ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

6

eainsi23

အပိုင္း ၆

ခန္ ့ထည္လွတဲ့ နွစ္ထပ္တိုက္ႀကီး ေရွ ့တြင္အနီေရာင္ျပိဳင္ကား တစ္စင္းသည္ဝုန္းဒိုင္းက်ဲကာဝင္ေရာက္လာသည္။
အိမ္ထဲရွိအလုပ္သမားတို ့သည္ထိုျဖစ္စဥ္ကို ရုိးေနပီမို ႔ တစ္ဦးတစ္ေယာက္မွ
ထြက္ၾကည့္ျခင္းမရွိၾကေပ။ 

သစ္တိုင္းေအာင္ သည္ ဆူညံေပါက္ကြဲစြာ ဖြင့္ထားတဲ့ သီခ်င္းသံကို ပိတ္ပစ္၍ကားေပၚမွ ဆင္းကာ ေလ ေလးတခ်ြန္ခ်ြန္နဲ ့ အိမ္ထဲသို ့လွမ္းဝင္လိုက္သည္။
ပိုက္ဆံခ်မ္းသာေသာ သူေဌးသားတစ္ဦး
ျဖစ္တဲ့ သစ္တိုင္းသည္ ေခတ္လူငယ္ပီပီ
ဝတ္စားထားတာမို ႔ မသိရင္ ေမာ္ဒယ္တေယာက္လိုပင္။
အၿမဲၿပံဳးေနတက္ေသာ မ်က္နွာထားနဲ ့
ေငြကိုေရလိုသံုးနိုင္တဲ့ သစ္တိုင္းေအာင္သည္ သူတို ႔ လူငယ္ေလာကတြင္
ေရပန္းစားသလို SKB ဟုလည္း ေနာက္ေျပာင္ကာ ေခၚဆိုတက္ျကသည္။

"သစ္တိုင္း"

သြားျပီ မာမီ အသံ .........။

ေဆာ့ကစားေနေသာ လက္ထဲကကားေသာ့ကို ဖမ္းဆုပ္ကိုင္ကာ
နံရံကနာရီကိုအလန္ ႔တၾကားေမာ့ႀကည့္လိုက္သည္။
သံုးနာရီ ဆယ္မိနစ္ ဆိုတဲ့ အခ်ိန္မွာ မာမီ ဘယ္တုန္းကအိမ္ျပန္ေရာက္ဖူးလို ႔လဲ။

ေလွကားေပၚတက္မဲ့ေျခလွမ္းတို ့ကိုေနာက္ျပန္ဆုတ္ပီး မ်က္နာခ်ိဳေသြးကာရယ္ျပလိုက္သည္။ 

"မာမီ ! ဟီး..ဒီေန ႔  ျပန္ေရာက္တာေစာတယ္ေနာ္"

ဧည့္ခန္းဆိုဖာမွာ ထိုင္ေနတဲ့မာမီသည္ အသက္ေလးဆယ္ေက်ာ္အရြယ္ျဖစ္ေပမဲ့ နုငယ္လွပေနေသးသည္။အဝါေရာင္ လီနင္သား အက်ၤ ီပြပြကို အိမ္ေနရင္း
ဝတ္ထားေသာ္ျငားလည္း လွပေသာ ကိုယ္လံုးကိုေတာ့ ေပ်ာက္ကြယ္မသြားေစပါ။
အၿမဲတမ္း ခါးေက်ာ္ေအာင္ထားေသာ ဆံႏြယ္တို ႔က ေနာက္ေက်ာမွာ ကလစ္နဲ ့ညႇပ္ကာ ထားေလသည္။
ဘယ္လိုပဲၾကည့္ၾကည့္ သစ္တိုင္းမာမီသည္ အရမ္းကို လွေနတုန္းပင္ျဖစ္သည္။

" အင္း ေစာတာမဟုတ္ဘူး ..။
မာမီဒီေန ့ဆိုင္မသြားဘူး ... သားကို ေျပာစရာရွိတယ္။ ..လာ ထိုင္ "

ဆိုဖာ ေပၚမွာဝင္ထိုင္ရင္း မာမီေျပာမဲ့ စကားကို ႀကိဳသိသလို အပြားခံရေတာ့မွာကိုလည္း သစ္တိုင္းသိေနသည္။
ဘာပဲေျပာေျပာ မိေထြးျဖစ္ေပမဲ့
သူ ့အေပၚႀကင္နာတဲ့ မာမီကိုခ်စ္သည္ ။ သူဆိုးသမ်ွေနာက္ကလိုက္ရွင္းတာလဲမာမီပဲ ျဖစ္ကာ...ဖခင္ျဖစ္သူထက္သူ ့ကိုပိုခ်စ္တာလဲ မာမီပဲျဖစ္သည္။ ထို ့ေႀကာင့္ မာမီး ဘယ္ေလာက္ဆူဆူ သစ္တိုင္းစိတ္မဆိုးပါ။  ေျပာသမ်ွ ကိုတခါမွ ျပန္မေျပာပဲ လိမ္လိမ္မာမာနဲ ့မာမီ စိတ္ေက်နပ္ေအာင္ နားေထာင္ေပးလိုက္သည္။
အခ်ိန္တန္   ျဖစ္သမ်ွ  သစ္တိုင္းအရႈပ္ေတြကို မာမီ ပဲလိုက္ရွင္းေပးရေလ့
ရွိၿပီး ဒယ္ဒီ့နားကို မေရာက္ေအာင္လည္း မာမီပဲကာကြယ္ေပးရတာျဖစ္သည္။

"သား မေန ့ညက ဘယ္မွာအိပ္တာလဲ။
မိုးခ်ဳပ္ထိ မာမီေစာင့္ေနတယ္။ သားျပန္မလာဘူး။ ဖုန္းဆက္ေတာ့လဲ မကိုင္ဘူး ။
သစ္တိုင္း မာမီကို စိတ္ပူပီးေသေအာင္လုပ္ေနတာလား  ! "

"ဟာ ...မာမီကလည္း အဲ့လို မေျပာပါနဲ ့ သား မွားသြားပါတယ္။ ေနာက္တခါ မျဖစ္ေစရဘူး။  စိတ္မဆိုးပါနဲ ့ေနာ္ မာမီ"

သစ္တိုင္း အလ်ွင္အျမန္ မာမီေဘး ဝင္ထိုင္ကာ ပခံုးဖက္ပီးခ်ြဲ ႏြဲ ့ေျပာလိုက္သည္။
မာမီစိတ္ဆိုးသြားမွာကိုေတာ့ သူအလြန္စိုးပါသည္။
ငယ္စဥ္ကတည္းက မာမီသည္ သူ ႔အေပၚမွာ ဘယ္ေလာက္ ခ်စ္ေပး၊ယုယေပးခဲ့လဲ။
ဒါေတြကို မသိရေအာင္ သစ္တိုင္းက ရူးေနသူမဟုတ္ပါ။
အလုပ္အလြန္မ်ားေသာ ဒယ္ဒီထက္
မာမီသည္သာ သစ္တိုင္းရဲ႕ ေႏြးေထြးရာမို ႔
အမွားလုပ္ၿပီးတိုင္း  မာမီမခ်စ္ေတာ့မွာေတာ့ ေၾကာက္ပါသည္။

"ေဒၚေမခ်စ္သက္"သည္ သားျဖစ္သူ
ေခါင္းကို ပြတ္ကာ သက္ျပင္းခ်လိုက္သည္။ ဒီကေလးသည္ မိခင္ေမတၱာ လိုအပ္ေနတဲ့အခ်ိန္ သူမကလည္းသားျဖစ္သူကို ဆံုးရွဳံးထားတဲ့အခ်ိန္ ...သူမတို ့နွစ္ဦးသည္ အျပန္အလွန္ေႏြးေထြးမူ ့ေပးကာ ေဖးမခဲ့ႀကသည္မို ့လား ...။
ခုခ်ိန္မွာ သစ္တိုင္းအရမ္းဆိုးလာတာသည္
သူမရဲ႕ ဆံုးမမူ ႔ညံ့ဖ်င္းခဲ့တာေၾကာင့္ဆိုေပမဲ့  ခပ္တင္းတင္းအုပ္ခ်ဳပ္ဖို ႔ကိုေတာ့ သားအေပၚမွာ မလုပ္ရက္ပါ။

"မာမီ အမ်ားႀကီးသားကို မဆူခ်င္ဘူး သစ္တိုင္း။
သားမေန ့က ေဟာ္တယ္မွာ ေကာင္မေလး တစ္ေယာက္နဲ ့အိပ္တာ မာမီသိျပီးပီ ။
မယူနိုင္ပဲ တစ္ေယာက္ပီးတစ္ေယာက္ေခၚအိပ္ေနတာမ်ိဳးေတာ့ မာမီ မႀကိဳက္ဘူး။ တစ္ေယာက္ ဆိုတစ္ေယာက္ တြဲရင္မေျပာလိုဘူး။ ခုသားရဲ႕လုပ္ရက္ေတြဟာ
ျပသနာျဖစ္နိုင္တယ္ေနာ္ ...။ တခုခုဆို သားအေဖသိသြားရင္ သူ ့အေႀကာင္းသားသိတယ္မို ့လား"

မာမီ စကားေႀကာင့္ သစ္တိုင္း မ်က္နာပူသြားသည္ ။သိသာ သိေစ မျမင္ေစနဲ ့မို ့လား ...။ ဖခင္ျဖစ္သူေတာ့ သူေႀကာက္ရသည္ ။ အေနထိုင္ဆင္ျခင္ဖို ့ဆံုးျဖတ္လိုက္ေတာ့ ညေနက ေကာင္ကေလးရဲ ့မ်က္နာကို ျပန္ျမင္လာပီး ရင္ထဲလိွဳက္ခုန္သြား၏ ။
မာမီေျပာ သလို သူအတည္တြဲဖို ့ေတာ့ လိုေနပီထင္ပါ့။

"သြားသြား ...နားေခ်ေတာ့"

မာမီ့အသံႀကားမွ အသိဝင္လာကာ ပါးကိုတခ်က္နမ္းပီးအေပၚထပ္ကိုေျပးတက္လိုက္သည္။ မနက္ဖန္ ထိုတစ္ေယာက္ကို ထပ္သြားေတြ ႕မည္ဆိုတဲ့
စိတ္ကူးအိမ္မက္႐ြက္လႊင့္လ်က္ သစ္တိုင္း
အခန္းတံခါးကိုဖြင့္ဝင္လိုက္၏။

---------------------

ဦးမိုးေကာင္းသည္ ေမြ ႕ရာေပၚမွာ ေခြေခါက္ေနတဲ့ ေျမးျဖစ္သူေႀကာင့္ သူပါ စိတ္ပ်က္လက္ပ်က္ေဘး မွာထိုင္ေနရသည္။

သူေျမးျဖစ္သူရဲ႕...အရည္အခ်င္းသည္ အမွန္တကယ္ကို ဆိုးဝါးလွသည္ ။ အရင္က အထင္ႀကီးခဲ့ေသာ သေဘာထားေတြကို ယခုမူ ျပန္ရုတ္သိမ္းလိုက္ၿပီ  ျဖစ္ၿပီး
လံုးဝအသံုးမက်သည္ကိုပင္
လက္ခံလိုက္ပီျဖစ္၏ ။

ဟိုေကာင္ေလး ကိုေတာ့ တကယ္ခ်ီးက်ဴ းပါရဲ ့။ ကိုယ္ေျမးလို ေကာင္ကို သံုးနွစ္သံုး
မိုး လ်စ္လ်ဴရွဳ ့ထားနိုင္တာ တကယ္အံ့ႀသ
ဖို ႔ေကာင္းသည္။

ဟိုတေန ့ကပဲ စကားျပန္ေျပာလို ့ဆိုပီး
ဝမ္းသာအားရျပန္လာေတာ့ ကိုယ္ကဟုတ္လွပီထင္ေနတာ။ ျပံဳးျဖီးေနလို ့အေျဖရခဲ့ပီမွတ္ကာ ဝမ္းသာလို ့မဆံုးေသး
ထပ္ ေျပာလိုက္တဲ့စကားေႀကာင့္ ေသြး တက္ခဲ့ရေသးသည္။ 

ဘာတဲ့ ...ေပ်ာ္လိုက္တာဘိုးဘိုးရယ္
ဆဲသံေလးက ခ်ိဳေနတာပဲတဲ့ ။
ဘာလဲ မင္းအေျဖရခဲ့တာမဟုတ္ဘူးလားဆိုေတာ့ ။
မဟုတ္ဘူး သူ ့ကို ပထမဆံုး စကားျပန္ေျပာလို ့ေပ်ာ္ေနတာတဲ့။
ေျပာတဲ့ စကားေမးလိုက္ေတာ့လဲ ဆဲသြားတယ္တဲ့ ......

ေကာင္းႀကေရာ ...။

မိုးေကာင္းေျမးျဖစ္ပီးအသံုးကိုမက်ဘူး။
ကိုယ့္တုန္းကဆို
သူ ့အဘြား မာနႀကီးလွပါတယ္ဆိုတဲ့
မႏၲေလးသူအလွထိပ္ေခါင္တင္
မစံပယ္ကို တစ္နွစ္နွစ္လ ထဲနဲ ့ရေအာင္
လိုက္ခဲ့သည္မို ့လား ...။

သူက်မွသံုးနွစ္ေလာက္ လိုက္ပီး
ပထမဆံုးေျပာတဲ့ဆဲသံေလးကိုေက်နပ္ေပ်ာ္ရႊင္ေနတာမ်ား ျမင္မေကာင္းဘူး ။
တကယ္ပဲေနရာျခင္းသာ လဲလို ႔ရရင္
လဲပစ္လိုက္ခ်င္တယ္။
ဒီေကာင္ သူ ႔ေျမးျဖစ္ၿပီး ဒူလိုက္တာလြန္ေရာပဲ။

ခုလည္း စိတ္ညစ္ေနတဲ့ မ်က္နွာထားနဲ ့ဘာျဖစ္ျပန္ပီလဲမသိဘူး ...။
ရွိတာမွ ဒီေျမးဘိုးနွစ္ေယာက္ထဲမို ႔
သူ ႔မ်က္နွာမသာယာေတာ့ ကိုယ္ပါ ေရာ
ေယာင္ စိတ္မေကာင္းျဖစ္ရေရာ။
ဟူး ...။
အသက္ႀကီးတာေတာင္ ေျမးျဖစ္သူ
အသံုးမက်ေတာ့  အဘိုးလုပ္သူကေနရာတကာ ဝင္ပါေနရတုန္း။

"ကဲ ေျပာပါအုန္း ဘာျဖစ္ရျပန္တာလဲ "

" မေျပာခ်င္ပါဘူးဘိုးဘိုးရာ"

စလာကတည္းက ေလသံကေတြ ႕လား။
မိုးေကာင္းတို ႔က ဒါမ်ိဳးဆိုမရဘူး။

"မေျပာခ်င္လည္း မေျပာေတာ့နဲ ့။ မင္းဘာသာ ေနခဲ့ ငါသြားေတာ့မယ္"

"ဟာ ဘိုးဘိုးေနာ္။ ဘာျဖစ္ေနတာလဲ။
စိတ္ႀကီးပဲ။သားက ေျပာမလို ့ အရွိန္ယူေနတာေလ" 

ေစာင့္ေအာင့္က ငုတ္တုတ္ထ ထိုင္လာတဲ့
ေျမးကို မ်က္ေစာင္းထိုးကာ ..

"ေအး သိတယ္။ မင္းကိုအျမင္ကပ္လို ့ တမင္ေျပာတာ။ ငါ့ေျမးျဖစ္ေနပီး အဲ့ေလာက္ ဖ်င္းရလား။  ေနရာျခင္းသာ လဲခ်င္ေတာ့တယ္။မင္းနွယ့္"

သူေျပာလိုက္မွ ဆယ္နွစ္ေလာက္ပိုအိုစာသြားတဲ့ေျမးျဖစ္သူေႀကာင့္ သက္ျပင္းခ်ကာ ေလသံျပန္ျပင္ရသည္။

"ဘိုးဘိုး ကူညီေပးရမလား "

"ဘိုးဘိုးက ဘယ္လိုကူညီေပးမွာလဲ "

ဦးမိုးေကာင္း
အျမင္နည္းနည္းကပ္သြားေပမဲ့
သနားစရာသူ ့ေျမးရုပ္ေႀကာင့္စိတ္ေလ်ာ့ကာ...

"သူ ့အဘိုး ဦးစိုင္းလူ က အဘိုးနဲ ့သိတယ္ေလ ။ အရင္းနွီး ျကီးမဟုတ္ေပမဲ့ စီးပြားေရးလုပ္တဲ့သူခ်င္း နည္းနည္းေတာ့ေမးထူးေခၚေျပာေတာ့ရွိတာေပါ့ကြာ ... "

အဘိုးျဖစ္သူစကားေတြေၾကာင့္ အမိန္ ႔ေမ်ာ္လင့္ခ်က္ထပ္တိုးလာ၏။
ခ်စ္ျခင္းျပည့္စံုကို အမိန္ ႔အေတာ္ေလး ရူးေနၿပီျဖစ္သည္။
မရရင္ ေသရေတာ့မည္မို ႔ ျဖစ္နိုင္ရင္
ေရွးေခတ္ကလို မိဘေတြ စပ္ဟပ္ေပးစားတာမ်ိဳး လုပ္ၿပီးမွ နီးစပ္ရလည္းမဆိုးေပ။

" လူႀကီးခ်င္းသြားေတြ ့ပီး
ဝိတ္နည္းနည္းေလာက္သံုးႀကည့္ရင္ေတာ့ လက္ခံေလာက္ပါတယ္ ...ဘယ္လိုလဲဆက္လုပ္ရမလား"

"ဘာလို ့ခုမွလာေျပာေနတာလဲ။
ေစာေစာကတည္းကေျပာရင္ ခုေလာက္
ျဖစ္ေနစရာလိုလား... ။ရက္ရက္စက္စက္ ကိုယ့္ေျမးကို လုပ္ႀကံတာ
မေကာင္းတဲ့ အဘိုးႀကီး
အူပုတ္တဲ့အဘိုႀကီး ဟြန္း !.။
အဲ့ဒါေႀကာင့္ တစ္ေခါင္းလံုးအေစာႀကီးဆံပင္ျဖဴေနတာ "

"ဘာကြ ။ လုပ္လည္းလုပ္ေပးရအုန္းမယ္...
စြပ္စြပ္စြဲစြဲလည္းေျပာခံရေသးတယ္။
မကူညီဘူးကြာ ...။မင္းဘာျဖစ္ခ်င္လဲ?
မင္းအသံုးက် လာမလားလို ့ေစာင့္ေနတာေလ။ ဘာမွသံုးစားမရလို ့နာက္ဆံုး မျဖစ္မေန ဝင္ပါရတာ ..။အလကားေကာင္ ေစတနာကိုမရွိဘူး"

ရွဴ းရွဴ းရွားရွားေဒါသထြက္ပီး ထသြားတဲ့ အဘိုးျဖစ္သူေႀကာင့္ အမိန္ ့မ်က္နာငယ္သြားသည္။ စိတ္ဆိုးလို ့မကူညီရင္
ဒုကၡ။
ျပီးေတာ့ နွစ္ေယာက္ထဲရွိတဲ့ေျမးအဘိုးမွာ တစ္ေယာက္ကစိတ္ဆိုးသြားတာေတာ့ အမိန္ ့မႀကိဳက္ေပ ...။
ငယ္ငယ္ကတည္းက တစ္ဦးတည္းေသားေျမးေလးကို လိုေလစိတ္မရွိ ထားခဲ့ေသာ  အဘိုးျဖစ္သူကို အမိန္ ့သိပ္ခ်စ္ရသည္။ ထို ႔ေၾကာင့္ ထြက္သြားတဲ့ အဘိုးေနာက္ကို ေအာ္ဟစ္ကာ လိုက္ေခ်ာ့ဖို ့ေျပးလိုက္ေလသည္။

" အဘိုးေရ ။ ဘိုးဘိုးေလး အခ်စ္ဆံုးႀကီးေရ"

ခ်စ္တဲ့အိမ္စည္။

ခန့် ထည်လှတဲ့ နှစ်ထပ်တိုက်ကြီး ရှေ့ တွင်အနီရောင်ပြိုင်ကား တစ်စင်းသည်ဝုန်းဒိုင်းကျဲကာဝင်ရောက်လာသည်။
အိမ်ထဲရှိအလုပ်သမားတို့ သည်ထိုဖြစ်စဉ်ကို ရိုးနေပီမို့  တစ်ဦးတစ်ယောက်မှ
ထွက်ကြည့်ခြင်းမရှိကြပေ။ 

သစ်တိုင်းအောင် သည် ဆူညံပေါက်ကွဲစွာ ဖွင့်ထားတဲ့ သီချင်းသံကို ပိတ်ပစ်၍ကားပေါ်မှ ဆင်းကာ လေ လေးတချွန်ချွန်နဲ့  အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။
ပိုက်ဆံချမ်းသာသော သူဌေးသားတစ်ဦး
ဖြစ်တဲ့ သစ်တိုင်းသည် ခေတ်လူငယ်ပီပီ
ဝတ်စားထားတာမို့  မသိရင် မော်ဒယ်တယောက်လိုပင်။
အမြဲပြုံးနေတက်သော မျက်နှာထားနဲ့
ငွေကိုရေလိုသုံးနိုင်တဲ့ သစ်တိုင်းအောင်သည် သူတို့  လူငယ်လောကတွင်
ရေပန်းစားသလို SKB ဟုလည်း နောက်ပြောင်ကာ ခေါ်ဆိုတက်ကြသည်။

"သစ်တိုင်း"

သွားပြီ မာမီ အသံ .........။

ဆော့ကစားနေသော လက်ထဲကကားသော့ကို ဖမ်းဆုပ်ကိုင်ကာ
နံရံကနာရီကိုအလန့် တကြားမော့ကြည့်လိုက်သည်။
သုံးနာရီ ဆယ်မိနစ် ဆိုတဲ့ အချိန်မှာ မာမီ ဘယ်တုန်းကအိမ်ပြန်ရောက်ဖူးလို့ လဲ။

လှေကားပေါ်တက်မဲ့ခြေလှမ်းတို့ ကိုနောက်ပြန်ဆုတ်ပီး မျက်နာချိုသွေးကာရယ်ပြလိုက်သည်။ 

"မာမီ ! ဟီး..ဒီနေ့   ပြန်ရောက်တာစောတယ်နော်"

ဧည့်ခန်းဆိုဖာမှာ ထိုင်နေတဲ့မာမီသည် အသက်လေးဆယ်ကျော်အရွယ်ဖြစ်ပေမဲ့ နုငယ်လှပနေသေးသည်။အဝါရောင် လီနင်သား အင်္ကျီပွပွကို အိမ်နေရင်း
ဝတ်ထားသော်ငြားလည်း လှပသော ကိုယ်လုံးကိုတော့ ပျောက်ကွယ်မသွားစေပါ။
အမြဲတမ်း ခါးကျော်အောင်ထားသော ဆံနွယ်တို့ က နောက်ကျောမှာ ကလစ်နဲ့ ညှပ်ကာ ထားလေသည်။
ဘယ်လိုပဲကြည့်ကြည့် သစ်တိုင်းမာမီသည် အရမ်းကို လှနေတုန်းပင်ဖြစ်သည်။

" အင်း စောတာမဟုတ်ဘူး ..။
မာမီဒီနေ့ ဆိုင်မသွားဘူး ... သားကို ပြောစရာရှိတယ်။ ..လာ ထိုင် "

ဆိုဖာ ပေါ်မှာဝင်ထိုင်ရင်း မာမီပြောမဲ့ စကားကို ကြိုသိသလို အပွားခံရတော့မှာကိုလဲ သစ်တိုင်းသိနေသည်။
ဘာပဲပြောပြော မိထွေးဖြစ်ပေမဲ့
သူ့ အပေါ်ကြင်နာတဲ့ မာမီကိုချစ်သည် ။ သူဆိုးသမျှနောက်ကလိုက်ရှင်းတာလဲမာမီပဲ ဖြစ်ကာ...ဖခင်ဖြစ်သူထက်သူ့ ကိုပိုချစ်တာလဲ မာမီပဲဖြစ်သည်။ ထို့ ကြောင့် မာမီး ဘယ်လောက်ဆူဆူ သစ်တိုင်းစိတ်မဆိုးပါ။  ပြောသမျှ ကိုတခါမှ ပြန်မပြောပဲ လိမ်လိမ်မာမာနဲ့ မာမီ စိတ်ကျေနပ်အောင် နားထောင်ပေးလိုက်သည်။
အချိန်တန်   ဖြစ်သမျှ  သစ်တိုင်းအရှုပ်တွေကို မာမီ ပဲလိုက်ရှင်းပေးရလေ့
ရှိပြီး ဒယ်ဒီ့နားကို မရောက်အောင်လည်း မာမီပဲကာကွယ်ပေးရတာဖြစ်သည်။

"သား မနေ့ ညက ဘယ်မှာအိပ်တာလဲ။
မိုးချုပ်ထိ မာမီစောင့်နေတယ်။ သားပြန်မလာဘူး။ ဖုန်းဆက်တော့လဲ မကိုင်ဘူး ။
သစ်တိုင်း မာမီကို စိတ်ပူပီးသေအောင်လုပ်နေတာလား  ! "

"ဟာ ...မာမီကလဲ အဲ့လို မပြောပါနဲ့  သား မှားသွားပါတယ်။ နောက်တခါ မဖြစ်စေရဘူး။  စိတ်မဆိုးပါနဲ့ နော် မာမီ"

သစ်တိုင်း အလျှင်အမြန် မာမီဘေး ဝင်ထိုင်ကာ ပခုံးဖက်ပီးချွဲ နွဲ့ ပြောလိုက်သည်။
မာမီစိတ်ဆိုးသွားမှာကိုတော့ သူအလွန်စိုးပါသည်။
ငယ်စဉ်ကတည်းက မာမီသည် သူ့ အပေါ်မှာ ဘယ်လောက် ချစ်ပေး၊ယုယပေးခဲ့လဲ။
ဒါတွေကို မသိရအောင် သစ်တိုင်းက ရူးနေသူမဟုတ်ပါ။
အလုပ်အလွန်များသော ဒယ်ဒီထက်
မာမီသည်သာ သစ်တိုင်းရဲ့ နွေးထွေးရာမို့
အမှားလုပ်ပြီးတိုင်း  မာမီမချစ်တော့မှာတော့ ကြောက်ပါသည်။

"ဒေါ်မေချစ်သက်"သည် သားဖြစ်သူ
ခေါင်းကို ပွတ်ကာ သက်ပြင်းချလိုက်သည်။ ဒီကလေးသည် မိခင်မေတ္တာ လိုအပ်နေတဲ့အချိန် သူမကလဲသားဖြစ်သူကို ဆုံးရှုံးထားတဲ့အချိန် ...သူမတို့ နှစ်ဦးသည် အပြန်အလှန်နွေးထွေးမူ့ ပေးကာ ဖေးမခဲ့ကြသည်မို့ လား ...။
ခုချိန်မှာ သစ်တိုင်းအရမ်းဆိုးလာတာသည်
သူမရဲ့ ဆုံးမမူ့ ညံ့ဖျင်းခဲ့တာကြောင့်ဆိုပေမဲ့  ခပ်တင်းတင်းအုပ်ချုပ်ဖို့ ကိုတော့ သားအပေါ်မှာ မလုပ်ရက်ပါ။

"မာမီ အများကြီးသားကို မဆူချင်ဘူး သစ်တိုင်း။
သားမနေ့ က ဟော်တယ်မှာ ကောင်မလေး တစ်ယောက်နဲ့ အိပ်တာ မာမီသိပြီးပီ ။
မယူနိုင်ပဲ တစ်ယောက်ပီးတစ်ယောက်ခေါ်အိပ်နေတာမျိုးတော့ မာမီ မကြိုက်ဘူး။ တစ်ယောက် ဆိုတစ်ယောက် တွဲရင်မပြောလိုဘူး။ ခုသားရဲ့လုပ်ရက်တွေဟာ
ပြသနာဖြစ်နိုင်တယ်နော် ...။ တခုခုဆို သားအဖေသိသွားရင် သူ့ အကြောင်းသားသိတယ်မို့ လား"

မာမီ စကားကြောင့် သစ်တိုင်း မျက်နာပူသွားသည် ။သိသာ သိစေ မမြင်စေနဲ့ မို့ လား ...။ ဖခင်ဖြစ်သူတော့ သူကြောက်ရသည် ။ အနေထိုင်ဆင်ခြင်ဖို့ ဆုံးဖြတ်လိုက်တော့ ညနေက ကောင်ကလေးရဲ့ မျက်နာကို ပြန်မြင်လာပီး ရင်ထဲလှိုက်ခုန်သွား၏ ။
မာမီပြော သလို သူအတည်တွဲဖို့ တော့ လိုနေပီထင်ပါ့။

"သွားသွား ...နားချေတော့"

မာမီ့အသံကြားမှ အသိဝင်လာကာ ပါးကိုတချက်နမ်းပီးအပေါ်ထပ်ကိုပြေးတက်လိုက်သည်။ မနက်ဖန် ထိုတစ်ယောက်ကို ထပ်သွားတွေ့ မည်ဆိုတဲ့
စိတ်ကူးအိမ်မက်ရွက်လွှင့်လျက် သစ်တိုင်း
အခန်းတံခါးကိုဖွင့်ဝင်လိုက်၏။

---------------------

ဦးမိုးကောင်းသည် မွေ့ ရာပေါ်မှာ ခွေခေါက်နေတဲ့ မြေးဖြစ်သူကြောင့် သူပါ စိတ်ပျက်လက်ပျက်ဘေး မှာထိုင်နေရသည်။

သူမြေးဖြစ်သူရဲ့...အရည်အချင်းသည် အမှန်တကယ်ကို ဆိုးဝါးလှသည် ။ အရင်က အထင်ကြီးခဲ့သော သဘောထားတွေကို ယခုမူ ပြန်ရုတ်သိမ်းလိုက်ပြီ  ဖြစ်ပြီး
လုံးဝအသုံးမကျသည်ကိုပင်
လက်ခံလိုက်ပီဖြစ်၏ ။

ဟိုကောင်လေး ကိုတော့ တကယ်ချီးကျူးပါရဲ့ ။ ကိုယ်မြေးလို ကောင်ကို သုံးနှစ်သုံး
မိုး လျစ်လျူရှု့ ထားနိုင်တာ တကယ်အံ့သြ
ဖို့ ကောင်းသည်။

ဟိုတနေ့ ကပဲ စကားပြန်ပြောလို့ ဆိုပီး
ဝမ်းသာအားရပြန်လာတော့ ကိုယ်ကဟုတ်လှပီထင်နေတာ။ ပြုံးဖြီးနေလို့ အဖြေရခဲ့ပီမှတ်ကာ ဝမ်းသာလို့ မဆုံးသေး
ထပ် ပြောလိုက်တဲ့စကားကြောင့် သွေး တက်ခဲ့ရသေးသည်။ 

ဘာတဲ့ ...ပျော်လိုက်တာဘိုးဘိုးရယ်
ဆဲသံလေးက ချိုနေတာပဲတဲ့ ။
ဘာလဲ မင်းအဖြေရခဲ့တာမဟုတ်ဘူးလားဆိုတော့ ။
မဟုတ်ဘူး သူ့ ကို ပထမဆုံး စကားပြန်ပြောလို့ ပျော်နေတာတဲ့။
ပြောတဲ့ စကားမေးလိုက်တော့လဲ ဆဲသွားတယ်တဲ့ ......

ကောင်းကြရော ...။

မိုးကောင်းမြေးဖြစ်ပီးအသုံးကိုမကျဘူး။
ကိုယ့်တုန်းကဆို
သူ့ အဘွား မာနကြီးလှပါတယ်ဆိုတဲ့
မန္တလေးသူအလှထိပ်ခေါင်တင်
မစံပယ်ကို တစ်နှစ်နှစ်လ ထဲနဲ့ ရအောင်
လိုက်ခဲ့သည်မို့ လား ...။

သူကျမှသုံးနှစ်လောက် လိုက်ပီး
ပထမဆုံးပြောတဲ့ဆဲသံလေးကိုကျေနပ်ပျော်ရွှင်နေတာများ မြင်မကောင်းဘူး ။
တကယ်ပဲနေရာခြင်းသာ လဲလို့ ရရင်
လဲပစ်လိုက်ချင်တယ်။
ဒီကောင် သူ့ မြေးဖြစ်ပြီး ဒူလိုက်တာလွန်ရောပဲ။

ခုလည်း စိတ်ညစ်နေတဲ့ မျက်နှာထားနဲ့ ဘာဖြစ်ပြန်ပီလဲမသိဘူး ...။
ရှိတာမှ ဒီမြေးဘိုးနှစ်ယောက်ထဲမို့
သူ့ မျက်နှာမသာယာတော့ ကိုယ်ပါ ရော
ယောင် စိတ်မကောင်းဖြစ်ရရော။
ဟူး ...။
အသက်ကြီးတာတောင် မြေးဖြစ်သူ
အသုံးမကျတော့  အဘိုးလုပ်သူကနေရာတကာ ဝင်ပါနေရတုန်း။

"ကဲ ပြောပါအုန်း ဘာဖြစ်ရပြန်တာလဲ "

" မပြောချင်ပါဘူးဘိုးဘိုးရာ"

စလာကတည်းက လေသံကတွေ့ လား။
မိုးကောင်းတို့ က ဒါမျိုးဆိုမရဘူး။

"မပြောချင်လဲမပြောတော့နဲ့ ။ မင်းဘာသာ နေခဲ့ ငါသွားတော့မယ်"

"ဟာ ဘိုးဘိုးနော်။ ဘာဖြစ်နေတာလဲ။
စိတ်ကြီးပဲ။သားက ပြောမလို့  အရှိန်ယူနေတာလေ" 

စောင့်အောင့်က ငုတ်တုတ်ထ ထိုင်လာတဲ့
မြေးကို မျက်စောင်းထိုးကာ ..

"အေး သိတယ်။ မင်းကိုအမြင်ကပ်လို့  တမင်ပြောတာ။ ငါ့မြေးဖြစ်နေပီး အဲ့လောက် ဖျင်းရလား။  နေရာခြင်းသာ လဲချင်တော့တယ်။မင်းနှယ့်"

သူပြောလိုက်မှ ဆယ်နှစ်လောက်ပိုအိုစာသွားတဲ့မြေးဖြစ်သူကြောင့် သက်ပြင်းချကာ လေသံပြန်ပြင်ရသည်။

"ဘိုးဘိုး ကူညီပေးရမလား "

"ဘိုးဘိုးက ဘယ်လိုကူညီပေးမှာလဲ "

ဦးမိုးကောင်း
အမြင်နည်းနည်းကပ်သွားပေမဲ့
သနားစရာသူ့ မြေးရုပ်ကြောင့်စိတ်လျော့ကာ...

"သူ့ အဘိုး ဦးစိုင်းလူ က အဘိုးနဲ့ သိတယ်လေ ။ အရင်းနှီး ကြီးမဟုတ်ပေမဲ့ စီးပွားရေးလုပ်တဲ့သူချင်း နည်းနည်းတော့မေးထူးခေါ်ပြောတော့ရှိတာပေါ့ကွာ ... "

အဘိုးဖြစ်သူစကားတွေကြောင့် အမိန့် မျော်လင့်ချက်ထပ်တိုးလာ၏။
ချစ်ခြင်းပြည့်စုံကို အမိန့် အတော်လေး ရူးနေပြီဖြစ်သည်။
မရရင် သေရတော့မည်မို့  ဖြစ်နိုင်ရင်
ရှေးခေတ်ကလို မိဘတွေ စပ်ဟပ်ပေးစားတာမျိုး လုပ်ပြီးမှ နီးစပ်ရလည်းမဆိုးပေ။

" လူကြီးချင်းသွားတွေ့ ပီး
ဝိတ်နည်းနည်းလောက်သုံးကြည့်ရင်တော့ လက်ခံလောက်ပါတယ် ...ဘယ်လိုလဲဆက်လုပ်ရမလား"

"ဘာလို့ ခုမှလာပြောနေတာလဲ။
စောစောကတည်းကပြောရင် ခုလောက်
ဖြစ်နေစရာလိုလား... ။ရက်ရက်စက်စက် ကိုယ့်မြေးကို လုပ်ကြံတာ
မကောင်းတဲ့ အဘိုးကြီး
အူပုတ်တဲ့အဘိုကြီး ဟွန်း !.။
အဲ့ဒါကြောင့် တစ်ခေါင်းလုံးအစောကြီးဆံပင်ဖြူနေတာ "

"ဘာကွ ။ လုပ်လဲပေးရအုန်းမယ်...
စွပ်စွပ်စွဲစွဲလဲပြောခံရသေးတယ်။
မကူညီဘူးကွာ ...။မင်းဘာဖြစ်ချင်လဲ?
မင်းအသုံးကျ လာ မလားလို့ စောင့်နေတာလေ။ ဘာမှသုံးစားမရလို့ နာက်ဆုံး မဖြစ်မနေ ဝင်ပါရတာ ..။အလကားကောင် စေတနာကိုမရှိဘူး"

ရှူးရှူးရှားရှားဒေါသထွက်ပီး ထသွားတဲ့ အဘိုးဖြစ်သူကြောင့် အမိန့် မျက်နာငယ်သွားသည်။ စိတ်ဆိုးလို့ မကူညီရင်
ဒုက္ခ။
ပြီးတော့ နှစ်ယောက်ထဲရှိတဲ့မြေးအဘိုးမှာ တစ်ယောက်ကစိတ်ဆိုးသွားတာတော့ အမိန့် မကြိုက်ပေ ...။
ငယ်ငယ်ကတည်းက တစ်ဦးတည်းသေားမြေးလေးကို လိုလေစိတ်မရှိ ထားခဲ့သော  အဘိုးဖြစ်သူကို အမိန့် သိပ်ချစ်ရသည်။ ထို့ ကြောင့် ထွက်သွားတဲ့ အဘိုးနောက်ကို အော်ဟစ်ကာ လိုက်ချော့ဖို့ ပြေးလိုက်လေသည်။

" အဘိုးရေ ။ ဘိုးဘိုးလေး အချစ်ဆုံးကြီးရေ"

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz