ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
32
"ဟင္း"
တိတ္ဆိတ္ေနတဲ့ အခန္းမွာခ်စ္ျခင္းရဲ့ဘယ္နွစ္ႀကိမ္မွန္းမသိတဲ့သက္ျပင္းခ်သံကပီပီျပင္ျပင္ထြက္ေပၚလာ၏။ ခါတိုင္းလို
ေႏြးေထြးတဲ့ရင္ခြင္ေဘးမွာမရွိတာေႀကာင့္
ေနရတာခ်စ္ျခင္းအဆင္မေျပေနပါ။
ခုခ်ိန္ဆို ေမာင္က ေသခ်ာဂရုစိုက္ပီး အိပ္ေပ်ာ္ဖို ့နွိပ္နယ္ေပးရင္ေပး၊ မဟုတ္ရင္
ဖြဖြေလး ဗိုက္ကိုပြတ္ေပးတက္လို ့ခ်စ္ျခင္းသက္ေတာင့္သက္သာအိပ္ေပ်ာ္တက္၏။
ေဘးက လြတ္ေနေသာ ေအးစက္စက္ ေမြ ့ယာကိုလက္နဲ ့စမ္းရင္း အမိန္ ႔ကိုသတိရေနမိတယ္။
ဒီခ်ိန္ဆို ေမာင္ဘာလုပ္ေနမလဲ ။
ဘာမဟုတ္တာနဲ ့ဆိုးမိလို ့မ်ား ခ်စ္ျခင္းကို
ဂရုမစိုက္ေတာ့ပဲျပစ္မ်ားထားမလား။
အေတြးေတြနဲ ့ ခ်စ္ျခင္းဝမ္းနည္းလာ၏။
ေမာင့္ကုိလြမ္းသည္။
ဘယ္လို လုပ္ရမလဲ။
ေမာင္မရွိပဲ ခ်စ္ျခင္းအိပ္ေပ်ာ္ဖို ့အဆင္မေျပနိုင္ေပ။ သို႔ေသာ္လည္း ယခုထိတိုင္
ဆက္သြယ္မလာခဲ့သူေၾကာင့္ နာက်ည္းသြားရင္ ဆိုတဲ့ အေတြးဆိုးက နွိပ္စက္ခ်င္တိုင္းနွိပ္စက္၍ေနေလသည္။
"ဟင့္ "
ပါးျပင္ေပၚက စီးက်လာတဲ့မ်က္ရည္ပူတို ့သည္ ပိုင္ရွင္၏ ဂရုမစိုက္မူ ့ေႀကာင့္ ေဘးကေခါင္းအုံးေပၚသို ့သာ တသြင္သြင္စီးက်ေန၏။
အိမ္ကိုျပန္ခ်င္သည္။
ခြဲခြာခ်ိန္ သည္ အခ်ိန္အားျဖင့္ ငါးနာရီေတာင္ေက်ာ္ေနၿပီ။
အမိန္ ႔သည္ အခုထိ လာမေခၚေသးေပ။
စိတ္လိုက္မာန္ပါ လုပ္မိတာခ်စ္ျခင္းအမွား
ျဖစ္ခဲ့ေပမဲ့ ေမာင့္ကေတာ့ ခုလို ေနစိမ့္ဖို ႔ေတာ့မေကာင္းလွ။
" ေဘာလိုေကာင္ ငါမရွိတုန္း မဟုတ္တာလုပ္ေနရင္ မင္းကိုသတ္မွာ ဟင့္။"
အနီေရာင္ခပ္ညိဳ ့ညိဳ ့ ေဆးကို ၾကည့္ေကာင္းေအာင္ ျခယ္သထားတဲ့ အခန္းသည္
အရင္ေမာင္ေနခဲ့ဖူးတဲ့အခန္းျဖစ္၏။
သိုေပမဲ့လည္း အမိန္ ႔မရွိေသာ ေနရာသည္ ခ်စ္ျခင္းအတြက္ စိမ္းသက္၍ေနသည္။
ဟိုးအရင္က ေမာင္ေျပာဖူးသည္။
*အခန္းကုိ ဒီအေရာင္သုတ္ထားတယ္
ဆိုတာ အျမဲအနီေရာင္ဝတ္ တက္တဲ့ေကာင္ေလးကိုသေဘာက်မိလို ့*တဲ့
နားထဲေမာင္ေျပာဖူးတဲ့စကားေတြျပန္ေတြးမိေတာ့ ဝမ္းနည္းမူ ႔ျဖင့္ က်ိဳးက်လာတဲ့ မ်က္ရည္ေဘာင္ကို ခ်စ္ျခင္း ထိန္းလို ႔မႏိုင္ေတာ့ေပ။
"ေတာင္! 📩"
message သံက တိတ္ဆိတ္ေနေသာ အခန္းမွာ က်ယ္က်ယ္ေလာင္ေလာင္
ခ်စ္ျခင္းမ်က္ရည္တို ့ကို လက္ဖမို းနဲ ့သုတ္ကာ ေဘးကဖုန္းကိုလွမ္းယူႀကည့္လိုက္၏။
" 📩 ေမာင္ ေအာက္မွေရာက္ေနတယ္ "
"📩 လြမ္းလြန္းလို ့အခ်စ္မရွိပဲ မအိပ္နိုင္ဘူး။ ေနလဲမေနနိုင္ဘူး ဆင္းခဲ့ေနာ္။
မင္းကို ေမာင္လာေခၚတာ။ "
တေတာင္ေတာင္က်လာတဲ့ messageေလးေတြေႀကာင့္ ခ်စ္ျခင္းမ်က္ရည္မ်ားနဲ ့ျပံဳးလိုက္သည္။
ေမာင္က လြမ္းတယ္တဲ့..။
ေမာင္က သူမရွိပဲမေနနိုင္ဘူးတဲ့ ......။
အငိုမ်က္လံုးအျပံဳးမ်က္နွာနွင့္အတူ ခ်က္ျခင္းစာေကာက္ရုိက္လိုက္၏။
"ငါလည္းလြမ္းတယ္။ ဒါေပမဲ့ ဘိုးဘိုးႀကီးကမင္းျပန္လာေခၚရင္မလိုက္ရဘူးတဲ့📩"
send ကိုနွိပ္လိုက္ျပီး ခ်စ္ျခင္း အိပ္ယာေပၚကေနျဖည္းျဖည္းထိန္းထလိုက္သည္။ ဦးတည္ရာသည္ ေမာင့္အခန္းဝရံတာ
ဆီသို႔ပင္။
ၿခံျပင္ကို ေသခ်ာရွင္းလင္းေအာင္ ျမင္ေနရတဲ့ ထို ဝရံတာေပၚကို ေျခခ်မိသည္နွင့္
ေတြ ႕ရသည့္ျမင္ကြင္းသည္ ပူေလာင္မူ ႔ကိုေရေအးေအးနွင့္ ၿငိမ္းသတ္သည့္နွယ္။
အနက္ေရာင္ ျပိဳင္ကားကို မွီပီးရပ္ေနတဲ့ေမာင္။
ခ်စ္ျခင္းယူယူဝတ္ေနက် ..အျပာအစင္းေလးေတြပါတဲ့ ညဝတ္ဝမ္းဆက္ေလးကိုသတိတရထုတ္ဝတ္လာပံုရ၏။
ခုမွအိပ္ယာထဲကေနထလာသည္နွယ္ ဆံပင္တို ႔သည္ အနည္းငယ္ ရႈပ္ပြလ်က္ရွိကာ ၿပံဳးလ်က္ အေနထားျဖင့္ လက္လွမ္းျပေနသည္။
"ေတာင္ ! "
"📩အခ်စ္ကိုျမင္ေနရတယ္ ။ ဒါေပမဲ့ေမာင္လြမ္းေနတုန္းပဲ။ ျပီးေတာ့ မင္းကိုေမာင္သိပ္ခ်စ္တယ္"
" ငါေရာပဲ မင္းကိုလြမ္းတယ္ မနက္က်ေစာေစာလာေခၚလွည့္ ။ မင္းမရွိေတာ့ငါအိပ္မေပ်ာ္ဘူး 📩"
စာပို ့ပီးေမာင့္ကိုလွမ္းႀကည့္လိုက္ေတာ့ ဖုန္းေလးကိုင္ကာ အေပၚကိုလွမ္းေမ်ွာ္ႀကည့္ေန၏။ ျခံေရွ ့ကထြန္းထားတဲ့ မီးအလင္းေရာင္နဲ ့ပီျပင္စြာျမင္ေနရတဲ့ေမာင္က မ်က္နွာေလးႏြမ္းေနသည္မို ့ခ်စ္ျခင္းကိုယ့္ကိုကိုယ္ စိတ္ပ်က္မိသည္။
အငယ္ျဖစ္ေပမဲ့ အမိန္႔က သူ ့ကိုသည္းခံလြန္းသည္။ ရြယ္တူေတြ Club တက္ ေပ်ာ္ပါးေနခ်ိန္မွာ ေမာင္က ခင္ပြန္းေကာင္းဖခင္ေကာင္းျဖစ္ဖို ့
ႀကိဳးစားေနရရွာသည္။
မင္းကိုငါတကယ္ခ်စ္တာပါအမိန္႔အာဏာ။ငါမွားခဲ့တာအားလံုးျပန္ေရာက္ရင္ေတာင္းပန္ပါ့မယ္ ကေလးရယ္။
"ေတာင္!"
စိတ္မေကာင္းစြာ ေငးၾကည့္ေနတုန္း
ေနာက္ထပ္စာေရာက္လာျပန္သည္။
"📩အခ်စ္ ေမာင္သီခ်င္းဆိုျပမယ္နားေထာင္မလား "
"အင္း 📩"
"📩ok ခနေနာ္ "
လွဳပ္စိလွဳပ္စိနဲ ့ကားထဲ ျပန္ဝင္သြားကာ
ဂစ္တာနဲ ့ ခဏႀကာေတာ့ျပန္ထြက္လာ၏
ေမာင္ တီးတက္တယ္ဆိုတာတခါမွလဲမႀကားဘူးေပ။ ထူးထူးဆန္းဆန္း ဗိုက္တစ္လံုးထြက္လာမွ ကိုယ္အျဖစ္က အခ်ိန္မေတာ္မိဘမသိေအာင္ရည္းစားနဲ့ခ်ိန္းေတြ ့ေနရတဲ့ အပ်ိဳျဖန္းေလးလိုခံစားေနရသည္။
ထိုအခ်ိန္ေအာက္ထက္တြင္လည္း...
"ဘဘႀကီး အိမ္ေရွ ့မွာ ကိုမိန္ ့ေရာက္ေနပါတယ္ "
ဦးမိုးေကာင္း ဧည့္ခန္းမွာ သတင္းႀကည့္ေနတုန္း ျခံေစာင့္ စိန္ေသာင္းရဲ့အေျပာေႀကာင့္ နဳတ္ခမ္းတို ့မဲ့က်ကုန္၏။
"ဖြင့္မေပးနဲ ့ျခံထဲဝင္လာရင္ မင္းတို ့အကုန္မနက္ဖန္ အလုပ္ျပဳတ္ပီမွတ္ "
"ဟုတ္ ဟုတ္ကဲ့ "
ထြက္သြားတဲ့စိန္ေသာင္းေက်ာျပင္ကိုအမွတ္တမဲ့ႀကည့္မိပီးမွ ႀကည့္လက္စ သတင္းကို ျပန္လွည့္ဆက္ႀကည့္ေနလိုက္၏။
အခ်ိန္က ည ကိုးနာရီဆိုေတာ့ ဦးမိုးေကာင္း အိပ္ဖို ့ေစာေသးလို ့ TVႀကည့္ေနျခင္းျဖစ္သည္။ ခ်စ္ျခင္းဆိုသည္မွာလည္း အိမ္ေရာက္ကတည္းက မ်က္နွာမသာမယာျဖစ္ေနကာ ေအာက္ထပ္ကို ဆင္းမလာတာေႀကာင့္ သူမွာ အေဖာ္မရွိပဲပ်င္းေနရ၏။
"အလကားဟာေတြ ဒီအဘိုႀကီးကို ပစ္ထားပီးအိမ္ခြဲေနရတယ္လို ့။ ငါ့ေျမးေတြရလာမွအကုန္အိမ္ေခၚထားပစ္မွာ။"
စကားေတာင္မဆံုးေသး အိမ္ေရွ ့က ဂစ္တာ တေဒါင္ေဒါင္အသံက နားထဲကိုးလို႔ကန္႔လန္႔ဝင္လာ၏။
မ်က္မွန္ကိုပင့္လ်က္ မ်က္ေမွာင္ကုတ္မိလိုက္သည္။
အမိန္ ့အာဏာ ဘာေတြ အရူးထအုန္းမလို ့လဲမသိဘူး။ တစ္ေယာက္ပဲေမြးခဲ့လို ့သာေတာ္ေတာ့သည္။ အမိန္ ့အာဏာ သံုးေယာက္ေလာက္ဆိုရင္ ေခါင္းေမႊးေတာင္က်န္ပါ့မလားဆိုတာ စိတ္ကူးၾကည့္ရင္းပင္ အေၾကာေပါင္းေသာင္းေျခာက္ေထာင္က တဆစ္ဆစ္ထိုးကိုက္လာသလိုလို။
🎵 အရူးမူးအခ်စ္နဲ ့တို ့တေတြ ခ်စ္လာ
ခဲ့ျပီးမွ ကံတရားရယ္ ခ်စ္သူနွစ္ဦးကိုရွင္ကြဲခြဲထား......တင္းႀကပ္ထားတဲ့တို ့မိဘရဲ့သေဘာထားေတြနဲ ့......ဘယ္လိုရုန္းကန္ေရွ ့ဆက္သြား...ႀကိဳတင္ေတြးမထားခဲ့မိလို ့တို ့မွားသြား 🎵
သီခ်င္းသံသည္ နားထဲဆိုးဝါးစြာ တိုးဝင္လာၿပီးေနာက္ ဦးမိုးေကာင္းမ်က္နွာႀကီးသည္ တျဖည္းျဖည္းမဲေမွာင္လာ၏။
" ဒီသေတာင္စား ဘာအခ်ိဳးနဲ ့ဒီသီခ်င္းအိမ္ေရွ ့လာဆိုေနတာလဲ။ "
🎵 ေခါင္းအုန္းထက္ကမ်က္ရည္ သက္ေသေမာင္ျပခ်င္တယ္ ကိုယ္ပိုင္အသည္းကိုတို ့မွာမပိုင္ဘူးအခ်စ္ရယ္ ...သိသိရက္နဲ ့မိုက္ခဲ့တဲ့နွလံုးသားအိမ္လဲ မလြန္ဆန္ရဲတဲ့အျပစ္ေတြနဲ ့ ရွင္ရက္မထူးေတာ့တဲ့ဘဝ
နဲ ့...ရွင္ရက္မထူးေတာ့တဲ့ဘဝနဲ ့ ငိုမယ္ ...🎵
ခ်စ္ျခင္းသည္ ေလွကားကေန အသာေလးဆင္းလာခဲ့သည္။ အမိန္ ႔အသံကိုၾကားေနရရုံျဖင့္ သူ မတင္းတိမ္နိုင္ပါ။ ထို႔ေၾကာင့္ ဧည့္ခန္းမွာTVႀကည့္ေနတဲ့ ဘိုးဘိုးႀကီးမသိေအာင္ တိတ္တိတ္ေလး ပုန္းပီးျခံထဲခိုးဆင္းျခင္းျဖစ္သည္။
🎵ခ်စ္ျခင္းကို မခြဲပါနဲ ့ ခ်စ္ျခင္းကို
မခြဲႀကပါနဲ ့ ......ခ်စ္ျခင္းနဲ ့အသက္ဆက္ေနတယ္ နွလံုးသားေလးက်ြမ္းသြားမယ္ ...ခ်စ္ျခင္းကိုမခြဲပါနဲ ့ခ်စ္ျခင္းကိုမခြဲႀကပါနဲ ့တကယ္နွလံုးသားစက္ရုပ္မဟုတ္ဘူးေသရာပါေအာင္မလုပ္နဲ ့🎵
TV ကိုမ်က္လံုးကသာ ၾကည့္ေနရတာ
စိတ္ကေတာ့ အသံဆိုးနဲ ့နွိပ္စက္ေနေသာ ကိုမိန္ ႔ကို နားရင္းသံုးခ်က္ေလာက္ရုိက္ၿပီးေနၿပီျဖစ္သည္။ ခံစားခ်က္ျဖင့္ပီပီျပင္ျပင္ သီဆိုမူ ႔သည္ ့ ဦးမိုးေကာင္းကို တဖက္နည္းျဖင့္ ရန္စေနသည့္နွယ္။
*သေဘာကေတာ့ သူတို ့ခ်စ္ျခင္းကိုငါကခြဲေနတယ္ေပါ့။ အမိန္ ့အာဏာ မင္းး...
အားးးေခါင္းေတြမူးလိုက္တာ *
"မိႀကည္ ...မိႀကည္ ...လာစမ္းေသြးက်ေဆးယူခဲ့စမ္း... ေနအုန္းသံပရာေရခ်ဥ္ခ်ဥ္ေလးပါယူခဲ့ "
မ်က္မွန္ကို ဆြဲခ်ြတ္ကာ စားပြဲေပၚပစ္တင္သည္။
ထို႔ေနာက္ ဂုတ္ကိုလက္နဲ ့အုပ္၍ ေနာက္မွီကိုမ်က္လံုးမွိတ္ မွီထားရင္းတက္လာတဲ့ေသြးေတြ ေလ်ာ့သြားေအာင္ အသက္ကိုမွန္မွန္ရွဴေနရသည္။
"သံပရာေရနဲ ့ေသြးက်ေဆးအဆင္သင့္ပါ ဘဘႀကီး"
သူ ့ကိုယ္လံုးမွအားမနာ ဘယ္ခ်ိန္ကတည္းကျပင္ထားတဲ့ သံပရာမွန္းမသိေခၚလိုက္တာနဲ ့ခ်က္ျခင္းေရာက္လာတဲ့ မိႀကည္ကို မ်က္ေစာင္းထိုးမိ၏။
ကမ္းလာတဲ့ခြက္ကိုအျမန္ယူေသာက္ရင္း ..
" ခ်စ္ျခင္းအိပ္ေနပီ လာမဆူနဲ ့ျပန္ေတာ့
လို ့သြားေျပာ"
"ဟို ဘဘႀကီး ခ်စ္ျခင္းက...ဟိုေလ "
ေခါင္းကုတ္မလိုလို ဖင္ကုတ္မလိုလို လုပ္ေနတဲ့မိႀကည့္ကိုစိတ္မရွည္ေတာ့တာ
ေႀကာင့္
"ဟဲ့ မိႀကည္ ခ်စ္ျခင္းက ဘာလဲဆက္ေျပာေလေျပာစရာရွိတာမေျပာပဲ လုပ္ေနတာ ။ ငါ လုပ္လိုက္ရ"
ခပ္မာမာေအာ္လိုက္မွ
"ဟို အကိုေလးက ျခံတံခါးနားမွာ ကိုမိန္ ့နဲ ့
ခိုးေတြ ့ေနပါတယ္ဘဘႀကီး "
"ဘာာ!! "
"အမေလး အမေလး ေခါင္းေတြမူးလာျပီ
ဟဲ့ ဘယ္မွာလဲ ေဆးေပးစမ္း "
နားထင္ကို လက္နဲ ့ဖိကာ ေဆးလံုးကို အတင္းေတာင္းေနတဲ့ ဘဘႀကီးေၾကာင့္ မိၾကည္တို႔လည္းလန္႔ေနေလၿပီ။
"သြားေျပာ......ျပန္လိုက္သြား တစ္ေယာက္မွ မျမင္ခ်င္ဘူးလို ့ "
ဦးမိုးေကာင္းရဲ့ေဒါသတႀကီးေအာ္လိုက္သံက ျခံျပင္ကလူေတြႀကားနိုင္ေလာက္ေအာင္က်ယ္ေပမဲ့ ျခံတံခါးမွာဒရမ္မာခ်ိဳးေနတဲ့ ခ်စ္ျခင္းနဲ ့အမိန္ ့ ကေတာ့ မႀကားလိုက္ေခ်။
---------------------
" လာပါအုန္းေမာင့္ဆီ ကို လြမ္းလိုက္ရတာ "
ကဲပိုေနတာမဟုတ္ဘူးဆိုတာ ခ်စ္တဲ့သူေတြပဲသိတယ္။ အခ်စ္မရွိတဲ့ ဘိုးဘိုးလို လူေတြကေတာ့ ဘယ္နားလည္မလဲ။
ျပန္လာတဲ့လမ္းမွာကတည္းက လက္ေလးကိုင္လိုက္ ပါးေလးနမ္းလိုက္လုပ္ေနေပမဲ့
အလြမ္းကေျပသြားတာမဟုတ္။ အိပ္ယာထဲေရာက္မွပဲ ရင္ခြင္ထဲထည့္ကာ ဖုဖုေဖာင္းေဖာင္းဗိုက္ေလးကို ပြတ္လိုက္ရမွ ေက်နပ္သြားရသည္။
" ငါေတာင္းပန္ပါတယ္ ေနာက္ဆို မင္းကိုမေအာ္ေတာ့ဘူးေနာ္ ။ၿပီးေတာ့ ရန္ျဖစ္ရင္လည္းအိမ္ေပၚက မဆင္းေတာ့ဘူး။ "
"အင္း အခ်စ္ကေလးမမွားဘူး။
သူမ်ားလင္မယားႀကားပါတဲ့ ဘိုးဘိုးကပဲမွားတာ။
လူႀကီးျဖစ္ပီးေျပလည္ေအာင္လုပ္ေပးမယ္မရွိဘူးခ်စ္ျခင္းကို လာခြဲေနတယ္။ ဒါနဲ ့
ေမာင္ဆိုတာေကာင္းတယ္မို ့လား"
"ေကာင္းတယ္ ။မင္းအသံႀကားပီးေတာ့
ငါပိုလြမ္းသြားလို ့အိမ္ေအာက္ေတာင္ခိုးဆင္းလာရတယ္။"
တဖက္တြင္လည္း ...
"ဘယ္လိုျဖစ္တာလဲ ဦးေလးရာ... ေသြးေတြေစာင့္တက္လာရေအာင္ ...ဘာမတည့္တာမ်ားစားလိုက္သလဲ။ "
ေသြးေပါင္ခ်ိန္တိုင္းတဲ့ ဟာ ကိုျပန္သိမ္းပီး
ေဒါက္တာ ဦးမင္းထင္ေက်ာ္ အိပ္ယာေပၚပက္လက္ျဖစ္ေနတဲ့ ဦးေလးျဖစ္သူကိုေမးလိုက္၏။
"ဘာျဖစ္ရမွာလဲ ...မင္းတူလင္မယားေလ
ငါ့ကို ေသြးတက္ေအာင္လုပ္သြားႀကတာ
ျပန္မေမးနဲ ့အဲ့အေႀကာင္းေတြ ။ အမေလးေျပာရင္းဆိုရင္းေခါင္းေတြျပန္မူးလာျပန္ပီ"
ကုတင္ေပၚမွာ ေဆးခ်ိတ္ထားရေအာင္
ျဖစ္သြားရွာသည့္ ဦးမိုးေကာင္းသည္
သူမ်ားခ်စ္ျခင္းခြဲခဲ့မိ၍ ထိုသို႔ ျဖစ္သည္
ဆိုတာကိုပါ သိရွိသြားမည္ ဆိုပါလ်ွင္....
ခ်စ္တဲ့အိမ္စည္။
"ဟင်း"
တိတ်ဆိတ်နေတဲ့ အခန်းမှာချစ်ခြင်းရဲ့ဘယ်နှစ်ကြိမ်မှန်းမသိတဲ့သက်ပြင်းချသံကပီပီပြင်ပြင်ထွက်ပေါ်လာ၏။ ခါတိုင်းလို
နွေးထွေးတဲ့ရင်ခွင်ဘေးမှာမရှိတာကြောင့်
နေရတာချစ်ခြင်းအဆင်မပြေနေပါ။
ခုချိန်ဆို မောင်က သေချာဂရုစိုက်ပီး အိပ်ပျော်ဖို့ နှိပ်နယ်ပေးရင်ပေး၊ မဟုတ်ရင်
ဖွဖွလေး ဗိုက်ကိုပွတ်ပေးတက်လို့ ချစ်ခြင်းသက်တောင့်သက်သာအိပ်ပျော်တက်၏။
ဘေးက လွတ်နေသော အေးစက်စက် မွေ့ ယာကိုလက်နဲ့ စမ်းရင်း အမိန့် ကိုသတိရနေမိတယ်။
ဒီချိန်ဆို မောင်ဘာလုပ်နေမလဲ ။
ဘာမဟုတ်တာနဲ့ ဆိုးမိလို့ များ ချစ်ခြင်းကို
ဂရုမစိုက်တော့ပဲပြစ်များထားမလား။
အတွေးတွေနဲ့ ချစ်ခြင်းဝမ်းနည်းလာ၏။
မောင့်ကိုလွမ်းသည်။
ဘယ်လို လုပ်ရမလဲ။
မောင်မရှိပဲ ချစ်ခြင်းအိပ်ပျော်ဖို့ အဆင်မပြေနိုင်ပေ။ သို့သော်လည်း ယခုထိတိုင်
ဆက်သွယ်မလာခဲ့သူကြောင့် နာကျည်းသွားရင် ဆိုတဲ့ အတွေးဆိုးက နှိပ်စက်ချင်တိုင်းနှိပ်စက်၍နေလေသည်။
"ဟင့် "
ပါးပြင်ပေါ်က စီးကျလာတဲ့မျက်ရည်ပူတို့ သည် ပိုင်ရှင်၏ ဂရုမစိုက်မူ့ ကြောင့် ဘေးကခေါင်းအုံးပေါ်သို့ သာ တသွင်သွင်စီးကျနေ၏။
အိမ်ကိုပြန်ချင်သည်။
ခွဲခွာချိန် သည် အချိန်အားဖြင့် ငါးနာရီတောင်ကျော်နေပြီ။
အမိန့် သည် အခုထိ လာမခေါ်သေးပေ။
စိတ်လိုက်မာန်ပါ လုပ်မိတာချစ်ခြင်းအမှား
ဖြစ်ခဲ့ပေမဲ့ မောင့်ကတော့ ခုလို နေစိမ့်ဖို့ တော့မကောင်းလှ။
" ဘောလိုကောင် ငါမရှိတုန်း မဟုတ်တာလုပ်နေရင် မင်းကိုသတ်မှာ ဟင့်။"
အနီရောင်ခပ်ညို့ ညို့ ဆေးကို ကြည့်ကောင်းအောင် ခြယ်သထားတဲ့ အခန်းသည်
အရင်မောင်နေခဲ့ဖူးတဲ့အခန်းဖြစ်၏။
သိုပေမဲ့လည်း အမိန့် မရှိသော နေရာသည် ချစ်ခြင်းအတွက် စိမ်းသက်၍နေသည်။
ဟိုးအရင်က မောင်ပြောဖူးသည်။
*အခန်းကို ဒီအရောင်သုတ်ထားတယ်
ဆိုတာ အမြဲအနီရောင်ဝတ် တက်တဲ့ကောင်လေးကိုသဘောကျမိလို့ *တဲ့
နားထဲမောင်ပြောဖူးတဲ့စကားတွေပြန်တွေးမိတော့ ဝမ်းနည်းမူ့ ဖြင့် ကျိုးကျလာတဲ့ မျက်ရည်ဘောင်ကို ချစ်ခြင်း ထိန်းလို့ မနိုင်တော့ပေ။
"တောင်! 📩"
message သံက တိတ်ဆိတ်နေသော အခန်းမှာ ကျယ်ကျယ်လောင်လောင်
ချစ်ခြင်းမျက်ရည်တို့ ကို လက်ဖမိုးနဲ့ သုတ်ကာ ဘေးကဖုန်းကိုလှမ်းယူကြည့်လိုက်၏။
" 📩 မောင် အောက်မှရောက်နေတယ် "
"📩 လွမ်းလွန်းလို့ အချစ်မရှိပဲ မအိပ်နိုင်ဘူး။ နေလဲမနေနိုင်ဘူး ဆင်းခဲ့နော်။
မင်းကို မောင်လာခေါ်တာ။ "
တတောင်တောင်ကျလာတဲ့ messageလေးတွေကြောင့် ချစ်ခြင်းမျက်ရည်များနဲ့ ပြုံးလိုက်သည်။
မောင်က လွမ်းတယ်တဲ့..။
မောင်က သူမရှိပဲမနေနိုင်ဘူးတဲ့ ......။
အငိုမျက်လုံးအပြုံးမျက်နှာနှင့်အတူ ချက်ခြင်းစာကောက်ရိုက်လိုက်၏။
"ငါလည်းလွမ်းတယ်။ ဒါပေမဲ့ ဘိုးဘိုးကြီးကမင်းပြန်လာခေါ်ရင်မလိုက်ရဘူးတဲ့📩"
send ကိုနှိပ်လိုက်ပြီး ချစ်ခြင်း အိပ်ယာပေါ်ကနေဖြည်းဖြည်းထိန်းထလိုက်သည်။ ဦးတည်ရာသည် မောင့်အခန်းဝရံတာ
ဆီသို့ပင်။
ခြံပြင်ကို သေချာရှင်းလင်းအောင် မြင်နေရတဲ့ ထို ဝရံတာပေါ်ကို ခြေချမိသည်နှင့်
တွေ့ ရသည့်မြင်ကွင်းသည် ပူလောင်မူ့ ကိုရေအေးအေးနှင့် ငြိမ်းသတ်သည့်နှယ်။
အနက်ရောင် ပြိုင်ကားကို မှီပီးရပ်နေတဲ့မောင်။
ချစ်ခြင်းယူယူဝတ်နေကျ ..အပြာအစင်းလေးတွေပါတဲ့ ညဝတ်ဝမ်းဆက်လေးကိုသတိတရထုတ်ဝတ်လာပုံရ၏။
ခုမှအိပ်ယာထဲကနေထလာသည်နှယ် ဆံပင်တို့ သည် အနည်းငယ် ရှုပ်ပွလျက်ရှိကာ ပြုံးလျက် အနေထားဖြင့် လက်လှမ်းပြနေသည်။
"တောင် ! "
"📩အချစ်ကိုမြင်နေရတယ် ။ ဒါပေမဲ့မောင်လွမ်းနေတုန်းပဲ။ ပြီးတော့ မင်းကိုမောင်သိပ်ချစ်တယ်"
" ငါရောပဲ မင်းကိုလွမ်းတယ် မနက်ကျစောစောလာခေါ်လှည့် ။ မင်းမရှိတော့ငါအိပ်မပျော်ဘူး 📩"
စာပို့ ပီးမောင့်ကိုလှမ်းကြည့်လိုက်တော့ ဖုန်းလေးကိုင်ကာ အပေါ်ကိုလှမ်းမျှော်ကြည့်နေ၏။ ခြံရှေ့ ကထွန်းထားတဲ့ မီးအလင်းရောင်နဲ့ ပီပြင်စွာမြင်နေရတဲ့မောင်က မျက်နှာလေးနွမ်းနေသည်မို့ ချစ်ခြင်းကိုယ့်ကိုကိုယ် စိတ်ပျက်မိသည်။
အငယ်ဖြစ်ပေမဲ့ အမိန့်က သူ့ ကိုသည်းခံလွန်းသည်။ ရွယ်တူတွေ Club တက် ပျော်ပါးနေချိန်မှာ မောင်က ခင်ပွန်းကောင်းဖခင်ကောင်းဖြစ်ဖို့
ကြိုးစားနေရရှာသည်။
မင်းကိုငါတကယ်ချစ်တာပါအမိန့်အာဏာ။ငါမှားခဲ့တာအားလုံးပြန်ရောက်ရင်တောင်းပန်ပါ့မယ် ကလေးရယ်။
"တောင်!"
စိတ်မကောင်းစွာ ငေးကြည့်နေတုန်း
နောက်ထပ်စာရောက်လာပြန်သည်။
"📩အချစ် မောင်သီချင်းဆိုပြမယ်နားထောင်မလား "
"အင်း 📩"
"📩ok ခနနော် "
လှုပ်စိလှုပ်စိနဲ့ ကားထဲ ပြန်ဝင်သွားကာ
ဂစ်တာနဲ့ ခဏကြာတော့ပြန်ထွက်လာ၏
မောင် တီးတက်တယ်ဆိုတာတခါမှလဲမကြားဘူးပေ။ ထူးထူးဆန်းဆန်း ဗိုက်တစ်လုံးထွက်လာမှ ကိုယ်အဖြစ်က အချိန်မတော်မိဘမသိအောင်ရည်းစားနဲ့ချိန်းတွေ့ နေရတဲ့ အပျိုဖြန်းလေးလိုခံစားနေရသည်။
ထိုအချိန်အောက်ထက်တွင်လည်း...
"ဘဘကြီး အိမ်ရှေ့ မှာ ကိုမိန့် ရောက်နေပါတယ် "
ဦးမိုးကောင်း ဧည့်ခန်းမှာ သတင်းကြည့်နေတုန်း ခြံစောင့် စိန်သောင်းရဲ့အပြောကြောင့် နုတ်ခမ်းတို့ မဲ့ကျကုန်၏။
"ဖွင့်မပေးနဲ့ ခြံထဲဝင်လာရင် မင်းတို့ အကုန်မနက်ဖန် အလုပ်ပြုတ်ပီမှတ် "
"ဟုတ် ဟုတ်ကဲ့ "
ထွက်သွားတဲ့စိန်သောင်းကျောပြင်ကိုအမှတ်တမဲ့ကြည့်မိပီးမှ ကြည့်လက်စ သတင်းကို ပြန်လှည့်ဆက်ကြည့်နေလိုက်၏။
အချိန်က ည ကိုးနာရီဆိုတော့ ဦးမိုးကောင်း အိပ်ဖို့ စောသေးလို့ TVကြည့်နေခြင်းဖြစ်သည်။ ချစ်ခြင်းဆိုသည်မှာလည်း အိမ်ရောက်ကတည်းက မျက်နှာမသာမယာဖြစ်နေကာ အောက်ထပ်ကို ဆင်းမလာတာကြောင့် သူမှာ အဖော်မရှိပဲပျင်းနေရ၏။
"အလကားဟာတွေ ဒီအဘိုကြီးကို ပစ်ထားပီးအိမ်ခွဲနေရတယ်လို့ ။ ငါ့မြေးတွေရလာမှအကုန်အိမ်ခေါ်ထားပစ်မှာ။"
စကားတောင်မဆုံးသေး အိမ်ရှေ့ က ဂစ်တာ တဒေါင်ဒေါင်အသံက နားထဲကိုးလို့ကန့်လန့်ဝင်လာ၏။
မျက်မှန်ကိုပင့်လျက် မျက်မှောင်ကုတ်မိလိုက်သည်။
အမိန့် အာဏာ ဘာတွေ အရူးထအုန်းမလို့ လဲမသိဘူး။ တစ်ယောက်ပဲမွေးခဲ့လို့ သာတော်တော့သည်။ အမိန့် အာဏာ သုံးယောက်လောက်ဆိုရင် ခေါင်းမွှေးတောင်ကျန်ပါ့မလားဆိုတာ စိတ်ကူးကြည့်ရင်းပင် အကြောပေါင်းသောင်းခြောက်ထောင်က တဆစ်ဆစ်ထိုးကိုက်လာသလိုလို။
🎵 အရူးမူးအချစ်နဲ့ တို့ တတွေ ချစ်လာ
ခဲ့ပြီးမှ ကံတရားရယ် ချစ်သူနှစ်ဦးကိုရှင်ကွဲခွဲထား......တင်းကြပ်ထားတဲ့တို့ မိဘရဲ့သဘောထားတွေနဲ့ ......ဘယ်လိုရုန်းကန်ရှေ့ ဆက်သွား...ကြိုတင်တွေးမထားခဲ့မိလို့ တို့ မှားသွား 🎵
သီချင်းသံသည် နားထဲဆိုးဝါးစွာ တိုးဝင်လာပြီးနောက် ဦးမိုးကောင်းမျက်နှာကြီးသည် တဖြည်းဖြည်းမဲမှောင်လာ၏။
" ဒီသတောင်စား ဘာအချိုးနဲ့ ဒီသီချင်းအိမ်ရှေ့ လာဆိုနေတာလဲ။ "
🎵 ခေါင်းအုန်းထက်ကမျက်ရည် သက်သေမောင်ပြချင်တယ် ကိုယ်ပိုင်အသည်းကိုတို့ မှာမပိုင်ဘူးအချစ်ရယ် ...သိသိရက်နဲ့ မိုက်ခဲ့တဲ့နှလုံးသားအိမ်လဲ မလွန်ဆန်ရဲတဲ့အပြစ်တွေနဲ့ ရှင်ရက်မထူးတော့တဲ့ဘဝ
နဲ့ ...ရှင်ရက်မထူးတော့တဲ့ဘဝနဲ့ ငိုမယ် ...🎵
ချစ်ခြင်းသည် လှေကားကနေ အသာလေးဆင်းလာခဲ့သည်။ အမိန့် အသံကိုကြားနေရရုံဖြင့် သူ မတင်းတိမ်နိုင်ပါ။ ထို့ကြောင့် ဧည့်ခန်းမှာTVကြည့်နေတဲ့ ဘိုးဘိုးကြီးမသိအောင် တိတ်တိတ်လေး ပုန်းပီးခြံထဲခိုးဆင်းခြင်းဖြစ်သည်။
🎵ချစ်ခြင်းကို မခွဲပါနဲ့ ချစ်ခြင်းကို
မခွဲကြပါနဲ့ ......ချစ်ခြင်းနဲ့ အသက်ဆက်နေတယ် နှလုံးသားလေးကျွမ်းသွားမယ် ...ချစ်ခြင်းကိုမခွဲပါနဲ့ ချစ်ခြင်းကိုမခွဲကြပါနဲ့ တကယ်နှလုံးသားစက်ရုပ်မဟုတ်ဘူးသေရာပါအောင်မလုပ်နဲ့ 🎵
TV ကိုမျက်လုံးကသာ ကြည့်နေရတာ
စိတ်ကတော့ အသံဆိုးနဲ့ နှိပ်စက်နေသော ကိုမိန့် ကို နားရင်းသုံးချက်လောက်ရိုက်ပြီးနေပြီဖြစ်သည်။ ခံစားချက်ဖြင့်ပီပီပြင်ပြင် သီဆိုမူ့ သည့် ဦးမိုးကောင်းကို တဖက်နည်းဖြင့် ရန်စနေသည့်နှယ်။
*သဘောကတော့ သူတို့ ချစ်ခြင်းကိုငါကခွဲနေတယ်ပေါ့။ အမိန့် အာဏာ မင်းး...
အားးးခေါင်းတွေမူးလိုက်တာ *
"မိကြည် ...မိကြည် ...လာစမ်းသွေးကျဆေးယူခဲ့စမ်း... နေအုန်းသံပရာရေချဉ်ချဉ်လေးပါယူခဲ့ "
မျက်မှန်ကို ဆွဲချွတ်ကာ စားပွဲပေါ်ပစ်တင်သည်။
ထို့နောက် ဂုတ်ကိုလက်နဲ့ အုပ်၍ နောက်မှီကိုမျက်လုံးမှိတ် မှီထားရင်းတက်လာတဲ့သွေးတွေ လျော့သွားအောင် အသက်ကိုမှန်မှန်ရှူနေရသည်။
"သံပရာရေနဲ့ သွေးကျဆေးအဆင်သင့်ပါ ဘဘကြီး"
သူ့ ကိုယ်လုံးမှအားမနာ ဘယ်ချိန်ကတည်းကပြင်ထားတဲ့ သံပရာမှန်းမသိခေါ်လိုက်တာနဲ့ ချက်ခြင်းရောက်လာတဲ့ မိကြည်ကို မျက်စောင်းထိုးမိ၏။
ကမ်းလာတဲ့ခွက်ကိုအမြန်ယူသောက်ရင်း ..
" ချစ်ခြင်းအိပ်နေပီ လာမဆူနဲ့ ပြန်တော့
လို့ သွားပြော"
"ဟို ဘဘကြီး ချစ်ခြင်းက...ဟိုလေ "
ခေါင်းကုတ်မလိုလို ဖင်ကုတ်မလိုလို လုပ်နေတဲ့မိကြည့်ကိုစိတ်မရှည်တော့တာ
ကြောင့်
"ဟဲ့ မိကြည် ချစ်ခြင်းက ဘာလဲဆက်ပြောလေပြောစရာရှိတာမပြောပဲ လုပ်နေတာ ။ ငါ လုပ်လိုက်ရ"
ခပ်မာမာအော်လိုက်မှ
"ဟို အကိုလေးက ခြံတံခါးနားမှာ ကိုမိန့် နဲ့
ခိုးတွေ့ နေပါတယ်ဘဘကြီး "
"ဘာာ!! "
"အမလေး အမလေး ခေါင်းတွေမူးလာပြီ
ဟဲ့ ဘယ်မှာလဲ ဆေးပေးစမ်း "
နားထင်ကို လက်နဲ့ ဖိကာ ဆေးလုံးကို အတင်းတောင်းနေတဲ့ ဘဘကြီးကြောင့် မိကြည်တို့လည်းလန့်နေလေပြီ။
"သွားပြော......ပြန်လိုက်သွား တစ်ယောက်မှ မမြင်ချင်ဘူးလို့ "
ဦးမိုးကောင်းရဲ့ဒေါသတကြီးအော်လိုက်သံက ခြံပြင်ကလူတွေကြားနိုင်လောက်အောင်ကျယ်ပေမဲ့ ခြံတံခါးမှာဒရမ်မာချိုးနေတဲ့ ချစ်ခြင်းနဲ့ အမိန့် ကတော့ မကြားလိုက်ချေ။
---------------------
" လာပါအုန်းမောင့်ဆီ ကို လွမ်းလိုက်ရတာ "
ကဲပိုနေတာမဟုတ်ဘူးဆိုတာ ချစ်တဲ့သူတွေပဲသိတယ်။ အချစ်မရှိတဲ့ ဘိုးဘိုးလို လူတွေကတော့ ဘယ်နားလည်မလဲ။
ပြန်လာတဲ့လမ်းမှာကတည်းက လက်လေးကိုင်လိုက် ပါးလေးနမ်းလိုက်လုပ်နေပေမဲ့
အလွမ်းကပြေသွားတာမဟုတ်။ အိပ်ယာထဲရောက်မှပဲ ရင်ခွင်ထဲထည့်ကာ ဖုဖုဖောင်းဖောင်းဗိုက်လေးကို ပွတ်လိုက်ရမှ ကျေနပ်သွားရသည်။
" ငါတောင်းပန်ပါတယ် နောက်ဆို မင်းကိုမအော်တော့ဘူးနော် ။ပြီးတော့ ရန်ဖြစ်ရင်လည်းအိမ်ပေါ်က မဆင်းတော့ဘူး။ "
"အင်း အချစ်ကလေးမမှားဘူး။
သူများလင်မယားကြားပါတဲ့ ဘိုးဘိုးကပဲမှားတာ။
လူကြီးဖြစ်ပီးပြေလည်အောင်လုပ်ပေးမယ်မရှိဘူးချစ်ခြင်းကို လာခွဲနေတယ်။ ဒါနဲ့
မောင်ဆိုတာကောင်းတယ်မို့ လား"
"ကောင်းတယ် ။မင်းအသံကြားပီးတော့
ငါပိုလွမ်းသွားလို့ အိမ်အောက်တောင်ခိုးဆင်းလာရတယ်။"
တဖက်တွင်လည်း ...
"ဘယ်လိုဖြစ်တာလဲ ဦးလေးရာ... သွေးတွေစောင့်တက်လာရအောင် ...ဘာမတည့်တာများစားလိုက်သလဲ။ "
သွေးပေါင်ချိန်တိုင်းတဲ့ ဟာ ကိုပြန်သိမ်းပီး
ဒေါက်တာ ဦးမင်းထင်ကျော် အိပ်ယာပေါ်ပက်လက်ဖြစ်နေတဲ့ ဦးလေးဖြစ်သူကိုမေးလိုက်၏။
"ဘာဖြစ်ရမှာလဲ ...မင်းတူလင်မယားလေ
ငါ့ကို သွေးတက်အောင်လုပ်သွားကြတာ
ပြန်မမေးနဲ့ အဲ့အကြောင်းတွေ ။ အမလေးပြောရင်းဆိုရင်းခေါင်းတွေပြန်မူးလာပြန်ပီ"
ကုတင်ပေါ်မှာ ဆေးချိတ်ထားရအောင်
ဖြစ်သွားရှာသည့် ဦးမိုးကောင်းသည်
သူများချစ်ခြင်းခွဲခဲ့မိ၍ ထိုသို့ ဖြစ်သည်
ဆိုတာကိုပါ သိရှိသွားမည် ဆိုပါလျှင်....
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz