ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
40
"လာ ေမာင္တို ႔အိမ္ျပန္ရေအာင္ "
ရုတ္တရက္ လက္ကို လွမ္းဆြဲေခၚလိုက္တာမို ့ ခ်စ္ျခင္းလက္နွစ္ဖက္လံုးေနာက္ဖြက္ ထားလိုက္မိ၏။
"ဘာျပန္မွာလဲ မင္းေနာ္ အရွက္ကိုမရွိဘူး ။ မင္းနဲ ့အတူ သြားစရာေနရာ ရွိလို ့ပါဆို "
" ျပီးမွသြားမယ္ေလ အခုေတာ့အရင္အိမ္ျပန္ရေအာင္ "
မခ်ိဳ မခ်ဥ္နဲ ့ရုပ္ေလးက တမင္စေနဟန္။
အေၾကာင္းကိုသိသြားေတာ့ ခ်စ္ျခင္းမ်က္ေစာင္းထိုးလိုက္ပီးအမိန္ ့လက္ဖ်ားေတြကို လွမ္းယူယွက္သြယ္ဆုပ္ကိုင္ လိုက္၏။
အေတာ္ႀကီးအရပ္ရွည္တဲ့ ထဲပါတဲ့ ေမာင္ကို စကားေျပာမယ္ဆိုလ်ွင္ ခ်စ္ျခင္းကေမာ့ႀကည့္ပီးမွ ေျပာရသည္။ အခုလည္း
ျပံဳးေယာင္ေယာင္သန္းေနေသာ မ်က္နွာေခ်ာေခ်ာကို ခ်စ္ျခင္းေမာ့ႀကည့္လိုက္သည္။
ထို႔ိနာက္နွစ္ေယာက္သားႀကားရုံေလာက္ေလသံသဲ့သဲ့ျဖင့္
" ေမာင့္ကို ခ်စ္တယ္။ ျပီးေတာ့မင္းနဲ ့အတူ
ငါ တသက္လံုးဖုံးကြယ္ခဲ့ တဲ့ တဖက္ျခမ္းကို အတူေဖာ္ထုတ္မလို ့။ မင္း အဆင္သင့္ျဖစ္ပီ လား ကေလးေလး "
ျပံဳးျမျမ မ်က္နွာေလးက အခ်စ္တို ့လြမ္းျခံဳေနတဲ့သရုပ္ကိုေဖာ္ျပပီး လ်ွင္ျမန္စြာ
ေခါင္းကုုိ တဆတ္ဆတ္ညိမ့္ျပ၏။
တြဲဆုပ္ကိုင္ထားတဲ့ လက္တို ့ကို ထပ္မံတင္းႀကပ္စြာ ယွက္သိုင္းပီး ေမာင္နဲ ့အတူ
ခ်စ္ျခင္း၏ လူမသိေသးတဲ့ အခ်စ္ဗိမၼာန္ တခုကို အေျပးအလႊားသြားမိၾကသည္။
ခ်စ္ျခင္းတို ့နွစ္ေယာက္ ျပံဳး ေနႀကသည္။
အျမဲ ထပ္တူက်ခဲ့တဲ့ ေမာင့္နဲ ့ခ်စ္ျခင္း ရဲ့ ရင္ခုန္သံေတြက ခုလည္း ဆုပ္ကိုင္ထားမိတဲ့ လက္ေခ်ာင္းေလးေတြႀကားကေန ကူးလူးေနသလို ရွိန္းဖန္ ့ဖန္ ့ခံစားခ်က္ က ေသြးေႀကာေတြထဲစီးဝင္ေန၏။
Mallရဲ့ ေလးထပ္ေျမာက္ကို ဓာတ္ေလွကား စီးပီးေနာက္ ခ်စ္ျခင္းသြားလိုတဲ့ ေနရာတစ္ခုကိုေရာက္ခဲ့၏။
ဘယ္သြားေနတာလဲဟု ေမာင္က တခြန္းမေမးပဲဆြဲေခၚသြားသမ်ွကို
ျပံဳးရယ္ပီး ထပ္ခ်က္ မကြာ ေက်ေက်နပ္နပ္လိုက္ပါခဲ့သည္။
ိ
ေပ်ာ္ေနတဲ့ ေမာင္ေႀကာင့္ ခ်စ္ျခင္းပါ ရင္တဒိတ္ဒိတ္ခုန္လာ၏။
မွန္တံခါးပိတ္ထားတဲ့ ပန္းခ်ီအေရာင္းျပခန္းေရွ ့တြင္ ခ်စ္ျခင္းနဲ ့ေမာင္ ေျခစံုရပ္လိုက္ပီး တေယာက္မ်က္နွာ တေယာက္ ျမတ္ျမတ္နိုးနိုးျပံဳးပီးႀကည့္ေနသည္။
အေတာ္ႀကာ ေအာင္ တစ္ေယာက္နဲ့ တစ္ေယာက္ အႀကည့္တို ့ မလႊဲဖယ္မိပဲစိုက္ျကည့္ေနရင္းကေန
ေမာင္ မ်က္နွာက တျဖည္းျဖည္းငံု ့မိုး
လာသည္မို ့ ခ်စ္ျခင္း မ်က္လံုးအစံု ေမွးမွိတ္ေပးလိုက္သည္။
နုညံညင္သာေသာ ေမတၲာ ထံုလႊမ္းေသာအနမ္းတစ္ခုက နဖူး
ေပၚ ထိေတြ ့လာပီးသည့္ေနာက္ မွာ ေမာင့္အသံတိုးတိုးက နားထဲ တိုးဝင္လာ၏။
" မင္ကိုအရမ္းခ်စ္တယ္ အခ်စ္ရယ္ …"
ျပန္ေျဖစရာခ်စ္ျခင္းမွာမရွိခဲ့ပါဘူး။ စကားေတြ အမ်ားႀကီးေျပာပီး အခ်စ္ေတြထုတ္မျပခဲ့ေပမဲ့ အမိန္ ့အာဏာ ဆိုတဲ့ေမာင့္ကို
ေသတဲ့ထိ ခ်စ္ျမတ္နိုးသြားမွာပါ။
ႀကည္နူးလိွုက္ဖိုစြာ ေမာင့္မ်က္နွာကို ျပန္လည္ေငးေမာရင္း ခ်စ္ျခင္းအျပံဳးေတြကလည္း ေမာင္နဲ ့အတူ ထပ္တူက်ခဲ့၏။
ထိုေနာက္ျပန္လည္နီးကပ္လာေသာေမာင့္မ်က္နွာနဲ ့အတူခ်စ္ျခင္းတို ့နွစ္ေယာက္ရဲ့ ခ်စ္ေမတၱာေတြကို နွုတ္ခမ္းထပ္မွာ ထပ္မံျပသခဲ့ႀက၏။ မိနစ္အေတာ္ႀကာမွဖယ္ခြာသြားပီး ရီေဝေဝ အႀကည့္တို ့ျဖင့္ စူးစိုက္ႀကည့္ေနေသာ ေမာင့္မ်က္နွာကို လက္ေခ်ာင္းေလးေတြနဲ ့ထိေတြ ့ပီး စိတ္လွဳပ္ရွားစြာေမးလိုက္မိ၏။
" အဆင္သင့္ပဲလား ကေလးေလး "
ေခါင္းဆတ္ျပလာတဲ့ ေမာင့္ကို ေက်နပ္စြာျပံဳးႀကည့္ရင္း မွန္တံခါးကို တြန္းဖြင့္ကာ ေမာင့္လက္ကိုဆြဲပီး ဝင္လိုက္သည္။
က်ယ္ဝန္းပီး ေျမာက္မ်ားစြာေသာ ပန္းခ်ီကားခ်ပ္တို ့ျဖင့္ ျပည့္ေနေသာ အျဖဴေရာင္ အခန္း က်ယ္ ထဲသို ့နွစ္ေယာက္သားလက္ခ်င္းတြဲေလ်ွာက္ခဲ့ႀကသည္။ အနီေရာင္ လိုက္ကာစေတြဖုံးအုပ္ထားတဲ့ ေနရာအေရာက္မွာ ခ်စ္ျခင္းဆုပ္ကိုင္ထားေသာေမာင့္လက္ကို ျဖဳတ္ပီးရပ္တန္ ့လိုက္၏။
" မင္းကိုခ်စ္တယ္ေမာင္ "
ေမာင့္မ်က္နွာကို ေငးႀကည့္ရင္း လိုက္ကာစကို ဆြဲခ်လိုက္သည္။
တျဖည္းျဖည္းေပၚလာတဲ့ ပန္းခ်ီကားခ်ပ္ေတြ ကိုျမင္ပီး ေျပာင္းလဲသြားတဲ့ ေမာင့္မ်က္နွာေပၚက အရိပ္ေတြကို ခ်စ္ျခင္းမ်က္ေတာင္မခတ္ပဲ ႀကည့္ေနမိသည္။
လွတယ္။
ေမာင့္ မ်က္နွာေပၚမွာ ေျပာင္းသြားတဲ့ အရိပ္ကေလးေတြ အမူယာေတြအကုန္လံုး ျမတ္နိုးဖို ့ေကာင္းေအာင္သိပ္လွေနတယ္။
"အခ်စ္ … အခ်စ္ ဒါဘာ … ဘာေတြလဲ "
အမိန္ ့ခုထိ မယံုနိုု္င္ေသးပါ။ မ်က္ျမင္ကိုယ္ေတြ ့ျမင္ေနရေပမဲ့ အမိန္ ့မယံုႀကည္နိုင္ေသးဘူး။ အမိန္ ့တို ့နွစ္ေယာက္၏
စေတြ ့ကတည္းကေန အခုအခ်ိန္ထိ မွတ္တမ္းတင္ထားတဲ့ ကာတြန္းပန္းခ်ီကားေတြ အားလံုးေပါင္း ပန္းခ်ီကားေရ နွစ္ဆယ့္ေျခာက္ခုတိတိ ။ ပန္းခ်ီကားေတြရဲ့ေအာက္မွာ ထိုးထားတဲ့ လက္မွတ္ေလးက joyတဲ့။
" Happy Birthday ကေလးေလး ။
ငါေပးတဲ့ေမြးေန ့လက္ေဆာင္ကို ႀကိဳက္ရဲ႕လား "
အျမဲေအးစက္စက္ေနတဲ့ေသာ ခ်စ္ျခင္းျပည့္စံုမွာ ခုလို အမိန္ ့အေပၚအရင္ကတည္းက ခံစားခ်က္ ရွိခဲ့မယ္ဆိုတာ အမိန္ ့ခုထိ အိမ္မက္တခုလို ခံစားေနရတုန္း။
ခ်စ္ျခင္းျပည့္စံုကိုမွ မရရင္ တကယ္ႀကီး ေသရပါေတာ့မယ္ ျဖစ္ေနတုန္းကလည္း သူ ့တစ္ေယာက္ထဲပဲ ခံစားခဲ့ရတယ္ ထင္ေနမိခဲ့သည္။
အခုေတာ့ .. အခုေတာ့ အခ်စ္ ရယ္
မင္းေမာင့္ကို ေသေအာင္သတ္ေနတာလား ။
တုန္ရီလွဳိက္ေမာလာတဲ့ ခံစားခ်က္ေတြနဲ ့ အိအိစက္စက္ကိုယ္ေလးကို ဆြဲဖက္လိုက္၏။
လည္ပင္းႀကားမွာ မ်က္နွာေလးအပ္ပီး အစီစဥ္မက်တဲ့ စကားေတြ အမ်ားႀကီး အခ်စ္ကိုေျပာမိခဲ့သည္။
" အင့္ ႀကိဳက္တယ္။ မင္းကို ပိုႀကိဳက္တယ္ … ဟီးအီး… ခ်စ္ျခင္းျပည့္စံု မေကာင္းတဲ့လူႀကီး …အင့္ ေမာင္ … ေမာင္ ဘယ္ေလာက္ေတာင္ ခံစားခဲ့ရလဲ ။
ေမာင္ မင္းကို သိပ္ခ်စ္ခဲ့တာ အခ်စ္ရ..
မင္းကိုေလ …… ဟင့္ …… ေမာင္ ခ်စ္ခဲ့တာ ရူးမတက္ပဲ။ ေမာင္တစ္ေယာက္ဖက္ ဟင့္ …ကပဲခံစားခဲ့ရတယ္ထင္မိတာ …"
" ဟီးအီး မေကာင္းတဲ့ ခ်စ္ျခင္းျပည့္စံု …ဟင့္ တခ်ိန္လံုးေမာင့္ကို … လိမ္ထားတယ္ ေျပာ … ေျပာျပ
ေမာင္ကို ခ်စ္တယ္လို ့ေျပာ …အင့္ ပီးရင္
ဘယ္ခ်ိန္ ကတည္းကလဲ ဘယ္တုန္းကလဲ
ဘယ္ေလာက္ခ်စ္တယ္ပါ ေျပာ… ေမာင္ႀကားခ်င္တယ္ …ဟီးအီးအီး … ေမာင္ မ်က္ရည္ေတြ က်လာျပန္ပီ။ ေမာင္မငိုခ်င္ပါဘူးဆို အဲ့ဒါ အခ်စ္ေႀကာင့္ ။ ဟင့္ …ငိုးမအခ်စ္ လံုးဝမေကာင္းတဲ့ေကာင္ႀကီး "
သူ ့ကိုယ္လံုးနဲ ့အရပ္ႀကီးမွအားမနာ
တကိုယ္လံုး ပစ္မွီထားကာ ပုခံုးေပၚမ်က္နွာပီး ရွဳိက္ႀကီးတငင္ငင္ ငိုေႀကြးေနတဲ့ ေမာင့္ကို ခ်စ္ျခင္း ျပန္လည္သိုင္းဖက္လိုက္သည္။
ခ်စ္ျခင္းနဲ ့ဆိုရင္ ဘယ္ေတာ့မွာ ဟန္မေဆာင္တက္တဲ့ ေမာင့္ကို ခ်စ္ျခင္းလည္း ခ်စ္သည္။
စိတ္ခံစားခ်က္ အစံုကို ဖြင့္ဟ ထုတ္ျပတက္တဲ့ ေမာင့္ကို အရင္ကတည္းက အသည္းေပါက္မတက္ ခ်စ္ျခင္းခ်စ္ရတာျဖစ္သည္။
တကယ္ေတာ့ အမိန္႔ ရူးသလို ခ်စ္ျခင္းပါ ရူးေနခဲ့တာပါ။ နုညံ့ေသာခ်စ္ျခင္းတရားမွာ ေမာင္နဲ ့ထပ္တူ ခ်စ္ျခင္းပါလိုက္ရူးခဲ့မိသည္။
" ငိုလိုဝ သြားပီလား ကေလးေလး "
"……"
ဘာစကားမွေမာင့္နွုတ္ဖ်ားကထြက္မလာပါဘူး ။ ဒါေပမဲ့ စဲသြားတဲ့ ရွဳိက္သံနဲ ့သန္မာေသာ လက္ေမာင္းရဲ့ တင္းႀကပ္တဲ့ ေထြးေပြ ့မူ ့တို ့ေႀကာင့္ ခ်စ္ျခင္း ေနရခက္သြားေပမဲ့ အသံထြက္ေအာင္ရယ္ေမာလိုက္မိျပီ။
တကယ္ပဲ အမိန္ ့တို ့က အခ်ြဲသန္တာပဲ ။
ခ်စ္ျမတ္နိုးစိတ္ေတြ တရွိန္းရွိန္းတက္လာျပီးေနာက္မွာ နားရြက္ဖ်ားေလးကို ေခါင္းေလးေစာင္း နမ္းလိုက္၏။
ခ်က္ျခင္းရဲတက္လာတဲ့ နားရြက္တို ့ကအမိန္႔အာဏာ ရွက္ေနပီမွန္းေဖာ္ျပေန၏။ အမွတ္တမဲ ့နမ္းတိုင္းရွက္တက္တာ ေမာင့္ရဲ့ ဘာအက်င့္ေလးမွန္းမသိေပ။ ဒါေပမဲ့ ခ်စ္ျခင္းကေတာ့ ခ်စ္ပါတယ္။
" ပထမဆံုး ဖြင့္ဟ ဝန္ခံပါ့မယ္ေမာင္။
ငါ မင္းကို အရင္စပီး ခ်စ္ခဲ့မိပါတယ္ ။ အာ့ !! ကေလးေလး… ျဖည္းျဖည္းဖက္ အသက္ရူႀကပ္တယ္ … ခဏ နည္းနည္းေလ်ာ့ပါဦး"
အမွတ္တမဲ့ အတင္းဆြဲညစ္လိုက္တာေႀကာင့္ ခ်စ္ျခင္း အသက္ရူရႀကပ္သြားသည္မို ့ တားမိလိုက္ေတာ့ ……
" ဟင့္အင္… ခဏ ေတာင္ခံထား ေမာင္ …မလြတ္ခ်င္ဘူး ေမာင္စိတ္ေတြ လွဳပ္ရွားေနတယ္ ဒီတိုင္ေလးပဲေနမယ္ ေနာ္ …အခ်စ္ "
လည္ပင္းသားကို နွုတ္ခမ္းနဲ ့ထိ ေတြ ့လိုက္ပီး ဖက္ထားရက္အတိုင္း ခပ္ခ်ြဲခ်ြဲအေျပာေလးေႀကာင့္ ခ်စ္ျခင္းရင္ဘက္ထဲမွာ ယားစိယားစိျဖစ္လာ၏။
"ေတာ္ျပီ မေျပာခ်င္ေတာ့ဘူး လာ…အိမ္ျပန္ရေအာင္ "
"အာ အခ်စ္ေနာ္ "
စူစူေအာင့္ေအာင့္ေလးက ခ်က္ျခင္းထြက္လာ၏။
အမိန္ ့အာဏာကတကယ္အူယားစရာေလးပါဆိုမွ ။
"စတာ ဆက္ေျပာမယ္ ။ ေမာင့္ကို ငါဖက္က အရင္စခ်စ္ခဲ့တာ။ မင္းအသက္ ဆယ့္ရွစ္နွစ္ျပည့္ေမြးေန ့ကငါ မင္းကိုေထာင့္ခ်ိဳးအကြယ္ေလးမွာ ႀကည့္ေနခဲ့တာ။ "
"အဲ့တုန္းက မင္းက ေဘာင္းဘီအနက္ေရာင္ နဲ ့အျဖဴေရာင္ တီရွပ္ေလးကိုဝတ္ထားတယ္။ ကေလးေလးေတြ ကို အရုပ္ေတြေဝေပးေနရင္းကေန ကေလးေသးေသးေလးတစ္ေယာက္ကို ဒူးေထာက္ပီး ေခ်ာ့ေမာ့ေနတာကို ငါေစာင့္ႀကည့္ေနခဲ့တာ။ "
"မင္းသိလားေမာင္..အဲ့တုန္းက မင္းျပံဳးလိုက္တဲ့ အၿပံဳးေလးကို ခုထိမွတ္မိေနတုန္းပဲ။
အရမ္းခ်စ္ဖို ့ေကာင္းလို ့တခါမွမျပံဳးဖူးတဲ့ ငါေတာင္ မင္းနဲ ့အတူ လိုက္ျပံဳးေနမိခဲ့တာ။ "
"ဒါဆို အခ်စ္ကအရင္ ေမာင့္ကို စေတြ ့ကတည္းက ခ်စ္ခဲ့တာလား "
"အင္း … ေမာင့္ ကို ငါက အရင္ခ်စ္ခဲ့တာ "
"မင္းတကယ္ ဆိုးလိုက္တာ အခ်စ္ရာ ။
ေမာင့္ကို အခ်ိန္ေတြအၾကာႀကီး ေစာင့္ခိုင္းရက္တယ္"
" ဒါဆို မင္းမေပ်ာ္ေတာ့ဘူးလား
ခ်စ္ျခင္းစိတ္မေကာင္းသလို ေမာ့ေမးေတာ့လက္ေတြကို ဆြဲယူကာ သူပါးနွင့္ကပ္ၿပီး ၿပံဳးလ်က္ ေျပာလာ၏။
"မဟုတ္ဘူး ေမာင္အရမ္း ေပ်ာ္တယ္ "
" ဟက္ ကေလးေလးလား
အရမ္းခ်ြဲတာပဲ။ အင္း ငါဆက္ေျပာမယ္ေနာ္ "
ေခါင္းညိမ့္ျပလာေတာ့ ပန္းခ်ီကားေတြဆီ လက္ညိဳးထိုးျပလိုက္၏။
"ဟိုး..ဘယ္ဖက္ေထာင့္ဆံုး ပန္းခ်ီကားက မင္းရဲ့ ဆယ့္ရွစ္နွစ္ျပည့္ေမြးေန ့အတြက္
ဆြဲထားပီး မေပးျဖစ္ခဲ့တဲ့ ပထမဆံုး လက္ေဆာင္ေလး "
ကေလးေလးကို ဒူးေထာက္ ျပီး အရုပ္ေလးေပးေနတဲ့ပံုေလး ။
အမိန္ ့မ်က္နွာနဲ ့
ဆင္တဲ့ ကာတြန္းရုပ္ပံုေလးျဖစ္ကာ
အေတာ္ႀကီး လက္ရာေျမာက္ပီး ခ်စ္စရာ ေကာင္ေလးအျဖစ္အသက္ဝင္လွ၏ ။
ေအာက္ဖက္နားမွာလည္း
birthday boy ဆိုတဲ့ ခပ္ေသာ့ေသာ့ လက္ေရးနဲ ့အတူ joyဆိုတဲ့ လက္မွတ္ကေလးက အပီအျပင္ေနရာယူလ်က္ ။
အဲ့ဒီေနာက္ပိုင္း ပန္းခ်ီကားေတြက အမိန္ ့လာလာေစာင့္ေနတက္တဲ့ သင္တန္းေရွ ့က ပံုမ်ိဳးစံုေတြနဲ ့ Suitနဲ ့အမိန္ ့အလုပ္သြားေနတဲ့ပံုေတြ ကေလးေတြေမြးတုန္းက အမိန္ ့ေဘးမွာမခ်ီရဲလို ့ဒူးတုပ္ထိုင္ေနတဲ့ပံုေတြကို ဆြဲထားတာျဖစ္သည္။
" ေမာင္ အခ်စ္ကို ခ်စ္လိုက္တာ "
"ငါက ပိုပီး မင္းကိုခ်စ္ပါတယ္ "
ဒီထပ္ပိုပီး ေျဖရွင္းစရာစကားမရွိ။
ဆုေတာင္းမွားလို ့ဒီဘဝမွာ gayျဖစ္ခဲ့တယ္ဆိုရင္ေတာင္ မင္းနဲ ့ခ်စ္ခြင့္ရလို ့တန္ပါတယ္ ကေလးရယ္။ သတိၱရွိရွိ အခ်စ္စစ္နဲ ့ငါ့ဘဝထဲဝင္လာေပးလို ့ မင္းကိုေက်းဇူးတင္ပါတယ္ ။
သက္ဆံုးတိုင္ မင္းကိုပဲ ခ်စ္ပါ့မယ္။
ခ်စ္တဲ့အိမ္စည္။
"လာ မောင်တို့ အိမ်ပြန်ရအောင် "
ရုတ်တရက် လက်ကို လှမ်းဆွဲခေါ်လိုက်တာမို့ ချစ်ခြင်းလက်နှစ်ဖက်လုံးနောက်ဖွက် ထားလိုက်မိ၏။
"ဘာပြန်မှာလဲ မင်းနော် အရှက်ကိုမရှိဘူး ။ မင်းနဲ့ အတူ သွားစရာနေရာ ရှိလို့ ပါဆို "
" ပြီးမှသွားမယ်လေ အခုတော့အရင်အိမ်ပြန်ရအောင် "
မချို မချဉ်နဲ့ ရုပ်လေးက တမင်စနေဟန်။
အကြောင်းကိုသိသွားတော့ ချစ်ခြင်းမျက်စောင်းထိုးလိုက်ပီးအမိန့် လက်ဖျားတွေကို လှမ်းယူယှက်သွယ်ဆုပ်ကိုင် လိုက်၏။
အတော်ကြီးအရပ်ရှည်တဲ့ ထဲပါတဲ့ မောင်ကို စကားပြောမယ်ဆိုလျှင် ချစ်ခြင်းကမော့ကြည့်ပီးမှ ပြောရသည်။ အခုလည်း
ပြုံးယောင်ယောင်သန်းနေသော မျက်နှာချောချောကို ချစ်ခြင်းမော့ကြည့်လိုက်သည်။
ထိုိ့နာက်နှစ်ယောက်သားကြားရုံလောက်လေသံသဲ့သဲ့ဖြင့်
" မောင့်ကို ချစ်တယ်။ ပြီးတော့မင်းနဲ့ အတူ
ငါ တသက်လုံးဖုံးကွယ်ခဲ့ တဲ့ တဖက်ခြမ်းကို အတူဖော်ထုတ်မလို့ ။ မင်း အဆင်သင့်ဖြစ်ပီ လား ကလေးလေး "
ပြုံးမြမြ မျက်နှာလေးက အချစ်တို့ လွမ်းခြုံနေတဲ့သရုပ်ကိုဖော်ပြပီး လျှင်မြန်စွာ
ခေါင်းကုို တဆတ်ဆတ်ညိမ့်ပြ၏။
တွဲဆုပ်ကိုင်ထားတဲ့ လက်တို့ ကို ထပ်မံတင်းကြပ်စွာ ယှက်သိုင်းပီး မောင်နဲ့ အတူ
ချစ်ခြင်း၏ လူမသိသေးတဲ့ အချစ်ဗိမ္မာန် တခုကို အပြေးအလွှားသွားမိကြသည်။
ချစ်ခြင်းတို့ နှစ်ယောက် ပြုံး နေကြသည်။
အမြဲ ထပ်တူကျခဲ့တဲ့ မောင့်နဲ့ ချစ်ခြင်း ရဲ့ ရင်ခုန်သံတွေက ခုလည်း ဆုပ်ကိုင်ထားမိတဲ့ လက်ချောင်းလေးတွေကြားကနေ ကူးလူးနေသလို ရှိန်းဖန့် ဖန့် ခံစားချက် က သွေးကြောတွေထဲစီးဝင်နေ၏။
Mallရဲ့ လေးထပ်မြောက်ကို ဓာတ်လှေကား စီးပီးနောက် ချစ်ခြင်းသွားလိုတဲ့ နေရာတစ်ခုကိုရောက်ခဲ့၏။
ဘယ်သွားနေတာလဲဟု မောင်က တခွန်းမမေးပဲဆွဲခေါ်သွားသမျှကို
ပြုံးရယ်ပီး ထပ်ချက် မကွာ ကျေကျေနပ်နပ်လိုက်ပါခဲ့သည်။
ိ
ပျော်နေတဲ့ မောင်ကြောင့် ချစ်ခြင်းပါ ရင်တဒိတ်ဒိတ်ခုန်လာ၏။
မှန်တံခါးပိတ်ထားတဲ့ ပန်းချီအရောင်းပြခန်းရှေ့ တွင် ချစ်ခြင်းနဲ့ မောင် ခြေစုံရပ်လိုက်ပီး တယောက်မျက်နှာ တယောက် မြတ်မြတ်နိုးနိုးပြုံးပီးကြည့်နေသည်။
အတော်ကြာ အောင် တစ်ယောက်နဲ့ တစ်ယောက် အကြည့်တို့ မလွှဲဖယ်မိပဲစိုက်ကြည့်နေရင်းကနေ
မောင် မျက်နှာက တဖြည်းဖြည်းငုံ့ မိုး
လာသည်မို့ ချစ်ခြင်း မျက်လုံးအစုံ မှေးမှိတ်ပေးလိုက်သည်။
နုညံညင်သာသော မေတ္တာ ထုံလွှမ်းသောအနမ်းတစ်ခုက နဖူး
ပေါ် ထိတွေ့ လာပီးသည့်နောက် မှာ မောင့်အသံတိုးတိုးက နားထဲ တိုးဝင်လာ၏။
" မင်ကိုအရမ်းချစ်တယ် အချစ်ရယ် …"
ပြန်ဖြေစရာချစ်ခြင်းမှာမရှိခဲ့ပါဘူး။ စကားတွေ အများကြီးပြောပီး အချစ်တွေထုတ်မပြခဲ့ပေမဲ့ အမိန့် အာဏာ ဆိုတဲ့မောင့်ကို
သေတဲ့ထိ ချစ်မြတ်နိုးသွားမှာပါ။
ကြည်နူးလှိုက်ဖိုစွာ မောင့်မျက်နှာကို ပြန်လည်ငေးမောရင်း ချစ်ခြင်းအပြုံးတွေကလည်း မောင်နဲ့ အတူ ထပ်တူကျခဲ့၏။
ထိုနောက်ပြန်လည်နီးကပ်လာသောမောင့်မျက်နှာနဲ့ အတူချစ်ခြင်းတို့ နှစ်ယောက်ရဲ့ ချစ်မေတ္တာတွေကို နှုတ်ခမ်းထပ်မှာ ထပ်မံပြသခဲ့ကြ၏။ မိနစ်အတော်ကြာမှဖယ်ခွာသွားပီး ရီဝေဝေ အကြည့်တို့ ဖြင့် စူးစိုက်ကြည့်နေသော မောင့်မျက်နှာကို လက်ချောင်းလေးတွေနဲ့ ထိတွေ့ ပီး စိတ်လှုပ်ရှားစွာမေးလိုက်မိ၏။
" အဆင်သင့်ပဲလား ကလေးလေး "
ခေါင်းဆတ်ပြလာတဲ့ မောင့်ကို ကျေနပ်စွာပြုံးကြည့်ရင်း မှန်တံခါးကို တွန်းဖွင့်ကာ မောင့်လက်ကိုဆွဲပီး ဝင်လိုက်သည်။
ကျယ်ဝန်းပီး မြောက်များစွာသော ပန်းချီကားချပ်တို့ ဖြင့် ပြည့်နေသော အဖြူရောင် အခန်း ကျယ် ထဲသို့ နှစ်ယောက်သားလက်ချင်းတွဲလျှောက်ခဲ့ကြသည်။ အနီရောင် လိုက်ကာစတွေဖုံးအုပ်ထားတဲ့ နေရာအရောက်မှာ ချစ်ခြင်းဆုပ်ကိုင်ထားသောမောင့်လက်ကို ဖြုတ်ပီးရပ်တန့် လိုက်၏။
" မင်းကိုချစ်တယ်မောင် "
မောင့်မျက်နှာကို ငေးကြည့်ရင်း လိုက်ကာစကို ဆွဲချလိုက်သည်။
တဖြည်းဖြည်းပေါ်လာတဲ့ ပန်းချီကားချပ်တွေ ကိုမြင်ပီး ပြောင်းလဲသွားတဲ့ မောင့်မျက်နှာပေါ်က အရိပ်တွေကို ချစ်ခြင်းမျက်တောင်မခတ်ပဲ ကြည့်နေမိသည်။
လှတယ်။
မောင့် မျက်နှာပေါ်မှာ ပြောင်းသွားတဲ့ အရိပ်ကလေးတွေ အမူယာတွေအကုန်လုံး မြတ်နိုးဖို့ ကောင်းအောင်သိပ်လှနေတယ်။
"အချစ် … အချစ် ဒါဘာ … ဘာတွေလဲ "
အမိန့် ခုထိ မယုံနို်င်သေးပါ။ မျက်မြင်ကိုယ်တွေ့ မြင်နေရပေမဲ့ အမိန့် မယုံကြည်နိုင်သေးဘူး။ အမိန့် တို့ နှစ်ယောက်၏
စတွေ့ ကတည်းကနေ အခုအချိန်ထိ မှတ်တမ်းတင်ထားတဲ့ ကာတွန်းပန်းချီကားတွေ အားလုံးပေါင်း ပန်းချီကားရေ နှစ်ဆယ့်ခြောက်ခုတိတိ ။ ပန်းချီကားတွေရဲ့အောက်မှာ ထိုးထားတဲ့ လက်မှတ်လေးက joyတဲ့။
" Happy Birthday ကလေးလေး ။
ငါပေးတဲ့မွေးနေ့ လက်ဆောင်ကို ကြိုက်ရဲ့လား "
အမြဲအေးစက်စက်နေတဲ့သော ချစ်ခြင်းပြည့်စုံမှာ ခုလို အမိန့် အပေါ်အရင်ကတည်းက ခံစားချက် ရှိခဲ့မယ်ဆိုတာ အမိန့် ခုထိ အိမ်မက်တခုလို ခံစားနေရတုန်း။
ချစ်ခြင်းပြည့်စုံကိုမှ မရရင် တကယ်ကြီး သေရပါတော့မယ် ဖြစ်နေတုန်းကလည်း သူ့ တစ်ယောက်ထဲပဲ ခံစားခဲ့ရတယ် ထင်နေမိခဲ့သည်။
အခုတော့ .. အခုတော့ အချစ် ရယ်
မင်းမောင့်ကို သေအောင်သတ်နေတာလား ။
တုန်ရီလှိုက်မောလာတဲ့ ခံစားချက်တွေနဲ့ အိအိစက်စက်ကိုယ်လေးကို ဆွဲဖက်လိုက်၏။
လည်ပင်းကြားမှာ မျက်နှာလေးအပ်ပီး အစီစဉ်မကျတဲ့ စကားတွေ အများကြီး အချစ်ကိုပြောမိခဲ့သည်။
" အင့် ကြိုက်တယ်။ မင်းကို ပိုကြိုက်တယ် … ဟီးအီး… ချစ်ခြင်းပြည့်စုံ မကောင်းတဲ့လူကြီး …အင့် မောင် … မောင် ဘယ်လောက်တောင် ခံစားခဲ့ရလဲ ။
မောင် မင်းကို သိပ်ချစ်ခဲ့တာ အချစ်ရ..
မင်းကိုလေ …… ဟင့် …… မောင် ချစ်ခဲ့တာ ရူးမတက်ပဲ။ မောင်တစ်ယောက်ဖက် ဟင့် …ကပဲခံစားခဲ့ရတယ်ထင်မိတာ …"
" ဟီးအီး မကောင်းတဲ့ ချစ်ခြင်းပြည့်စုံ …ဟင့် တချိန်လုံးမောင့်ကို … လိမ်ထားတယ် ပြော … ပြောပြ
မောင်ကို ချစ်တယ်လို့ ပြော …အင့် ပီးရင်
ဘယ်ချိန် ကတည်းကလဲ ဘယ်တုန်းကလဲ
ဘယ်လောက်ချစ်တယ်ပါ ပြော… မောင်ကြားချင်တယ် …ဟီးအီးအီး … မောင် မျက်ရည်တွေ ကျလာပြန်ပီ။ မောင်မငိုချင်ပါဘူးဆို အဲ့ဒါ အချစ်ကြောင့် ။ ဟင့် …ငိုးမအချစ် လုံးဝမကောင်းတဲ့ကောင်ကြီး "
သူ့ ကိုယ်လုံးနဲ့ အရပ်ကြီးမှအားမနာ
တကိုယ်လုံး ပစ်မှီထားကာ ပုခုံးပေါ်မျက်နှာပီး ရှိုက်ကြီးတငင်ငင် ငိုကြွေးနေတဲ့ မောင့်ကို ချစ်ခြင်း ပြန်လည်သိုင်းဖက်လိုက်သည်။
ချစ်ခြင်းနဲ့ ဆိုရင် ဘယ်တော့မှာ ဟန်မဆောင်တက်တဲ့ မောင့်ကို ချစ်ခြင်းလည်း ချစ်သည်။
စိတ်ခံစားချက် အစုံကို ဖွင့်ဟ ထုတ်ပြတက်တဲ့ မောင့်ကို အရင်ကတည်းက အသည်းပေါက်မတက် ချစ်ခြင်းချစ်ရတာဖြစ်သည်။
တကယ်တော့ အမိန့် ရူးသလို ချစ်ခြင်းပါ ရူးနေခဲ့တာပါ။ နုညံ့သောချစ်ခြင်းတရားမှာ မောင်နဲ့ ထပ်တူ ချစ်ခြင်းပါလိုက်ရူးခဲ့မိသည်။
" ငိုလိုဝ သွားပီလား ကလေးလေး "
"……"
ဘာစကားမှမောင့်နှုတ်ဖျားကထွက်မလာပါဘူး ။ ဒါပေမဲ့ စဲသွားတဲ့ ရှိုက်သံနဲ့ သန်မာသော လက်မောင်းရဲ့ တင်းကြပ်တဲ့ ထွေးပွေ့ မူ့ တို့ ကြောင့် ချစ်ခြင်း နေရခက်သွားပေမဲ့ အသံထွက်အောင်ရယ်မောလိုက်မိပြီ။
တကယ်ပဲ အမိန့် တို့ က အချွဲသန်တာပဲ ။
ချစ်မြတ်နိုးစိတ်တွေ တရှိန်းရှိန်းတက်လာပြီးနောက်မှာ နားရွက်ဖျားလေးကို ခေါင်းလေးစောင်း နမ်းလိုက်၏။
ချက်ခြင်းရဲတက်လာတဲ့ နားရွက်တို့ ကအမိန့်အာဏာ ရှက်နေပီမှန်းဖော်ပြနေ၏။ အမှတ်တမဲ့ နမ်းတိုင်းရှက်တက်တာ မောင့်ရဲ့ ဘာအကျင့်လေးမှန်းမသိပေ။ ဒါပေမဲ့ ချစ်ခြင်းကတော့ ချစ်ပါတယ်။
" ပထမဆုံး ဖွင့်ဟ ဝန်ခံပါ့မယ်မောင်။
ငါ မင်းကို အရင်စပီး ချစ်ခဲ့မိပါတယ် ။ အာ့ !! ကလေးလေး… ဖြည်းဖြည်းဖက် အသက်ရူကြပ်တယ် … ခဏ နည်းနည်းလျော့ပါဦး"
အမှတ်တမဲ့ အတင်းဆွဲညစ်လိုက်တာကြောင့် ချစ်ခြင်း အသက်ရူရကြပ်သွားသည်မို့ တားမိလိုက်တော့ ……
" ဟင့်အင်… ခဏ တောင်ခံထား မောင် …မလွတ်ချင်ဘူး မောင်စိတ်တွေ လှုပ်ရှားနေတယ် ဒီတိုင်လေးပဲနေမယ် နော် …အချစ် "
လည်ပင်းသားကို နှုတ်ခမ်းနဲ့ ထိ တွေ့ လိုက်ပီး ဖက်ထားရက်အတိုင်း ခပ်ချွဲချွဲအပြောလေးကြောင့် ချစ်ခြင်းရင်ဘက်ထဲမှာ ယားစိယားစိဖြစ်လာ၏။
"တော်ပြီ မပြောချင်တော့ဘူး လာ…အိမ်ပြန်ရအောင် "
"အာ အချစ်နော် "
စူစူအောင့်အောင့်လေးက ချက်ခြင်းထွက်လာ၏။
အမိန့် အာဏာကတကယ်အူယားစရာလေးပါဆိုမှ ။
"စတာ ဆက်ပြောမယ် ။ မောင့်ကို ငါဖက်က အရင်စချစ်ခဲ့တာ။ မင်းအသက် ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ ကငါ မင်းကိုထောင့်ချိုးအကွယ်လေးမှာ ကြည့်နေခဲ့တာ။ "
"အဲ့တုန်းက မင်းက ဘောင်းဘီအနက်ရောင် နဲ့ အဖြူရောင် တီရှပ်လေးကိုဝတ်ထားတယ်။ ကလေးလေးတွေ ကို အရုပ်တွေဝေပေးနေရင်းကနေ ကလေးသေးသေးလေးတစ်ယောက်ကို ဒူးထောက်ပီး ချော့မော့နေတာကို ငါစောင့်ကြည့်နေခဲ့တာ။ "
"မင်းသိလားမောင်..အဲ့တုန်းက မင်းပြုံးလိုက်တဲ့ အပြုံးလေးကို ခုထိမှတ်မိနေတုန်းပဲ။
အရမ်းချစ်ဖို့ ကောင်းလို့ တခါမှမပြုံးဖူးတဲ့ ငါတောင် မင်းနဲ့ အတူ လိုက်ပြုံးနေမိခဲ့တာ။ "
"ဒါဆို အချစ်ကအရင် မောင့်ကို စတွေ့ ကတည်းက ချစ်ခဲ့တာလား "
"အင်း … မောင့် ကို ငါက အရင်ချစ်ခဲ့တာ "
"မင်းတကယ် ဆိုးလိုက်တာ အချစ်ရာ ။
မောင့်ကို အချိန်တွေအကြာကြီး စောင့်ခိုင်းရက်တယ်"
" ဒါဆို မင်းမပျော်တော့ဘူးလား
ချစ်ခြင်းစိတ်မကောင်းသလို မော့မေးတော့လက်တွေကို ဆွဲယူကာ သူပါးနှင့်ကပ်ပြီး ပြုံးလျက် ပြောလာ၏။
"မဟုတ်ဘူး မောင်အရမ်း ပျော်တယ် "
" ဟက် ကလေးလေးလား
အရမ်းချွဲတာပဲ။ အင်း ငါဆက်ပြောမယ်နော် "
ခေါင်းညိမ့်ပြလာတော့ ပန်းချီကားတွေဆီ လက်ညိုးထိုးပြလိုက်၏။
"ဟိုး..ဘယ်ဖက်ထောင့်ဆုံး ပန်းချီကားက မင်းရဲ့ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ အတွက်
ဆွဲထားပီး မပေးဖြစ်ခဲ့တဲ့ ပထမဆုံး လက်ဆောင်လေး "
ကလေးလေးကို ဒူးထောက် ပြီး အရုပ်လေးပေးနေတဲ့ပုံလေး ။
အမိန့် မျက်နှာနဲ့
ဆင်တဲ့ ကာတွန်းရုပ်ပုံလေးဖြစ်ကာ
အတော်ကြီး လက်ရာမြောက်ပီး ချစ်စရာ ကောင်လေးအဖြစ်အသက်ဝင်လှ၏ ။
အောက်ဖက်နားမှာလည်း
birthday boy ဆိုတဲ့ ခပ်သော့သော့ လက်ရေးနဲ့ အတူ joyဆိုတဲ့ လက်မှတ်ကလေးက အပီအပြင်နေရာယူလျက် ။
အဲ့ဒီနောက်ပိုင်း ပန်းချီကားတွေက အမိန့် လာလာစောင့်နေတက်တဲ့ သင်တန်းရှေ့ က ပုံမျိုးစုံတွေနဲ့ Suitနဲ့ အမိန့် အလုပ်သွားနေတဲ့ပုံတွေ ကလေးတွေမွေးတုန်းက အမိန့် ဘေးမှာမချီရဲလို့ ဒူးတုပ်ထိုင်နေတဲ့ပုံတွေကို ဆွဲထားတာဖြစ်သည်။
" မောင် အချစ်ကို ချစ်လိုက်တာ "
"ငါက ပိုပီး မင်းကိုချစ်ပါတယ် "
ဒီထပ်ပိုပီး ဖြေရှင်းစရာစကားမရှိ။
ဆုတောင်းမှားလို့ ဒီဘဝမှာ gayဖြစ်ခဲ့တယ်ဆိုရင်တောင် မင်းနဲ့ ချစ်ခွင့်ရလို့ တန်ပါတယ် ကလေးရယ်။ သတ္တိရှိရှိ အချစ်စစ်နဲ့ ငါ့ဘဝထဲဝင်လာပေးလို့ မင်းကိုကျေးဇူးတင်ပါတယ် ။
သက်ဆုံးတိုင် မင်းကိုပဲ ချစ်ပါ့မယ်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz