ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
41
" သားသားႀကီးလာရင္ ဘာလုပ္မွာလဲ။
ဆရာဝန္ႀကီးလား၊ အင္ဂ်င္နီယာႀကီးလားဗ် "
ေနာက္ဆံုးလက္က်န္ သခြားသီးအဝိုင္းေလးကို နွဖူးေပၚတင္ေပးပီး အမိန္ ့ေမးလိုက္သည္။ ဒီေန ့အမိန္ ့အလုပ္ပိတ္ရက္မို ့သူ ့တို ့မိသားစု စံုစံုလင္လင္ အနားယူ ေနႀကသည္။ ခါတိုင္းလို ပင္ နားရက္တိုင္း
ပင္တိုင္အလုပ္သမားေလးအမိန္ ့က
အိပ္ယာေပၚမွာ ပက္လက္ အိပ္ေနႀကတယ္ ငွက္သားအဖ သံုးေယာက္ကို သခြားသီးနဲ ့မ်က္နွာေပါင္းတင္ေပးေန၏။
"သားသား ႀကီးလာရင္ ဒယ္ဒီလို လိမ္မာတဲ့ ေကာင္းေလးကို ခ်စ္သူေတာ္မယ္ "
ပါးေပၚက သခြားသီးအဝိုင္းေလးကို ဆြဲယူပီး တက်ြတ္က်ြတ္ ကိုက္ဝါးစားရင္း
ျပံဳးျပံဳးႀကီးစိတ္ကူးယဥ္ေနေသာ သားျဖစ္သူကို ႀကည့္ပီး အမိန္ ့ေခါင္းရမ္းလိုက္မိ၏။
ေမးတာကတျခားေျဖလာတာက တျခားမို ႔
ဘယ္လို ဆံုးမရမလဲ ေတြးရတာလည္းအခါခါ။
ခ်စ္ျခင္းကို ႀကည့္ေတာ့လည္း ႀကားေနက်စကားဆိုေတာ့ မထူးဆန္းသလို လက္ပိုက္ပီး မ်က္လံုးကိုမွိတ္ထားသည္။
"ဟိတ္......သားသား အဲ့လို မေျပာရဘူးလို ့ဒယ္ဒီ မွာထားတာေမ့ေနပီလား။ ကေလးကအဲ့လိုစကားေတြ မေျပာသင့္ေသးဘူးေလ ။ ခုမွ သားသားက ငါးနွစ္ပဲရွိေသးတယ္ "
ေလပူေတြ ကို မွဳတ္ထုတ္ပီး အမိန္ ့ေခ်ာ့ေျပာေတာ့ အေသာ နွုတ္ခမ္းေတြ စူပီးစိတ္ေကာက္၏။
" ဒယ္ဒီေမးလို ့လဲ သားသားေျဖရေသးတယ္။ ဒယ္ဒီမေကာင္းဘူး "
" ေအာ္ေဟာ္ ဘဲနွဳတ္သီးလို လုပ္မေနနဲ ့
ပါးပါးေပၚက သခြားသီးေတြျပဳတ္က်ကုန္ပီ "
အမိန္ ့ ပန္းကန္ထဲကပါးပါးလွီးထားတဲ့
သခြားသီးအဝိုင္းေလးကိုထပ္ကပ္ေပးလိုက္၏။ ျဖစ္တည္မူ ့ဆိုေတာ့ လည္း လက္ခံေပးရုံပဲရွိေတာ့မွာေပါ့။ ဒီအေဖက ေမြးမွ
ဒါမ်ိဳးျဖစ္မွာေပါ့လို ့ေမးေငါ့ နိုင္ႀကေပမဲ့
အျမင္မသင့္ တာမ်ိဳး တခါေတာင္
ကေလးေတြေရွ ့မေနဘူးလို ့ အမိန္ ့တို ့
လိပ္ျပာလံု၏။ သားကိုယ္ပိုင္ဘဝကို ဒါမလုပ္ရဘူးဆိုတာ ကို အတင္းနားသြင္းတာထပ္ လမ္းမွားမေရာက္ေအာင္ ထိန္းကြပ္ေပးတဲ့ အုပ္ခ်ဳပ္မူ ့မ်ိဳးကို သာ ေရြးခ်ယ္သည္။ မီးဆိုတာ ပူတယ္ဆိုတာ သူတို ့သိတယ္။ ဒါေပမဲ့ ပူတဲ့ အရသာကို မသိေသးလို ့
လက္ေတြ ့စမ္းခ်င္တာမိ်ဳးဆိုရင္ ေပးလုပ္ခိုင္းလိုက္တယ္ ဒါဆိုပူတဲ့ ခံစားခ်က္ကို သိသြားလို ့တသက္လံုး ေနာက္ထပ္ထိမွာမဟုတ္ေတာ့ဘူး။ ေဘးကေန မတိမ္းေစာင္းသြားေအာင္ ခ်စ္ျခင္းေရာ အမိန္ ့ေရာ
ေႏြးေထြးစြာ ျခံရံေပးထားတဲ့ သားနဲ့ သမီး
အနာဂတ္ လမ္းက ေျဖာင့္ျဖဴး ေနမွာ အေသခ်ာပင္။ ေမတၱာနဲ ့ပဲ အုပ္ခ်ဳပ္တယ္။ ေမတၱာနဲ ့ပဲ သြန္သင္တယ္။
" ကဲ မီးမီးေလးကေရာ ႀကီးလာရင္ ဘာလုပ္မွာလဲဗ် "
ေလ်ာက်ေနတဲ့ သခြားသီးေလးကို ပါးေလးေပၚ တင္ေပးရင္းေမးလိုက္ေတာ့ သမီးက ျပံဳး၏။ ခ်စ္လြန္းက တအားဥာဏ္ေကာင္းတယ္။ သင္ယူတက္ေျမာက္တာ လြယ္သလို တည္ျငိမ္ျငိမ္လည္းရွိတယ္။
ခ်စ္ျခင္းကို တအားေက်းဇူးတင္တာပဲ။ အမိန္ ့ဘဝထဲကို ခ်စ္ေသာလိုေကာ္ပတ္ရုပ္ေလးနဲ ့တူပီး စကားတက္လြန္းတဲ့ သားေလးရယ္
ခ်စ္လြန္းလို ဥာဏ္ေကာင္းပီး ထက္ထက္ျမတ္ျမတ္ရွိတဲ့ သမီးေခ်ာေလးရယ္ကို တျပိဳင္ထဲေမြးေပးလို ့ ခ်စ္ျခင္းက အမိန္ ့အတြက္ တန္ဖိုးရွိတဲ့ အိမ္ေထာင္ဖက္ေကာင္းေလးပင္။
"မီးမီးႀကီးရင္ ဒယ္ဒီမပင္ပန္းေအာင္ အလုပ္ေတြ ဝိုင္းကူလုပ္ေပးမယ္။ၿပီးရင္ ဒယ္ဒီနဲ ့ေဖေဖ ကို အိမ္မွာ အတူတူေနခိုင္းၿပ နားနားေနေန ေနခိုင္းေတာ့မွာ။ သားသားကိုေတာ့ ဒယ္ဒီတို ့စိတ္မပူရေအာင္မီးမီးကပဲ ေစာင့္ေရွာက္လိုက္ပါ့မယ္။"
"ေမာင္ မင္းသမီး IQတစ္ခ်က္စစ္ေပးစမ္း
တခါတေလ လူႀကီးစကားေတြေျပာတက္လြန္းလို ့ငါလန္ ့ေတာင္လာျပီ "
မ်က္နွာေပၚက သခြားသီးေတြ လက္နဲ ့ဖယ္ရင္း ခ်စ္ျခင္းေျပာလိုက္သည္။ တကယ္ကို ခ်စ္လြန္းက တစ္ခုခုပဲ ။ တအား ထက္လြန္းအားႀကီးတယ္။
ေမာင္ကေတာ့
သူ ့ပံုစံအတိုင္း ျပံဳးျပံဳးပဲ သူ ့ငွက္ဥေတြႀကည့္ပီးေက်နပ္ေနေလ၏။ ဒီသားအဖေတြကေတာ့ တကယ္ပဲ။
" ဟီး မမ ကို သားသားအရမ္းခ်စ္ "
ညီညီစီစီေလး ေဘးမွာ ပက္လက္အိပ္ေနႀကရမွ အေသာက သူ ့အမကို ေစာင္းပီး ဖက္လိုက္ေတာ့ သခြားသီးအျပားေတြက ပါးေပၚက ေလ်ာက်၏။ ေမာင္ျဖစ္သူေပ်ာ္ေနေတာ့ အမလုပ္သူက ပါ သေဘာက်ကာ
ပါးျခင္းကပ္ထားတဲ့ အေသာပါးေဖာင္းေဖာင္းကို လက္ေသးေသးေလးပြတ္ေပးကာ ေခ်ာ့ျမဴ ေနသည္။
" အတူတူပဲ မမကလည္း သားသားကို ခ်စ္"
အမိန္ ့သည္ ေရွ ့က ျမင္ကြင္းေလးကို ႀကည့္ပီး မ်က္ရည္ေတြဝိုင္းလာ၏။ သူ ့ရဲ ့ငွက္နီေပါက္ေလးေတြ က ခ်စ္စရာေကာင္းလိုက္တာ။ တီတီတာတာေျပာတက္ရုံမကဘူး ေမာင္နွမနွစ္ေယာက္ကလည္း တစ္ေယာက္နဲ ့တစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္ေလးမို ့
အမိန္ ့ႀကည္နူးရသည္။
တစ္ေယာက္နဲ ့တစ္ေယာက္ ျငိမ္ျငိမ္ေလးေထြးေပြ ့ေနတဲ့ သူ ့ေသြးသားေလးနွစ္ေယာက္ကို ႀကည့္ပီး အမိန္ ့ ေဘးနားကပ္အိပ္ကာ နွစ္ေယာက္လံုးကို သူ၏ႀကီးမားလွေသာ လက္ႀကီးျဖင့္ ေထြးေပြ ့လိုက္၏။
" ဒယ္ဒီလည္း အေသာေလးနဲ ့အလြန္းေလးကို ခ်စ္ပါ့ဗ်ာ ။ ေနာက္ကိုလည္း ဒီလိုေလး ေမာင္နွမနွစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္ေနရမယ္ေနာ္ အခ်စ္ကေလးတို ့ "
"ဟုတ္ကဲ့ ဒယ္ဒီ "
"ဟုတ္ကဲ့ ဒယ္ဒီ "
သံုးေယာက္သားပူးပူးကပ္ကပ္ေလး ဖက္အိပ္ေနႀကတဲ့ သူ ့အသက္ကေလးေတြသည္ အင္မတန္ခ်စ္ဖို ႔ေကာင္းလွသည္။
သာယာေႏြးေထြးတဲ့ မိသားစုေလးကို
အမိန္ ႔က ဖခင္ေကာင္းပီသစြာ ထိန္းသိမ္းနိုင္ခဲ့သည္။
အမိန္ ႔တို ႔သံုးေယာက္ကိုၾကည့္ရင္းခ်စ္ျခင္းျပံဳးလိုက္မိသည္။
သူ ့၏အသည္း၊ အသက္ကေလး အမိန္ ့အာဏာသည္ အကုန္လံုးထပ္ပိုၿပီး
ခ်စ္ဖို ့ေကာင္းေနတာမို ့ ကေလးနွစ္ေယာက္ အလယ္ကထားကာ ခ်စ္ျခင္း
အမိန္ ့ကို ေက်ာ္ ဖက္လိုက္သည္။
ေမာင့္ကိုသာ အခ်စ္ဆံဳး ။
" ေဖေဖ ညစ္ပတ္ "
" ဘာညစ္ပတ္လို ့လဲ။ အေသာ မင္းေနာ္
ဖေအကို မဟုတ္တာလာေျပာေနတယ္။
စြပ္စြပ္စြဲစြဲေတြ"
" သားသားေျပာတာအမွန္ပါေနာ္။
ေဖေဖက သားသားတို ့ထပ္ ဒယ္ဒီကို ပိုခ်စ္တယ္ဆိုတာ သားသားသိတယ္ "
"အလိုဗ်ာ ။ ပိုခ်စ္မွာေပါ့... မင္းတို ႔ထပ္
ငါ့ညီေလးကိုပိုခ်စ္စရာေကာင္းတာကို ။ ဘာျဖစ္လို႔လဲ ။ အေသာ မင္း မနာလိုေနတာလား"
" ဟင့္အင္ ေသာေသာ မနာလို မျဖစ္ပါဘူးေနာ္။ေသာေသာမွာ မမရွိတယ္။ မမကို ခ်စ္။"
သူ ့အမ ဖက္ကို ျပန္လွည့္ပီး သူ ့ပါးေလးနဲ ့လြန္းလြန္း ပါးကိုသြားကပ္ကာ ေျပာ၏။
အေသာက အမိန္ ႔သားပီသသည္။
လံုးဝအခြၽဲတံုးေလး။ တအိမ္လံုးကရွိသမ်ွလူကို ပတ္ခြၽဲတက္တဲ့ ခ်စ္ေမႊးေလး
အေသာကို ခ်စ္ျခင္းႀကည့္ပီး နႈတ္ေလးကိုကိုက္ကာ စိတ္ထိန္းလိုက္ရ၏။
မဟုတ္ရင္ ေဖာင္းအိေနတဲ့ ပါးစံုရဲရဲႀကီးကို ကိုက္ဆြဲမိေတာ့မည္။
ဘိုးဘိုးႀကီးကဆို အေသာဆိုရင္ တအားသည္း၊ တအားခ်စ္သည္။
အသက္အ႐ြယ္ႀကီးရင့္ေနၿပီျဖစ္တဲ့ လူႀကီးအ႐ြယ္မို ႔ တြတ္တီးတြတ္တာ ေျပာတက္တဲ့ ခ်စ္ေသာကို အေနေအးတဲ့ ခ်စ္လြန္းထက္ ပိုခ်စ္တာျဖစ္သည္။
" ခ်စ္ျခင္း ေမာင္စိတ္ကူးထားတာေလးရွိတယ္။ အဲ့ဒါကလည္း ကေလးေတြ ေက်ာင္းမတက္ေသးခင္ ေမာင္လုပ္ခ်င္တာ"
"အင္း ေျပာႀကည့္ေလ။ ဘာလုပ္ခ်င္တာလဲ မင္းက "
မ်က္လံုးေလးမွိတ္ပီး ျငိမ္ေနႀကတဲ့ အေသာနဲ ့အလြန္းကို ေက်ာ္ပီး အမိန္ ့ရဲ့ နားရြက္ဖ်ားတို ့ကို လွုပ္ခတ္ ေဆာ့ကစားရင္း
ခ်စ္ျခင္းျပန္ေျဖမိ၏။ သူတို ႔မိသားစုက
ဒီလိုပဲ ။ အမိန္ ႔ေရာ၊ ခ်စ္ျခင္းေရာ တစ္ဦးတည္းေသာသားေတြမို ႔ ကေလးေတြနဲ ့
ခုလို လံုးေထြးေနရတာကိုႀကိဳက္သည္။
" ကေလးေတြကိုရွင္ျပဳ ၊ နားသ လုပ္ေပးခ်င္တယ္ ခ်စ္ျခင္း ။ သားသမီးေတြရလာခဲ့တယ္ဆိုကတည္းက ေမာင့္မွာ အဲ့ေလာဘေလး တက္လာခဲ့တာ။ မင္းေရာ ေမာင္ေရာ အတူ ကုသိုလ္ယူၾကရေအာင္ "
နားရြက္ေပၚက လက္အစံုသည္လွုပ္ရွားမူ ့
ကင္းမဲ့ သြား၏။
ေလးနက္သြားတဲ့ မ်က္ဝန္းလွလွကို တန္ျပန္ေငးႀကည့္ရင္း အမိန္ ့သည္ ခ်စ္ျခင္းဆီကျပန္ေျဖလာမဲ့စကားကိုေစာင့္ဆိုင္း ေနမိသည္။
" ငါလည္း မင္းစိတ္ကူးအတိုင္းရွိေနတာၾကာပီ။ မင္းကို ေျပာဖို ့အားမဲ့အခ်ိန္ေစာင့္ေနရတာနဲ ့ေျပာဖို ႔ေမ့သြားတာ ။ ဒါဆို ဘယ္ ေတာ့ေလာက္ လုပ္ၾကမလဲ "
အမိန္ ႔ ဝမ္းသာသြား၏။ သူျဖစ္ခ်င္တာေတြကို ေဘးကေန စိတ္ရင္းနဲ ့ျဖည့္ဆည္းေပးတက္ေသာ ခ်စ္ျခင္းကို ေက်းဇူးတင္တဲ့အၾကည့္ေတြနဲ ့စိုက္ၾကည့္ရင္း စိတ္ကူးထားတာေတြကိုေျပာလိုက္၏။
"အင္း ေမာင္ငယ္ငယ္က ရွင္ျပဳခဲ့တဲ့
နယ္ ဖက္မွာ သြားလုပ္ခ်င္တယ္ ။ ဒီလကုန္ေလာက္ဆို အဆင္ေျပမလား ။ အခ်စ္
မင္းလည္း သိတာပဲ ။ ဘိုးဘိုးႀကီးက အသက္ႀကီးေနျပီ ေလ ။ ခုခ်ိန္ သူသြားနိုင္၊ လာနိုင္တုန္း ေမာင္လုပ္ေပးခ်င္လို ့ "
" မင္းသေဘာပါ။ ငါက ေမာင့္ကို ခ်စ္ဖို႔ပဲသိတယ္ "
ဘာမွမဆိုင္ေပမဲ့ ေျပာခ်င္လာလို ့ေျပာလိုက္ေတာ့ ေမာင္က ျပံဳးတယ္။
ေမာင့္အျပံဳးေတြက သိပ္လွ၏။ ထူထူထဲထဲ နွုတ္ခမ္းသားေလးလွဳပ္ခတ္သြားတာနဲ ့ တျပိဳင္ထဲထြက္လာတဲ့အသံေလးက
"မင္းကိုလည္း ေမာင္က သိပ္ခ်စ္တာပဲ" တဲ့
ခ်စ္ျခင္းအတြက္ကေတာ့ ေမာင္က
အံ့ႀသဖြယ္ ေကာင္ငယ္ေလးပါပဲ ။
အျပံဳးေလးေတြ၊ အသံတိုးတိုးေလးေတြ၊
အႀကင္နာရိပ္သန္းေနတဲ့ အႀကည့္ေႏြးေႏြးတို ့သည္ စကားေတြေျပာျပစရာမလိုပဲ ရင္ခုန္ဖို ့ေကာင္းေနတာေတာ့ခက္သား။
ေမာင့္ကိုပဲ ခ်စ္တယ္ ။ ေမာင့္ကိုပဲ ရင္ခုန္တယ္ဆိုတာ အပိုေတြမဟုတ္ဘူး။
တကယ္ကို ခ်စ္ပီးရင္း ခ်စ္ေနခ်င္ စရာေကာင္းေအာင္ကို အမိန္ ့အာဏာက ခ်စ္ခင္စံုမက္ဖို ့ေကာင္းတယ္။
အဲ့ဒါေတြေၾကာင့္ ခ်စ္ျခင္း ရုန္းထြက္ဖို ႔မလြယ္ေတာ့ေလာက္ေအာင္ ခ်စ္မိသြားတယ္။
ခ်စ္တဲ့အိမ္စည္။
" သားသားကြီးလာရင် ဘာလုပ်မှာလဲ။
ဆရာဝန်ကြီးလား၊ အင်ဂျင်နီယာကြီးလားဗျ "
နောက်ဆုံးလက်ကျန် သခွားသီးအဝိုင်းလေးကို နှဖူးပေါ်တင်ပေးပီး အမိန့် မေးလိုက်သည်။ ဒီနေ့ အမိန့် အလုပ်ပိတ်ရက်မို့ သူ့ တို့ မိသားစု စုံစုံလင်လင် အနားယူ နေကြသည်။ ခါတိုင်းလို ပင် နားရက်တိုင်း
ပင်တိုင်အလုပ်သမားလေးအမိန့် က
အိပ်ယာပေါ်မှာ ပက်လက် အိပ်နေကြတယ် ငှက်သားအဖ သုံးယောက်ကို သခွားသီးနဲ့ မျက်နှာပေါင်းတင်ပေးနေ၏။
"သားသား ကြီးလာရင် ဒယ်ဒီလို လိမ်မာတဲ့ ကောင်းလေးကို ချစ်သူတော်မယ် "
ပါးပေါ်က သခွားသီးအဝိုင်းလေးကို ဆွဲယူပီး တကျွတ်ကျွတ် ကိုက်ဝါးစားရင်း
ပြုံးပြုံးကြီးစိတ်ကူးယဉ်နေသော သားဖြစ်သူကို ကြည့်ပီး အမိန့် ခေါင်းရမ်းလိုက်မိ၏။
မေးတာကတခြားဖြေလာတာက တခြားမို့
ဘယ်လို ဆုံးမရမလဲ တွေးရတာလည်းအခါခါ။
ချစ်ခြင်းကို ကြည့်တော့လည်း ကြားနေကျစကားဆိုတော့ မထူးဆန်းသလို လက်ပိုက်ပီး မျက်လုံးကိုမှိတ်ထားသည်။
"ဟိတ်......သားသား အဲ့လို မပြောရဘူးလို့ ဒယ်ဒီ မှာထားတာမေ့နေပီလား။ ကလေးကအဲ့လိုစကားတွေ မပြောသင့်သေးဘူးလေ ။ ခုမှ သားသားက ငါးနှစ်ပဲရှိသေးတယ် "
လေပူတွေ ကို မှုတ်ထုတ်ပီး အမိန့် ချော့ပြောတော့ အသော နှုတ်ခမ်းတွေ စူပီးစိတ်ကောက်၏။
" ဒယ်ဒီမေးလို့ လဲ သားသားဖြေရသေးတယ်။ ဒယ်ဒီမကောင်းဘူး "
" အော်ဟော် ဘဲနှုတ်သီးလို လုပ်မနေနဲ့
ပါးပါးပေါ်က သခွားသီးတွေပြုတ်ကျကုန်ပီ "
အမိန့် ပန်းကန်ထဲကပါးပါးလှီးထားတဲ့
သခွားသီးအဝိုင်းလေးကိုထပ်ကပ်ပေးလိုက်၏။ ဖြစ်တည်မူ့ ဆိုတော့ လည်း လက်ခံပေးရုံပဲရှိတော့မှာပေါ့။ ဒီအဖေက မွေးမှ
ဒါမျိုးဖြစ်မှာပေါ့လို့ မေးငေါ့ နိုင်ကြပေမဲ့
အမြင်မသင့် တာမျိုး တခါတောင်
ကလေးတွေရှေ့ မနေဘူးလို့ အမိန့် တို့
လိပ်ပြာလုံ၏။ သားကိုယ်ပိုင်ဘဝကို ဒါမလုပ်ရဘူးဆိုတာ ကို အတင်းနားသွင်းတာထပ် လမ်းမှားမရောက်အောင် ထိန်းကွပ်ပေးတဲ့ အုပ်ချုပ်မူ့ မျိုးကို သာ ရွေးချယ်သည်။ မီးဆိုတာ ပူတယ်ဆိုတာ သူတို့ သိတယ်။ ဒါပေမဲ့ ပူတဲ့ အရသာကို မသိသေးလို့
လက်တွေ့ စမ်းချင်တာမျိုးဆိုရင် ပေးလုပ်ခိုင်းလိုက်တယ် ဒါဆိုပူတဲ့ ခံစားချက်ကို သိသွားလို့ တသက်လုံး နောက်ထပ်ထိမှာမဟုတ်တော့ဘူး။ ဘေးကနေ မတိမ်းစောင်းသွားအောင် ချစ်ခြင်းရော အမိန့် ရော
နွေးထွေးစွာ ခြံရံပေးထားတဲ့ သားနဲ့ သမီး
အနာဂတ် လမ်းက ဖြောင့်ဖြူး နေမှာ အသေချာပင်။ မေတ္တာနဲ့ ပဲ အုပ်ချုပ်တယ်။ မေတ္တာနဲ့ ပဲ သွန်သင်တယ်။
" ကဲ မီးမီးလေးကရော ကြီးလာရင် ဘာလုပ်မှာလဲဗျ "
လျောကျနေတဲ့ သခွားသီးလေးကို ပါးလေးပေါ် တင်ပေးရင်းမေးလိုက်တော့ သမီးက ပြုံး၏။ ချစ်လွန်းက တအားဥာဏ်ကောင်းတယ်။ သင်ယူတက်မြောက်တာ လွယ်သလို တည်ငြိမ်ငြိမ်လည်းရှိတယ်။
ချစ်ခြင်းကို တအားကျေးဇူးတင်တာပဲ။ အမိန့် ဘဝထဲကို ချစ်သောလိုကော်ပတ်ရုပ်လေးနဲ့ တူပီး စကားတက်လွန်းတဲ့ သားလေးရယ်
ချစ်လွန်းလို ဥာဏ်ကောင်းပီး ထက်ထက်မြတ်မြတ်ရှိတဲ့ သမီးချောလေးရယ်ကို တပြိုင်ထဲမွေးပေးလို့ ချစ်ခြင်းက အမိန့် အတွက် တန်ဖိုးရှိတဲ့ အိမ်ထောင်ဖက်ကောင်းလေးပင်။
"မီးမီးကြီးရင် ဒယ်ဒီမပင်ပန်းအောင် အလုပ်တွေ ဝိုင်းကူလုပ်ပေးမယ်။ပြီးရင် ဒယ်ဒီနဲ့ ဖေဖေ ကို အိမ်မှာ အတူတူနေခိုင်းပြ နားနားနေနေ နေခိုင်းတော့မှာ။ သားသားကိုတော့ ဒယ်ဒီတို့ စိတ်မပူရအောင်မီးမီးကပဲ စောင့်ရှောက်လိုက်ပါ့မယ်။"
"မောင် မင်းသမီး IQတစ်ချက်စစ်ပေးစမ်း
တခါတလေ လူကြီးစကားတွေပြောတက်လွန်းလို့ ငါလန့် တောင်လာပြီ "
မျက်နှာပေါ်က သခွားသီးတွေ လက်နဲ့ ဖယ်ရင်း ချစ်ခြင်းပြောလိုက်သည်။ တကယ်ကို ချစ်လွန်းက တစ်ခုခုပဲ ။ တအား ထက်လွန်းအားကြီးတယ်။
မောင်ကတော့
သူ့ ပုံစံအတိုင်း ပြုံးပြုံးပဲ သူ့ ငှက်ဥတွေကြည့်ပီးကျေနပ်နေလေ၏။ ဒီသားအဖတွေကတော့ တကယ်ပဲ။
" ဟီး မမ ကို သားသားအရမ်းချစ် "
ညီညီလေး ဘေးမှာ ပက်လက်အိပ်နေကြရမှ အသောက သူ့ အမကို စောင်းပီး ဖက်လိုက်တော့ သခွားသီးအပြားတွေက ပါးပေါ်က လျောကျ၏။ မောင်ဖြစ်သူပျော်နေတော့ အမလုပ်သူက ပါ သဘောကျကာ
ပါးခြင်းကပ်ထားတဲ့ အသောပါးဖောင်းဖောင်းကို လက်သေးသေးလေးပွတ်ပေးကာ ချော့မြူ နေသည်။
" အတူတူပဲ မမကလည်း သားသားကို ချစ်"
အမိန့် သည် ရှေ့ က မြင်ကွင်းလေးကို ကြည့်ပီး မျက်ရည်တွေဝိုင်းလာ၏။ သူ့ ရဲ့ ငှက်နီပေါက်လေးတွေ က ချစ်စရာကောင်းလိုက်တာ။ တီတီတာတာပြောတက်ရုံမကဘူး မောင်နှမနှစ်ယောက်ကလည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်လေးမို့
အမိန့် ကြည်နူးရသည်။
တစ်ယောက်နဲ့ တစ်ယောက် ငြိမ်ငြိမ်လေးထွေးပွေ့ နေတဲ့ သူ့ သွေးသားလေးနှစ်ယောက်ကို ကြည့်ပီး အမိန့် ဘေးနားကပ်အိပ်ကာ နှစ်ယောက်လုံးကို သူ၏ကြီးမားလှသော လက်ကြီးဖြင့် ထွေးပွေ့ လိုက်၏။
" ဒယ်ဒီလည်း အသောလေးနဲ့ အလွန်းလေးကို ချစ်ပါ့ဗျာ ။ နောက်ကိုလည်း ဒီလိုလေး မောင်နှမနှစ်ယောက် ချစ်ချစ်ခင်ခင်နေရမယ်နော် အချစ်ကလေးတို့ "
"ဟုတ်ကဲ့ ဒယ်ဒီ "
"ဟုတ်ကဲ့ ဒယ်ဒီ "
သုံးယောက်သားပူးပူးကပ်ကပ်လေး ဖက်အိပ်နေကြတဲ့ သူ့ အသက်ကလေးတွေသည် အင်မတန်ချစ်ဖို့ ကောင်းလှသည်။
သာယာနွေးထွေးတဲ့ မိသားစုလေးကို
အမိန့် က ဖခင်ကောင်းပီသစွာ ထိန်းသိမ်းနိုင်ခဲ့သည်။
အမိန့် တို့ သုံးယောက်ကိုကြည့်ရင်းချစ်ခြင်းပြုံးလိုက်မိသည်။
သူ့ ၏အသည်း၊ အသက်ကလေး အမိန့် အာဏာသည် အကုန်လုံးထပ်ပိုပြီး
ချစ်ဖို့ ကောင်းနေတာမို့ ကလေးနှစ်ယောက် အလယ်ကထားကာ ချစ်ခြင်း
အမိန့် ကို ကျော် ဖက်လိုက်သည်။
မောင့်ကိုသာ အချစ်ဆုံး ။
" ဖေဖေ ညစ်ပတ် "
" ဘာညစ်ပတ်လို့ လဲ။ အသော မင်းနော်
ဖအေကို မဟုတ်တာလာပြောနေတယ်။
စွပ်စွပ်စွဲစွဲတွေ"
" သားသားပြောတာအမှန်ပါနော်။
ဖေဖေက သားသားတို့ ထပ် ဒယ်ဒီကို ပိုချစ်တယ်ဆိုတာ သားသားသိတယ် "
"အလိုဗျာ ။ ပိုချစ်မှာပေါ့... မင်းတို့ ထပ်
ငါ့ညီလေးကိုပိုချစ်စရာကောင်းတာကို ။ ဘာဖြစ်လို့လဲ ။ အသော မင်း မနာလိုနေတာလား"
" ဟင့်အင် သောသော မနာလို မဖြစ်ပါဘူးနော်။သောသောမှာ မမရှိတယ်။ မမကို ချစ်။"
သူ့ အမ ဖက်ကို ပြန်လှည့်ပီး သူ့ ပါးလေးနဲ့ လွန်းလွန်း ပါးကိုသွားကပ်ကာ ပြော၏။
အသောက အမိန့် သားပီသသည်။
လုံးဝအချွဲတုံးလေး။ တအိမ်လုံးကရှိသမျှလူကို ပတ်ချွဲတက်တဲ့ ချစ်မွှေးလေး။
ယ အသောကို ချစ်ခြင်းကြည့်ပီး နှုတ်လေးကိုကိုက်ကာ စိတ်ထိန်းလိုက်ရ၏။
မဟုတ်ရင် ဖောင်းအိနေတဲ့ ပါးစုံရဲရဲကြီးကို ကိုက်ဆွဲမိတော့မည်။
ဘိုးဘိုးကြီးကဆို အသောဆိုရင် တအားသည်း၊ တအားချစ်သည်။
အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ လူကြီးအရွယ်မို့ တွတ်တီးတွတ်တာ ပြောတက်တဲ့ ချစ်သောကို အနေအေးတဲ့ ချစ်လွန်းထက် ပိုချစ်တာဖြစ်သည်။
" ချစ်ခြင်း မောင်စိတ်ကူးထားတာလေးရှိတယ်။ အဲ့ဒါကလည်း ကလေးတွေ ကျောင်းမတက်သေးခင် မောင်လုပ်ချင်တာ"
"အင်း ပြောကြည့်လေ။ ဘာလုပ်ချင်တာလဲ မင်းက "
မျက်လုံးလေးမှိတ်ပီး ငြိမ်နေကြတဲ့ အသောနဲ့ အလွန်းကို ကျော်ပီး အမိန့် ရဲ့ နားရွက်ဖျားတို့ ကို လှုပ်ခတ် ဆော့ကစားရင်း
ချစ်ခြင်းပြန်ဖြေမိ၏။ သူတို့ မိသားစုက
ဒီလိုပဲ ။ အမိန့် ရော၊ ချစ်ခြင်းရော တစ်ဦးတည်းသောသားတွေမို့ ကလေးတွေနဲ့
ခုလို လုံးထွေးနေရတာကိုကြိုက်သည်။
" ကလေးတွေကိုရှင်ပြု ၊ နားသ လုပ်ပေးချင်တယ် ချစ်ခြင်း ။ သားသမီးတွေရလာခဲ့တယ်ဆိုကတည်းက မောင့်မှာ အဲ့လောဘလေး တက်လာခဲ့တာ။ မင်းရော မောင်ရော အတူ ကုသိုလ်ယူကြရအောင် "
နားရွက်ပေါ်က လက်အစုံသည်လှုပ်ရှားမူ့
ကင်းမဲ့ သွား၏။
လေးနက်သွားတဲ့ မျက်ဝန်းလှလှကို တန်ပြန်ငေးကြည့်ရင်း အမိန့် သည် ချစ်ခြင်းဆီကပြန်ဖြေလာမဲ့စကားကိုစောင့်ဆိုင်း နေမိသည်။
" ငါလည်း မင်းစိတ်ကူးအတိုင်းရှိနေတာကြာပီ။ မင်းကို ပြောဖို့ အားမဲ့အချိန်စောင့်နေရတာနဲ့ ပြောဖို့ မေ့သွားတာ ။ ဒါဆို ဘယ် တော့လောက် လုပ်ကြမလဲ "
အမိန့် ဝမ်းသာသွား၏။ သူဖြစ်ချင်တာတွေကို ဘေးကနေ စိတ်ရင်းနဲ့ ဖြည့်ဆီးပေးတက်သော ချစ်ခြင်းကို ကျေးဇူးတင်တဲ့အကြည့်တွေနဲ့ စိုက်ကြည့်ရင်း စိတ်ကူးထားတာတွေကိုပြောလိုက်၏။
"အင်း မောင်ငယ်ငယ်က ရှင်ပြုခဲ့တဲ့
နယ် ဖက်မှာ သွားလုပ်ချင်တယ် ။ ဒီလကုန်လောက်ဆို အဆင်ပြေမလား ။ အချစ်
မင်းလည်း သိတာပဲ ။ ဘိုးဘိုးကြီးက အသက်ကြီးနေပြီ လေ ။ ခုချိန် သူသွားနိုင်၊ လာနိုင်တုန်း မောင်လုပ်ပေးချင်လို့ "
" မင်းသဘောပါ။ ငါက မောင့်ကို ချစ်ဖို့ပဲသိတယ် "
ဘာမှမဆိုင်ပေမဲ့ ပြောချင်လာလို့ ပြောလိုက်တော့ မောင်က ပြုံးတယ်။
မောင့်အပြုံးတွေက သိပ်လှ၏။ ထူထူထဲထဲ နှုတ်ခမ်းသားလေးလှုပ်ခတ်သွားတာနဲ့ တပြိုင်ထဲထွက်လာတဲ့အသံလေးက
"မင်းကိုလည်း မောင်က သိပ်ချစ်တာပဲ" တဲ့
ချစ်ခြင်းအတွက်ကတော့ မောင်က
အံ့သြဖွယ် ကောင်ငယ်လေးပါပဲ ။
အပြုံးလေးတွေ၊ အသံတိုးတိုးလေးတွေ၊
အကြင်နာရိပ်သန်းနေတဲ့ အကြည့်နွေးနွေးတို့ ကိုသည် စကားတွေပြောပြစရာမလိုပဲ ရင်ခုန်ဖို့ ကောင်းနေတာတော့ခက်သား။
မောင့်ကိုပဲ ချစ်တယ် ။ မောင့်ကိုပဲ ရင်ခုန်တယ်ဆိုတာ အပိုတွေမဟုတ်ဘူး။
တကယ်ကို ချစ်ပီးရင်း ချစ်နေချင် စရာကောင်းအောင်ကို အမိန့် အာဏာက ချစ်ခင်စုံမက်ဖို့ ကောင်းတယ်။
အဲ့ဒါတွေကြောင့် ချစ်ခြင်း ရုန်းထွက်ဖို့ မလွယ်တော့လောက်အောင် ချစ်မိသွားတယ်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz