ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

31

eainsi23

ရက္ေတြ  လေတြ တျဖည္းျဖည္း ေက်ာ္ျဖတ္လာပီးတဲ့ ေနာက္မွာ ခ်စ္ျခင္းနွင့္အမိန္ ႔ရဲ႕အိမ္ေထာင္ေရးကလည္း  ခ်ိဳလိုက္ ၊ခ်ဥ္လိုက္ျဖင္ ့အရသာ မ်ိဳးစံုေျပာင္းေနေလ့ရွိသည္။

ခ်စ္ျခင္း၏ စိတ္ဆတ္ၿပီး ေခါင္းမာတက္
ေသာ အက်င့္ဆိုးေလးေၾကာင့္ အမိန္ ႔မွာ
အခ်ိန္တိုင္း  သတိအေနထားျဖင့္ေနရေလ့ရွိ၏။ ထို႔အျပင္  တခါတေလ
အေၾကာင္းျပခ်က္မရွိပဲ ေဒါသႀကီးလာတက္မို ႔  အမိန္ ႔ခမ်ာ ခုလပိုင္းအတြင္း အေနစားၾကပ္လွပါသည္။ ရန္မျဖစ္ေအာင္၊
ေဒါသမထြက္ရေအာင္ အထူး ဂရုစိုက္ေပမဲ့  စိတ္အတက္ ၊ အက်  မ်ားလွတဲ့ ခ်စ္ျခင္းကိုေတာ့  ထိန္းခ်ဳပ္လို ႔ပင္မရေခ်။

ယခု တြင္လည္း....

"အခ်စ္ စိတ္ေလ်ာ့ … စိတ္ကိုေလ်ာ့။
အဲ့ဒါနဲ ့ေတာ့မလုပ္လိုက္နဲ ့ေနာ္ …ခနေလး …ဘာျဖစ္တာလဲ… ေမာင့္ကိုေျပာ။
ေမာင္အကုန္လုပ္ေပးမယ္ "

ေစာေစာကထိ နွစ္ေယာက္သား Tv ထိုင္ႀကည့္ရင္း တည့္ေနက်ေသးသည္။ အမိန္ ့
ခ်စ္ျခင္းစားဖို ့ ပန္းသီးေလး သြားလွီးေပးေနရာမွ  ျပန္လာေတာ့ ေဒါသတႀကီး အမိန္ ့
ကို စားပြဲေပၚက အလွခ်ထားတဲ့ ပန္းအိုးေလးနဲ ့ေပါက္မလို ့ျပင္ေနသည္။ ထို ႔ေၾကာင့္  အနီးနား မသြားရဲပဲ  အေတာ္လွမ္းလွမ္းကေန  လက္တကာကာနွင့္  အလ်ွင္အျမန္တားေနရသည္။

" တိတ္ !  မေျပာနဲ ့။ ဘာမွ ရွင္းျပဖို ႔မစဥ္းစားနဲ ့။ မင္းအေၾကာင္းငါ သိသြားၿပီ " 

"ေဟာဗ်ာ ။ ေမာင္ကဘာလုပ္ေနလို႔လဲ အခ်စ္ရာ ။  အခ်စ္ေျပာျပမွသိမွာေပါ့။ ေျပာ .. ဒီတခါ ဘာျဖစ္ရျပန္တာလဲ "

" မင္း …ငါမသိေအာင္ေဖာက္ျပန္ေနတာမို ့လား"

စလာပါျပီ။ ဘာကိုေဖာက္ျပန္ရမွာလဲ။

သူေလာက္လွတဲ့သူေတာင္သူေလာက္မလွနိုင္တာကို ကိုယ္ကေဘးထားပီးဘယ္
သူ ့ကိုေဖာက္ျပန္ရမွာလဲ။ မခ်စ္ေတာ့လည္း မခ်စ္လို ့၊ ခ်စ္ေတာ့လည္း ခ်စ္ျခင္း၏ သဝန္တိုခ်က္ က 9မကဘူး 100ေတာင္ေက်ာ္ေနေသးတယ္။

"ဘယ္သူ ့ကိုေဖာက္ျပန္ရမွာလဲ အခ်စ္ရာ
အခ်စ္ေဘးနားမွာတစ္ခ်ိန္လံုးရွိေနတာကို။  ကဲ ေျပာ.. ေမာင္ ဘယ္သြားတာျမင္လဲ။
မင္းမသိေအာင္ တိတ္တဆိတ္ မဟုတ္တာ ဘာလုပ္ဖူးလဲ  "

ေဒါသမ်က္ဝန္းေတြက ေဝ့ခနဲ။
ေက်ာထဲ စိမ့္သြားသည္မို ႔  လက္ေမာင္းမွာ ၾကက္သီးဖုေတြ စီလာ၏။

ဒါ ေၾကာက္လို ႔ျဖစ္တာမဟုတ္ဘူး။ အဲ့ဒါေသခ်ာတယ္။

" ရွင္းစမ္း ။ ဒါဆို ဒါကဘာလဲ။
ဘယ္ကေရာက္လာတာလဲ။ ဘယ္ေကာင္လက္ကျမင္းထားတာလဲ  "

ဖုန္း ကို လက္ထဲ ပစ္ထည့္လိုက္တာေႀကာင္ အလ်င္အျမန္ဖမ္းပီး ႀကည့္လိုက္သည္။

ဖုန္းစခရင္ ေပၚတြင္  လြန္ခဲ့ ေသာ ငါးနွစ္ေက်ာ္က သူ ပထမဆံုး fbစသံုးတုန္းက ပံုကိုေတြ ့လိုက္ရသည္ေၾကာင့္....။

"ေအာ္... ဒါ ေမာင္ အသက္17တုန္းကပံုေလ အခ်စ္ရဲ့။ ဘာမ်ားလဲ  လို ႔ "

"ေဘာပဲ။  အမိန္ ့အာဏာ ငါစိတ္ကိုလာ
ဆြေနတာလား။  မန္ ့ေတြဖတ္ႀကည့္ အဲ့မွာ မင္းဘယ္ေလာက္ယြထားလဲ  "

"ခြမ္း "

ေျပာေနရင္းကေန ေဒါသႀကီးလာတဲ့
ခ်စ္ျခင္းက အမိန္ ့ကိုေတာ့ မေပါက္ပဲ
လြတ္တဲ့ေနရာကို လက္ထဲကပန္းအိုးကို
ပစ္ေပါက္လာတာမို ့အမိန္ ့လန္ ့သြား၏။

"အခ်စ္ဘာျဖစ္ေနတာလဲ ?
ကေလးေတြလန္ ့ကုန္ေတာ့မယ္…
စိတ္ေလ်ာ့ပါအခ်စ္ေလးရဲ့… ေမာင္ေတာင္းပန္ပါတယ္ "

အခ်စ္မွားလည္း အမိန္ ့ကပဲေတာင္းပန္ ။
အမိန္ ့မွားလည္း အမိန္ ့ကပဲေတာင္းပန္။

ဟုတ္ေနပါပီ။ ခ်စ္ေတာ့လည္း သည္းခံရသည္။

"မင္းကို ဖတ္လို ့ေျပာေနတယ္ အမိန္ ့အာဏာ "

အံႀကိတ္ေျပာလာတဲ့ အခ်စ္ေႀကာင့္အမိန္႔
ျပာျပာသလဲငံု ့ဖတ္လိုက္သည္။

  ေသလိုက္ေတာ့ အမိန္ ့အာဏာ ။

သူ ့အေျဖာင့္ဘဝတုန္းက အေသယြခဲ့ဖူးေသာ   commentမ်ား ။

ဘုရားကယ္ပါ။ 

သူ အသတ္ခံရေတာ့မွာလားမသိဘူး။

လ်ွင္ျမန္တဲ့ အရွိန္ျဖင့္ အခ်စ္ရဲ့
မလွမ္းမကမ္းမွာ အမိန္ ့ဒူးေထာက္လိုက္သည္။

" အခ်စ္ ေမာင္မွားခဲ့ပါတယ္ ။ ဒါေတြက
အခ်စ္နဲ ့မေတြ ့ခင္တုန္းက ေမာင္ေျဖာင့္ထားတာေတြပါ။ ေမာင္အခု ေကြးသြားပီမို ့
အခ်စ္ေလာက္မလွတဲ့ မိန္းကေလးေတြကို
မၾကည့္ေတာ့ပါဘူး။ အဲ့ဒါတကယ္ပါ "

"အာ..  ေတာင္းပန္ပါ …ပါ..။  အခ်စ္ေရမွားမယ္ေနာ္ … အဲ့ဒါ က  အခ်စ္ ႀကိဳက္တဲ့
ပန္းခ်ီဆရာဆြဲထားတာေလ။ "

TVတင္ထားတဲ့ စင္ေဘးမွ အလွျပထားတဲ့
ေႀကြအိုးကိုေကာက္ကိုင္လိုက္တာမို ့
အမိန္ ့အျမန္တားလိုက္ရသည္။

ပိုက္ဆံနွေျမာတာထက္ ဒါေနာက္ဝယ္လို ့မရတဲ့ အခ်စ္ႀကိဳက္တဲ့ပစၥည္းျဖစ္ေနလို႔ပင္။

ေျပာလိုက္မွ ေသခ်ာျပန္ငံု ့ႀကည့္ေနတဲ့
အခ်စ္ေႀကာင့္ အမိန္ ့မီးဖိုေခ်ာင္ကို ေျပးကာ ပန္းကန္ျပားေတြ အထပ္လိုက္  ယူ လာလိုက္ပီး အခ်စ္ေရွ ့ခ်ေပးလိုက္သည္။
လူကေတာ့ အေစာက အတိုင္း ဒူးျပန္သြားေထာက္ေနလိုက္၏။

" ဒီပန္းကန္ေတြပဲ ခြဲ.. အခ်စ္ေလး ။
အဲ့ဒါေစ်းခ်ိဳတယ္ ။ ႀကိဳက္သေလာက္ခြဲပီး အခ်စ္ စိတ္ကိုေလ်ာ့ ။ အခ်စ္ဒါသ ထြက္ရင္ ကေလးေတြ မ်က္လံုးျပဴးမယ္ေနာ္ "

ေျပရာေျပေႀကာင္း ေျပာေပမဲ့ လွမ္းႀကည့္လာတဲ ့အနီေရာင္ မ်က္ဝန္းေႀကာင့္
အမိန္ ့ပါးစပ္ထပ္ ပိတ္သြား၏။

" မင္းပါးစပ္ကို ပိတ္ထားးစမ္း ။
မဟုတ္ရင္ ဒါေတြမင္းဆီ ပ်ံ လာလိမ့္မယ္။"

"ခြမ္း!"

" ခြမ္း  !  "

သူ ့ကိုမထိေအာင္လြတ္တဲ့ေနရာကို ေပါက္ခြဲေနတဲ့ အခ်စ္ေႀကာင့္အမိန္ ့ဒူးေထာက္ေနရာမွ နည္းနည္းေတာင္ မလုပ္ရဲေပ။
ေဒါသတႀကီး လက္တဖက္က ဗိုက္ပူေလးကိုေပြ ့ပီး တစ္ဖက္က ပစ္ခြဲေနတဲ့ ခ်စ္ျခင္းက ေဒါသထြက္ေနတာေလးေတြ လွေနေသးသည္။ ျဖဴ  နုေနတဲ့ အခ်စ္က အိမ္ျပင္မထြက္တာႀကာလို ့လားမသိ ပိုးဥေလးလို ့
နုဥေနပီး ခါတိုင္း လို မဟုတ္ပဲ အမိန္ ့အက်ၤ ီသာယူဝတ္တက္လို ့ အက်ၤ ီဖားဖားေအာက္မွာ လွခ်င္တိုင္းလွေန… "

ခြမ္း!

"အမေလး …ဘိုးဘိုးႀကီးရဲ့"

အမိန္ ့ အေတြးေလး ေလထဲလြင့္သြား၏။

ပစ္ခြဲလိုက္တဲ့ ပန္းကန္အကြဲေတြက ေဘးမွာ ေဖြးခနဲ မို႔
ေၾကာက္ေပမဲ့ မ်က္ေစာင္းလွမ္းထိုးလိုက္သည္။

ရုပ္ကေလးလွသေလာက္
ေဒါသကလည္း ႀကီးလိုက္တာ။
စိတ္ဓာတ္ပဲခ်စ္ျခင္းတို ့က။

ခ်စ္လို ့အေလ်ာ့ေပးထားတာကို ဒီေယာက်ာ္း အေတာ္ကဲေနတာ။မဟုတ္ရင္ အမိန္ ့အာဏာက ဘာေကာင္လဲဆိုတာသိေအာင္ ျပပလိုက္မွာ။  ဗိုက္ႀကီးႀကီးနဲ ့မို ့ေဒါသကို ထိန္းထားတာ နို႔မို ႔ဆိုရင္ မလြယ္ဘူးမွတ္။

"အမိန္ ့အာဏာ" 

"ခင္ဗ်ာ ! "

စူးခနဲ ေအာ္လိုက္တာေႀကာင့္ အမိန္ ့
ေႀကာက္အားလန္ ့အားထူးလိုက္ရသည္။

"မင္းနဲ ့မေပါင္းနိုင္ေတာ့ဘူး "

" အခ်စ္ေနာ္။  ေမာင္ ဘာလုပ္လို ့လဲ။
အႀကီးဆိုပီး မယုတ္မာနဲ ့ …ဟင့္  …ဒီမွာေတာင္းပန္ေနတာကို …ဟီးအီး  …ကြဲမယ္တဲ့ သူ မို ့ေျပာရက္တယ္ "

ဒူးေထာက္လ်က္သားျဖင့္  အမိန္ ႔ေအာ္ငိုေတာ့သည္။  သို ႔ေသာ္ ခ်စ္ျခင့္ လံုး၀မေခ်ာ့ေပ။ ဒါမ်ိဳးခြင့္လြတ္လိုက္ရင္ ေနာင္ပိုဆိုးလာလိမ့္မယ္။  ဘယ္ခ်ိန္ပဲေနေန ခ်စ္ျခင္းျပည့္စံုသည္ ပထမေနရာမွာပဲ ရွိေနမွႀကိဳက္၏။ ခုမေဖာက္ျပန္ဘူးဆိုတာ သိေပမဲ့
လည္း သဝန္တို စိတ္သည္ ရင္ထဲအျပည့္ျဖစ္ေနသည္မို ႔ ငိုေနတဲ့အမိန္ ႔ကိုဒီတိုင္းသာၾကည့္ေနလိုက္သည္။

"ဒါဘာျဖစ္ေနႀကတာလဲ မင္းတို ့ လူႀကီးေတြမရွိတာနဲ ့ျဖစ္ခ်င္တိုင္းျဖစ္ေနေတာ့တာလား"

ေအာင္ျမင္ခန္ ့ညားတဲ့အသံေႀကာင့္ခ်စ္ျခင္း မ်က္ရည္ေတြ က်လာသည္။ အားကိုးေတြ ့သလို ဘိုးဘိုးႀကီးကိုေျပးဖက္ငိုလိုက္၏။

"ဟင့္ …ဘိုးဘိုးႀကီး "

"   ေတာက္စ္!  ဟိုေကာင္
သားကိုဘာလုပ္တာလဲ… ဘိုးဘိုးႀကီးကိုေျပာ"

ေဒါသတႀကီးထပ္ထြက္လာတဲ့ ဘိုးဘိုးအသံေႀကာင့္ အမိန္ ့ အသံတိတ္ထပ္ငိုေႀကြးလိုက္သည္။ ခံရတာက သူပါ ။
တခ်ိန္ လံုးအဆူအေငါက္ခံေနရတာလည္းသူပါ ပဲ။

ဒီဖက္ကေျမးေခ်ာေခ်ာေလးက အလုပ္ခံရတာပါဗ်။

မ်က္ရည္ေလးက်ျပပီး အရင္ေျပးဖက္လိုက္တဲ့ ခ်စ္ျခင္းေႀကာင့္ အမိန္ ့သည္
ဘိုးဘိုးမ်က္စိထဲမွာ  လူဆိုးေကာင္ျဖစ္သြားေလၿပီ။

ေလာကႀကီးကလံုးဝမတရားသလို  …ဘိုးဘိုးႀကီးသည္လည္း မေကာင္းေပ။ 
အားနည္းသူ ၊ အနိုင္က်င့္ခံရသူသည္ အမိန္ ႔အာဏာျဖစ္ေၾကာင္း မည္သို႔ရွင္းျပရမည္နည္း။ 

"ဘိုးဘိုးႀကီးေျမး ေဖာက္ျပန္ေနတယ္ "

"ဘာ ဒီေကာင္ "

" မဟုတ္ ……"

"မင္းပါးစပ္ ပိတ္ထ ား ကိုမိန္ ့။
မင္းကိုဒီလို သြန္သင္ခဲ့သလားျပန္စဥ္းစား
ငါလုပ္လိုက္ရ နာေတာ့မွာ။  မင္းေတာ့မင္း
မႀကီးမငယ္နဲ ့ရုိက္ခံရေတာ့မွာပဲ"

"သားမေဖာက္ျပန္……"

"တိတ္ !! မင္းအသံထြက္မလာနဲ ့။ "

"ခ်စ္ျခင္း မငိုနဲ ့ေတာ့ ။ လာ.. ဒီအိမ္မွာ ဒီေကာင္နဲ ့မေနနဲ ့ဘိုးဘိုးႀကီးနဲ ့ျပန္လိုက္ခဲ ့"

*မဟုတ္ဘူးေလ ဘာလို ့ရွင္းျပခြင့္မေပးက်တာလဲ ။ သားက အနိုင္က်င့္ ခံေနရတာပါဗ် ။စြပ္စြဲခံေနရတာပါ ဗ် ။ အမေလး နားေထာင္က်ပါဦးလား*

" ဟာ ! ဘိုးဘိုး အဲ့လိုေခၚသြားလို႔မရဘူးေလ။ အခ်စ္ လိုက္မသြားနဲ ့ "

ေျပာေျပာဆိုဆို ဆြဲေခၚသြာတာေႀကာင့္အမိန္ ့လွမ္းတားေပမဲ့ အသဲမာသူႀကီးက ဂရုမစိုက္ေတာ့ေပ။

တားေနသည္ေတာင္ လိုက္သြားတဲ့ခ်စ္ျခင္းကို အမိန္ ့အရမ္းစိတ္တို ၏။

လင္နဲ ့မယား စကားမ်ားတာဆန္းလား။
ဒါကို လာလိုက္ခဲ့လို ႔ေခၚရုံနဲ ့ လိုက္သြားစရာလား။

ေနပါေလ့ေစ ျပီးမွျပန္တက္မလာ
နဲ ့ ။

အမိန္ ့တို ့က ရွင္းတယ္။

ဆင္းသြားတုန္းက ကိုယ့္သေဘာနဲ ့ကိုယ္ ။ျပီးမွေမာင့္ကိုလြမ္းလို ့ေလး ဘာေလးလာမလုပ္နဲ ့။ လံုးဝလက္မခံဘူး။

အိမ္ေပါက္ဝမွာ ထြက္ခြာသြားတဲ့ မာစီးတီး
အနက္ေရာင္ကားေလးကိုေငးရင္း အမိန္ ့
ေဒါသတို ့ကအတိုင္းစမရွိတက္လာ၏။

ညေန ငါးနာရီ ။ ခ်စ္ျခင္းထြက္သြားတာ
တစ္နာရီနဲ ့ သံုးဆယ့္ရွစ္စကၠန္ ့

တိုင္ကပ္နာရီကို ေမာ့ၾကည့္ၿပီး 
နႈတ္ခမ္းကိုမဲ့ကာ

"ဟြန္ ့ ကိုယ္မရွိပဲ ေနနိုင္မလားႀကည့္အုန္းမယ္ ။ "

ေျပာၿပီး  ခ်စ္ျခင္းခြဲထားတာေတြသန္ ့ရွင္းေရးလုပ္ေန၏။

ညေန ေျခာက္နာရီ ဆယ္မိနစ္။ ခ်စ္ျခင္း
ထြက္သြားပီး နွစ္နာရီနဲ ့ေလးဆယ့္ရွစ္စကၠန္ ့..

"အင္း တစ္ေယာက္ထဲ ေနရတာနားေအးေပမဲ ့ပ်င္းေတာ့ ပ်င္းစရာႀကီး "

ေမြ ့ယာေပၚ အားယားေမွာက္ လ်က္
အိပ္ေနရင္းေရ႐ြတ္လိုက္၏။

ည ခုနွစ္နာရီ ခြဲ ။ ခ်စ္ျခင္း ထြက္သြားပီး
သံုးနာရီ မိနစ္သံုးဆယ္နဲ ့ေလးဆယ့္ရွစ္စကၠန္ ့...

" ေနနိုင္မလား ေနႀကည့္ေပါ့ ။ ဟက္!
အမိန္ ့တဲ့ တမိန္ ့ထဲရွိတယ္ "

ခပ္တိုးတိုးဆိုကာ ေလ်ွာ္ပီးသား ခ်စ္ျခင္းအဝတ္ေတြ မီးပူေသခ်ာထိုးပီးေခါက္ေပးလိုက္၏။

ည   ကိုးနာရီ နွစ္ဆယ့္ကိုးမိနစ္ ဆယ္နွစ္စကၠန္ ့။ ခ်စ္ျခင္းထြက္သြားပီးငါးနာရီ။

"ဟင့္ ေနနိုင္သူႀကီး။ အီးဟီးဟီ…။
လြမ္းလို ေသေတာ့မွာပဲ။ အလကား
ေယာက်ာ္း ။ ယူထားပီးရင္ အဆံုးထိ တာဝန္ယူရမွာေပါ့။ ဘာမဟုတ္တာေလးနဲ ့
ပစ္ထားခဲ့တယ္ ။ ဒါ ခ်စ္မွန္းသိလို ့သက္
သက္ယုတ္မာတာ။ ဘိုးဘိုးကလည္း ကိုယ့္ေျမးဖက္ကမပါပဲ ဟိုကငိုျပလိုက္တာနဲ ့
ပါစရာလား။ ဟီးအီး ဝိုင္းနွိပ္စက္ေနႀကတာ။ အားနည္းသူဆိုပီး အနိုင္က်င့္ေနက်တာ"

ႀကမ္းျပင္ေပၚမွာေျခဆင္းပီးရွယ္ငိုပစ္လိုက္၏။  ငိုရလြန္းလို ႔
မ်က္ရည္မ်ားနဲ ့ညစ္ပတ္ ေပတူးကာ
မ်က္လံုးမ်ားက မို ႔ေဖာင္းေနလ်က္ရွိသည္။

ခ်စ္တဲ့အိမ္စည္။

ရက်တွေ  လတွေ တဖြည်းဖြည်း ကျော်ဖြတ်လာပီးတဲ့ နောက်မှာ ချစ်ခြင်းနှင့်အမိန့် ရဲ့အိမ်ထောင်ရေးကလည်း  ချိုလိုက် ၊ချဉ်လိုက်ဖြင့် အရသာ မျိုးစုံပြောင်းနေလေ့ရှိသည်။

ချစ်ခြင်း၏ စိတ်ဆတ်ပြီး ခေါင်းမာတက်
သော အကျင့်ဆိုးလေးကြောင့် အမိန့် မှာ
အချိန်တိုင်း  သတိအနေထားဖြင့်နေရလေ့ရှိ၏။ ထို့အပြင်  တခါတလေ
အကြောင်းပြချက်မရှိပဲ ဒေါသကြီးလာတက်မို့   အမိန့် ခမျာ ခုလပိုင်းအတွင်း အနေစားကြပ်လှပါသည်။ ရန်မဖြစ်အောင်၊
ဒေါသမထွက်ရအောင် အထူး ဂရုစိုက်ပေမဲ့  စိတ်အတက် ၊ အကျ  များလှတဲ့ ချစ်ခြင်းကိုတော့  ထိန်းချုပ်လို့ ပင်မရချေ။

ယခု တွင်လည်း....

"အချစ် စိတ်လျော့ … စိတ်ကိုလျော့။
အဲ့ဒါနဲ့ တော့မလုပ်လိုက်နဲ့ နော် …ခနလေး …ဘာဖြစ်တာလဲ… မောင့်ကိုပြော။
မောင်အကုန်လုပ်ပေးမယ် "

စောစောကထိ နှစ်ယောက်သား Tv ထိုင်ကြည့်ရင်း တည့်နေကျသေးသည်။ အမိန့်
ချစ်ခြင်းစားဖို့  ပန်းသီးလေး သွားလှီးပေးနေရာမှ  ပြန်လာတော့ ဒေါသတကြီး အမိန့်
ကို စားပွဲပေါ်က အလှချထားတဲ့ ပန်းအိုးလေးနဲ့ ပေါက်မလို့ ပြင်နေသည်။ ထို့ ကြောင့်  အနီးနား မသွားရဲပဲ  အတော်လှမ်းလှမ်းကနေ  လက်တကာကာနှင့်  အလျှင်အမြန်တားနေရသည်။

" တိတ် !  မပြောနဲ့ ။ ဘာမှ ရှင်းပြဖို့ မစဉ်းစားနဲ့ ။ မင်းအကြောင်းငါသိတယ်။ "

"ဟောဗျာ ။ မောင်က အချစ်ပြောပြမှသိမှာပေါ့။ ပြော .. ဒီတခါ ဘာဖြစ်ရပြန်တာလဲ "

" မင်း …ငါမသိအောင်ဖောက်ပြန်နေတာမို့ လား"

စလာပါပြီ။ ဘာကိုဖောက်ပြန်ရမှာလဲ။

သူလောက်လှတဲ့သူတောင်သူလောက်မလှနိုင်တာကို ကိုယ်ကဘေးထားပီးဘယ်
သူ့ ကိုဖောက်ပြန်ရမှာလဲ။ မချစ်တော့လည်း မချစ်လို့ ၊ ချစ်တော့လည်း ချစ်ခြင်း၏ သဝန်တိုချက် က 9မကဘူး 100တောင်ကျော်နေသေးတယ်။

"ဘယ်သူ့ ကိုဖောက်ပြန်ရမှာလဲ အချစ်ရာ
အချစ်ဘေးနားမှာတစ်ချိန်လုံးရှိနေတာကို။  ကဲ ပြော.. မောင် ဘယ်သွားတာမြင်လဲ။
မင်းမသိအောင် တိတ်တဆိတ် မဟုတ်တာ ဘာလုပ်ဖူးလဲ  "

ဒေါသမျက်ဝန်းတွေက ဝေ့ခနဲ။
ကျောထဲ စိမ့်သွားသည်မို့   လက်မောင်းမှာ ကြက်သီးဖုတွေ စီလာ၏။

ဒါ ကြောက်လို့ ဖြစ်တာမဟုတ်ဘူး။ အဲ့ဒါသေချာတယ်။

" ရှင်းစမ်း ။ ဒါဆို ဒါကဘာလဲ။
ဘယ်ကရောက်လာတာလဲ။ ဘယ်ကောင်လက်ကမြင်းထားတာလဲ  "

ဖုန်း ကို လက်ထဲ ပစ်ထည့်လိုက်တာကြောင် အလျင်အမြန်ဖမ်းပီး ကြည့်လိုက်သည်။

ဖုန်းစခရင် ပေါ်တွင်  လွန်ခဲ့ သော ငါးနှစ်ကျော်က သူ ပထမဆုံး fbစသုံးတုန်းက ပုံကိုတွေ့ လိုက်ရသည်ကြောင့်....။

"အော်... ဒါ မောင် အသက်17တုန်းကပုံလေ အချစ်ရဲ့။ ဘာများလဲ  လို့  "

"ဘောပဲ။  အမိန့် အာဏာ ငါစိတ်ကိုလာ
ဆွနေတာလား။  မန့် တွေဖတ်ကြည့် အဲ့မှာ မင်းဘယ်လောက်ယွထားလဲ  "

"ခွမ်း "

ပြောနေရင်းကနေ ဒေါသကြီးလာတဲ့
ချစ်ခြင်းက အမိန့် ကိုတော့ မပေါက်ပဲ
လွတ်တဲ့နေရာကို လက်ထဲကပန်းအိုးကို
ပစ်ပေါက်လာတာမို့ အမိန့် လန့် သွား၏။

"အချစ်ဘာဖြစ်နေတာလဲ ?
ကလေးတွေလန့် ကုန်တော့မယ်…
စိတ်လျော့ပါအချစ်လေးရဲ့… မောင်တောင်းပန်ပါတယ် "

အချစ်မှားလည်း အမိန့် ကပဲတောင်းပန် ။
အမိန့် မှားလည်း အမိန့် ကပဲတောင်းပန်။

ဟုတ်နေပါပီ။ ချစ်တော့လည်း သည်းခံရသည်။

"မင်းကို ဖတ်လို့ ပြောနေတယ် အမိန့် အာဏာ "

အံကြိတ်ပြောလာတဲ့ အချစ်ကြောင့်အမိန့်
ပြာပြာသလဲငုံ့ ဖတ်လိုက်သည်။

  သေလိုက်တော့ အမိန့် အာဏာ ။

သူ့ အဖြောင့်ဘဝတုန်းက အသေယွခဲ့ဖူးသော   commentများ ။

ဘုရားကယ်ပါ။ 

သူ အသတ်ခံရတော့မှာလားမသိဘူး။

လျှင်မြန်တဲ့ အရှိန်ဖြင့် အချစ်ရဲ့
မလှမ်းမကမ်းမှာ အမိန့် ဒူးထောက်လိုက်သည်။

" အချစ် မောင်မှားခဲ့ပါတယ် ။ ဒါတွေက
အချစ်နဲ့ မတွေ့ ခင်တုန်းက မောင်ဖြောင့်ထားတာတွေပါ။ မောင်အခု ကွေးသွားပီမို့
အချစ်လောက်မလှတဲ့ မိန်းကလေးတွေကို
မကြည့်တော့ပါဘူး။ အဲ့ဒါတကယ်ပါ "

"အာ..  တောင်းပန်ပါ …ပါ..။  အချစ်ရေမှားမယ်နော် … အဲ့ဒါ က  အချစ် ကြိုက်တဲ့
ပန်းချီဆရာဆွဲထားတာလေ။ "

TVတင်ထားတဲ့ စင်ဘေးမှ အလှပြထားတဲ့
ကြွေအိုးကိုကောက်ကိုင်လိုက်တာမို့ 
အမိန့် အမြန်တားလိုက်ရသည်။

ပိုက်ဆံနှမြောတာထက် ဒါနောက်ဝယ်လို့ မရတဲ့ အချစ်ကြိုက်တဲ့ပစ္စည်းဖြစ်နေလို့ပင်။

ပြောလိုက်မှ သေချာပြန်ငုံ့ ကြည့်နေတဲ့
အချစ်ကြောင့် အမိန့် မီးဖိုချောင်ကို ပြေးကာ ပန်းကန်ပြားတွေ အထပ်လိုက်  ယူ လာလိုက်ပီး အချစ်ရှေ့ ချပေးလိုက်သည်။
လူကတော့ အစောက အတိုင်း ဒူးပြန်သွားထောက်နေလိုက်၏။

" ဒီပန်းကန်တွေပဲ ခွဲ.. အချစ်လေး ။
အဲ့ဒါဈေးချိုတယ် ။ ကြိုက်သလောက်ခွဲပီး အချစ် စိတ်ကိုလျော့ ။ အချစ်ဒါသ ထွက်ရင် ကလေးတွေ မျက်လုံးပြူးမယ်နော် "

ပြေရာပြေကြောင်း ပြောပေမဲ့ လှမ်းကြည့်လာတဲ့ အနီရောင် မျက်ဝန်းကြောင့်
အမိန့် ပါးစပ်ထပ် ပိတ်သွား၏။

" မင်းပါးစပ်ကို ပိတ်ထားးစမ်း ။
မဟုတ်ရင် ဒါတွေမင်းဆီ ပျံ လာလိမ့်မယ်။"

"ခွမ်း!"

" ခွမ်း  !  "

သူ့ ကိုမထိအောင်လွတ်တဲ့နေရာကို ပေါက်ခွဲနေတဲ့ အချစ်ကြောင့်အမိန့် ဒူးထောက်နေရာမှ နည်းနည်းတောင် မလုပ်ရဲပေ။
ဒေါသတကြီး လက်တဖက်က ဗိုက်ပူလေးကိုပွေ့ ပီး တစ်ဖက်က ပစ်ခွဲနေတဲ့ ချစ်ခြင်းက ဒေါသထွက်နေတာလေးတွေ လှနေသေးသည်။ ဖြူ  နုနေတဲ့ အချစ်က အိမ်ပြင်မထွက်တာကြာလို့ လားမသိ ပိုးဥလေးလို့
နုဥနေပီး ခါတိုင်း လို မဟုတ်ပဲ အမိန့် အင်္ကျီသာယူဝတ်တက်လို့  အင်္ကျီဖားဖားအောက်မှာ လှချင်တိုင်းလှနေ… "

ခွမ်း!

"အမလေး …ဘိုးဘိုးကြီးရဲ့"

အမိန့်  အတွေးလေး လေထဲလွင့်သွား၏။

ပစ်ခွဲလိုက်တဲ့ ပန်းကန်အကွဲတွေက ဘေးမှာ ဖွေးခနဲ မို့
ကြောက်ပေမဲ့ မျက်စောင်းလှမ်းထိုးလိုက်သည်။

ရုပ်ကလေးလှသလောက်
ဒေါသကလည်း ကြီးလိုက်တာ။
စိတ်ဓာတ်ပဲချစ်ခြင်းတို့ က။

ချစ်လို့ အလျော့ပေးထားတာကို ဒီယောကျာ်း အတော်ကဲနေတာ။မဟုတ်ရင် အမိန့် အာဏာက ဘာကောင်လဲဆိုတာသိအောင် ပြပလိုက်မှာ။  ဗိုက်ကြီးကြီးနဲ့ မို့ ဒေါသကို ထိန်းထားတာ နို့မို့ ဆိုရင် မလွယ်ဘူးမှတ်။

"အမိန့် အာဏာ" 

"ခင်ဗျာ ! "

စူးခနဲ အော်လိုက်တာကြောင့် အမိန့်
ကြောက်အားလန့် အားထူးလိုက်ရသည်။

"မင်းနဲ့ မပေါင်းနိုင်တော့ဘူး "

" အချစ်နော်။  မောင် ဘာလုပ်လို့ လဲ။
အကြီးဆိုပီး မယုတ်မာနဲ့  …ဟင့်  …ဒီမှာတောင်းပန်နေတာကို …ဟီးအီး  …ကွဲမယ်တဲ့ သူ မို့ ပြောရက်တယ် "

ဒူးထောက်လျက်သားဖြင့်  အမိန့် အော်ငိုတော့သည်။  သို့ သော် ချစ်ခြင့် လုံးဝမချော့ပေ။ ဒါမျိုးခွင့်လွတ်လိုက်ရင် နောင်ပိုဆိုးလာလိမ့်မယ်။  ဘယ်ချိန်ပဲနေနေ ချစ်ခြင်းပြည့်စုံသည် ပထမနေရာမှာပဲ ရှိနေမှကြိုက်၏။ ခုမဖောက်ပြန်ဘူးဆိုတာ သိပေမဲ့
လည်း သဝန်တို စိတ်သည် ရင်ထဲအပြည့်ဖြစ်နေသည်မို့  ငိုနေတဲ့အမိန့် ကိုဒီတိုင်းသာကြည့်နေလိုက်သဘ်။

"ဒါဘာဖြစ်နေကြတာလဲ မင်းတို့  လူကြီးတွေမရှိတာနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတော့တာလား"

အောင်မြင်ခန့် ညားတဲ့အသံကြောင့်ချစ်ခြင်း မျက်ရည်တွေတောင် ကျလာသည်။ အားကိုးတွေ့ သလို ဘိုးဘိုးကြီးကိုပြေးဖက်ငိုလိုက်၏။

"ဟင့် …ဘိုးဘိုးကြီး "

"   တောက်စ်!  ဟိုကောင်
သားကိုဘာလုပ်တာလဲ… ဘိုးဘိုးကြီးကိုပြော"

ဒေါသတကြီးထပ်ထွက်လာတဲ့ ဘိုးဘိုးအသံကြောင့် အမိန့်  အသံတိတ်ထပ်ငိုကြွေးလိုက်သည်။ ခံရတာက သူပါ ။
တချိန် လုံးအဆူအငေါက်ခံနေရတာလည်းသူပါ ပဲ။

ဒီဖက်ကမြေးချောချောလေးက အလုပ်ခံရတာပါဗျ။

မျက်ရည်လေးကျပြပီး အရင်ပြေးဖက်လိုက်တဲ့ ချစ်ခြင်းကြောင့် အမိန့် သည်
ဘိုးဘိုးမျက်စိထဲမှာ  လူဆိုးကောင်ဖြစ်သွားလေပြီ။

လောကကြီးကလုံးဝမတရားသလို  …ဘိုးဘိုးကြီးသည်လည်း မကောင်းပေ။ 
အားနည်းသူ ၊ အနိုင်ကျင့်ခံရသူသည် အမိန့် အာဏာဖြစ်ကြောင်း မည်သို့ရှင်းပြရမည်နည်း။ 

"ဘိုးဘိုးကြီးမြေး ဖောက်ပြန်နေတယ် "

"ဘာ ဒီကောင် "

" မဟုတ် ……"

"မင်းပါးစပ် ပိတ်ထား ကိုမိန့် ။
မင်းကိုဒီလို သွန်သင်ခဲ့သလားပြန်စဉ်းစား
ငါလုပ်လိုက်ရ နာတော့မှာ။  မင်းတော့မင်း
မကြီးမငယ်နဲ့ ရိုက်ခံရတော့မှာပဲ"

"သားမဖောက်ပြန်……"

"တိတ် !! မင်းအသံထွက်မလာနဲ့ ။ "

"ချစ်ခြင်း မငိုနဲ့ တော့ ။ လာ.. ဒီအိမ်မှာ ဒီကောင်နဲ့ မနေနဲ့ ဘိုးဘိုးကြီးနဲ့ ပြန်လိုက်ခဲ့ "

*မဟုတ်ဘူးလေ ဘာလို့ ရှင်းပြခွင့်မပေးကျတာလဲ ။ သားက အနိုင်ကျင့် ခံနေရတာပါဗျ ။စွပ်စွဲခံနေရတာပါ ဗျ ။ အမလေး နားထောင်ကျပါဦးလား*

" ဟာ ! ဘိုးဘိုး အဲ့လိုခေါ်သွားလို့မရဘူးလေ။ အချစ် လိုက်မသွားနဲ့  "

ပြောပြောဆိုဆို ဆွဲခေါ်သွာတာကြောင့်အမိန့် လှမ်းတားပေမဲ့ အသဲမာသူကြီးက ဂရုမစိုက်တော့ပေ။

တားနေသည်တောင် လိုက်သွားတဲ့ချစ်ခြင်းကို အမိန့် အရမ်းစိတ်တို ၏။

လင်နဲ့ မယား စကားများတာဆန်းလား။
ဒါကို လာလိုက်ခဲ့လို့ ခေါ်ရုံနဲ့  လိုက်သွားစရာလား။

နေပါလေ့စေ ပီးမှပြန်တက်မလာ
နဲ့  ။

အမိန့် တို့ က ရှင်းတယ်။

ဆင်းသွားတုန်းက ကိုယ့်သဘောနဲ့ ကိုယ် ။ပြီးမှမောင့်ကိုလွမ်းလို့ လေး ဘာလေးလာမလုပ်နဲ့ ။ လုံးဝလက်မခံဘူး။

အိမ်ပေါက်ဝမှာ ထွက်ခွာသွားတဲ့ မာစီးတီး
အနက်ရောင်ကားလေးကိုငေးရင်း အမိန့်
ဒေါသတို့ ကအတိုင်းစမရှိတက်လာ၏။

ညနေ ငါးနာရီ ။ ချစ်ခြင်းထွက်သွားတာ
တစ်နာရီနဲ့  သုံးဆယ့်ရှစ်စက္ကန့်

တိုင်ကပ်နာရီကို မော့ကြည့်ပြီး 
နှုတ်ခမ်းကိုမဲ့ကာ

"ဟွန့်  ကိုယ်မရှိပဲ နေနိုင်မလားကြည့်အုန်းမယ် ။ "

ပြောပြီး  ချစ်ခြင်းခွဲထားတာတွေသန့် ရှင်းရေးလုပ်နေ၏။

ညနေ ခြောက်နာရီ ဆယ်မိနစ်။ ချစ်ခြင်း
ထွက်သွားပီး နှစ်နာရီနဲ့ လေးဆယ့်ရှစ်စက္ကန့် ..

"အင်း တစ်ယောက်ထဲ နေရတာနားအေးပေမဲ့ ပျင်းတော့ ပျင်းစရာကြီး "

မွေ့ ယာပေါ် အားယားမှောက် လျက်
အိပ်နေရင်းရေရွတ်လိုက်၏။

ည ခုနှစ်နာရီ ခွဲ ။ ချစ်ခြင်း ထွက်သွားပီး
သုံးနာရီ မိနစ်သုံးဆယ်နဲ့ လေးဆယ့်ရှစ်စက္ကန့် ...

" နေနိုင်မလား နေကြည့်ပေါ့ ။ ဟက်!
အမိန့် တဲ့ တမိန့် ထဲရှိတယ် "

ခပ်တိုးတိုးဆိုကာ လျှော်ပီးသား ချစ်ခြင်းအဝတ်တွေ မီးပူသေချာထိုးပီးခေါက်ပေးလိုက်၏။

ည   ကိုးနာရီ နှစ်ဆယ့်ကိုးမိနစ် ဆယ်နှစ်စက္ကန့် ။ ချစ်ခြင်းထွက်သွားပီးငါးနာရီ။

"ဟင့် နေနိုင်သူကြီး။ အီးဟီးဟီ…။
လွမ်းလို သေတော့မှာပဲ။ အလကား
ယောကျာ်း ။ ယူထားပီးရင် အဆုံးထိ တာဝန်ယူရမှာပေါ့။ ဘာမဟုတ်တာလေးနဲ့
ပစ်ထားခဲ့တယ် ။ ဒါ ချစ်မှန်းသိလို့ သက်
သက်ယုတ်မာတာ။ ဘိုးဘိုးကလည်း ကိုယ့်မြေးဖက်ကမပါပဲ ဟိုကငိုပြလိုက်တာနဲ့
ပါစရာလား။ ဟီးအီး ဝိုင်းနှိပ်စက်နေကြတာ။ အားနည်းသူဆိုပီး အနိုင်ကျင့်နေကျတာ"

ကြမ်းပြင်ပေါ်မှာခြေဆင်းပီးရှယ်ငိုပစ်လိုက်၏။  ငိုရလွန်းလို့
မျက်ရည်များနဲ့ ညစ်ပတ် ပေတူးကာ
မျက်လုံးများက မို့ ဖောင်းနေလျက်ရှိသည်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz