ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
5
အပိုင္း (၅)
သာယာတဲ့ မနက္ခင္းသည္ အေစာပိုင္းအခ်ိန္မို ႔လားမသိ ၾကက္သီးဖုေလးေတြ ထ လာသည္ထိ ခ်မ္းစိမ့္စိမ့္နိုင္လွ၏ ။
တိုးေဝွ ့တိုက္ခတ္လာတဲ့ ေလေႀကာင့္ ခ်စ္ျခင္း ဝတ္ထားတဲ့ အနီေရာင္ ဂ်က္ကတ္ေလးကို ရင္ဘတ္ လံုေအာင္ဆြဲေစ့လိုက္ရသည္။ ေျပာလို ႔သာ ေျပာရတာပါ။
ဒီလို မနက္ပိုင္း အခ်ိန္ေတြဆို ခ်စ္ျခင္းကအေတာ္ေလး သေဘာက်သည္။
ထို ႔ေၾကာင့္ အျပန္ေနပူေပမဲ့ သင္တန္းအသြားကိုေတာ့ ခ်စ္ျခင္း လမ္းေလ်ွာက္ျဖစ္သည္။
အသက္ဆယ့္ကိုးနွစ္ျပည့္ကတည္းကခ်စ္ျခင္းသည္ အဘိုးျဖစ္သူအိမ္မွာမေနပဲ
တကိုယ္တည္း တိုက္ခန္းမွာသာေနခဲ့သည္။ လြတ္လပ္ခ်င္လို ႔ တမင္သပ္သပ္ခြဲေနခဲ့တာမ်ိဳးမဟုတ္ေပမဲ့ အလုပ္သမားေတြ အမ်ားႀကီးရွိတဲ့ ေဖႀကီးအိမ္ကေတာ့ ခ်စ္ျခင္းကို အလြန္အမင္းမ်က္စိေနာက္စရာျဖစ္ခဲ့သည္။
ထို ႔ေၾကာင့္ ေဖႀကီးစီစဥ္ေပးေသာ
Condoမွာ သာ တစ္ေယာက္ထဲ
အပူအပန္မရွိ ေနျဖစ္ခဲ့တာ ယေန ႔ဆို
သံုးနွစ္ေက်ာ္နီးပါးခန္ ႔ပင္ရွိၿပီျဖစ္၏။
ေဘးပါတ္ဝန္းက်င္ကို ေငးရင္း ေအးေအးလူလူ သင္တန္းသို ့သြားေနသည့္ ခ်စ္ျခင္းသည္ တစ္ေနရာေရာက္ေတာ့ ေျခလွမ္းတို ့သည္ရပ္တန္ ့မလို ျဖစ္သြား၏ ။
ခပ္လွမ္းလွမ္း သစ္ပင္ ေအာက္တြင္ Lamborghiniအနက္ေရာင္ျပိဳင္ကားေဘးမွာကားကိုမွီပီး ေဘာင္းဘီထဲလက္ထည့္ကာေစာင့္ေနတဲ့ တကိုယ္လံုးနက္ေစြးေနတဲ့သူက ေဂဟာမွာ သူထိုးလိုက္တဲ့ ေကာင္…
သူ ့ကားေတြဆိုရင္ ခ်စ္ျခင္းမမွတ္မိတက္ေပ…။အျမဲအသစ္ထြက္သမ်ွကားတိုင္းသည္ ဒီနိုင္ငံမွာ သူပထမဆံုးစီးသလားေတာင္ မသဲကြဲေအာင္ ထြက္သမ်ွကားတိုင္းထည္လဲစီးသည္။
ခ်မ္းသာမွန္းစေတြ ့ကတည္းက ရိပ္မိေပမဲ့ခုေလာက္ႀကီးထိ ေတာ့ မေမ်ွာ္လင့္ထားေပ။
သံုးနွစ္ရွိျပီ ။
စိတ္ရွည္လွတဲ့ ထိုေကာင္ေလးသည္
အဲ့ေနရာမွာရပ္ရပ္ပီးေစာင့္ေနတက္တာအၿမဲလိုေပ။ ခ်စ္ျခင္းသြားတဲ့ေက်ာင္း နဲ ့သင္တန္းမွန္သမ်ွကို ေနာက္ကေန လိုက္သည္။အစကေတာ့ တမင္လုပ္သလားထင္မိျပီး ေဒါသထြက္ေပမဲ့ေနာက္ေတာ့တျဖည္းျဖည္း လ်စ္လ်ဴရွဴ ့ထားလိုက္၏။
ေျခလွမ္းေျခာက္လွမ္းအကြာေလာက္တြင္
ခ်စ္ျခင္း ခပ္တိုးတိုးနံပါတ္တခ်ိဳ ့ကို ေရရြတ္လိုက္သည္။
1 , 2, 3
ေပါေပါေလာေလာ ျပံဳးျပလာတဲ့မ်က္နာနဲ ့အတူ သိပ္မက်ယ္ေပမဲ့ လံုလံုေလာက္ေလာက္ႀကားနိုင္ေလာက္တဲ့ ေလသံနဲ ့ေျပာလာတာက
"ခ်စ္ျခင္း ………" တဲ့
ထိုစကားသည္ေရတြက္ေနတဲ့ 3နံပါတ္ အေရာက္မွာ တိက်စြာ ေခၚခဲ့ၿပီး သံုးနွစ္တိတိ ေနပူပူမိုးရြာရြာမေမ့မေလ်ာ ့ထပ္တူညီခဲ့သည္။
အေရးမလုပ္ပဲ ေဘးကကပ္ျဖတ္ေလ်ာက္ေတာ့ ထပ္ေျပာလိုက္တဲ့စကားက…
"ေမာင္ မင္းသိပ္ခ်စ္တယ္" တဲ့
ဒါလဲ ထပ္တူပဲ။ ဒီေဘာလိုေကာင္သည္
ဒီစကားပဲေျပာတက္သလားေတာင္မွတ္ရသည္။
ျဖတ္ေလ်ွာက္ပီးမွ ေက်ာ္သြားတဲ့ေျခတစ္လွမ္းကို ေနာက္ျပန္ဆုတ္ လိုက္ပီး ခ်စ္ျခင္ဒီတခါေတာ့ စကားေျပာဖို ့ဆံုးျဖတ္လိုက္၏။
ေငးကာ ႀကည့္ေနတဲ့မ်က္ဝန္းတစ္စံုသည္
ျပန္လွည့္လာေတာ့ ဂနာမျငိမ္ဖစ္သြားသည္။ ဒါပထမဆံုး လုပ္ခဲ့တဲ့ ခ်စ္ျခင္းဖက္က အျပဴမူ ေၾကာင့္ျဖစ္လိမ့္မည္။
"မင္း ဘာရည္ရြယ္ခ်က္နဲ ့ငါေနာက္ကိုလိုက္ေနရတာလဲ"
အနီေရာင္ေတြပဲဝတ္တက္တဲ့ခ်စ္ျခင္းျပည့္စံုသည္ အႏၱရာယ္မ်ားတဲ့ သူမ်က္နာေလးအေႀကာင္းကို သိပံုေပၚ၏။
အျမဲ mask တက္ထားတဲ့မ်က္နာနုနုသည္ လြန္ခဲ့ေသာ သံုးနွစ္ကရုံးခန္းထဲမွာ ေတြ ့လိုက္ရတာ ေနာက္ဆံုးအႀကိမ္ျဖစ္ခဲ့သည္။ တခါမွကို maskမခ်ြတ္ပဲ တကယ္ေနနိုင္သည္။
မခ်ြတ္လည္းအမိန္ ႔အတြက္ကေတာ့
ခ်စ္ျခင္းသည္ ဘာမွမေျပာင္းလဲသြားေပ။
ျမင္ေတြ ့ေနရတဲ့ မ်က္ဝန္းမ်က္ေတာင္ေလး ေတြ…။
စြန္းတစျမင္ေနရတဲ့ ကိုက္ေဖာက္ခ်င္စရာလည္တိုင္ေက်ာ့ေက်ာ့က စိမ္းျပာေရာင္ေသြးေႀကာေလးေတြ…။
နုနုေထြးေထြး ပန္းေရာင္သန္းေနတဲ့နားရြက္ဖ်ားေလးေတြ…။
လက္ရွည္အျမဲဝတ္ထားေပမဲ့ တစြန္းတစေပၚေနတက္တဲ့ လက္ေခ်ာင္းထိပ္ဖ်ားေလးေတြ ..။
အဲ့ဒါေတြနဲ ့တင္ အမိန္ ့အာဏာ ကို ရူးသြပ္ဖို ့လွဳံေလာက္သည္။
"ခ်စ္လို ့……ေမာင္မင္းကို သိပ္ခ်စ္လို ့"
"ခ်စ္ရေအာင္ ငါကေယာက်ာ္းေလး "
"အင္းေမာင္သိတယ္ေလ။ ဒါေပမဲ့ ေမာင္မင္းကိုသိပ္ခ်စ္ေနတယ္"
"ေဘာပဲ ေသလိုက္ေတာ့"
အဆဲခံလိုက္ရေပမဲ ့ ဆဲသံေလးကခ်ိဳေနတာပဲ လို ့ခံစားလိုက္ရတာ သူမမွားဘူး။
တကယ္ဆို လူတကိုယ္လံုး ဒီေလာက္ တက်ြတ္က်ြတ္ဝါးစားခ်င္စရာေကာင္းဖို ့လိုလို ့လား …။
ထြက္သြားသူကို ႀကည့္ပီးရင္းႀကည့္ခ်င္ေနေလာက္ေအာင္ ခ်စ္ျခင္းျပည့္စံုကိုသူရူးသြပ္သည္။
ခ်စ္ျခင္းစိတ္တိုေပမဲ့ အရင္ကေလာက္ ခ်စ္တယ္ဆိုတဲ့စကားကို ခါးခါးသီးသီး မုန္းစရာေကာင္းတယ္လို ့မခံစားရေတာ့တာႀကာခဲ့ပါျပီ … ။
ဒါသံုးနွစ္တိတိ အေျပာခံရလို ့နားရည္ဝသြားျခင္းျဖစ္ဟန္တူသည္။
တကယ္ဆို ခ်စ္တယ္ဆိုတဲ့
စကားကို အလြန္းမုန္းတီးရျခင္း
ရဲ႕ လံုေလာက္ေသာ အေၾကာင္းျပခ်က္
ခ်စ္ျခင္းမွာရွိ၏။
ခ်စ္ျခင္းသံုးနွစ္အရြယ္ ……
ခ်စ္ပါတယ္ေျပာပီးယူခဲ့ႀကတဲ့ မိဘ နွစ္ပါးသည္ တစတစ ေအးစက္ကာ ရန္ခဏ
ခဏျဖစ္ႀကသည္။ မိဘရင္ခြင္မွာ ေပ်ာ္ရႊင္ရမဲ့ ကေလးအ႐ြယ္ကတည္းက ခ်စ္ျခင္း သည္ ထိတ္လန္ ့စြာပင္ ရန္ပြဲမ်ားကို ႀကည့္ေနခဲ့ရသည္။
ခ်စ္ၿခင္း ငါးနွစ္အရြယ္ ………
ေအာ္ဟစ္ရန္ျဖစ္ေနသံ တို ့ေႀကာင့္ အခန္းေထာင့္တြင္ ကပ္ကာ နားပိတ္ကာငိုေနတဲ့ ကေလးငယ္သည္ တုန္ရီလ်ွက္ရွိကာ ထိုအသံတို ့ကို မႀကားနိုင္ေတာ့သည့္ပံု ပင္။
အျမဲႀကားေနရတဲ့ ထိုဆိုးရြားတဲ့ ရန္ျဖစ္ဆဲဆိုသံတို ့သည္ တျဖည္းျဖည္း သူ ့ရင္ကို ဒဏ္ရာအနာတရ ျဖစ္လာေစသည္ကို မိဘ နွစ္ပါးကေတာ့ မသိခဲ့ေပ။
ခ်စ္ျခင္း ခုနွစ္အရြယ္ ……………
"ကြာမယ္မင္းကို မေပါင္းနိုင္ဘူး …"
"ကြာေလ က်ြန္မလည္းေပါင္းခ်င္ေနမယ္မထင္နဲ ့…ကေလးမ်က္နာရွိေနလို ့သည္းခံေနတာ… ခုကြာမယ္ …"
ကေလးအရြယ္ကတည္းက ရင္ထဲကိန္းဝတ္လာတဲ့ နာက်င္မူ ့ေႀကာင့္
ကားတြန္းကားႀကည့္ေနတဲ့ ခ်စ္ျခင္းကေလးသည္ ထိုအာ္ဟစ္သံေတြကိုမႀကားနိုင္ေတာ့ပဲ ေလွကားေဘးက ပန္းအိုး ကိုေျပးတြန္းခ်လိုက္သည္။
"ခြမ္း "
အစိတ္စိတ္အမႊားမႊား ကြဲေျကကုန္တဲ့ ပန္းအိုးသံေႀကာင့္ ရန္ျဖစ္ေနသံမ်ား တိတ္ကာ အေျပးအလႊားတက္လာတဲ့ ေျခသံမ်ားႀကားလိုက္သည္။
"ဝုန္း"
ခ်စ္ျခင္းသည္ ေက်နပ္ျခင္းမ်ားစြာနဲ ့နုတ္ခမ္းေထာင့္စြန္႔ေလးေကာ့တက္ေနေအာင္ျပံဳးလ်က္ အခန္းတြင္းသို ့ျပန္လည္ေျပးဝင္ျပီး တံခါးကိုေစာင့္ပိတ္လိုက္သည္။
ခ်စ္ျခင္း ဆယ္နွစ္အရြယ္ ………
အနက္ေရာင္ တိုက္ပံုဝတ္ေရွ ့ေန၏ အေရွ ့တြင္ ကြာရွင္းစာခ်ဳပ္ကိုလက္မွတ္ထိုးေနတဲ့မိဘနွစ္ပါး ကို ေဘးတြင္ နာက်ည္းကာစိုက္ႀကည့္ေနတဲ့ကေလး တစ္ေယာက္ရွိသည္ ……။
ထို ႔အျပင္ သူ ့ေျမးငယ္ကိုစိုက္ႀကည့္ပီးသနားေနတဲ့ အဘိုးျဖစ္သူသည္ ခ်ိဳသည္၊ ခါးသည္ ဝင္မေျပာေပမဲ့ အလြန္တရာ စိတ္မေကာင္းျဖစ္ေနဟန္ေတာ့ရွိသည္။
"ကေလးကို က်ြန္မ ေခၚမယ္ "
"ဘယ္ျဖစ္မလဲ ဒါငါ့သား ငါပဲေခၚထားမယ္"
"အကုန္ထြက္သြား"
ျငင္းခုန္ေနတဲ့ အသံကို ျဖတ္ပီးတိုးဝင္လာတဲ့ စူးရွတဲ့ ေအာ္လိုက္သံေႀကာင့္ အကုန္လံုး တအံ့တႀသ ႀကည့္လာသည္။
ဆယ္နွစ္အရြယ္ကေလးတစ္ေယာက္ရဲ ့ အသံသည္ မာေက်ာ ေအးစက္ကာ နာက်ည္း ျခင္းေတြစြန္းထင္ေနသည္။
"ဘယ္သူ ့မွမလို အပ္ဘူး ခုထြက္သြားႀက"
"သား စိတ္ေလ်ာ့ပါ။ အေဖေတာင္းပန္ပါတယ္ …။အေဖတို ့ကို စိတ္နာေနရင္ေတာင္သားအသက္ ငယ္ေသးတယ္ …မိဘရင္ခြင္မွာေနရမဲ ့အရြယ္ပဲရွိေသးတယ္ေလ"
ဖခင္ျဖစ္သူ၏ေျဖရွင္းေခ်ာ ့ေမာ့သံသည္ ကေလးရဲ ့ရင္ထဲကို တိုးဝင္ဟန္မတူ ။
ဖခင္ျဖစ္သူကို နာက်ည္းရိပ္စြန္းထင္တဲ့မ်က္လံုးနဲ ့တစ္ခ်က္စိုက္ႀကည့္ပီး ေအးစက္စက္ေလသံျဖင့္တလံုးျခင္းေျပာလိုက္သည္။
"မိဘ ရင္ခြင္ဆိုတာ ဘာလဲ က်ြန္ေတာ္တခါမွမႀကားဘူးဘူး ။ သိတက္စအရြယ္ကတည္းက တခါေလာက္ေထြးေပြ ့ဖူးလား ျပန္စဥ္းစားႀကည့္ဦး "
တဆက္ထဲအဘိုးျဖစ္သူ ဦးစိုင္းလူဖက္ကို လွမ္းေျပာကာ...
"ေဖေဖႀကီး က်ြန္ေတာ့ကို ဆယ္ရွစ္နွစ္ျပည့္တဲ့အထိ ေစာင့္ေရွာက္ေပးပါ ။ဘယ္သူ ့ေထာက္ပံ့မူ ့မွမရခ်င္သလို သူတို ့နွစ္ေယာက္ကိုလည္း ဒီအိမ္မွာ မျမင္ခ်င္ဘူး ။
ထြက္သြားခိုင္းလိုက္… အဲ့ဒီလိုမွမဟုတ္ရင္ ကိုယ့္ကို ကိုယ္သတ္ေသလိုက္မယ္"
ထြက္ခြာသြားတဲ့ေက်ာျပင္ငယ္ကို ႀကည့္ပီးမိဘနွစ္ပါးသည္ မ်က္ရည္ေလးစမ္းစမ္းနဲ ့ေနာင္တရေနဟန္တူပီး က်န္လူမ်ားကစိတ္မေကာင္းသလို ႀကည့္ေနႀကသည္။
ထို ့ေန႔ မွ စပီး ခ်စ္ျခင္းျပည့္စံုဆိုတဲ့ အခ်စ္မရွိတဲ့ေကာင္ေလး … အခ်စ္ကို မယံုတဲ့ ေကာင္ေလးသည္… ေအးစက္မာေက်ာလာေတာ့သည္။
ခ်စ္တဲ့အိမ္စည္။
__________
အေးချမ်းတဲ့ မနက်ခင်းတွင် မနက်စောစောမို့ လားမသိ ချမ်းစိမ့်စိမ့်နိုင်၏ ။
တိုးဝှေ့ တိုက်ခတ်လာတဲ့ လေကြောင့် ချစ်ခြင်း ဝတ်ထားတဲ့ အနီရောင် ဂျက်ကတ်လေးကို ရင်ဖက်လုံအောင်ဆွဲစေ့လိုက်ရသည်။ ပြောလို့ သာ ပြောရတာပါ။
ဒီလို မနက်ပိုင်းဆို နွေရာသီတောင်မှ
ရာသီဥတုက အေးအေးချမ်းချမ်းရှိလှသည်။
ထို့ ကြောင့် အပြန်နေပူပေမဲ့ သင်တန်းအသွားကိုတော့ ချစ်ခြင်း လမ်းလျှောက်ဖြစ်သည်။
အသက်ဆယ့်ကိုးနှစ်ပြည့်ကတည်းကချစ်ခြင်းသည် အဘိုးဖြစ်သူအိမ်မှာမနေပဲ
တကိုယ်တည်း တိုက်ခန်းမှာသာနေခဲ့သည်။ လွတ်လပ်ချင်လို့ တမင်သပ်သပ်ခွဲနေခဲ့တာမျိုးမဟုတ်ပေမဲ့ အလုပ်သမားတွေ အများကြီးရှိတဲ့ ဖေကြီးအိမ်ကတော့ ချစ်ခြင်းကို အလွန်အမင်းမျက်စိနောက်စရာဖြစ်ခဲ့သည်။
ထို့ ကြောင့် ဖေကြီးစီစဉ်ပေးသော
Condoမှာ သာ တစ်ယောက်ထဲ
အပူအပန်မရှိ နေဖြစ်ခဲ့တာ ယနေ့ ဆို
သုံးနှစ်ကျော်နီးပါးခန့် ပင်ရှိပြီဖြစ်၏။
ဘေးပါတ်ဝန်းကျင်ကို ငေးရင်း အေးအေးလူလူ သင်တန်းသို့ သွားနေသည့် ချစ်ခြင်းသည် တစ်နေရာရောက်တော့ ခြေလှမ်းတို့ သည်ရပ်တန့် မလို ဖြစ်သွား၏ ။
ခပ်လှမ်းလှမ်း သစ်ပင် အောက်တွင် Lamborghiniအနက်ရောင်ပြိုင်ကားဘေးမှာကားကိုမှီပီး ဘောင်းဘီထဲလက်ထည့်ကာစောင့်နေတဲ့ တကိုယ်လုံးနက်စွေးနေတဲ့သူက ဂေဟာမှာ သူထိုးလိုက်တဲ့ ကောင်…
သူ့ ကားတွေဆိုရင် ချစ်ခြင်းမမှတ်မိတက်ပေ…။အမြဲအသစ်ထွက်သမျှကားတိုင်းသည် ဒီနိုင်ငံမှာ သူပထမဆုံးစီးသလားတောင် မသဲကွဲအောင် ထွက်သမျှကားတိုင်းထည်လဲစီးသည်။
ချမ်းသာမှန်းစတွေ့ ကတည်းက ရိပ်မိပေမဲ့ခုလောက်ကြီးထိ တော့ မမျှော်လင့်ထားပေ။
သုံးနှစ်ရှိပြီ ။
စိတ်ရှည်လှတဲ့ ထိုကောင်လေးသည်
အဲ့နေရာမှာရပ်ရပ်ပီးစောင့်နေတက်တာအမြဲလိုပေ။ ချစ်ခြင်းသွားတဲ့ကျောင်း နဲ့ သင်တန်းမှန်သမျှကို နောက်ကနေ လိုက်သည်။အစကတော့ တမင်လုပ်သလားထင်မိပြီး ဒေါသထွက်ပေမဲ့နောက်တော့တဖြည်းဖြည်း လျစ်လျူရှူ့ ထားလိုက်၏။
ခြေလှမ်းခြောက်လှမ်းအကွာလောက်တွင်
ချစ်ခြင်း ခပ်တိုးတိုးနံပါတ်တချို့ ကို ရေရွတ်လိုက်သည်။
1 , 2, 3
ပေါပေါလောလော ပြုံးပြလာတဲ့မျက်နာနဲ့ အတူ သိပ်မကျယ်ပေမဲ့သူလုံလုံလောက်လောက်ကြားနိုင်လောက်တဲ့ လေသံနဲ့ ပြောလာတာက
"ချစ်ခြင်း ………" တဲ့
ထိုစကားသည်ရေတွက်နေတဲ့ 3နံပါတ်နဲ့ အရောက်မှာ တိကျစွာ ခေါ်ခဲ့ပြီး သုံးနှစ်တိတိ နေပူပူမိုးရွာရွာမမေ့မလျော့ ထပ်တူညီသည်။
အရေးမလုပ်ပဲ ဘေးကကပ်ဖြတ်လျောက်တော့ ထပ်ပြောလိုက်တဲ့စကားက…
"မောင် သိပ်ချစ်တယ်" တဲ့
ဒါလဲ ထပ်တူပဲ။ ဒီဘောလိုကောင်သည်
ဒီစကားပဲပြောတက်သလားတောင်မှတ်ရသည်။
ဖြတ်လျှောက်ပီးမှ ကျော်သွားတဲ့ခြေတစ်လှမ်းကို နောက်ပြန်ဆုတ် လိုက်ပီး ချစ်ခြင်ဒီတခါတော့ စကားပြောဖို့ ဆုံးဖြတ်လိုက်၏။
ငေးကာ ကြည့်နေတဲ့မျက်ဝန်းတစ်စုံသည်
ပြန်လှည့်လာတော့ ဂနာမငြိမ်ဖစ်သွားသည်။ ဒါပထမဆုံး လုပ်ခဲ့တဲ့ သူ့ ဖက်က အပြူမူ ကြောင့်ဖြစ်လိမ့်မည်။
"မင်း ဘာရည်ရွယ်ချက်နဲ့ ငါနောက်ကိုလိုက်နေရတာလဲ"
အနီရောင်တွေပဲဝတ်တက်တဲ့ချစ်ခြင်းပြည့်စုံသည် အန္တရာယ်များတဲ့ သူမျက်နာလေးအကြောင်းကို သိပုံပေါ်၏။
အမြဲ mask တက်ထားတဲ့မျက်နာနုနုသည် လွန်ခဲ့သော သုံးနှစ်ကရုံးခန်းထဲမှာ တွေ့ လိုက်ရတာ နောက်ဆုံးအကြိမ်ဖြစ်ခဲ့သည်။ တခါမှကို maskမချွတ်ပဲ တကယ်နေနိုင်သည်။
မချွတ်လဲအမိန့် အတွက်ကတော့
ချစ်ခြင်းသည် ဘာမှမပြောင်းလဲသွားပေ။
မြင်တွေ့ နေရတဲ့ မျက်ဝန်းမျက်တောင်လေး တွေ…။
စွန်းတစမြင်နေရတဲ့ ကိုက်ဖောက်ချင်စရာလည်တိုင်ကျော့ကျော့က စိမ်းပြာရောင်သွေးကြောလေးတွေ…။
နုနုထွေးထွေး ပန်းရောင်သန်းနေတဲ့နားရွက်ဖျားလေးတွေ…။
လက်ရှည်အမြဲဝတ်ထားပေမဲ့ တစွန်းတစပေါ်နေတက်တဲ့ လက်ချောင်းထိပ်ဖျားလေးတွေ ..။
အဲ့ဒါတွေနဲ့ တင် အမိန့် အာဏာ ကို ရူးသွပ်ဖို့ လှုံလောက်သည်။
"ချစ်လို့ ……မောင်မင်းကို သိပ်ချစ်လို့ "
"ချစ်ရအောင် ငါကယောကျာ်းလေး "
"အင်းမောင်သိတယ်လေ။ ဒါပေမဲ့ မောင်မင်းကိုသိပ်ချစ်နေတယ်"
"ဘောပဲ သေလိုက်တော့"
အဆဲခံလိုက်ရပေမဲ့ ဆဲသံလေးကချိုနေတာပဲ လို့ ခံစားလိုက်ရတာ သူမမှားဘူး။
တကယ်ဆို လူတကိုယ်လုံး ဒီလောက် တကျွတ်ကျွတ်ဝါးစားချင်စရာကောင်းဖို့ လိုလို့ လား …။
ထွက်သွားသူကို ကြည့်ပီးရင်းကြည့်ချင်နေလောက်အောင် ချစ်ခြင်းပြည့်စုံကိုသူရူးသွပ်သည်။
ချစ်ခြင်းစိတ်တိုပေမဲ့ အရင်ကလောက် ချစ်တယ်ဆိုတဲ့စကားကို ခါးခါးသီးသီး မုန်းစရာကောင်းတယ်လို့ မခံစားရတော့တာကြာခဲ့ပီ … ။
ဒါသုံးနှစ်တိတိ အပြောခံရလို့ နားရည်ဝသွားခြင်းဖြစ်ဟန်တူသည်။
တကယ်ဆို ချစ်တယ်ဆိုတဲ့
စကားကို အလွန်းမုန်းတီးရခြင်း
ရဲ့ လုံလောက်သော အကြောင်းပြချက်
ချစ်ခြင်းမှာရှိ၏။
ချစ်ခြင်းသုံးနှစ်အရွယ် ……
ချစ်ပါတယ်ပြောပီးယူခဲ့ကြတဲ့ မိဘ နှစ်ပါးသည် တစတစ အေးစက်ကာ ရန်ခနခနဖြစ်ကြသည်။ မိဘရင်ခွင်မှာ ပျော်ရွှင်ရမဲ့ ကလေးအရွယ်ကတည်းက ချစ်ခြင်း သည် ထိတ်လန့် စွာပင် ရန်ပွဲများကို ကြည့်နေခဲ့ရသည်။
ချစ်ခြင်း ငါးနှစ်အရွယ် ………
အော်ဟစ်ရန်ဖစ်နေသံ တို့ကြောင့် အခန်းထောင့်တွင် ကပ်ကာ နားပိတ်ကာငိုနေတဲ့ ကလေးငယ်သည် တုန်ရီလျှက်ရှိကာ ထိုအသံတို့ ကို မကြားနိုင်တော့သည့်ပုံ ပင်။
အမြဲကြားနေရတဲ့ ထိုဆိုးရွားတဲ့ ရန်ဖြစ်ဆဲဆိုသံတို့ သည် တဖြည်းဖြည်း သူ့ ရင်ကို ဒဏ်ရာအနာတရ ဖြစ်လာစေသည်ကို မိဘ နှစ်ပါးကတော့ မသိခဲ့ပေ။
ချစ်ခြင်း ခုနှစ်အရွယ် ……………
"ကွာမယ်မင်းကို မပေါင်းနိုင်ဘူး …"
"ကွာလေ ကျွန်မလဲပေါင်းချင်နေမယ်မထင်နဲ့ …ကလေးမျက်နာရှိနေလို့ သည်းခံနေတာ… ခုကွာမယ် …"
ကလေးအရွယ်ကတည်းကရင်ထဲကိန်းဝတ်လာတဲ့ နာကျင်မူ့ ကြောင့်
ကားတွန်းကားကြည့်နေတဲ့ ချစ်ခြင်းကလေးသည် ထိုအ်ာဟစ်သံတွေကိုမကြားနိုင်တော့ပဲ လှေကားဘေးက ပန်းအိုး ကိုပြေးတွန်းချလိုက်သည်။
"ခွမ်း "
အစိတ်စိတ်အမွှားမွှား ကွဲကြေကုန်တဲ့ ပန်းအိုးသံကြောင့် ရန်ဖစ်နေသံများ တိတ်ကာ အပြေးအလွှားတက်လာတဲ့ ခြေသံများကြားလိုက်သည်။
"ဝုန်း"
ချစ်ခြင်းသည် ကျေနပ်ခြင်းများစွာနဲ့ နုတ်ခမ်းတို့ ပြုံးကာ အခန်းတွင်းသို့ ပြန်လည်ပြေးဝင်ပီး တံခါးကိုစောင့်ပိတ်လိုက်သည်။
ချစ်ခြင်း ဆယ်နှစ်အရွယ် ………
အနက်ရောင် တိုက်ပုံဝတ်ရှေ့ နေ၏ အရှေ့ တွင် ကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးနေတဲ့မိဘနှစ်ပါး ကို ဘေးတွေအေးစက်ကာစိုက်ကြည့်နေတဲ့ကလေး တစ်ယောက်ရှိသည် ……။
သူ့ မြေးငယ်ကိုစိုက်ကြည့်ပီးသနားနေတဲ့ အဘိုးဖစ်သူသည် ချိုသည်ခါးသည် ဝင်မပြောပေမဲ့ အလွန်တရာ စိတ်မကောင်းဖြစ်နေဟန်တော့ရှိသည်။
"ကလေးကို ကျွန်မ ခေါ်မယ် "
"ဘယ်ဖြစ်မလဲ ဒါငါ့သား ငါပဲခေါ်ထားမယ်"
"အကုန်ထွက်သွား"
ငြင်းခုန်နေတဲ့ အသံကို ဖြတ်ပီး စူးရှစွာအော်လိုက်သံကြောင့် အကုန်လုံး တအံ့တသြ ကြည့်လာသည်။
ဆယ်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ အသံသည် မာကျော အေးစက်ကာ နာကျည်း ခြင်းတွေစွန်းထင်နေသည်။
"ဘယ်သူ့ မှမလို အပ်ဘူး ခုထွက်သွားကြ"
"သား စိတ်လျော့ပါ။ အဖေတောင်းပန်ပါတယ် …။အဖေတို့ ကို စိတ်နာနေရင်တောင်သားအသက် ငယ်သေးတယ် …မိဘရင်ခွင်မှာနေရမဲ့ အရွယ်ပဲရှိသေးတယ်လေ"
ဖခင်ဖြစ်သူ၏ဖြေရှင်းချော့ မော့သံသည် ကလေးရဲ့ ရင်ထဲကို တိုးဝင်ဟန်မတူ ။
ဖခင်ဖြစ်သူကို နာကျည်းရိပ်စွန်းထင်တဲ့မျက်လုံးနဲ့ တစ်ချက်စိုက်ကြည့်ပီး အေးစက်စက်လေသံဖြင့်တလုံးခြင်းပြောလိုက်သည်။
"မိဘ ရင်ခွင်ဆိုတာ ဘာလဲ ကျွန်တော်တခါမှမကြားဘူးဘူး ။ သိတက်စအရွယ်ကတည်းက တခါလောက်ထွေးပွေ့ ဖူးလား ပြန်စဉ်းစားကြည့်အုန်း "
တစ်ဆက်ထဲအဘိုးဖစ်သူကို လှမ်းပြောကာ ထထွက်သွားသည်။
"ဖေဖေကြီး ကျွန်တော့ကို ဆယ်ရှစ်နှစ်ပြည့်တဲ့အထိ စောင့်ရှောက်ပေးပါ ။ဘယ်သူ့ ထောက်ပံ့မူ့ မှမရချင်သလို သူတို့ နှစ်ယောက်ကိုလည်း ဒီအိမ်မှာ မမြင်ချင်ဘူး ။
ထွက်သွားခိုင်းလိုက်… အဲ့ဒီလိုမှမဟုတ်ရင် ကိုယ့်ကို ကိုယ်သတ်သေလိုက်မယ်"
ထွက်ခွာသွားတဲ့ကျောပြင်ငယ်ကို ကြည့်ပီးမိဘနှစ်ပါးသည် မျက်ရည်လေးစမ်းစမ်းနဲ့ နောင်တရနေဟန်တူပီး ကျန်လူများကစိတ်မကောင်းသလို ကြည့်နေကြသည်။
ထို့ နေမှ စပီး ချစ်ခြင်းပြည့်စုံဆိုတဲ့ အချစ်မရှိတဲ့ကောင်လေး … အချစ်ကို မယုံတဲ့ ကောင်လေးသည်… အေးစက်မာကျောလာတော့သည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz