က ေရာက္ရွိလာေတာ့ သေဘာတက်ၿပံဳးမိေသးတယ္။
တကယ္ဆို ထိုေကာင္ေလးက ဘာမွ
ရဲရဲဝင့္ဝင့္လဲမရွိလွေပ။
ေမာင္ဟု ဇြတ္တ႐ြတ္ ေျပာတက္ၿပီး သူ ႔ရည္းစားတေယာက္လို ဆက္ဆံတက္ေသာ
ထိုေကာင္ေလးသည္ သံုးနွစ္ခန္ ႔ၾကာၿပီးတဲ့ေနာက္မွာ ခ်စ္ျခင္း အေတြးေတြထဲမွာေနရာယူစ ျပဳလာခဲ့ၿပီျဖစ္သည္။

_______

ဦးစိုင္းလူတစ္ေယာက္ ဧည့္ခန္းမွာ စိတ္ပ်က္လက္ပ်က္ျဖင့္ ေခါက္တုတ္ေခါက္ျပန္ လမ္းေလ်ွာက္ လ်က္ရွိသည္။

မေန ႔က ဦးမိုးေကာင္းနဲ ့ေတြ ႕ၿပီး ေျပာခဲ့ဆိုခဲ့တာေတြကို သူ ႔ေျမးျဖစ္သူကို ဘယ္လို ေျပာျပရမွန္း စဥ္းစားရၾကပ္ေနေခ်သည္။
တကယ္ဆို အမိန္ ႔အာဏာ ဆိုတဲ့ ေကာင္ေလးသည္ အေတာ္ေလး ထက္ျမတ္ၿပီး လိမ္မာလြန္းသည္မွာ မ်က္ျမင္ျဖစ္ေသာ္လည္း ခ်စ္ျခင္းကို ေ႐ြးခ်ယ္မယ္လို ႔ေတာ့ တခါေတာင္ မထင္ရက္ခဲ့။

ကိုယ့္ပိုင္ဆိုင္တာ မိန္းကေလးဆိုရင္
ဦးမိုးေကာင္းလို လူႀကီးလူေကာင္းတစ္ေယာက္က ကမ္းလွမ္းတာကို စဥ္းေတာင္စဥ္းစားေနမွာမဟုတ္။
ခုဟာက အထီးေလး ျဖစ္ေနေတာ့
သူဘာတက္နိုင္မွာတုန္း။
ၿပီးေတာ့ ခ်စ္ျခင္းဆိုတာက အတိတ္က
နာက်င္စရာေတြ ရင္ဝယ္ပိုက္ေနတဲ့သူမို ႔
အတင္းအၾကပ္လုပ္ေပးလို ႔လဲမရတဲ့ အေျခအေနပင္။
ခုေတာ့ လိုတာထက္ပိုလွေနေသာ ေျမးထီးေၾကာင့္ ဦးစိုင္းလူ အေတာ္ေလးစိတ္ညစ္ေနေလသည္။

"ေဖႀကီး"

"ဟင္! လာၿပီလား"

အေတြးမ်ားေနတာနဲ ့ခ်စ္ျခင္းတစ္ေယာက္လံုး အိမ္ထဲဝင္လာတာေတာင္ သူမသိ။
ဆိုဖာေပၚဝင္ထိုင္ရင္း ခ်စ္ျခင္းတစ္ေယာက္ကေတာ့  ဦးစိုင္းလူ ဘာေျပာမလဲ စိတ္မဝင္စားအား ပါလာသမ်ွ ဦးထုတ္ နဲ ့
Maskေတြကို ဆြဲခြၽတ္ေနသည္။
အၿမဲအျပင္သြားတိုင္း maskတက္ရတဲ့ ခ်စ္ျခင္းေၾကာင့္ ဦးစိုင္းလူ သနားလည္း သနားရသည္။

တကယ္လည္း သူေျမးခ်စ္ျခင္းျပည့္စံုက
ေယာက်ာ္းေလးသာေျပာတာ ျပစ္ခ်က္မရွိေအာင္လွသူပင္။
ေလာကမွာ ခုလို အလွတရားမ်ိဳးက
ရွိေရာရွိေသးလားသူမသိေပမဲ့
ခ်စ္ျခင္းကေတာ့ ထူးဆန္းစြာပင္ ေမြးဖြားလာခဲ့တာျဖစ္သည္။
ငယ္တုန္းက ခုေလာက္ႀကီးလွတာမသိသာခဲ့ေပမဲ့ အသက္ႀကီးလာေလေလ ပိုသိသာလာေလေလ မို ႔ ၇နွစ္တန္းအ႐ြယ္ေလာက္ကတည္းက သူ ႔မွာ အရိပ္တၾကည့္ၾကည့္ေက်ာင္းထားခဲ့ရတာ။

"ေျပာစရာရွိလို ႔ဆို "

ခ်စ္ျခင္းဆီက အသံၾကားမွ လတ္တေလာ
အေၾကာင္းကို ျပန္ၿပီးေတြးမိသြားျပန္သည္။
မေျပာလို ႔ကလည္းမၿပီးသည္မို ႔

"ဟုတ္တယ္ ။ ခ်စ္ျခင္းကို ေျပာစရာရွိလို ႔ေခၚလိုက္တာ။ မိုးေကာင္း လုပ္ငန္းကို သားသိတယ္မို ႔လား "

ေဖႀကီးအေမးကို ေခါင္းညိမ့္ျပရုံသာ ေျဖေပးလိုက္သည္။
အမိန္ ႔တို ႔ပိုင္ဆိုင္တယ္ဆိုတာ သူလည္းမၾကာခင္ကမွသိခဲ့တာ။
ကားထည္လဲ စီးနိုင္တယ္ဆိုတာ မိုးေကာင္းဆက္ခံသူအေနနဲ ့ အံ့ၾသစရာမွမရွိေတာ့တာ။

" ဦးမိုးေကာင္းက  သားကို ကမ္းလွမ္းထားတယ္။ သူ ႔ေျမးကိုမိန္ ႔နဲ ့ လက္ထက္ေပး
ခ်င္လို ႔တဲ့။ အဲ့ဒါသားအေနနဲ ့ဘယ္လို သေဘာရလဲ။ ေဖႀကီး အထင္ေတာ့ ကိုမိန္ ႔က မဆိုးလွပါဘူး။ ဒါေပမဲ့ သားက ေယာက်ာ္းေလးဆိုေတာ့  သားစိတ္ႀကိဳက္ျငင္းခ်င္ရင္လည္းျငင္းလို ႔ရပါတယ္။ "

မတင္မက်စကားေတြေျပာေနကတည္းက
ေဖႀကီးလည္း အမိန္ ႔အာဏာ ကို သေဘာက်ပံုပင္။
သို ႔ေသာ္ အိ္မ္ေထာင္ျပဳဖို ႔ေယာက်ာ္းမိန္းမ ခြဲျခားေနဖို ႔ထပ္၊ ျပဳဖို ႔ကို စိတ္မဝင္စားတဲ့ ခ်စ္ျခင္းကေတာ့ အေၾကာင္းျပခ်က္မ်ိဳးစံုေပးၿပီး ျငင္းကိုျငင္းရမွာေပ။
သူ တကယ္ လက္ထက္ျခင္းကို မႀကိဳက္နွစ္သက္။

"သားျပသနာ သားဘာသာရွင္းလိုက္ပါ့မယ္။
ေဖႀကီးက ဒီတိုင္းပဲ ေနသာသလိုေနပါ။
သားမနက္ဖန္ ဘိုးဘိုးႀကီးဦးမိုးေကာင္းနဲ ့သြားေတြ ႕လိုက္မယ္ "

"ဒါဆိုလည္း ေဖႀကီးဝင္မပါေတာ့ပါဘူး။
ေရာက္တုန္း ေဖႀကီးနဲ ့အတူ ထမင္းစားသြားဦးေနာ္ ေျမး "

"သား ညေနစာ မစားျဖစ္ဘူးေဖႀကီး။
ေနာက္တခါလာရင္ မနက္ခင္းလာခဲ့မယ္ေလ။ အဲ့ဒါဆို ထမင္းအတူစားလို ႔ရတာေပါ့။  ခုေတာ့  ျပန္ေတာ့မယ္။ အျပန္မိုးခ်ဳပ္ေနမွာစိုးလို ႔ေဖႀကီး "

ျပန္ဖို ႔မတ္တပ္ထရပ္ေနၿပီမို ႔တားျမစ္ခ်င္ေပမဲ့  ဦးစိုင္းလူေခါင္းညိမ့္လက္ခံလိုက္ရသည္။  သူ ႔ေျမးအေၾကာင္းသူအသိဆံုးေလ။
သိပ္ေခါင္းမာတဲ့ကေလး။
အမိန္ ႔ကေရာ ခ်စ္ျခင္းကို ဘယ္ေလာက္ထိ အေလ်ာ့ေပးဆက္ဆံနိုင္မွာလဲ။
ဟုတ္ပါတယ္။ ခ်စ္ျခင္းေျပာသလို သူမပါတာအေကာင္းဆံုးပါပဲ။ သူ ႔သားတုန္းကလည္း သူေပးစားခဲ့မိလို ႔ အိမ္ေထာင္ေရးကံမေကာင္းရွာခဲ့။
ခုခ်စ္ျခင္းအလွည့္ေရာက္လာျပန္ၿပီ။
ဒီတခါေတာ့ အတက္နိုင္ဆံုးသူဝင္မပါဖို ႔
ဆံုးျဖတ္လိုက္သည္။
သူ ႔ေျမးခ်စ္ျခင္းကေတာ့ အေကာင္းဆံုး ေ႐ြးခ်ယ္နိုင္မွာပါ။
ေျမး ေယာက်ာ္းေလး ကို လာေရာက္ ေတာင္ရမ္းတဲ့ ခံစားခ်က္သည္ အေတာ္ပင္
မ်က္နွာပူစရာေကာင္းလွသည္။ ဒါေပမဲ့ တဖက္ လူသည္ မိုးေကာင္းလုပ္ငန္းစုက ျဖစ္ေနေတာ့လည္း  အတက္နိုင္ဆံုး အလိုက္အထိုက္ေတာ့ ေျပာခဲ့ရပါသည္။
ေခတ္ေရစီးေၾကာင္းေပၚက်င္လည္ေနေသာ  လုပ္ငန္းရွင္တစ္ဦးမို ႔သူ ႔အေနနဲ ့
စိတ္ဆိုးျခင္း အလ်င္းမရွိတာကိုေတာ့ဝန္ခံပါသည္။  ခ်စ္ျခင္းျပည့္စံုသာ လက္ခံရင္
ကိုမိန္ ႔ကို  ျငင္းစရာ မရွိေပ။ 

တေ႐ြ ႕ေ႐ြ ႕ထြက္သြားေသာ အနီေရာင္ ေက်ာျပင္ငယ္ကို ၾကည့္ကာ  ဦးစိုင္းလူတစ္ေယာက္ စိတ္ေမာစြာ သက္ျပင္းအခါခါခ်လို ႔ေနသည္။
တကယ္ဆို သူ ႔သားသည္ ေျမးမ ကိုသာ ေမြးေပးသင့္သည္။
သို ႔ေသာ္ လွပတင့္တယ္ေသာ
ေကာင္ကေလး ကိုသာ ေပးအပ္ခဲ့သည္မို ႔
စိတ္ေမာရုံသာ တက္နိုင္ေတာ့ပါသည္။

ခ်စ္တဲ့အိမ္စည္။

အပိုင်း၇

"မင်းတကယ်ပြောနေတာလား သစ်တိုင်း ။ငါကို ဟာသလာမလုပ်နဲ့ နော်။ "

မင်းခန်း  စကားကိုကြားတော့ သစ်တိုင်းအောင်ဆိုတဲ့ ကောင်က ပြုံးစိစိ။
ဒီကောင်ဘာဖြစ်နေတာလဲ။
ဒီနေ့ လည်း အိမ်ကိုလာခဲ့ပါ ဆိုပြီး မင်းခန်းကို လှမ်းခေါ်သည်။
အဲ့ကတည်းက ထူးဆန်းနေတာ။
အိမ်နဲ့ သစ်တိုင်းအောင်ဆိုတာ ဘယ်တုန်းကမှ အတူတူယှဉ်တွဲလို့ မရဖူးဘူးလေ။
ပြီးတော့ အခန်းထဲရောက်ရောက်ချင်းပြောလိုက်တဲ့ စကားက သူ gayနေပြီတဲ့။
ဘယ်လို ဟာသဆန်တဲ့ စကားလဲ။
သစ်တိုင်းအောင်လို playboy က ကွေးသွားတယ်ဆိုတာ ယုံရမှာလား။

"မင်းမယုံရင်နေပေါ့။ သူ့နာမည်က ချစ်ခြင်းပြည့်စုံတဲ့ ။ ငါကတော့loveလို့ ခေါ်တယ်။ မင်းအကိုတက်တဲ့  ပန်းချီသင်တန်းက "

" ဒါဆို...."

မင်းခန်းရဲ့ တဝက်တပျက်အမေးကို
သစ်တိုင်းက ပြုံးရယ်ပြီးခေါင်းညိမ့်ပြလာတယ်။
လွန်ခဲ့သော သုံးရက်လောက်က သစ်တိုင်းအိမ်အလည်လာတုန်း အကိုဖြစ်သူက
သူ မေ့ကျန်ခဲ့တဲ့ ပစ္စည်းတချို့ ကို ဖုန်းဆက်ပြီးလာပို့ ခိုင်းခဲ့တယ်။
ဒါကို သစ်တိုင်းက လူကြုံ သူယူသွားမယ်ဟု ဆိုလာတာကြောင့် အားနာနာနဲ့
သစ်တိုင်းကိုပေးခိုင်းလိုက်မိသည်။
အကျိုးဆက်ကတော့ ခုပြောပြသွားတဲ့ အတိုင်းပဲ။

"မင်းမားသားသိရင်တော့ င့ါကိုလာဆဲမလားမသိဘူးနော်သစ်တိုင်း။ မင်းမားသားတော့ ငါကြောက်တယ်ကွ။ မင်းမကွေးလို့ ရရင် မကွေးပါနဲ့ လားကွာ ဒါမှမဟုတ်  သေချာ ပြန်စမ်းစစ်ကြည့်ပါအုန်း။ "

မင်းခန်းရဲ့ စကားကို သစ်တိုင်း ပြုံးနေရင်းသာနားထောင်နေလိုက်သည်။
ကွေးဖို့  လွယ်တယ်ထင်နေတာ။ မင်းခန်းကတော့တကယ့်ရယ်စရာပျက်လုံးတွေပဲပြောနေတာပဲ။

"မင်းသူ့ ကိုမမြင်သေးလို့ ဒီစကားထွက်လာတာမင်းခန်း။ love က ငါမြင်ဖူးခဲ့သမျှ သူတွေထဲမှာ အလှဆုံးပဲ။ ဒါတောင် ငါသူ့ ရုပ်ရည်အပြည့်ကို မတွေ့ ဖူးဘူး။
မင်းသိလား။ သူ မျက်လုံးလေးတွေ ၊ အကျီ င်္ လွတ်တဲ့ လက်ဖျားလေးတွေကို မြင်နေရရုံတင် ရူးသွပ်လောက်အောင် စောက်ရမ်းလှတာ "

သစ်တိုင်းရဲ့စကားကြောင့် မင်းခန်း ပါးစပ်ပိတ်သွားသည်။
သစ်တိုင်းအောင်ဆိုတဲ့ကောင်က လှပေ့နုပေ့ဆိုတာမျိုးမှ ကြိုက်တက်တဲ့ကောင်လေ။
ဘယ်လောက်များ loveဆိုတဲ့ ကောင်လေးက ကြည့်ကောင်းနေလို့ လဲဆိုတာ
မင်းခန်းကိုယ်တိုင်သိချင်လာခဲ့သည်။

_____

"ချစ်ခြင်း  ညနေ အိမ်ပြန်ခဲ့အုန်း။ ဖေကြီး
ပြောစရာရှိလို့  "

ဖုန်းထဲက ဖေကြီးအသံကြောင့် ချစ်ခြင်း
သက်ပြင်းချမိသွားသည်။
မပြန်ချင်ဘူးလို့ ပြောရင် ဖေကြီးစိတ်မကောင်းဖြစ်အုန်းမည်။
တကယ်ဆိုရင် အတိတ်ဆိုးများနဲ့ 
လွှမ်းခြုံနေသောချစ်ခြင်းက  အိမ်ဆိုတဲ့
အခေါ်အဝေါ်တွေကို မုန်းသည်။

"ဟုတ်ဖေကြီး ။ သင်တန်းဆင်းရင်လာခဲ့ပါ့မယ်"

ဖေကြီးက အသက်ကြီးနေပြီမို့ နေရာတကာ ချစ်ခြင်းကန့် လန့် မတိုက်ချင်ပါ။
ထို့ ကြောင့်  ဖေကြီးကျေနပ်အောင်
လိုက်လျောလိုက်ခြင်းသာ။

ဖုန်းချသွားပြီးတဲ့နောက်မှာ လုပ်စရာရေရေရာရာမရှိလှ။
တကယ်ဆို ချစ်ခြင်းမှာ ပုံဆွဲရင်ဆွဲ
မဟုတ်ရင် ဘာအလုပ်မှမရှိသည်မို့ 
၅လွှာ ဝရံတာကနေ ငေးမောနေရတဲ့
အလုပ်ကိုသာ တဘောတကျ လုပ်တက်သူပင်။
အတွေးထဲမှာ  သူ့ ကိုသူ မောင်ဟု ခေါ်ဆိုတက်တဲ့ ကောင်လေးတစ်ယောက်က ရောက်ရှိလာတော့ သဘောတကျပြုံးမိသေးတယ်။
တကယ်ဆို ထိုကောင်လေးက ဘာမှ
ရဲရဲဝင့်ဝင့်လဲမရှိလှပေ။
မောင်ဟု ဇွတ်တရွတ် ပြောတက်ပြီး သူ့ ရည်းစားတယောက်လို ဆက်ဆံတက်သော
ထိုကောင်လေးသည် သုံးနှစ်ခန့် ကြာပြီးတဲ့နောက်မှာ ချစ်ခြင်း အတွေးတွေထဲမှာနေရာယူစ ပြုလာခဲ့ပြီဖြစ်သည်။

_______

ဦးစိုင်းလူတစ်ယောက် ဧည့်ခန်းမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါက်တုတ်ခေါက်ပြန် လမ်းလျှောက် လျက်ရှိသည်။

မနေ့ က ဦးမိုးကောင်းနဲ့ တွေ့ ပြီး ပြောခဲ့ဆိုခဲ့တာတွေကို သူ့ မြေးဖြစ်သူကို ဘယ်လို ပြောပြရမှန်း စဉ်းစားရကြပ်နေချေသည်။
တကယ်ဆို အမိန့် အာဏာ ဆိုတဲ့ ကောင်လေးသည် အတော်လေး ထက်မြတ်ပြီး လိမ်မာလွန်းသည်မှာ မျက်မြင်ဖြစ်သော်လည်း ချစ်ခြင်းကို ရွေးချယ်မယ်လို့ တော့ တခါတောင် မထင်ရက်ခဲ့။

ကိုယ့်ပိုင်ဆိုင်တာ မိန်းကလေးဆိုရင်
ဦးမိုးကောင်းလို လူကြီးလူကောင်းတစ်ယောက်က ကမ်းလှမ်းတာကို စဉ်းတောင်စဉ်းစားနေမှာမဟုတ်။
ခုဟာက အထီးလေး ဖြစ်နေတော့
သူဘာတက်နိုင်မှာတုန်း။
ပြီးတော့ ချစ်ခြင်းဆိုတာက အတိတ်က
နာကျင်စရာတွေ ရင်ဝယ်ပိုက်နေတဲ့သူမို့
အတင်းအကြပ်လုပ်ပေးလို့ လဲမရတဲ့ အခြေအနေပင်။
ခုတော့ လိုတာထက်ပိုလှနေသော မြေးထီးကြောင့် ဦးစိုင်းလူ အတော်လေးစိတ်ညစ်နေလေသည်။

"ဖေကြီး"

"ဟင်! လာပြီလား"

အတွေးများနေတာနဲ့ ချစ်ခြင်းတစ်ယောက်လုံး အိမ်ထဲဝင်လာတာတောင် သူမသိ။
ဆိုဖာပေါ်ဝင်ထိုင်ရင်း ချစ်ခြင်းတစ်ယောက်ကတော့  ဦးစိုင်းလူ ဘာပြောမလဲ စိတ်မဝင်စားအား ပါလာသမျှ ဦးထုတ် နဲ့
Maskတွေကို ဆွဲချွတ်နေသည်။
အမြဲအပြင်သွားတိုင်း maskတက်ရတဲ့ ချစ်ခြင်းကြောင့် ဦးစိုင်းလူ သနားလည်း သနားရသည်။

တကယ်လည်း သူမြေးချစ်ခြင်းပြည့်စုံက
ယောကျာ်းလေးသာပြောတာ ပြစ်ချက်မရှိအောင်လှသူပင်။
လောကမှာ ခုလို အလှတရားမျိုးက
ရှိရောရှိသေးလားသူမသိပေမဲ့
ချစ်ခြင်းကတော့ ထူးဆန်းစွာပင် မွေးဖွားလာခဲ့တာဖြစ်သည်။
ငယ်တုန်းက ခုလောက်ကြီးလှတာမသိသာခဲ့ပေမဲ့ အသက်ကြီးလာလေလေ ပိုသိသာလာလေလေ မို့  ၇နှစ်တန်းအရွယ်လောက်ကတည်းက သူ့ မှာ အရိပ်တကြည့်ကြည့်ကျောင်းထားခဲ့ရတာ။

"ပြောစရာရှိလို့ ဆို "

ချစ်ခြင်းဆီက အသံကြားမှ လတ်တလော
အကြောင်းကို ပြန်ပြီးတွေးမိသွားပြန်သည်။
မပြောလို့ ကလည်းမပြီးသည်မို့

"ဟုတ်တယ် ။ ချစ်ခြင်းကို ပြောစရာရှိလို့ ခေါ်လိုက်တာ။ မိုးကောင်း လုပ်ငန်းကို သားသိတယ်မို့ လား "

ဖေကြီးအမေးကို ခေါင်းညိမ့်ပြရုံသာ ဖြေပေးလိုက်သည်။
အမိန့် တို့ ပိုင်ဆိုင်တယ်ဆိုတာ သူလည်းမကြာခင်ကမှသိခဲ့တာ။
ကားထည်လဲ စီးနိုင်တယ်ဆိုတာ မိုးကောင်းဆက်ခံသူအနေနဲ့  အံ့သြစရာမှမရှိတော့တာ။

" ဦးမိုးကောင်းက  သားကို ကမ်းလှမ်းထားတယ်။ သူ့ မြေးကိုမိန့် နဲ့  လက်ထက်ပေး
ချင်လို့ တဲ့။ အဲ့ဒါသားအနေနဲ့ ဘယ်လို သဘောရလဲ။ ဖေကြီး အထင်တော့ ကိုမိန့် က မဆိုးလှပါဘူး။ ဒါပေမဲ့ သားက ယောကျာ်းလေးဆိုတော့  သားစိတ်ကြိုက်ငြင်းချင်ရင်လည်းငြင်းလို့ ရပါတယ်။ "

မတင်မကျစကားတွေပြောနေကတည်းက
ဖေကြီးလည်း အမိန့် အာဏာ ကို သဘောကျပုံပင်။
သို့ သော် အ်ိမ်ထောင်ပြုဖို့ ယောကျာ်းမိန်းမ ခွဲခြားနေဖို့ ထပ်၊ ပြုဖို့ ကို စိတ်မဝင်စားတဲ့ ချစ်ခြင်းကတော့ အကြောင်းပြချက်မျိုးစုံပေးပြီး ငြင်းကိုငြင်းရမှာပေ။
သူ တကယ် လက်ထက်ခြင်းကို မကြိုက်နှစ်သက်။

"သားပြသနာ သားဘာသာရှင်းလိုက်ပါ့မယ်။
ဖေကြီးက ဒီတိုင်းပဲ နေသာသလိုနေပါ။
သားမနက်ဖန် ဘိုးဘိုးကြီးဦးမိုးကောင်းနဲ့ သွားတွေ့ လိုက်မယ် "

"ဒါဆိုလည်း ဖေကြီးဝင်မပါတော့ပါဘူး။
ရောက်တုန်း ဖေကြီးနဲ့ အတူ ထမင်းစားသွားဦးနော် မြေး "

"သား ညနေစာ မစားဖြစ်ဘူးဖေကြီး။
နောက်တခါလာရင် မနက်ခင်းလာခဲ့မယ်လေ။ အဲ့ဒါဆို ထမင်းအတူစားလို့ ရတာပေါ့။  ခုတော့  ပြန်တော့မယ်။ အပြန်မိုးချုပ်နေမှာစိုးလို့ ဖေကြီး "

ပြန်ဖို့ မတ်တပ်ထရပ်နေပြီမို့ တားမြစ်ချင်ပေမဲ့  ဦးစိုင်းလူခေါင်းညိမ့်လက်ခံလိုက်ရသည်။  သူ့ မြေးအကြောင်းသူအသိဆုံးလေ။
သိပ်ခေါင်းမာတဲ့ကလေး။
အမိန့် ကရော ချစ်ခြင်းကို ဘယ်လောက်ထိ အလျော့ပေးဆက်ဆံနိုင်မှာလဲ။
ဟုတ်ပါတယ်။ ချစ်ခြင်းပြောသလို သူမပါတာအကောင်းဆုံးပါပဲ။ သူ့ သားတုန်းကလည်း သူပေးစားခဲ့မိလို့  အိမ်ထောင်ရေးကံမကောင်းရှာခဲ့။
ခုချစ်ခြင်းအလှည့်ရောက်လာပြန်ပြီ။
ဒီတခါတော့ အတက်နိုင်ဆုံးသူဝင်မပါဖို့ 
ဆုံးဖြတ်လိုက်သည်။
သူ့ မြေးချစ်ခြင်းကတော့ အကောင်းဆုံး ရွေးချယ်နိုင်မှာပါ။
မြေး ယောကျာ်းလေး ကို လာရောက် တောင်ရမ်းတဲ့ ခံစားချက်သည် အတော်ပင်
မျက်နှာပူစရာကောင်းလှသည်။ ဒါပေမဲ့ တဖက် လူသည် မိုးကောင်းလုပ်ငန်းစုက ဖြစ်နေတော့လည်း  အတက်နိုင်ဆုံး အလိုက်အထိုက်တော့ ပြောခဲ့ရပါသည်။
ခေတ်ရေစီးကြောင်းပေါ်ကျင်လည်နေသော  လုပ်ငန်းရှင်တစ်ဦးမို့ သူ့ အနေနဲ့
စိတ်ဆိုးခြင်း အလျင်းမရှိတာကိုတော့ဝန်ခံပါသည်။  ချစ်ခြင်းပြည့်စုံသာ လက်ခံရင်
ကိုမိန့် ကို  ငြင်းစရာ မရှိပေ။ 

တရွေ့ ရွေ့ ထွက်သွားသော အနီရောင် ကျောပြင်ငယ်ကို ကြည့်ကာ  ဦးစိုင်းလူတစ်ယောက် စိတ်မောစွာ သက်ပြင်းအခါခါချလို့ နေသည်။
တကယ်ဆို သူ့ သားသည် မြေးမ ကိုသာ မွေးပေးသင့်သည်။
သို့ သော် လှပတင့်တယ်သော
ကောင်ကလေး ကိုသာ ပေးအပ်ခဲ့သည်မို့
စိတ်မောရုံသာ တက်နိုင်တော့ပါသည်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz