ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

4

eainsi23

လြန္ခဲ့ေသာ ေလးနွစ္…………

အမိန္ ့အာဏာ ဆယ့္ရွစ္နွစ္ျပည့္ေမြးေန ့ကို ဘိုးဘိုးေထာက္ပံ့ေပးေနတဲ့ မိဘမဲ့ေက်ာင္းမွာ လိုအပ္တဲ့ ေဆးဝါး၊ ေက်ာင္းသံုး ပစၥည္းမ်ား နဲ ့ကေလးေတြအတြက္ ကစားစရာမ်ားကို ေျမးဖိုးနွစ္ေယာက္ လာေရာက္လွဴဒါန္းခဲ့သည္။

အမိန္ ့သည္ သူ ့ေရွ ့တြင္ သူေဝေပးေနတဲ့ ေက်ာပိုးအိတ္နဲ ့အရုပ္တို ့ကို ေပ်ာ္ရႊင္စြာတစ္ေယာက္ခ်င္းတန္းစီယူေနၾကတဲ့ကေလးေတြကို ႀကည္နူးစြာႀကည့္ရင္း ကုသိုလ္ျပဳေပးေဝေနသည္။
တနွစ္တခါ သူ ႔ေမြးေန ႔တိုင္း
ေဂဟာကို လာလွဴ ေလ့ရွိၿပီး လာတိုင္းလည္း ေန ႔တဝက္ခန္ ႔ ကေလးေတြနဲ ့
အခ်ိန္ျဖဳန္းေလ့ ရွိေသာ အမိန္ ႔ကို 
ကေလးေတာ္ေတာ္မ်ားမ်ားခ်စ္ၾကသည္။

"ဟိုကေလးေလး။  ေရာ့ေလ ေငးမေန
နဲ ့  ယူ "

နွစ္နွစ္ေက်ာ္အရြယ္ ကေလးငယ္သည္
ေပးတာကိုမယူပဲ အမိန္ ့ကိုေငးေႀကာင္ႀကည့္ေန၍ ဒူးေထာက္ကာ ခ်စ္စႏုိး ေျပာလိုက္သည္။ တူညီဝတ္စံုေလးမ်ားဝတ္ဆင္ထားတဲ့ ကေလးမ်ားသည္ အလွဴရွင္လာမွသာ ထိုကဲ့သို ႔ ဝတ္ဆင္ရသည္ဆိုေပမဲ့
ျဖဴ စင္ရုိးသားမူ ႔တို ႔က အေပၚယံ အဝတ္ထည္နဲ ့မသက္ဆိုင္စြာ သီးသန္႔ကြဲထြက္ေနသည္။ ပါးေပၚမွာလည္း ပါးကြက္ဝိုင္းေလးမ်ားကို လိမ္းျခယ္ထားၿပီး  အၿပံဳးႏုႏုမ်ားနွင့္  ခ်စ္စရာေကာင္းလွ၏။

ေလာဘေမာဟ ကင္းကာ   ျမင္လိုက္တာနဲ ့ စိတ္နွလံုးေအးခ်မ္းသည္မို ႔အမိန္ ႔ကေတာ့ ေမြးေန ႔တိုင္း အရိပ္ၿမံဳေဂဟာမွာသာ  ကေလးေတြနဲ ့ေဆာ့ကစားရင္း အခ်ိန္ျဖဳန္းေလ့ရွိသည္။

ေပ်ာ္ရႊင္ေနတဲ့ကေလးေတြကိုႀကည့္ပီး သူ ့ဘဝက မိဘမဲ့တာျခင္းတူေပမဲ့ေတာ္ေသးသည္ဟု ဆိုရမည္။ ခ်မ္းသာမူ ႔
ေၾကာင့္ သူ ႔ဘဝဟာ တခါေတာင္
မငိုေႂကြးခဲ့ဖူးေပ။ ဤသည္မွာလည္း
အဘိုးျဖစ္သူရဲ႕  ခ်စ္ခင္သနားမူ ႔ေၾကာင့္ျဖစ္မည္ထင္သည္။
အမိန္ ႔သည္ ငယ္စဥ္ကေလးဘဝကတည္းက မိဘနွစ္ပါးလံုး ဆံုးပါးခဲ့ၿပီး
ဘိုးဘိုး ကသာဒီအ႐ြယ္အထိ ေဘးမသိရန္မခေအာင္  ျပဳစုေစာင့္ေရွာက္ခဲ့ရတာျဖစ္သည္။

အဘိုးျဖစ္သူ ဦးမိုးေကာင္းရဲ႕ အရွိန္အဝါနဲ ့ပိုက္ဆံခ်မ္းသားမူ ႔တို ႔ေၾကာင့္ အမိန္ ႔ဘဝမွာ အစစ္မွန္မ်ားစြာေပ်ာက္ဆံုးခဲ့ရသည္။

အေပၚယံ ပကာသန တပ္မက္မူ ့မ်ား
ကို အမိန္ ႔တကယ္ေၾကာက္သည္။
သူလိုခ်င္တဲ့ ေမတၱာတရားသည္ ပိုင္ဆိုင္မူ ႔နဲ ့ရုပ္ရည္ေၾကာင့္မဟုတ္ပဲ
ရင္ထဲကေပါက္ဖြားလာေသာ အစစ္မွန္ကိုပဲျဖစ္သည္။

ေပးနိုင္ကမ္းနိုင္၍ေပါင္းသင္းႀကတဲ့အေပါင္းသင္းမ်ားစြာေႀကာင့္ အမိန္ ့သည္ ဟန္ေဆာင္တက္တဲ့ လူေတြကိုမယံုေပ။
ေအးတိေအးစက္နဲ ့ လူတိုင္းကို စကားမေျပာပဲ ေက်ာက္စစ္ရုပ္လိုမ်က္နာထားနဲ ့သူက
တကၠသိုလ္ မွာ တေက်ာင္းလံုးKingအျဖစ္နာမည္ႀကီးေသးသည္။
တကယ္ဆို အမိန္ ႔က  ေအးစက္တယ္ထင္ရေပမဲ့  အတြင္းစိတ္သည္
ႏုညံ့ကာ ခ်စ္ခင္တြယ္တာတက္သူျဖစ္သည္။
အမိန္ ႔ရဲ႕ စိတ္ကူးအိမ္မက္သည္
ေနာင္တခ်ိန္ ခ်စ္သူရည္းစားရခဲ့ပါလ်ွင္
ေႏြးေထြးလံုၿခံဳမူ ႔ေပးနိုင္ၿပီး ခ်စ္ခင္ယုယတက္ေသာ  ခ်စ္သူ  ေကာင္းတစ္ေယာက္ျဖစ္ခ်င္ခဲ့တာ ျဖစ္သည္။

ပါလာသမ်ွ အကုန္ ေဝငွေပးေပးၿပီးေနာက္
အမိန္ ႔ သည္ ေဆာ့ကစားေနၾကေသာ ကေလးေတြ ကို ခဏရပ္ၾကည့္ကာ
အရိပ္ၿမံဳ ေဂဟာ အနွံ ့ေလ်ွာက္ပတ္ၾကည့္ဖို ႔စိတ္ကူးလိုက္သည္။
ေလနဲ ့အတူ ခပ္သင္းသင္း ပန္းနံ ့တို ့
သင္းပ်ံ  ့လ်ွက္ရွိေသာ အရိပ္ျမံဳေဂဟာေလးသည္  အမိန္ ႔ကို စစ္မွန္မူ ႔ကိုခံစားရေစသည္။
ဟန္ေဆာင္မ်က္နာဖုံးမ်ား မရွိပဲ လြတ္လပ္ေအးခ်မ္းမူ ့တို ့က သူ ့စိတ္အစံုကို  ေအးျမေန၏။
ေဂဟာမွဴးနဲ ့ေရာက္တုန္းစကားေျပာေနဟန္ရွိတဲ့ ဘိုးဘိုးက ေတာ္ေတာ္နဲ ့ထြက္လာဖို ့မျမင္။ သပ္သပ္ရပ္ရပ္ ရွိတဲ့ အေဆာက္ဦးတို ့ကိုေက်ာခိုင္းရင္း အရိပ္ျမံဳေဂဟာရဲ့ ျခံဝန္းထဲသို ့လမ္းေလ်ွာက္ကာ ေလ်ွာက္ႀကည့္ေနမိသည္။
ျခံထဲတြင္ အရိပ္ရအပင္မ်ားစြာကို စိုက္ပ်ိဳးထားေပမဲ့ပိေတာက္ပင္ နွင့္ ပုန္းညက္ပင္မ်ားကေတာ့ ပိုမ်ား၏။

သေဘာတက် လက္ေနာက္ပစ္ကာ
ေလ်ွာက္ႀကည့္ေနတုန္း တစ္ေနရာေရာက္ေတာ့ အမိန္ ့ဆက္မသြားပဲရပ္တန္ ့သြား၏။
ေျခလွမ္းေျခာက္လွမ္းေလာက္အကြာအေဝး ကေန လွမ္းျမင္လိုက္ရတဲ့ အရိပ္ေလးသည္ သူ ့ရင္ဖက္ေလာက္သာရွိတဲ့ ခပ္ေသးေသးကိုယ္ေလးနဲ  ့မလိုက္ဖက္စြာ
အထုတ္ႀကီးႀကီးတခုကို ဆြဲကာ သြားေနသည္။

ေဘးဖက္ကေန ျမင္ရတဲ့ ပံုေလးသည္
ဆြယ္တာအနီေလးနဲ ့ အျဖဴေရာင္ေဘာင္းဘီရွည္ေလးကို ဝတ္ထားကာ အနက္ေရာင္ ဦးထုတ္အဝိုင္းေလးကို
မ်က္လံဳးတို ့ကို မျမင္ရေအာင္ခပ္ငိုက္ငိုက္ေစာင္းထားသည္။
  အမူအရာႀကည့္ရသည္မွာ ခိုးေႀကာင္ခိုးဝွက္ပံုျဖစ္ပီး ေဘးဘီကို လွည့္ျကည့္ကာ
ေျခလွမ္းတို ့ခပ္သြက္သြက္ သြားေန၏ ။

ဘာလဲ သူခိုးလား ! ဘာမွမရွိတဲ့ ေဂဟာေတာင္ လာခိုးရဲေသးတာလား…ဝတ္ထားတဲ့အဝတ္အစားနဲ ့မလိုက္ …။

စိတ္ပ်က္လက္ပ်က္ ျဖင့္…ထိုေကာင္ေလးဆီေျပးသြားကာ …လက္ကေနလွမ္းဆြဲလိုက္၏။

"ဒီမွာ …လက္ထဲက ဘာေတြလဲ မင္းသူခိုး…ခိုး ……"

လက္ဖ်ားကေန…အားနဲ ့လွမ္းဆြဲလိုက္တာေႀကာင့္  ရင္ခြင္ထဲေထြးကနဲ က်လာ၏။ အိစက္လွတဲ့ အေတြ ႕အထိက
လူမျမင္ရေသးဘူး  စိတ္နွလံုးကို
ကေသာင္းကနင္း ျဖစ္သြားသလို ပင္။

ဆြဲကိုင္ထားတဲ့လက္ဖ်ားေလးက ဝါဂြမ္းလို ႏုညံ့မူ ႔နဲ ့အတူ  ေမာ့ႀကည့္လိုက္တဲ့ မဲနက္ေကာ့ရႊန္းေနေသာ မ်က္ဝန္းေလးေၾကာင့္  အမိန္ ့စကားေတြ ရပ္တန္ ့သြားသည္။

*လွလိုက္တာ လွလိုက္တာ တအားကိုပဲ။*

နူတ္ကထြက္မလာတဲ့ သူရင္ထဲက အႀကိမ္ႀကိမ္ေအာ္ေနတဲ့စကားလံုးစုေလးက လွလိုက္တာတဲ့လား။

လူႀကီးေတြေျပာတဲ့သမင္မ်က္လံုးေလးဆိုတာ ဒါမ်ိဳးေလးလား …။
လွရက္လိုက္တာ မ်ား ။
ထူထဲပီးေကာ့ရြန္းေနတဲ့မ်က္ေတာင္ဖ်ားေလးေတြ ……။
ႀကည္လဲ့ေနတဲ့ မ်က္သားမ်ား တည္ရွိေနတဲ့ နက္ေမွာင္ေနတဲ့မ်က္ဆံေလးေတြ…။

အမိန္ ႔ကို တကယ္ပင္အသက္ရွဴ မွားေစတဲ့အလွတရား။
ေလာကႀကီးဟာ ကေျပာင္းကျပန္ျဖစ္သြားသလို အမိန္ ႔အာဏာသည္လည္း
စကားေျပာဖို ႔ေမ ့သြားသည္။
အၾကည့္တို ႔လႊဲဖယ္ရမွာကိုပင္နွေျမာလွသည္မို ႔  မ်က္စိေရွ ႔က သူ ကို
စူးစိုက္ၿပီးသာ ၾကည့္ေနမိသည္။

တစကၠန္ ့…

နွစ္စကၠန္ ့…

ခပ္လွဳပ္လွဳပ္ဖစ္လာတဲ့မ်က္ေတာင္ေလးေတြေႀကာင့္  မခတ္ ပါနဲ ့မခတ္လိုက္ပါနဲ ့ဟုဆုေတာင္းေသာ္လည္း………

တဖ်တ္ဖ်တ္ခတ္လိုက္ေသာအခါမွာ ……

"ဒိန္ း !!!!"

ရင္ဖက္ အျပင္သို ႔ခုန္ထြက္သြားသေယာင္ ခပ္ျပင္းျပင္းေစာင့္ခုန္လိုက္တဲ့ သူနွလံုးသားေႀကာင့္ တကိုယ္လံုးအေသြးသားေတြဆူပြတ္ကုန္၏

သြားျပီ  ။

နွစ္စကၠန္ ့အတြင္းမွာ ေယာက်ာ္းတစ္ေယာက္ရဲ႕
မ်က္ေတာင္တခ်က္အခတ္ နဲ တစ္မိုးေအာက္ အမိန္ ့အာဏာဆိုတဲ့ အေခ်ကိုယ္ေတာ္က ေကြးရုံတင္မကဘူး စပလိန္လို…လိန္ပိန္ေခြေခါက္သြား၏ ။
တေလာကလံုးသည္ တိတ္ဆိတ္ သြားပီး  ဒိတ္ ဒိတ္ ဒိတ္ နဲ ့ သူ ့နွလံုးခုန္သံအက်ယ္ႀကီးသာႀကားေနရသည္။ ထို ႔ေနာက္
လ်ွင္ျမန္ေသာ အရာတစ္ခုက မ်က္စိေရွ ႔ကို တည့္တည့္တိုးဝင္လာ၏။

"ခြပ္ ! "

ျပင္းထန္တဲ့ လက္သီးခ်က္ သည္ ညာဘက္ မ်က္လံုးကို  ပိန္းပိန္းေမွာင္သြားေစၿပီး
သမင္မ်က္လံုးေလးအစား
ျကယ္ေတြလေတြကိုသာ ေျပာင္းျမင္လာသည္ထိ သူအသိစိတ္မကပ္ေတာ့ေပ။

သူ ဘာျဖစ္သြားတာလဲ……

-----------------

အရိပ္ၿမံဳ ေဂဟာ၏ခပ္က်ဥ္းက်ဥ္း ရုံးခန္းထဲတြင္ သူေဌးႀကီးဦးမိုးေကာင္းသည္ မ်က္စိေရွ ့က အေျခအေနကို နားမလည္
နိုင္ျဖစ္ေနသည္။

တဖက္တြင္ ခ်စ္လွစြာေသာ ေျမးငယ္က
မ်က္ကြင္းတစ္ဖက္ညိဳကာ အသိစိတ္မကပ္သလို  အျခားတဖက္မွာလည္း ေအးတိေအးစက္နဲ ့ နွင္းမွဳံေလးမ်ားနဲ ့တူတဲ့ သက္ရွိ ပန္းပုရုပ္ေလးက တည္တင္းကာ
ထိုင္ေနေလသည္။

စိတ္ပ်က္စရာက ထိုေကာင္ေလးကို သူ ႔ေျမးအမိန္ ႔အာဏာက  ျပံဳးျပံဳးႀကီးထိုင္ေငးေနျခင္းျဖစ္သည္။

ေၾကာင္ေတာင္ေတာင္နဲ ့
စပ္ၿဖဲၿဖဲျဖစ္ေနေသာ ရုပ္ေၾကာင့္ ျပသနာကို စတင္ေမးျမန္းလိုက္သည္။

"ေျပာ  ..ဒါက  ဘယ္လိုျဖစ္က်တာလဲ  "

"က်ြန္ေတာ့္ကို သူ ဆြဲလားရမ္းလား
လုပ္လို ့ထိုးလိုက္တာ "

ခ်က္ျခင္းျပန္ေျဖလာတဲ့ တဖက္က ေကာင္ေလးသည္ လူနဲ ့လိုက္ဖက္ေအာင္ႀကည္ေအးေနတဲ့ အသံကိုလဲပိုင္ဆိုင္သည္။

"ကို မိန္ ့ ဘိုးဘိုးေမးေနတယ္ေလ "

ေခြးေလးေႀကာင္ေလးေတာင္ ကိုယ့္ ဖက္ကနိုင္မွ ႀကိဳက္တာမို ့လား။ကိုယ့္ေျမးအေႀကာင္းကိုယ္သိသည္မို ့တဖက္က စကားကို ဦးမိုးေကာင္းမသိခ်င္ေယာင္ေဆာင္ကာ ထပ္ေမးလိုက္သည္။ ေႀကာင္ေတာင္ေတာင္သူေျမးက သူ ့ေမးတာကို ျပန္မေျဖသလို ဟိုေကာင္ေလးကိုသာ တစိမ့္စိမ့္ႀကည့္ေန၏
မ်က္နာေတြ ပူလာသလို ခံစားလာရသည္ထိ သူ ့ေျမးရဲ့ မ်က္နွာေပးကို နားရင္းရုိက္ခ်င္စိတ္ေတာင္ေပါက္လာသည္။

တယ္ …ဒီေခြး…။

"ဟို ဒီလိုရွိပါတယ္ ဆရာႀကီး…။
ဒီဖက္က  ကေလးက ေဂဟာမွာ ကေလးေတြကိုပန္းခ်ီဆြဲ
သင္ေပးေနတဲ့ ပညာဒါန ဆရာေလးပါ ။
ကိုမိန္ ့က ဆရာေလးအထုတ္ပိုးေတြကိုမနိုင္မနင္းဆြဲျပန္လာေတာ့ အထင္မွားပီးဆြဲလားရမ္းလားျဖစ္ပံု ရပါတယ္ "

ျခံေစာင့္ ဦးေလးႀကီးက အလ်င္အျမန္ဝင္ေျဖေပးလို ့ ျပသနာအေႀကာင္းကို သိလိုက္ေပမဲ့ ေျမးဖစ္သူေႀကာင့္ ေသြးေတြေတာင္တိုးလာရသည္။

"ဒီဖက္က ဘိုးဘိုး……
အေျခအေနကို သိျပီးပီဆိုရင္ျပန္လို ့ရပီထင္တယ္…။
သားသမီးယံု စံုလံုးကန္းတဲ့ ႀကားဘူးတယ္ မို ့လား ေနာက္ဆို …
ကိုယ့္ေျမးအမွန္ပဲထင္ပီးစြတ္ယံုမေနပါနဲ ့
ဘိုးဘိုးႀကီးေျမး အေျခအေနကို ေသခ်ာေမးျမန္းၾကည့္ၿပီးမွဆံုးျဖတ္ပါ … "

ေျပာသြားတာျပတ္သည္။
ရုိင္းသလို ထင္ရေပမဲ့ ေရွး ဆုေတာင္းေကာင္းသူသည္ ေအးစက္ေနတဲ့မ်က္ဝန္း တို ့ျဖင့္ လူတိုင္းေလးစားအားက်ရတဲ့သူေဌႀကီး ဦးမိုးေကာင္းကို ေျပာသြားတာက ဆန္းတာျဖစ္သည္။
ပါးစပ္အေဟာင္းသားနဲ ့ဦးမိုးေကာင္းသည္ ထြက္သြားတဲ့ေက်ာျပင္ငယ္ကိုသာ ေငးႀကည့္ေနေတာ့သည္။
တသက္မွတခါ သူေျမးထက္ငယ္မယ္ထင္ရတဲ့ကေလးေလးက ေျပာသြားတာေႀကာင့္ သူ ့အတြက္ အေတာ္ဆန္းႀကယ္တဲ့ျဖစ္ရပ္ျဖစ္ခဲ့သည္။

ခ်စ္တဲ့အိမ္စည္။

_______________

လွန်ခဲ့သော လေးနှစ်…………

အမိန့် အာဏာ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ ကို ဘိုးဘိုးထောက်ပံ့ပေးနေတဲ့ မိဘမဲ့ကျောင်းမှာ လိုအပ်တဲ့ ဆေးဝါး၊ ကျောင်းသုံး ပစ္စည်းများ နဲ့ ကလေးတွေအတွက် ကစားစရာများကို မြေးဖိုးနှစ်ယောက် လာရောက်လှူဒါန်းခဲ့သည်။

အမိန့် သည် သူ့ ရှေ့ တွင် သူဝေပေးနေတဲ့ ကျောပိုးအိတ်နဲ့ အရုပ်တို့ ကို ပျော်ရွှင်စွာတစ်ယောက်ချင်းတန်းစီယူနေကြတဲ့ကလေးတွေကို ကြည်နူးစွာကြည့်ရင်း ကုသိုလ်ပြုပေးဝေနေသည်။
တနှစ်တခါ သူ့ မွေးနေ့ တိုင်း
ဂေဟာကို လာလှူ လေ့ရှိပြီး လာတိုင်းလည်း နေ့ တဝက်ခန့်  ကလေးတွေနဲ့
အချိန်ဖြုန်းလေ့ ရှိသော အမိန့် ကို 
ကလေးတော်တော်များများချစ်ကြသည်။

"ဟိုကလေးလေး။  ရော့လေ ငေးမနေ
နဲ့   ယူ "

နှစ်နှစ်ကျော်အရွယ် ကလေးငယ်သည်
ပေးတာကိုမယူပဲ အမိန့် ကိုငေးကြောင်ကြည့်နေ၍ ဒူးထောက်ကာ ချစ်စနိုး ပြောလိုက်သည်။ တူညီဝတ်စုံလေးများဝတ်ဆင်ထားတဲ့ ကလေးများသည် အလှူရှင်လာမှသာ ထိုကဲ့သို့  ဝတ်ဆင်ရသည်မို့ 
အကုန် ပါးကွက်ဝိုင်းလေးများဖြင့်
သန့် ရှင်းသပ်ရပ်ကာ ချစ်စရာကောင်းလှ၏။ လေဘမောဟ ကင်းကာ   မြင်လိုက်တာနဲ့  စိတ်နှလုံးအေးချမ်းသည်မို့ အမိန့် ကတော့ မွေးနေ့ တိုင်း အရိပ်မြုံဂေဟာမှာသာ  ကလေးတွေနဲ့ ဆော့ကစားရင်း အချိန်ဖြုန်းလေ့ရှိသည်။

ပျော်ရွှင်နေတဲ့ကလေးတွေကိုကြည့်ပီး သူ့ ဘဝက မိဘမဲ့တာခြင်းတူပေမဲ့တော်သေးသည်ဟု ဆိုရမည်။ ချမ်းသာမူ့
ကြောင့် သူ့ ဘဝဟာ တခါတောင်
မငိုကြွေးခဲ့ဖူးပေ။ ဤသည်မှာလည်း
အဘိုးဖြစ်သူရဲ့  ချစ်ခင်သနားမူ့ ကြောင့်ဖြစ်မည်ထင်သည်။
အမိန့် သည် ငယ်စဉ်ကလေးဘဝကတည်းက မိဘနှစ်ပါးလုံး ဆုံးပါးခဲ့ပြီး
ဘိုးဘိုး ကသာဒီအရွယ်အထိ ဘေးမသိရန်မခအောင်  ပြုစုစောင့်ရှောက်ခဲ့ရတာဖြစ်သည်။

အဘိုးဖြစ်သူ ဦးမိုးကောင်းရဲ့ အရှိန်အဝါနဲ့ ပိုက်ဆံချမ်းသားမူ့ တို့ ကြောင့် အမိန့် ဘဝမှာ အစစ်မှန်များစွာပျောက်ဆုံးခဲ့ရသည်။

အပေါ်ယံ ပကာသန တက်မက်မူ့ များ
ကို အမိန့် တကယ်ကြောက်သည်။
သူလိုချင်တဲ့ မေတ္တာတရားသည် ပိုင်ဆိုင်မူ့ နဲ့ ရုပ်ရည်ကြောင့်မဟုတ်ပဲ
ရင်ထဲကပေါက်ဖွားလာသော အစစ်မှန်ကိုပဲဖြစ်သည်။

ပေးနိုင်ကမ်းနိုင်၍ပေါင်းသင်းကြတဲ့အပေါင်းသင်းများစွာကြောင့် အမိန့် သည် ဟန်ဆောင်တက်တဲ့ လူတွေကိုမယုံပေ။
အေးတိအေးစက်နဲ့  လူတိုင်းကို စကားမပြောပဲ ကျောက်စစ်ရုပ်လိုမျက်နာထားနဲ့ သူက
တက္ကသိုလ် မှာ တကျောင်းလုံးKingအဖြစ်နာမည်ကြီးသေးသည်။
တကယ်ဆို အမိန့် က  အေးစက်တယ်ထင်ရပေမဲ့  အတွင်းစိတ်သည်
နုညံ့ကာ ချစ်ခင်တွယ်တာတက်သူဖြစ်သည်။
အမိန့် ရဲ့ စိတ်ကူးအိမ်မက်သည်
နောင်တချိန် ချစ်သူရည်းစားရခဲ့ပါလျှင်
နွေးထွေးလုံခြုံမူ့ ပေးနိုင်ပြီး ချစ်ခင်ယုယတက်သော  ချစ်သူ  ကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တာ ဖြစ်သည်။

ပါလာသမျှ အကုန် ဝေငှပေးပေးပြီးနောက်
အမိန့်  သည် ဆော့ကစားနေကြသော ကလေးတွေ ကို ခဏရပ်ကြည့်ကာ
အရိပ်မြုံ ဂေဟာ အနှံ့ လျှောက်ပတ်ကြည့်ဖို့ စိတ်ကူးလိုက်သည်။
လေနဲ့ အတူ ခပ်သင်းသင်း ပန်းနံ့ တို့
သင်းပျံ့လျှက်ရှိသော အရိပ်မြုံဂေဟာလေးသည်  အမိန့် ကို စစ်မှန်မူ့ ကိုခံစားရစေသည်။
ဟန်ဆောင်မျက်နာဖုံးများ မရှိပဲ လွတ်လပ်အေးချမ်းမူ့ တို့ က သူ့ စိတ်အစုံကို  အေးမြနေ၏။
ဂေဟာမှူးနဲ့ ရောက်တုန်းစကားပြောနေဟန်ရှိတဲ့ ဘိုးဘိုးက တော်တော်နဲ့ ထွက်လာဖို့ မမြင်။ သပ်သပ်ရပ်ရပ် ရှိတဲ့ အဆောက်ဦးတို့ ကိုကျောခိုင်းရင်း အရိပ်မြုံဂေဟာရဲ့ ခြံဝန်းထဲသို့ လမ်းလျှောက်ကာ လျှောက်ကြည့်နေမိသည်။
ခြံထဲတွင် အရိပ်ရအပင်များစွာကို စိုက်ပျိုးထားပေမဲ့ပိတောက်ပင် နှင့် ပုန်းညက်ပင်များကတော့ ပိုများ၏

သဘောတကျ လက်နောက်ပစ်ကာ
လျှောက်ကြည့်နေတုန်း တစ်နေရာရောက်တော့ အမိန့် ဆက်မသွားပဲရပ်တန့် သွား၏။
ခြေလှမ်းခြောက်လှမ်းလောက်အကွာအဝေး ကနေ လှမ်းမြင်လိုက်ရတဲ့ အရိပ်လေးသည် သူ့ ရင်ဖက်လောက်သာရှိတဲ့ ခပ်သေးသေးကိုယ်လေးနဲ့မလိုက်ဖက်စွာ
အထုတ်ကြီးကြီးတခုကို ဆွဲကာ သွားနေသည်။

ဘေးဖက်ကနေ မြင်ရတဲ့ ပုံလေးသည်
ဆွယ်တာအနီလေးနဲ့  အဖြူရောင်ဘောင်းဘီရှည်လေးကို ဝတ်ထားကာ အနက်ရောင် ဦးထုတ်အဝိုင်းလေးကို
မျက်လုံးတို့ ကို မမြင်ရအောင်ခပ်ငိုက်ငိုက်စောင်းထားသည်။
  အမူအရာကြည့်ရသည်မှာ ခိုးကြောင်ခိုးဝှက်နဲ့ ဖြစ်ပီး ဘေးဘီကို လှည့်ကြည့်ကာ
ခြေလှမ်းတို့ ခပ်သွက်သွက် သွားနေ၏ ။

ဘာလဲ သူခိုးလား ! ဘာမှမရှိတဲ့ ဂေဟာတောင် လာခိုးရဲသေးတာလား…ဝတ်ထားတဲ့အဝတ်အစားနဲ့ မလိုက် …။

စိတ်ပျက်လက်ပျက် ဖြင့်…ထိုကောင်လေးဆီပြေးသွားကာ …လက်ကနေလှမ်းဆွဲလိုက်၏။

"ဒီမှာ …လက်ထဲက ဘာတွေလဲ မင်းသူခိုး…ခိုး ……"

လက်ဖျားကနေ…အားနဲ့ လှမ်းဆွဲလိုက်တာကြောင့်  ရင်ခွင်ထဲထွေးကနဲ ကျလာ၏။ အိစက်လှတဲ့ အတွေ့ အထိက
လူမမြင်ရသေးဘူး  စိတ်နှလုံးကို
ကသောင်းကနင်း ဖြစ်သွားသလို ပင်။

ဆွဲကိုင်ထားတဲ့လက်ဖျားလေးက ဝါဂွမ်းလို နုညံ့မူ့ နဲ့ အတူ  မော့ကြည့်လိုက်တဲ့ မဲနက်ကော့ရွှန်းနေသော မျက်ဝန်းလေးကြောင့်  အမိန့် စကားတွေ ရပ်တန့် သွားသည်။

*လှလိုက်တာ လှလိုက်တာ တအားကိုပဲ။*

နူတ်ကထွက်မလာတဲ့ သူရင်ထဲက အကြိမ်ကြိမ်အော်နေတဲ့စကားလုံးစုလေးက လှလိုက်တာတဲ့လား။

လူကြီးတွေပြောတဲ့သမင်မျက်လုံးလေးဆိုတာ ဒါမျိုးလေးလား …။
လှရက်လိုက်တာ များ ။
ထူထဲပီးကော့ရွန်းနေတဲ့မျက်တောင်ဖျားလေးတွေ ……။
ကြည်လဲ့နေတဲ့ မျက်သားများ တည်ရှိနေတဲ့ နက်မှောင်နေတဲ့မျက်ဆံလေးတွေ…။

အမိန့် ကို တကယ်ပင်အသက်ရှူ မှားစေတဲ့အလှတရား။
လောကကြီးဟာ ကပြောင်းကပြန်ဖြစ်သွားသလို အမိန့် အာဏာသည်လည်း
စကားပြောဖို့ မေ့ သွားသည်။
အကြည့်တို့ လွှဲဖယ်ရမှာကိုပင်နှမြောလှသည်မို့   မျက်စိရှေ့ က သူ ကို
စူးစိုက်ပြီးသာ ကြည့်နေမိသည်။

တစက္ကန့် …

နှစ်စက္ကန့် …

ခပ်လှုပ်လှုပ်ဖစ်လာတဲ့မျက်တောင်လေးတွေကြောင့်  မခတ် ပါနဲ့ မခတ်လိုက်ပါနဲ့ ဟုဆုတောင်းသော်လဲ………

တဖျတ်ဖျတ်ခတ်လိုက်သောအခါမှာ ……

"ဒိန်း !!!!"

ရင်ဖက် အပြင်သို့ ခုန်ထွက်သွားသယောင် ခပ်ပြင်းပြင်းစောင့်ခုန်လိုက်တဲ့ သူနှလုံးသားကြောင့် တကိုယ်လုံးအသွေးသားတွေဆူပွတ်ကုန်၏

သွားပြီ  ။

နှစ်စက္ကန့် အတွင်းမှာ ယောကျာ်းတစ်ယောက်ရဲ့
မျက်တောင်တချက်အခတ် နဲ တစ်မိုးအောက် အမိန့် အာဏာဆိုတဲ့ အချေကိုယ်တော်က ကွေးရုံတင်မကဘူး စပလိန်လို…လိန်ပိန်ခွေခေါက်သွား၏ ။
တလောကလုံးသည် တိတ်ဆိတ် သွားပီး  ဒိတ် ဒိတ် ဒိတ် နဲ့  သူ့ နှလုံးခုန်သံအကျယ်ကြီးသာကြားနေရသည်။ ထို့ နောက်
လျှင်မြန်သော အရာတစ်ခုက မျက်စိရှေ့ ကို တည့်တည့်တိုးဝင်လာ၏။

"ခွပ် ! "

ပြင်းထန်တဲ့ လက်သီးချက် သည် ညာဘက် မျက်လုံးကို  ပိန်းပိန်းမှောင်သွားစေပြီး
သမင်မျက်လုံးလေးအစား
ကြယ်တွေလတွေကိုသာ ပြောင်းမြင်လာသည်ထိ သူအသိစိတ်မကပ်တော့ပေ။

သူ ဘာဖြစ်သွားတာလဲ……

-----------------

အရိပ်မြုံ ဂေဟာ၏ခပ်ကျဉ်းကျဉ်း ရုံးခန်းထဲတွင် သူဌေးကြီးဦးမိုးကောင်းသည် မျက်စိရှေ့ က အခြေအနေကို နားမလည်
နိုင်ဖြစ်နေသည်။

တဖက်တွင် ချစ်လှစွာသော မြေးငယ်က
မျက်ကွင်းတစ်ဖက်ညိုကာ အသိစိတ်မကပ်သလို  အခြားတဖက်မှာလဲ အေးတိအေးစက်နဲ့  နှင်းမှုံလေးများနဲ့ တူတဲ့ သက်ရှိ ပန်းပုရုပ်လေးက တည်တင်းကာ
ထိုင်နေလေသည်။

စိတ်ပျက်စရာက ထိုကောင်လေးကို သူ့ မြေးအမိန့် အာဏာက  ပြုံးပြုံးကြီးထိုင်ငေးနေခြင်းဖြစ်သည်။

ကြောင်တောင်တောင်နဲ့
စပ်ဖြဲဖြဲဖြစ်နေသော ရုပ်ကြောင့် ပြသနာကို စတင်မေးမြန်းလိုက်သည်။

"ပြော  ..ဒါက  ဘယ်လိုဖြစ်ကျတာလဲ  "

"ကျွန်တော့်ကို သူ ဆွဲလားရမ်းလား
လုပ်လို့ ထိုးလိုက်တာ "

ချက်ခြင်းပြန်ဖြေလာတဲ့ တဖက်က ကောင်လေးသည် လူနဲ့ လိုက်ဖက်အောင်ကြည်အေးနေတဲ့ အသံကိုလဲပိုင်ဆိုင်သည်။

"ကို မိန့်  ဘိုးဘိုးမေးနေတယ်လေ "

ခွေးလေးကြောင်လေးတောင် ကိုယ့် ဖက်ကနိုင်မှ ကြိုက်တာမို့ လား။ကိုယ့်မြေးအကြောင်းကိုယ်သိသည်မို့ တဖက်က စကားကို ဦးမိုးကောင်းမသိချင်ယောင်ဆောင်ကာ ထပ်မေးလိုက်သည်။ ကြောင်တောင်တောင်သူမြေးက သူ့ မေးတာကို ပြန်မဖြေသလို ဟိုကောင်လေးကိုသာ တစိမ့်စိမ့်ကြည့်နေ၏
မျက်နာတွေ ပူလာသလို ခံစားလာရသည်ထိ သူ့ မြေးရဲ့ မျက်နှာပေးကို နားရင်းရိုက်ချင်စိတ်တောင်ပေါက်လာသည်။

တယ် …ဒီခွေး…။

"ဟို ဒီလိုရှိပါတယ် ဆရာကြီး…။
ဒီဖက်က  ကလေးက ဂေဟာမှာ ကလေးတွေကိုပန်းချီဆွဲ
သင်ပေးနေတဲ့ ပညာဒါန ဆရာလေးပါ ။
ကိုမိန့် က ဆရာလေးအထုတ်ပိုးတွေကိုမနိုင်မနင်းဆွဲပြန်လာတော့ အထင်မှားပီးဆွဲလားရမ်းလားဖြစ်ပုံ ရပါတယ် "

ခြံစောင့် ဦးလေးကြီးက အလျင်အမြန်ဝင်ဖြေပေးလို့  ပြသနာအကြောင်းကို သိလိုက်ပေမဲ့ မြေးဖစ်သူကြောင့် သွေးတွေတောင်တိုးလာရသည်။

"ဒီဖက်က ဘိုးဘိုး……
အခြေအနေကို သိပြီးပီဆိုရင်ပြန်လို့ ရပီထင်တယ်…။
သားသမီးယုံ စုံလုံးကန်းတဲ့ ကြားဘူးတယ် မို့ လား နောက်ဆို …
ကိုယ့်မြေးအမှန်ပဲထင်ပီးစွတ်ယုံမနေပါနဲ့ 
ဘိုးဘိုးကြီးမြေး အခြေအနေကို သေချာမေးမြန်းကြည့်ပြီးမှဆုံးဖြတ်ပါ … "

ပြောသွားတာပြတ်သည်။
ရိုင်းသလို ထင်ရပေမဲ့ ရှေး ဆုတောင်းကောင်းသူသည် အေးစက်နေတဲ့မျက်ဝန်း တို့ ဖြင့် လူတိုင်းလေးစားအားကျရတဲ့သူဌေကြီး ဦးမိုးကောင်းကို ပြောသွားတာက ဆန်းတာဖြစ်သည်။
ပါးစပ်အဟောင်းသားနဲ့ ဦးမိုးကောင်းသည် ထွက်သွားတဲ့ကျောပြင်ငယ်ကိုသာ ငေးကြည့်နေတော့သည်။
တသက်မှတခါ သူမြေးထက်ငယ်မယ်ထင်ရတဲ့ကလေးလေးက ပြောသွားတာကြောင့် သူ့ အတွက် အတော်ဆန်းကြယ်တဲ့ဖြစ်ရပ်ဖြစ်ခဲ့သည်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz