ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

43

eainsi23

  မနက္ ေလးနာရီခြဲခန္ ႔အခ်ိန္။

ေနေရာင္မရွိေသးတဲ့ လမ္းမေပၚတြင္ ျဖတ္သန္းသြားလာေနၾကေသာ ကားမ်ားမရွိသေလာက္ ရွင္းလင္းေန၏။

လမ္းမီးေရာင္ သဲ့သဲ့ေအာက္တြင္  အမိန္ ့တို ့စီးလာတဲ့ ကားနက္ေလးက ျမန္ျမန္ဆန္ဆန္ ေျပးလို ႔ေန၏။

ေဘးမွန္ကို ခ်ထားသည္မို ႔ အ ျပင္က တိုးဝင္လာတဲ့  ေလ ေအးေအးကို  အမိန္ ႔ ထိေတြ ့ခံစားေနရသည္။  

မနက္ခင္းေစာေစာ  အိပ္ေရးမဝေနေသာ စိတ္ကို ေလႏုေအးတို ႔က လန္းဆန္းတက္ႂကြေစ၏။ ေဘးမွာထိုင္ေနတဲ့ ခ်စ္ျခင္းဖက္ကို လွည့္ၾကည့္ေတာ့လည္း အိပ္ခ်င္ေနေသးပံုမို ႔

" အခ်စ္ အိပ္ခ်င္ရင္ အိပ္လိုက္ဦး တေရးေလာက္။  ေမာင္နားမွ နွဳိးေပးမယ္ "

" အင္း ဒါဆို ခနအိပ္ဦးမယ္ မင္းငွက္ေပါက္ေလးေတြကို ႀကည့္လိုက္ဦး  မွန္ခ် လိမ့္မယ္"

ခရီးမထြက္ဘူးတဲ့ ကေလးနွစ္ေယာက္ကိုပါ သတိတရ  အသိေပးပီး ခ်စ္ျခင္း အိပ္ဖို ့ျပင္လိုက္သည္။ သူတို ့သားအဖ ဘယ္လိုေနႀကေနႀက ခ်စ္ျခင္းကေတာ့အိပ္ေတာ့မည္။ 

ေနာက္မွီကို လွန္ခ်ကာ ေစာင္ပိုင္းေလးခါးထိ ဆြဲတင္ပီး မ်က္လံုးမွိတ္သြားတဲ့ ခ်စ္ျခင္းက ကေလးေတြကို သူ ႔လက္ထဲ စိတ္ခ်က္လက္ခ်က္ အပ္၍ အိပ္ေလၿပီ။

ေနာက္မွန္ကေန သူ ငွက္ေပါက္ေတြကို
ဂရုတစိုက္လွမ္းၾကည့္မိသည္။

ကားေပၚခင္းလို ့ရတဲ့ ေမြ ့ယာကို အိပ္ရေအာင္  ခင္းေပးထားတာမို ့ ေမာင္နွမ နွစ္ေယာက္သည္ မျမင္ရေသးတဲ့ ပတ္ဝန္းက်င္ကို စိတ္မဝင္စားေသးပဲ တစ္ေယာက္နဲ ့တစ္ေယာက္ဖက္အိပ္ေနႀကသည္။

ေဒၚႀကည္ကေတာ့ အျပင္သိပ္မထြက္ရသူပီပီ လန္းဆန္းကာ ေဘးဘီေငးေမာေနသည္မို ့

"ေဒၚႀကည္ တေရးအိပ္လိုက္ပါ့လား ေစာေသးတယ္ေလ "

" ရပါတယ္ အကိုေလး။ ေဒၚႀကည္က အသက္ႀကီးလာလို ့လားမသိဘူး သိပ္အိပ္မေပ်ာ္ေတာ့ဘူး  ။"

"ဟုတ္ပါ့   မ်က္စိေရွ ့တင္ ေဒၚႀကည္ေတာင္တျဖည္းျဖည္း အသက္ေျခာက္ဆယ္ျပည့္ေတာ့မယ္ေနာ္  ။ ဘိုးဘိုးႀကီးကိုေတာင္  သြားနိုင္၊ လာနိုင္ေနတာနဲ ့တခါတေလ  ရွစ္ဆယ္ ေက်ာ္ေနတာကို ေမ့ေမ့ေနတာ ။ "

"ဟုတ္ပါ့ "

ေနာက္ခန္းက ေဒၚႀကည္နဲ ့အမိန္ ့တို ့စကားတေျပာေျပာနဲ ့ ေမာင္းလာခဲ့တာ ေရာင္နီေတာင္ ထြက္လာ၏။   အျမန္လမ္းမႀကီး ေပၚမွာ ေမာင္းလာရင္း အေနာက္က ဘိုးဘိုးတို ့စီးလာတဲ့ ကားကိုလည္း ပါမပါႀကည့္ရေသးသည္။  အေတာ္အသင့္ေနထြက္လာမွ ပထမဆံုးနုိးလာသူက ခ်စ္လြန္းေလး

"ဒယ္ဒီ "

"  အာ ဒယ္ဒီ့ အသည္းေလး နိုးပီလား "

"ဟုတ္ morning ဒယ္ဒီ "

"morning  မီးမီး "

အိပ္ခ်င္မူးတူးေလးထတိုင္ပီး ပတ္ဝန္းက်င္ကို စပ္စုေနတဲ့ အလြန္းကို ကားမွန္ကေနႀကည့္ပီး  အမိန္ ့ဆိုလိုက္၏။

"ဒယ္ဒီ မီးမီး ရူးေပါက္ခ်င္တယ္ "

တလွဳပ္လွဳပ္နဲ ့ေနာက္ထပ္ နိုးလားပီး မ်က္လံုးကို လက္ခံုနဲ ့ပြတ္ပီးထထိုင္လာသူက အေသာ ။

"အင္းး… ဒယ္…  ဒီ"

" morning အေသာ  ။ ဟုတ္ပီအလြန္းေလး ဒယ္ဒီ ေရွ ့နားဆို မနက္စာ စားေတာ့မွာ အဲ့က်မွ လိုက္တည္ေပးမယ္ ။ ခဏ ေတာ့ေစာင့္ေပးလို ့ရမလား အသည္းေလး"

"ဟုတ္ကဲ့ ဒယ္ဒီ "

အမိန္ ့ဆီအာရုံမရေတာ့ပဲ ေမာင္ျဖစ္သူရဲ့ ဆံပင္ေကာက္ေကာက္ေလးေတြကို ေက်ာပိုးအိတ္ထဲက ဘီးေသးေသးေလးထုတ္ပီးရွင္းေပးေနသည္မို ့အမိန္ ့ ကားကိုသာ ေသခ်ာ ျပန္လွည့္ပီးဂရုစိုက္ေမာင္းေနလိုက္သည္။

"အခ်စ္  ထပါဦး   "

ေစာင္ေပၚက လက္ေလးကို လွမ္းဆြဲပီး ဖြဖြေလးလွဳပ္နိုးလိုက္သည္။

" ေရာက္ပီလား "

အိပ္ခ်င္စိတ္ေပ်ာက္ဟန္မတူပဲ မ်က္လံုးမဖြင့္ပဲေရာက္ပီလားေမးေနတဲ့ အခ်စ္ကို မရယ္အားေသး ။

"ဘယ္ကသာ  ထေတာ့ ခ်စ္ျခင္း  ။ အလြန္းေလးအေပါ့သြားခ်င္လို ့တဲ့ ေမာင္ေရွ ့နားက ဆိုင္မွာဝင္လိုက္ေတာ့မယ္ ။ ေဖႀကီးတို ့ဆီဖုန္းဆက္ေပးအုန္း "

"အင္း ခဏ "

ေျပာပီး ေဖႀကီးဖုန္းနံပါတ္ကို ခ်စ္ျခင္းေခၚလိုက္ေတာ့ ခ်က္ျခင္းတန္းကိုင္သည္။

"ေဖႀကီးေရွ ့နားကဆိုင္ဝင္မလို ့ …ဟုတ္ အလြန္းေလးက အေပါ့သြားခ်င္လို ့ဆိုလို ့တခါထဲနားမလားလို ့"

"……"

"ဟုတ္ဒါဆို ဝင္ပီေနာ္ "

ဖုန္းခ်ပီးမွ ေမာင့္ဖက္ကိုလွည့္ကာ

" ဝင္လိုက္တဲ့ ေနာက္က ပါတယ္တဲ့ "

ကားေလးသည္ အေတာ္အသင့္ သန္ ့ရွင္းသပ္ရပ္တဲ့ စားေသာက္ဆိုင္ခပ္ႀကီးႀကီး ရွိရာကို ခ်ိဳးေကြ ့လိုက္သည္။

ပတ္ဝန္းက်င္ကလည္း အျမန္လမ္းမႀကီးေပၚမွာဆိုေတာ့
ဆိုင္တစ္ဆိုင္နွစ္ဆိုင္ေလာက္သာရွိပီး ေျခာက္ေျခာက္ကပ္ကပ္ရွိလွသည္။

ေဖႀကီးတို ့ကားပါ ဝင္လာပီမို ့မိသားစုလိုက္ စားေသာက္ဆိုင္ထဲ ဝင္လိုက္ၾကသည္။ အရင္ဆံုး ခ်စ္ျခင္းက ကေလးနွစ္ေယာက္လက္ကိုဆြဲကာ  အေပါ့အပါးလိုက္တည္ေပးသည္။  အမိန္ ႔ကေတာ့
အဆင္သင့္  အစားအေသာက္ေတြကိုမွာထားေပးလိုက္သည္။

ကားလမ္းေပၚေရာင္းသည့္အစားေသာက္ဆိုေပမဲ့ သန္ ႔ရွင္းသပ္ရပ္ကာ  စားရတာလည္း အဆင္ေျပသည္မို ့ စိတ္မေက်နပ္စရာမရွိပဲ အမိန္ ့တို ့မိသားစုသည္ လြတ္လပ္စြာ အပန္းေျဖခရီးထြက္ေနရသလို ခံစားေနရသည္။

" အေသာ အလြန္း  ။ ရူးေပါက္ပီးပီဆိုရင္ ဒယ္ဒီတို ႔ခရီးဆက္သြားေတာ့မယ္ေနာ္ "

"ဟုတ္ကဲ့ ဒယ္ဒီ "

"ဟုတ္ ဒယ္ဒီ "

"ok ဒါဆို ကားေပၚတက္မယ္ "

" ေမာင္ မင္း အိပ္လိုက္ဦး ၊  လမ္းရွင္းတုန္းငါခဏ ေမာင္းမယ္ "

"ဟုတ္ပီ ဒါဆို ေမာင္ နားမယ္ေနာ္ "

ကားေမာင္းသူဖက္ခ်စ္ျခင္းဝင္ထုုိင္သြားပီမို ့အမိန္ ့ ေဘးခံုကိုသာတက္လိုက္ရသည္။

" ခ်က္ျခင္းႀကီးဆိုေတာ့ ဟိုမွာအဆင္ေျပရဲ့ လား "

"ေျပပါတယ္ အခ်စ္ရယ္ ။ အလွဴက ခ်က္ျခင္းမွမဟုတ္တာ ေနာက္ထပ္ သံုးရက္ေလာက္လိုေသးတာပဲကို ။ လိုအပ္တာ ေမာင္တို ့ျပင္ဆင္ခ်ိန္ရပါေသးတယ္ အခ်စ္စိတ္မပူနဲ ့"

" စိတ္မပူပါဘူး ။ မင္းတစ္ေယာက္ထဲ ပင္ပန္းေနမွာစိုးလို ့ပါ "

"ေမာင္ မပင္ပန္းပါဘူး။ မင္းသိတဲ့အတိုင္းဘိုးဘိုးလူေတြက ဘယ္ေလာက္စိတ္ခ်ရတယ္မွတ္လဲ ။ မိတ္ကပ္ ဝတ္စံု အကုန္သူတို ့စီစဥ္ေပးထားတာ ။ အလွဴဝင္တဲ့ေနမွ နာမည္ႀကီးမိတ္ကပ္ဆရာနဲ ့အတူ သက္သက္ သူတို ့ကားနဲ ့လာလိမ့္မယ္။  "

" ဟုတ္သားပဲ မိတ္ကပ္လိမ္းေပးရမွာငါေမ့ေနတာ ။  ရွင္ေလာင္းဝတ္စံုေတြေရာ ပါတယ္မို ့လား "

"ပါတယ္ေလ  နယ္ကမတက္နိုင္တဲ့ သူေတြအတြက္  တနယ္လံုး ရွင္အပါးတစ္ရာေမာင္တို ့ရွင္ျပဳေပးဖို ့ေရာ ေမာင္ လုပ္ထားေသးတယ္။ "

"ဒယ္ဒီ   ရွင္ျပဳတာဆိုတာဘယ္လိုႀကီးလဲ "

ေနာက္ကေန စိတ္ဝင္တစားေမးလာတဲ့ အေသာေလးေႀကာင့္အမိန္ ့နဲ ့ခ်စ္ျခင္းစကားစပ်က္သြား၏။

"ရွင္ျပဳတယ္ဆိုတာက သားသားနားလည္ေအာင္ေျပာရရင္  ကိုရင္ေလးေတြ သိတယ္ မို ့လား ။ ေအး .. အဲ့လိုေလးကိုရင္ဝတ္ေပးဖို ့ေဖေဖတို ့သြားေနတာ။ ကိုရင္မဝတ္ခင္ သားသားေလးက ဆင္ႀကီးစီးပီး
ေမာင္ရွင္ေလာင္း ဝတ္စံုေလးဝတ္ပီး လွည့္ရအုန္းမွာဗ်ာ "

"ဒါဆိုမီးမီးကေရာ "

"အင္း မီးမီးကေတာ့  နားသေပးျပီး သီလရွင္ေလးဝတ္ရမွာ ။ နားသတယ္ဆိုတာ က
သမီး နားကပ္ေလးဝတ္ဖို ့ နားမွာ အေပါက္ေလးေဖာက္ရမွာ သိတယ္မို ့လား "

"နာမွလားဒယ္ဒီ  မမသနားပါတယ္ "

အမ လက္ကေလးကိုဆုပ္ကိုင္ကာ
စိုးရိမ္တႀကီးေမးလာတဲ့အေသာကို ျပံဳးျပပီးမွ

"မနာပါဘူးသားသားရယ္ မမကအဲ့လိုေလးလုပ္ေပးမွမိန္းမ ျမတ္ေလးျဖစ္မွာ သားရဲ့  … "

ျမန္မာဓေလ့ ထံုးတမ္းေတြကို သားနဲ ့သမီးကို ရင္းနွီးေအာင္ လာမဲ့ေႏြ မွာ ဓမၼစကူး တို ့၊  ဗုဒၶဘာသာ သင္တန္းေက်ာင္းတို ့ကိုထားဖို ့အမိန္ ့ဆံုးျဖတ္လိုက္သည္။

" ဒါဆိုမမေရာ သားသားေရာ ကတံုးတံုးရမွာလားဟင္ "

"ဟုတ္တယ္။  ဆံခ် ျပီးရင္ ကိုရင္ေလးနဲ ့သီလရွင္ေလး ခဏ ဝတ္ရအုန္းမွာ "

" မမ သားသားကတံုးတုံးလို႔  မလွေတာ့ရင္ ဘယ္လို လုပ္မလဲ။ ဟင့္ သားသားမတုံးခ်င္ဘူး "

မ်က္ရည္ေတြဝိုင္းလာပီး ငိုေတာ့မွာမို ့
ခ်စ္ျခင္းပါ မေနသာေတာ့...

"အေသာေလး  ေဖေဖေျပာမယ္ေသခ်ာနားေထာင္ေပး။ ဗုဒၶဘာသာမွာ သားေမြးရင္ ရဟန္းခံရွင္ျပဳရတယ္ ။ ကိုရင္ေလးဝတ္ေပးတဲ့ အေသာေလးကလည္း ကုသိုလ္ရသလို ရွင္ျပဳအလွဴကို လုပ္ေပးတဲ့ ေဖေဖတို ့ကလည္း  ကုသိုလ္ရတယ္။

ကဲ ဒါဆို ေဖေဖတို ့မိသားစု ကုသိုလ္ေတြအမ်ားႀကီးရသြားၿပီေလ။ ကုသိုလ္ေတြအမ်ားႀကီးရရင္  ငရဲျပည္ကို သြားစရာမလိုေတာ့ဘူး ၊ဆီပူအိုးထဲလည္း ထည့္ေႀကာ္မခံရေတာ့ဘူးေပါ့ ။"

"ဟင့္ ဒါဆို  ကိုရင္ေလးဝတ္ရင္ ငရဲမက်ေတာ့ဘူးေပါ ့ "

"ဒါေပါ့  ၊  သားသားေလးသာ  ကုိရင္ေလးဝတ္ေပးရင္ ေဖေဖတို ့၊ ဒယ္ဒီတို ့က  ထိုင္ေတာင္ကန္ေတာ့ရအုန္းမွာ ။ ကဲ ဘယ္ေလာက္ျမတ္သလဲ ။ ဆံပင္က ျပန္ေပါက္အုန္းမွာပါကြာ ကတုံးေျပာင္ေလးနဲ ့လည္း ငါ့သားက လွပီးသားပဲဟာကို ။  သားသားတစ္ေယာက္ထဲမဟုတ္ဘူး မမေရာတုံးမွာကို ငိုစရာမရွိရွာက်န္ငိုေနတာ။ "

ထိုအခါမွ ေက်နပ္သြားတဲ့ ခ်စ္ေသာအာဏာမာန္ေႀကာင့္ ခ်စ္ျခင္းသက္မခ်ပီးေမာင့္ကို လွမ္းႀကည့္လိုက္၏။

ေက်းဇူးရွင္က အိပ္ေနတာမို ့အႀကည့္တို ့လႊဲပီးကားကိုသာ ဂရုတစိုက္ေမာင္းလိုက္၏။
ထိုေန ့က ေဒၚႀကည္ထည့္ယူလာတဲ့ မုန္ ့ေတြ အေအးေတြေသာက္လိုက္ ကေလးေတြနဲ ့စကားေျပာလိုက္ ေမာင္တလွည့္ခ်စ္ျခင္းတလွည့္ေမာင္းလိုက္နဲ ့ တျဖည္းျဖည္း ညေနေစာင္းေတာ့ ေရႊဘို နယ္ထဲ ဝင္လာ၏။ 

တလမ္းလံုး ေတြ ့တဲ့ မုန္ ့ဝယ္စားႀက ၊လမ္းေဘးဆင္းနားလိုက္ႀကနဲ ့
ခရီးေဝးေပမဲ့ပထမဆံုးမိသားစုလိုက္ သြားႀကတဲ့ ခရီးမို ့ေပ်ာ္ေပ်ာ္ပါးပါးျဖစ္ေနႀကသည္။ 

"ေမာင္ ခရီးကေဝးတယ္ေနာ္ ။ကိုယ့္ကားနဲ႔ ကိုယ္မို ့နားလိုက္ေမာင္းလိုက္နဲ ့မို ့သာမပင္ပန္းတာ။   နို ့မို ့ဆို မလြယ္ဘူး ။ မင္း ငွက္ကေလးေတြ ေနာက္ရက္ မဖ်ားပါေစနဲ ့ဆုေတာင္းရမွာပဲ "

ခ်စ္ျခင္းအေျပာေႀကာင့္ အမိန္ ့ကားေမာင္းေနရင္းကေန အျပန္က် တမ်ိဳးစီစဥ္ရမလားဆိုတာ ေတြးမိေတာ့သည္။ ခရီးကအေတာ္ႀကီးေဝးတာမို ့ နုနုနယ္နယ္သူ ့ကေလးေတြဖ်ားရင္ဒုကၡပဲ။ အႀကည့္တို ့က ေနာက္ႀကည့္မွန္ကေနတဆင့္ ေရႊဘို ျမိဳ ့ကိုေငးေမာေနတဲ့ အေသာနဲ ့အလြန္းဆီကိုသာေရာက္ရွိေနသည္။

ေရႊဘိုျမိဳ ့ကေနျဖတ္ပီး ျမစ္ႀကီးနားလမ္းခြဲ ကေန ဆက္သြားရအုန္းမွာျဖစ္သည္။

ေရႊဘိုနယ္ထဲလို ့သာ အလြယ္သံုးလိုက္ေပမဲ့ တကယ္က ကန္ ့ဘလူ ျမိဳ ့နယ္ ဖက္ထိသြားရမွာပင္ျဖစ္သည္။ ေရႊဘိုကေန မိုင္နွစ္ဆယ္ေက်ာ္ သြားပီးမွာ ရြာသြားတဲ့ လမ္းခ်ိဳးကို ခ်ိဳးဝင္ရသည္။ ရြာဆိုေပမဲ့ တိုက္နယ္အဆင့္ရွိသည္မို ့လမ္းတစ္ေလ်ွာက္ ကြန္ကရစ္လမ္း ခင္းေပးထားသည္။

လမ္းမဆိုးပဲ သက္ေတာင့္သက္သာသြားလို ့ရသည္မို ့ေတာ္ေသးသည္။ ေဆးရုံ ၊
အထက္တန္းေက်ာင္း ၊ဘုန္းႀကီးေက်ာင္းမ်ားစြာနဲ ့အိမ္ေျခ တစ္ေထာင္ေက်ာ္ရွိတဲ့ ရြာႀကီးမို ့ အရင္ေခတ္တုန္းကလိုဖုန္တလံုးလံုးနဲ ့ ေတာက်က်မဟုတ္ေတာ့ေပ။

ဧရာဝတီျမစ္ေဘး မွာရွိပီး စိုက္ပ်ိဳးေရးနဲ ့ကုန္သြယ္ေရးေကာင္းတဲ့ ရြာမို ့ နယ္ခံေတြကလဲ ျပည့္ျပည့္စံုစံု ရွိႀကသည္။

" ေမာင္ ဘိုးဘိုးတို ့ကို ေရွ ့ကေက်ာ္ခိုင္းလိုက္ မင္းဘယ္အိမ္သြားရမလဲမသိဘူးမို ့လား ။ "

"အင္း အရင္တုန္းကနဲ ့မတူေတာ့ဘူး ဆိုေတာ့ ေမာင္လည္း  ဘယ္သြားရမလဲ မသိဘူး ။ အကုန္တိုးတက္ေျပာင္းလဲသြားတာမ်ား ႀကည့္ပါဦး  အရင္ကနဲ ့တျခားစီပဲ "

အမိန္ ့ေျပာရင္းနဲ ့ ကားကိုလမ္းေဘးကပ္ေပးလိုက္သည္။ လမ္းဖယ္ေပးလိုက္တာနဲ ့ ေလးေလးတို ့ကားက ေက်ာ္ သြား၏။
ေနာက္ကေနသာေမွးလိုက္ရင္း  ရြာလမ္းတစ္ေလ်ွာက္ စပ္စုလာခဲ့ၾကသည္။

႐ြာထိပ္ေရာက္ေတာ့  ေရႊေရာင္တလက္လက္ေတာက္ေနတဲ့ ေဆာက္လက္စအလွဴ မ႑ပ္ႀကီးက ဟီးထေနသည္မို ့အမိန္ ့တို ့တေတြ စိတ္ဝင္တစား လွည့္ႀကည့္က်သည္။

" ဒီအရပ္ေဒသေတြက အလွဴ မဝင္ခင္ သံုးေလးရက္ေလာက္ ႀကိဳပီး ေဆာက္ေလ့ရွိတယ္။ မ႑ပ္ကေတာ့ ဘယ္ကငွားသလည္း မသိေပမဲ့ အေဆာက္အဦးကေတာ့ ရပ္ထဲရြာထဲက အမ်ိဳးသားေတြ ေပါင္းပီး ကုသိုလ္ရေအာင္ဝိုင္းကူႀကတယ္။

 အမ်ိဳးသမီးေတြကက် တရြာလံုး ခ်က္ျပဳတ္ေက်ြးေမြးမို ့မနက္ဖန္ကေနစပီး ႀကက္သြန္နီ ေႀကာ္တာ ၊အငန္ေႀကာ္တာ၊
ဆန္ျပာတာတို ့ႀကိဳလုပ္ ႀကေတာ့မွာ ။ ေရ တို ့ထင္းတို ့စုေပါင္း ကုသိုလ္ယူတဲ့သူနဲ ့ ျမိဳ ့ေတြမွာလို အခ်က္အျပဳတ္ငွားစရာမလိုဘူး တရြာလံုးဝိုင္းခ်က္ႀကတယ္။  အခ်စ္ ဟိုမွာ ေတြ ့လား ဇရပ္ "

"အင္းေတြ ့တယ္ အေတာ္ႀကီးတာပဲ "

အမိန္ ့လက္ညိဳးထိုးျပတဲ့ အသစ္စက္စက္ ဇရပ္ က ေျမေနရာအက်ယ္ဝန္း နဲ ့အလိုက္အေတာ္ႀကီးႀကီးႀကီးက်ယ္က်ယ္ ေဆာက္ထားရုံတင္သာမကဘူး  ဘုရားေက်ာင္းေဆာင္လို အေဆာင္ေတာ္ကိုပါထည့္သြင္းထားသည္မို ့ခ်စ္ျခင္း ေသခ်ာႀကည့္မိလိုက္သည္။

"အဲ့ဒါ ရြာထဲက အဘိုးအဘြားေတြ ဥပုတ္ေန ့တိုင္း ေအးခ်မ္းခ်မ္း သီလယူလို ့ရေအာင္ ေမာင္လွဴ ထားတာ။ တခါထဲ  အလွဴ ေန ႔ ေရာက္ရင္  ေရစက္ခ်ရမွာ "

"မင္း ငါ့ကို  ဘာမွ မေျပာျပထားဘူး "

"မဟုတ္ပါဘူးအခ်စ္ရာ၊  တမင္မေျပာတာမဟုတ္ဘူး ။ ဘိုးဘိုးနဲ ့စကားဆက္မိပီး ေမာင္လွဴ ခ်င္တယ္လို ့ေျပာလိုက္တာ အေတာ္ေတာင္ႀကာေနပီ။
ေမာင္ေတာင္ေမ့ေနတာ ။မေန ့ကမွ ဘိုးဘိုး ေျပာလို ့ ေမာင္သတိရသြားတာ "

အက်ိဳးအေႀကာင္းေျပာျပေနရင္း  ေရွ ့လမ္းခ်ိဳးေလးက နွစ္ထပ္တိုက္ ရွိရာ ျခံထဲသို ့ေဖႀကီးတို ့ကား ေကြ ့ဝင္လိုက္သည္မို ့အမိန္ ့ပါ
ေမာင္းဝင္လိုက္သည္။ တေန ့တာ
ခရီးသြားခဲ့ပီးေနာက္မွာ အမိန္  ့တို ့မိသားစု
သည္  အလိုရွိတဲ့ေနရာကိုေရာက္လာခဲ့သည္။

ပ်ာပ်ာသလဲ ထြက္ႀကိဳ က်တဲ့ အေဒၚႀကီးနွစ္ေယာက္နဲ ့ဦးေလးႀကီးတစ္ေယာက္သည္  ျမိဳ ့ေတြလို အေခ်ာသတ္ထားတဲ့ တိုက္လို မဟုတ္ပဲ အႀကမ္းေဆာက္ထားတဲ့ အုတ္တိုက္ ထဲသို ့ အတင္းဆြဲေခၚသြားႀကသည္။

ေတာသူေဌးေတြခ်မ္းသာက်တယ္ဆိုတာ ဟုတ္မယ္ထင္၏။  အျပင္ကသာမလွတာ။ အထဲကေတာ့ က်ြန္းစတီခံုေတြနဲ ့ tv ေရခဲေသတၱာ အစံုရွိရုံတင္မကဘူး အိမ္သာေရခ်ိဳးခန္းပါ ေကာင္းေကာင္းမြန္ အခန္းထဲမွာထည့္ထားေသးသည္။   အေသာနဲ ့အလြန္းကေတာ့ ပင္ပန္းေပမဲ့ ေနရာအသစ္မွာ စိတ္ဝင္တအားေဘးဘီေငးေနႀကသည္။ အမိန္ ့ကေတာ့
မနက္ဖန္ သူ ့ငွက္နီေလးေတြ ေသာင္ျပင္ခံုမွာ ဘယ္ေလာက္ေပ်ာ္ေနႀကမလဲဆိုတာ ေတြးႀကည့္ရုံနဲ ့ပင္ပန္းတာေတာင္ ေျပေပ်ာက္သြားရသည္။

ဖုန္းႀကိဳဆက္ထားသည္မို ့ ရြာထိပ္ ေရ ဆိပ္ကမ္းမွာ ေသာင္ထြန္းေနပီဆိုတာရယ္၊
ေဘာ့ကြင္းစီးလို ့ရတယ္ဆိုတာရယ္ ကို ႀကိဳပီးသိေနတာမို ့  ေနေလာင္ခံ ခရင္မ္ ေတာင္ ပိုထည့္လာခဲ့သည္။

ခ်စ္တဲ့အိမ္စည္။

  မနက် လေးနာရီခွဲခန့် အချိန်။

နေရောင်မရှိသေးတဲ့ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေကြသော ကားများမရှိသလောက် ရှင်းလင်းနေ၏။

လမ်းမီးရောင် သဲ့သဲ့အောက်တွင်  အမိန့် တို့ စီးလာတဲ့ ကားနက်လေးက မြန်မြန်ဆန်ဆန် ပြေးလို့ နေ၏။

ဘေးမှန်ကို ချထားသည်မို့  အ ပြင်က တိုးဝင်လာတဲ့  လေ အေးအေးကို  အမိန့်  ထိတွေ့ ခံစားနေရသည်။  

မနက်ခင်းစောစော  အိပ်ရေးမဝနေသော စိတ်ကို လေနုအေးတို့ က လန်းဆန်းတက်ကြွစေ၏။ ဘေးမှာထိုင်နေတဲ့ ချစ်ခြင်းဖက်ကို လှည့်ကြည့်တော့လည်း အိပ်ချင်နေသေးပုံမို့

" အချစ် အိပ်ချင်ရင် အိပ်လိုက်ဦး တရေးလောက်။  မောင်နားမှ နှိုးပေးမယ် "

" အင်း ဒါဆို ခနအိပ်ဦးမယ် မင်းငှက်ပေါက်လေးတွေကို ကြည့်လိုက်ဦး  မှန်ချ လိမ့်မယ်"

ခရီးမထွက်ဘူးတဲ့ ကလေးနှစ်ယောက်ကိုပါ သတိတရ  အသိပေးပီး ချစ်ခြင်း အိပ်ဖို့ ပြင်လိုက်သည်။ သူတို့ သားအဖ ဘယ်လိုနေကြနေကြ ချစ်ခြင်းကတော့အိပ်တော့မည်။ 

နောက်မှီကို လှန်ချကာ စောင်ပိုင်းလေးခါးထိ ဆွဲတင်ပီး မျက်လုံးမှိတ်သွားတဲ့ ချစ်ခြင်းက ကလေးတွေကို သူ့ လက်ထဲ စိတ်ချက်လက်ချက် အပ်၍ အိပ်လေပြီ။

နောက်မှန်ကနေ သူ ငှက်ပေါက်တွေကို
ဂရုတစိုက်လှမ်းကြည့်မိသည်။

ကားပေါ်ခင်းလို့ ရတဲ့ မွေ့ ယာကို အိပ်ရအောင်  ခင်းပေးထားတာမို့  မောင်နှမ နှစ်ယောက်သည် မမြင်ရသေးတဲ့ ပတ်ဝန်းကျင်ကို စိတ်မဝင်စားသေးပဲ တစ်ယောက်နဲ့ တစ်ယောက်ဖက်အိပ်နေကြသည်။

ဒေါ်ကြည်ကတော့ အပြင်သိပ်မထွက်ရသူပီပီ လန်းဆန်းကာ ဘေးဘီငေးမောနေသည်မို့

"ဒေါ်ကြည် တရေးအိပ်လိုက်ပါ့လား စောသေးတယ်လေ "

" ရပါတယ် အကိုလေး။ ဒေါ်ကြည်က အသက်ကြီးလာလို့ လားမသိဘူး သိပ်အိပ်မပျော်တော့ဘူး  ။"

"ဟုတ်ပါ့   မျက်စိရှေ့ တင် ဒေါ်ကြည်တောင်တဖြည်းဖြည်း အသက်ခြောက်ဆယ်ပြည့်တော့မယ်နော်  ။ ဘိုးဘိုးကြီးကိုတောင်  သွားနိုင်၊ လာနိုင်နေတာနဲ့ တခါတလေ  ရှစ်ဆယ် ကျော်နေတာကို မေ့မေ့နေတာ ။ "

"ဟုတ်ပါ့ "

နောက်ခန်းက ဒေါ်ကြည်နဲ့ အမိန့် တို့ စကားတပြောပြောနဲ့  မောင်းလာခဲ့တာ ရောင်နီတောင် ထွက်လာ၏။   အမြန်လမ်းမကြီး ပေါ်မှာ မောင်းလာရင်း အနောက်က ဘိုးဘိုးတို့ စီးလာတဲ့ ကားကိုလည်း ပါမပါကြည့်ရသေးသည်။  အတော်အသင့်နေထွက်လာမှ ပထမဆုံးနိုးလာသူက ချစ်လွန်းလေး

"ဒယ်ဒီ "

"  အာ ဒယ်ဒီ့ အသည်းလေး နိုးပီလား "

"ဟုတ် morning ဒယ်ဒီ "

"morning  မီးမီး "

အိပ်ချင်မူးတူးလေးထတိုင်ပီး ပတ်ဝန်းကျင်ကို စပ်စုနေတဲ့ အလွန်းကို ကားမှန်ကနေကြည့်ပီး  အမိန့် ဆိုလိုက်၏။

"ဒယ်ဒီ မီးမီး ရူးပေါက်ချင်တယ် "

တလှုပ်လှုပ်နဲ့ နောက်ထပ် နိုးလားပီး မျက်လုံးကို လက်ခုံနဲ့ ပွတ်ပီးထထိုင်လာသူက အသော ။

"အင်းး… ဒယ်…  ဒီ"

" morning အသော  ။ ဟုတ်ပီအလွန်းလေး ဒယ်ဒီ ရှေ့ နားဆို မနက်စာ စားတော့မှာ အဲ့ကျမှ လိုက်တည်ပေးမယ် ။ ခဏ တော့စောင့်ပေးလို့ ရမလား အသည်းလေး"

"ဟုတ်ကဲ့ ဒယ်ဒီ "

အမိန့် ဆီအာရုံမရတော့ပဲ မောင်ဖြစ်သူရဲ့ ဆံပင်ကောက်ကောက်လေးတွေကို ကျောပိုးအိတ်ထဲက ဘီးသေးသေးလေးထုတ်ပီးရှင်းပေးနေသည်မို့ အမိန့်  ကားကိုသာ သေချာ ပြန်လှည့်ပီးဂရုစိုက်မောင်းနေလိုက်သည်။

"အချစ်  ထပါဦး   "

စောင်ပေါ်က လက်လေးကို လှမ်းဆွဲပီး ဖွဖွလေးလှုပ်နိုးလိုက်သည်။

" ရောက်ပီလား "

အိပ်ချင်စိတ်ပျောက်ဟန်မတူပဲ မျက်လုံးမဖွင့်ပဲရောက်ပီလားမေးနေတဲ့ အချစ်ကို မရယ်အားသေး ။

"ဘယ်ကသာ  ထတော့ ချစ်ခြင်း  ။ အလွန်းလေးအပေါ့သွားချင်လို့ တဲ့ မောင်ရှေ့ နားက ဆိုင်မှာဝင်လိုက်တော့မယ် ။ ဖေကြီးတို့ ဆီဖုန်းဆက်ပေးအုန်း "

"အင်း ခဏ "

ပြောပီး ဖေကြီးဖုန်းနံပါတ်ကို ချစ်ခြင်းခေါ်လိုက်တော့ ချက်ခြင်းတန်းကိုင်သည်။

"ဖေကြီးရှေ့ နားကဆိုင်ဝင်မလို့  …ဟုတ် အလွန်းလေးက အပေါ့သွားချင်လို့ ဆိုလို့ တခါထဲနားမလားလို့ "

"……"

"ဟုတ်ဒါဆို ဝင်ပီနော် "

ဖုန်းချပီးမှ မောင့်ဖက်ကိုလှည့်ကာ

" ဝင်လိုက်တဲ့ နောက်က ပါတယ်တဲ့ "

ကားလေးသည် အတော်အသင့် သန့် ရှင်းသပ်ရပ်တဲ့ စားသောက်ဆိုင်ခပ်ကြီးကြီး ရှိရာကို ချိုးကွေ့ လိုက်သည်။

ပတ်ဝန်းကျင်ကလည်း အမြန်လမ်းမကြီးပေါ်မှာဆိုတော့
ဆိုင်တစ်ဆိုင်နှစ်ဆိုင်လောက်သာရှိပီး ခြောက်ခြောက်ကပ်ကပ်ရှိလှသည်။

ဖေကြီးတို့ ကားပါ ဝင်လာပီမို့ မိသားစုလိုက် စားသောက်ဆိုင်ထဲ ဝင်လိုက်ကြသည်။ အရင်ဆုံး ချစ်ခြင်းက ကလေးနှစ်ယောက်လက်ကိုဆွဲကာ  အပေါ့အပါးလိုက်တည်ပေးသည်။  အမိန့် ကတော့
အဆင်သင့်  အစားအသောက်တွေကိုမှာထားပေးလိုက်သည်။

ကားလမ်းပေါ်ရောင်းသည့်အစားသောက်ဆိုပေမဲ့ သန့် ရှင်းသပ်ရပ်ကာ  စားရတာလည်း အဆင်ပြေသည်မို့  စိတ်မကျေနပ်စရာမရှိပဲ အမိန့် တို့ မိသားစုသည် လွတ်လပ်စွာ အပန်းဖြေခရီးထွက်နေရသလို ခံစားနေရသည်။

" အသော အလွန်း  ။ ရူးပေါက်ပီးပီဆိုရင် ဒယ်ဒီတို့ ခရီးဆက်သွားတော့မယ်နော် "

"ဟုတ်ကဲ့ ဒယ်ဒီ "

"ဟုတ် ဒယ်ဒီ "

"ok ဒါဆို ကားပေါ်တက်မယ် "

" မောင် မင်း အိပ်လိုက်ဦး ၊  လမ်းရှင်းတုန်းငါခဏ မောင်းမယ် "

"ဟုတ်ပီ ဒါဆို မောင် နားမယ်နော် "

ကားမောင်းသူဖက်ချစ်ခြင်းဝင်ထုိုင်သွားပီမို့ အမိန့်  ဘေးခုံကိုသာတက်လိုက်ရသည်။

" ချက်ခြင်းကြီးဆိုတော့ ဟိုမှာအဆင်ပြေရဲ့ လား "

"ပြေပါတယ် အချစ်ရယ် ။ အလှူက ချက်ခြင်းမှမဟုတ်တာ နောက်ထပ် သုံးရက်လောက်လိုသေးတာပဲကို ။ လိုအပ်တာ မောင်တို့ ပြင်ဆင်ချိန်ရပါသေးတယ် အချစ်စိတ်မပူနဲ့ "

" စိတ်မပူပါဘူး ။ မင်းတစ်ယောက်ထဲ ပင်ပန်းနေမှာစိုးလို့ ပါ "

"မောင် မပင်ပန်းပါဘူး။ မင်းသိတဲ့အတိုင်းဘိုးဘိုးလူတွေက ဘယ်လောက်စိတ်ချရတယ်မှတ်လဲ ။ မိတ်ကပ် ဝတ်စုံ အကုန်သူတို့ စီစဉ်ပေးထားတာ ။ အလှူဝင်တဲ့နေမှ နာမည်ကြီးမိတ်ကပ်ဆရာနဲ့ အတူ သက်သက် သူတို့ ကားနဲ့ လာလိမ့်မယ်။  "

" ဟုတ်သားပဲ မိတ်ကပ်လိမ်းပေးရမှာငါမေ့နေတာ ။  ရှင်လောင်းဝတ်စုံတွေရော ပါတယ်မို့ လား "

"ပါတယ်လေ  နယ်ကမတက်နိုင်တဲ့ သူတွေအတွက်  တနယ်လုံး ရှင်အပါးတစ်ရာမောင်တို့ ရှင်ပြုပေးဖို့ ရော မောင် လုပ်ထားသေးတယ်။ "

"ဒယ်ဒီ   ရှင်ပြုတာဆိုတာဘယ်လိုကြီးလဲ "

နောက်ကနေ စိတ်ဝင်တစားမေးလာတဲ့ အသောလေးကြောင့်အမိန့် နဲ့ ချစ်ခြင်းစကားစပျက်သွား၏။

"ရှင်ပြုတယ်ဆိုတာက သားသားနားလည်အောင်ပြောရရင်  ကိုရင်လေးတွေ သိတယ် မို့ လား ။ အေး .. အဲ့လိုလေးကိုရင်ဝတ်ပေးဖို့ ဖေဖေတို့ သွားနေတာ။ ကိုရင်မဝတ်ခင် သားသားလေးက ဆင်ကြီးစီးပီး
မောင်ရှင်လောင်း ဝတ်စုံလေးဝတ်ပီး လှည့်ရအုန်းမှာဗျာ "

"ဒါဆိုမီးမီးကရော "

"အင်း မီးမီးကတော့  နားသပေးပြီး သီလရှင်လေးဝတ်ရမှာ ။ နားသတယ်ဆိုတာ က
သမီး နားကပ်လေးဝတ်ဖို့  နားမှာ အပေါက်လေးဖောက်ရမှာ သိတယ်မို့ လား "

"နာမှလားဒယ်ဒီ  မမသနားပါတယ် "

အမ လက်ကလေးကိုဆုပ်ကိုင်ကာ
စိုးရိမ်တကြီးမေးလာတဲ့အသောကို ပြုံးပြပီးမှ

"မနာပါဘူးသားသားရယ် မမကအဲ့လိုလေးလုပ်ပေးမှမိန်းမ မြတ်လေးဖြစ်မှာ သားရဲ့  … "

မြန်မာဓလေ့ ထုံးတမ်းတွေကို သားနဲ့ သမီးကို ရင်းနှီးအောင် လာမဲ့နွေ မှာ ဓမ္မစကူး တို့ ၊  ဗုဒ္ဓဘာသာ သင်တန်းကျောင်းတို့ ကိုထားဖို့ အမိန့် ဆုံးဖြတ်လိုက်သည်။

" ဒါဆိုမမရော သားသားရော ကတုံးတုံးရမှာလားဟင် "

"ဟုတ်တယ်။  ဆံချ ပြီးရင် ကိုရင်လေးနဲ့ သီလရှင်လေး ခဏ ဝတ်ရအုန်းမှာ "

" မမ သားသားကတုံးတုံးလို့  မလှတော့ရင် ဘယ်လို လုပ်မလဲ။ ဟင့် သားသားမတုံးချင်ဘူး "

မျက်ရည်တွေဝိုင်းလာပီး ငိုတော့မှာမို့
ချစ်ခြင်းပါ မနေသာတော့...

"အသောလေး  ဖေဖေပြောမယ်သေချာနားထောင်ပေး။ ဗုဒ္ဓဘာသာမှာ သားမွေးရင် ရဟန်းခံရှင်ပြုရတယ် ။ ကိုရင်လေးဝတ်ပေးတဲ့ အသောလေးကလည်း ကုသိုလ်ရသလို ရှင်ပြုအလှူကို လုပ်ပေးတဲ့ ဖေဖေတို့ ကလည်း  ကုသိုလ်ရတယ်။

ကဲ ဒါဆို ဖေဖေတို့ မိသားစု ကုသိုလ်တွေအများကြီးရသွားပြီလေ။ ကုသိုလ်တွေအများကြီးရရင်  ငရဲပြည်ကို သွားစရာမလိုတော့ဘူး ၊ဆီပူအိုးထဲလည်း ထည့်ကြော်မခံရတော့ဘူးပေါ့ ။"

"ဟင့် ဒါဆို  ကိုရင်လေးဝတ်ရင် ငရဲမကျတော့ဘူးပေါ့  "

"ဒါပေါ့  ၊  သားသားလေးသာ  ကိုရင်လေးဝတ်ပေးရင် ဖေဖေတို့ ၊ ဒယ်ဒီတို့ က  ထိုင်တောင်ကန်တော့ရအုန်းမှာ ။ ကဲ ဘယ်လောက်မြတ်သလဲ ။ ဆံပင်က ပြန်ပေါက်အုန်းမှာပါကွာ ကတုံးပြောင်လေးနဲ့ လည်း ငါ့သားက လှပီးသားပဲဟာကို ။  သားသားတစ်ယောက်ထဲမဟုတ်ဘူး မမရောတုံးမှာကို ငိုစရာမရှိရှာကျန်ငိုနေတာ။ "

ထိုအခါမှ ကျေနပ်သွားတဲ့ ချစ်သောအာဏာမာန်ကြောင့် ချစ်ခြင်းသက်မချပီးမောင့်ကို လှမ်းကြည့်လိုက်၏။

ကျေးဇူးရှင်က အိပ်နေတာမို့ အကြည့်တို့ လွှဲပီးကားကိုသာ ဂရုတစိုက်မောင်းလိုက်၏။
ထိုနေ့ က ဒေါ်ကြည်ထည့်ယူလာတဲ့ မုန့် တွေ အအေးတွေသောက်လိုက် ကလေးတွေနဲ့ စကားပြောလိုက် မောင်တလှည့်ချစ်ခြင်းတလှည့်မောင်းလိုက်နဲ့  တဖြည်းဖြည်း ညနေစောင်းတော့ ရွှေဘို နယ်ထဲ ဝင်လာ၏။ 

တလမ်းလုံး တွေ့ တဲ့ မုန့် ဝယ်စားကြ ၊လမ်းဘေးဆင်းနားလိုက်ကြနဲ့
ခရီးဝေးပေမဲ့ပထမဆုံးမိသားစုလိုက် သွားကြတဲ့ ခရီးမို့ ပျော်ပျော်ပါးပါးဖြစ်နေကြသည်။ 

"မောင် ခရီးကဝေးတယ်နော် ။ကိုယ့်ကားနဲ့ ကိုယ်မို့ နားလိုက်မောင်းလိုက်နဲ့ မို့ သာမပင်ပန်းတာ။   နို့ မို့ ဆို မလွယ်ဘူး ။ မင်း ငှက်ကလေးတွေ နောက်ရက် မဖျားပါစေနဲ့ ဆုတောင်းရမှာပဲ "

ချစ်ခြင်းအပြောကြောင့် အမိန့် ကားမောင်းနေရင်းကနေ အပြန်ကျ တမျိုးစီစဉ်ရမလားဆိုတာ တွေးမိတော့သည်။ ခရီးကအတော်ကြီးဝေးတာမို့  နုနုနယ်နယ်သူ့ ကလေးတွေဖျားရင်ဒုက္ခပဲ။ အကြည့်တို့ က နောက်ကြည့်မှန်ကနေတဆင့် ရွှေဘို မြို့ ကိုငေးမောနေတဲ့ အသောနဲ့ အလွန်းဆီကိုသာရောက်ရှိနေသည်။

ရွှေဘိုမြို့ ကနေဖြတ်ပီး မြစ်ကြီးနားလမ်းခွဲ ကနေ ဆက်သွားရအုန်းမှာဖြစ်သည်။

ရွှေဘိုနယ်ထဲလို့ သာ အလွယ်သုံးလိုက်ပေမဲ့ တကယ်က ကန့် ဘလူ မြို့ နယ် ဖက်ထိသွားရမှာပင်ဖြစ်သည်။ ရွှေဘိုကနေ မိုင်နှစ်ဆယ်ကျော် သွားပီးမှာ ရွာသွားတဲ့ လမ်းချိုးကို ချိုးဝင်ရသည်။ ရွာဆိုပေမဲ့ တိုက်နယ်အဆင့်ရှိသည်မို့ လမ်းတစ်လျှောက် ကွန်ကရစ်လမ်း ခင်းပေးထားသည်။

လမ်းမဆိုးပဲ သက်တောင့်သက်သာသွားလို့ ရသည်မို့ တော်သေးသည်။ ဆေးရုံ ၊
အထက်တန်းကျောင်း ၊ဘုန်းကြီးကျောင်းများစွာနဲ့ အိမ်ခြေ တစ်ထောင်ကျော်ရှိတဲ့ ရွာကြီးမို့  အရင်ခေတ်တုန်းကလိုဖုန်တလုံးလုံးနဲ့  တောကျကျမဟုတ်တော့ပေ။

ဧရာဝတီမြစ်ဘေး မှာရှိပီး စိုက်ပျိုးရေးနဲ့ ကုန်သွယ်ရေးကောင်းတဲ့ ရွာမို့  နယ်ခံတွေကလဲ ပြည့်ပြည့်စုံစုံ ရှိကြသည်။

" မောင် ဘိုးဘိုးတို့ ကို ရှေ့ ကကျော်ခိုင်းလိုက် မင်းဘယ်အိမ်သွားရမလဲမသိဘူးမို့ လား ။ "

"အင်း အရင်တုန်းကနဲ့ မတူတော့ဘူး ဆိုတော့ မောင်လည်း  ဘယ်သွားရမလဲ မသိဘူး ။ အကုန်တိုးတက်ပြောင်းလဲသွားတာများ ကြည့်ပါဦး  အရင်ကနဲ့ တခြားစီပဲ "

အမိန့် ပြောရင်းနဲ့  ကားကိုလမ်းဘေးကပ်ပေးလိုက်သည်။ လမ်းဖယ်ပေးလိုက်တာနဲ့  လေးလေးတို့ ကားက ကျော် သွား၏။
နောက်ကနေသာမှေးလိုက်ရင်း  ရွာလမ်းတစ်လျှောက် စပ်စုလာခဲ့ကြသည်။

ရွာထိပ်ရောက်တော့  ရွှေရောင်တလက်လက်တောက်နေတဲ့ ဆောက်လက်စအလှူ မဏ္ဍပ်ကြီးက ဟီးထနေသည်မို့ အမိန့် တို့ တတွေ စိတ်ဝင်တစား လှည့်ကြည့်ကျသည်။

" ဒီအရပ်ဒေသတွေက အလှူ မဝင်ခင် သုံးလေးရက်လောက် ကြိုပီး ဆောက်လေ့ရှိတယ်။ မဏ္ဍပ်ကတော့ ဘယ်ကငှားသလည်း မသိပေမဲ့ အဆောက်အဦးကတော့ ရပ်ထဲရွာထဲက အမျိုးသားတွေ ပေါင်းပီး ကုသိုလ်ရအောင်ဝိုင်းကူကြတယ်။

 အမျိုးသမီးတွေကကျ တရွာလုံး ချက်ပြုတ်ကျွေးမွေးမို့ မနက်ဖန်ကနေစပီး ကြက်သွန်နီ ကြော်တာ ၊အငန်ကြော်တာ၊
ဆန်ပြာတာတို့ ကြိုလုပ် ကြတော့မှာ ။ ရေ တို့ ထင်းတို့ စုပေါင်း ကုသိုလ်ယူတဲ့သူနဲ့  မြို့ တွေမှာလို အချက်အပြုတ်ငှားစရာမလိုဘူး တရွာလုံးဝိုင်းချက်ကြတယ်။  အချစ် ဟိုမှာ တွေ့ လား ဇရပ် "

"အင်းတွေ့ တယ် အတော်ကြီးတာပဲ "

အမိန့် လက်ညိုးထိုးပြတဲ့ အသစ်စက်စက် ဇရပ် က မြေနေရာအကျယ်ဝန်း နဲ့ အလိုက်အတော်ကြီးကြီးကြီးကျယ်ကျယ် ဆောက်ထားရုံတင်သာမကဘူး  ဘုရားကျောင်းဆောင်လို အဆောင်တော်ကိုပါထည့်သွင်းထားသည်မို့ ချစ်ခြင်း သေချာကြည့်မိလိုက်သည်။

"အဲ့ဒါ ရွာထဲက အဘိုးအဘွားတွေ ဥပုတ်နေ့ တိုင်း အေးချမ်းချမ်း သီလယူလို့ ရအောင် မောင်လှူ ထားတာ။ တခါထဲ  အလှူ နေ့  ရောက်ရင်  ရေစက်ချရမှာ "

"မင်း ငါ့ကို  ဘာမှ မပြောပြထားဘူး "

"မဟုတ်ပါဘူးအချစ်ရာ၊  တမင်မပြောတာမဟုတ်ဘူး ။ ဘိုးဘိုးနဲ့ စကားဆက်မိပီး မောင်လှူ ချင်တယ်လို့ ပြောလိုက်တာ အတော်တောင်ကြာနေပီ။
မောင်တောင်မေ့နေတာ ။မနေ့ ကမှ ဘိုးဘိုး ပြောလို့  မောင်သတိရသွားတာ "

အကျိုးအကြောင်းပြောပြနေရင်း  ရှေ့ လမ်းချိုးလေးက နှစ်ထပ်တိုက် ရှိရာ ခြံထဲသို့ ဖေကြီးတို့ ကား ကွေ့ ဝင်လိုက်သည်မို့ အမိန့် ပါ
မောင်းဝင်လိုက်သည်။ တနေ့ တာ
ခရီးသွားခဲ့ပီးနောက်မှာ အမိန့်တို့ မိသားစု
သည်  အလိုရှိတဲ့နေရာကိုရောက်လာခဲ့သည်။

ပျာပျာသလဲ ထွက်ကြို ကျတဲ့ အဒေါ်ကြီးနှစ်ယောက်နဲ့ ဦးလေးကြီးတစ်ယောက်သည်  မြို့ တွေလို အချောသတ်ထားတဲ့ တိုက်လို မဟုတ်ပဲ အကြမ်းဆောက်ထားတဲ့ အုတ်တိုက် ထဲသို့  အတင်းဆွဲခေါ်သွားကြသည်။

တောသူဌေးတွေချမ်းသာကျတယ်ဆိုတာ ဟုတ်မယ်ထင်၏။  အပြင်ကသာမလှတာ။ အထဲကတော့ ကျွန်းစတီခုံတွေနဲ့  tv ရေခဲသေတ္တာ အစုံရှိရုံတင်မကဘူး အိမ်သာရေချိုးခန်းပါ ကောင်းကောင်းမွန် အခန်းထဲမှာထည့်ထားသေးသည်။   အသောနဲ့ အလွန်းကတော့ ပင်ပန်းပေမဲ့ နေရာအသစ်မှာ စိတ်ဝင်တအားဘေးဘီငေးနေကြသည်။ အမိန့် ကတော့
မနက်ဖန် သူ့ ငှက်နီလေးတွေ သောင်ပြင်ခုံမှာ ဘယ်လောက်ပျော်နေကြမလဲဆိုတာ တွေးကြည့်ရုံနဲ့ ပင်ပန်းတာတောင် ပြေပျောက်သွားရသည်။

ဖုန်းကြိုဆက်ထားသည်မို့  ရွာထိပ် ရေ ဆိပ်ကမ်းမှာ သောင်ထွန်းနေပီဆိုတာရယ်၊
ဘော့ကွင်းစီးလို့ ရတယ်ဆိုတာရယ် ကို ကြိုပီးသိနေတာမို့   နေလောင်ခံ ခရင်မ် တောင် ပိုထည့်လာခဲ့သည်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz