ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
38
"ဒယ္ဒီ အေသာေလးက စေတာ္ဘယ္ရီသီးေနာ္ "
"အလြန္းလည္း သားသားနဲ ့အတူတူပဲ ဒယ္ဒီ "
"ေမာင္ ငါကေတာ့ ဒိန္ခ်ဥ္ေနာ္။ ဘူးနဲ ့ပဲေသာက္မွာ ခြက္ထဲမထည့္ခဲ့နဲ ့ "
ဧည့္ ခန္းကေန အျပိဳင္အဆိုင္လွမ္းေအာ္ေျပာေနတဲ့ သူ ့ငွက္အသားအဖေတြေႀကာင့္ အမိန္ ့ေက်နပ္စြာျပံဳးလိုက္ပီး လက္ကေတာ့ မွာလိုက္တဲ့ စားစရာေတြကို ျမန္ျမန္ဆန္ဆန္လုပ္ေပးေနလိုက္သည္။
ေန ့ခင္းက ရုံးမွာ တေနကုန္ အေဖာ္လာလုပ္ေပးပီး ညေနမွ အိမ္အတူျပန္လာခဲ့ႀကသည္။ အလုပ္ေတြ မျပီးေသးေပမဲ့ ဒီေန ့တေန ့ေတာ့ မိသားစုကိုအခ်ိန္ေပးဖို ့ရွိသမ်ွအလုပ္ေတြကို ကိုစစ္လက္ထဲအပ္ထားခဲ့လိုက္ရ၏။
"ေမာင္ ႀကာေနပီေနာ္။ "
"ၿပီးေတာ့မွာ ပါဗ်ာ ။ ဘိုးဘိုးႀကီး ကေရာ ဘာေသာက္မွာတဲ့လဲ ။ ေမးလိုက္ပါဦးအခ်စ္ေရ "
ခဏၾကာေတာ့ အသံထြက္လာသည္။
" အခန္းထဲမွာ ဘိုးဘိုးက ။ ညေနစာ စားတာမ်ားသြားလို ႔ အစာေၾကေဆးေတာင္စားထားရလို ႔မစားနိုင္ေတာ့ဘူးတဲ့ "
"ဟုတ္ၿပီ ဟုတ္ၿပီ ။ "
TVႀကည့္ရင္း အမိန္ ့ကို ခိုင္းစားေနႀကတဲ့
ဥနီေဖေဖတို ့အုပ္စုကို ျပံဳးျပံဳးႀကီးခိုင္းသမ်ွ
ဒိုင္ခံလုပ္ေပးေနမိသည္။ ဗန္းထဲကို စေတာ္ဘယ္ရီ ပန္းကန္နဲ ့ဒိန္ခ်ဥ္တခြက္ကို တင္ပီး ဗန္းလိုက္မ ကာဧည့္ခန္းကို ယူခဲ့လိုက္သည္။
"ရပါပီ ဗ်ာ ဒါကေတာ့ အေသာေလးနဲ ့အလြန္းေလးအတြက္ပါဗ် "
ျပည့္ျပည့္ေမာက္ေမာက္ေရေဆးထည့္ထားတဲ့ စေတာ္ဘယ္ရီနီနီေလးေတြကို အေသာနဲ ့အလြန္းေရွ ့ခ်ေပးလိုက္၏။
ျပီးမွ...
"ဒါေလးကေတာ့ ေမာင့္ခ်စ္ျခင္းေလးအတြက္ပါ့ဗ် "
ဒိန္ခ်ဥ္ဘူးေလး ခ်စ္ျခင္းေဘးတိုးေပးပီး
အမိန္ ့ ပါဝင္ထိုင္လိုက္သည္။ ဒီေန ့ TVမွာ TL Mallအတြက္ အေသာနဲ ့အလြန္းရဲ ့ေႀကာ္ျငာေလး လာမွာမို ့ တစ္မိသားစုလံုးေစာင့္ေနႀကျခင္းျဖစ္၏။
"အေသာေလး
ဘိုးဘိုးႀကီးကို သြားေခၚလာေတာ့မယ္လို ့"
"yes daddy "
ခုံေပၚကေန ေလ်ာဆင္းပီး ဘိုးဘိုးႀကီးအခန္းကိုေျပးသြားတဲ့ ဥနီေလး အေသာ။
ဘိုးဘိုးကေတာ့ အေသာဆို လံုးဝ ခ်စ္သလို ေဖႀကီး ဦးစိုင္းလူကေတာ့ အလြန္းမွအလြန္း
"အလြန္းေလး ေဖႀကီးဆီဖုန္းဆက္ဦးေလ။
TV ဖြင့္ၾကည့္ လာေတာ့မယ္လို ႔"
"မီးမီး ေစာေစာကဆက္ျပီးသြားပီ။ ေဖေဖႀကီးက ဘဘ နဲ ့အတူ ေစာင့္ႀကည့္ေနတယ္တဲ့ "
ဘဘဆိုတာေႀကာင့္ အမိန္ ့ခ်စ္ျခင္းကိုမသိမသာႀကည့္မိသည္။ သိသိသာသာမ်က္နွာေျပာင္းမသြားတာေႀကာင့္အမိန္ ့စိတ္ေအးသြားရသည္။ အရင္ လို စိတ္ဆိုးျခင္းဘာညာမရွိေတာ့တာမို ့ အမိန္ ့ ခ်စ္ျခင္းကိုေက်းဇူးတင္မိသည္။
ဖခင္ကိုမုန္းတီးေနတာမ်ိဳးႀကီး ကို အမိန္ ့အေနနဲ ့မျဖစ္ေစခ်င္တာေတာ့အမွန္ပင္။
ခ်စ္ျခင္းေဖေဖက အခုေနာက္ယူထားတဲ့အိမ္ေထာင္နဲ ့ကြဲပီးေဖႀကီးနဲ ့အတူျပန္လာေနေပးသည္။ အဲ့ဒါကိုပင္ အမိန္ ႔ေက်းဇူးတင္တာျဖစ္သည္။ အသက္ႀကီးေနၿပီျဖစ္တဲ့ ေဖႀကီးသည္ ခုဆိုရင္ သူ႔သားေၾကာင့္ အရင္လို တစ္ေယာက္ထဲ အထီးမက်န္ေတာ့ေပ။
"ဟုတ္ပါပီကြာ... မီးမီးကေနာ္ သူေဖႀကီးဆိုရင္ ပိုကိုပိုတယ္ ။ ဖုန္းကိုဘယ္ခ်ိန္က ဆက္လိုက္မွန္းဒယ္ဒီေတာင္မသိလိုက္ဘူး။ျမန္ခ်က္ပဲ "
"ခ္ခ္ မီးမီးက ဒယ္ဒီကိုလည္း ခ်စ္ပါတယ္"
ဖေအ လက္ေမာင္းကို ကပ္ခ်ြဲေနတဲ့ သမီးျဖစ္သူေႀကာင့္ ခ်စ္ျခင္းနွုတ္ခမ္းေတြမဲ့ကုန္၏။
*အလကားသမီး ငါက် ဘယ္ေတာ့မွ
ခ်စ္တယ္မေျပာဘူး ငါေမးမွေျပာတယ္ ။ *
စိတ္ထဲမွာေတြးေနတုန္းနားထဲဝင္လာတာ
ဘိုးဘိုးႀကီး၏ ရယ္သံက်ယ္ႀကီးပင္..
" ဟားဟား ဟုတ္ပါပီ ဘိုးဘိုးအသည္းရာ။
ငါတို ့အေသာနဲ ့အလြန္းက အလွဆံုးပဲကို
ဘိုးဘိုးႀကီး မႀကည့္ပဲသိတယ္ ... ဟ... ဟ ေျဖးေျဖးဆြဲပါ သားသားရာ ဘိုးဘိုးႀကီးကအရင္လို မသန္ေတာ့ဘူးကြ ေခ်ာ္လဲကုန္မွျဖင့္ "
" ဟီး အဲ့ဒါဆို ဖြဖြေလးပဲ ဆြဲမယ္ေနာ္။
ဘိုးဘိုးႀကီးမေျပးနိုင္တာ သားသားေမ့သြားလို ့ "
လူမေရာက္လာေသးဘူး အသံအရင္ႀကားေနရတာေႀကာင့္ အမိန္ ့ ျပံဳးလိုက္ပီးဘိုးဘိုးအတြက္ ေနရာဖယ္ေပးလိုက္၏။
"လာ ဘိုးဘိုး ဒီမွာထိုင္ "
"ေအးေအး ရတယ္ ။ အေသာလာ ဘိုးဘိုးႀကီးေဘးကို... အလြန္း လာ သမီးေရာလာထိုင္ "
ျမစ္နွစ္ေယာက္ကို ေဘးအတူ ထိုင္ခိုင္းပီး
TVက လာမဲ့ ေႀကာ္ျငာကို တမိသားစုလံုး
ေစာင့္ႀကည့္ေနလိုက္သည္။
"လာပီ ... လာပီ ... ဘိုးဘိုး အျဖဴေရာင္အက်ၤ ီ၊ ေဘာင္းဘီ အဝါေလးနဲ ့အဲ့ဒါ အေသာ ေလး... ေတြ ့လား "
ဝမ္းသာအားရ လက္ညိဳးေလးထိုးပီး
ခုန္ေပါက္ေနတဲ့ ခ်စ္ေသာအသံေႀကာင့္
ဦးမိုးေကာင္း မ်က္မွန္ ကို ပင့္ပီး ျပဴးျပဴးျပဲျပဲ စိုက္ႀကည့္လိုက္ရသည္။ အရင္လို အသက္အရြယ္ေႀကာင့္မ်က္လံုးကမေကာင္းေတာ့ပဲ မနည္းႀကည့္ေနရသည္။
"ေတြ ့ပီ... ျခင္းေလးထဲက အေသာေလးမို ့လား ဟားဟား ႀကည့္ပါအုန္း ေစ်းဝယ္ျခင္းထဲ ငါ့သား ဘာထိုင္လုပ္ေနတာလဲကြ ဘယ္မွာတုန္း ငါ့သမီးအလြန္းကေကာ "
" ခ်စ္ျခင္း လက္ကို ဆြဲထားပီးေအာက္မွာ လမ္းေလ်ွာက္ေနတာ ဂ်င္းစကပ္ အဝါေရာင္ေလးနဲ ့ေတြ ့လားဘိုးဘိုး "
မ်က္စိမေကာင္းေတာ့တဲ့ ဘိုးဘိုးကို ခ်စ္ျခင္းေသခ်ာရွင္းျပလိုက္သည္။
တကယ္ေတာ့ ခ်စ္ျခင္းတို ့သားဖသံုးေယာက္က ရုိက္ဖို ့အစီစဥ္မရွိပဲ ရုိက္မိသြားတာျဖစ္သည္။ ေႀကာ္ျငာ ရုိက္ဖို ့ေခၚထားတဲ့ မင္းသမီးက က်န္းမာေရးအေျခအေနေၾကာင့္ မလာျဖစ္ေတာ့တာမို ့အမိအရ အမိန္ ့က ခ်စ္ျခင္းတို ့သံုးေယာက္ကို ပြဲထုတ္လိုက္ျခင္းျဖစ္၏။
ခ်စ္ျခင္းကေတာ့ မ်က္နွာအျပည့္အစံုမပါပဲ ေစ်းဝယ္ေနတဲ့ ပံုေလးသာပါပီး အေသာနဲ ့အလြန္းကေတာ့ ပီပီျပင္ျပင္ ေပ်ာ္ေပ်ာ္ပါးပါး ေစ်းဝယ္ထြက္ေနတဲ့မိသားစုေလးလို ဟန္မေဆာင္ပဲ ရုိက္ကူးမိခဲ့သည္။ တကယ္လဲ သရုပ္ေဆာင္ေနတယ္ဆိုတဲ့စိတ္မဝင္ပဲ ခ်စ္ျခင္းတို ့ဘာသာ လုပ္ခ်င္တဲ့အတိုင္းလုပ္ခဲ့ႀကျခင္းျဖစ္သည္။
"ထိုင္းက ေႀကာ္ျငာေတြလို ရုပ္ထြက္ေကာင္းပီးရွင္းရွင္းလင္းလင္းရွိသားပဲ"
"ဟုတ္ကဲ့ ဘိုးဘိုးႀကီး အဲ့ဒါရုိက္ေပးတဲ့
ဒါရုိက္တာက ထိုင္းက နာမည္ႀကီး ဒါရုိက္တာပါ ။ အဆင္ေျပတယ္
္မို ့လား "
အမိန္ ့ဝင္ေရာက္ အႀကံဥာဏ္ေတာင္းလိုက္၏။ ဘိုးဘိုးက အသက္သာႀကီးတာ
အမိန္ ့တို ့စီးပြားေရးေလာကမွာ ဘုရင္တဆူျဖစ္ခဲ့ဖူးတာမို ့ေကာင္းမြန္တဲ့ အႀကံဥာဏ္မ်ားစြာခုထိ ယူေနရတုန္းျဖစ္သည္။
"အေသာနဲ ့အလြန္းေလး ရုိက္ေပးမွေတာ့
မေပါက္မွာ ပူေနေသးတာလား ။ ႀကည့္ပါဦး ..ငါ့ကေလးေတြ။ အျပံဳးေလးေတြကိုက
စစ္မွန္တဲ့ ခံစားခ်က္ကိုေပးစြမ္းေနတာပဲ ။
ငါကေလးေတြကို ေနာက္တခါ စိန္ဆိုင္ေႀကာ္ျငာေတြမွာ ထည့္သံုးေပး ။
တစ္ခါလာလည္း မင္းသမီးေတြ၊ တခါလာလည္း မင္းသားေတြ ရုိးေနပီ ။ ေသခ်ာ ျပင္ဆင္ေပးပီး ကေလးဝတ္စိန္ထည္ေတြကို ငါ့ကေလးေတြနဲ ့ရုိက္ႀကည့္စမ္း။ "
ခ်စ္ျခင္းေခါင္းျငိမ့္ေထာက္ခံလိုက္သည္။
သူလည္း စဥ္းစားမိသည္။
လူႀကီးဝတ္ေတြပဲေရာင္းေနတာ။ ကေလးဝတ္ကေလးေတြကိုလည အေသာနဲ ့အလြန္းအတြက္ ေသခ်ာ Design ဆြဲပီး အမွတ္တရျဖစ္ေအာင္ ေႀကာ္ျငာမွာထည့္သြင္းရုိက္ကူးေပးဖို ့မေကသီကိုအႀကံေပးရမယ္ ။
"ဟုတ္ဘိုးဘိုးႀကီး သား မေကသီနဲ ့ေဆြးေႏြးလိုက္ပါမယ္ ။ မဟုတ္လည္း
နွစ္ငါးဆယ္ျပည့္ အမွတ္တရ တခုခုလုပ္ဖို ့အႀကံဥာဏ္မရျဖစ္ေနတာ။ ခုေတာ့အေတာ္ျဖစ္သြားတာေပါ့။ "
"အင္း ကိုမိန္ ့ကေရာ ခုShoppingmall
အေျခအေန က ဘာေတြလိုအပ္ေသးလဲ "
အမိန္ ့ေသာက္လက္စေရခြက္ကို စားပြဲေပၚတင္လိုက္ပီးဘိုးဘိုးႀကီးဖက္ ေသခ်ာမ်က္နွာ လွည့္ထိုင္လိုက္၏။
"ဟုတ္ဘိုးဘိုးႀကီး ေနာက္လ တစ္ရက္ေန ့ဖြင့္ပြဲလုပ္မွာ အကုန္အဆင္ေျပေပမဲ့
တစ္ခုေတာ့ အဆင္မေျပဘူး။ TL Mallမွာ
အကုန္အျပည့္စံု ပါပီးသား။ ဘိုးဘိုးလည္း သိပါတယ္။ သား တို ့အခုmallက ကမၻာအဆင့္မွီ ဖြင့္ဖို ့သံုးနွစ္စီမံကိန္းေတာင္ ႀကိဳးစားခဲ့ရတာ ။ စာႀကည့္တိုက္ ၊ ကစားကြင္း ၊ရုပ္ရွင္ ၊ ေဆးခန္း၊ စကိတ္ကြင္း၊ အေရာင္းျပခန္း မရွိတာမရွိဘူး။ အကုန္ျပည့္စံုတယ္။ တစ္ခုပဲ ပန္းခ်ီျပခန္းဖြင့္ဖို ့ ပန္းခ်ီ ဆရာေတြ အကုန္စံုေနပီ နာမည္ႀကီး ပန္းခ်ီဆရာတစ္ေယာက္က်န္ေနေသးလို ့ အဲ့ဒါေလးပဲ နည္းနည္းအခက္အခဲျဖစ္ေနတာ "
" ဘယ္သူ လို ေနတာလဲ ။ မင္းငါ့ကိုလည္း
ဘာမွမေျပာဘူး "
ခ်စ္ျခင္းရဲ့ အလို မက်သံေလးကစကားဝိုင္းမွာ တိုးတိုးေလးထြက္လာ၏။
" တမင္မေျပာတာမဟုတ္ပါဘူး အခ်စ္ရယ္။ ခုရက္ပိုင္း တျခားအလုပ္ေတြနဲ ့ ေမာင္မအားေနတာ သိရက္သားနဲ ့။ ခုလည္း အဲ့ကိစၥကို ကိုစစ္ကိုလြဲထားရတယ္။ "
ဦးမိုးေကာင္းကေတာ့ ခ်စ္ျခင္းတို ့နွစ္ေယာက္ကို တခ်က္ႀကည့္ပီး အလိုက္တသိ
ပင္ အေသာနဲ ့အလြန္းကို ဆြဲေခၚသြား၏။
"မသိဘူး မင္း ငါ့ကို အရင္လိုေရာ ခ်စ္ေသးရဲ့လား။ မင္းအလုပ္ေတြနဲ ့ပဲ အခ်ိန္ကုန္ေနတယ္။ ငါကို ... ငါ့ကို ... မင္းသာယာမူ ့မရွိေတာ့ဘူးမို ့လား ေျပာ ။ ငါ့ဖက္ကပဲ
အတင္း လိုက္ကပ္ေနရတယ္ ငါဘယ္ေလာက္ ဝမ္းနည္းရတယ္ မွတ္လဲ "
တျဖည္းျဖည္းတိုးတိမ္ဝင္ သြားတဲ့ အသံတို ့နဲ ့ မ်က္ရည္စ တို ့က ပါးျပင္ေပၚကို ျဖတ္သန္းစီးစင္းသြားသည္။ ခ်စ္ျခင္း အပိုလုပ္ေနတာမဟုတ္ဘူး ။ ေမာင္သာမခ်စ္ေတာ့ရင္ ေမာင္သာ ေသြးေအးသြားရင္
ခ်စ္ျခင္းေသသြားမွာ။
"မဟုတ္ပါဘူး အခ်စ္ရယ္ ဘာေတြဝမ္းနည္းေနရတာလဲ..ဟင္ ...။ ေမာင္ကို ဘယ္လို စိတ္ကူးနဲ ့မ်ား ထင္လိုက္ရတာလဲ ။ ဒီေလာက္ခ်စ္ေနတာကို အခ်စ္ရယ္... ။
မင္းကလြဲပီး တျခား မိန္းမ၊ ေယာက်ာ္း ေမာင့္စိတ္ကူးထဲမွာလံုးဝမရွိပါဘူး ...။
အခုမဟုတ္ဘူးေနာက္လည္း တသက္လံုးရွိမွာမဟုတ္ဘူး။ ဒါ ေမာင့္ ေပးတဲ့ မင္းအတြက္ တသက္စာ ဂတိနဲ ့ ေမတၱာေတြပါ ။ မင္းတစ္ေယာက္ထဲပဲ ေမာင့္ကိုပိုင္တာ။ မင္းတစ္ေယာက္ထဲ သာ ေမာင့္ရဲ့ အရွင္သခင္။ ေမာင္ ခုတေလာ အလုပ္ေတြမ်ားေနတာ အမွန္ပါ။ ဒီတလပါပဲ အခ်စ္ရယ္..ေနာ္ ။ ဒါကလည္း မင္းတို ့မိသားစု ကို
တစ္ေယာက္မွ လက္ညိဳး ထိုးလို ့ မရေအာင္ အျမင့္ဆံုးမွာထားခ်င္တဲ့ ေမာင့္ရဲ့ ခင္ပြန္းတစ္ေယာက္ရဲ့ အိမ္မက္ ၊ဖခင္တစ္ေယာက္ရဲ့ အိမ္မက္မို ့ပါ။ ေနာ္ တိတ္ပါေတာ့ "
ႀကင္ႀကင္နာနာ ပုခံုးေလးကို ဖက္ပီး ရင္ခြင္ထဲ ဆြဲထည့္ကာ အမိန္ ့ စကားေတြအမ်ားႀကီးရွင္းျပ မိသည္။ ခ်စ္ျခင္း ကို နည္းနည္းေလးမွ စိတ္မဆင္းရဲေစခ်င္တာ အမိန္ ့
အတၱပဲမို ့ ။
"ျပီးေရာ ...ဟင့္ ... ဒါဆို ေစာေစာက လိုတဲ့သူကဘယ္သူလဲေျပာ ငါ သိသမ်ွရေအာင္ရွာေပးမွာေပါ့"
စိတ္ေကာက္ေျပသြားတဲ့ ပန္းနုေရာင္
ငွက္ေဖေဖကို အမိန္ ့ တင္းတင္းႀကပ္ႀကပ္
ေထြးေပြ ့ပီး အလ်ွင္အျမန္ ေျပာျပလိုက္သည္။
" အခ်စ္သိေတာ့သိမွာပါ ဒါေပမဲ့ သူ ့ပန္းခ်ီေတြ မေတြ ့ေတာ့တာသံုးနွစ္ေက်ာ္ပီ ။ နာမည္ႀကီး ကာတြန္းပန္းခ်ီဆရာ Joyဆိုတာေလ သိတယ္ မို ့လား။သူပန္းခ်ီေတြက လက္ရာ ေျမာက္လို ့နိုင္ငံျခားထိေပါက္တယ္။ ေဒၚလာနဲ ့ ေစ်းႀကီးေပးပီး အလုအယက္ဝယ္ရတယ္တာေတာင္ တနွစ္မွ တစ္ပံုပဲထြက္လို ့ ရွားတယ္ ။ အဆက္အသြယ္လည္း မရွိသလို လူလဲေတြ ့ဘူးသူေတာင္ရွားတယ္တဲ့ "
ေတြးေတြးဆဆေျပာေနတဲ့ အမိန္ ့အသံေႀကာင့္ ခ်စ္ျခင္းရင္ဘက္ကေလးကိုငံု ့နမ္းကာ ျပံဳးလိုက္၏။
" သူ ့ကို ေမာင္လို အပ္ေနတာဆိုရင္ ရေစရမယ္။ ေမာင္လို ခ်င္တာေနာက္ဆိုငါ့ကိုေျပာ ငါ ျဖစ္ေအာင္ဖန္တီးေပးမွာမို ့လို ့"
ခ်စ္တဲ့အိမ္စည္။
################
"ဒယ်ဒီ အသောလေးက စတော်ဘယ်ရီသီးနော် "
"အလွန်းလည်း သားသားနဲ့ အတူတူပဲ ဒယ်ဒီ "
"မောင် ငါကတော့ ဒိန်ချဉ်နော်။ ဘူးနဲ့ ပဲသောက်မှာ ခွက်ထဲမထည့်ခဲ့နဲ့ "
ဧည့် ခန်းကနေ အပြိုင်အဆိုင်လှမ်းအော်ပြောနေတဲ့ သူ့ ငှက်အသားအဖတွေကြောင့် အမိန့် ကျေနပ်စွာပြုံးလိုက်ပီး လက်ကတော့ မှာလိုက်တဲ့ စားစရာတွေကို မြန်မြန်ဆန်ဆန်လုပ်ပေးနေလိုက်သည်။
နေ့ ခင်းက ရုံးမှာ တနေကုန် အဖော်လာလုပ်ပေးပီး ညနေမှ အိမ်အတူပြန်လာခဲ့ကြသည်။ အလုပ်တွေ မပြီးသေးပေမဲ့ ဒီနေ့ တနေ့ တော့ မိသားစုကိုအချိန်ပေးဖို့ ရှိသမျှအလုပ်တွေကို ကိုစစ်လက်ထဲအပ်ထားခဲ့လိုက်ရ၏။
"မောင် ကြာနေပီနော်။ "
"ပြီးတော့မှာ ပါဗျာ ။ ဘိုးဘိုးကြီး ကရော ဘာသောက်မှာတဲ့လဲ ။ မေးလိုက်ပါဦးအချစ်ရေ "
ခဏကြာတော့ အသံထွက်လာသည်။
" အခန်းထဲမှာ ဘိုးဘိုးက ။ ညနေစာ စားတာများသွားလို့ အစာကြေဆေးတောင်စားထားရလို့ မစားနိုင်တော့ဘူးတဲ့ "
"ဟုတ်ပြီ ဟုတ်ပြီ ။ "
TVကြည့်ရင်း အမိန့် ကို ခိုင်းစားနေကြတဲ့
ဥနီဖေဖေတို့ အုပ်စုကို ပြုံးပြုံးကြီးခိုင်းသမျှ
ဒိုင်ခံလုပ်ပေးနေမိသည်။ ဗန်းထဲကို စတော်ဘယ်ရီ ပန်းကန်နဲ့ ဒိန်ချဉ်တခွက်ကို တင်ပီး ဗန်းလိုက်မ ကာဧည့်ခန်းကို ယူခဲ့လိုက်သည်။
"ရပါပီ ဗျာ ဒါကတော့ အသောလေးနဲ့ အလွန်းလေးအတွက်ပါဗျ "
ပြည့်ပြည့်မောက်မောက်ရေဆေးထည့်ထားတဲ့ စတော်ဘယ်ရီနီနီလေးတွေကို အသောနဲ့ အလွန်းရှေ့ ချပေးလိုက်၏။
ပြီးမှ...
"ဒါလေးကတော့ မောင့်ချစ်ခြင်းလေးအတွက်ပါ့ဗျ "
ဒိန်ချဉ်ဘူးလေး ချစ်ခြင်းဘေးတိုးပေးပီး
အမိန့် ပါဝင်ထိုင်လိုက်သည်။ ဒီနေ့ TVမှာ TL Mallအတွက် အသောနဲ့ အလွန်းရဲ့ ကြော်ငြာလေး လာမှာမို့ တစ်မိသားစုလုံးစောင့်နေကြခြင်းဖြစ်၏။
"အသောလေး
ဘိုးဘိုးကြီးကို သွားခေါ်လာတော့မယ်လို့ "
"yes daddy "
ခုံပေါ်ကနေ လျောဆင်းပီး ဘိုးဘိုးကြီးအခန်းကိုပြေးသွားတဲ့ ဥနီလေး အသော။
ဘိုးဘိုးကတော့ အသောဆို လုံးဝ ချစ်သလို ဖေကြီး ဦးစိုင်းလူကတော့ အလွန်းမှအလွန်း
"အလွန်းလေး ဖေကြီးဆီဖုန်းဆက်ဦးလေ။
TV ဖွင့်ကြည့် လာတော့မယ်လို့ "
"မီးမီး စောစောကဆက်ပြီးသွားပီ။ ဖေဖေကြီးက ဘဘ နဲ့ အတူ စောင့်ကြည့်နေတယ်တဲ့ "
ဘဘဆိုတာကြောင့် အမိန့် ချစ်ခြင်းကိုမသိမသာကြည့်မိသည်။ သိသိသာသာမျက်နှာပြောင်းမသွားတာကြောင့်အမိန့် စိတ်အေးသွားရသည်။ အရင် လို စိတ်ဆိုးခြင်းဘာညာမရှိတော့တာမို့ အမိန့် ချစ်ခြင်းကိုကျေးဇူးတင်မိသည်။
ဖခင်ကိုမုန်းတီးနေတာမျိုးကြီး ကို အမိန့် အနေနဲ့ မဖြစ်စေချင်တာတော့အမှန်ပင်။
ချစ်ခြင်းဖေဖေက အခုနောက်ယူထားတဲ့အိမ်ထောင်နဲ့ ကွဲပီးဖေကြီးနဲ့ အတူပြန်လာနေပေးသည်။ အဲ့ဒါကိုပင် အမိန့် ကျေးဇူးတင်တာဖြစ်သည်။ အသက်ကြီးနေပြီဖြစ်တဲ့ ဖေကြီးသည် ခုဆိုရင် သူ့သားကြောင့် အရင်လို တစ်ယောက်ထဲ အထီးမကျန်တော့ပေ။
"ဟုတ်ပါပီကွာ... မီးမီးကနော် သူဖေကြီးဆိုရင် ပိုကိုပိုတယ် ။ ဖုန်းကိုဘယ်ချိန်က ဆက်လိုက်မှန်းဒယ်ဒီတောင်မသိလိုက်ဘူး။မြန်ချက်ပဲ "
"ခ်ခ် မီးမီးက ဒယ်ဒီကိုလည်း ချစ်ပါတယ်"
ဖအေ လက်မောင်းကို ကပ်ချွဲနေတဲ့ သမီးဖြစ်သူကြောင့် ချစ်ခြင်းနှုတ်ခမ်းတွေမဲ့ကုန်၏။
*အလကားသမီး ငါကျ ဘယ်တော့မှ
ချစ်တယ်မပြောဘူး ငါမေးမှပြောတယ် ။ *
စိတ်ထဲမှာတွေးနေတုန်းနားထဲဝင်လာတာ
ဘိုးဘိုးကြီး၏ ရယ်သံကျယ်ကြီးပင်..
" ဟားဟား ဟုတ်ပါပီ ဘိုးဘိုးအသည်းရာ။
ငါတို့ အသောနဲ့ အလွန်းက အလှဆုံးပဲကို
ဘိုးဘိုးကြီး မကြည့်ပဲသိတယ် ... ဟ... ဟ ဖြေးဖြေးဆွဲပါ သားသားရာ ဘိုးဘိုးကြီးကအရင်လို မသန်တော့ဘူးကွ ချော်လဲကုန်မှဖြင့် "
" ဟီး အဲ့ဒါဆို ဖွဖွလေးပဲ ဆွဲမယ်နော်။
ဘိုးဘိုးကြီးမပြေးနိုင်တာ သားသားမေ့သွားလို့ "
လူမရောက်လာသေးဘူး အသံအရင်ကြားနေရတာကြောင့် အမိန့် ပြုံးလိုက်ပီးဘိုးဘိုးအတွက် နေရာဖယ်ပေးလိုက်၏။
"လာ ဘိုးဘိုး ဒီမှာထိုင် "
"အေးအေး ရတယ် ။ အသောလာ ဘိုးဘိုးကြီးဘေးကို... အလွန်း လာ သမီးရောလာထိုင် "
မြစ်နှစ်ယောက်ကို ဘေးအတူ ထိုင်ခိုင်းပီး
TVက လာမဲ့ ကြော်ငြာကို တမိသားစုလုံး
စောင့်ကြည့်နေလိုက်သည်။
"လာပီ ... လာပီ ... ဘိုးဘိုး အဖြူရောင်အင်္ကျီ၊ ဘောင်းဘီ အဝါလေးနဲ့ အဲ့ဒါ အသော လေး... တွေ့ လား "
ဝမ်းသာအားရ လက်ညိုးလေးထိုးပီး
ခုန်ပေါက်နေတဲ့ ချစ်သောအသံကြောင့်
ဦးမိုးကောင်း မျက်မှန် ကို ပင့်ပီး ပြူးပြူးပြဲပြဲ စိုက်ကြည့်လိုက်ရသည်။ အရင်လို အသက်အရွယ်ကြောင့်မျက်လုံးကမကောင်းတော့ပဲ မနည်းကြည့်နေရသည်။
"တွေ့ ပီ... ခြင်းလေးထဲက အသောလေးမို့ လား ဟားဟား ကြည့်ပါအုန်း ဈေးဝယ်ခြင်းထဲ ငါ့သား ဘာထိုင်လုပ်နေတာလဲကွ ဘယ်မှာတုန်း ငါ့သမီးအလွန်းကကော "
" ချစ်ခြင်း လက်ကို ဆွဲထားပီးအောက်မှာ လမ်းလျှောက်နေတာ ဂျင်းစကပ် အဝါရောင်လေးနဲ့ တွေ့ လားဘိုးဘိုး "
မျက်စိမကောင်းတော့တဲ့ ဘိုးဘိုးကို ချစ်ခြင်းသေချာရှင်းပြလိုက်သည်။
တကယ်တော့ ချစ်ခြင်းတို့ သားဖသုံးယောက်က ရိုက်ဖို့ အစီစဉ်မရှိပဲ ရိုက်မိသွားတာဖြစ်သည်။ ကြော်ငြာ ရိုက်ဖို့ ခေါ်ထားတဲ့ မင်းသမီးက ကျန်းမာရေးအခြေအနေကြောင့် မလာဖြစ်တော့တာမို့ အမိအရ အမိန့် က ချစ်ခြင်းတို့ သုံးယောက်ကို ပွဲထုတ်လိုက်ခြင်းဖြစ်၏။
ချစ်ခြင်းကတော့ မျက်နှာအပြည့်အစုံမပါပဲ ဈေးဝယ်နေတဲ့ ပုံလေးသာပါပီး အသောနဲ့ အလွန်းကတော့ ပီပီပြင်ပြင် ပျော်ပျော်ပါးပါး ဈေးဝယ်ထွက်နေတဲ့မိသားစုလေးလို ဟန်မဆောင်ပဲ ရိုက်ကူးမိခဲ့သည်။ တကယ်လဲ သရုပ်ဆောင်နေတယ်ဆိုတဲ့စိတ်မဝင်ပဲ ချစ်ခြင်းတို့ ဘာသာ လုပ်ချင်တဲ့အတိုင်းလုပ်ခဲ့ကြခြင်းဖြစ်သည်။
"ထိုင်းက ကြော်ငြာတွေလို ရုပ်ထွက်ကောင်းပီးရှင်းရှင်းလင်းလင်းရှိသားပဲ"
"ဟုတ်ကဲ့ ဘိုးဘိုးကြီး အဲ့ဒါရိုက်ပေးတဲ့
ဒါရိုက်တာက ထိုင်းက နာမည်ကြီး ဒါရိုက်တာပါ ။ အဆင်ပြေတယ်
်မို့ လား "
အမိန့် ဝင်ရောက် အကြံဥာဏ်တောင်းလိုက်၏။ ဘိုးဘိုးက အသက်သာကြီးတာ
အမိန့် တို့ စီးပွားရေးလောကမှာ ဘုရင်တဆူဖြစ်ခဲ့ဖူးတာမို့ ကောင်းမွန်တဲ့ အကြံဥာဏ်များစွာခုထိ ယူနေရတုန်းဖြစ်သည်။
"အသောနဲ့ အလွန်းလေး ရိုက်ပေးမှတော့
မပေါက်မှာ ပူနေသေးတာလား ။ ကြည့်ပါဦး ..ငါ့ကလေးတွေ။ အပြုံးလေးတွေကိုက
စစ်မှန်တဲ့ ခံစားချက်ကိုပေးစွမ်းနေတာပဲ ။
ငါကလေးတွေကို နောက်တခါ စိန်ဆိုင်ကြော်ငြာတွေမှာ ထည့်သုံးပေး ။
တစ်ခါလာလည်း မင်းသမီးတွေ၊ တခါလာလည်း မင်းသားတွေ ရိုးနေပီ ။ သေချာ ပြင်ဆင်ပေးပီး ကလေးဝတ်စိန်ထည်တွေကို ငါ့ကလေးတွေနဲ့ ရိုက်ကြည့်စမ်း။ "
ချစ်ခြင်းခေါင်းငြိမ့်ထောက်ခံလိုက်သည်။
သူလည်း စဉ်းစားမိသည်။
လူကြီးဝတ်တွေပဲရောင်းနေတာ။ ကလေးဝတ်ကလေးတွေကိုလည အသောနဲ့ အလွန်းအတွက် သေချာ Design ဆွဲပီး အမှတ်တရဖြစ်အောင် ကြော်ငြာမှာထည့်သွင်းရိုက်ကူးပေးဖို့ မကေသီကိုအကြံပေးရမယ် ။
"ဟုတ်ဘိုးဘိုးကြီး သား မကေသီနဲ့ ဆွေးနွေးလိုက်ပါမယ် ။ မဟုတ်လည်း
နှစ်ငါးဆယ်ပြည့် အမှတ်တရ တခုခုလုပ်ဖို့ အကြံဥာဏ်မရဖြစ်နေတာ။ ခုတော့အတော်ဖြစ်သွားတာပေါ့။ "
"အင်း ကိုမိန့် ကရော ခုShoppingmall
အခြေအနေ က ဘာတွေလိုအပ်သေးလဲ "
အမိန့် သောက်လက်စရေခွက်ကို စားပွဲပေါ်တင်လိုက်ပီးဘိုးဘိုးကြီးဖက် သေချာမျက်နှာ လှည့်ထိုင်လိုက်၏။
"ဟုတ်ဘိုးဘိုးကြီး နောက်လ တစ်ရက်နေ့ ဖွင့်ပွဲလုပ်မှာ အကုန်အဆင်ပြေပေမဲ့
တစ်ခုတော့ အဆင်မပြေဘူး။ TL Mallမှာ
အကုန်အပြည့်စုံ ပါပီးသား။ ဘိုးဘိုးလည်း သိပါတယ်။ သား တို့ အခုmallက ကမ္ဘာအဆင့်မှီ ဖွင့်ဖို့ သုံးနှစ်စီမံကိန်းတောင် ကြိုးစားခဲ့ရတာ ။ စာကြည့်တိုက် ၊ ကစားကွင်း ၊ရုပ်ရှင် ၊ ဆေးခန်း၊ စကိတ်ကွင်း၊ အရောင်းပြခန်း မရှိတာမရှိဘူး။ အကုန်ပြည့်စုံတယ်။ တစ်ခုပဲ ပန်းချီပြခန်းဖွင့်ဖို့ ပန်းချီ ဆရာတွေ အကုန်စုံနေပီ နာမည်ကြီး ပန်းချီဆရာတစ်ယောက်ကျန်နေသေးလို့ အဲ့ဒါလေးပဲ နည်းနည်းအခက်အခဲဖြစ်နေတာ "
" ဘယ်သူ လို နေတာလဲ ။ မင်းငါ့ကိုလည်း
ဘာမှမပြောဘူး "
ချစ်ခြင်းရဲ့ အလို မကျသံလေးကစကားဝိုင်းမှာ တိုးတိုးလေးထွက်လာ၏။
" တမင်မပြောတာမဟုတ်ပါဘူး အချစ်ရယ်။ ခုရက်ပိုင်း တခြားအလုပ်တွေနဲ့ မောင်မအားနေတာ သိရက်သားနဲ့ ။ ခုလည်း အဲ့ကိစ္စကို ကိုစစ်ကိုလွဲထားရတယ်။ "
ဦးမိုးကောင်းကတော့ ချစ်ခြင်းတို့ နှစ်ယောက်ကို တချက်ကြည့်ပီး အလိုက်တသိ
ပင် အသောနဲ့ အလွန်းကို ဆွဲခေါ်သွား၏။
"မသိဘူး မင်း ငါ့ကို အရင်လိုရော ချစ်သေးရဲ့လား။ မင်းအလုပ်တွေနဲ့ ပဲ အချိန်ကုန်နေတယ်။ ငါကို ... ငါ့ကို ... မင်းသာယာမူ့ မရှိတော့ဘူးမို့ လား ပြော ။ ငါ့ဖက်ကပဲ
အတင်း လိုက်ကပ်နေရတယ် ငါဘယ်လောက် ဝမ်းနည်းရတယ် မှတ်လဲ "
တဖြည်းဖြည်းတိုးတိမ်ဝင် သွားတဲ့ အသံတို့ နဲ့ မျက်ရည်စ တို့ က ပါးပြင်ပေါ်ကို ဖြတ်သန်းစီးစင်းသွားသည်။ ချစ်ခြင်း အပိုလုပ်နေတာမဟုတ်ဘူး ။ မောင်သာမချစ်တော့ရင် မောင်သာ သွေးအေးသွားရင်
ချစ်ခြင်းသေသွားမှာ။
"မဟုတ်ပါဘူး အချစ်ရယ် ဘာတွေဝမ်းနည်းနေရတာလဲ..ဟင် ...။ မောင်ကို ဘယ်လို စိတ်ကူးနဲ့ များ ထင်လိုက်ရတာလဲ ။ ဒီလောက်ချစ်နေတာကို အချစ်ရယ်... ။
မင်းကလွဲပီး တခြား မိန်းမ၊ ယောကျာ်း မောင့်စိတ်ကူးထဲမှာလုံးဝမရှိပါဘူး ...။
အခုမဟုတ်ဘူးနောက်လည်း တသက်လုံးရှိမှာမဟုတ်ဘူး။ ဒါ မောင့် ပေးတဲ့ မင်းအတွက် တသက်စာ ဂတိနဲ့ မေတ္တာတွေပါ ။ မင်းတစ်ယောက်ထဲပဲ မောင့်ကိုပိုင်တာ။ မင်းတစ်ယောက်ထဲ သာ မောင့်ရဲ့ အရှင်သခင်။ မောင် ခုတလော အလုပ်တွေများနေတာ အမှန်ပါ။ ဒီတလပါပဲ အချစ်ရယ်..နော် ။ ဒါကလည်း မင်းတို့ မိသားစု ကို
တစ်ယောက်မှ လက်ညိုး ထိုးလို့ မရအောင် အမြင့်ဆုံးမှာထားချင်တဲ့ မောင့်ရဲ့ ခင်ပွန်းတစ်ယောက်ရဲ့ အိမ်မက် ၊ဖခင်တစ်ယောက်ရဲ့ အိမ်မက်မို့ ပါ။ နော် တိတ်ပါတော့ "
ကြင်ကြင်နာနာ ပုခုံးလေးကို ဖက်ပီး ရင်ခွင်ထဲ ဆွဲထည့်ကာ အမိန့် စကားတွေအများကြီးရှင်းပြ မိသည်။ ချစ်ခြင်း ကို နည်းနည်းလေးမှ စိတ်မဆင်းရဲစေချင်တာ အမိန့်
အတ္တပဲမို့ ။
"ပြီးရော ...ဟင့် ... ဒါဆို စောစောက လိုတဲ့သူကဘယ်သူလဲပြော ငါ သိသမျှရအောင်ရှာပေးမှာပေါ့"
စိတ်ကောက်ပြေသွားတဲ့ ပန်းနုရောင်
ငှက်ဖေဖေကို အမိန့် တင်းတင်းကြပ်ကြပ်
ထွေးပွေ့ ပီး အလျှင်အမြန် ပြောပြလိုက်သည်။
" အချစ်သိတော့သိမှာပါ ဒါပေမဲ့ သူ့ ပန်းချီတွေ မတွေ့ တော့တာသုံးနှစ်ကျော်ပီ ။ နာမည်ကြီး ကာတွန်းပန်းချီဆရာ Joyဆိုတာလေ သိတယ် မို့ လား။သူပန်းချီတွေက လက်ရာ မြောက်လို့ နိုင်ငံခြားထိပေါက်တယ်။ ဒေါ်လာနဲ့ ဈေးကြီးပေးပီး အလုအယက်ဝယ်ရတယ်တာတောင် တနှစ်မှ တစ်ပုံပဲထွက်လို့ ရှားတယ် ။ အဆက်အသွယ်လည်း မရှိသလို လူလဲတွေ့ ဘူးသူတောင်ရှားတယ်တဲ့ "
တွေးတွေးဆဆပြောနေတဲ့ အမိန့် အသံကြောင့် ချစ်ခြင်းရင်ဘက်ကလေးကိုငုံ့ နမ်းကာ ပြုံးလိုက်၏။
" သူ့ ကို မောင်လို အပ်နေတာဆိုရင် ရစေရမယ်။ မောင်လို ချင်တာနောက်ဆိုငါ့ကိုပြော ငါ ဖြစ်အောင်ဖန်တီးပေးမှာမို့ လို့ "
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz