ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
42
" လြန္းလြန္း မ်က္နွာသုတ္ ပုဝါေရာ ထည့္။"
"ဟုတ္တယ္ မီးမီး ထည့္ေနတာမွန္တယ္ ။"
"အေသာ ညီညီေလးထည့္ေလ… ျပန္ထည့္ မရဘူး အဲ့လို မေသသပ္ရင္ ေဖေဖမႀကိဳက္ဘူး "
ေမာင့္ အဝတ္ေတြနဲ ့ခ်စ္ျခင္းအဝတ္ေတြကို luggage ထဲ ထည့္ေနရာမွ ရပ္ပီး
အေသာနဲ ့အလြန္းထည့္ေနတာကို ႀကည့္ကာလိုအပ္တာ ေျပာေပးေနတာပင္။
ခ်စ္ျခင္းတို ့မိသားစုသည္ ေရႊဘိုနားက ရြာေလးမွာ အလွဴ လုပ္သြားၾကမွာျဖစ္၏။
ထို ႔ေၾကာင့္ ထည့္စရာရွိတာကို ညတြင္းခ်င္း ထည့္ေန ရသည္။ အေၾကာင္းမွာ မနက္ဖန္ မနက္အေစာႀကီး ထကာ မိသားစုလိုက္ အပန္းေျဖရင္း တေပ်ာ္တပါး သြားၾကမွာမို ႔ပင္။ အားခ်င္းစီစဥ္ရေသာ္လည္း လိုအပ္ခ်က္ မရွိသေလာက္ အစအဆံုး ဘိုးဘိုးႀကီးက လုပ္ေပးသြားသည္။
ကေလးေတြအျပင္ လူႀကီေတြပါ ေပ်ာ္ေနၾကသည္မို ႔ အေကာင္ထည္ေဖာ္လိုက္တာမွန္သြားသည္ ေျပာရမည္။
" သားငယ္ ျပန္ထုတ္ၿပီး ေသခ်ာေနာက္တေခါက္ျပန္ထည့္လိုက္။ မဟုတ္ရင္
သား အဝတ္ေတြ ပြေနေတာ့မယ္ "
ခုအရြယ္ကတည္းက ကိုယ့္အားကို ကိုယ္ကိုးတက္ေအာင္ ခ်စ္ျခင္းဘာတခုမွ လုပ္မေပးေပ။ လိုအပ္တာကိုေဘးကေန စနစ္တက် ညႊန္ျပေပးတာကို အေသာနဲ ့အလြန္းက လိုက္လုပ္ရသည္။
ငါးနွစ္အရြယ္ဆိုေပမဲ့ခ်စ္ျခင္းက ကစားခ်ိန္၊ နားခ်ိန္ ၊ အားကစားလုပ္ခ်ိန္ ၊ စာသင္ခ်ိန္ တို ့ကို ေသခ်ာ အခ်ိန္ဇယားဆြဲေပးပီး လုပ္ေစ၏။
အခ်ိန္တိုင္း ဖိနွိပ္ခ်ဳပ္ခ်ယ္ထားတာမ်ိဳးမဟုတ္ပဲ လြတ္လပ္စြာ ကိုယ္အားသန္ရာကိုေရြးခ်ယ္ သင္ယူေစတာမ်ိဳးပင္။
အားကစားခ်ိန္ဆိုရင္ အလြန္းေလး ကတိုက္ကြမ္ဒို သင္ေနပီး အေသာက သူသေဘာက်တဲ့ ေရကူးသင္တာမ်ိဳးကို လုပ္ေစတာျဖစ္၏။
ေမာင္နွမ နွစ္ေယာက္လံုးဝါသနာပါရာကို သင္ယူရာတြင္လည္း အေသာက ခ်စ္ျခင္းလို ပန္းခ်ီဆြဲတာမ်ိဳး ဝါသနာပါပီး အလြန္းကေတာ့ ကြန္ျပဴတာ နွိပ္ရတာကို ပိုဝါသနာပါသည္။ ငယ္ေသးလို ့တျခားတခုခုကို သင္ေစခ်င္ေပမဲ့ ေခါင္းမာတက္တဲ့
ခ်စ္လြန္းအာဏာစံက မရမက ဂ်စ္တိုက္
လို ့တပါတ္မွ သံုးရက္သာ သင္ခိုင္းရသည္။
စာသင္ခ်ိန္တစ္ခု တူတာကလြဲၿပီး
ခ်စ္ေသာနဲ ့ခ်စ္လြန္းသည္ က်န္အခ်ိန္မ်ားတြင္ ဝါသနာမတူ
အႀကိဳက္မတူတဲ့ အမႊာေမာင္နွပင္ျဖစ္သည္။
ဥာဏ္ေကာင္းလြန္းတဲ့ ခ်စ္လြန္းက
ငါးနွစ္ပဲရွိေသးေပမဲ့ အဂၤလိပ္စကားကို က်ြမ္းက်ြမ္းက်င္က်င္ေျပာတက္ရုံတင္မကဘူး
အခု ကိုရီးယား ဘာသာစကားပါ ဆက္သင္ခ်င္ေသးသည္တဲ့။
ကေလးအရြယ္မို ့
ခ်စ္ျခင္း ဒါကိုေတာ့ အလိုမလိုက္ေသးေပ။
ခ်စ္လြန္း ရည္ရြယ္ခ်က္ကေတာ့ရွင္းပါသည္ ။
အနားယူခ်ိန္ေတြမွာခ်စ္ျခင္း ဖြင့္ေပးတက္တဲ့ Return of superman tv showကိုႀကည့္ပီးကတည္းက ကိုရီးယားကိုသြားခ်င္တယ္ေျပာေနတဲ့ေမာင္ျဖစ္သူကို လိုက္ပို ့ေပးခ်င္လို ့သင္ခ်င္တာပါတဲ့။
ခုလည္း ကေလးသံုး luggage တစ္ေယာက္တလံုးဆီ ခ်ပီး ထည့္ရမဲ့အဝတ္ေတြ ေခါက္ပီးပံုေပးထားတာကို ခ်စ္လြန္းက သပ္သပ္ရပ္ရပ္ ထည့္ေနေပမဲ့ ခ်စ္ေသာက မညီမညာထည့္ေနသည္မို ့ခ်စ္ျခင္း ဆူေတာ့ အမျဖစ္သူက သူအိတ္ေလးေဘးတြန္းပီး ေမာင္ျဖစ္သူကို ကူထည့္ေပးေန၏။
"အလြန္းေလး ။ မီးမီး ေမာင္ေလးကို ခ်စ္တာကို ေဖေဖသိပါတယ္။ ဒါေပမဲ့ အခုလို
မီးမီး အလိုလိုက္ေနရင္ ေမာင္ေလးႀကီးလာရင္ ဘာမွမလုပ္တက္တဲ့ လူဖ်င္းေလးျဖစ္သြားလိမ့္မယ္ ။ "
ေမာ့ႀကည့္လာတဲ့ မ်က္ဝန္းေလးေတြက
ျဖဴစင္မူ ့ကို ကိုယ္စားျပဳရုံသာမကဘူး
ထက္ျမတ္မူ ့လွပ မူ ့ေတြပါ ထင္ေပၚေန၏။
"မီးမီး ရွိရင္ မျဖစ္ဘူး ။ မီးမီးေစာင့္ေရွာက္ေပးမွာ သားသားတသက္လံုး "
သူစိ္မ္းႀကားရင္ ကေလးက ကေလးစကားမေျပာဘူးလို ့ထင္နိုင္ေပမဲ့ အလြန္းနွစ္နွစ္သမီး စကားစေျပာနိုင္ကတည္းက
သားသား ကိုအားလံုးထက္ပိုခ်စ္တာကို သိေနေသာ မိသားစုဝင္ေတြကေတာ့မထူးဆန္းေတာ့ေပ။
"အလြန္းေလး က ေစာင့္ေရွာက္ေပးနိုင္ေပမဲ့ သားသား ကို ခ်စ္ရာမေရာက္ဘူး နွစ္ရာေရာက္ေနတယ္ သမီး။ လာေဖေဖဆီကို ။ သားသား ဘာသာ ထည့္လိမ့္မယ္။ ေဖေဖ ေနာက္က် မီးမီးကို ေသခ်ာရွင္းျပေပးမယ္။ ခုေတာ့ ေမာင္ေလးဘာသာထည့္ပါေစ။ ဒါမွမဟုတ္ မီးမီးက ေဘးကေန ေမာင္ေလးကို သင္ျပေပးေပါ့ "
ထိုမွ ေက်နပ္သြားကာ ေဘးကေန
ေမာင္ျဖစ္သူက ဂရုတစိုက္ ေျပာေပးေန၏။ အဝါေရာင္ ညအိပ္ ဝမ္းဆက္ဆင္တူ
ဝတ္ထားတဲ့ ကေလးနွစ္ေယာက္ကိုႀကည့္ပီးခ်စ္ျခင္းပီတိျဖစ္ရသည္။
သမီးက
တအားထက္ျမတ္လာသလို ေကာင္းျခင္းအျဖာျဖာနဲ ့ပိုပိုျပည့္စံုလာသည္။ နက္ေစြးေနတဲ့ ဆံပင္တို ့သည္ ေက်ာလည္ေလာက္ေရာက္ေနပီး ထူထဲေျဖာင့္စင္းေန၏။
ရွားပါးေသာ အသားေရ ျဖစ္တဲ့ ဝါညက္ညက္ အသားေရာင္သည္ အရြယ္ေလးႀကီးလာေလေလ ပိုပီး ေတာက္လာကာ
ေရႊတုံးေလးခ်ထားသလို လင္းထင္းလာသည္။
အေသာနဲ႔ အမႊာဆိုေပမဲ့ ရုပ္ဆင္ခ်င္သလိုေလးသာ ရွိၿပီး သခ်ာၾကည့္ရင္နည္းနည္းမွ မတူေတာ့ျပန္ေပ။
ခ်စ္ေသာက ပိုပီး မ်က္ေတာင္ေတြရွည္သလို အသားေရက ခ်စ္ျခင္းနဲ ့တူတဲ့ အျဖဴ ေရာင္ ၾကည္ၾကည္ေလးပင္။
ဆံပင္ဆို ပိုဆိုး ။
အညိဳေရာင္ ေကာက္ေကာက္ေကြးေကြးေလး ဆံပင္ေတြက ခ်စ္လြန္းနဲ ့ဆန္႔က်င္ဖက္ ။
ဘာတခုမွ မတူေပမဲ့ ေမာင္နွမနွစ္ေယာက္လံုး တစ္ေယာက္နဲ ့တစ္ေယာက္ ခ်စ္တာျခင္းေတာ့တူသည္။
" ခ်စ္ျခင္း ခ်စ္ျခင္းေရ "
ေခၚသံစူးစူးကို ၾကားလိုက္ရေတာ့ ေခါင္းလွည့္ကာ ေအာ္လိုက္၏။
" ငါက အဝတ္စားခန္းမွာ "
ခ်က္ျခင္းဆိုသလိုအဝတ္ခန္းထဲ ဝင္လာသည္။ ၾကည့္ရတာ အိမ္ျပန္ေရာက္ေရာက္ျခင္း တစ္ေယာက္မွမျမင္ရရင္ ခုလို ေအာ္ေခၚပံုပင္။
"အာ …ဒယ္ဒီအသည္းေလးေတြေရာ ဒီမွာေရာက္ေနတာပဲ ။ "
"အခ်စ္" မြ" ။ အေသာေလး "မြ " အလြန္းေလးေရာ" မြ" ။"
ထံုးစံအတိုင္း လိုက္နမ္းပီးမွ ခ်စ္ျခင္းတို ့
ထိုင္ေနသလို ႀကမ္းျပင္ေပၚ ပစ္စလက္ခတ္ထိုင္ခ်လိုက္သည္။
" အရင္ အဝတ္လဲဦးေလ။ သက္ေတာင့္သက္သာမရွိလိုက္တာ "
"ဟင့္အင္… ေမာင္ခဏ နားလိုက္ဦးမယ္ ျပီးရင္ တခါထဲေရခ်ိဳးေတာ့မွာ"
"ဟာ… ေမာင့္ ။ အိပ္ယာထဲသြားေလကြာ "
"သြားဘူး။ ဒီမွာ ေမာင့္အခ်စ္ေလးေတြရွိေနတာကို အိပ္ယာေပၚဘာသြားလုပ္ေနရမွာလဲ "
ခ်စ္ျခင္းေပါင္ေပၚေခါင္းတင္ပီး ႀကမ္းေပၚမွာsuitအျပည့္နဲ ့ဝင္လွဲအိပ္သည္။
ပင္ပန္းလာမွန္းသိေတာ့ ထပ္ၿပီး ဘာမွေျပာမေနေတာ့ဘူး။
" ဒယ္ဒီ မီးမီး ေရခပ္ေပးမယ္ ခဏေလးေနာ္ "
သမီးျဖစ္သူ အေျပာေႀကာင့္အမိန္ ့ေက်နပ္ကာ ၿပံဳးမိသြား၏။ ဒါေပမဲ့ တကယ္သြားယူေပးမဲ့ပံုျပင္ေတာ့ လက္ဖ်ားေလးကို ဆြဲကာ ရင္ဖက္ေပၚေမွာက္တင္ထားလိုက္၏။
"ဒယ္ဒီ့ ငွက္နီေလးက လိမ္မာလိုက္တာ ။ ေရေတာ့ မေသာက္ခ်င္ဘူး ။ ဒယ္ဒီအေမာေျပာေအာင္ ခဏေလာက္ ဖက္ထားေပး "
"ဟုတ္ကဲ့ ဒယ္ဒီ"
ရင္ခြင္ထဲ တိုးဝင္လာတဲ့ အလြန္းေလးကို ငံု ့နမ္းေထြးေပြ ့လိုက္ေတာ့ လုပ္လက္စေတြ ခ်ပီးေျပးလာဖက္တဲ့ ခ်စ္ေသာ ။
ဆီးႀကိဳ ေပြ ႕ဖက္ရင္း
အမိန္ ့သေဘာတက် ရယ္ေမာလိုက္၏။
"ဟာ ဒါေလးက ဘယ္သူေလးလဲကြ ။"
" ဒယ္ဒီ့အသည္း သားသားခ်စ္ေသာေလးပါခင္ဗ် "
"ဟားဟား အလည္ကေလး ။လာပါဦး
စကားတက္တဲ့ ငွင္ေပါက္ေလးကို နမ္းပါအုန္းမယ္ …မြ…မြ…မြ "
ခ်စ္ျခင္းေပါင္ေပၚ မွာေခါင္းတင္အိပ္
ကာ ကေလးနွစ္ေယာက္ကို ရင္ခြင္ထဲ ထည့္ဖက္နမ္းေနတဲ့ေမာင့္ကိုႀကည့္ပီး ႀကင္နာစြာ အမိန္ ့ဆံပင္ေလးေတြကို သပ္တင္ေပးလိုက္၏။
ရာသီေတြေျပာင္းခဲ့ေပမဲ့ ခ်စ္ျခင္းတို ့မိသားစု ခုထိ
အခ်စ္ေတြနဲ ့ထံုသင္းေနတုန္း။ ေနာင္အနာဂတ္မွာလည ဒီလိုေလးပဲ ျဖစ္ေနဖို ့သည္ ခ်စ္ျခင္းေမ်ွာ္လင့္ခ်က္ပဲျဖစ္သည္။
ေမာင့္ကိုယံုသည္။ ခ်စ္ျခင္းရဲ ့ငွက္ေပါက္ေလးေတြကိုလည္းယံုသည္။
ႏုညံေသာ ေမတၲာတရားအတြက္ တျခား ဘာလိုေသးလဲ။
…………………………………
"ကလင္ ကလင္ "
နွဳိးစက္သံ ဆူဆူညံညံအသံက အခန္းထဲမွာ က်ယ္ေလာင္စြာ ျမည္လာသည္။
အမိန္ ့မ်က္လံုးတို ့ဖြင့္ကာ ႀကည္ႀကည္လင္လင္နိွဳးလာခဲ့၏။
ကုတင္ေဘးက နာရီနွဳိးစက္ကိုပိတ္ပီးအခ်ိန္ႀကည့္လိုက္ေတာ့မနက္ ေလးနာရီ ။
ျဖည္ညင္းစြာ ျခံဳထားတဲ့ေစာင္ကို ခြာပီး အမိန္ ့ထလိုက္သည္။ မ်က္နွာသစ္ကိုယ္လက္သန္ ့စင္ပီး ခ်စ္ျခင္းနွဖူးေလးကို ငံုနမ္းကာ နႈိးလိုက္၏။ ေအးစက္စက္အထိေတြ ့ေႀကာင့္ထင္၏ လွလွပပမ်က္ဝန္းတို ့ကခ်က္ျခင္းလွဳပ္ခတ္လာသည္။
" morning အခ်စ္ ။ ထေတာ့ ေမာင္ကေလးေတြသြားနိွဳးလိုက္အုန္းမယ္။ "
"အင္း ခ်စ္တယ္ "
"ေမာင္လည္း ခ်စ္တယ္ "
အိပ္ခ်င္ေနေပမဲ့ ကုန္းရုန္းထေနတဲ့ ခ်စ္ျခင္းက ထံုးစံမပ်က္ ခ်စ္တယ္ေျပာ၏။
ျပီးျပည့္စံုသြားတဲ့ခံစားခ်က္တို ့နဲ ့အမိန္ ့ေျခလွမ္းေတြက အေသာနဲ ့အလြန္းအခန္းဆီသို ့။
" hello ! ဒယ္ဒီ ငွက္ေပါက္ေလးေတြ
မထေသးဘူးလားကြ…ဒယ္ဒီဝင္လာပီေနာ္"
အခန္းတံခါးကို ျဖည္းျဖည္းဆြဲဖြင့္ကာ
အျပာနုနု အခန္းက်ယ္ထဲသို ့လွမ္းဝင္ရင္း အမိန္ ့အသံအရင္ေပးလိုက္၏။
ကုတင္တစ္ေယာက္တလံုး ဆီ ထည့္ေပးထားတဲ့
အမႊာနွစ္ေယာက္အခန္းက ကေလးငယ္ေလးေတြေနတဲ့အခန္းျဖစ္ေပမဲ့ ခ်စ္ျခင္းျပည့္စံု ရဲ့စနစ္က်ေသာပ်ိဳးေထာင္မူ ့ေအာက္မွာ ရွင္းသန္ ့ေန၏။
အရင္ဆံုး အလြန္းရဲ့ ကုတင္ေဘးကို သြားကာ ဆံပင္ေလးေတြသပ္တင္ပီး နွဳိးလိုက္၏။ အိပ္ယာနိွဳးေပးတိုင္း
ဘယ္ေတာ့မွ က်ယ္က်ယ္ေလာင္ေလာင္
ေအာ္မနိုးပဲ ဖြဖြေလး ဆံပင္သပ္တင္ေပးရင္း နိွဳးတက္တာ ခ်စ္ျခင္းသင္ေပးထားတဲ့အေလ့အထတစ္ခုပင္။
ေအာ္သံေႀကာင့္ မနက္ခင္းစိတ္မႀကည္မလင္ျဖစ္မွာစိုးလို ့ျဖစ္၏။
" အခ်စ္ေလး …ဒယ္ဒီတို ့ ခရီးသြားရမွာမို ့ဒီေန ့ေတာ့ ေစာေစာထလိုက္ေနာ္ ။ ကားေပၚမွျပန္အိပ္ လို ့ရတယ္ အလြန္းေလး "
တိုးတိုးေလး အမိန္ ့ ဆိုလိုက္ေတာ့
ခ်က္ျခင္း မ်က္ေတာင္ဖ်ားေတြ လွဳပ္လာပီးမွ
"ဟုတ္ကဲ့ မီးမီး နုိးပါပီ ဒယ္ဒီ "
မ်က္လံုးေလးကို လက္နဲ ့ပြတ္ပီး ျပန္ေျဖလာတာေႀကာင့္အမိန္ ့ ေခါင္းေလးပုတ္ေပးပီး အေသာ ကုတင္ဖက္ကို ေျပာင္းခဲ့ရ၏။
အိပ္ပုတ္ကေလး အေသာက ခြေခါင္းအုန္းကို ဖက္အိပ္ေနတာမ်ား ပါးစပ္ေလးပင္ ဟ လို ့။ ခ်စ္ျမတ္နိုးစိတ္ေတြနဲ ့
အမိန္ ့ ေဖာင္းေနေသာ ပါးေလးကို ပြတ္တိုက္နမ္းပစ္လိုက္သည္။
"အင္းးး ဒယ္ဒီ ရုတ္နဲ ့ "
အမယ္စကားေတြေတာင္ မပီေတာ့ဘူးအဆိုးေလးက ။
"ထေတာ့ေလကြာ ဒယ္ဒီတို ့ခရီးသြားရမွာေလ ။ အေသာေလးက လိမ္မာပါတယ္ ေနာ္ အသည္းေလး "
ထပ္ပီး ပါးျပင္ကို ဖြဖြေလးနမ္းလိုက္သည္။ ျငင္းဆန္သံ မထြက္လာပဲ နာခံတက္တဲ့ ကေလးငယ္က နိုးလာခဲ့သည္။
လက္ကေလး လွမ္းေပးတာေႀကာင့္ ခပ္ေဖာင္းေဖာင္းကိုယ္ေလးကိုဆြဲေပြ ့ပီး ေရခ်ိဳးခန္းကိုခ်ီပီး ဝင္လာခဲ့လိုက္၏။
အရင္ႀကိဳေရာက္နွင့္ေနတဲ့ အလြန္းေလးေဘးကို ခ် ေပးလိုက္ပီး အခန္းျပင္ကို အမိန္ ့ထြက္ခဲ့သည္။
ေအာက္ထပ္ရွိတဲ့ ဘိုးဘိုးကို နွဳိးရဦးမည္ပင္။ သို႔ေသာ္ ေအာက္ေရာက္ေတာ့ အဆင္သင့္နိုးေနတဲ့ ဘိုးဘိုးနဲ ့အတူ ေဖႀကီးေရာ၊ ေယာက္ခထီးေရာပါ ေရာက္ေနသည္မို ့။
" ဟာ ေဖႀကီးေရာ၊ ေလးေလးေရာ ေရာက္ေနပီလား သားက ခုမွ ဘိုးဘိုးကို နွဳိးမလို ့ဆင္းလာတာ "
"ငါက နိုးေနတာႀကာေပါ့ ။ ျပင္စရာရွိတာ ျပင္ ပီးရင္ သြားႀကရေအာင္ ငါက ကိုစိုင္းလူတို ့ကားနဲ ့လိုက္မွာ မင္းတို ့မိသားစု ကေတာ့ ကိုယ့္ဘာသာ ကားနဲ ့သက္သက္လာခဲ့လိုက္ေတာ့ ။ "
"အဲ့ဒါဆိုလည္း အဆင္ေျပသားပဲ မဟုတ္ရင္ ဘိုးဘိုးေျမးေတြနဲ ့ အဆင္ေျပမွာမဟုတ္ဘူး တလမ္းလံုးအိပ္မဲ့သေဘာရွိတယ္။ "
" ဒါဆို ေလးေလးတို ့ လမ္းက်မွ မနက္စာ စားႀကတာေပါ့ နိုးပီမို ့လားငါေျမးေတြ က "
"နိုးပီေလးေလး ေဟာေျပာရင္းဆင္းလာျပီ "
ကေလးနွစ္ေယာက္ကို လက္ဆြဲဆင္းလာတဲ့ ခ်စ္ျခင္းက အကုန္လံုးကို တခ်က္ေဝ့ႀကည့္ရင္းျပံဳးျပနုတ္ဆက္သည္။
"ေမာင္ အဝတ္အိတ္ေတြ တင္ပီးပီလား "
"အင္းညကတည္း တင္ထားျပီးျပီ…
ကေလးေတြက အဝတ္လဲမေပးဘူးလား"
ညက ဝတ္ထားတဲ့ အက်ၤ ီေတြမဟုတ္ေပမဲ့
အနီေရာင္ စေတာ္ဘယ္ရီသီးေလးေတြပါတဲ့ အျဖဴေရာင္ စပန္ ့ဝမ္းဆက္ေလးမို ့
အမိန္ ့ေမးလိုက္၏
"မလဲေတာ့ဘူး မဟုတ္လည္း အိပ္မွာပဲကို။ခု လဲေပးထားရင္ လမ္းမွာ သက္ေသာင့္သက္သာမရွိမွာစိုးလို ႔ေလ "
"ကဲကဲ ဒါဆိုလဲ သြားႀကရေအာင္
မိႀကည္ ျပီးပီဆို လာခဲ့ေတာ့ "
"လာျပီ ဘိုးဘိုးေရ အကုန္အဆင္သင့္ပဲ
ကိုမိန္ ့တို ့ကားေပၚတျခင္း ၊ဘိုးဘိုးတို ့ကားေပၚတစ္ျခင္း လိုအပ္တာ အကုန္ထည့္ေပးထားတယ္ ။ "
" သြားႀကမယ္ဒါဆို။ မိႀကည္ ကိုမိန္ ့တို ့ကားေပၚ တက္ ။ စိန္ေသာင္းကိုေတာ့ ငါတို ့ကားေပၚေခၚသြားမယ္ ။ ကဲ မိန္းခ် တံခါးေတြ စစ္အုန္း "
အကုန္လံုး အလ်င္အျမန္ ဝိုင္းလုပ္ေပးပီး
့ကားနွစ္စီးနဲ ့အမိန္ ့တို ့တေတြ ေရႊဘိုနယ္ဖက္ကို ေပ်ာ္ေပ်ာ္ပါးပါးခရီးဆန္ ့ခဲ့ႀကသည္။
ခ်စ္တဲ့အိမ္စည္။
-------------------
" လွန်းလွန်း မျက်နှာသုတ် ပုဝါရော ထည့်။
ဟုတ်တယ် မီးမီး ထည့်နေတာမှန်တယ် ။
အသော ညီညီလေးထည့်လေ… ပြန်ထည့် မရဘူး အဲ့လို မသေသပ်ရင် ဖေဖေမကြိုက်ဘူး "
မောင့် အဝတ်တွေနဲ့ ချစ်ခြင်းအဝတ်တွေကို luggage ထဲ ထည့်နေရာမှ ရပ်ပီး
အသောနဲ့ အလွန်းထည့်နေတာကို ကြည့်ကာလိုအပ်တာ ပြောပေးနေတာပင်။
ချစ်ခြင်းတို့ မိသားစုသည် ရွှေဘိုနားက ရွာလေးမှာ အလှူ လုပ်သွားကြမှာဖြစ်၏။
ထို့ ကြောင့် ထည့်စရာရှိတာကို ညတွင်းချင်း ထည့်နေ ရသည်။ အကြောင်းမှာ မနက်ဖန် မနက်အစောကြီး ထကာ မိသားစုလိုက် အပန်းဖြေရင်း တပျော်တပါး သွားကြမှာမို့ ပင်။ အားချင်းစီစဉ်ရသော်လည်း လိုအပ်ချက် မရှိသလောက် အစအဆုံး ဘိုးဘိုးကြီးက လုပ်ပေးသွားသည်။
ကလေးတွေအပြင် လူကြီတွေပါ ပျော်နေကြသည်မို့ အကောင်ထည်ဖော်လိုက်တာမှန်သွားသည် ပြောရမည်။
" သားငယ် ပြန်ထုတ်ပြီး သေချာနောက်တခေါက်ပြန်ထည့်လိုက်။ မဟုတ်ရင်
သား အဝတ်တွေ ပွနေတော့မယ် "
ခုအရွယ်ကတည်းက ကိုယ့်အားကို ကိုယ်ကိုးတက်အောင် ချစ်ခြင်းဘာတခုမှ လုပ်မပေးပေ။ လိုအပ်တာကိုဘေးကနေ စနစ်တကျ ညွှန်ပြပေးတာကို အသောနဲ့ အလွန်းက လိုက်လုပ်ရသည်။
ငါးနှစ်အရွယ်ဆိုပေမဲ့ချစ်ခြင်းက ကစားချိန်၊ နားချိန် ၊ အားကစားလုပ်ချိန် ၊ စာသင်ချိန် တို့ ကို သေချာ အချိန်ဇယားဆွဲပေးပီး လုပ်စေ၏။
အချိန်တိုင်း ဖိနှိပ်ချုပ်ချယ်ထားတာမျိုးမဟုတ်ပဲ လွတ်လပ်စွာ ကိုယ်အားသန်ရာကိုရွေးချယ် သင်ယူစေတာမျိုးပင်။
အားကစားချိန်ဆိုရင် အလွန်းလေး ကတိုက်ကွမ်ဒို သင်နေပီး အသောက သူသဘောကျတဲ့ ရေကူးသင်တာမျိုးကို လုပ်စေတာဖြစ်၏။
မောင်နှမ နှစ်ယောက်လုံးဝါသနာပါရာကို သင်ယူရာတွင်လည်း အသောက ချစ်ခြင်းလို ပန်းချီဆွဲတာမျိုး ဝါသနာပါပီး အလွန်းကတော့ ကွန်ပြူတာ နှိပ်ရတာကို ပိုဝါသနာပါသည်။ ငယ်သေးလို့ တခြားတခုခုကို သင်စေချင်ပေမဲ့ ခေါင်းမာတက်တဲ့
ချစ်လွန်းအာဏာစံက မရမက ဂျစ်တိုက်
လို့ တပါတ်မှ သုံးရက်သာ သင်ခိုင်းရသည်။
စာသင်ချိန်တစ်ခု တူတာကလွဲပြီး
ချစ်သောနဲ့ ချစ်လွန်းသည် ကျန်အချိန်များတွင် ဝါသနာမတူ
အကြိုက်မတူတဲ့ အမွှာမောင်နှပင်ဖြစ်သည်။
ဥာဏ်ကောင်းလွန်းတဲ့ ချစ်လွန်းက
ငါးနှစ်ပဲရှိသေးပေမဲ့ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတက်ရုံတင်မကဘူး
အခု ကိုရီးယား ဘာသာစကားပါ ဆက်သင်ချင်သေးသည်တဲ့။
ကလေးအရွယ်မို့
ချစ်ခြင်း ဒါကိုတော့ အလိုမလိုက်သေးပေ။
ချစ်လွန်း ရည်ရွယ်ချက်ကတော့ရှင်းပါသည် ။
အနားယူချိန်တွေမှာချစ်ခြင်း ဖွင့်ပေးတက်တဲ့ Return of superman tv showကိုကြည့်ပီးကတည်းက ကိုရီးယားကိုသွားချင်တယ်ပြောနေတဲ့မောင်ဖြစ်သူကို လိုက်ပို့ ပေးချင်လို့သင်ချင်တာပါတဲ့။
ခုလည်း ကလေးသုံး luggage တစ်ယောက်တလုံးဆီ ချပီး ထည့်ရမဲ့အဝတ်တွေ ခေါက်ပီးပုံပေးထားတာကို ချစ်လွန်းက သပ်သပ်ရပ်ရပ် ထည့်နေပေမဲ့ ချစ်သောက မညီမညာထည့်နေသည်မို့ ချစ်ခြင်း ဆူတော့ အမဖြစ်သူက သူအိတ်လေးဘေးတွန်းပီး မောင်ဖြစ်သူကို ကူထည့်ပေးနေ၏။
"အလွန်းလေး ။ မီးမီး မောင်လေးကို ချစ်တာကို ဖေဖေသိပါတယ်။ ဒါပေမဲ့ အခုလို
မီးမီး အလိုလိုက်နေရင် မောင်လေးကြီးလာရင် ဘာမှမလုပ်တက်တဲ့ လူဖျင်းလေးဖြစ်သွားလိမ့်မယ် ။ "
မော့ကြည့်လာတဲ့ မျက်ဝန်းလေးတွေက
ဖြူစင်မူ့ ကို ကိုယ်စားပြုရုံသာမကဘူး
ထက်မြတ်မူ့ လှပ မူ့ တွေပါ ထင်ပေါ်နေ၏။
"မီးမီး ရှိရင် မဖြစ်ဘူး ။ မီးမီးစောင့်ရှောက်ပေးမှာ သားသားတသက်လုံး "
သူစ်ိမ်းကြားရင် ကလေးက ကလေးစကားမပြောဘူးလို့ ထင်နိုင်ပေမဲ့ အလွန်းနှစ်နှစ်သမီး စကားစပြောနိုင်ကတည်းက
သားသား ကိုအားလုံးထက်ပိုချစ်တာကို သိနေသော မိသားစုဝင်တွေကတော့မထူးဆန်းတော့ပေ။
"အလွန်းလေး က စောင့်ရှောက်ပေးနိုင်ပေမဲ့ သားသား ကို ချစ်ရာမရောက်ဘူး နှစ်ရာရောက်နေတယ် သမီး။ လာဖေဖေဆီကို ။ သားသား ဘာသာ ထည့်လိမ့်မယ်။ ဖေဖေ နောက်ကျ မီးမီးကို သေချာရှင်းပြပေးမယ်။ ခုတော့ မောင်လေးဘာသာထည့်ပါစေ။ ဒါမှမဟုတ် မီးမီးက ဘေးကနေ မောင်လေးကို သင်ပြပေးပေါ့ "
ထိုမှ ကျေနပ်သွားကာ ဘေးကနေ
မောင်ဖြစ်သူက ဂရုတစိုက် ပြောပေးနေ၏။ အဝါရောင် ညအိပ် ဝမ်းဆက်ဆင်တူ
ဝတ်ထားတဲ့ ကလေးနှစ်ယောက်ကိုကြည့်ပီးချစ်ခြင်းပီတိဖြစ်ရသည်။
သမီးက
တအားထက်မြတ်လာသလို ကောင်းခြင်းအဖြာဖြာနဲ့ ပိုပိုပြည့်စုံလာသည်။ နက်စွေးနေတဲ့ ဆံပင်တို့ သည် ကျောလည်လောက်ရောက်နေပီး ထူထဲဖြောင့်စင်းနေ၏။
ရှားပါးသော အသားရေ ဖြစ်တဲ့ ဝါညက်ညက် အသားရောင်သည် အရွယ်လေးကြီးလာလေလေ ပိုပီး တောက်လာကာ
ရွှေတုံးလေးချထားသလို လင်းထင်းလာသည်။
အသောနဲ့ အမွှာဆိုပေမဲ့ ရုပ်ဆင်ချင်သလိုလေးသာ ရှိပြီး သချာကြည့်ရင်နည်းနည်းမှ မတူတော့ပြန်ပေ။
ချစ်သောက ပိုပီး မျက်တောင်တွေရှည်သလို အသားရေက ချစ်ခြင်းနဲ့ တူတဲ့ အဖြူ ရောင် ကြည်ကြည်လေးပင်။
ဆံပင်ဆို ပိုဆိုး ။
အညိုရောင် ကောက်ကောက်ကွေးကွေးလေး ဆံပင်တွေက ချစ်လွန်းနဲ့ ဆန့်ကျင်ဖက် ။
ဘာတခုမှ မတူပေမဲ့ မောင်နှမနှစ်ယောက်လုံး တစ်ယောက်နဲ့ တစ်ယောက် ချစ်တာခြင်းတော့တူသည်။
" ချစ်ခြင်း ချစ်ခြင်းရေ "
ခေါ်သံစူးစူးကို ကြားလိုက်ရတော့ ခေါင်းလှည့်ကာ အော်လိုက်၏။
" ငါက အဝတ်စားခန်းမှာ "
ချက်ခြင်းဆိုသလိုအဝတ်ခန်းထဲ ဝင်လာသည်။ ကြည့်ရတာ အိမ်ပြန်ရောက်ရောက်ခြင်း တစ်ယောက်မှမမြင်ရရင် ခုလို အော်ခေါ်ပုံပင်။
"အာ …ဒယ်ဒီအသည်းလေးတွေရော ဒီမှာရောက်နေတာပဲ ။ "
"အချစ်" မွ" ။ အသောလေး "မွ " အလွန်းလေးရော" မွ" ။"
ထုံးစံအတိုင်း လိုက်နမ်းပီးမှ ချစ်ခြင်းတို့
ထိုင်နေသလို ကြမ်းပြင်ပေါ် ပစ်စလက်ခတ်ထိုင်ချလိုက်သည်။
" အရင် အဝတ်လဲဦးလေ။ သက်တောင့်သက်သာမရှိလိုက်တာ "
"ဟင့်အင်… မောင်ခဏ နားလိုက်ဦးမယ် ပြီးရင် တခါထဲရေချိုးတော့မှာ"
"ဟာ… မောင့် ။ အိပ်ယာထဲသွားလေကွာ "
"သွားဘူး။ ဒီမှာ မောင့်အချစ်လေးတွေရှိနေတာကို အိပ်ယာပေါ်ဘာသွားလုပ်နေရမှာလဲ "
ချစ်ခြင်းပေါင်ပေါ်ခေါင်းတင်ပီး ကြမ်းပေါ်မှာsuitအပြည့်နဲ့ ဝင်လှဲအိပ်သည်။
ပင်ပန်းလာမှန်းသိတော့ ထပ်ပြီး ဘာမှပြောမနေတော့ဘူး။
" ဒယ်ဒီ မီးမီး ရေခပ်ပေးမယ် ခဏလေးနော် "
သမီးဖြစ်သူ အပြောကြောင့်အမိန့် ကျေနပ်ကာ ပြုံးမိသွား၏။ ဒါပေမဲ့ တကယ်သွားယူပေးမဲ့ပုံပြင်တော့ လက်ဖျားလေးကို ဆွဲကာ ရင်ဖက်ပေါ်မှောက်တင်ထားလိုက်၏။
"ဒယ်ဒီ့ ငှက်နီလေးက လိမ်မာလိုက်တာ ။ ရေတော့ မသောက်ချင်ဘူး ။ ဒယ်ဒီအမောပြောအောင် ခဏလောက် ဖက်ထားပေး "
"ဟုတ်ကဲ့ ဒယ်ဒီ"
ရင်ခွင်ထဲ တိုးဝင်လာတဲ့ အလွန်းလေးကို ငုံ့ နမ်းထွေးပွေ့ လိုက်တော့ လုပ်လက်စတွေ ချပီးပြေးလာဖက်တဲ့ ချစ်သော ။
ဆီးကြို ပွေ့ ဖက်ရင်း
အမိန့် သဘောတကျ ရယ်မောလိုက်၏။
"ဟာ ဒါလေးက ဘယ်သူလေးလဲကွ ။"
" ဒယ်ဒီ့အသည်း သားသားချစ်သောလေးပါခင်ဗျ "
"ဟားဟား အလည်ကလေး ။လာပါဦး
စကားတက်တဲ့ ငှင်ပေါက်လေးကို နမ်းပါအုန်းမယ် …မွ…မွ…မွ "
ချစ်ခြင်းပေါင်ပေါ် မှာခေါင်းတင်အိပ်
ကာ ကလေးနှစ်ယောက်ကို ရင်ခွင်ထဲ ထည့်ဖက်နမ်းနေတဲ့မောင့်ကိုကြည့်ပီး ကြင်နာစွာ အမိန့် ဆံပင်လေးတွေကို သပ်တင်ပေးလိုက်၏။
ရာသီတွေပြောင်းခဲ့ပေမဲ့ ချစ်ခြင်းတို့ မိသားစု ခုထိ
အချစ်တွေနဲ့ ထုံသင်းနေတုန်း။ နောင်အနာဂတ်မှာလည ဒီလိုလေးပဲ ဖြစ်နေဖို့ သည် ချစ်ခြင်းမျှော်လင့်ချက်ပဲဖြစ်သည်။
မောင့်ကိုယုံသည်။ ချစ်ခြင်းရဲ့ ငှက်ပေါက်လေးတွေကိုလည်းယုံသည်။
နုညံသော မေတ္တာတရားအတွက် တခြား ဘာလိုသေးလဲ။
…………………………………
"ကလင် ကလင် "
နှိုးစက်သံ ဆူဆူညံညံအသံက အခန်းထဲမှာ ကျယ်လောင်စွာ မြည်လာသည်။
အမိန့် မျက်လုံးတို့ ဖွင့်ကာ ကြည်ကြည်လင်လင်နှိုးလာခဲ့၏။
ကုတင်ဘေးက နာရီနှိုးစက်ကိုပိတ်ပီးအချိန်ကြည့်လိုက်တော့မနက် လေးနာရီ ။
ဖြည်ညင်းစွာ ခြုံထားတဲ့စောင်ကို ခွာပီး အမိန့် ထလိုက်သည်။ မျက်နှာသစ်ကိုယ်လက်သန့် စင်ပီး ချစ်ခြင်းနှဖူးလေးကို ငုံနမ်းကာ နှိုးလိုက်၏။ အေးစက်စက်အထိတွေ့ ကြောင့်ထင်၏ လှလှပပမျက်ဝန်းတို့ ကချက်ခြင်းလှုပ်ခတ်လာသည်။
" morning အချစ် ။ ထတော့ မောင်ကလေးတွေသွားနှိုးလိုက်အုန်းမယ်။ "
"အင်း ချစ်တယ် "
"မောင်လည်း ချစ်တယ် "
အိပ်ချင်နေပေမဲ့ ကုန်းရုန်းထနေတဲ့ ချစ်ခြင်းက ထုံးစံမပျက် ချစ်တယ်ပြော၏။
ပြီးပြည့်စုံသွားတဲ့ခံစားချက်တို့ နဲ့ အမိန့် ခြေလှမ်းတွေက အသောနဲ့ အလွန်းအခန်းဆီသို့ ။
" hello ! ဒယ်ဒီ ငှက်ပေါက်လေးတွေ
မထသေးဘူးလားကွ…ဒယ်ဒီဝင်လာပီနော်"
အခန်းတံခါးကို ဖြည်းဖြည်းဆွဲဖွင့်ကာ
အပြာနုနု အခန်းကျယ်ထဲသို့ လှမ်းဝင်ရင်း အမိန့် အသံအရင်ပေးလိုက်၏။
ကုတင်တစ်ယောက်တလုံး ဆီ ထည့်ပေးထားတဲ့
အမွှာနှစ်ယောက်အခန်းက ကလေးငယ်လေးတွေနေတဲ့အခန်းဖြစ်ပေမဲ့ ချစ်ခြင်းပြည့်စုံ ရဲ့စနစ်ကျသောပျိုးထောင်မူ့ အောက်မှာ ရှင်းသန့် နေ၏။
အရင်ဆုံး အလွန်းရဲ့ ကုတင်ဘေးကို သွားကာ ဆံပင်လေးတွေသပ်တင်ပီး နှိုးလိုက်၏။ အိပ်ယာနှိုးပေးတိုင်း
ဘယ်တော့မှ ကျယ်ကျယ်လောင်လောင်
အော်မနိုးပဲ ဖွဖွလေး ဆံပင်သပ်တင်ပေးရင်း နှိုးတက်တာ ချစ်ခြင်းသင်ပေးထားတဲ့အလေ့အထတစ်ခုပင်။
အော်သံကြောင့် မနက်ခင်းစိတ်မကြည်မလင်ဖြစ်မှာစိုးလို့ ဖြစ်၏။
" အချစ်လေး …ဒယ်ဒီတို့ ခရီးသွားရမှာမို့ ဒီနေ့ တော့ စောစောထလိုက်နော် ။ ကားပေါ်မှပြန်အိပ် လို့ ရတယ် အလွန်းလေး "
တိုးတိုးလေး အမိန့် ဆိုလိုက်တော့
ချက်ခြင်း မျက်တောင်ဖျားတွေ လှုပ်လာပီးမှ
"ဟုတ်ကဲ့ မီးမီး နိုးပါပီ ဒယ်ဒီ "
မျက်လုံးလေးကို လက်နဲ့ ပွတ်ပီး ပြန်ဖြေလာတာကြောင့်အမိန့် ခေါင်းလေးပုတ်ပေးပီး အသော ကုတင်ဖက်ကို ပြောင်းခဲ့ရ၏။
အိပ်ပုတ်ကလေး အသောက ခွခေါင်းအုန်းကို ဖက်အိပ်နေတာများ ပါးစပ်လေးပင် ဟ လို့ ။ ချစ်မြတ်နိုးစိတ်တွေနဲ့
အမိန့် ဖောင်းနေသော ပါးလေးကို ပွတ်တိုက်နမ်းပစ်လိုက်သည်။
"အင်းးး ဒယ်ဒီ ရုတ်နဲ့ "
အမယ်စကားတွေတောင် မပီတော့ဘူးအဆိုးလေးက ။
"ထတော့လေကွာ ဒယ်ဒီတို့ ခရီးသွားရမှာလေ ။ အသောလေးက လိမ်မာပါတယ် နော် အသည်းလေး "
ထပ်ပီး ပါးပြင်ကို ဖွဖွလေးနမ်းလိုက်သည်။ ငြင်းဆန်သံ မထွက်လာပဲ နာခံတက်တဲ့ ကလေးငယ်က နိုးလာခဲ့သည်။
လက်ကလေး လှမ်းပေးတာကြောင့် ခပ်ဖောင်းဖောင်းကိုယ်လေးကိုဆွဲပွေ့ ပီး ရေချိုးခန်းကိုချီပီး ဝင်လာခဲ့လိုက်၏။
အရင်ကြိုရောက်နှင့်နေတဲ့ အလွန်းလေးဘေးကို ချ ပေးလိုက်ပီး အခန်းပြင်ကို အမိန့် ထွက်ခဲ့သည်။
အောက်ထပ်ရှိတဲ့ ဘိုးဘိုးကို နှိုးရဦးမည်ပင်။ သို့သော် အောက်ရောက်တော့ အဆင်သင့်နိုးနေတဲ့ ဘိုးဘိုးနဲ့ အတူ ဖေကြီးရော၊ ယောက်ခထီးရောပါ ရောက်နေသည်မို့ ။
" ဟာ ဖေကြီးရော၊ လေးလေးရော ရောက်နေပီလား သားက ခုမှ ဘိုးဘိုးကို နှိုးမလို့ ဆင်းလာတာ "
"ငါက နိုးနေတာကြာပေါ့ ။ ပြင်စရာရှိတာ ပြင် ပီးရင် သွားကြရအောင် ငါက ကိုစိုင်းလူတို့ ကားနဲ့ လိုက်မှာ မင်းတို့ မိသားစု ကတော့ ကိုယ့်ဘာသာ ကားနဲ့ သက်သက်လာခဲ့လိုက်တော့ ။ "
"အဲ့ဒါဆိုလည်း အဆင်ပြေသားပဲ မဟုတ်ရင် ဘိုးဘိုးမြေးတွေနဲ့ အဆင်ပြေမှာမဟုတ်ဘူး တလမ်းလုံးအိပ်မဲ့သဘောရှိတယ်။ "
" ဒါဆို လေးလေးတို့ လမ်းကျမှ မနက်စာ စားကြတာပေါ့ နိုးပီမို့ လားငါမြေးတွေ က "
"နိုးပီလေးလေး ဟောပြောရင်းဆင်းလာပြီ "
ကလေးနှစ်ယောက်ကို လက်ဆွဲဆင်းလာတဲ့ ချစ်ခြင်းက အကုန်လုံးကို တချက်ဝေ့ကြည့်ရင်းပြုံးပြနုတ်ဆက်သည်။
"မောင် အဝတ်အိတ်တွေ တင်ပီးပီလား "
"အင်းညကတည်း တင်ထားပြီးပြီ…
ကလေးတွေက အဝတ်လဲမပေးဘူးလား"
ညက ဝတ်ထားတဲ့ အင်္ကျီတွေမဟုတ်ပေမဲ့
အနီရောင် စတော်ဘယ်ရီသီးလေးတွေပါတဲ့ အဖြူရောင် စပန့် ဝမ်းဆက်လေးမို့
အမိန့် မေးလိုက်၏
"မလဲတော့ဘူး မဟုတ်လည်း အိပ်မှာပဲကို။ခု လဲပေးထားရင် လမ်းမှာ သက်သောင့်သက်သာမရှိမှာစိုးလို့ လေ "
"ကဲကဲ ဒါဆိုလဲ သွားကြရအောင်
မိကြည် ပြီးပီဆို လာခဲ့တော့ "
"လာပြီ ဘိုးဘိုးရေ အကုန်အဆင်သင့်ပဲ
ကိုမိန့် တို့ ကားပေါ်တခြင်း ၊ဘိုးဘိုးတို့ ကားပေါ်တစ်ခြင်း လိုအပ်တာ အကုန်ထည့်ပေးထားတယ် ။ "
" သွားကြမယ်ဒါဆို။ မိကြည် ကိုမိန့် တို့ ကားပေါ် တက် ။ စိန်သောင်းကိုတော့ ငါတို့ ကားပေါ်ခေါ်သွားမယ် ။ ကဲ မိန်းချ တံခါးတွေ စစ်အုန်း "
အကုန်လုံး အလျင်အမြန် ဝိုင်းလုပ်ပေးပီး
့ကားနှစ်စီးနဲ့ အမိန့် တို့ တတွေ ရွှေဘိုနယ်ဖက်ကို ပျော်ပျော်ပါးပါးခရီးဆန့် ခဲ့ကြသည်။
ချစ်တဲ့အိမ်စည်။
-------------------
Bạn đang đọc truyện trên: ZingTruyen.Xyz