ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
35
Incubatorထဲမွာ ထည့္ထားတဲ့
သူ ရဲ့နီတာရဲ ငွက္ေပါက္ေလးနွစ္ေကာင္ကိုႀကည့္ပီးအမိန္႔ မ်က္ရည္ေတြသုတ္လိုက္သည္။
ခ်စ္ျခင္းျပည့္စံုတင္မကဘူး သူ ့သားနွင္ ့သမီးကပါ အမိန္ ့ကိုမ်က္ရည္က်ေအာင္လုပ္နိုင္စြမ္းရွိႀကပံုပဲ။
တသိမ့္သိမ့္ႀကည္နူးလာတဲ့ ခံစားခ်က္နဲ ့မွန္နား ထပ္ၿပီး နည္းနည္းတိုးႀကည့္လိုက္သည္။ ရွစ္လ ဗိုက္ဆိုေပမဲ့
ေစာေမြးတဲ့ သူကေလးနွစ္ေယာက္သည္
ေပါင္ခ်ိန္သိပ္မျပည့္လို ့Incubatorထဲမွာထည့္ထားရသည္။
မွန္ျခားပီးျမင္ေနရတဲ့ နီတီတီ အသားေရရွိေသာ ကေလးေတြကို
အမိန္ ့ေတာ္ေတာ္ႀကီးႀကည့္မဝျဖစ္ေနရေလသည္။
သို ႔ေသာ္ခ်စ္ျခင္းေရာ သူေရာ လွရက္နဲ ့
ဘာလို ့သူ ့ကေလးေတြက ရုပ္ဆိုးရတာလဲဆိုတာကိုပါ ေတြးဖို ႔ေမ့မေနခဲ့ပါ။
ဒါေပမဲ့ သူ ့ေသြးသားေတြဆိုေတာ့ မလွေသာ္ျငားလည္း ခ်စ္ေပးရမွာေပါ့။
ေသခ်ာဝေအာင္ႀကည့္ပီးမွ ခုထိ သတိမရေသးတဲ့ ခ်စ္ျခင္းဆီ ျပန္သြားဖို ့ေျခဦးလွည့္လိုက္သည္။
အမိန္ ့အတြက္ကေတာ့ မေန ့ညေနကအ
ျဖစ္ပ်က္က တစ္သက္လံုးျပန္မေရာက္ခ်င္ေတာ့တဲ့ အမွတ္တရတစ္ခုပဲျဖစ္သည္။
အမ်ိဳးသားကိုယ္ဝန္ေဆာင္ ေမြးဖြားဖို ့က ပထမဆံုးအႀကိမ္ျဖစ္ေပမဲ့
တျခားနိုင္ငံေတြကိုလည္း ခ်စ္ျခင္းကိုစိတ္မခ်တာေႀကာင့္ ေလးထင္ကိုပဲယံုယံုႀကည္ႀကည္ပံုအပ္ခဲ့သည္။
အေရးေပၚခြဲစိတ္ခန္းေရွ ့မွာ သူ ျပာယာခက္ေနသလို ေဖႀကီးေရာ
ဘိုးဘိုးပါ တကယ္ခ်စ္ျခင္းကိုစိတ္ပူေပးခဲ့ရသည္။ ခြဲေနတုန္း ေရွာ့ရသြားတဲ့ခ်စ္ျခင္းေႀကာင့္ ေလးထင္တို ့တစ္ေတြ ႀကိဳးႀကိဳးစားစားအခ်ိန္အေတာ္ႀကာေအာင္အသက္လုခဲ့ရတယ္တဲ့။
ဘာပဲေျပာေျပာ ခ်စ္ျခင္းျပည့္စံုေလးကို
အမွန္ပင္ ေက်းဇူးတင္သည္။
အသက္အႏၲရာယ္ကို ေက်ာ္လႊားကာ
ျပန္လာခဲ့ေပးခဲ့သလို သူ ႔ငွက္နီေပါက္ေလးနွစ္ေကာင္ကိုပင္ ေအာင္ျမင္စြာ ေခၚလာေပးနိုင္ခဲ့သည္။
ထိုေၾကာင့္ အမိန္ ႔ ဘဝတသက္လံုး
ခ်စ္ျခင္းအေပၚမွာ ရုိးေျမက်သည္ အထိ သစၥာရွိေပးမည္။ ခ်စ္ေပးမည္ပင္။
အျဖဴေရာင္ ေဆးရုံကုတင္ထပ္မွာ
ႏြမ္းလ်ျဖဴေဖ်ာ့ေနတဲ့ ခ်စ္ျခင္းသည္ ေဆးပိုက္ေတြႀကားမွာ ျငိမ္ျငိမ္ေလးအိပ္ေပ်ာ္ေန၏။ ကေလးနွစ္ေယာက္ထုတ္လိုက္တဲ့
ဗိုက္ပူေလးက အခုဆိုအေတာ္ပိန္က်သြားေပမဲ့ အနည္းငယ္ ပူေနေသးသည္။
" ဗိုက္နည္းနည္း ပူေနေသးလို ့မင္းနိုးလာရင္ စိတ္ညစ္ေတာ့မွာပဲ အခ်စ္ရာ ဟင့္ "
လက္ဖမိုးနုနုကိုဆုပ္ကိုင္ပီး အမိန္ ့နဖူးေလးနဲ ့ထိေတြးကာေခါင္းငံု ့ငိုေႀကြးလိုက္သည္။ သူ ဟာ ခ်စ္ျခင္းနဲ ့ပါတ္သတ္ပီးမွ
အေႀကာက္တရားကို ပါ တျဖည္းျဖည္းခံစားတက္လာသည္။ စိတ္ေပ်ာ့လြန္းတဲ့သူ
မဟုတ္ေပမဲ့ ခ်စ္ျခင္း နဲ ့ဆိုလ်ွင္ အမိန္႔ဟာထိန္းခ်ဳပ္လို ့မရနိုင္သူပင္။
မင္းအရမ္းပင္ပန္းခဲ့ပါၿပီ အခ်စ္ရယ္။
"မင္းကို သိပ္ခ်စ္တယ္ ေမာင့္ခ်စ္ျခင္း '
"ငါလည္း ေမာင့္ကို သိပ္ခ်စ္တာ"
တိတ္ဆိတ္ေနတဲ့ အခန္းငယ္ေလးမွာထြက္လာတဲ့ခ်စ္ျခင္းအသံေလး။
စိတ္ခံစားမူ ႔အစံု သည္ အသံၾကားပီးေနာက္ တင္းထားသမ်ွေျပေလ်ာ့ကုန္၏။
" ဟီးအီးအီး … ေမာင့္ … အင့္…
ေစာင့္ေနတာ … ဘယ္ေလာက္ ေႀကာက္ခဲ့ရလဲ …ဟင့္ … ေမာင္ရူးသြားတာျမင္ခ်င္တာ
လား ခ်စ္ျခင္းျပည့္စံု ။ မင္းကို တစ္ခါပဲ
အင့္… ေမြးခိုင္းမွာ ေနာက္မရေတာ့ဘူး
ဟီးအီးအီး … ေမာင္ ေသေတာ့မလို ့
ေႀကာက္လြန္းလို ့… အင့္ "
တိုးတိုးေရရြတ္လာတဲ့ အသံေလးေႀကာင့္
အမိန္ ့ဟန္ပင္မေဆာင္နိုင္ေတာ့ပီးမို ့ပုခံုးေပၚတိုးဖက္ငိုေႀကြးလိုက္သည္။
"ငါေျပာခဲ့သားပဲ မင္းဆီကို ျပန္ေရာက္ေအာင္လာခဲ့မယ္လို ့"
" မင္းကိုခ်စ္တယ္ အခ်စ္ေလး မင္းကိုသိပ္ခ်စ္တာပဲ…… အင့္…။ ဒါနဲ ့ အခ်စ္ကမေကာင္းဘူး သိလား "
ကုတင္ေပၚမွာ ပက္လက္ျဖစ္ေနတဲ့ ခ်စ္ျခင္းပုခံုးေပၚမွာ မ်က္နွာေလးအပ္ပီး အလိုမက်သလိုေျပာေနတဲ့ေမာင့္ေႀကာင့္ ခ်စ္ျခင္းျပံဳးလိုက္မိသည္။ အမိန္ ့အာဏာကတကယ့္ကို သူ ့အတြက္ကေတာ့ အဖိုးမျဖတ္နိုင္တဲ့ အခ်ြဲတုံးေလး။ တန္ပါတယ္ အႀကိမ္ႀကိမ္ အေမွာင္ေတာမွာ လမ္းေပ်ာက္ခဲ့ေပမဲ့ ငိုေနမဲ့ေမာင့္ကို မ်က္လံုးထဲျမင္ပီးသူဘယ္ေလာက္ႀကိဳးစားခဲ့ရသလဲ။ နားထဲမွာ ေမာင့္အသံေတြသာႀကားေနရပီး ဘယ္မွရွာလို ့မရတဲ့ အနက္ေရာင္လြင္ျပင္မွာ သူ အားေလ်ာ့လိုက္ဖို ့အႀကိမ္ႀကိမ္ေတြးမိေပမဲ့ သူသာမရွိရင္ေမာင္ေနလို ့ရမွာမဟုတ္ဘူးဆိုတဲ့အေတြးနဲ ့သူရုန္းကန္ခဲ့ရေတြကို ေမာင္သိေအာင္ေျပာျပစရာမလိုဘူး။ ေမာင့္ကို ခ်စ္ျခင္းကိုယ္တိုင္လည္း
ေသျခင္းတရားကိုပါတြန္းလွန္ရဲေလာက္ေအာင္ကိုခ်စ္ခဲ့တာပါ။
"အခ်စ္က ဘာမေကာင္းတာလဲေျပာပါအုန္း "
ေဆးခ်ိတ္ထားတဲ့ လက္ေလးနဲ ့
ဖြဖြေလး ေမာင့္ေက်ာကိုပြတ္ေမးလိုက္မိသည္။ သို႔ေသာ္ ၾကားလိုက္ရေသာ ေမာင့္စကားေႀကာင့္ ေအာ္ရယ္မိေတာ့မလို ့ပင္ျဖစ္သြားရပါသည္။
"အခ်စ္ကေလးေတြကရုပ္ဆိုးလိုက္တာ
နီတာရဲ ေနတဲ့ ငွက္ေပါက္ေလးေတြက်ေနတာပဲ"တဲ့
ဆစ္ခနဲ နာသြားတဲ့ဗိုက္ကခ်ဳပ္ရုိးေႀကာင္းသည္ လႈပ္မိသည္နဲ ့
နာလာ၏။
"အာ့! ေမာင္ မင္းငါ့ကိုရယ္ေအာင္မလုပ္နဲ ့ဒီမွာ ဗိုက္နာသြားျပီ ..
စကားေတာင္မနည္းေျပာေနရတာကို "
ေလသံသဲ့သဲ့သာ ေျပာနိုင္ေသးတဲ့ ခ်စ္ျခင္းကေတာ့ အမိန္ ့ေႀကာင့္ ဗိုက္က ခ်ဳပ္ရုိးမျပဲေအာင္သာ စိတ္ထိန္းေနရသည္။ ဘာမွမသိတဲ့ အမိန္ ့အာဏာကေတာ့ ခ်စ္ျခင္းတစ္ေယာက္ထဲကိုပဲနွစ္ေတြအႀကာႀကီးခ်စ္ပီး အသက္ငယ္ငယ္နဲ ့အိမ္ေထာင္သည္ကေလးအေဖျဖစ္လာတာကလြဲပီး ခ်စ္ျခင္းအတြက္ေတာ့ သံုးနွစ္သားေလးလိုပဲ မေျပာင္းလဲစြာရွိေနဆဲပင္။
_____
( ကေလးလုပြဲ နဲ ့ေဆးရုံဆင္းအမွတ္တရ)
"ႀကည့္ပါဦး ငါ့ေျမးက ခန္ ႔ေခ်ာႀကီးကြ။
ေသခ်ာတယ္ မင္းရဲ႕သားက ငါနဲ ့လာတူလို ႔ရုပ္ေျဖာင့္ေနတာ "
Incubatorထဲကထြက္လာတဲ့ ကေလးနွစ္ေယာက္ကို အလုအယက္ေထြးေပြ ့ထားတဲ့ အေဘးနွစ္ေယာက္ရဲ့မ်က္နွာက
ရတနာနွစ္ထုပ္ကိုေကာက္ရသလို အျပံဳးမ်ိဳးနဲ ့ေပ်ာ္ေနႀကသည္။ သားငယ္ကို ေပြ ့ထားတဲ့ ဘိုးဘိုးက အမိန္ ့ကိုပထမဦးစြာ ရန္စ လာခဲ့သည္။
"သားေမြးထားတဲ့ ကေလးေလ။ ဘိုးဘိုးနဲ ့တူတယ္ဆိုတာျဖစ္နိုင္မွာတဲ့လား။
ေသခ်ာႀကည့္ သားနဲ ့ပဲတူတာ "
အဘိုးနားကပ္ကာ ကေလးကိုလုႀကည့္ပီး
အမိန္ ့ျပိဳင္ျငင္းလိုက္၏။ တကယ္ဆိုလ်ွင္
ရုပ္က မည္သူနွင့္တူသည္ဟုပင္ ခြဲျခားလို ႔ရနိုင္ေအာင္ထိ မၿပီျပင္ေသး။
သို႔ေပမဲ့ အၿမဲ စကားလုေနက် ေျမးအဖိုးမို ႔တမင္ မ်က္စိစံုမွိတ္ျငင္းလိုက္ျခင္းသာ
"မင္းေမြးထားတိုင္း မင္းနဲ ့တူရမွာလား
မ်ိဳးရုိးဆိုတာ အလကားေျပာတာမဟုတ္ဘူး။ ငါျမစ္,မ ကိုႀကည့္ ငါနဲ ့ဘယ္ေလာက္တူလိုက္လဲ "
ေဖႀကီး ပါ စကားဝိုင္းထဲပါလာပီမို ့
အမိန္ ့မနိုင္ေတာ့တာေႀကာင့္ ခ်စ္ျခင္းကိုနွုတ္ခမ္းဆူကာ မေက်နပ္သလို မ်က္ေစာင္းထိုးႀကည့္လိုက္သည္။
ကုတင္ေပၚထိုင္ေနပီး သူတို ့ကိုျပံဳးႀကည့္ေနတဲ့ ခ်စ္ျခင္းက သူ
အႀကည့္ေႀကာင့္လွဳပ္လွဳပ္ရွားရွားျဖစ္လာသည္။
"အဟမ္း !သားနဲ ့ပိုတူတယ္ ေဖႀကီးနဲ ့သိပ္မတူပါဘူးေနာ့… ေမာင္ "
ေက်နပ္သြားေအာင္ မ်က္နွာခ်ိဳေသြးလိုက္မွ ျပန္ျပံဳးလာတဲ့ မ်က္နွာေလးေႀကာင့္
ခ်စ္ျခင္း သက္မ ခ်နိုင္ေတာ့တယ္။ မလြယ္ဘူး ညီေလးေတြကို ခ်စ္ရတာ ဟူးးးး။
"ဟုတ္တယ္ အခ်စ္နဲ ့ပိုတူတယ္ ။ေသခ်ာႀကည့္ပါ့လာ ဒီေလာက္ မ်က္လံုးေလးကဝိုင္းေနတာ ေဖႀကီးနဲ ့တူရင္ မ်က္စိေပါက္ကမရွိ ရုပ္ဆိုးမွာေပါ့ "
ဦးစိုင္းလူ - "…… "
မ်က္စိေတာင္ သိပ္မဖြင့္နိုင္ေသးတဲ့
ဆယ္ေျခာက္ရက္သမီးေလး "………"
" မင္းအဲ့ဒါေတာ့ မ်ားသြားပီ။ ဘယ္သူ ႔လိုက္ေမးေမး ငါ့ေျမးဆိုတာ လူတိုင္းလက္ခံနိုင္တဲ့ရုပ္။ ဥပဓိကို တခ်က္ၾကည့္လိုက္ လံုးဝ ခန္ ႔ေခ်ာ။ အဲ့ဒါငါနဲ ့ တူလို ႔ ဒီရုပ္ထြက္လာတာ"
"ဟားဟား…သားမ်က္နွာလိုက္တာမဟုတ္ဘူး။ ေသခ်ာၾကည့္ေလ လံုးဝဘိုးဘိုးႀကီးနဲ ့မတူေလပဲ။ အမိန္႔မွ အမိန္႔ရုပ္ပါ။ ေသခ်ာတာကေတာ့ ဘိုးဘိုးႀကီးတူရင္ ထိပ္ေျပာင္ေနမွာေပါ့ …"
မဟာနွဖူးပိုင္ရွင္ဦးမိုးေကာင္း -"……… "
" ခြီးး !!အခ်စ္မွန္တယ္ "
ခ်စ္ျခင္းပုခံုးကိုဖတ္ပီး အမိန္ ့ျပံဳးစိစိနဲ ့ေထာက္ခံလိုက္ေတာ့ ဘိုးဘိုးနဲ ့ေဖႀကီးရဲ့
နဂါးမ်က္ေစာင္းေတြ လြင့္လာ၏။ခပ္တည္တည္ျဖင့္ ေဘးကအခ်စ္အားကိုးကာအမိန္ ့မသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။
"ဘာပဲေျပာေျပာ ငါျမစ္ ,မကို ငါ့နာမည္ပါေအာင္ မွည့္ရမွာပဲ "
ဦးစိုင္းလူ၏ စကားသည္ လံုးဝ အေလ်ာ့မေပးလိုဟန္။
"ဟုတ္တယ္ ငါ့ျမစ္ေပါက္ေလးကို လည္း
ေသခ်ာေပါက္ငါ့နာမည္ပါေအာင္မွည့္ရမယ္"
ဘိုးဘိုးတို ႔နွစ္ေယာက္သား၏ အားမာန္အျပည့္စကားေတြေၾကာင့္ အမိန္ ႔မရယ္နိုင္ေတာ့ေပ။အားကိုးစြာ ခ်စ္ျခင္းကိုလွည့္ၾကည့္မိေသာ္လည္း ...
"ဒါေတာ့ဘယ္ျဖစ္မလဲ။ သားေမြးထားတာ
သားနာမည္ကေတာ့ ပါမွ ျဖစ္မွာေပါ့ ။
သမီးကို ခ်စ္လြန္း သားကို ခ်စ္ေသာ ပါေအာင္ ထည့္ေပး ေနာက္က ဘာထည့္ထည့္ အဆင္ေျပေအာင္ထည့္လိုက္ "
ျပတ္ျပတ္သားသား ခ်စ္ျခင္းရဲ့ စကားအဆံုးမွာ
အမိန္ ့မ်က္ႏွာမဲ့ က်လာ၏။ ဒါ အခ်စ္က သက္သက္စိန္ေခၚလိုက္တာပင္ ။ သူ ့နာမည္က်ပါေအာင္ေခၚပီး အမိန္ ့က်ေတာ့ က်ီးထိုးထိုးေခြးစားစား မပါခ်င္ေနပါေလ့ေစဆိုပီး
ျပစ္ထားလို ့ရမလား။
" ဒါလံုးဝ မတရားဘူး ခ်စ္ျခင္းတစ္ေယာက္ထဲ ဥ ဥ လို ့ရမလား။ သားပါ ပါဝင္ကူညီထားလို ့နွစ္ဥေတာင္ေပါက္လာတာကို သားနာမည္မပါတာေတာ့ လံုးဝ
ကန္ ့ကြက္တယ္။ "
ေျပလည္စျပဳေနေသာရန္ပြဲကို အမိန္ ့မီးထပ္ရွုိ ့၏။
" တရားတာေတြမတရားတာေတြငါမသိဘူး ။ ငါျမစ္ထီးေလးကို ခ်စ္ေသာမိုးထက္ေကာင္း လို ့ေပးမယ္ "
ကေလးေပြ ့ထားရင္းကေန မ်က္မွန္ကိုပင့္ပီး ဦးမိုးေကာင္းလွမ္းေျပာလိုက္ေတာ့ အားက်မခံ ဦးစိုင္လူကပါ
" ဟုတ္တယ္ ကိုမိုးေကာင္းေျပာတာမွန္တယ္။ ငါျမစ္မ ကိုလဲ ခ်စ္လြန္းစိုင္းသက္လူ လို ့ နာမည္ေပးရမယ္ "
" ဟားဟား !!နာမည္ႀကီးေတြ မလွပလိုက္တာ။ သားရဲ့ကေလးေတြ ဒီလို နာမည္ မလွမပေတြ မေပးနိုင္ဘူး။ ေဖႀကီးနဲ ့ဘိုးဘိုး ေဘးကိုေရွာင္လိုက္ေတာ့။
သားပဲ ေပးလိုက္ေတာ့မယ္။"
" ကဲအခုကစ
သားနာမည္ ခ်စ္ေသာအာဏာမာန္
သမီးနာမည္ကခ်စ္လြန္းအာဏာစံ လို ့
ေပးလိုက္ပီ ။
ထပ္မေျပာေတာ့နဲ ့ေနာ္ တိုက္ေဂါနာမည္ေတြ။ သားေပးထားတဲ့ နာမည္ကအေကာင္းဆံုးပဲ "
ပထမ တုိက္ေဂါနာမည္ပိုင္ရွင္
ဦးမိုးေကာင္း - "……… "
ဒုတိယတိုက္ေဂါနာမည္ပိုင္ရွင္
ဦးစိုင္းလူ - "……… "
ခ်စ္တဲ့ အိမ္စည္။
Incubatorထဲမှာ ထည့်ထားတဲ့
သူ ရဲ့နီတာရဲ ငှက်ပေါက်လေးနှစ်ကောင်ကိုကြည့်ပီးအမိန့် မျက်ရည်တွေသုတ်လိုက်သည်။
ချစ်ခြင်းပြည့်စုံတင်မကဘူး သူ့ သားနှင့် သမီးကပါ အမိန့် ကိုမျက်ရည်ကျအောင်လုပ်နိုင်စွမ်းရှိကြပုံပဲ။
တသိမ့်သိမ့်ကြည်နူးလာတဲ့ ခံစားချက်နဲ့ မှန်နား ထပ်ပြီး နည်းနည်းတိုးကြည့်လိုက်သည်။ ရှစ်လ ဗိုက်ဆိုပေမဲ့
စောမွေးတဲ့ သူကလေးနှစ်ယောက်သည်
ပေါင်ချိန်သိပ်မပြည့်လို့ Incubatorထဲမှာထည့်ထားရသည်။
မှန်ခြားပီးမြင်နေရတဲ့ နီတီတီ အသားရေရှိသော ကလေးတွေကို
အမိန့် တော်တော်ကြီးကြည့်မဝဖြစ်နေရလေသည်။
ချစ်ခြင်းရော သူရော လှရက်နဲ့
ဘာလို့ သူ့ ကလေးတွေက ရုပ်ဆိုးရတာလဲဆိုတာကိုပါ တွေးဖို့ မေ့မနေခဲ့ပါ။
ဒါပေမဲ့ သူ့ သွေးသားတွေဆိုတော့ မလှသော်ငြားလည်း ချစ်ပေးရမှာပေါ့။
သေချာဝအောင်ကြည့်ပီးမှ ခုထိ သတိမရသေးတဲ့ ချစ်ခြင်းဆီ ပြန်သွားဖို့ ခြေဦးလှည့်လိုက်သည်။
အမိန့် အတွက်ကတော့ မနေ့ ညနေကအ
ဖြစ်ပျက်က တစ်သက်လုံးပြန်မရောက်ချင်တော့တဲ့ အမှတ်တရတစ်ခုပဲဖြစ်သည်။
အမျိုးသားကိုယ်ဝန်ဆောင် မွေးဖွားဖို့ က ပထမဆုံးအကြိမ်ဖြစ်ပေမဲ့
တခြားနိုင်ငံတွေကိုလဲ ချစ်ခြင်းကိုစိတ်မချတာကြောင့် လေးထင်ကိုပဲယုံယုံကြည်ကြည်ပုံအပ်ခဲ့သည်။
အရေးပေါ်ခွဲစိတ်ခန်းရှေ့ မှာ သူ ပြာယာခက်နေသလို ဖေကြီးရော
ဘိုးဘိုးပါ တကယ်ချစ်ခြင်းကိုစိတ်ပူပေးခဲ့ရသည်။ ခွဲနေတုန်း ရှော့ရသွားတဲ့ချစ်ခြင်းကြောင့် လေးထင်တို့ တစ်တွေ ကြိုးကြိုးစားစားအချိန်အတော်ကြာအောင်အသက်လုခဲ့ရတယ်တဲ့။
ဘာပဲပြောပြော ချစ်ခြင်းပြည့်စုံလေးကို
အမှန်ပင် ကျေးဇူးတင်သည်။
အသက်အန္တရာယ်ကို ကျော်လွှားကာ
ပြန်လာခဲ့ပေးခဲ့သလို သူ့ ငှက်နီပေါက်လေးနှစ်ကောင်ကိုပင် အောင်မြင်စွာ ခေါ်လာပေးနိုင်ခဲ့သည်။
ထိုကြောင့် အမိန့် ဘဝတသက်လုံး
ချစ်ခြင်းအပေါ်မှာ ရိုးမြေကျသည် အထိ သစ္စာရှိပေးမည်။ ချစ်ပေးမည်ပင်။
အဖြူရောင် ဆေးရုံကုတင်ထပ်မှာ
နွမ်းလျဖြူဖျော့နေတဲ့ ချစ်ခြင်းသည် ဆေးပိုက်တွေကြားမှာ ငြိမ်ငြိမ်လေးအိပ်ပျော်နေ၏။ ကလေးနှစ်ယောက်ထုတ်လိုက်တဲ့
ဗိုက်ပူလေးက အခုဆိုအတော်ပိန်ကျသွားပေမဲ့ အနည်းငယ် ပူနေသေးသည်။
" ဗိုက်နည်းနည်း ပူနေသေးလို့ မင်းနိုးလာရင် စိတ်ညစ်တော့မှာပဲ အချစ်ရာ ဟင့် "
လက်ဖမိုးနုနုကိုဆုပ်ကိုင်ပီး အမိန့် နဖူးလေးနဲ့ ထိတွေးကာခေါင်းငုံ့ ငိုကြွေးလိုက်သည်။ သူ ဟာ ချစ်ခြင်းနဲ့ ပါတ်သတ်ပီးမှ
အကြောက်တရားကို ပါ တဖြည်းဖြည်းခံစားတက်လာသည်။ စိတ်ပျော့လွန်းတဲ့သူ
မဟုတ်ပေမဲ့ ချစ်ခြင်း နဲ့ ဆိုလျှင် အမိန့်ဟာထိန်းချုပ်လို့ မရနိုင်သူပင်။
မင်းအရမ်းပင်ပန်းခဲ့ပါပြီ အချစ်ရယ်။
"မင်းကို သိပ်ချစ်တယ် မောင့်ချစ်ခြင်း '
"ငါလဲ မောင့်ကို သိပ်ချစ်တာ"
တိတ်ဆိတ်နေတဲ့ အခန်းငယ်လေးမှာထွက်လာတဲ့ချစ်ခြင်းအသံလေး။
စိတ်ခံစားမူ့ အစုံ သည် အသံကြားပီးနောက် တင်းထားသမျှပြေလျော့ကုန်၏။
" ဟီးအီးအီး … မောင့် … အင့်…
စောင့်နေတာ … ဘယ်လောက် ကြောက်ခဲ့ရလဲ …ဟင့် … မောင်ရူးသွားတာမြင်ချင်တာ
လား ချစ်ခြင်းပြည့်စုံ ။ မင်းကို တစ်ခါပဲ
အင့်… မွေးခိုင်းမှာ နောက်မရတော့ဘူး
ဟီးအီးအီး … မောင် သေတော့မလို့
ကြောက်လွန်းလို့ … အင့် "
တိုးတိုးရေရွတ်လာတဲ့ အသံလေးကြောင့်
အမိန့် ဟန်ပင်မဆောင်နိုင်တော့ပီးမို့ ပုခုံးပေါ်တိုးဖက်ငိုကြွေးလိုက်သည်။
"ငါပြောခဲ့သားပဲ မင်းဆီကို ပြန်ရောက်အောင်လာခဲ့မယ်လို့ "
" မင်းကိုချစ်တယ် အချစ်လေး မင်းကိုသိပ်ချစ်တာပဲ…… အင့်…။ ဒါနဲ့ အချစ်ကမကောင်းဘူး သိလား "
ကုတင်ပေါ်မှာ ပက်လက်ဖြစ်နေတဲ့ ချစ်ခြင်းပုခုံးပေါ်မှာ မျက်နှာလေးအပ်ပီး အလိုမကျသလိုပြောနေတဲ့မောင့်ကြောင့် ချစ်ခြင်းပြုံးလိုက်မိသည်။ အမိန့် အာဏာကတကယ့်ကို သူ့ အတွက်ကတော့ အဖိုးမဖြတ်နိုင်တဲ့ အချွဲတုံးလေး။ တန်ပါတယ် အကြိမ်ကြိမ် အမှောင်တောမှာ လမ်းပျောက်ခဲ့ပေမဲ့ ငိုနေမဲ့မောင့်ကို မျက်လုံးထဲမြင်ပီးသူဘယ်လောက်ကြိုးစားခဲ့ရသလဲ။ နားထဲမှာ မောင့်အသံတွေသာကြားနေရပီး ဘယ်မှရှာလို့ မရတဲ့ အနက်ရောင်လွင်ပြင်မှာ သူ အားလျော့လိုက်ဖို့ အကြိမ်ကြိမ်တွေးမိပေမဲ့ သူသာမရှိရင်မောင်နေလို့ ရမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ သူရုန်းကန်ခဲ့ရတွေကို မောင်သိအောင်ပြောပြစရာမလိုဘူး။ မောင့်ကို ချစ်ခြင်းကိုယ်တိုင်လည်း
သေခြင်းတရားကိုပါတွန်းလှန်ရဲလောက်အောင်ကိုချစ်ခဲ့တာပါ။
"အချစ်က ဘာမကောင်းတာလဲပြောပါအုန်း "
ဆေးချိတ်ထားတဲ့ လက်လေးနဲ့
ဖွဖွလေး မောင့်ကျောကိုပွတ်မေးလိုက်တော့ မောင့်စကားကြောင့် အော်ရယ်မိတော့မလို့ ။ ဆစ်ကနဲ နာသွားတဲ့ဗိုက်ကချုပ်ရိုးကြောင့်သာ ထိန်းလိုက်ရသည်။
"အချစ်ကလေးတွေကရုပ်ဆိုးလိုက်တာ
နီတာရဲ နေတဲ့ ငှက်ပေါက်လေးတွေကျနေတာပဲ"တဲ့
"အာ့! မောင် မင်းငါ့ကိုရယ်အောင်မလုပ်နဲ့ ဒီမှာ ဗိုက်နာသွားပြီ ..
စကားတောင်မနည်းပြောနေရတာကို "
လေသံသဲ့သဲ့သာ ပြောနိုင်သေးတဲ့ ချစ်ခြင်းကတော့ အမိန့် ကြောင့် ဗိုက်က ချုပ်ရိုးမပြဲအောင်သာ စိတ်ထိန်းနေရသည်။ ဘာမှမသိတဲ့ အမိန့် အာဏာကတော့ ချစ်ခြင်းတစ်ယောက်ထဲကိုပဲနှစ်တွေအကြာကြီးချစ်ပီး အသက်ငယ်ငယ်နဲ့ အိမ်ထောင်သည်ကလေးအဖေဖြစ်လာတာကလွဲပီး ချစ်ခြင်းအတွက်တော့ သုံးနှစ်သားလေးလိုပါပဲ။
############
( ကလေးလုပွဲ နဲ့ ဆေးရုံဆင်းအမှတ်တရ)
"ကြည့်ပါဦး ငါ့မြေးက ခန့် ချောကြီးကွ။
သေချာတယ် မင်းရဲ့သားက ငါနဲ့ လာတူလို့ ရုပ်ဖြောင့်နေတာ "
Incubatorထဲကထွက်လာတဲ့ ကလေးနှစ်ယောက်ကို အလုအယက်ထွေးပွေ့ ထားတဲ့ အဘေးနှစ်ယောက်ရဲ့မျက်နှာက
ရတနာနှစ်ထုပ်ကိုကောက်ရသလို အပြုံးမျိုးနဲ့ ပျော်နေကြသည်။ သားငယ်ကို ပွေ့ ထားတဲ့ ဘိုးဘိုးက အမိန့် ကိုပထမဦးစွာ ရန်စ လာခဲ့သည်။
"သားမွေးထားတဲ့ ကလေးလေ။ ဘိုးဘိုးနဲ့ တူတယ်ဆိုတာဖြစ်နိုင်မှာတဲ့လား။
သေချာကြည့် သားနဲ့ ပဲတူတာ "
အဘိုးနားကပ်ကာ ကလေးကိုလုကြည့်ပီး
အမိန့် ပြိုင်ငြင်းလိုက်၏။ တကယ်ဆိုလျှင်
ရုပ်က မည်သူနှင့်တူသည်ဟုပင် ခွဲခြားလို့ ရနိုင်အောင်ထိ မပြီပြင်သေး။
သို့ပေမဲ့ အမြဲ စကားလုနေကျ မြေးအဖိုးမို့ တမင် မျက်စိစုံမှိတ်ငြင်းလိုက်ခြင်းသာ
"မင်းမွေးထားတိုင်း မင်းနဲ့ တူရမှာလား
မျိုးရိုးဆိုတာ အလကားပြောတာမဟုတ်ဘူး။ ငါမြစ်,မ ကိုကြည့် ငါနဲ့ ဘယ်လောက်တူလိုက်လဲ "
ဖေကြီး ပါ စကားဝိုင်းထဲပါလာပီမို့
အမိန့် မနိုင်တော့တာကြောင့် ချစ်ခြင်းကိုနှုတ်ခမ်းဆူကာ မကျေနပ်သလို မျက်စောင်းထိုးကြည့်လိုက်သည်။
ကုတင်ပေါ်ထိုင်နေပီး သူတို့ ကိုပြုံးကြည့်နေတဲ့ ချစ်ခြင်းက သူ
အကြည့်ကြောင့်လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
"အဟမ်း !သားနဲ့ ပိုတူတယ် ဖေကြီးနဲ့ သိပ်မတူပါဘူးနော့… မောင် "
ကျေနပ်သွားအောင် မျက်နှာချိုသွေးလိုက်မှ ပြန်ပြုံးလာတဲ့ မျက်နှာလေးကြောင့်
ချစ်ခြင်း သက်မ ချနိုင်တော့တယ်။ မလွယ်ဘူး ညီလေးတွေကို ချစ်ရတာ ဟူးးးး။
"ဟုတ်တယ် အချစ်နဲ့ ပိုတူတယ် ။သေချာကြည့်ပါ့လာ ဒီလောက် မျက်လုံးလေးကဝိုင်းနေတာ ဖေကြီးနဲ့ တူရင် မျက်စိပေါက်ကမရှိ ရုပ်ဆိုးမှာပေါ့ "
ဦးစိုင်းလူ - "…… "
မျက်စိတောင် သိပ်မဖွင့်နိုင်သေးတဲ့
ဆယ်ခြောက်ရက်သမီးလေး "………"
" မင်းအဲ့ဒါတော့ များသွားပီ။ ဘယ်သူ့ လိုက်မေးမေး ငါ့မြေးဆိုတာ လူတိုင်းလက်ခံနိုင်တဲ့ရုပ်။ ဥပဓိကို တချက်ကြည့်လိုက် လုံးဝ ခန့် ချော။ အဲ့ဒါငါနဲ့ တူလို့ ဒီရုပ်ထွက်လာတာ"
"ဟားဟား…သားမျက်နှာလိုက်တာမဟုတ်ဘူး။ သေချာကြည့်လေ လုံးဝဘိုးဘိုးကြီးနဲ့ မတူလေပဲ။ အမိန့်မှ အမိန့်ရုပ်ပါ။ သေချာတာကတော့ ဘိုးဘိုးကြီးတူရင် ထိပ်ပြောင်နေမှာပေါ့ …"
မဟာနှဖူးပိုင်ရှင်ဦးမိုးကောင်း -"……… "
" ခွီးး !!အချစ်မှန်တယ် "
ချစ်ခြင်းပုခုံးကိုဖတ်ပီး အမိန့် ပြုံးစိစိနဲ့ ထောက်ခံလိုက်တော့ ဘိုးဘိုးနဲ့ ဖေကြီးရဲ့
နဂါးမျက်စောင်းတွေ လွင့်လာ၏။ခပ်တည်တည်ဖြင့် ဘေးကအချစ်အားကိုးကာအမိန့် မသိချင်ယောင်ဆောင်နေလိုက်သည်။
"ဘာပဲပြောပြော ငါမြစ် ,မကို ငါ့နာမည်ပါအောင် မှည့်ရမှာပဲ "
ဦးစိုင်းလူ၏ စကားသည် လုံးဝ အလျော့မပေးလိုဟန်။
"ဟုတ်တယ် ငါ့မြစ်ပေါက်လေးကို လည်း
သေချာပေါက်ငါ့နာမည်ပါအောင်မှည့်ရမယ်"
ဘိုးဘိုးတို့ နှစ်ယောက်သား၏ အားမာန်အပြည့်စကားတွေကြောင့် အမိန့် မရယ်နိုင်တော့ပေ။အားကိုးစွာ ချစ်ခြင်းကိုလှည့်ကြည့်မိသော်လည်း ...
"ဒါတော့ဘယ်ဖြစ်မလဲ။ သားမွေးထားတာ
သားနာမည်ကတော့ ပါမှ ဖြစ်မှာပေါ့ ။
သမီးကို ချစ်လွန်း သားကို ချစ်သော ပါအောင် ထည့်ပေး နောက်က ဘာထည့်ထည့် အဆင်ပြေအောင်ထည့်လိုက် "
ပြတ်ပြတ်သားသား ချစ်ခြင်းရဲ့ စကားအဆုံးမှာ
အမိန့် မျက်နှာမဲ့ ကျလာ၏။ ဒါ အချစ်က သက်သက်စိန်ခေါ်လိုက်တာပင် ။ သူ့ နာမည်ကျပါအောင်ခေါ်ပီး အမိန့် ကျတော့ ကျီးထိုးထိုးခွေးစားစား မပါချင်နေပါလေ့စေဆိုပီး
ပြစ်ထားလို့ ရမလား။
" ဒါလုံးဝ မတရားဘူး ချစ်ခြင်းတစ်ယောက်ထဲ ဥ ဥ လို့ ရမလား။ သားပါ ပါဝင်ကူညီထားလို့ နှစ်ဥတောင်ပေါက်လာတာကို သားနာမည်မပါတာတော့ လုံးဝ
ကန့် ကွက်တယ်။ "
ပြေလည်စပြုနေသောရန်ပွဲကို အမိန့် မီးထပ်ရှို့ ၏။
" တရားတာတွေမတရားတာတွေငါမသိဘူး ။ ငါမြစ်ထီးလေးကို ချစ်သောမိုးထက်ကောင်း လို့ ပေးမယ် "
ကလေးပွေ့ ထားရင်းကနေ မျက်မှန်ကိုပင့်ပီး ဦးမိုးကောင်းလှမ်းပြောလိုက်တော့ အားကျမခံ ဦးစိုင်လူကပါ
" ဟုတ်တယ် ကိုမိုးကောင်းပြောတာမှန်တယ်။ ငါမြစ်မ ကိုလဲ ချစ်လွန်းစိုင်းသက်လူ လို့ နာမည်ပေးရမယ် "
" ဟားဟား !!နာမည်ကြီးတွေ မလှပလိုက်တာ။ သားရဲ့ကလေးတွေ ဒီလို နာမည် မလှမပတွေ မပေးနိုင်ဘူး။ ဖေကြီးနဲ့ ဘိုးဘိုး ဘေးကိုရှောင်လိုက်တော့။
သားပဲ ပေးလိုက်တော့မယ်။"
" ကဲအခုကစ
သားနာမည် ချစ်သောအာဏာမာန်
သမီးနာမည်ကချစ်လွန်းအာဏာစံ လို့
ပေးလိုက်ပီ ။
ထပ်မပြောတော့နဲ့ နော် တိုက်ဂေါနာမည်တွေ။ သားပေးထားတဲ့ နာမည်ကအကောင်းဆုံးပဲ "
ပထမ တိုက်ဂေါနာမည်ပိုင်ရှင်
ဦးမိုးကောင်း - "……… "
ဒုတိယတိုက်ဂေါနာမည်ပိုင်ရှင်
ဦးစိုင်းလူ - "……… "
ချစ်တဲ့ အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz