ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

39

eainsi23


"ေဖေဖ အဲ့ဒါ ဘာျဖစ္လို ့လဲဟင္ "

အျမဲ စိတ္ဝင္တစားေမးခြန္းထုတ္တက္တဲ့ အလြန္း ရဲ့အေမးစကားေႀကာင့္ ခ်စ္ျခင္း လူေတြဝိုင္းေနတဲ့ နားကို လွမ္းႀကည့္ရင္း သက္ျပင္းခ်လိုက္သည္။ ခါတိုင္း အိမ္မွာပဲ အခ်ိန္ ဇယားနဲ ့ ေနရတဲ့ အလြန္းနဲ ့အေသာက အျပင္ထြက္တိုင္း ကားမွန္ျပတင္းကိုေက်ာ္ပီး ပတ္ဝန္းက်င္ကို စပ္စု တက္သူေလးေတြပင္ျဖစ္သည္။

ခုလည္း TL Mall ဖြင့္ပြဲေန ့ဝတ္ဖို ့
Designer ဆီကေန
အပ္ထားတဲ့ အထည္ရျပီဆိုလို ့လာယူတာကေန စကားမ်ားေနႀကတဲ့ လူအုပ္စုကို
လက္ညိဳးထိုးျပကာ ေမးခြန္းထုတ္ေနႀကသည္။

" အဲ့ဒါ သူမ်ားပစၥည္းကို ခိုးလို ့ လူေတြဖမ္းထားတာ ငွက္ကေလးေတြရဲ႕ "

" ခိုးတယ္ ဆိုတာ ဘာကိုေျပာတာလဲေဖေဖ"

ေလးနွစ္မျပည့္ေသးတဲ့ ငွက္နီဥေလးေတြရဲ့ စိတ္ဝင္တစား အေမးေႀကာင့္ ခ်စ္ျခင္း
ျပံဳးလိုက္ပီး စိတ္ရွည္လက္ရွည္ရွင္းျပဖို ့သာျပင္လိုက္ရေတာ့သည္။

"ခိုးတယ္ ဆိုတာ သူမ်ားပစၥည္းကို ပိုင္ရွင္မသိပဲ ယူတာ ကိုေျပာတာ ။ က်န္ေသးတယ္
ေနာက္တမ်ိဳး အဲ့ဒါကေတာ့ ဓားျပတိုက္တာ။ သူကက် ပိုင္ရွင္ကို သိသိရက္နဲ ့လက္နက္ကိုင္ ျခိမ္းေျခာက္ပီး အတင္းအဓမၼသိမ္းယူတာ မ်ိဳးေပါ့ ။ "

" ခိုးရင္ လူေတြက ရုိက္တာလား ။ သနားပါတယ္ေနာ္ ေဖေဖ"

ခ်စ္ေသာပါ စကားဝိုင္းထဲပါလာပီမို ့ခ်စ္ျခင္းကားကို လမ္းေဘးထိုးရပ္လိုက္သည္။
ျပီးမွ ေနာက္ခန္းမွ စိတ္ဝင္တစားစူးစမ္းေနႀကတဲ့ အေသာနဲ ့အလြန္းဖက္ကို လွည့္ပီးမ်က္နွာခ်င္းဆိုင္ေျပာလို ့ရေအာင္ တေစာင္းေျပာင္းထိုင္လိုက္၏။

"ကဲ သားသားတို ့ကို ေဖေဖ ေမးမယ္ ။
အေသာေလး ႀကိဳက္တဲ့ စက္ရုပ္ကေလးကို မသိတဲ့ သူက ခိုးသြားရင္ သားသား စိတ္ဆိုးမွာလား။ "

"သမီးဆိုရင္ေရာ သမီးရဲ့
ေဖႀကီးေမြးေန ့ပြဲမွာလက္ေဆာင္ဝယ္ေပးထားတဲ့ ဆြဲႀကိဳးေလးကို မသိတဲ့သူက အတင္း ဆြဲျဖဳတ္ယူရင္ ႀကိဳက္မွာလား ။
ကဲ အေသာေလး အရင္ေျဖ "

ခ်စ္ျခင္း အေသာနဲ ့အလြန္းကို ခဏေစာင္ႀကည့္လိုက္သည္။ အေသာက ေတြေဝသလို ့ျဖစ္ေနေပမဲ့ အလြန္းက ဥာဏ္ေကာင္းသူပီပီ အေျဖရေနပီးသလို ျငိမ္ေန၏။

"သားသားဆိုရင္ ေဆာ့မဲ့ခ်ိန္ အရုပ္ကေလးမေတြ ့ရင္ ငိုမွာေပါ့။ ဒါဆိုေဖေဖကအေသာငိုရင္ စိတ္ညစ္လိမ့္မယ္။ ေဖေဖစိတ္ညစ္ရင္ သားသားမႀကိဳက္ဘူး။ သားသား စိတ္ဆိုးမွာေပါ့ ။ သားသားစက္ရုပ္ကေလးကို မေတာင္းပဲ အတင္းယူတာ
လံုးဝမေကာင္းဘူးေဖေဖ "

ကေလးပီပီ သူေတြးနိုင္သေလာက္ေလးအေျဖေပးလာတဲ့ ခ်စ္ေသာကို ခ်စ္ျခင္းေခါင္းညိမ့္ျပပီး အလြန္းကိုေမးဆတ္ျပလိုက္သည္။

"မီးမီးသာဆိုရင္ လံုးဝမႀကိဳက္ပါဘူး။
မီးမီးကို ေဖႀကီးက ေမြးေန ့လက္ေဆာင္ေပးထားတဲ့ ဆြဲႀကိဳးက မီးမီး အပိုင္။ အတင္း
လုယူရင္ မီးမီး စိတ္အရမ္းဆိုးမွာ။ ေဖေဖသင္ေပးဖူးတဲ့ နည္းအတိုင္း မီးမီးအသားကို ထိရင္ ပထမတခါ သူမ်ားႀကားေအာင္ ငိုရပါမယ္။ မလႊတ္ပဲ ဆက္ပီး မီးမီး အသားထိရင္ နာက်င္ေအာင္ကိုက္ဆြဲ မယ္ပီးရင္ ထြက္ေျပးရပါ့မယ္။ "

ေလးနွစ္သမီးရဲ့ စကားအဆံုး ခ်စ္ျခင္း ပါးစပ္အေဟာင္းသားေတာင္ျဖစ္သြား၏။ ခ်စ္လြန္းက တစ္ကယ္ ဘာေလးလဲ။ မိန္းကေလးမို ့ငယ္ငယ္ကတည္းက သူစိမ္းေတြ အသားမထိရဘူး။ ေယာက်ာ္းေလးေတြအနားမကပ္ရဘူး။ ေပါင္ေတြေပၚေအာင္ထိမေဆာ့ရဘူးဆိုတာ သင္ျပထားပီးသား။ ဒါကို ခုလို မွတ္မိပီးေတြးေတာေျပာနိုင္လိမ့္မယ္လို ့ထင္ေတာင္မထားဘူး။

"အလြန္း နဲ ့အေသာကေတာ္လိုက္တာ ။
ကဲ ဒါဆို ေဖေဖ ဆက္ရွင္းျပမယ္ ။ ညညကို သားသားနဲ ့မီးမီး ဘုရားရွစ္ခိုးရင္ ဆိုႀကတဲ့ ဘုရားစာကို ျပန္ေျပာေပးပါအုန္း ။ "

"ဟုတ္ကဲ့ ေဖေဖ "

ျပိဳင္တူ ထြက္လာပီးေနာက္မွ ညတိုင္းဆို
ေနႀက ဘုရားစာကို တညီတညြတ္ထဲ ရြတ္ျပသည္။

"ပါဏာတိပါတာ ေဝရမဏိ
သိကၡာ ပဒံ သမာဒိယာမိ

အဒိႏၷဒါနာ ေဝရမဏိ
သိကၡာ ပဒံ သမာဒိယာမိ

ကာေမသု မိစၦာစာရာ
ေဝရမဏိသိကၡာပဒံ သမာဒိယာမိ

မုသာဝါဒ ေဝရမဏိ
သိကၡာပဒံ သမာဒိယာမိ

သုရာေမရယ မဇၨပၸမာဒဌာနာ
ေဝရမဏိ သိကၡာပဒံ သမာဒိယာမိ

ပါ ေဖေဖ "

"ဟုတ္ပီ ေဖေဖက အဓိပၸါယ္ကို သားတို ့ငယ္ေသးလို ့ေသခ်ာမရွင္းျပေသးပဲ အလြတ္ပဲ က်က္ခိုင္းမိခဲ့တယ္။ ဒါေပမဲ့ အခုအဲ့ဒီ ကံငါးပါးထဲမွာ ဒုတိယေျမာက္ အဒိႏၷဒါနာ
ကံအေႀကာင္းေဖေဖရွင္းျပေပးမယ္။
သားတို ့သမီးတို ့ကို သင္ေပးထားတဲ့ ဘုရားရွစ္ခိုး က အလြယ္ေလးဆိုခိုင္းထားတာမဟုတ္ဘူး။ အက်ယ္တဝင့္ရွင္းျပလဲည္း သားသားတို ့အရြယ္က နားလည္မွာမဟုတ္ေသးလို ့ေဖေဖရွင္းမျပေသးတာ။
ဆိုေတာ့ အဒိႏၷဒါနာ ကံ အေႀကာင္းဆက္ေျပက်တာေပါ့။
(အဒိႏၷဒါနကံ)က် ဴ းလြန္သူလြယ္လြယ္
ေျပာရရင္ ခိုးတဲ့သူေပါ့ ။စိတ္နဲ ့ျဖစ္ေစ လက္ေတြ ့ခိုးယူတာပဲ ျဖစ္ေစ ဒါမွမဟုတ္ အတင္းအဓၶမ လုယူတာပဲျဖစ္ေစ ဒါေတြလုပ္ခဲ့ရင္ ေဖေဖ အခုေျပာမဲ့ အရာေတြျဖစ္လိမ့္မယ္။ ေသခ်ာနားေထာင္ေနာ္...

၁။ ။ဥစၥာပစၥည္းမရွိ မြဲတတ္၏ ။

၂။ ။ငတ္မြတ္တတ္၏။

၃။ ။ဆင္းရဲတတ္၏။

၄။ ။အလိုရွိေနေသာ အရာ တၳဳ ပစၥည္းမ်ား မရတတ္။

၅။ ။စည္းစိမ္ဥစၥာ ပစၥည္းမ်ားပ်က္စီးဆံုးရႈံးျခင္းျဖစ္တတ္၏။ တဲ့ ။

အဲ့ဒါေတြက မေသခင္အသက္ရွင္ေနတုန္း
ခ်က္ခ်င္းတန္းျဖစ္မွာ ေသပီးသြားရင္လည္း

သားသားတို ့နားလည္ေအာင္ေျပာရရင္ ငရဲအိုးမွာ ဆီပူနဲ ့ေႀကာ္ခံရလိမ့္မယ္လို ့ေျပာဖူးတာမွတ္မိလား။ ေအး ခိုးရင္အဲ့
လိုေႀကာ္ခံရမွာပဲ။

"ေႀကာက္စရာႀကီးေနာ္ေဖေဖ "

"ဟုတ္တယ္ ေသာေသာလည္း ေႀကာက္တယ္ ေဖေဖ "

ခ်စ္ျခင္း ျပံဳးျပလိုက္သည္။ ထို႔ေနာက္

"ဒါေႀကာင့္ ေဖေဖ ့ ငွက္ဥေလးေတြက
သူ ့တပါးပစၥည္း၊ သူတပါးပိုင္တဲ့ ဘယ္အရာမဆို ပိုင္ရွင္မသိပဲ ပိုင္ရွင္သေဘာမတူ ပဲ အလြယ္တကူ မယူရဘူး သိလား"

"ဟုတ္ကဲ့ ေဖေဖ အေသာ နားလည္သြားပါပီ "

"မီးမီးလည္း နားလည္ပါပီ "

"ေတာ္လိုက္တာ ေဖေဖ့ အသည္းေလးေတြက ဒါဆို ေဖေဖ အိမ္ျပန္မ
္ေနာ္ "

ေသခ်ာခါးပတ္ျပန္ပတ္ပီး ကားကိုေမာင္းပီး အိမ္ျပန္လာခဲ့ေပမဲ့ သားနဲ ့သမီးကို လူေတာ္လူေကာင္းေလးေတြ ျဖစ္ေအာင္
တျဖည္းျဖည္းသြန္သင္ဖို ့ခ်စ္ျခင္းေတြး
မိေနသည္။

_____

" အခ်စ္ ေမာင့္နားမွာပဲ ေနေနာ္
က်စ္ ! အဲ့လို မျပံဳးစမ္းနဲ ့ maskေရာ maskတပ္ထားစမ္း "

ျပာယာခက္ေနေသာ အမိန္ ့ေႀကာင့္ခ်စ္ျခင္းရယ္ခ်င္ေနေပမဲ့ မရယ္ရဲ ။

TL Mallဖြင့္ပြဲမွာ သတင္းသမားေတြ မင္းသားမင္းသမီးေတြ မ်ားစြာ ရွိေနလို ့ လူေတြကလည္း အုန္းအုန္းထ ေနသည္။ ပိုင္ရွင္ျဖစ္တဲ့ ခ်စ္ျခင္းက ဖဲႀကိဳးျဖတ္ပြဲမွာ maskတပ္ရမယ္လို ့လူႀကားလို ့မွမေကာင္း။

"maskေတာ့ မတပ္ခိုင္းပါနဲ ့။
လူရယ္စရာျဖစ္ေအာင္လို႔ ။ ခဏပဲ ေနမယ္ ျပီးရင္ မင္းနဲ ့အတူ သြားစရာရွိတယ္ ဘိုးဘိုးႀကီးနဲ ့ဒီပြဲကို ထားခဲ့လို ့ရလား "

အကာအကြယ္မရွိလြတ္ေနတဲ့ မ်က္နွာနုနုကို စူးစိုက္ႀကည့္ပီး မခ်င့္မရဲ အမိန္ ့ေခါင္းျငိမ့္ျပလိုက္ရသည္။ တစ္မနက္လံုး ဘာကိုအလိုမက်မွန္းမသိ ေယာက္ယက္ ခက္ေနတာ သူ ့ကိုသူ သိတယ္။

ခ်စ္ျခင္းကို သိသိသာသာႀကည့္ေနတဲ့ နာမည္ႀကီးမင္းသားေတြကိုလား။

maskတပ္ထားရက္နဲ ့သာအျမဲျမင္ဘူးေနတဲ့ နာမည္ႀကီးမိုးေကာင္းအုပ္စုရဲ့ေျမးသမက္ကို စပ္စုေနတဲ့ ပရိတ္သတ္နွင္ ့ စာနယ္ဇင္း သမားေတြကိုလား။

ဘာမွန္းမသိေပမဲ ့တပြဲလံုးရဲ့ အႀကည့္ေတြက suit အနက္ေရာင္ေလးနဲ ့
ႀကည့္ေကာင္းခ်င္တိုင္းႀကည့္ေကာင္းေနတဲ့ ခ်စ္ျခင္းဆီမွာသာမို ့အမိန္ ့မ်က္နာတည္တင္းေနလွျပီျဖစ္သည္။

မေက်မနပ္စိတ္တို ့နဲ ့ဖဲႀကိဳးျမန္ျမန္ျဖတ္ပီး
ဖြင့္ပြဲ က်င္းပလိုက္၏။ ထို ႔ေနာက္ ဘိုးဘိုးႀကီးဆီ ခ်စ္ျခင္းလက္ကို ဆြဲျပီးသြားလိုက္၏။

"ဘိုးဘိုး ...ခ်စ္ျခင္းနဲ ့သြားစရာရွိလို ့
အဲ့ ဒါ ပြဲကို ဘိုးဘိုးႀကီးပဲ ႀကည့္လုပ္ထားေပးလို ့ရမလား "

"ငါကမရဘူးေျပာလည္း မင္းက သြားမွာပဲမို ့လား ။ ထားခဲ့ လိုက္.. ႀကည့္လုပ္ထားလိုက္မယ္ ။ ကေလးေတြေရာ ထားခဲ့မွာပဲမို ့လား ငါပဲထိန္းထားလိုက္မယ္ ႀကြႀက "

ဘိုးဘိုးရဲ့ ခပ္ေငါ့ေငါ့ စကားေတြကို မနာနိုင္ေတာ့ပါ။ အေသာနဲ ့အလြန္းကို လိမ္လိမ္မာမာေနခဲ့ဖို ့မွာပီး ခ်စ္ျခင္းလက္ကို ဆြဲကာ ထြက္ခဲ့ သည္။

ျဖစ္နိုင္ရင္ ခ်စ္ျခင္းကို ဖြက္ သာထားခ်င္ေတာ့တယ္။ သိသိသာသာေရာ၊ မသိမသာေရာႀကည့္ေနႀကတဲ့ လူေတြကိုလည္း မုန္းသည္။ ၿပီးေတာ့ ခ်စ္ျခင္းကိုလည္းမေက်နပ္။

ဒီမ်က္နွာေလးကဒီေလာက္ လွေနဖို ့လိုလား။

" ေတာက္စ္ !"

"ေမာင္ ငါ့ကို တက္ေခါက္တာလား "

ဆြဲကိုင္ထားတဲ့ လက္ကို ရုန္းပီး ေျခလွမ္းတို ့ကို ခ်စ္ျခင္းရပ္ပစ္လိုက္သည္။

"အခ်စ္ ကိုေခါက္စရာလား "

"ဒါဆို မင္းနဲ ့ငါ နွစ္ေယာက္ရွိတာ မင္းဘယ္သူ ့ကိုေခါက္တာလဲေျပာ "

"မဟုတ္ပါဘူး အခ်စ္ကို ႀကည့္ေနႀကလို ့ေခါက္တာပါ။ အခ်စ္ကလည္း
ဒီေလာက္ လွေနရေအာင္ ဘာေတြမ်ားလုပ္လာတာလဲ ။ ဒါေတြ မႀကိဳက္တာ
မဟုတ္လည္း လွေနပီးသားကို အပိုေတြေလ်ွာက္လုပ္လာတယ္။ ေျပာစမ္းပါဦးေမာင့္ကို ။ မင္း မိတ္ကပ္လိမ္းခဲ့တာလား ..ပါးေလးေတြေဖြးနုေနတယ္။ နွုတ္ခမ္းေတြကလည္း ရဲ လို ့ "

" ဘာေတြေျပာေနတာလဲ ။ မင္းမနက္က အိပ္ေနတာကို အတင္းနွုိးလို ့ ေရေတာင္မနည္းခ်ိဳးခဲ့ရတာ ။ ဘယ္နားက မိတ္ကပ္ကို လိမ္းရမွာလဲ။ၿပီးေတာ့ မိတ္ကပ္လိမ္းရေအာင္ ငါက မိန္းမမို ့လို ့လား "

ေရွ ့ဆက္မသြားပဲ လူရွင္းတဲ့ ေထာင့္နားမွနွစ္ေယာက္သား အေႀကာင္းအရင္းမရွိပဲစကားအေျခအတင္မ်ားေနႀကသည္။
မိနစ္အနည္းငယ္ႀကာမွ ......

" အခ်စ္ကလည္း ေမာင္မွားသြားပါတယ္
နွုတ္ခမ္းႀကီးဆူမေန ပါနဲ ့ ေနာ္ ေနာ္ "

" ေတာ္ပါ ခုမွ လာမေခ်ာ့နဲ ့ ။ "

မ်က္ေစာင္းမမယ္တဲ့ မ်က္ေစာင္းနုနုေလးဝဲပ်ံ လာေတာ့ အမိန္ ့ ရင္ေတြခုန္လာရသည္။ အား ခ်စ္ျခင္းျပည့္စံုတို ့က ခုထိ စြဲေဆာင္ နိုင္မူ ့ဘို ့အားက ျပင္းေနတုန္းပဲ။
နႈတ္ခမ္းကိုက္ကာ ဆြဲကိုင္ထားတဲ့ ခ်စ္ျခင္းလက္ကို ရင္ဖက္မွာကပ္ကာ မခ်င့္မရဲ ေျပာလိုက္သည္။

" ေမာင္ တို ႔ အိမ္ျပန္ရေအာင္ "

ခ်စ္တဲ့အိမ္စည္။

"ဖေဖေ အဲ့ဒါ ဘာဖြစ်လို့ လဲဟင် "

အမြဲ စိတ်ဝင်တစားမေးခွန်းထုတ်တက်တဲ့ အလွန်း ရဲ့အမေးစကားကြောင့် ချစ်ခြင်း လူတွေဝိုင်းနေတဲ့ နားကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်သည်။ ခါတိုင်း အိမ်မှာပဲ အချိန် ဇယားနဲ့ နေရတဲ့ အလွန်းနဲ့ အသောက အပြင်ထွက်တိုင်း ကားမှန်ပြတင်းကိုကျော်ပီး ပတ်ဝန်းကျင်ကို စပ်စု တက်သူလေးတွေပင်ဖြစ်သည်။

ခုလည်း TL Mall ဖွင့်ပွဲနေ့ ဝတ်ဖို့
Designer ဆီကနေ
အပ်ထားတဲ့ အထည်ရပြီဆိုလို့ လာယူတာကနေ စကားများနေကြတဲ့ လူအုပ်စုကို
လက်ညိုးထိုးပြကာ မေးခွန်းထုတ်နေကြသည်။

" အဲ့ဒါ သူများပစ္စည်းကို ခိုးလို့ လူတွေဖမ်းထားတာ ငှက်ကလေးတွေရဲ့ "

" ခိုးတယ် ဆိုတာ ဘာကိုပြောတာလဲဖေဖေ"

လေးနှစ်မပြည့်သေးတဲ့ ငှက်နီဥလေးတွေရဲ့ စိတ်ဝင်တစား အမေးကြောင့် ချစ်ခြင်း
ပြုံးလိုက်ပီး စိတ်ရှည်လက်ရှည်ရှင်းပြဖို့ သာပြင်လိုက်ရတော့သည်။

"ခိုးတယ် ဆိုတာ သူများပစ္စည်းကို ပိုင်ရှင်မသိပဲ ယူတာ ကိုပြောတာ ။ ကျန်သေးတယ်
နောက်တမျိုး အဲ့ဒါကတော့ ဓားပြတိုက်တာ။ သူကကျ ပိုင်ရှင်ကို သိသိရက်နဲ့ လက်နက်ကိုင် ခြိမ်းခြောက်ပီး အတင်းအဓမ္မသိမ်းယူတာ မျိုးပေါ့ ။ "

" ခိုးရင် လူတွေက ရိုက်တာလား ။ သနားပါတယ်နော် ဖေဖေ"

ချစ်သောပါ စကားဝိုင်းထဲပါလာပီမို့ ချစ်ခြင်းကားကို လမ်းဘေးထိုးရပ်လိုက်သည်။
ပြီးမှ နောက်ခန်းမှ စိတ်ဝင်တစားစူးစမ်းနေကြတဲ့ အသောနဲ့ အလွန်းဖက်ကို လှည့်ပီးမျက်နှာချင်းဆိုင်ပြောလို့ ရအောင် တစောင်းပြောင်းထိုင်လိုက်၏။

"ကဲ သားသားတို့ ကို ဖေဖေ မေးမယ် ။
အသောလေး ကြိုက်တဲ့ စက်ရုပ်ကလေးကို မသိတဲ့ သူက ခိုးသွားရင် သားသား စိတ်ဆိုးမှာလား။ "

"သမီးဆိုရင်ရော သမီးရဲ့
ဖေကြီးမွေးနေ့ ပွဲမှာလက်ဆောင်ဝယ်ပေးထားတဲ့ ဆွဲကြိုးလေးကို မသိတဲ့သူက အတင်း ဆွဲဖြုတ်ယူရင် ကြိုက်မှာလား ။
ကဲ အသောလေး အရင်ဖြေ "

ချစ်ခြင်း အသောနဲ့ အလွန်းကို ခဏစောင်ကြည့်လိုက်သည်။ အသောက တွေဝေသလို့ ဖြစ်နေပေမဲ့ အလွန်းက ဥာဏ်ကောင်းသူပီပီ အဖြေရနေပီးသလို ငြိမ်နေ၏။

"သားသားဆိုရင် ဆော့မဲ့ချိန် အရုပ်ကလေးမတွေ့ ရင် ငိုမှာပေါ့။ ဒါဆိုဖေဖေကအသောငိုရင် စိတ်ညစ်လိမ့်မယ်။ ဖေဖေစိတ်ညစ်ရင် သားသားမကြိုက်ဘူး။ သားသား စိတ်ဆိုးမှာပေါ့ ။ သားသားစက်ရုပ်ကလေးကို မတောင်းပဲ အတင်းယူတာ
လုံးဝမကောင်းဘူးဖေဖေ "

ကလေးပီပီ သူတွေးနိုင်သလောက်လေးအဖြေပေးလာတဲ့ ချစ်သောကို ချစ်ခြင်းခေါင်းညိမ့်ပြပီး အလွန်းကိုမေးဆတ်ပြလိုက်သည်။

"မီးမီးသာဆိုရင် လုံးဝမကြိုက်ပါဘူး။
မီးမီးကို ဖေကြီးက မွေးနေ့ လက်ဆောင်ပေးထားတဲ့ ဆွဲကြိုးက မီးမီး အပိုင်။ အတင်း
လုယူရင် မီးမီး စိတ်အရမ်းဆိုးမှာ။ ဖေဖေသင်ပေးဖူးတဲ့ နည်းအတိုင်း မီးမီးအသားကို ထိရင် ပထမတခါ သူများကြားအောင် ငိုရပါမယ်။ မလွှတ်ပဲ ဆက်ပီး မီးမီး အသားထိရင် နာကျင်အောင်ကိုက်ဆွဲ မယ်ပီးရင် ထွက်ပြေးရပါ့မယ်။ "

လေးနှစ်သမီးရဲ့ စကားအဆုံး ချစ်ခြင်း ပါးစပ်အဟောင်းသားတောင်ဖြစ်သွား၏။ ချစ်လွန်းက တစ်ကယ် ဘာလေးလဲ။ မိန်းကလေးမို့ ငယ်ငယ်ကတည်းက သူစိမ်းတွေ အသားမထိရဘူး။ ယောကျာ်းလေးတွေအနားမကပ်ရဘူး။ ပေါင်တွေပေါ်အောင်ထိမဆော့ရဘူးဆိုတာ သင်ပြထားပီးသား။ ဒါကို ခုလို မှတ်မိပီးတွေးတောပြောနိုင်လိမ့်မယ်လို့ ထင်တောင်မထားဘူး။

"အလွန်း နဲ့ အသောကတော်လိုက်တာ ။
ကဲ ဒါဆို ဖေဖေ ဆက်ရှင်းပြမယ် ။ ညညကို သားသားနဲ့ မီးမီး ဘုရားရှစ်ခိုးရင် ဆိုကြတဲ့ ဘုရားစာကို ပြန်ပြောပေးပါအုန်း ။ "

"ဟုတ်ကဲ့ ဖေဖေ "

ပြိုင်တူ ထွက်လာပီးနောက်မှ ညတိုင်းဆို
နေကြ ဘုရားစာကို တညီတညွတ်ထဲ ရွတ်ပြသည်။

"ပါဏာတိပါတာ ဝေရမဏိ
သိက္ခာ ပဒံ သမာဒိယာမိ

အဒိန္နဒါနာ ဝေရမဏိ
သိက္ခာ ပဒံ သမာဒိယာမိ

ကာမေသု မိစ္ဆာစာရာ
ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

မုသာဝါဒ ဝေရမဏိ
သိက္ခာပဒံ သမာဒိယာမိ

သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ
ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ

ပါ ဖေဖေ "

"ဟုတ်ပီ ဖေဖေက အဓိပ္ပါယ်ကို သားတို့ ငယ်သေးလို့ သေချာမရှင်းပြသေးပဲ အလွတ်ပဲ ကျက်ခိုင်းမိခဲ့တယ်။ ဒါပေမဲ့ အခုအဲ့ဒီ ကံငါးပါးထဲမှာ ဒုတိယမြောက် အဒိန္နဒါနာ
ကံအကြောင်းဖေဖေရှင်းပြပေးမယ်။
သားတို့ သမီးတို့ ကို သင်ပေးထားတဲ့ ဘုရားရှစ်ခိုး က အလွယ်လေးဆိုခိုင်းထားတာမဟုတ်ဘူး။ အကျယ်တဝင့်ရှင်းပြလဲည်း သားသားတို့ အရွယ်က နားလည်မှာမဟုတ်သေးလို့ ဖေဖေရှင်းမပြသေးတာ။
ဆိုတော့ အဒိန္နဒါနာ ကံ အကြောင်းဆက်ပြေကျတာပေါ့။
(အဒိန္နဒါနကံ)ကျူးလွန်သူလွယ်လွယ်
ပြောရရင် ခိုးတဲ့သူပေါ့ ။စိတ်နဲ့ ဖြစ်စေ လက်တွေ့ ခိုးယူတာပဲ ဖြစ်စေ ဒါမှမဟုတ် အတင်းအဓ္ဓမ လုယူတာပဲဖြစ်စေ ဒါတွေလုပ်ခဲ့ရင် ဖေဖေ အခုပြောမဲ့ အရာတွေဖြစ်လိမ့်မယ်။ သေချာနားထောင်နော်...

၁။ ။ဥစ္စာပစ္စည်းမရှိ မွဲတတ်၏ ။

၂။ ။ငတ်မွတ်တတ်၏။

၃။ ။ဆင်းရဲတတ်၏။

၄။ ။အလိုရှိနေသော အရာ တ္ထု ပစ္စည်းများ မရတတ်။

၅။ ။စည်းစိမ်ဥစ္စာ ပစ္စည်းများပျက်စီးဆုံးရှုံးခြင်းဖြစ်တတ်၏။ တဲ့ ။

အဲ့ဒါတွေက မသေခင်အသက်ရှင်နေတုန်း
ချက်ချင်းတန်းဖြစ်မှာ သေပီးသွားရင်လည်း

သားသားတို့ နားလည်အောင်ပြောရရင် ငရဲအိုးမှာ ဆီပူနဲ့ ကြော်ခံရလိမ့်မယ်လို့ ပြောဖူးတာမှတ်မိလား။ အေး ခိုးရင်အဲ့
လိုကြော်ခံရမှာပဲ။

"ကြောက်စရာကြီးနော်ဖေဖေ "

"ဟုတ်တယ် သောသောလည်း ကြောက်တယ် ဖေဖေ "

ချစ်ခြင်း ပြုံးပြလိုက်သည်။ ထို့နောက်

"ဒါကြောင့် ဖေဖေ့ ငှက်ဥလေးတွေက
သူ့ တပါးပစ္စည်း၊ သူတပါးပိုင်တဲ့ ဘယ်အရာမဆို ပိုင်ရှင်မသိပဲ ပိုင်ရှင်သဘောမတူ ပဲ အလွယ်တကူ မယူရဘူး သိလား"

"ဟုတ်ကဲ့ ဖေဖေ အသော နားလည်သွားပါပီ "

"မီးမီးလည်း နားလည်ပါပီ "

"တော်လိုက်တာ ဖေဖေ့ အသည်းလေးတွေက ဒါဆို ဖေဖေ အိမ်ပြန်မ
်နော် "

သေချာခါးပတ်ပြန်ပတ်ပီး ကားကိုမောင်းပီး အိမ်ပြန်လာခဲ့ပေမဲ့ သားနဲ့ သမီးကို လူတော်လူကောင်းလေးတွေ ဖြစ်အောင်
တဖြည်းဖြည်းသွန်သင်ဖို့ ချစ်ခြင်းတွေး
မိနေသည်။

_____

" အချစ် မောင့်နားမှာပဲ နေနော်
ကျစ် ! အဲ့လို မပြုံးစမ်းနဲ့ maskရော maskတပ်ထားစမ်း "

ပြာယာခက်နေသော အမိန့် ကြောင့်ချစ်ခြင်းရယ်ချင်နေပေမဲ့ မရယ်ရဲ ။

TL Mallဖွင့်ပွဲမှာ သတင်းသမားတွေ မင်းသားမင်းသမီးတွေ များစွာ ရှိနေလို့ လူတွေကလည်း အုန်းအုန်းထ နေသည်။ ပိုင်ရှင်ဖြစ်တဲ့ ချစ်ခြင်းက ဖဲကြိုးဖြတ်ပွဲမှာ maskတပ်ရမယ်လို့ လူကြားလို့ မှမကောင်း။

"maskတော့ မတပ်ခိုင်းပါနဲ့ ။
လူရယ်စရာဖြစ်အောင်လို့ ။ ခဏပဲ နေမယ် ပြီးရင် မင်းနဲ့ အတူ သွားစရာရှိတယ် ဘိုးဘိုးကြီးနဲ့ ဒီပွဲကို ထားခဲ့လို့ ရလား "

အကာအကွယ်မရှိလွတ်နေတဲ့ မျက်နှာနုနုကို စူးစိုက်ကြည့်ပီး မချင့်မရဲ အမိန့် ခေါင်းငြိမ့်ပြလိုက်ရသည်။ တစ်မနက်လုံး ဘာကိုအလိုမကျမှန်းမသိ ယောက်ယက် ခက်နေတာ သူ့ ကိုသူ သိတယ်။

ချစ်ခြင်းကို သိသိသာသာကြည့်နေတဲ့ နာမည်ကြီးမင်းသားတွေကိုလား။

maskတပ်ထားရက်နဲ့ သာအမြဲမြင်ဘူးနေတဲ့ နာမည်ကြီးမိုးကောင်းအုပ်စုရဲ့မြေးသမက်ကို စပ်စုနေတဲ့ ပရိတ်သတ်နှင့် စာနယ်ဇင်း သမားတွေကိုလား။

ဘာမှန်းမသိပေမဲ့ တပွဲလုံးရဲ့ အကြည့်တွေက suit အနက်ရောင်လေးနဲ့
ကြည့်ကောင်းချင်တိုင်းကြည့်ကောင်းနေတဲ့ ချစ်ခြင်းဆီမှာသာမို့ အမိန့် မျက်နာတည်တင်းနေလှပြီဖြစ်သည်။

မကျေမနပ်စိတ်တို့ နဲ့ ဖဲကြိုးမြန်မြန်ဖြတ်ပီး
ဖွင့်ပွဲ ကျင်းပလိုက်၏။ ထို့ နောက် ဘိုးဘိုးကြီးဆီ ချစ်ခြင်းလက်ကို ဆွဲပြီးသွားလိုက်၏။

"ဘိုးဘိုး ...ချစ်ခြင်းနဲ့ သွားစရာရှိလို့
အဲ့ ဒါ ပွဲကို ဘိုးဘိုးကြီးပဲ ကြည့်လုပ်ထားပေးလို့ ရမလား "

"ငါကမရဘူးပြောလည်း မင်းက သွားမှာပဲမို့ လား ။ ထားခဲ့ လိုက်.. ကြည့်လုပ်ထားလိုက်မယ် ။ ကလေးတွေရော ထားခဲ့မှာပဲမို့ လား ငါပဲထိန်းထားလိုက်မယ် ကြွကြ "

ဘိုးဘိုးရဲ့ ခပ်ငေါ့ငေါ့ စကားတွေကို မနာနိုင်တော့ပါ။ အသောနဲ့ အလွန်းကို လိမ်လိမ်မာမာနေခဲ့ဖို့ မှာပီး ချစ်ခြင်းလက်ကို ဆွဲကာ ထွက်ခဲ့ သည်။

ဖြစ်နိုင်ရင် ချစ်ခြင်းကို ဖွက် သာထားချင်တော့တယ်။ သိသိသာသာရော၊ မသိမသာရောကြည့်နေကြတဲ့ လူတွေကိုလည်း မုန်းသည်။ ပြီးတော့ ချစ်ခြင်းကိုလည်းမကျေနပ်။

ဒီမျက်နှာလေးကဒီလောက် လှနေဖို့ လိုလား။

" တောက်စ် !"

"မောင် ငါ့ကို တက်ခေါက်တာလား "

ဆွဲကိုင်ထားတဲ့ လက်ကို ရုန်းပီး ခြေလှမ်းတို့ ကို ချစ်ခြင်းရပ်ပစ်လိုက်သည်။

"အချစ် ကိုခေါက်စရာလား "

"ဒါဆို မင်းနဲ့ ငါ နှစ်ယောက်ရှိတာ မင်းဘယ်သူ့ ကိုခေါက်တာလဲပြော "

"မဟုတ်ပါဘူး အချစ်ကို ကြည့်နေကြလို့ ခေါက်တာပါ။ အချစ်ကလည်း
ဒီလောက် လှနေရအောင် ဘာတွေများလုပ်လာတာလဲ ။ ဒါတွေ မကြိုက်တာ
မဟုတ်လည်း လှနေပီးသားကို အပိုတွေလျှောက်လုပ်လာတယ်။ ပြောစမ်းပါဦးမောင့်ကို ။ မင်း မိတ်ကပ်လိမ်းခဲ့တာလား ..ပါးလေးတွေဖွေးနုနေတယ်။ နှုတ်ခမ်းတွေကလည်း ရဲ လို့ "

" ဘာတွေပြောနေတာလဲ ။ မင်းမနက်က အိပ်နေတာကို အတင်းနှိုးလို့ ရေတောင်မနည်းချိုးခဲ့ရတာ ။ ဘယ်နားက မိတ်ကပ်ကို လိမ်းရမှာလဲ။ပြီးတော့ မိတ်ကပ်လိမ်းရအောင် ငါက မိန်းမမို့ လို့ လား "

ရှေ့ ဆက်မသွားပဲ လူရှင်းတဲ့ ထောင့်နားမှနှစ်ယောက်သား အကြောင်းအရင်းမရှိပဲစကားအခြေအတင်များနေကြသည်။
မိနစ်အနည်းငယ်ကြာမှ ......

" အချစ်ကလည်း မောင်မှားသွားပါတယ်
နှုတ်ခမ်းကြီးဆူမနေ ပါနဲ့ နော် နော် "

" တော်ပါ ခုမှ လာမချော့နဲ့ ။ "

မျက်စောင်းမမယ်တဲ့ မျက်စောင်းနုနုလေးဝဲပျံ လာတော့ အမိန့် ရင်တွေခုန်လာရသည်။ အား ချစ်ခြင်းပြည့်စုံတို့ က ခုထိ စွဲဆောင် နိုင်မူ့ ဘို့ အားက ပြင်းနေတုန်းပဲ။
နှုတ်ခမ်းကိုက်ကာ ဆွဲကိုင်ထားတဲ့ ချစ်ခြင်းလက်ကို ရင်ဖက်မှာကပ်ကာ မချင့်မရဲ ပြောလိုက်သည်။

" မောင် တို့ အိမ်ပြန်ရအောင် "

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz