ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
33
( တစံုတရာအမွားပါသြားရင္ေတာင္းပန္ပါတယ္။ စိတ္ကူးယဥ္ေရးတဲ့ficမို ့လက္ေတြ့ ့နဲ ့နီးစပ္ဖို ့မေသခ်ာပါဘူး။ )
airconေလေအးသည္ ေအးျမလွေသာ္လည္း စိတ္လႈပ္ရွားေနေသာ ခ်စ္ျခင္းတို ့နွစ္ေယာက္၏ အပူမီးကိုေတာ့ မ ျငိမ္းေစပါ။ မျငိမ္မသက္ေရြ ့လ်ားေနတဲ့ မ်က္ဆံအိမ္ေႀကာင့္ ခ်စ္ျခင္း အေတာ္ႀကီးစိတ္လွဳပ္ရွားေနမယ္ဆိုတာ အမိန္ ႔လည္းသိမွာပင္။
" ေမာင့္ ...အဆင္ေျပပါ့မလား ငါေႀကာက္ေနတယ္"
" ဘာမွမျဖစ္ပါဘူး။ မေၾကာက္နဲ ့ေနာ္။
ဒီလေတြမွာ ေမာင္ေရာ၊ မင္းေရာ ေသခ်ာ
ဂရုစိုက္ခဲ့ၾကတာပဲ။ "
ေအးစက္တုန္ရီေနတဲ့ လက္ဖ်ားေလးကို
အမိန္ ့ညင္သာစြာ ဆြဲဆုပ္ ကိုင္လိုက္ပီး
ေပါ့ေပါ့ပါးပါးျပံဳးျပ ရင္းေျပာလိုက္သည္။
အေပၚယံမွာသာ ၿပံဳးေနမိေပမဲ့ အမိန္ ့ရင္ထဲမွာလည္း ကမာၻပ်က္သလိုခံစားေနရတယ္ သူကိုယ္သူသာ သိ၏။
ဒီေန ့သူတို ့ကေလးေတြကို ပထမဆံုး ဘာေလးေတြလဲဆိုတာ
ျမင္ေတြ ့ရမဲ့ အာထရာေဆာင္းရုိက္မည့္ေန ့။
ကုတင္ေပၚမွာ လူနာဝတ္စံုေလးနဲ ့ ခ်စ္ျခင္းက အိပ္ေနၿပီး အမိန္႔ကေတာ့ ေဘးကေန ထိုင္ကာ ေအးေနတဲခ်စ္ျခင္းလက္ေတြကို ဆုပ္နွယ္ ေပးရင္း ေလးထင္ကို ေစာင့္ေနတာျဖစ္၏။
"ဘယ္လိုလဲ စိတ္လွဳပ္ရွားေနႀကတာလား"
ခပ္ႀသႀသအသံနဲ ့နွုတ္ဆက္ရင္း
အျဖဴေရာင္ လက္အိတ္ကိုစြပ္ကာဝင္လာတဲ့ ဦးေလးျဖစ္သူေဒါက္တာဦးမင္းထင္ေက်ာ္။
"ဟုတ္ ..နည္နည္းေႀကာက္ေနတယ္"
တုန္တုန္လွဳပ္လွဳပ္ ဆိုလိုက္တဲ့ခ်စ္ျခင္းကို
ေႏြေႏြးေထြးေထြးျပံဳးျပပီးမွ...။
"ဘာမွမျဖစ္ဘူး စိတ္ကိုေလ်ာ့ထား ...သား။အရင္ ရက္ေတြ ကတည္းက ကိုမိန္ ့ေရာ သားေရာ တအားဂရုစိုက္ထားတာပဲ ။ ဆရာမ အက်ၤ ီေလး လွန္ေပးပါအုန္း"
ခ်စ္ျခင္းကို စကားေျပာေနရင္းပင္ ေဘးက
အနီဝတ္သူနာျပဳေလးပါ လွည့္ပီးခိုင္းလိုက္တာေႀကာင့္ အမိန္ျပာျပာသလဲ တားလိုက္ရသည္။
မိန္းကေလးတစ္ေယာက္က အက်ၤ ီ
လာလွန္မွာကို ခ်စ္ျခင္းေနရခက္ေပလိမ့္မည္။
အိမ္မွာဆို အမိန္ ့ေရွ ့ေတာင္ ခုလိုေနရဲတာမဟုတ္။
အရိပ္အေျခႀကည့္တက္တဲ့ေလးထင္က ပင္...။
"ကဲ သမီးေရ ...ဒီလူနာက
ေယာက်ာ္းေလးကိုယ္ဝန္ေဆာင္ဆိုတာ
အျပင္မွာ စကားတစ္လံုးေတာင္ထြက္လို ့မရဘူးဆိုတာ သိတယ္မို ့လား။ အရင္ကတည္းက ေျပာထားပီးသားဆိုေပမဲ့..
ဒါ ဆရာ တတိယအႀကိမ္ေျမာက္အကူညီေတာင္းတာပါ။ လူနာရဲ့
ကိုယ္ေရးကိုယ္တာမို ့အျပင္ကိုေပါက္ႀကားလို ့
မရပါဘူး ။ ဆရာဘာသာႀကည့္လုပ္လိုက္မယ္ သြားလို ့ရပီ သမီး"
"ဟုတ္ကဲ့ သမီးနားလည္ပါတယ္ ဆရာ "
ရုိရုိေသေသေခါင္းညိမ့္ျပံဳးျပပီး
ထြက္သြားတဲ့ သူနာျပဳကို တစ္ခ်က္ႀကည့္ပီးေလးထင္ကိုေက်းဇူးတင္စကားေျပာလိုက္၏။ ျပီးမွ ခ်စ္ျခင္းအက်ီ ၤေလးကိုလွန္တင္ေပးလိုက္သည္။
သူဂရုစိုက္ေကာင္းလို ့ ဆိုးဆိုးဝါးဝါးအေႀကာျပတ္တာ အသားေရမေကာင္းေတာ့တာဘာညာမရွိတဲ့ ေျခာက္လဗိုက္ျဖဴျဖဴဥဥေလးက ထင္းခနဲ ေပၚလာသည္။
"ေက်းဇူးပါ ေလးထင္ ။ ခ်စ္ျခင္း ေနရခက္မွာမို ့တစ္ေယာက္မွ မသိေစခ်င္တာပါ ။ အျပင္မွာလည္း အငွားကိုယ္ဝန္လို ့ပဲ ေျပာထားေတာ့ ဘယ္သူမွမသိေလေကာင္းေလပဲ ။
ေလးထင္တို ့ ေဆးပညာေလာကအရ ဒါက အထူးအဆန္းမဟုတ္ေပမဲ့ အျပင္ေလာကမွာက မတူဘူးေလ ။ၿပီးေတာ့ ခ်စ္ျခင္းကို တမ်ိဳးတမည္ႀကည့္က်မွာက်ြန္ေတာ္မႀကိဳက္လို ့ပါ။ ေလးထင္အခ်ိန္ေတြကို သီးသန္႔ ယူရတာအားနာေပမဲ့ လူရွင္းခ်ိန္လာမွအဆင္ေျပမွာမို ့ခုခ်ိန္ ခ်ိန္းလိုက္ရတာ။ "
ခ်စ္ျခင္းဗိုက္ကို ေအးစက္စက္ဂ်ယ္ေတြ
သုတ္လိမ္းေနရင္း သူ ့တူေျပာသမ်ွကိုေခါင္းတညိမ့္ ညိမ့္ နားေထာင္ေပးေနတဲ့
ဆရာဝန္ႀကီးကို ခ်စ္ျခင္းကေတာ့ ေဘးကေနအားနာေနရ၏။ သားဖြားမီးယပ္ ပါရဂူေဒါက္တာဦးမင္းထင္ေက်ာ္ဆိုတာ နယ္နယ္ရရမွမဟုတ္တာ။
ဒါကို သူေဆးစစ္ဖို ့လာတိုင္း လူရွင္းပီး
သူမ်ားမရွိေတာ့တဲ့ အခ်ိန္ သီးသန္ ့ကိုသာ
ေမာင္ကေရြးခ်ယ္ကာ ေဆြးေႏြးေစသည္။
" အားနာစရာမွမဟုတ္တာ ကိုမိန္ ့ရာ
ဒီလူနဲ ့ဒီလူကို ...။
သား ခ်စ္ျခင္းစိတ္ကိုေလ်ာ့ထား သားသားေလးလိုခ်င္လား မီးမီးေလးလိုခ်င္လား "
ဗိုက္ကို စမ္းသက္ကရိယာနဲ ့ထိေတြ ့ပီး
ခ်စ္ျခင္းကိုစိတ္လွဳပ္ရွားသက္သာေအာင္
စကားေတြ ေလ်ွာက္ေမးေနသည္။
"ဘာေလးေနေန က်ြန္ေတာ္က ခ်စ္မွာပါ။"
"ဟုတ္ပါပီဗ်ာ ။ ကဲကိုမိန္ ့ေရ ကေလးေတြဒီမွာျမင္ရဲ့လား ကိုယ္လက္ အဂၤါ အကုန္စံု
ပါတယ္။ ေကာင္းတယ္ ။ နွလံုးခုန္သံလည္း မွန္တယ္ ။ "
ခ်စ္ျခင္းေဘးနားက TVအေသးေလးထဲမွာ
ေပၚေနတဲ့ ကေလးေလးနွစ္ေယာက္ပံုကို
လက္နဲ ့ထိုးပီးရွင္းျပေပးေန၏။
" ပံုမွန္ သားအိမ္မဟုတ္ေတာ့ နည္းနည္းက်ဥ္းေနတယ္။ စိတ္ပူစရာေတာ့မဟုတ္ေပမဲ့ ကေလးကနွစ္ေယာက္ဆိုေတာ့ အနည္းငယ္ေနရေတာ့ခက္မွာေပါ့။ ကေလးနည္းနည္းအထြားနည္းေနေတာ့ ေတာ္ေသး
တယ္ေျပာရမယ္။ "
"စိတ္ပူရလား။က်ြန္ေတာ္ဘာေတြ လုပ္ဖို ့လိုအပ္ေသးလဲေလးထင္ "
"ရတယ္ အကုန္ဆင္ေျပတယ္။ ေလးထင္ေဆးစာေရးေပးမယ္။ ခုရက္ပိုင္း ခ်စ္ျခင္း
ကို အေနအထိုင္အစားေသာက္ေလး ပိုဂရုစိုက္ေပး။ သက္သက္လြတ္သမားဆိုေပမဲ့
ကေလးေတြအတြက္ အသားဓာတ္လိုတယ္ ။ အားရွိေအာင္စားေပးရမယ္ ။အင္း
ကိုမိန္ ့ ဒီမွာႀကည့္ ဒါေယာက်ာ္းေလး.. ဒီမယ္ ဒီဖက္ကတစ္ေယာက္ ။ ေတြ ့လား ဒီညာဖက္ေဘးနား "
ခ်စ္ျခင္းလက္ကို ပိုဆုပ္ကိုင္ကာ အမိန္ ့သည္ စိတ္လွဳပ္ရွားမူ ႔ေၾကာင့္ မ်က္လံုးေတြက စိန္တုံးေလးေတြလို တဖ်တ္ဖ်တ္လဲ့ ေန၏။
စိတ္ဝင္တစား အာထရာေဆာင္းရုိက္ေနတဲ့မွန္ျပင္ေပၚကိုႀကည့္ေနတဲ့ ေကာင္ေလးသည္ သားသမီးေဇာနဲ ့ ခ်စ္ျခင္းကိုေတာင္ေမ ့လို႔ေန၏။
လက္ကို အတင္းဆုပ္ထားလို ့နာေသာ္ျငား တခါမွမျမင္ဘူးတဲ့ အျပံဳးေလးေႀကာင့္
ခ်စ္ျခင္းမ်က္ရည္စေတြ ရစ္သီလို႔သြားသည္။
မိဘေမတၱာဆိုတာဒါလား။ ေဖေဖေရာခ်စ္ျခင္းတုန္းကခုလို ေပ်ာ္ခဲ့ရဲ့လားဆိုတာခ်စ္ျခင္းသိခ်င္သည္။
" ဒီဖက္က ရတနာေလးက ဟားဟား
မင္းဘိုးဘိုးေတာ့ ေပ်ာ္ေနေတာ့မွာပဲကိုမိန္႔ေရ ။ မိန္းကေလးကြ ။ ေယာက်ာ္းေလးတစ္ေယာက္မိန္းကေလးတစ္ေယာက္ က်န္းမာေရးလည္းေကာင္းတယ္။ အဂၤါလဲစံုတယ္။ အေနထားလဲမွန္တယ္။ကေလးနည္းနည္းေသးေနတာေလးတစ္ခုပဲ "
ေလးထင္ရဲ့ ေနာက္ဆက္ေျပာေနတဲ့စကားေတြကို အမိန္ ့မႀကားေတာ့ပါ။ သူသိတာ သားနဲ ့သမီးေလး က်န္းမာေရးေကာင္းတယ္ဆိုတာပဲ ႀကားလိုက္ေတာ့သည္။
သူ အမ်ားႀကီးေႀကာက္ေနခဲ့တာ၊ စိုးရိမ္ခဲ့ရတာ။
ဒီလို အသံေလးႀကားဖို ့လေပါင္းမ်ားစြာႀကာေအာင္ရင္တမမနဲ ့ခ်စ္ျခင္းကိုဘယ္ေလာက္ေစာင့္ေရွာက္ခဲ့ရလဲ။ ဝမ္းနည္းစိတ္နဲ ့ခ်စ္ျခင္းကိုေထြးေပြ ့ပီး အမိန္ ့ႀကဴႀကဴပါေအာင္ငိုပစ္လိုက္၏။
ဘယ္သူ ့ကိုမွ မရွက္နိုင္ေတာ့ေပ။
အခုခ်ိန္မွာ ခ်စ္ျခင္းကိုဖက္ပီးသူငိုခ်င္ေနတာပဲသိတယ္။
"ဟီးအီးအီး ႀကားလိုက္လား ...အင့္ အခ်စ္ႀကားလိုက္ရတယ္မို ့လား... ဟီးအီး... သားနဲ ့သမီးတဲ့ ...အင့္... ေမာင္ဘယ္ေလာက္ေစာင့္ခဲ့ရလဲ... ဟီးဟီး... ေမာင္ဘယ္ေလာက္စိတ္ပူခဲ့ရလဲ ။ ေနာက္ဆံုး အဆင္ေျပတယ္ဆိုတဲ့စကားကို ဟင့္...ေမာင္ ႀကားရေအာင္
ဘယ္ေလာက္ႀကိဳးစားခဲ့ရလဲ ဟီးအီး... "
ဝမ္းနည္းပက္လက္ ဖက္ပီးငိုေနတဲ့ေမာင့္ကို ခ်စ္ျခင္းျပန္လည္ေထြးေပြ ့ရင္း မ်က္ခမ္းေထာင့္ကက်လာတဲ့ မ်က္ရည္စက္ကို လက္မေလးနဲ ့သုတ္လိုက္ရင္း
"ငါမေျပာဘူးလား အရူးေလးရဲ့ ။
ငါတို ့ကေလးေတြ ကို ယံုႀကည္ေပးလိုက္
ရေအာင္လို ့ ငါမေျပာခဲ့ဘူးဘူးလား ။
ေတြ ့လိုက္တယ္မို ့လား မင္းကေလးေတြ
ငါ့ဗိုက္ထဲမွာ ဘယ္လိုေတာင္ လွလွပပ
ေကာင္းေကာင္းမြန္မြန္ ရွင္သန္ေနႀကလဲဆိုတာ။"
ရင္ဘက္ကို မ်က္နွာအပ္ကာ ငိုရွဳိက္ရင္းေခါင္းညိမ့္ျပတဲ့ေမာင့္ကို ႀကည့္ကာခ်စ္ျခင္းျပံဳးလိုက္၏။ ေလးထင္ဘယ္ခ်ိန္ကထြက္သြားလဲ ခ်စ္ျခင္းတို ့မသိလိုက္ဘူး။
အသက္ရွဳသံေလးနဲ ့ပီပီျပင္ျပင္ မေပၚေသးတဲ့ရုပ္ကေလးေတြႀကည့္ပီးဒီေလာက္ေပ်ာ္ေနရင္ အျပင္သာထြက္လာခဲ့ရင္
ခ်စ္ျခင္းတို ့ အရမ္းကိုေပ်ာ္ေနမိသည္။
_____
ထိုင္လိုက္ထလိုက္ လမ္းေလ်ွာက္လိုက္နဲ ့
လွဳပ္စိခတ္ေနတဲ့
ဦးမိုးေကာင္းကို ဦးစိုင္းလူ မ်က္စိမေနာက္အား သူကိုယ္တိုင္လဲ ဘယ္ေလာက္စိတ္လွဳပ္ရွားေနလဲဆိုတာ သိလို ့ကိုယ္ခ်င္းစာသည္။
ကိုယ့္ေျမးထီးက ဗိုက္ႀကီးတယ္
ဆိုတာ အေတာ္ႀကီးမ်က္နွာပူရေပမဲ့ သူ ့
ျမစ္ကေလးေတြေႀကာင့္ မသိခ်င္ေယာင္ေဆာင္ပီး ခ်စ္ျခင္းအိမ္မွာ ဦးမိုးေကာင္းနဲ ့
အတူလာထိုင္ေစာင့္ေနျခင္းျဖစ္သည္။
ေဆးရုံကိုလိုက္သြားခ်င္ေပမဲ့ ခ်စ္ျခင္းက
မလိုက္ေစခ်င္တာမို ႔ အိမ္မွာပဲ က်န္ခဲ့ရ၏။
ဒါကို သူနားလည္ပါ သည္။
သူ ကိုယ္တိုင္ေတာင္ ေနရခက္လွသည္မို႔
ခ်စ္ျခင္းသည္လည္း ရွက္ရွာမွာေပါ့။
" ထိုင္ေနစမ္းပါ ကို မိုးေကာင္းရာ။
ျပန္မွ မလာေသးပဲ။ ခင္ဗ်ားၾကည့္ရတာ
က်ဳပ္ျဖင့္ ထိုင္ေနရင္းေတာင္ ေမာေနပီ "
"ထိုင္လို႔မရဘူးကိုစိုင္းလူ ။ ကြၽန္ေတာ့္ဘဝမွာ ပထမဦးဆံုး ရမဲ့ ေျမးဦးဗ်..ေျမးဦး ။
ခင္ဗ်ား ထိုင္ေနလို႔ရေပမဲ့ က်ဳပ္ကေတာ့
ဘာေလးလဲဆိုတာ သိခ်င္လြန္းလို ႔
ၿငိမ္ၿငိမ္ေနလို႔ကိုမရဘူး ဗ်ိဳ ႕ "
"ေဟာ...လာျပီ လာျပီ ...ဟိုမွာကားဝင္ေနပီ "
ေျပာေျပာဆုုိုဆို အိမ္ေရွ ့ေျပးထြက္သြားတာေႀကာင့္ ဦးစိုင္းလူ အျမင္မတည့္ျဖစ္သြားသည္။
"ဒီလူ ကိုယ့္အသက္မွအားမနာ ေခ်ာ္လဲမွ
ျဖင့္ေက်ာ္မေကာင္းႀကားမေကာင္းျဖစ္အုန္းမယ္။ ဒုကၡပဲ မႀကီးမငယ္နဲ ့"
တိုးတိုးေျပာကာ သူကေတာ့ ဧည့္ခံမွာသာ
ေစာင့္ရင္း က်န္ခဲ့သည္။
" ဘာ! ေယာက်ာ္းေလးနဲ ့မိန္းကေလး "
ဝမ္းသာအားရ ဦးမိုးေကာင္းရဲ့ေအာ္သံ
ေႀကာင့္ ဦးစိုင္းလူ ခါးကမတ္ခနဲ ျဖစ္သြားသည္။
ထို ႔ေနာက္ ေက်နပ္အားရတဲ့ အျပံဳးတစ္ခုကို ခ်ိတ္ဆြဲပီး တိုးတိုးတိတ္တိတ္ ေရရြတ္လိုက္သည္။
"ဟြန္ ့...ဒီတစ္ခါေတာ့ ေျမးမကိုပဲ ယူမယ္။
ဥ ဥတာျခင္းအတူတူ ေျမးမ ကမွႀကားလို့ ့ေကာင္းေသးတယ္။
ခ်စ္ျခင္းျပည့္စံုလို ေနာက္တစ္ေယာက္သာဆိုရင္ ငါ့မ်က္နွာ ဘယ္နားသြားထားရမလဲ ။ လံုးဝပဲ ။ တခါထဲနဲ ့ သင္ခန္းစာအႀကီးႀကီးရပီးသား"
ခ်စ္တဲ့အိမ္စည္။
( တစုံတရာအမှားပါသွားရင်တောင်းပန်ပါတယ်။ စိတ်ကူးယဉ်ရေးတဲ့ficမို့ လက်တွေ့ နဲ့ နီးစပ်ဖို့ မသေချာပါဘူး။ )
airconလေအေးသည် အေးမြလှသော်လည်း စိတ်လှုပ်ရှားနေသော ချစ်ခြင်းတို့ နှစ်ယောက်၏ အပူမီးကိုတော့ မ ငြိမ်းစေပါ။ မငြိမ်မသက်ရွေ့ လျားနေတဲ့ မျက်ဆံအိမ်ကြောင့် ချစ်ခြင်း အတော်ကြီးစိတ်လှုပ်ရှားနေမယ်ဆိုတာ အမိန့် လည်းသိမှာပင်။
" မောင့် ...အဆင်ပြေပါ့မလား ငါကြောက်နေတယ်"
" ဘာမှမဖြစ်ပါဘူး။ မကြောက်နဲ့ နော်။
ဒီလတွေမှာ မောင်ရော၊ မင်းရော သေချာ
ဂရုစိုက်ခဲ့ကြတာပဲ။ "
အေးစက်တုန်ရီနေတဲ့ လက်ဖျားလေးကို
အမိန့် ညင်သာစွာ ဆွဲဆုပ် ကိုင်လိုက်ပီး
ပေါ့ပေါ့ပါးပါးပြုံးပြ ရင်းပြောလိုက်သည်။
အပေါ်ယံမှာသာ ပြုံးနေမိပေမဲ့ အမိန့် ရင်ထဲမှာလည်း ကမ္ဘာပျက်သလိုခံစားနေရတယ် သူကိုယ်သူသာ သိ၏။
ဒီနေ့ သူတို့ ကလေးတွေကို ပထမဆုံး ဘာလေးတွေလဲဆိုတာ
မြင်တွေ့ ရမဲ့ အာထရာဆောင်းရိုက်မည့်နေ့ ။
ကုတင်ပေါ်မှာ လူနာဝတ်စုံလေးနဲ့ ချစ်ခြင်းက အိပ်နေပြီး အမိန့်ကတော့ ဘေးကနေ ထိုင်ကာ အေးနေတဲချစ်ခြင်းလက်တွေကို ဆုပ်နှယ် ပေးရင်း လေးထင်ကို စောင့်နေတာဖြစ်၏။
"ဘယ်လိုလဲ စိတ်လှုပ်ရှားနေကြတာလား"
ခပ်သြသြအသံနဲ့ နှုတ်ဆက်ရင်း
အဖြူရောင် လက်အိတ်ကိုစွပ်ကာဝင်လာတဲ့ ဦးလေးဖြစ်သူဒေါက်တာဦးမင်းထင်ကျော်။
"ဟုတ် ..နည်နည်းကြောက်နေတယ်"
တုန်တုန်လှုပ်လှုပ် ဆိုလိုက်တဲ့ချစ်ခြင်းကို
နွေနွေးထွေးထွေးပြုံးပြပီးမှ...။
"ဘာမှမဖြစ်ဘူး စိတ်ကိုလျော့ထား ...သား။အရင် ရက်တွေ ကတည်းက ကိုမိန့် ရော သားရော တအားဂရုစိုက်ထားတာပဲ ။ ဆရာမ အင်္ကျီလေး လှန်ပေးပါအုန်း"
ချစ်ခြင်းကို စကားပြောနေရင်းပင် ဘေးက
အနီဝတ်သူနာပြုလေးပါ လှည့်ပီးခိုင်းလိုက်တာကြောင့် အမိန်ပြာပြာသလဲ တားလိုက်ရသည်။
မိန်းကလေးတစ်ယောက်က အင်္ကျီ
လာလှန်မှာကို ချစ်ခြင်းနေရခက်ပေလိမ့်မည်။
အိမ်မှာဆို အမိန့် ရှေ့ တောင် ခုလိုနေရဲတာမဟုတ်။
အရိပ်အခြေကြည့်တက်တဲ့လေးထင်က ပင်...။
"ကဲ သမီးရေ ...ဒီလူနာက
ယောကျာ်းလေးကိုယ်ဝန်ဆောင်ဆိုတာ
အပြင်မှာ စကားတစ်လုံးတောင်ထွက်လို့ မရဘူးဆိုတာ သိတယ်မို့ လား။ အရင်ကတည်းက ပြောထားပီးသားဆိုပေမဲ့..
ဒါ ဆရာ တတိယအကြိမ်မြောက်အကူညီတောင်းတာပါ။ လူနာရဲ့
ကိုယ်ရေးကိုယ်တာမို့ အပြင်ကိုပေါက်ကြားလို့
မရပါဘူး ။ ဆရာဘာသာကြည့်လုပ်လိုက်မယ် သွားလို့ ရပီ သမီး"
"ဟုတ်ကဲ့ သမီးနားလည်ပါတယ် ဆရာ "
ရိုရိုသေသေခေါင်းညိမ့်ပြုံးပြပီး
ထွက်သွားတဲ့ သူနာပြုကို တစ်ချက်ကြည့်ပီးလေးထင်ကိုကျေးဇူးတင်စကားပြောလိုက်၏။ ပြီးမှ ချစ်ခြင်းအကျီ င်္လေးကိုလှန်တင်ပေးလိုက်သည်။
သူဂရုစိုက်ကောင်းလို့ ဆိုးဆိုးဝါးဝါးအကြောပြတ်တာ အသားရေမကောင်းတော့တာဘာညာမရှိတဲ့ ခြောက်လဗိုက်ဖြူဖြူဥဥလေးက ထင်းခနဲ ပေါ်လာသည်။
"ကျေးဇူးပါ လေးထင် ။ ချစ်ခြင်း နေရခက်မှာမို့ တစ်ယောက်မှ မသိစေချင်တာပါ ။ အပြင်မှာလည်း အငှားကိုယ်ဝန်လို့ ပဲ ပြောထားတော့ ဘယ်သူမှမသိလေကောင်းလေပဲ ။
လေးထင်တို့ ဆေးပညာလောကအရ ဒါက အထူးအဆန်းမဟုတ်ပေမဲ့ အပြင်လောကမှာက မတူဘူးလေ ။ပြီးတော့ ချစ်ခြင်းကို တမျိုးတမည်ကြည့်ကျမှာကျွန်တော်မကြိုက်လို့ ပါ။ လေးထင်အချိန်တွေကို သီးသန့် ယူရတာအားနာပေမဲ့ လူရှင်းချိန်လာမှအဆင်ပြေမှာမို့ ခုချိန် ချိန်းလိုက်ရတာ။ "
ချစ်ခြင်းဗိုက်ကို အေးစက်စက်ဂျယ်တွေ
သုတ်လိမ်းနေရင်း သူ့ တူပြောသမျှကိုခေါင်းတညိမ့် ညိမ့် နားထောင်ပေးနေတဲ့
ဆရာဝန်ကြီးကို ချစ်ခြင်းကတော့ ဘေးကနေအားနာနေရ၏။ သားဖွားမီးယပ် ပါရဂူဒေါက်တာဦးမင်းထင်ကျော်ဆိုတာ နယ်နယ်ရရမှမဟုတ်တာ။
ဒါကို သူဆေးစစ်ဖို့ လာတိုင်း လူရှင်းပီး
သူများမရှိတော့တဲ့ အချိန် သီးသန့် ကိုသာ
မောင်ကရွေးချယ်ကာ ဆွေးနွေးစေသည်။
" အားနာစရာမှမဟုတ်တာ ကိုမိန့် ရာ
ဒီလူနဲ့ ဒီလူကို ...။
သား ချစ်ခြင်းစိတ်ကိုလျော့ထား သားသားလေးလိုချင်လား မီးမီးလေးလိုချင်လား "
ဗိုက်ကို စမ်းသက်ကရိယာနဲ့ ထိတွေ့ ပီး
ချစ်ခြင်းကိုစိတ်လှုပ်ရှားသက်သာအောင်
စကားတွေ လျှောက်မေးနေသည်။
"ဘာလေးနေနေ ကျွန်တော်က ချစ်မှာပါ။"
"ဟုတ်ပါပီဗျာ ။ ကဲကိုမိန့် ရေ ကလေးတွေဒီမှာမြင်ရဲ့လား ကိုယ်လက် အင်္ဂါ အကုန်စုံ
ပါတယ်။ ကောင်းတယ် ။ နှလုံးခုန်သံလည်း မှန်တယ် ။ "
ချစ်ခြင်းဘေးနားက TVအသေးလေးထဲမှာ
ပေါ်နေတဲ့ ကလေးလေးနှစ်ယောက်ပုံကို
လက်နဲ့ ထိုးပီးရှင်းပြပေးနေ၏။
" ပုံမှန် သားအိမ်မဟုတ်တော့ နည်းနည်းကျဉ်းနေတယ်။ စိတ်ပူစရာတော့မဟုတ်ပေမဲ့ ကလေးကနှစ်ယောက်ဆိုတော့ အနည်းငယ်နေရတော့ခက်မှာပေါ့။ ကလေးနည်းနည်းအထွားနည်းနေတော့ တော်သေး
တယ်ပြောရမယ်။ "
"စိတ်ပူရလား။ကျွန်တော်ဘာတွေ လုပ်ဖို့ လိုအပ်သေးလဲလေးထင် "
"ရတယ် အကုန်ဆင်ပြေတယ်။ လေးထင်ဆေးစာရေးပေးမယ်။ ခုရက်ပိုင်း ချစ်ခြင်း
ကို အနေအထိုင်အစားသောက်လေး ပိုဂရုစိုက်ပေး။ သက်သက်လွတ်သမားဆိုပေမဲ့
ကလေးတွေအတွက် အသားဓာတ်လိုတယ် ။ အားရှိအောင်စားပေးရမယ် ။အင်း
ကိုမိန့် ဒီမှာကြည့် ဒါယောကျာ်းလေး.. ဒီမယ် ဒီဖက်ကတစ်ယောက် ။ တွေ့ လား ဒီညာဖက်ဘေးနား "
ချစ်ခြင်းလက်ကို ပိုဆုပ်ကိုင်ကာ အမိန့် သည် စိတ်လှုပ်ရှားမူ့ ကြောင့် မျက်လုံးတွေက စိန်တုံးလေးတွေလို တဖျတ်ဖျတ်လဲ့ နေ၏။
စိတ်ဝင်တစား အာထရာဆောင်းရိုက်နေတဲ့မှန်ပြင်ပေါ်ကိုကြည့်နေတဲ့ ကောင်လေးသည် သားသမီးဇောနဲ့ ချစ်ခြင်းကိုတောင်မေ့ လို့နေ၏။
လက်ကို အတင်းဆုပ်ထားလို့ နာသော်ငြား တခါမှမမြင်ဘူးတဲ့ အပြုံးလေးကြောင့်
ချစ်ခြင်းမျက်ရည်စတွေ ရစ်သီလို့သွားသည်။
မိဘမေတ္တာဆိုတာဒါလား။ ဖေဖေရောချစ်ခြင်းတုန်းကခုလို ပျော်ခဲ့ရဲ့လားဆိုတာချစ်ခြင်းသိချင်သည်။
" ဒီဖက်က ရတနာလေးက ဟားဟား
မင်းဘိုးဘိုးတော့ ပျော်နေတော့မှာပဲကိုမိန့်ရေ ။ မိန်းကလေးကွ ။ ယောကျာ်းလေးတစ်ယောက်မိန်းကလေးတစ်ယောက် ကျန်းမာရေးလည်းကောင်းတယ်။ အင်္ဂါလဲစုံတယ်။ အနေထားလဲမှန်တယ်။ကလေးနည်းနည်းသေးနေတာလေးတစ်ခုပဲ "
လေးထင်ရဲ့ နောက်ဆက်ပြောနေတဲ့စကားတွေကို အမိန့် မကြားတော့ပါ။ သူသိတာ သားနဲ့ သမီးလေး ကျန်းမာရေးကောင်းတယ်ဆိုတာပဲ ကြားလိုက်တော့သည်။
သူ အများကြီးကြောက်နေခဲ့တာ၊ စိုးရိမ်ခဲ့ရတာ။
ဒီလို အသံလေးကြားဖို့ လပေါင်းများစွာကြာအောင်ရင်တမမနဲ့ ချစ်ခြင်းကိုဘယ်လောက်စောင့်ရှောက်ခဲ့ရလဲ။ ဝမ်းနည်းစိတ်နဲ့ ချစ်ခြင်းကိုထွေးပွေ့ ပီး အမိန့် ကြူကြူပါအောင်ငိုပစ်လိုက်၏။
ဘယ်သူ့ ကိုမှ မရှက်နိုင်တော့ပေ။
အခုချိန်မှာ ချစ်ခြင်းကိုဖက်ပီးသူငိုချင်နေတာပဲသိတယ်။
"ဟီးအီးအီး ကြားလိုက်လား ...အင့် အချစ်ကြားလိုက်ရတယ်မို့ လား... ဟီးအီး... သားနဲ့ သမီးတဲ့ ...အင့်... မောင်ဘယ်လောက်စောင့်ခဲ့ရလဲ... ဟီးဟီး... မောင်ဘယ်လောက်စိတ်ပူခဲ့ရလဲ ။ နောက်ဆုံး အဆင်ပြေတယ်ဆိုတဲ့စကားကို ဟင့်...မောင် ကြားရအောင်
ဘယ်လောက်ကြိုးစားခဲ့ရလဲ ဟီးအီး... "
ဝမ်းနည်းပက်လက် ဖက်ပီးငိုနေတဲ့မောင့်ကို ချစ်ခြင်းပြန်လည်ထွေးပွေ့ ရင်း မျက်ခမ်းထောင့်ကကျလာတဲ့ မျက်ရည်စက်ကို လက်မလေးနဲ့ သုတ်လိုက်ရင်း
"ငါမပြောဘူးလား အရူးလေးရဲ့ ။
ငါတို့ ကလေးတွေ ကို ယုံကြည်ပေးလိုက်
ရအောင်လို့ ငါမပြောခဲ့ဘူးဘူးလား ။
တွေ့ လိုက်တယ်မို့ လား မင်းကလေးတွေ
ငါ့ဗိုက်ထဲမှာ ဘယ်လိုတောင် လှလှပပ
ကောင်းကောင်းမွန်မွန် ရှင်သန်နေကြလဲဆိုတာ။"
ရင်ဘက်ကို မျက်နှာအပ်ကာ ငိုရှိုက်ရင်းခေါင်းညိမ့်ပြတဲ့မောင့်ကို ကြည့်ကာချစ်ခြင်းပြုံးလိုက်၏။ လေးထင်ဘယ်ချိန်ကထွက်သွားလဲ ချစ်ခြင်းတို့ မသိလိုက်ဘူး။
အသက်ရှုသံလေးနဲ့ ပီပီပြင်ပြင် မပေါ်သေးတဲ့ရုပ်ကလေးတွေကြည့်ပီးဒီလောက်ပျော်နေရင် အပြင်သာထွက်လာခဲ့ရင်
ချစ်ခြင်းတို့ အရမ်းကိုပျော်နေမိသည်။
_____
ထိုင်လိုက်ထလိုက် လမ်းလျှောက်လိုက်နဲ့
လှုပ်စိခတ်နေတဲ့
ဦးမိုးကောင်းကို ဦးစိုင်းလူ မျက်စိမနောက်အား သူကိုယ်တိုင်လဲ ဘယ်လောက်စိတ်လှုပ်ရှားနေလဲဆိုတာ သိလို့ ကိုယ်ချင်းစာသည်။
ကိုယ့်မြေးထီးက ဗိုက်ကြီးတယ်
ဆိုတာ အတော်ကြီးမျက်နှာပူရပေမဲ့ သူ့
မြစ်ကလေးတွေကြောင့် မသိချင်ယောင်ဆောင်ပီး ချစ်ခြင်းအိမ်မှာ ဦးမိုးကောင်းနဲ့
အတူလာထိုင်စောင့်နေခြင်းဖြစ်သည်။
ဆေးရုံကိုလိုက်သွားချင်ပေမဲ့ ချစ်ခြင်းက
မလိုက်စေချင်တာမို့ အိမ်မှာပဲ ကျန်ခဲ့ရ၏။
ဒါကို သူနားလည်ပါ သည်။
သူ ကိုယ်တိုင်တောင် နေရခက်လှသည်မို့
ချစ်ခြင်းသည်လည်း ရှက်ရှာမှာပေါ့။
" ထိုင်နေစမ်းပါ ကို မိုးကောင်းရာ။
ပြန်မှ မလာသေးပဲ။ ခင်ဗျားကြည့်ရတာ
ကျုပ်ဖြင့် ထိုင်နေရင်းတောင် မောနေပီ "
"ထိုင်လို့မရဘူးကိုစိုင်းလူ ။ ကျွန်တော့်ဘဝမှာ ပထမဦးဆုံး ရမဲ့ မြေးဦးဗျ..မြေးဦး ။
ခင်ဗျား ထိုင်နေလို့ရပေမဲ့ ကျုပ်ကတော့
ဘာလေးလဲဆိုတာ သိချင်လွန်းလို့
ငြိမ်ငြိမ်နေလို့ကိုမရဘူး ဗျို့ "
"ဟော...လာပြီ လာပြီ ...ဟိုမှာကားဝင်နေပီ "
ပြောပြောဆုိုဆို အိမ်ရှေ့ ပြေးထွက်သွားတာကြောင့် ဦးစိုင်းလူ အမြင်မတည့်ဖြစ်သွားသည်။
"ဒီလူ ကိုယ့်အသက်မှအားမနာ ချော်လဲမှ
ဖြင့်ကျော်မကောင်းကြားမကောင်းဖြစ်အုန်းမယ်။ ဒုက္ခပဲ မကြီးမငယ်နဲ့ "
တိုးတိုးပြောကာ သူကတော့ ဧည့်ခံမှာသာ
စောင့်ရင်း ကျန်ခဲ့သည်။
" ဘာ! ယောကျာ်းလေးနဲ့ မိန်းကလေး "
ဝမ်းသာအားရ ဦးမိုးကောင်းရဲ့အော်သံ
ကြောင့် ဦးစိုင်းလူ ခါးကမတ်ခနဲ ဖြစ်သွားသည်။
ထို့ နောက် ကျေနပ်အားရတဲ့ အပြုံးတစ်ခုကို ချိတ်ဆွဲပီး တိုးတိုးတိတ်တိတ် ရေရွတ်လိုက်သည်။
"ဟွန့် ...ဒီတစ်ခါတော့ မြေးမကိုပဲ ယူမယ်။
ဥ ဥတာခြင်းအတူတူ မြေးမ ကမှကြားလို့ ကောင်းသေးတယ်။
ချစ်ခြင်းပြည့်စုံလို နောက်တစ်ယောက်သာဆိုရင် ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ ။ လုံးဝပဲ ။ တခါထဲနဲ့ သင်ခန်းစာအကြီးကြီးရပီးသား"
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz