ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

37

eainsi23


လမွ နွစ္ကိုစားလာေသာအခါမွာ ခ်စ္ျခင္းတို ႔မိသားစု၏ ေရႊဆည္းလည္းေလးေတြသည္ သာယာေသာအသံေလးမ်ားျဖင့္ တီတာတာ ေျပာနိုင္တဲ့ အ႐ြယ္ကိုပဲေရာက္ရွိလာခဲ့ေခ်သည္။ မ်ားျပားလွေသာ လုပ္ငန္းမ်ားနွင့္ အမိန္ ႔သည္လည္း သားသမီးေဇာေတြေၾကာင့္ ေန႔မအား၊ညမအား အလုပ္ကို ေဇာက္ခ်လုပ္ေနရ၏။

တျဖည္းျဖည္း စီးပြားေရး အသိုင္းအဝိုင္းၾကားမွာ နာမည္ေကာင္းမ်ားနွင့္ အမိန္ ႔သည္ ေက်ာ္ၾကားလာခဲ့ပါသည္။

သို႔ေပမဲ့ ကေလးနွစ္ေယာက္ ဖခင္ အမိန္ ႔အာဏာ ၏ သစၥာတရားသည္
ခ်စ္ျခင္းတို ႔မိသားစုအေပၚ အနည္းငယ္မ်ွေတာင္ မေလ်ာ့ပါးေစပါ။ အေသာက္အစား၊ ေလာင္းကစားနွင့္ မိန္းမေပြ ရႈပ္မူ ႔သည္
မိုးေကာင္း အုပ္စု၏ အရွင္သခင္ အမိန္ ႔အာဏာနွင့္လားလားမွ မသက္ဆိုင္ေပ။

ႀကီးမားလွေသာ အလုပ္စားပြဲမွာ အမိန္ ႔တစ္ေယာက္ ေခါင္းစိုက္ကာ အလုပ္ပံုထဲ နွစ္ေျမာလို ႔ေန၏။ စားပြဲေပၚမွာလည္း ဖိုင္ အထပ္လိုက္သည္ မညီမညာ တင္ထားသလို တေဒါက္ေဒါက္နွိပ္ေနေတာ့ လက္ေခ်ာင္းမ်ားသည္ ကြန္ျပဴတာခလုတ္မ်ားကို ကြၽမ္းက်င္စြာ ရုိက္နွိပ္ေန၏။

ဒီေန ႔ေတာ့ အိမ္ကိုေစာေစာ ျပန္နိုင္ေကာင္းပါရဲ႕ ...

အိမ္လို ႔ေတြးမိရုံနဲ ့တင္ လက္ေခ်ာင္းေတြသည္ နွစ္ဆျမန္လာေလသည္။
ေမ်ွာ္လင့္ခ်က္မ်ားစြာျဖင့္ ရုံးတက္ေနေသာ
အိမ္ေထာင္ဦးတစ္ေယာက္၏ ခံစားခ်က္သည္ မည္မ်ွအဓိပၸါယ္ရွိလိုက္ေလသလဲ။

ထိုအခ်ိန္မွာပဲ CEOရုံးခန္း၏ ဝါညိဳေရာင္ က်ြန္းတံခါးႀကီးေရွ ့မွာ အမ်ိဳးသား တစ္ေယာက္နွင့္ ကေလးနွစ္ေယာက္က မတ္တပ္ရပ္လ်က္ရွိသည္။

ခုတေလာ အိမ္ျပန္ခ်ိန္မမွန္ေအာင္ထိ အမိန္ ႔အလုပ္ေတြမ်ားေနတဲ့ အမ်ိဳးသားကို ကေလးနွစ္ေယာက္လက္ဆြဲကာ လာေရာက္အမိဖမ္းျခင္းသာ။

အနည္းငယ္ တည္တင္းေနေသာ မ်က္နွာလွလွသည္ အလိုမက်မူ ႔မ်ားစြာ ရွိေန၏။
အေၾကာင္းမွာ နွစ္ရက္ေက်ာ္သည္ထိ အလုပ္ပိေနေသာ အမ်ိဳးသားသည္ အိမ္ျပန္ခ်ိန္မမွန္သလို မ်က္နွာေလးေတြ ႕ဆံုဖို ႔ပင္ ခုရက္ပိုင္းခက္ခဲေနလို ႔ပင္ျဖစ္သည္။

အိမ္ေထာင္သက္ သံုးနွစ္ေက်ာ္ေနျပီ မရုိးႀကေသးဘူးလားလို ့လာမေမးနဲ ့။ အမိန္ ့အာဏာ ကို မွ သဲသဲလွုပ္မခ်စ္ရရင္ ခ်စ္ျခင္းျပည့္စံု ရူးသြားမွျဖစ္လိမ့္မည္။

"ေဖေဖ မဝင္ေသးဘူးလား "

ဆြဲကိုင္ထားတဲ့ လက္ဖ်ားေလးကို လွဳပ္ခတ္ပီးမ်က္နွာေလးေမာ့ကာ ေမးလာသူက ခ်စ္ေသာ ။

စပို ့ရွပ္ အျဖဴ ေရာင္ေပၚမွာ ႀကိဳးသိုင္းေဘာင္းဘီနီနီရဲရဲေလးထပ္ဝတ္ေပးထားတဲ့ ခ်စ္ေသာက ဂုတ္ေပၚဝဲဝဲ ဆံပင္လိမ္ေကာက္ကေလးနဲ ့ သိပ္ခ်စ္စရာေကာင္းလွသည္။ ခ်စ္ျခင္းနဲ ့တူ ေပ မဲ့ အမိန္ ့ေသြးသား
ေပါင္းထားသူလို ့မေျပာရေပ မ်က္ေတာင္ဖ်ားေတြက ေကာ့ညြတ္ထူပိတ္လ်က္ရွိကာ အရုပ္ကေလးလိုပင္ ။ ထိုမ်ွမကေသး
ခ်စ္ေသာ၏ ပါးနွစ္ဖက္သည္ ပါးနီ တင္ထားသည့္အတိုင္း အၿမဲ ရဲေနတက္ေသး၏။

"အင္း... ဝင္မွာေပါ့။ ဒါေပမဲ့... ဒယ္ဒီ ကိုစိတ္ရွုပ္ေအာင္မလုပ္ရဘူးေနာ္ ။ ဒယ္ဒီ အလုပ္ေတြ အရမ္းမ်ားေနလို ႔အိမ္ေတာင္ျပန္မလာရရွာဘူး။ ခုေလာက္ဆို အရမ္းပင္ပန္းေနေလာက္ၿပီ။ ဒါကို ငွက္နီေလးေတြကပဲ နားလည္ေပးလိုက္ပါေနာ္ "

နားခံပီးလိမ္မာလြန္းတဲ့ ခ်စ္ေသာနဲ ့ခ်စ္လြန္းက ခ်စ္စဖြယ္ေခါင္းညိမ့္ျပသည္။ ခ်စ္လြန္းကမိန္းကေလးျဖစ္ေပမဲ့ ခ်စ္ေသာထပ္
ပိုပီးဥာဏ္ေကာင္းကာ အမိန္ နဲ ့ပိုတူ၏။

အျဖဴေရာင္ တီရွပ္ ေလးကို အနီေရာင္ ဂ်င္း
စကပ္ႀကိဳးသိုင္းေလးဝတ္ေပးထားတဲ့ ခ်စ္လြန္းက ခ်စ္ေသာနဲ ့မတူပဲ နက္ေစြးေနတဲ့ ဆံပင္ေျဖာင့္ေျဖာင့္ ရွည္ရွည္ေလးေတြနဲ ့ျဖစ္သည္။ အသားေရကစ အမိန္ ့သမီးမွန္းသိသာေအာင္ အမိန္ ့လို ဝါဝါဝင္းဝင္းေလးျဖစ္ကာ ေျခဆံ လက္ဆံ ရွည္ရွည္ေလးေတြနဲ ့မိန္းမေခ်ာေလးျဖစ္၏။

မွာစရာရွိတာမွာပီး ခ်စ္ျခင္း တံခါးေခါက္လိုက္၏။

"ေဒါက္ ေဒါက္ "

"ဝင္ခဲ့ "

ခပ္တိုးတိုး ခြင့္ျပဳသံေႀကာင့္ ခ်စ္ျခင္း
တံခါးကို တြန္းဖြင့္ ဝင္လိုက္၏။
ေတြ ့ခ်င္ေနသူသည္ ခန္းနားႀကီးက်ယ္လွတဲ့ ရုံးခန္းႀကီးအလယ္မွာ ျငိမ္သက္စြာ အလုပ္လုပ္ေန၏။

တေဖ်ာက္ေဖ်ာက္ ရုိက္ နွိပ္ေနတဲ့ လက္ေခ်ာင္း ရွည္တို ့ရဲ ့ေယာက်ာ္းဆန္မူ ့ကို
ပိုပီျပင္ေအာင္ေခါင္းစြပ္ ဆြယ္တာအနက္ေရာင္ကို တံေထာင္ဆစ္ထိ ဆြဲတင္ထား၏။
နွာတံေပၚအနည္းငယ္ေလ်ာက်စ ျပဳေန တဲ့
မ်က္မွန္ ကို လက္ညိဳးေလးေကြးပီး ပင့္တင္လိုက္တဲ့ ေမာင္က ခ်စ္ျခင္းတို ့ေရာက္ေနတာကို သတိထားမိပံုမေပၚပဲအလုပ္ပံုထဲေခါင္းနွစ္ေန၏။

နွစ္ဆယ့္ေျခာက္နွစ္အရြယ္ေယာက်ာ္းတစ္ေယာက္ရဲ့ တင့္တယ္ျခင္းကိုေငးေမာမိေနစဥ္မွာပဲ......

" TL Mall အေျခအေန ဘယ္လို ရွိလဲ... ကိုစစ္။ လကုန္ေတာ့မွာေနာ္ အနီးကပ္မွ အမွားအယြင္းမရွိေစနဲ ့။ ေအာ္...ဒါနဲ ့အလြန္းနဲ ့အေသာေႀကာ္ျငာဘယ္ေန ့လႊင့္မွာလဲ "

ခုထိေခါင္းေမာ့မလာပဲ စကားမ်ားေနတဲ့
ေယာက်ာ္းလုပ္သူကို ခ်စ္ျခင္း လက္ပိုက္ႀကည့္ကာ ......

" ဒီည လႊင့္မွာ "

"ဟင္ ! "

အသံႀကားေတာ့ ခ်က္ျခင္းေခါင္းေမာ့ႀကည့္လာ၏။

"အခ်စ္ဘယ္လိုေရာက္လာတာလဲ "

မ်က္မွန္ကိုဆြဲခ်ြတ္ပီး စားပြဲေပၚကိုပစ္တင္ကာ မတ္တပ္ထရပ္လိုက္၏။
မ်က္စိတမွိတ္အတြင္း ေျခလွမ္းသံုးလွမ္းစာအကြာအေဝးကေန ခ်က္ျခင္းအနားေရာက္လာတဲ့ အမိန္ ့ကဘယ္ေလာက္ဝမ္းသာသြားလည္း ဆိုတာေျပာစရာမလိုေလာက္ေအာင္ နွုတ္ခမ္းသားတို ့တြန္ ့ေကြးေနတဲ့အျပင္
မ်က္ဝန္းတို ့ကလည္း တဖ်တ္ဖ်တ္လက္ေန၏။
အဲ့သေလာက္ေတာင္ လြမ္းေနတယ္ေပါ့ ။

"မင္းကို ေတြ ့ခ်င္လို ့လာတာေလ ။ ဘာလဲငါ့ေယာက်ာ္းအလုပ္ကို ငါကမလာရဘူးလား"

"မဟုတ္ပါဘူးအခ်စ္ရယ္။ ေမာင္က ခုရက္ပိုင္း အလုပ္သာလုပ္ေနရတာ စိတ္က အိမ္ကိုပဲျပန္ခ်င္ေနတာ။ မင္းနဲ ့ေကာင္းေကာင္းစကားမေျပာရတာေတာင္ဘယ္နွစ္ရက္ေတာင္ရွိပီလဲ။ "

"ေတာ္စမ္းပါ ။ မရွင္းျပနဲ ့..မသိခ်င္ဘူး။ ညဆို အိပ္ခ်ိန္မွ ျပန္လာ...
မနက္ဆို ငါမနွုိးေသးခင္ ထသြားတဲ့ေဘာလိုေကာင္ကို... ငါ ေက်နပ္ေနတယ္မ်ားမွတ္ေနသလား "

"ဟားဟား... အခ်စ္ရာ ...မေက်နပ္တာေတြကို သံုးရက္စာမ်ားစုထားသလားပဲ ...လာပါအုန္းေမာင့္ဆီကို "

လက္ဖ်ားေလးကို လွမ္းဆြဲေတာ့ ခ်က္ျခင္းရုန္းထြက္သြားတဲ့ ခ်စ္ျခင္းေႀကာင့္ အမိန္ ့
မ်က္ေတာင္ဖ်ားေတြ ပင့္ေမာ့ႀကည့္မိ၏။

လွဳပ္လီလွဳပ္လဲ့ ျဖစ္သြားတဲ့ မ်က္ဝန္းတို ့နဲ ့
ခ်စ္ျခင္း က အနီေရာင္ စေတာ္ဘယ္ရီသီးလို နွုတ္ခမ္းတို ့ကို အသံတိတ္ဖြင့္ဟ ျပသည္။
နွုတ္ခမ္းေလးလွုပ္သြားတဲ့ အလွတရားကိုပဲျမင္လိုက္တဲ့ အမိန္ ့က အဓိပၸါယ္ ဘာဆိုတာကိုမလိုက္မိ။

"ဘာေျပာတာလဲ "

" မင္းငွက္ဥေတြ ငါ့ေနာက္မွာပုန္းေနတယ္လို ႔ေျပာတာ ငပိန္းရဲ့ "

" ငွက္ကေလး ေရာ ပါခဲ့တာလား "

ခ်စ္ျခင္းကို ေက်ာ္ကာၾကည့္မိေတာ့
အနက္ေရာင္ရွပ္ ဝတ္ထားတဲ့ ခ်စ္ျခင္းရဲ့ အက်ၤ ီစကို ဆြဲကိုင္ကာ ပုန္းေနတဲ့ အမိန္ ့ရဲ့ငွက္ျဖဴ ဝတုတ္ေလးနွစ္ေကာင္ေႀကာင့္
ညစ္ညဴးေနတဲ့ စိတ္အစံုသည္ႀကည္လင္ေအးျမသြား၏။

" ဟာ ...ဒယ္ဒီ့ အသည္းတုတ္ေလးနွစ္ေကာင္ေရာ ပါလာတာလား ။ လာပါဦးဒယ္ဒီဆီ.. လြမ္းေနရတာ ။ ငွက္ဥေလးေတြနဲ ့စကားမေျပာရတာေတာင္ သံုးရက္ရွိေနပီေနာ္"

ေျပာရင္း ဥနီေလးနွစ္ဥေဘး ဒူးတစ္ဖက္ေထာက္ ထိုင္လိုက္ေတာ့ အျပိဳင္အဆိုင္လည္ပင္းကို သိုင္းဖက္လာ၏။

"ဒယ္ဒီ ခ်စ္ "

"ဒယ္ဒီ မီးမီး လည္းခ်စ္ "

ပါးနွစ္ဖက္မွာ ကပ္လာတဲ့ နွုတ္ခမ္းေသးေသးေလးေတြက အမိန္ ့ရင္ကို ႀကည္နူးျခင္းလွဳိက္တက္လာေစ၏။ ျပံဳးရိပ္သန္းတဲ့
နွုတ္ခမ္းတို ့နဲ ့အတူ ျဖဴျဖဴတုတ္တုတ္ဥနီေပါက္ေလးနွစ္ေကာင္ကို သိမ္းႀကံဳးေပြ ့ဖက္လိုက္၏။

"ဒယ္ဒီကလည္း အေသာနဲ ့အလြန္းေလးကိုခ်စ္ပါ့ဗ်ာ။ ကဲ...လာပါဦး ။ ငွက္ဥေလးေတြ အလြမ္းေျဖရင္း အားဘြားလည္း
ေပးပါ့ရေစဦး "

ပါးေဖာင္ေဖာင္းေလးေတြ ထိုးေပးလာတဲ့
အေသာနဲ ့အလြန္းေႀကာင့္ အမိန္ ့ျမတ္နိုးစြာ နွာေခါင္းဖ်ားတို ့နစ္ဝင္သြားေအာင္ထိနမ္းရွဳိက္လိုက္သည္။

" မြ ! ဒါက အလြန္းေလးအတြက္"

"မြ! ဒါေလးက အေသာ ေလးအတြက္ "

"ခ္ ခ္ ဒယ္ဒီ ့ကို ခ်စ္ "

"ဟား ဟားး အသည္းေလးေတြက ဒယ္ဒီ့ကိုလြမ္းေနႀကတာလား ...ႀကည့္ပါအုန္း ကြာ အခ်ြဲတုန္းေလးေတြ "

လည္ပင္းႀကား သေဘာတက် ရယ္ေမာပီးတိုးဝင္လာတဲ့ငွက္ေပါက္ေလးေတြက
ဘယ္ေလာက္မ်ား အမိန္ ့ကို လြမ္းေနသလဲဆိုတာေျပာစရာပင္မလိုေပ။ အရင္လို ေသးေသးေကြးေကြးမဟုတ္ေတာ့ ငွက္ဝတုတ္ေပါက္ေလးနွစ္ေကာင္ကို ျပိဳင္တူမ ပီး ဆိုဖာေပၚေျပာင္းထိုင္လိုက္၏။

သေဘာတက်ရယ္ေမာေပ်ာ္ရႊင္ေနက်တဲ့
သားဖသံုးေယာက္ကို ႀကည့္ပီး ခ်စ္ျခင္း နွုတ္ခမ္းစူ လာ၏။

ခ်စ္လွပါတယ္ဟဲ့ဆိုတဲ့ေယာက်ာ္းလုပ္သူသည္ ခုေတာ့ သူ ့သားသမီးေတြ နဲ ့ျပံဳးေပ်ာ္ပီး ခ်စ္ျခင္းကိုေမ ့ေနသည္။
ဒါေႀကာင့္ေရွးလူႀကီးေတြ ေျပာႀကတာ
အိမ္ေထာင္သက္ႀကာလာရင္ ေယာက်ာ္းေတြေျပာင္းလဲလာတယ္ဆိုတာ ခုေတာ့အမွန္ျဖစ္ေနသည္။

အေတြးတို ့နဲ ့အတူ ေျခလွမ္းတို ့က ျပံဳးေပ်ာ္ ေနသူ တသိုက္ထံသို ့လွ်င္ျမန္စြာ ေရြ ့လ်ားကုန္၏။ ပထမဆံုး အမိန္ ့ညာဖက္ေပါင္ေပၚ တင္ထားတဲ့ ခ်စ္ေသာကို အရင္
မခ်ီကာ တဖက္ မ်က္နွာျခင္းဆိုင္ ဆိုဖာေပၚေျပာင္းတင္လိုက္သည္။

ထို႔ေနာက္ အမိန္ ့ဘယ္ဖက္ေပါင္ေပၚကခ်စ္လြန္း ကိုပါ ေပြ ႕ခ်ီၿပီး ခ်စ္ေသာေဘးနားထပ္ေျပာင္းေပးလိုက္သည္။

အမိန္ ့ကေတာ့ ခ်စ္ျခင္းလုပ္သမ်ွ ျပဴးျပဴးေလးလိုက္ႀကည့္ေန၏။

အမိန္ ႔ေဘးနား ဘယ္သူမွမရွိေတာ့ၿပီဆိုမွ ခ်စ္ျခင္း ျပံဳးပီး အမိန္ ႔ လက္ေမာင္းေလးကိုဆြဲဖက္ရင္းကပ္ထိုင္ကာေျပာ၏။

"ငါလည္း မင္းကို လြမ္းေနတာ "

"အင္း ေမာင္ေရာ အခ်စ္ကို လြမ္းတယ္"

လက္ေမာင္းကိုဆြဲဖက္ ပီး ပါးေလးနဲ ့ပြတ္ခ်ြဲေနတဲ့ အခ်စ္ေႀကာင့္ အမိန္ ့ အသည္းေတြယားလား၏။ သူတို ့ကေလးေတြေမြးပီးကတည္းက ကေလးထိန္းေနရ ၊အလုပ္ မ်ားေနရတာနဲ ့ခုလိုပြတ္သီးကပ္သီ မRo ရတာေတာင္ႀကာေနပီမို ့ လား။

"သြားပါ ...ခုမွ လာမလြမ္းနဲ ့ မင္းအေစာက ငါ့ကို ပစ္ထားပီး မင္းငွက္ဥေတြနဲ ့ျပံဳးရယ္ေနပီးေတာ့ "

" ပစ္ထားတာမဟုတ္ပါဘူးကြာ ... တခါတေလ ပါလာလို ့ေမာင္က ေပ်ာ္သြားတာပါ ...
အခ်စ္ဘာလို ့ ေခၚလာေသးလဲ။ အလကားအလုပ္ရွဳတ္ေအာင္ အိမ္မွာဘိုးဘိုးနဲ ့ထားခဲ့တာေတာ့မဟုတ္ပဲ "

အမိန္ ့က နွုတ္ခမ္းစူပီး စိတ္ေကာက္ေနတဲ့ ခ်စ္ျခင္းကို နု ညံ့ ညင္စြာနဖူးေလးကိုနမ္းပီးေခ်ာ့လိုက္သည္။ ထိုအခါမွျပံဳးရယ္လာသူက ေက်နပ္သြားေႀကာင္းသိသာစြာ
စကားေတြ ခ်ိဳ ခ်ိဳသာသာ ျပန္ေျပာလာ၏။
ခ်စ္ႀကည္နူး တစ္ေတတူးေနႀကတဲ့ နွစ္ေယာက္ကေတာ့ပတ္ဝန္းက်င္ကိုေမ့ေလ်ာ့ေနစြာ။

မ်က္နွာျခင္းဆိုင္ခံုေပၚတြင္ အလကားအလွဳပ္ရွုတ္ေအာင္ေခၚလာတဲ့ ခ်စ္ေသာနဲ ့ခ်စ္လြန္းေလး က သူ ့အေဖနွစ္ေယာက္ ကို
ျငိမ္ျငိမ္ေလးထိုင္ႀကည့္ေန၏။

ခ်စ္တဲ့အိမ္စည္။

အပိုင်း၃၇

လမှ နှစ်ကိုစားလာသောအခါမှာ ချစ်ခြင်းတို့ မိသားစု၏ ရွှေဆည်းလည်းလေးတွေသည် သာယာသောအသံလေးများဖြင့် တီတာတာ ပြောနိုင်တဲ့ အရွယ်ကိုပဲရောက်ရှိလာခဲ့ချေသည်။ များပြားလှသော လုပ်ငန်းများနှင့် အမိန့် သည်လည်း သားသမီးဇောတွေကြောင့် နေ့မအား၊ညမအား အလုပ်ကို ဇောက်ချလုပ်နေရ၏။

တဖြည်းဖြည်း စီးပွားရေး အသိုင်းအဝိုင်းကြားမှာ နာမည်ကောင်းများနှင့် အမိန့် သည် ကျော်ကြားလာခဲ့ပါသည်။

သို့ပေမဲ့ ကလေးနှစ်ယောက် ဖခင် အမိန့် အာဏာ ၏ သစ္စာတရားသည်
ချစ်ခြင်းတို့ မိသားစုအပေါ် အနည်းငယ်မျှတောင် မလျော့ပါးစေပါ။ အသောက်အစား၊ လောင်းကစားနှင့် မိန်းမပွေ ရှုပ်မူ့ သည်
မိုးကောင်း အုပ်စု၏ အရှင်သခင် အမိန့် အာဏာနှင့်လားလားမှ မသက်ဆိုင်ပေ။

ကြီးမားလှသော အလုပ်စားပွဲမှာ အမိန့် တစ်ယောက် ခေါင်းစိုက်ကာ အလုပ်ပုံထဲ နှစ်မြောလို့ နေ၏။ စားပွဲပေါ်မှာလည်း ဖိုင် အထပ်လိုက်သည် မညီမညာ တင်ထားသလို တဒေါက်ဒေါက်နှိပ်နေတော့ လက်ချောင်းများသည် ကွန်ပြူတာခလုတ်များကို ကျွမ်းကျင်စွာ ရိုက်နှိပ်နေ၏။

ဒီနေ့ တော့ အိမ်ကိုစောစော ပြန်နိုင်ကောင်းပါရဲ့ ...

အိမ်လို့ တွေးမိရုံနဲ့ တင် လက်ချောင်းတွေသည် နှစ်ဆမြန်လာလေသည်။
မျှော်လင့်ချက်များစွာဖြင့် ရုံးတက်နေသော
အိမ်ထောင်ဦးတစ်ယောက်၏ ခံစားချက်သည် မည်မျှအဓိပ္ပါယ်ရှိလိုက်လေသလဲ။

ထိုအချိန်မှာပဲ CEOရုံးခန်း၏ ဝါညိုရောင် ကျွန်းတံခါးကြီးရှေ့ မှာ အမျိုးသား တစ်ယောက်နှင့် ကလေးနှစ်ယောက်က မတ်တပ်ရပ်လျက်ရှိသည်။

ခုတလော အိမ်ပြန်ချိန်မမှန်အောင်ထိ အမိန့် အလုပ်တွေများနေတဲ့ အမျိုးသားကို ကလေးနှစ်ယောက်လက်ဆွဲကာ လာရောက်အမိဖမ်းခြင်းသာ။

အနည်းငယ် တည်တင်းနေသော မျက်နှာလှလှသည် အလိုမကျမူ့ များစွာ ရှိနေ၏။
အကြောင်းမှာ နှစ်ရက်ကျော်သည်ထိ အလုပ်ပိနေသော အမျိုးသားသည် အိမ်ပြန်ချိန်မမှန်သလို မျက်နှာလေးတွေ့ ဆုံဖို့ ပင် ခုရက်ပိုင်းခက်ခဲနေလို့ ပင်ဖြစ်သည်။

အိမ်ထောင်သက် သုံးနှစ်ကျော်နေပြီ မရိုးကြသေးဘူးလားလို့ လာမမေးနဲ့ ။ အမိန့် အာဏာ ကို မှ သဲသဲလှုပ်မချစ်ရရင် ချစ်ခြင်းပြည့်စုံ ရူးသွားမှဖြစ်လိမ့်မည်။

"ဖေဖေ မဝင်သေးဘူးလား "

ဆွဲကိုင်ထားတဲ့ လက်ဖျားလေးကို လှုပ်ခတ်ပီးမျက်နှာလေးမော့ကာ မေးလာသူက ချစ်သော ။

စပို့ ရှပ် အဖြူ ရောင်ပေါ်မှာ ကြိုးသိုင်းဘောင်းဘီနီနီရဲရဲလေးထပ်ဝတ်ပေးထားတဲ့ ချစ်သောက ဂုတ်ပေါ်ဝဲဝဲ ဆံပင်လိမ်ကောက်ကလေးနဲ့ သိပ်ချစ်စရာကောင်းလှသည်။ ချစ်ခြင်းနဲ့ တူ ပေ မဲ့ အမိန့် သွေးသား
ပေါင်းထားသူလို့ မပြောရပေ မျက်တောင်ဖျားတွေက ကော့ညွတ်ထူပိတ်လျက်ရှိကာ အရုပ်ကလေးလိုပင် ။ ထိုမျှမကသေး
ချစ်သော၏ ပါးနှစ်ဖက်သည် ပါးနီ တင်ထားသည့်အတိုင်း အမြဲ ရဲနေတက်သေး၏။

"အင်း... ဝင်မှာပေါ့။ ဒါပေမဲ့... ဒယ်ဒီ ကိုစိတ်ရှုပ်အောင်မလုပ်ရဘူးနော် ။ ဒယ်ဒီ အလုပ်တွေ အရမ်းများနေလို့ အိမ်တောင်ပြန်မလာရရှာဘူး။ ခုလောက်ဆို အရမ်းပင်ပန်းနေလောက်ပြီ။ ဒါကို ငှက်နီလေးတွေကပဲ နားလည်ပေးလိုက်ပါနော် "

နားခံပီးလိမ်မာလွန်းတဲ့ ချစ်သောနဲ့ ချစ်လွန်းက ချစ်စဖွယ်ခေါင်းညိမ့်ပြသည်။ ချစ်လွန်းကမိန်းကလေးဖြစ်ပေမဲ့ ချစ်သောထပ်
ပိုပီးဥာဏ်ကောင်းကာ အမိန် နဲ့ ပိုတူ၏။

အဖြူရောင် တီရှပ် လေးကို အနီရောင် ဂျင်း
စကပ်ကြိုးသိုင်းလေးဝတ်ပေးထားတဲ့ ချစ်လွန်းက ချစ်သောနဲ့ မတူပဲ နက်စွေးနေတဲ့ ဆံပင်ဖြောင့်ဖြောင့် ရှည်ရှည်လေးတွေနဲ့ ဖြစ်သည်။ အသားရေကစ အမိန့် သမီးမှန်းသိသာအောင် အမိန့် လို ဝါဝါဝင်းဝင်းလေးဖြစ်ကာ ခြေဆံ လက်ဆံ ရှည်ရှည်လေးတွေနဲ့ မိန်းမချောလေးဖြစ်၏။

မှာစရာရှိတာမှာပီး ချစ်ခြင်း တံခါးခေါက်လိုက်၏။

"ဒေါက် ဒေါက် "

"ဝင်ခဲ့ "

ခပ်တိုးတိုး ခွင့်ပြုသံကြောင့် ချစ်ခြင်း
တံခါးကို တွန်းဖွင့် ဝင်လိုက်၏။
တွေ့ ချင်နေသူသည် ခန်းနားကြီးကျယ်လှတဲ့ ရုံးခန်းကြီးအလယ်မှာ ငြိမ်သက်စွာ အလုပ်လုပ်နေ၏။

တဖျောက်ဖျောက် ရိုက် နှိပ်နေတဲ့ လက်ချောင်း ရှည်တို့ ရဲ့ ယောကျာ်းဆန်မူ့ ကို
ပိုပီပြင်အောင်ခေါင်းစွပ် ဆွယ်တာအနက်ရောင်ကို တံထောင်ဆစ်ထိ ဆွဲတင်ထား၏။
နှာတံပေါ်အနည်းငယ်လျောကျစ ပြုနေ တဲ့
မျက်မှန် ကို လက်ညိုးလေးကွေးပီး ပင့်တင်လိုက်တဲ့ မောင်က ချစ်ခြင်းတို့ ရောက်နေတာကို သတိထားမိပုံမပေါ်ပဲအလုပ်ပုံထဲခေါင်းနှစ်နေ၏။

နှစ်ဆယ့်ခြောက်နှစ်အရွယ်ယောကျာ်းတစ်ယောက်ရဲ့ တင့်တယ်ခြင်းကိုငေးမောမိနေစဉ်မှာပဲ......

" TL Mall အခြေအနေ ဘယ်လို ရှိလဲ... ကိုစစ်။ လကုန်တော့မှာနော် အနီးကပ်မှ အမှားအယွင်းမရှိစေနဲ့ ။ အော်...ဒါနဲ့ အလွန်းနဲ့ အသောကြော်ငြာဘယ်နေ့ လွှင့်မှာလဲ "

ခုထိခေါင်းမော့မလာပဲ စကားများနေတဲ့
ယောကျာ်းလုပ်သူကို ချစ်ခြင်း လက်ပိုက်ကြည့်ကာ ......

" ဒီည လွှင့်မှာ "

"ဟင် ! "

အသံကြားတော့ ချက်ခြင်းခေါင်းမော့ကြည့်လာ၏။

"အချစ်ဘယ်လိုရောက်လာတာလဲ "

မျက်မှန်ကိုဆွဲချွတ်ပီး စားပွဲပေါ်ကိုပစ်တင်ကာ မတ်တပ်ထရပ်လိုက်၏။
မျက်စိတမှိတ်အတွင်း ခြေလှမ်းသုံးလှမ်းစာအကွာအဝေးကနေ ချက်ခြင်းအနားရောက်လာတဲ့ အမိန့် ကဘယ်လောက်ဝမ်းသာသွားလည်း ဆိုတာပြောစရာမလိုလောက်အောင် နှုတ်ခမ်းသားတို့ တွန့် ကွေးနေတဲ့အပြင်
မျက်ဝန်းတို့ ကလည်း တဖျတ်ဖျတ်လက်နေ၏။
အဲ့သလောက်တောင် လွမ်းနေတယ်ပေါ့ ။

"မင်းကို တွေ့ ချင်လို့ လာတာလေ ။ ဘာလဲငါ့ယောကျာ်းအလုပ်ကို ငါကမလာရဘူးလား"

"မဟုတ်ပါဘူးအချစ်ရယ်။ မောင်က ခုရက်ပိုင်း အလုပ်သာလုပ်နေရတာ စိတ်က အိမ်ကိုပဲပြန်ချင်နေတာ။ မင်းနဲ့ ကောင်းကောင်းစကားမပြောရတာတောင်ဘယ်နှစ်ရက်တောင်ရှိပီလဲ။ "

"တော်စမ်းပါ ။ မရှင်းပြနဲ့ ..မသိချင်ဘူး။ ညဆို အိပ်ချိန်မှ ပြန်လာ...
မနက်ဆို ငါမနှိုးသေးခင် ထသွားတဲ့ဘောလိုကောင်ကို... ငါ ကျေနပ်နေတယ်များမှတ်နေသလား "

"ဟားဟား... အချစ်ရာ ...မကျေနပ်တာတွေကို သုံးရက်စာများစုထားသလားပဲ ...လာပါအုန်းမောင့်ဆီကို "

လက်ဖျားလေးကို လှမ်းဆွဲတော့ ချက်ခြင်းရုန်းထွက်သွားတဲ့ ချစ်ခြင်းကြောင့် အမိန့်
မျက်တောင်ဖျားတွေ ပင့်မော့ကြည့်မိ၏။

လှုပ်လီလှုပ်လဲ့ ဖြစ်သွားတဲ့ မျက်ဝန်းတို့ နဲ့
ချစ်ခြင်း က အနီရောင် စတော်ဘယ်ရီသီးလို နှုတ်ခမ်းတို့ ကို အသံတိတ်ဖွင့်ဟ ပြသည်။
နှုတ်ခမ်းလေးလှုပ်သွားတဲ့ အလှတရားကိုပဲမြင်လိုက်တဲ့ အမိန့် က အဓိပ္ပါယ် ဘာဆိုတာကိုမလိုက်မိ။

"ဘာပြောတာလဲ "

" မင်းငှက်ဥတွေ ငါ့နောက်မှာပုန်းနေတယ်လို့ ပြောတာ ငပိန်းရဲ့ "

" ငှက်ကလေး ရော ပါခဲ့တာလား "

ချစ်ခြင်းကို ကျော်ကာကြည့်မိတော့
အနက်ရောင်ရှပ် ဝတ်ထားတဲ့ ချစ်ခြင်းရဲ့ အင်္ကျီစကို ဆွဲကိုင်ကာ ပုန်းနေတဲ့ အမိန့် ရဲ့ငှက်ဖြူ ဝတုတ်လေးနှစ်ကောင်ကြောင့်
ညစ်ညူးနေတဲ့ စိတ်အစုံသည်ကြည်လင်အေးမြသွား၏။

" ဟာ ...ဒယ်ဒီ့ အသည်းတုတ်လေးနှစ်ကောင်ရော ပါလာတာလား ။ လာပါဦးဒယ်ဒီဆီ.. လွမ်းနေရတာ ။ ငှက်ဥလေးတွေနဲ့ စကားမပြောရတာတောင် သုံးရက်ရှိနေပီနော်"

ပြောရင်း ဥနီလေးနှစ်ဥဘေး ဒူးတစ်ဖက်ထောက် ထိုင်လိုက်တော့ အပြိုင်အဆိုင်လည်ပင်းကို သိုင်းဖက်လာ၏။

"ဒယ်ဒီ ချစ် "

"ဒယ်ဒီ မီးမီး လည်းချစ် "

ပါးနှစ်ဖက်မှာ ကပ်လာတဲ့ နှုတ်ခမ်းသေးသေးလေးတွေက အမိန့် ရင်ကို ကြည်နူးခြင်းလှိုက်တက်လာစေ၏။ ပြုံးရိပ်သန်းတဲ့
နှုတ်ခမ်းတို့ နဲ့ အတူ ဖြူဖြူတုတ်တုတ်ဥနီပေါက်လေးနှစ်ကောင်ကို သိမ်းကြုံးပွေ့ ဖက်လိုက်၏။

"ဒယ်ဒီကလည်း အသောနဲ့ အလွန်းလေးကိုချစ်ပါ့ဗျာ။ ကဲ...လာပါဦး ။ ငှက်ဥလေးတွေ အလွမ်းဖြေရင်း အားဘွားလည်း
ပေးပါ့ရစေဦး "

ပါးဖောင်ဖောင်းလေးတွေ ထိုးပေးလာတဲ့
အသောနဲ့ အလွန်းကြောင့် အမိန့် မြတ်နိုးစွာ နှာခေါင်းဖျားတို့ နစ်ဝင်သွားအောင်ထိနမ်းရှိုက်လိုက်သည်။

" မွ ! ဒါက အလွန်းလေးအတွက်"

"မွ! ဒါလေးက အသော လေးအတွက် "

"ခ် ခ် ဒယ်ဒီ့ ကို ချစ် "

"ဟား ဟားး အသည်းလေးတွေက ဒယ်ဒီ့ကိုလွမ်းနေကြတာလား ...ကြည့်ပါအုန်း ကွာ အချွဲတုန်းလေးတွေ "

လည်ပင်းကြား သဘောတကျ ရယ်မောပီးတိုးဝင်လာတဲ့ငှက်ပေါက်လေးတွေက
ဘယ်လောက်များ အမိန့် ကို လွမ်းနေသလဲဆိုတာပြောစရာပင်မလိုပေ။ အရင်လို သေးသေးကွေးကွေးမဟုတ်တော့ ငှက်ဝတုတ်ပေါက်လေးနှစ်ကောင်ကို ပြိုင်တူမ ပီး ဆိုဖာပေါ်ပြောင်းထိုင်လိုက်၏။

သဘောတကျရယ်မောပျော်ရွှင်နေကျတဲ့
သားဖသုံးယောက်ကို ကြည့်ပီး ချစ်ခြင်း နှုတ်ခမ်းစူ လာ၏။

ချစ်လှပါတယ်ဟဲ့ဆိုတဲ့ယောကျာ်းလုပ်သူသည် ခုတော့ သူ့ သားသမီးတွေ နဲ့ ပြုံးပျော်ပီး ချစ်ခြင်းကိုမေ့ နေသည်။
ဒါကြောင့်ရှေးလူကြီးတွေ ပြောကြတာ
အိမ်ထောင်သက်ကြာလာရင် ယောကျာ်းတွေပြောင်းလဲလာတယ်ဆိုတာ ခုတော့အမှန်ဖြစ်နေသည်။

အတွေးတို့ နဲ့ အတူ ခြေလှမ်းတို့ က ပြုံးပျော် နေသူ တသိုက်ထံသို့ လျှင်မြန်စွာ ရွေ့ လျားကုန်၏။ ပထမဆုံး အမိန့် ညာဖက်ပေါင်ပေါ် တင်ထားတဲ့ ချစ်သောကို အရင်
မချီကာ တဖက် မျက်နှာခြင်းဆိုင် ဆိုဖာပေါ်ပြောင်းတင်လိုက်သည်။

ထို့နောက် အမိန့် ဘယ်ဖက်ပေါင်ပေါ်ကချစ်လွန်း ကိုပါ ပွေ့ ချီပြီး ချစ်သောဘေးနားထပ်ပြောင်းပေးလိုက်သည်။

အမိန့် ကတော့ ချစ်ခြင်းလုပ်သမျှ ပြူးပြူးလေးလိုက်ကြည့်နေ၏။

အမိန့် ဘေးနား ဘယ်သူမှမရှိတော့ပြီဆိုမှ ချစ်ခြင်း ပြုံးပီး အမိန့် လက်မောင်းလေးကိုဆွဲဖက်ရင်းကပ်ထိုင်ကာပြော၏။

"ငါလည်း မင်းကို လွမ်းနေတာ "

"အင်း မောင်ရော အချစ်ကို လွမ်းတယ်"

လက်မောင်းကိုဆွဲဖက် ပီး ပါးလေးနဲ့ ပွတ်ချွဲနေတဲ့ အချစ်ကြောင့် အမိန့် အသည်းတွေယားလား၏။ သူတို့ ကလေးတွေမွေးပီးကတည်းက ကလေးထိန်းနေရ ၊အလုပ် များနေရတာနဲ့ ခုလိုပွတ်သီးကပ်သီ မRo ရတာတောင်ကြာနေပီမို့ လား။

"သွားပါ ...ခုမှ လာမလွမ်းနဲ့ မင်းအစောက ငါ့ကို ပစ်ထားပီး မင်းငှက်ဥတွေနဲ့ ပြုံးရယ်နေပီးတော့ "

" ပစ်ထားတာမဟုတ်ပါဘူးကွာ ... တခါတလေ ပါလာလို့ မောင်က ပျော်သွားတာပါ ...
အချစ်ဘာလို့ ခေါ်လာသေးလဲ။ အလကားအလုပ်ရှုတ်အောင် အိမ်မှာဘိုးဘိုးနဲ့ ထားခဲ့တာတော့မဟုတ်ပဲ "

အမိန့် က နှုတ်ခမ်းစူပီး စိတ်ကောက်နေတဲ့ ချစ်ခြင်းကို နု ညံ့ ညင်စွာနဖူးလေးကိုနမ်းပီးချော့လိုက်သည်။ ထိုအခါမှပြုံးရယ်လာသူက ကျေနပ်သွားကြောင်းသိသာစွာ
စကားတွေ ချို ချိုသာသာ ပြန်ပြောလာ၏။
ချစ်ကြည်နူး တစ်တေတူးနေကြတဲ့ နှစ်ယောက်ကတော့ပတ်ဝန်းကျင်ကိုမေ့လျော့နေစွာ။

မျက်နှာခြင်းဆိုင်ခုံပေါ်တွင် အလကားအလှုပ်ရှုတ်အောင်ခေါ်လာတဲ့ ချစ်သောနဲ့ ချစ်လွန်းလေး က သူ့ အဖေနှစ်ယောက် ကို
ငြိမ်ငြိမ်လေးထိုင်ကြည့်နေ၏။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz