ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

36

eainsi23

အမိန္ ့ ေမြ ့ယာေပၚမွာ ဒူေလးတုပ္ထိုင္ပီး အခ်ိန္ အေတာ္ႀကီးႀကာသည္ထိ
သူ ့ငွက္ေပါက္ေလးနွစ္ေကာင္ကို တစိမ့္စိမ့္ ထိုင္ႀကည့္ေန၏။ မေျပာင္းလဲစြာပင္
ရုပ္ဆိုးေနဆဲျဖစ္တဲ့ နီနီရဲရဲ ေလး နွစ္ေယာက္ကို ႀကည့္ပီး အမိန္ ့မ်က္ေမွာင္ကုတ္လိုက္သည္။

စဥ္းစားလို ့မရသည္မွာ ခ်စ္ျခင္းအသားေဖြးသေလာက္ သူကေလးေတြက
ကံမေကာင္းရွာတာကိုပင္ျဖစ္သည္။

ရုပ္ကေလးေတြက
ဆိုးတဲ့အျပင္ အသားရည္က မလွေသး၏။ သူ အေနျဖင့္ ဖခင္တစ္ေယာက္ ျဖစ္လာခဲ့ၿပီမို ႔ ရုပ္မလွလည္း ခ်စ္ေပးနိုင္ပါသည္။

"ဟူး.. မင္းတို ့နွစ္ေယာက္နဲ ့ေတာ့ ခက္ပီ။
ဒယ္ဒီေတာ့ ခုကတည္းက အသားျဖဴေဆးကို ကေလးသံုးရတဲ့ ဟာ ရွာေမးထားအုန္းမွ ထင္တယ္။ မဟုတ္ရင္ မင္းတို႔ေလးေတြ
ႀကီးလာရင္ စိတ္ညစ္ရလိမ့္မယ္ "

အမိိန္ ့အသံ ခပ္အုပ္အုပ္ က အခန္းတြင္းမွာမပီမျပင္ ေလးထြက္လာသည္။
သူအသံက်ယ္လို ့မရေပ။

သူ ့ငွက္နီေပါက္ကေလးေတြသည္ လူ ့ေလာကကိုေရာက္လာပီးကတည္းက ျပင္ပကို မစူးစမ္းပဲ အိပ္ႀကီးပဲေနေနၾကသည္။

နို ့ဘူးတိုက္ဖို ့ကိုေတာင္ ခ်စ္ျခင္းက ေျခဖဝါးေလးေတြကို လက္ညိဳးေလးနဲ ့ေတာက္ပီး နိွဳးမွ နိုးေလသည္။
ျပီးရင္လည္း ခဏေလးနဲ ့ျပန္အိပ္ႀကျပန္သည္။ ထို႔ေၾကာင့္ အမိန္ ့တို ့နွစ္ေယာက္သည္စကားေျပာရင္ပင္ ေလသံသဲ့သဲ့ေလာက္သာေျပာရသည္။
မဟုတ္လ်ွင္ ခ်စ္ျခင္းလို ရုပ္မလွပဲ ခ်စ္ျခင္းလိုအသံေအာင္တဲ့ ငွက္နီေပါက္ေလးနွစ္ေကာင္သည္ လန္ ့ပီးေအာ္ငိုတက္လြန္းလို ့ျဖစ္၏။

" အဲ့ ဒါ ဘာျဖစ္ေနတာလဲ "

ေရခ်ိဳးခန္းထဲက ထြက္လာတဲ့ ခ်စ္ျခင္းသည္
ေမြ ့ယာေပၚမွာ ဒူးတုပ္ထိုင္ပီး သူ ့ကေလးေတြ ကို စိတ္ဝင္တစားစပ္စုေနတဲ့ ေယာက်ာ္းလုပ္သူကို မွန္တင္ခံု ေရွ ့က ခံုျဖဴေလးဆြဲထုတ္ထိုင္ရင္း လွည့္မႀကည့္ပဲေမးလိုက္သည္။

" အခ်စ္ .. သားနဲ ့သမီးကို အသားျဖဴ lotion ေလးဘာေလးလိမ္းေပးရင္ေကာင္းမလားလို ႔။ ၾကည့္ပါဦး ငွက္နီေလးေတြက အခ်စ္လိုလည္း အသားအေရ လဲမလွရွာဘူး "

အမွန္တကယ္ အတည္လိမ္းေပးခ်င္ေနတဲ့ရုပ္ေလးမို ့ခ်စ္ျခင္း နားမလည္ရေကာင္းလားဆိုပီးေအာ္ပစ္ခ်င္ေပမဲ့ လုပ္ေနတဲ့ပံုေလးက ခ်စ္ဖို ့ေကာင္းလြန္းလို ့ ေဒါသေတြက ဘယ္ေပ်ာက္သြားမွန္းမသိေတာ့။

ခုထိ ရဲရဲမထိရဲေသးတဲ့ေမာင္က ကေလးနွစ္ေယာက္ကို ေဘးကေနပဲ ခုလိုေလးထိုင္ပီးအႀကာႀကီးေငးႀကည့္ေနတက္ ေသးသည္။ ခ်စ္ေသာနဲ ့ ခ်စ္လြန္းမွာ ခ်စ္ေသာက ကအငယ္ ...ခ်စ္လြန္းက အႀကီးျဖစ္ ပီး သံုးမိနွစ္သာ ျခားတဲ့ အမႊာ ျဖစ္၏။ ေပါင္ နည္းနည္းေလာက္သာ မျပည့္ခဲ့တဲ့ သားနဲ ့သမီးသည္
က်န္းမာေရးခ်ိဳ ့တဲ့ တာ ဘာညာ မျဖစ္လို ့
ေတာ္ေသးတယ္ သက္မွတ္ရေပမဲ့
ခုထိေသးေနတာမို ့ ေမာင္က ထိဖို ့မရဲေသးေပ။

"ေမာင္ မင္း ဘာမွမသိဘူးလို ့ေတာ့လာမေျပာနဲ ့။ တကယ္ဆို မင္း ထက္ အေပါင္းအသင္းမရွိတဲ့သူက ငါ ပါေနာ္ "

အမွန္တကယ္ကို ခ်စ္ျခင္းမွာ သူငယ္ခ်င္းအေပါင္းအသင္းရွိဖို ့မေျပာနဲ ့ သူစိမ္းတစ္ေယာက္ကို စကားေျဖာင့္ေအာင္ ေတာင္
မေျပာဘူးေပ။
ေမးေတာ့လည္း နားမလည္သလို မ်က္လံုးေလး ေပကလက္ ေပကလက္ လုပ္ပီး ႀကည့္လာသည္မို ့ ခံုေရွ ့က ျပန္ထကာ ကုတင္ေဘးမွာ မတ္တပ္ရပ္ပီး
ခ်စ္စရာေကာင္ငယ္ေလးကို ေထြးေပြ ့ထားလိုက္သည္။

ခ်စ္လြန္းလို ့ဘယ္လို ့လုပ္ရပါ့မလဲ အမိန္ ့အာဏာ ။

" မသိတာကို စဥ္းစားမေနနဲ ့... ငါရွင္းျပပီးရင္ေတာ့ ငါ့ကေလးေတြကို ရုပ္ဆိုးတယ္ တို ့ ငွက္နီေပါက္ေလးေတြ တို ့ လာမေခၚနဲ ့ေတာ့။ "

ေျပာလက္စရပ္ကာ ရင္ခြင္ထဲက ေန ျငိမ္ျငိမ္ေလးနားေထာင္ေနတဲ့ ေမာင့္ကိုငံု ့ႀကည့္လိုက္၏။ ၿပီးေတာ့မွ

" ရက္သားေလးေတြပဲရွိေသးတာေလ ေမာင္ရဲ့။
ေသးေသးေလးေတြပဲရွိအုန္းမွာေပါ့
ဒါကိုေမာင္က ေႀကာက္ေနပီး မခ်ီရင္ ဘယ္ခ်ိန္ မွခ်ီမွာလဲ။ ဒီမွာႀကည့္ အသားေရေလးေတြ နီေနတာ က အသားေရမလွတာမဟုတ္ဘူး ။ဒီလို အရြယ္ေလးေတြက အသားေရ မမွန္ေသးဘူး ။ "

နွီးထုပ္ေလးေတြက ကေလးေလးေတြကို လက္ညိဳးေလးနဲ ့ထိပီး ရွင္းျပမိေတာ့
သူနားလည္ပါၿပီဆိုတဲ့ သေဘာ ေခါင္းေတြညိမ့္ျပသည္။

"အင္း ေမာင္မသိလို ့ ေျပာမိတာပါ။
တကယ္ဆို ေမာင့္တို ့ေမြးထားမွေတာ့
အသားေဖြးမွာဆိုတာ ေမ့သြားတယ္"

" မင္းေမ့သြားတာ က်န္ေသးတယ္ "

" အမ္ ! ဘာက်န္တာလဲ "

ေမာ့ႀကည့္ပီး ေမးခြန္းထပ္ထုတ္ေနတဲ့ အမိန္ ့ကို ျပြတ္ခနဲအသံထြက္ ေအာင္ နမ္းလိုက္ပီးမွ

"ဘာက်န္ရမွာတုန္း ငါ့ေမြးထားမွေတာ့
ရုပ္ဆိုးစရာလား ။ ငါ ့ကေလးေတြကို
ေနာက္တစ္ခါ ရုပ္ဆိုးတယ္ေျပာရင္
မင္းကို သတ္မွာ "

"ဟုတ္ ေမာင္မွားသြားပါတယ္ "

"မွားသြား ရင္ေတာင္းပန္တဲ့အေနနဲ ့အာဘြားေပး "

ခ်စ္ျခင္း ေက်ေက်နပ္နပ္ လူမိုက္ျပံဳးေလး
ၿပံဳးမိသည္။ ခုထိ အနားမကပ္ေသးပဲ သူ ့ကေလးေတြနားသာ အခ်ိန္တိုင္း စူးစမ္းေနတဲ့သူ ့အသည္းေပါက္ေလးကို တမင္အသားယူဖို ႔ ႀကံမိျခင္းသာ။
သို ႔ေပမဲ့ မွန္းခ်က္နဲ ့နွမ္းထြက္ မကိုက္ညီခဲ့ပါ။

" ကေလးေတြရွိေနတာကို ရွက္လည္းမရွက္ဘူး " ဆိုတဲ့ စကားကို ေျပာၿပီး
ရင္ခြင္ထဲကေန ရုန္းထြက္ကာ
အခန္းျပင္ထြက္သြားသူ ေၾကာင့္ ခ်စ္ျခင္းအၿပံဳးေတြၾကာၾကာမခံလိုက္ေပ။

ဒါနဲ ့ဆို ခုလိုေျပာခံရတာနွစ္ႀကိမ္ရွိေလၿပီ။
တကယ္ဆို ခ်စ္ျခင္းက နွာဗူးေလးမွမဟုတ္တာ။

အခန္းထဲမွာ မရွိေတာ့တဲ့ ေမာင္မိန္႔ကို မ်က္ေစာင္းအႀကိမ္ႀကိမ္လွမ္းထိုးၿပီး တိုးတိတ္စြာ ေရ႐ြတ္မိ၏။

ငါရဲ႕ အမိန္ ႔အာဏာအစစ္ကို ျပန္ေပးၾကပါ...

-----------------------------------

"အူဝဲ အူဝဲ "

အိပ္ေကာင္းေနတဲ့ အခ်ိန္ႀကီးနားထဲ စူးစူးဝါးဝါးတိုးဝင္လာတဲ့ ငိုသံေႀကာင့္
အမိန္ ့ကုန္းရုန္းထလိုက္ရသည္။ ေဘးက
ခ်စ္ျခင္းကို ႀကည့္ေတာ့လည္း နွစ္နွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေနသည္မို ့ ငိုေနတဲ့ သားငယ္ကိုေပြ ့ခ်ီလိုက္သည္။

ခ်ီ လိုက္သည္ နွင့္ ခံစားမိတာ စိုစိစိ အထိအေတြ ႕ပင္။ စိုေနေသာအနွီးေႀကာင့္ လဲေပးေစခ်င္လို ့ငိုမွန္းသိလိုက္ေတာ့ အမိန္ ့ ေဘးခံုေပၚက အထပ္လိုက္ေခါက္ထားတဲ့အနွီးျဖဴျဖဴေလးတစ္ထည္ယူလဲေပးလိုက္၏။

" ငွက္နီေပါက္ေလး က ရွဴ း ေတြေပါက္ထားလို ႔ငိုေနတာလား။ တိတ္ေတာ့ေနာ္ ။ ဒယ္ဒီ အသစ္လဲေပးမယ္ "

ထိုအခါမွ ခ်က္ျခင္းတိတ္က်သြားကာ မ်က္လံုးျပဴးေလးနဲ ့လိုက္ႀကည့္ေနတာမို ့
အမိန္ ့ျပံဳးလိုက္မိသည္။
ေထြးေပြ ့ ထားရင္း စကားေတြ ေျပာေနဖို ႔လည္း သူ မေမ့ပါ။ ခ်စ္ေသာက
စပ္စုစိန္ေလးေပ။ သူ ငိုေနရင္ေတာင္မွ စကားသံၾကားရင္ တိတ္ကာ လိုက္ၾကည့္တက္သည္။

အရင္လို မကိုင္ရဲတာဘာညာ အမိန္ ႔မရွိေတာ့ပါ။ ခုဆို က်ြမ္းက်ြမ္းက်င္က်င္ ကေလးကိုေပြ ့တက္ အနွီးလဲေပးတက္ ေနေလၿပီ။

ဒါကိုပင္ အမိန္ ့အေတာ္ႀကီးႀကိဳးစားထားခဲ့ရသည္။
ခ်စ္ေသာနဲ ့ခ်စ္လြန္း မွာ ခ်စ္ေသာက နည္းနည္းဂ်ီက်တက္ေပမဲ့ ခ်စ္လြန္းကေတာ့
ေအးသည္။ နွစ္လေက်ာ္ေက်ာ္ေလာက္မွာသိသိသာသာ အသားေရမွန္လာပီး ပီပီျပင္ျပင္ရုပ္ထြက္လာပီမို ့ အရင္လို မ်က္လံုးမဖြင့္နိုင္ေသးတဲ့ နီနီရဲရဲ ငွက္ေပါက္ေလးေတြမဟုတ္ေတာ့ပဲ ျဖဴျဖဴေဖြးေဖြးေကာ္ပတ္ရုပ္ေလးေတြျဖစ္လာသည္။

သမီးႀကီးသည္ မ်က္လံုးမ်က္ဆံေလာက္သာ ခ်စ္ျခင္းနဲ ့တူပီး က်န္တဲ့ အစိတ္ပိုင္းအေတာ္မ်ားမ်ားက အမိန္ ့နဲ ့တူ၏။ မိန္းကေလးျဖစ္ပီး ထူထဲေနတဲ့ မ်က္ခုံး နက္ေမွာင္ေနတဲ့ ဆံပင္ေျဖာင့္ေျဖာင့္ေလးေတြနဲ ့ ခ်စ္လြန္းက ခ်စ္ေသာေလာက္ သိပ္မလွေပမဲ့ ထူးထူးျခားျခားအႀကည့္ခံတဲ့ရုပ္မ်ိဳးေလးျဖစ္သည္။

ခ်စ္ေသာကေတာ့ ေယာက်ာ္းေလးျဖစ္ပီး သူ ့ေဖေဖနဲ ့ပံုတူ ထုထားရင္မွလြဲအုန္းမယ္ ခုကတည္းက ထူေကာ့ေနတဲ့ မ်က္ေတာင္ဖ်ားေတြက အရြယ္ေလးနဲ ့မွမလိုက္သိသိသာသာ ထင္းေနပီ။ မတူတာဆိုလို ့ ခ်စ္ျခင္းက လွဳိင္းနည္းနည္းရွိရုံသာရွိေပမဲ့ ခ်စ္ေသာကေတာ့ အညိဳေရာင္
ဆံပင္ ေကြးေကြးေလးေတြနဲ ့ ပလက္စတစ္အုပ္ထားတဲ့ ဂ်ပ္ဖာေလးထဲက ေကာ္ပတ္ရုပ္ေလးလိုပင္။

"အဲ "

မအိပ္ေသးပဲ ေပြ ့ခ်ီ လမ္းေလ်ွာက္ေနတဲ့
အမိန္ ့ကို လိုက္ႀကည့္ေနပီး စကားေတြလွမ္းေျပာ၏။

အမိန္ ့ ရယ္ေမာလိုက္၏။
ညနွစ္နာရီႀကီးထပီး
လမ္းေလ်ွာက္သိပ္ေနတာေတာင္မအိပ္ပဲ မ်က္လံုးျပဴးေလးနဲ ့လိုက္ႀကည့္ေနတာေႀကာင့္ အမိန္ ့ ေပြ ့ထားတဲ့ ကိုယ္ေလးကို ျဖည္းျဖည္းေလး လွဳပ္သိပ္လိုက္သည္။

" ဒယ္ဒီ သားသားက မအိပ္ေသးဘူးလား
အိပ္ပါေတာ့ေနာ္ ဒယ္ဒီ မနက္က် အလုပ္သြားရအုန္းမွာကြ "

"အဲ "

ေခ်ာ့ျမဴ ေနတယ္ ထင္တဲ့ ခ်စ္ေသာက သြားဖုံးရဲရဲေလးေတြေပၚေအာင္ တခစ္ခစ္ ရယ္
ေမာေနျပန္၏။

"အာ ဒယ္ဒီ့သားသားေရ အိပ္ပါကြာ
ဒယ္ဒီ သီခ်င္းဆိုသိပ္မယ္ ေနာ္ ။
ဟုတ္တယ္ သားသားက လိမ္မာတယ္။
အဲ့လို ေလးေန အို ့အို ့ ဒယ္ဒီသားသား အိပ္ခ်ိန္တန္ အိပ္ပါေတာ့ေနာ္ ေႀကာင္ႀကီး ကိုက္လိမ္ ့မယ္။ အိပ္ယာက နိုးရင္ နုိ ့နို ့ေသာက္ရမယ္။ အို ့ေအ့ ေအး အိုကြယ္
အိပ္ေတာ့ကြယ္။ အို ့အို ့က်ြတ္ က်ြတ္ .. ဝါးး( သန္းလိုက္သည္။) ။

ဘာသီခ်င္းေတြမွန္းမသိ ပါးစပ္ထဲထြက္လာသမ်ွ အမိန္ ့ေလ်ွာက္ဆိုေတာ့
လက္ႀကိဳက္ေမာင္ေလး ခ်စ္ေသာက ခ်က္ျခင္းအိပ္ေပ်ာ္သြား၏။

အမိန္ ့ကေလးကို ျဖည္းျဖည္းေဘးခ်ပီး အနားကပ္ကာဝင္ထိုးအိပ္လိုက္သည္။

_______

ေနေရာင္သဲ့သဲ့ အခန္းထဲ တိုးဝင္လာတဲ့ အခ်ိန္မွာ ခ်စ္ျခင္းအိပ္ယာက နႈိးလာခဲ့သည္။
ညက ေကာင္းေကာင္းအိပ္ခဲ့ရသည္မို ႔ စိတ္က ႀကည္ႀက ည္လင္လင္ ျဖစ္ေန၏။

တိတ္ဆိတ္ေနတဲ့ အခန္းမွာ ခါတိုင္းလို
ကေလးငိုသံသဲ့သဲ့ေတာင္မႀကားရေပ။

ခ်စ္ျခင္း နွုတ္ခမ္းတို ့သည္ ႀကည္နူးျခင္းျဖင့္ တြန္ ့ေကြးကုန္၏။

သူ ့အိပ္ပုတ္ေလးေတြ ဒီခ်ိန္ထိ မနိုးေသးေပ။

အက်င့္ပါေနတဲ့နားတို ့က တအဲ့အဲ့ အသံမ်ားႀကားေလမလားလို ့နားစြင့္မိေနသည္မွာ ကေလးအေဖျဖစ္လာကတည္းကပင္။

မ်က္လံုးတို ႔သည္ အခုထိ ဖြင့္မၾကည့္နိုင္ေသးေပ။ သို ႔ေသာ္ လက္ကေတာ့ အၿငိမ္မေနပဲ ေဘးက သူ ့
အသည္းေလးကို လိုက္စမ္းလိုက္မိ၏။

ေအးစက္စက္ အထိေတြ ့ကို လက္ဖဝါးမွာ ခံစားမိေတာ့ မ်က္လံုးအစံု သည္ ဖ်တ္ခနဲ
ပြင့္သြားကာ အခန္းကို ေဝ ့ႀကည့္လိုက္မိ၏။

"ဟက္ ! "

တေနရာအေရာက္မွာ ရပ္တန္ ့သြားတဲ့
အႀကည့္တို ့နဲ ့အတူ ျမင္ရခဲတဲ့ ညီညာေနတဲ့ သြားတန္းေလးေတြေပၚေအာင္ထိ ခ်စ္ျခင္းရယ္ေမာလိုက္မိသည္။ ၿပီးေတာ့ အိပ္ယာမွထကာ

"အမိန္ ႔ မင္းဟာေလ ခုထိ ခ်စ္ဖို႔ေကာင္းေအာင္ေနတက္တုန္းပဲ "ဟု တစ္ေယာက္ထဲေျပာေနမိသည္။

ေမြ ႕ယာ၏ အစြန္းတဖက္တြင္ ကေလးေတြကိုသိပ္သည္။ အခန္းတဝက္အထိ
ခင္းထားသည္မို ႔ ဖိမိမွာေတာ့ စိုးရိမ္စရာမရွိေပ။ ပိုထူးျခားသည္က အမိန္ ႔သည္
ကေလးေတြ သိပ္ေသာ ေနရာေဘးမွာ ေကြးေကြးေလးအိပ္ေနျခင္းသာ။
အဲ့ဒီ ျမင္ကြင္းဟာ ဘယ္ေလာက္အသည္းယားဖို ႔ေကာင္းသလဲ။

ခ်စ္ျခင္းဒူးေပၚ လက္ေထာက္ကာ ခါးတဝက္ေလာက္ကိုင္းပီး သူ ့ကေလးသံုးေယာက္ကိုငံု ့ႀကည့္ေနသည္။

အမိန္ ့သည္ စအိပ္ခါစကေတာ့ အတည့္ျဖစ္ပံုရျပီး ခုခ်ိန္မွာေတာ့ ေျခရင္းဖက္နားမွာ ကန္ ့လန္ ့ေလးေကြးအိပ္ေန၏။

သားသားကေတာ့ ေခါင္းအံုးေသးေသးေလးေပၚေခါင္းကမရွိေတာ့ပဲ အနည္းငယ္ေလ်ာက်ေနပီး ပါးစပ္ေလးဟကာ အိပ္ေပ်ာ္ေနသည္။ ဒီအရြယ္ေလးေတြကသိပ္မလွဳပ္မရွားအိပ္တက္ေပမဲ့
သားသားကေတာ့ သူ ့ဒယ္ဒီတူပီးအိပ္ေရးဆိုးပံုရကာ ရုန္းကန္ေနတက္သည္။ခုလည္း ဘယ္ေလာက္ တြန္းကန္အိပ္သလဲ မသိ.. လန္ ့မွာစိုးလို ့ဗိုက္ေပၚတင္ေပးထားတဲ့ ေစာင္ပါးေလးက ေဘးကြာက်ေန၏ ။
အသားေရ နုေသးလို ့ အက်ၤ ီသာဝတ္ေပးကာ အနွီးပဲ ပတ္ ေပးထားတဲ့ ခ်စ္ေသာေပါက္စေလးသည္ တဝတ္တပ်က္ လန္ေနတဲ့ အနွီျဖဴျဖဴႀကားတြင္ ဇီးသီးလံုးေလာက္ေလးရွိေသးတဲ့ ဂ်ိဳးဥေလးပင္ ေပၚေနေခ်သည္။

သမီးကေတာ့ ျငိမ္သည္။ညလဲ သိပ္မနိုးတက္ပဲ သိပ္ထားတဲ့ အတိုင္း အနည္းငယ္သာ ပံုပ်က္သည္။

အေတာ္တန္ႀကာေအာင္
သူ ့ နွလံုးသားေလးေတြ ကိုႀကည့္ပီးမွ သာယာတဲ့ သူ ့မနက္ခင္း ကိုခ်စ္ျခင္း ဆီးႀကိဳလိုက္သည္။ ခ်စ္စရာေကာင္းေသာ
ေႏြးေထြးေသာ
မိသားစုဘဝကို ပိုင္ဆိုင္ျဖတ္သန္းခြင့္ေပးခဲ့ တဲ့ေမာင့္ ကို ခ်စ္ျခင္းေျပာမျပတက္ေအာင္ခ်စ္သည္။ ေမာင္နဲ ့အတူတူ အိုမင္းသြားတဲ့ အခ်ိန္ထိ ျဖတ္သန္းသြားခ်င္တာ
ခ်စ္ျခင္းရဲ့ အိမ္မက္ပဲ ။

ခ်စ္တဲ့အိမ္စည္။

အမိန့် မွေ့ ယာပေါ်မှာ ဒူလေးတုပ်ထိုင်ပီး အချိန် အတော်ကြီးကြာသည်ထိ
သူ့ ငှက်ပေါက်လေးနှစ်ကောင်ကို တစိမ့်စိမ့် ထိုင်ကြည့်နေ၏။ မပြောင်းလဲစွာပင်
ရုပ်ဆိုးနေဆဲဖြစ်တဲ့ နီနီရဲရဲ လေး နှစ်ယောက်ကို ကြည့်ပီး အမိန့် မျက်မှောင်ကုတ်လိုက်သည်။

စဉ်းစားလို့ မရသည်မှာ ချစ်ခြင်းအသားဖွေးသလောက် သူကလေးတွေက
ကံမကောင်းရှာတာကိုပင်ဖြစ်သည်။

ရုပ်ကလေးတွေက
ဆိုးတဲ့အပြင် အသားရည်က မလှသေး၏။ သူ အနေဖြင့် ဖခင်တစ်ယောက် ဖြစ်လာခဲ့ပြီမို့ ရုပ်မလှလည်း ချစ်ပေးနိုင်ပါသည်။

"ဟူး.. မင်းတို့ နှစ်ယောက်နဲ့ တော့ ခက်ပီ။
ဒယ်ဒီတော့ ခုကတည်းက အသားဖြူဆေးကို ကလေးသုံးရတဲ့ ဟာ ရှာမေးထားအုန်းမှ ထင်တယ်။ မဟုတ်ရင် မင်းတို့လေးတွေ
ကြီးလာရင် စိတ်ညစ်ရလိမ့်မယ် "

အမိန့် အသံ ခပ်အုပ်အုပ် က အခန်းတွင်းမှာမပီမပြင် လေးထွက်လာသည်။
သူအသံကျယ်လို့ မရပေ။

သူ့ ငှက်နီပေါက်ကလေးတွေသည် လူ့ လောကကိုရောက်လာပီးကတည်းက ပြင်ပကို မစူးစမ်းပဲ အိပ်ကြီးပဲနေနေကြသည်။

နို့ ဘူးတိုက်ဖို့ ကိုတောင် ချစ်ခြင်းက ခြေဖဝါးလေးတွေကို လက်ညိုးလေးနဲ့ တောက်ပီး နှိုးမှ နိုးလေသည်။
ပြီးရင်လည်း ခဏလေးနဲ့ ပြန်အိပ်ကြပြန်သည်။ ထို့ကြောင့် အမိန့် တို့နှစ်ယောက်သည်စကားပြောရင်ပင် လေသံသဲ့သဲ့လောက်သာပြောရသည်။
မဟုတ်လျှင် ချစ်ခြင်းလို ရုပ်မလှပဲ ချစ်ခြင်းလိုအသံအောင်တဲ့ ငှက်နီပေါက်လေးနှစ်ကောင်သည် လန့် ပီးအော်ငိုတက်လွန်းလို့ ဖြစ်၏။

" အဲ့ ဒါ ဘာဖြစ်နေတာလဲ "

ရေချိုးခန်းထဲက ထွက်လာတဲ့ ချစ်ခြင်းသည်
မွေ့ ယာပေါ်မှာ ဒူးတုပ်ထိုင်ပီး သူ့ ကလေးတွေ ကို စိတ်ဝင်တစားစပ်စုနေတဲ့ ယောကျာ်းလုပ်သူကို မှန်တင်ခုံ ရှေ့ က ခုံဖြူလေးဆွဲထုတ်ထိုင်ရင်း လှည့်မကြည့်ပဲမေးလိုက်သည်။

" အချစ် .. သားနဲ့ သမီးကို အသားဖြူ lotion လေးဘာလေးလိမ်းပေးရင်ကောင်းမလားလို့ ။ ကြည့်ပါဦး ငှက်နီလေးတွေက အချစ်လိုလည်း အသားအရေ လဲမလှရှာဘူး "

အမှန်တကယ် အတည်လိမ်းပေးချင်နေတဲ့ရုပ်လေးမို့ ချစ်ခြင်း နားမလည်ရကောင်းလားဆိုပီးအော်ပစ်ချင်ပေမဲ့ လုပ်နေတဲ့ပုံလေးက ချစ်ဖို့ ကောင်းလွန်းလို့ ဒေါသတွေက ဘယ်ပျောက်သွားမှန်းမသိတော့။

ခုထိ ရဲရဲမထိရဲသေးတဲ့မောင်က ကလေးနှစ်ယောက်ကို ဘေးကနေပဲ ခုလိုလေးထိုင်ပီးအကြာကြီးငေးကြည့်နေတက် သေးသည်။ ချစ်သောနဲ့ ချစ်လွန်းမှာ ချစ်သောက ကအငယ် ...ချစ်လွန်းက အကြီးဖြစ် ပီး သုံးမိနှစ်သာ ခြားတဲ့ အမွှာ ဖြစ်၏။ ပေါင် နည်းနည်းလောက်သာ မပြည့်ခဲ့တဲ့ သားနဲ့ သမီးသည်
ကျန်းမာရေးချို့ တဲ့ တာ ဘာညာ မဖြစ်လို့
တော်သေးတယ် သက်မှတ်ရပေမဲ့
ခုထိသေးနေတာမို့ မောင်က ထိဖို့ မရဲသေးပေ။

"မောင် မင်း ဘာမှမသိဘူးလို့ တော့လာမပြောနဲ့ ။ တကယ်ဆို မင်း ထက် အပေါင်းအသင်းမရှိတဲ့သူက ငါ ပါနော် "

အမှန်တကယ်ကို ချစ်ခြင်းမှာ သူငယ်ချင်းအပေါင်းအသင်းရှိဖို့ မပြောနဲ့ သူစိမ်းတစ်ယောက်ကို စကားဖြောင့်အောင် တောင်
မပြောဘူးပေ။
မေးတော့လည်း နားမလည်သလို မျက်လုံးလေး ပေကလက် ပေကလက် လုပ်ပီး ကြည့်လာသည်မို့ ခုံရှေ့ က ပြန်ထကာ ကုတင်ဘေးမှာ မတ်တပ်ရပ်ပီး
ချစ်စရာကောင်ငယ်လေးကို ထွေးပွေ့ ထားလိုက်သည်။

ချစ်လွန်းလို့ ဘယ်လို့ လုပ်ရပါ့မလဲ အမိန့် အာဏာ ။

" မသိတာကို စဉ်းစားမနေနဲ့ ... ငါရှင်းပြပီးရင်တော့ ငါ့ကလေးတွေကို ရုပ်ဆိုးတယ် တို့ ငှက်နီပေါက်လေးတွေ တို့ လာမခေါ်နဲ့ တော့။ "

ပြောလက်စရပ်ကာ ရင်ခွင်ထဲက နေ ငြိမ်ငြိမ်လေးနားထောင်နေတဲ့ မောင့်ကိုငုံ့ ကြည့်လိုက်၏။ ပြီးတော့မှ

" ရက်သားလေးတွေပဲရှိသေးတာလေ မောင်ရဲ့။
သေးသေးလေးတွေပဲရှိအုန်းမှာပေါ့
ဒါကိုမောင်က ကြောက်နေပီး မချီရင် ဘယ်ချိန် မှချီမှာလဲ။ ဒီမှာကြည့် အသားရေလေးတွေ နီနေတာ က အသားရေမလှတာမဟုတ်ဘူး ။ဒီလို အရွယ်လေးတွေက အသားရေ မမှန်သေးဘူး ။ "

နှီးထုပ်လေးတွေက ကလေးလေးတွေကို လက်ညိုးလေးနဲ့ ထိပီး ရှင်းပြမိတော့
သူနားလည်ပါပြီဆိုတဲ့ သဘော ခေါင်းတွေညိမ့်ပြသည်။

"အင်း မောင်မသိလို့ ပြောမိတာပါ။
တကယ်ဆို မောင့်တို့ မွေးထားမှတော့
အသားဖွေးမှာဆိုတာ မေ့သွားတယ်"

" မင်းမေ့သွားတာ ကျန်သေးတယ် "

" အမ် ! ဘာကျန်တာလဲ "

မော့ကြည့်ပီး မေးခွန်းထပ်ထုတ်နေတဲ့ အမိန့် ကို ပြွတ်ခနဲအသံထွက် အောင် နမ်းလိုက်ပီးမှ

"ဘာကျန်ရမှာတုန်း ငါ့မွေးထားမှတော့
ရုပ်ဆိုးစရာလား ။ ငါ့ ကလေးတွေကို
နောက်တစ်ခါ ရုပ်ဆိုးတယ်ပြောရင်
မင်းကို သတ်မှာ "

"ဟုတ် မောင်မှားသွားပါတယ် "

"မှားသွား ရင်တောင်းပန်တဲ့အနေနဲ့ အာဘွားပေး "

ချစ်ခြင်း ကျေကျေနပ်နပ် လူမိုက်ပြုံးလေး
ပြုံးမိသည်။ ခုထိ အနားမကပ်သေးပဲ သူ့ ကလေးတွေနားသာ အချိန်တိုင်း စူးစမ်းနေတဲ့သူ့ အသည်းပေါက်လေးကို တမင်အသားယူဖို့ ကြံမိခြင်းသာ။
သို့ ပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ညီခဲ့ပါ။

" ကလေးတွေရှိနေတာကို ရှက်လည်းမရှက်ဘူး " ဆိုတဲ့ စကားကို ပြောပြီး
ရင်ခွင်ထဲကနေ ရုန်းထွက်ကာ
အခန်းပြင်ထွက်သွားသူ ကြောင့် ချစ်ခြင်းအပြုံးတွေကြာကြာမခံလိုက်ပေ။

ဒါနဲ့ ဆို ခုလိုပြောခံရတာနှစ်ကြိမ်ရှိလေပြီ။
တကယ်ဆို ချစ်ခြင်းက နှာဗူးလေးမှမဟုတ်တာ။

အခန်းထဲမှာ မရှိတော့တဲ့ မောင်မိန့်ကို မျက်စောင်းအကြိမ်ကြိမ်လှမ်းထိုးပြီး တိုးတိတ်စွာ ရေရွတ်မိ၏။

ငါရဲ့ အမိန့် အာဏာအစစ်ကို ပြန်ပေးကြပါ...

-----------------------------------

"အူဝဲ အူဝဲ "

အိပ်ကောင်းနေတဲ့ အချိန်ကြီးနားထဲ စူးစူးဝါးဝါးတိုးဝင်လာတဲ့ ငိုသံကြောင့်
အမိန့် ကုန်းရုန်းထလိုက်ရသည်။ ဘေးက
ချစ်ခြင်းကို ကြည့်တော့လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မို့ ငိုနေတဲ့ သားငယ်ကိုပွေ့ ချီလိုက်သည်။

ချီ လိုက်သည် နှင့် ခံစားမိတာ စိုစိစိ အထိအတွေ့ ပင်။ စိုနေသောအနှီးကြောင့် လဲပေးစေချင်လို့ ငိုမှန်းသိလိုက်တော့ အမိန့် ဘေးခုံပေါ်က အထပ်လိုက်ခေါက်ထားတဲ့အနှီးဖြူဖြူလေးတစ်ထည်ယူလဲပေးလိုက်၏။

" ငှက်နီပေါက်လေး က ရှူး တွေပေါက်ထားလို့ ငိုနေတာလား။ တိတ်တော့နော် ။ ဒယ်ဒီ အသစ်လဲပေးမယ် "

ထိုအခါမှ ချက်ခြင်းတိတ်ကျသွားကာ မျက်လုံးပြူးလေးနဲ့ လိုက်ကြည့်နေတာမို့
အမိန့် ပြုံးလိုက်မိသည်။
ထွေးပွေ့ ထားရင်း စကားတွေ ပြောနေဖို့ လည်း သူ မမေ့ပါ။ ချစ်သောက
စပ်စုစိန်လေးပေ။ သူ ငိုနေရင်တောင်မှ စကားသံကြားရင် တိတ်ကာ လိုက်ကြည့်တက်သည်။

အရင်လို မကိုင်ရဲတာဘာညာ အမိန့် မရှိတော့ပါ။ ခုဆို ကျွမ်းကျွမ်းကျင်ကျင် ကလေးကိုပွေ့ တက် အနှီးလဲပေးတက် နေလေပြီ။

ဒါကိုပင် အမိန့် အတော်ကြီးကြိုးစားထားခဲ့ရသည်။
ချစ်သောနဲ့ ချစ်လွန်း မှာ ချစ်သောက နည်းနည်းဂျီကျတက်ပေမဲ့ ချစ်လွန်းကတော့
အေးသည်။ နှစ်လကျော်ကျော်လောက်မှာသိသိသာသာ အသားရေမှန်လာပီး ပီပီပြင်ပြင်ရုပ်ထွက်လာပီမို့ အရင်လို မျက်လုံးမဖွင့်နိုင်သေးတဲ့ နီနီရဲရဲ ငှက်ပေါက်လေးတွေမဟုတ်တော့ပဲ ဖြူဖြူဖွေးဖွေးကော်ပတ်ရုပ်လေးတွေဖြစ်လာသည်။

သမီးကြီးသည် မျက်လုံးမျက်ဆံလောက်သာ ချစ်ခြင်းနဲ့ တူပီး ကျန်တဲ့ အစိတ်ပိုင်းအတော်များများက အမိန့် နဲ့ တူ၏။ မိန်းကလေးဖြစ်ပီး ထူထဲနေတဲ့ မျက်ခုံး နက်မှောင်နေတဲ့ ဆံပင်ဖြောင့်ဖြောင့်လေးတွေနဲ့ ချစ်လွန်းက ချစ်သောလောက် သိပ်မလှပေမဲ့ ထူးထူးခြားခြားအကြည့်ခံတဲ့ရုပ်မျိုးလေးဖြစ်သည်။

ချစ်သောကတော့ ယောကျာ်းလေးဖြစ်ပီး သူ့ ဖေဖေနဲ့ ပုံတူ ထုထားရင်မှလွဲအုန်းမယ် ခုကတည်းက ထူကော့နေတဲ့ မျက်တောင်ဖျားတွေက အရွယ်လေးနဲ့ မှမလိုက်သိသိသာသာ ထင်းနေပီ။ မတူတာဆိုလို့ ချစ်ခြင်းက လှိုင်းနည်းနည်းရှိရုံသာရှိပေမဲ့ ချစ်သောကတော့ အညိုရောင်
ဆံပင် ကွေးကွေးလေးတွေနဲ့ ပလက်စတစ်အုပ်ထားတဲ့ ဂျပ်ဖာလေးထဲက ကော်ပတ်ရုပ်လေးလိုပင်။

"အဲ "

မအိပ်သေးပဲ ပွေ့ ချီ လမ်းလျှောက်နေတဲ့
အမိန့် ကို လိုက်ကြည့်နေပီး စကားတွေလှမ်းပြော၏။

အမိန့် ရယ်မောလိုက်၏။
ညနှစ်နာရီကြီးထပီး
လမ်းလျှောက်သိပ်နေတာတောင်မအိပ်ပဲ မျက်လုံးပြူးလေးနဲ့ လိုက်ကြည့်နေတာကြောင့် အမိန့် ပွေ့ ထားတဲ့ ကိုယ်လေးကို ဖြည်းဖြည်းလေး လှုပ်သိပ်လိုက်သည်။

" ဒယ်ဒီ သားသားက မအိပ်သေးဘူးလား
အိပ်ပါတော့နော် ဒယ်ဒီ မနက်ကျ အလုပ်သွားရအုန်းမှာကွ "

"အဲ "

ချော့မြူ နေတယ် ထင်တဲ့ ချစ်သောက သွားဖုံးရဲရဲလေးတွေပေါ်အောင် တခစ်ခစ် ရယ်
မောနေပြန်၏။

"အာ ဒယ်ဒီ့သားသားရေ အိပ်ပါကွာ
ဒယ်ဒီ သီချင်းဆိုသိပ်မယ် နော် ။
ဟုတ်တယ် သားသားက လိမ်မာတယ်။
အဲ့လို လေးနေ အို့ အို့ ဒယ်ဒီသားသား အိပ်ချိန်တန် အိပ်ပါတော့နော် ကြောင်ကြီး ကိုက်လိမ့် မယ်။ အိပ်ယာက နိုးရင် နို့ နို့ သောက်ရမယ်။ အို့ အေ့ အေး အိုကွယ်
အိပ်တော့ကွယ်။ အို့ အို့ ကျွတ် ကျွတ် .. ဝါးး( သန်းလိုက်သည်။) ။

ဘာသီချင်းတွေမှန်းမသိ ပါးစပ်ထဲထွက်လာသမျှ အမိန့် လျှောက်ဆိုတော့
လက်ကြိုက်မောင်လေး ချစ်သောက ချက်ခြင်းအိပ်ပျော်သွား၏။

အမိန့် ကလေးကို ဖြည်းဖြည်းဘေးချပီး အနားကပ်ကာဝင်ထိုးအိပ်လိုက်သည်။

_______

နေရောင်သဲ့သဲ့ အခန်းထဲ တိုးဝင်လာတဲ့ အချိန်မှာ ချစ်ခြင်းအိပ်ယာက နှိုးလာခဲ့သည်။
ညက ကောင်းကောင်းအိပ်ခဲ့ရသည်မို့ စိတ်က ကြည်ကြ ည်လင်လင် ဖြစ်နေ၏။

တိတ်ဆိတ်နေတဲ့ အခန်းမှာ ခါတိုင်းလို
ကလေးငိုသံသဲ့သဲ့တောင်မကြားရပေ။

ချစ်ခြင်း နှုတ်ခမ်းတို့ သည် ကြည်နူးခြင်းဖြင့် တွန့် ကွေးကုန်၏။

သူ့ အိပ်ပုတ်လေးတွေ ဒီချိန်ထိ မနိုးသေးပေ။

အကျင့်ပါနေတဲ့နားတို့ က တအဲ့အဲ့ အသံများကြားလေမလားလို့ နားစွင့်မိနေသည်မှာ ကလေးအဖေဖြစ်လာကတည်းကပင်။

မျက်လုံးတို့ သည် အခုထိ ဖွင့်မကြည့်နိုင်သေးပေ။ သို့ သော် လက်ကတော့ အငြိမ်မနေပဲ ဘေးက သူ့
အသည်းလေးကို လိုက်စမ်းလိုက်မိ၏။

အေးစက်စက် အထိတွေ့ ကို လက်ဖဝါးမှာ ခံစားမိတော့ မျက်လုံးအစုံ သည် ဖျတ်ခနဲ
ပွင့်သွားကာ အခန်းကို ဝေ့ ကြည့်လိုက်မိ၏။

"ဟက် ! "

တနေရာအရောက်မှာ ရပ်တန့် သွားတဲ့
အကြည့်တို့ နဲ့ အတူ မြင်ရခဲတဲ့ ညီညာနေတဲ့ သွားတန်းလေးတွေပေါ်အောင်ထိ ချစ်ခြင်းရယ်မောလိုက်မိသည်။ ပြီးတော့ အိပ်ယာမှထကာ

"အမိန့် မင်းဟာလေ ခုထိ ချစ်ဖို့ကောင်းအောင်နေတက်တုန်းပဲ "ဟု တစ်ယောက်ထဲပြောနေမိသည်။

မွေ့ ယာ၏ အစွန်းတဖက်တွင် ကလေးတွေကိုသိပ်သည်။ အခန်းတဝက်အထိ
ခင်းထားသည်မို့ ဖိမိမှာတော့ စိုးရိမ်စရာမရှိပေ။ ပိုထူးခြားသည်က အမိန့် သည်
ကလေးတွေ သိပ်သော နေရာဘေးမှာ ကွေးကွေးလေးအိပ်နေခြင်းသာ။
အဲ့ဒီ မြင်ကွင်းဟာ ဘယ်လောက်အသည်းယားဖို့ ကောင်းသလဲ။

ချစ်ခြင်းဒူးပေါ် လက်ထောက်ကာ ခါးတဝက်လောက်ကိုင်းပီး သူ့ ကလေးသုံးယောက်ကိုငုံ့ ကြည့်နေသည်။

အမိန့် သည် စအိပ်ခါစကတော့ အတည့်ဖြစ်ပုံရပြီး ခုချိန်မှာတော့ ခြေရင်းဖက်နားမှာ ကန့် လန့် လေးကွေးအိပ်နေ၏။

သားသားကတော့ ခေါင်းအုံးသေးသေးလေးပေါ်ခေါင်းကမရှိတော့ပဲ အနည်းငယ်လျောကျနေပီး ပါးစပ်လေးဟကာ အိပ်ပျော်နေသည်။ ဒီအရွယ်လေးတွေကသိပ်မလှုပ်မရှားအိပ်တက်ပေမဲ့
သားသားကတော့ သူ့ ဒယ်ဒီတူပီးအိပ်ရေးဆိုးပုံရကာ ရုန်းကန်နေတက်သည်။ခုလည်း ဘယ်လောက် တွန်းကန်အိပ်သလဲ မသိ.. လန့် မှာစိုးလို့ ဗိုက်ပေါ်တင်ပေးထားတဲ့ စောင်ပါးလေးက ဘေးကွာကျနေ၏ ။
အသားရေ နုသေးလို့ အင်္ကျီသာဝတ်ပေးကာ အနှီးပဲ ပတ် ပေးထားတဲ့ ချစ်သောပေါက်စလေးသည် တဝတ်တပျက် လန်နေတဲ့ အနှီဖြူဖြူကြားတွင် ဇီးသီးလုံးလောက်လေးရှိသေးတဲ့ ဂျိုးဥလေးပင် ပေါ်နေချေသည်။

သမီးကတော့ ငြိမ်သည်။ညလဲ သိပ်မနိုးတက်ပဲ သိပ်ထားတဲ့ အတိုင်း အနည်းငယ်သာ ပုံပျက်သည်။

အတော်တန်ကြာအောင်
သူ့ နှလုံးသားလေးတွေ ကိုကြည့်ပီးမှ သာယာတဲ့ သူ့ မနက်ခင်း ကိုချစ်ခြင်း ဆီးကြိုလိုက်သည်။ ချစ်စရာကောင်းသော
နွေးထွေးသော
မိသားစုဘဝကို ပိုင်ဆိုင်ဖြတ်သန်းခွင့်ပေးခဲ့ တဲ့မောင့် ကို ချစ်ခြင်းပြောမပြတက်အောင်ချစ်သည်။ မောင်နဲ့ အတူတူ အိုမင်းသွားတဲ့ အချိန်ထိ ဖြတ်သန်းသွားချင်တာ
ချစ်ခြင်းရဲ့ အိမ်မက်ပဲ ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz