ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
34
ရက်တွေလတွေက တရွေ့ ရွေ့ တိုက်စားလာခဲ့ပြီးနောက်မှာ ချစ်ခြင်းပြည့်စုံရဲ့
သမိုင်းဝင် ရွှေဗိုက်သည်လည်း သိသိသာသာ ပူထွက်လာခဲ့သည်။ အဆင်မပြေမူ ၊အခက်ခဲများစွာကို မိသားစုလိုက်ဝိုင်းဝန်းဂရုစိုက်ခဲ့ကြသည်မို့  ကြီးကြီးမားမား
စိုးရိမ်စရာတော့ ထွက်ပေါ်မလာခဲ့ပေ။
လင်မယားနှစ်ယောက်သည် ဘိုးဘိုးကြီးဦးမိုးကောင်း ၏ မျက်စိအောက်မှာ အထိန်းသိမ်းခံအဖြစ် ခေါ်ထားခြင်းခံရပြီးပျော်ရွှင်စွာနေထိုင်လျက်ရှိကြသည်။ သို့ ပေမဲ့ ထိုပျော်ရွှင်
မူ့ သည် ဘိုးဘိုးနဲ့ တော့မသက်ဆိုင်ခဲ့ပေ။
" မောင် ဒါလေးစားကြည့်။ အရမ်းကောင်းတယ်။ ဟ ပါးစပ် "
တွေ ကျိန်းလာ၏။
ထိုနှစ်ယောက်သည် အတော်လေး စိတ်အနှောက်ယှက်ပေးလွန်းလှ၏။
အင်း
ကိုမိန့် သည်းမှာလည်းမပြောနဲ့ ဘယ်နေရာမှကိုမလှတာမရှိ ။ ရယ်လိုက်လည်းလှ ။
ငိုလိုက်လည်းလှ။
။ မင်းစားတာများနေပြီ"
သူများတွေဆို
"ဟုတ်ကဲ့ "
"အာ့!!"
"ဘာဖြစ်တာလဲ "
"အရမ်းနာနေလား။ "
မလုပ်တက်ချင်တာကျ..
ချစ်တဲ့အိမ်စည်။
" မောင် ဒါလေးစားကြည့်။ အရမ်းကောင်းတယ်။ ဟ ပါးစပ် "
ငရုတ်သီးမှုန့် နှင့် ဆားကို တို့ ပီး ကိုမိန့် ပါးစပ်ထဲ
ခွံ့လိုက်တဲ့ အနီရောင်ရဲရဲ မှန်ကူသီးကြောင့် ဦးမိုးကောင်းထိုင် ကြည့်နေရင်းသွား
တွေ ကျိန်းလာ၏။
အိမ်ကို လင်မယားနှစ်ယောက်လုံးပြန်ခေါ်ထားပီးကတည်းက အလုပ်မသွားပဲ ယောကျာ်းဘေးကပ်ပီး
အချိန်တိုင်း ကဲလွန်းသဲလွန်းတဲ့ ကိုမိန့် ကိုမျက်စိနောက်နေပေမဲ့ မြစ်တွေမျက်နှာနဲ့ လွှတ်သာ ထားလိုက်မိသည်။
အခုလည်း အိမ်ရှေ့ ဧည့်ခန်းမှာ ခုံပေါ်မထိုင်ပဲ ဇာတ်ကားကြည့်ရင်းမနေ့ က သူ့ တပည့်တစ်ယောက် ပို့ ပေးလိုက်တဲ့ မှန်ကူသီးတွေကို ပန်းကန်ထဲထည့်ကာ
လင်မယားနှစ်ယောက် အောက်မှ
ဒလပေထိုင်ပီးစားနေကြသည်။
ချစ်ခြင်းပြန်ရောက်လာကတည်းက အောက်ကမွှေးပွကာဇောနုနုတွေကို သူသွားတက်တဲ့နေရာမှန်သမျှအကုန်လိုက်ခင်းပေးထား၏။ အကြောင်းမှာ အအေးပါတ်မှာ
၊ ခလုတ်တိုက်ချော်လဲမှာတို့ ကြောင့်ပင်။
လူကြီးဖြစ်ပေမဲ့ ဦးမိုးကောင်းလည်းကောင်းကောင်းမနေရပေ။ မနိုင်စိန်နှစ်ယောက်သည် လုံးဝအငြိမ်မနေတက်ကြသည်မို့ သူ့ မှာ တချိန်လုံး မျက်စိဒေါက်ထောက်ကြည့်နေရ၏။
မှန်ကူသီးဆိုတဲ့အမျိုးသည် အရောင်သာလှတာ သေအောင်ချဉ်တဲ့အမျိုးပင်။
ဒါကို ဟိုကောင်ကပါ ခွံ့ ကျွေးသမျှ
မြိန်ရေယှက်ရေစားသောက်နေ၏။
ကြည့်နေရင်း ဦးမိုးကောင်းပါ သွားတွေကျိန်းလာ၏။
" ချစ်ခြင်း ငရုတ်သီးတွေ မစားနဲ့ နော်။ အရမ်းစပ်တာတွေစားရင် ကလေးတွေ နေမကောင်းဖြစ်တက်တယ် "
လက်ထဲကသတင်းစာထဲ ဦးမိုးကောင်းအာရုံကမရတော့။ အောက်မှာ ကျောပေးစားသောက်နေတဲ့
ချစ်ခြင်းကို မနေနိုင်တော့ဝင်ပြောမိသည်။
"ဟုတ် ဘိုးဘိုးကြီး သားမစားဘူး။
မောင်စားနေတာငရုတ်သီးက ။
သားကဒီတိုင်းမှန်ကူသီးတွေပဲစားတာ"
ဇာတ်ကားကြည့်နေရာမှခေါင်းလေးလှည့်ပြောလာတဲ့ ချစ်ခြင်းက ဗိုက်ကလေးထွက်လာမှ ပိုကြည့်ကောင်းလာ၏။
ခုနှစ်လနီးပါးလောက်အိမ်ပြင်မထွက်တာကြောင့် နေမယ် ။
နုဖက်နေတဲ့ မျက်နှာလေးက ပိုဖြူဥ
နေကာ မျက်တောင်ကော့ကော့လေးတွေကထင်းနေသည်မှာသိသိသာသာ။
အင်း
ကိုမိန့် သဲမှာလဲမပြောနဲ့ ဘယ်နေရာမှကိုမလှတာမရှိ ။ ရယ်လိုက်လည်းလှ ။
ငိုလိုက်လည်းလှ။
ခုလို ဗိုက်ပူနေတာတောင် လှနေမှတော့
အင်း ဒုက္ခပဲဒီဖေက မွေးလာတဲ့ ကလေးနှစ်ကောင်ကို ငါဘယ်လို ထိန်းရပါ့မလဲ။
စိတ်ကူးနဲ့ ပင် သွေးတိုးကာ မူးနောက်နောက်ဖြစ်လာတဲ့ခေါင်းကြောင့်
"မိကြည်ရေ သံပရာရေလေး တစ်ခွက်လောက်ဖျော်ခဲ့ပါဦး "
စကားတောင်မှမဆုံးသေးဖြတ်ခနဲ ပူးကပ်သွားတဲ့ ခေါင်းနှစ်လုံးကြောင့် မတက်သေးသောသွေးသည် စောင့်တက်လာ၏။
"ဟဲ့ မိကြည် သွေးကျဆေးပါ မြန်မြန်ယူခဲ့တော့ "
မီးဖိုချောင်ထဲကမိကြည်ကိုသာကုန်းအောမိ၏။
သူအခန်းဆီပြန်မှဖြစ်မယ်။
မဟုတ်ရင် ဟိုမျက်နှာရူးလင်မယားကို
တွေ့ တာနဲ့ ကောက်ပေါက်မိတော့မည်။
နောက်မှာ ဘိုးအေကြီးတစ်ယောက်လုံးငုတ်တုတ်ထိုင်နေတာကို ဖြစ်ချင်တိုင်းဖြစ်နေသည်။
"ဘဘ ဆေးနဲ့ သံပရာရေ ရပါပီ "
" ကြာလိုက်တာ ဒီမှာ သေမယ်ဆိုသေနေလောက်ပီ "
ဒေါသတကြီး မော့ကြည့်လာတဲ့ ဘဘကြီးကြောင့် ဒေါ်ကြည်ခမျာ ချက်ခြင်း
လာတာပါလို့ တောင် အထွန့် မတက်ရဲပေ။
ဆေးသောက်ပီးခွက်ကိုစောင့်ချကာအခန်းထဲ တန်းဝင်သွားတဲ့ ဘဘကြီးဦးမိုးကောင်းကို ဒေါ်ကြည် တအံ့တသြလိုက်ကြည့်မိသည်။
ဘဘကြီး ဘယ်တုန်းကဒီအချိန် အခန်းထဲ ဝင်ဖူးလို့ တုန်း။
ယောင်နနနဲ့ ခွက်လေးကိုင်ကာ မီးဖိုချောင်ထဲပြန်ဝင်သွားတဲ့ ဒေါ်ကြည်ကတော့ ကိုမိန့် တို့ ရောက်လာမှ ဆေးခဏခဏ သောက်နေရတဲ့ဘဘကြီးအကြောင်းစဉ်းစားခန်းဝင်နေဆဲပင်။
"မောင် သွားကျိန်းလိမ့်မယ်တော်တော့
။ မင်းစားတာများနေပြီ"
ပြောပီး အမိန့် ရှေ့ကပန်းကန်ကိုချစ်ခြင်းဘေးတွန်းရွေ့ လိုက်သည်။
" အချစ် မောင်ဘာလို့ အသား၊ ငါး
ခုထိစားလို့ ဘာလို့ မရသေးတာလဲ။
သူများတွေဆို
ဗိုက်လေးလလောက်ထိပဲ အန်တက်တာတဲ့။ မောင်ကတော့အချစ်တောင်မွေးတော့မယ်ခုထိ စားမရသေးဘူး"
တကယ်ကိုအမိန့်အာဏာက အသားဟင်း
မြင်ရင်ကို အန်တော့တာပင်။
ချစ်ခြင်း ဗိုက်ခုနှစ်လကျော်လို့ ရှစ်လရောက်နေပြီခုထိသူ့ မှာမရပ်သေးပေ။
" တူမလားတခြားသူတွေနဲ့ ။ သူများလင်မယားတွေထပ် အဆပေါင်းများစွာသာအောင် မင်းက ပိုချစ်လို့ ပေါ့ ။
ကြံဖန်ပြီး လျှောက်တွေးမနေနဲ့ ။ "
အဖြေကိုကျေနပ်သွားပုံပေါ်တဲ့ ကလေးက
ချစ်ခြင်းပုခုံးပေါ်ခေါင်းတင်ပီး အတော်ကြီးပူနေတဲ့ဗိုက်ကို ဖွဖွလေးလာဖက်လာ၏
"ဟုတ်တယ်နေမှာ ...ဟီး... မောင်ကတအားချစ်တာအချစ်လေးကို "
ချစ်ခြင်းပုခုံးပေါ်ခေါင်းတင်ပီးဇာတ်ကားကြည့်ရင်း ကပ်ချွဲနေတဲ့မောင့်ကို မျက်နှာလေးငုံ့ ကာနမ်းလိုက်၏။
"အင်း ငါသိတာမို့ လို့ ဒီလိုလေးပဲ ငါ့ကိုပိုချစ်ပေး "
"ဟုတ်ကဲ့ "
တိုးတိုးသေးသေးအချွဲသံလေးက အမိန့်
မူပိုင်။ တခါတလေ ချစ်ခြင်းထက် အမိန့် က ပိုချွဲ ၊ ပိုဂျီ ကျတက်သေးသည်။
"မောင် မင်းငါ့ကို မထိတာ ဗိုက်စပူတယ် ဆိုတာသိကတည်းကနော်။ ဘာလို့ လဲ ။
အဲ့လောက်ကြီးနေနိုင်စရာအကြောင်းမရှိ
ဘူး။ မင်းဘာတွေမဟုတ်တာလုပ်ထားသေးလဲ "
" စလာပြီ အချစ်ရာ ။ အချစ်နားက ဘယ်သွားလို့ မဟုတ်တာလုပ်ရမှာလဲ ။မောင့်မှာမင်းတစ်ယောက်ပဲရှိတယ် ။ မထိတာမဟုတ်ဘူး မထိရက်တာ။ မင်းကိုအမြဲထိတွေ့ ချင်တယ်ဆိုပေမဲ့ မောင့်ယူထားတာယောကျာ်းလေး ။ မလိုလားအပ်တဲ့ ပြသနာတွေရှိလာမှာမို့ ဆင်ခြင်ရတယ်လေ။ပြီးတော့ မင်းမှာ ကလေးတွေလည်းရှိနေတာကို မောင်က လုပ်စရာလား။ မသိရင် အချစ်ကို အဲ့ဒါလုပ်ချင်လို့ ယူထားသလိုဖြစ်နေပြီ။ အချစ်ကို ခုလို ဖြစ်အောင် လုပ်ထားမိလို့ တောင်
မောင်မှာ ဘယ်လောက်အားနာရတယ်မှတ်လဲ "
ဗိုက်ကလေးကိုပွတ်ကာ အသံတိုးဝင်သွားတဲ့မောင့်ကြောင့် ချစ်ခြင်းသက်ပြင်းချရပြန်သည်။တကယ်ကိုမောင်က ရှစ်လနီးပါးလောက်
ချစ်ခြင်းကိုလုံးဝမထိတာပင်။ ကလေးတွေ
တခုခုဖြစ်မှာဆိုးလို့ မထိတာဆိုတာသိပေမဲ့ ဒါအရမ်းအစိုးရိမ်လွန် လွန်းနေတာပဲမို့ လား။
"အာ့!!"
"ဘာဖြစ်တာလဲ "
ဗိုက်ကိုင်ကာ အော်လိုက်တဲ့ချစ်ခြင်းကြောင့်အမိန့် မှီထားရာမှ ခွာလိုက်ပီး စိုးရိမ်တကြီးမေးလိုက်၏။
" အာ့! ကန်ပြန်ပီ မင်းကလေးတွေ ဆိုးလိုက်တာ ခုတလော တအားကန်နေတာပဲ အာ့! "
"ဟုတ်လား အရမ်းနာနေလား... မောင်ပွတ်ပေးမယ် လက်ဖယ်လိုက် "
ချစ်ခြင်းပိုက်ထားတဲ့ ဗိုက်ပေါ်က လက်ကလေးကို ဖယ်ပီး အမိန့် ဖွဖွလေးပွတ်ပေးလိုက်သည်။
"ကလေးတို့ ရေ ... ဒယ်ဒီ့ အချစ်လေးကို
အရမ်းမကန်ကျပါနဲ့ နော်။ ဖေဖေသနားပါတယ် နာနေရှာပြီလေ ။ "
"အား!နာလိုက်တာ ကျွတ်... ကျွတ် မင်းပြောမှပိုကန်လာသလို ပဲ ။ "
"ရိုက်မှာနော်ထွက်လာရင် ဖေဖေနာလို့
ရှုံ့မဲ့နေပီ။ ဖေဖေအရမ်းနာအောင်ဆိုးနေရင် ဒယ်ဒီ က မချစ်တော့ပဲထားလိုက်မှာ "
"အား! တော်ပီ မောင် မပြောနဲ့ တော့
မင်းပြောမှ ပိုဆိုးလာပီ "
"အရမ်းနာနေလား။ "
တစစ်စစ်ကိုက်လာတဲ့ ဗိုက်ကြောင့် ချစ်ခြင်း မျက်ရည်တွေတောင်ကျလာ၏။
"အား!! မရတော့ဘူး မောင် အရမ်းနာနေပီ"
မျက်ရည်တွေကျ ကာ အော်နေတဲ့ချစ်ခြင်းကြောင့်
အမိန့် ဘာလုပ်ရမှန်းမသိ ကြောက်လာသည်။ ထို့ ကြောင့်သိတက်နားလည်တဲ့ ဒေါ်ကြည်ရှိရာ နောက်ဖေးကိုသာ ကုန်းအော်လိုက်သည်။
"ဒေါ်ကြည် ... ဒေါ်ကြည်လာပါအုန်း
ဒီမှာ ချစ်ခြင်းဗိုက်နာလို့ တဲ့ "
" ဘာ... ဗိုက်နာနေတယ် ။ဒီလိုဖြစ်မှာကြိုသိနေလို့ ဒါတွေ မစားပါနဲ့ လို့ ပြောသားပဲ ဒါကို ငါ့စကားမှနားမထောင်ကျတာ အခုတော့ ဖြစ်ပီမို့ လား... မိကြည်ရေ ...လိုအပ်တာပြင်ထားလိုက်။ စိန်သောင်း ကားပြင်ထားလိုက်... အမြန်လုပ်ကြ "
ခေါ်တာကတစ်ယောက် ချက်ခြင်းယောက်လာတာက ဘိုးဘိုးမို့ အမိန့် မျက်နှာငယ်လေးနဲ့ ဆူသမျှ ခံနေရသည်။ ချစ်ခြင်းတစ်ခုခုဖြစ်တိုင်း ဘာမှမလုပ်တက်တော့တဲ့ အမိန့် က ခုလည်း အော်ညီးနေတဲ့ ချစ်ခြင်းဘေးမှာ သူပါ မျက်ရည်လေး စမ်းစမ်းဖြစ်နေ၏။
"အား !နာလိုက်တာ ...ဘိုးဘိုး သားအရမ်းနာနေလို့ ကယ်ကြ ပါဦး "
"ဟီးအီးအီး ...ဘိုးဘိုး နာလို့ တဲ့ သားလည်းမလုပ်တက်တော့ဘူး... ဟင့် ...လုပ်ကြပါဦး...ဟီးးအီးး"
ပြောရင်း ချစ်ခြင်းကို ပွေ့ ပီး ငိုယိုနေတဲ့
အမိန့် ကို ဦးမိုးကောင်း စိတ်မရှည်တော့။
" မင်းလုပ်တက်တာဘာရှိလဲ ။ ငိုမနေနဲ့
နားညီးတယ် ။ သွား မင်းလင်ကိုပွေ့ ပီး
ကားပေါ်တင် ။ ဒါမွေးချင်လို့ ဖြစ်တာ ။
မင်းလုပ်တက်တာကျ ...ကျွမ်းကျွမ်းကျင်ကျင်လုပ်တက်တယ် ။
မလုပ်တက်ချင်တာကျ..
သားဘာမှ...မလုပ်တက်တော့ဘူးလာမလုပ်နဲ့ ။ ဒီဗိုက် ဘယ်ကထွက်လာတာတုန်းဆိုတာပြောလိုက်ရရင်မကောင်းရှိတော့မယ်။ ခုအဲ့ဒီ အရည်တွေ သုတ်။ မြင်ရတာ မအပ်စပ်ဘူး "
ဘိုးဘိုးပြောတာတွေလည်းအရင်လို စိတ်မဆိုးနိုင် ။
မျက်ရည်တွေကိုကမန်းကတန်းသုတ်ပီး
အမိန့် ..ချစ်ခြင်းကိုပွေ့ ချီလိုက်သည်။
" ကားအဆင့်သင့်ဖြစ်ပီ ဘဘ "
ဦးစိန်သောင်း စကားကြောင့် အမိန့် ချစ်ခြင်းကို ပွေ့ ချီပြီး လျှင်မြန်စွာ ကားပေါ်တင်လိုက်၏။
"အား !! နာလိုက်တာ ...ကျွတ်...ကျွတ်... ဘိုးဘိုးကယ်ပါဦး အား ! ဒါမင်းကြောင့် ဖြစ်တာ ...အာ့ !"
ပြောရင်း ခေါင်းလှမ်းဆွဲလိုက်တာမို့
ချစ်ခြင်း လက်ထဲမှာ အမိန့် ခေါင်းကြီးရမ်းခါနေ၏။
ငိုချင်ရက် လက်တို့ ဆိုသလို အသားနာတော့ အမိန့် အော်သံကြီးပြဲလန်နေအောင်ထွက်လာသည်။
"အား !အချစ်... ဟင့်... ဆွဲဆွဲ မောင့်ကြောင့် ...အာ့!... ဖြစ်တာ အင့်ဟင့်...
နာတယ် ...အချစ်ရဲ့...ဟီးအီးအီး ......
...အချစ်ကြိုက်သလောက်ဆွဲ
မောင့်မကောင်းလို့ ...ဖြစ်တာ... အားးးး !!...နာတယ် ...အင့်...ရက်စက်လိုက်တာ အချစ်က...
မောင့်ဆံပင်တွေကျွတ်ကုန်ပီလားမသိဘူး ဟီးအီးးးဟီး"
အားကုန်ဆွဲထားတဲ့ လက်ထဲမှာ အမိန့် ဆံပင်အပြုံ လိုက်က စိတ်မကောင်းစဖွယ်။
"အားးး! မြန်မြန်မောင်းပါ ဦးလေးရယ်
ဒီမယ် နာလို့ သေတော့မယ် "
"ဟီးးးအီးအီး ... ဟုတ်တယ်။ အချစ်ပြောသလို အင့်... မောင်းပေးကျပါ အာ့ ...နာလိုက်တာ အချစ်ရယ်... အူးဝါး... အချစ်လုံးဝမကောင်းဘူး......အင့်... မောင့်ဆံပင်တွေ တော့ ကုန်ပါပီ "
နောက်ခန်းမှာ အပြိုင်အဆိုင်ငိုနေကြတဲ့
နှစ်ယောက်ကြောင့် ဦးမိုးကောင်းနားတွေအူလာ၏။ တလမ်းလုံး ဗိုက်နာတဲ့သူက နာသလို သူနဲ့ အပြိုင် လိုက်ငိုပေးသူကပေးမို့ အတော်ကြီး ပွက်လောရိုက်နေသည်။
"စိန်သောင်းရေ မြန်မြန်သာမောင်းတော့
မဟုတ်ရင် ငါ ကန်ချမိတော့မှာနောက်ကနှစ်ယောက်ကို "
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz