ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
30
"ေမာင့္ ငါမွန္ကူသီး စားခ်င္တယ္ "
" မွန္ကူသီး? ။ ေမာင္တစ္ခါမွမႀကားဘူးဘူး အခ်စ္ရဲ့ အဲ့ဒါ ဘာႀကီးလဲ "
ခ်စ္ျခင္း ဗိုက္ေလးလေက်ာ္မွ ပထမဆံုးေတာင့္တလာတဲ့ အရာမို ့ အမိန္ ့ ျဖည့္ဆည္းေပးခ်င္ေပမဲ့ အခ်စ္ေျပာတဲ့ အရာကို သူ တကယ္မသိတာပင္။ စိတ္အလိုမက်နွုတ္ခမ္းဆူလာတဲ့ ခ်စ္ျခင္းကိုေခ်ာ့ေမာ့တဲ့အေနနဲ ့ လက္ေလးကိုဆြဲကိုင္လိုက္၏။ ……
"ဖယ္မကိုင္နဲ ့မင္းငါ့ကို မခ်စ္ဘူး "
လက္ကိုဆြဲဖယ္ရုံတင္မကဘူး ျခံထဲက ဒန္းေလးေပၚမွာ နွစ္ေယာက္သားပူးကပ္ထိုင္ေနရာမွာ တဖက္စြန္းထိေတာင္ တိုးကပ္သြားလိုက္ေသးသည္။
အမိန္ ့သက္ျပင္းခ်ကာ ခ်စ္ျခင္းထိုင္ေနတဲ့ဖက္ေလးထိ လိုက္တိုးကပ္သြားကာ
"ေမာင္မႀကားဖူးလို ့ပါအခ်စ္ရယ္။
ေမာင့္ခ်စ္ျခင္းေလးက ေသခ်ာရွင္းျပမွေပါ့ ။ အဲ့ဒါမွ ေမာင္က ေသခ်ာ သိသြားၿပီး မင္းလိုခ်င္တာ ဝယ္ေပးနိုင္မွာေလ "
နွုတ္ခမ္းဆူပီး မ်က္နွာကို အမိန္ ့နဲ ့ဆန္ ့က်င္ဖက္ထိ လွည့္ပီးစိတ္ေကာက္ေနသူကို
ပုခံုးေလးဖက္ပီး ေခ်ာ့လိုက္ေပမဲ့ ခ်စ္ျခင္းကလွည့္ႀကည့္မလာေပ။
ခုတေလာ အရမ္းဆိုးလာတာ သိေပမဲ့လည္း အမိန္ ႔ စိတ္မညိဳညင္ရက္ေပ။
ဒါေပမဲ့ တခါတေလ ခ်စ္ျခင္းေျပာလိုက္တဲ့စကားလံုး တခ်ိဳ ႕သည္ သူ ႔နွလံုးသားကို ေတာ့ နာက်င္ေစသည္။
" မင္းကို ဘယ္ေလာက္ထိခ်စ္သလဲဆိုတာသိရက္နဲ ့စကားကိုလြယ္လြယ္မေျပာပါနဲ ့အခ်စ္ရာ ။
ေျပာလိုက္တဲ့ သူက စကားတစ္ခြန္းထြက္ဖို ့လြယ္ေပမဲ့ ခံစားရတဲ့သူက တနင့္တပိုးႀကီးအခ်စ္ရဲ့ ။ ေမာင့္ကိုေနာက္ အဲ့လို မေျပာနဲ ့ေမာင္ဝမ္းနည္းတယ္ "
ခ်စ္ျခင္းက ကိုယ္ဝန္ေႀကာင့္စိတ္အတက္က် ျမန္ေနတက္လို ့ေျပာလိုက္ေပမဲ့
အမိန္ ့အတြက္ကေတာ့ အမွန္အကန္ခံစားရတာျဖစ္သည္။ ဖက္ထားရမွ ဖယ္ခြာကာ ေဘာင္းဘီအိတ္ထဲက ဖုန္းနွဳိက္
ထုတ္ပီး ဘိုးဘိုးႀကီးဆီဆက္လိုက္သည္။
"ဘိုးဘိုး ခ်စ္ျခင္းက မွန္ကူသီးဆိုလား
စားခ်င္လို ့တဲ့ အဲ့ဒါ သားမသိလို ့ ဘိုးဘိုးကူညီပါအုန္း "
"---------"
"ဟုတ္ ဘိုးဘိုး ေနေကာင္းပါတယ္ ။
သားေသခ်ာဂရုစိုက္ပါတယ္။ "
"………"
"ဟုတ္ကဲ့ ဒါဆို ဖုန္းခ်လိုက္ေတာ့မယ္ေနာ္ "
ခ်သြားတဲ့ဖုန္းကို ႀကည့္ပီး အမိန္ ့ခ်စ္ျခင္းကို ဘယ္လို ေခ်ာ့ရမလဲစဥ္းစားေန၏။ အသီးကဒီခ်ိန္ရွိပါ့မလားမေသခ်ာေပ။ မနက္ဖန္ေတာ့ ေသခ်ာရေအာင္ရွာဝယ္ေပးမယ္ လို ့ ဘိုးဘိုးေျပာေပမဲ့ ခ်စ္ျခင္းက အခုတအားစားခ်င္ေနလားမသိေတာ့ အမိန္ ့စိတ္မေကာင္းျဖစ္ရသည္။
တဖက္ကိုလွည့္ကာစိတ္အလိုမက်ျဖစ္ေနတဲ့ ခ်စ္ျခင္းကိုယ္ေလးကို တဖန္ျပန္ဆြဲေပြ ့လိုက္ပီးမွ …။
"ဘိုးဘိုးက ဒီရာသီ အသီးသီးဖို ့မေသခ်ာေပမဲ့ မနက္ဖန္ေတာ့ရေအာင္ရွာဝယ္ေပးမယ္တဲ့ အခ်စ္ေလး စိတ္မေကာက္ပါနဲ ့ေတာ့ေနာ္ "
"………"
"ေနာ္… အခ်စ္ေလး ေမာင္စိတ္မေကာင္းျဖစ္ေအာင္ လို ့မ်က္နွာႀကီးဆူမေနပါနဲ ့ေတာ့ကြာ "
"...."
"ဟင္… မင္း ငိုေနတယ္။ ေမာင္ ဘာလုပ္မိလို ့လဲ ။ ေမာင္ အခ်စ္ေလးမႀကိဳက္တာဘာလုပ္မိလို ့လဲေျပာ …မငိုနဲ ့
မႀကိဳက္တာလုပ္မိရင္ ေမာင့္ကိုခါတိုင္းလို ထုရုိက္ပစ္လိုက္ ကြာ "
"မငိုပါနဲ ့အခ်စ္ရယ္ ပင္ပန္းကုန္ေတာ့မွာပဲ ။ဘာလဲ တအားစားခ်င္ေနတာကိုေမာင္က ရေအာင္ရွာဝယ္မေပးလို ့လား …ဟင္… ေမာင္မွားသြားပါတယ္။ အခုသြားရွာေပးမယ္ တိတ္ေတာ့ေနာ္။ဟုတ္ပါ့ကြာ ေမာင့္ခ်စ္ျခင္းေလး ခုမွထူးထူးျခားျခားပူဆာတာကို ေမာင္က ခ်က္ျခင္းမလုပ္ေပးနိုင္ဘူး။
ေမာင္ အသံုးမက်တာပါ ကြာ .. တိတ္ တ့တ္ ေမာင္ ရေအာင္ရွာဝယ္ေပးမယ္ "
တခါမွ ဝမ္းနည္းပက္လက္မငိုဘူးတဲ့
ခ်စ္ျခင္းေႀကာင့္အမိန္ ့ျပာသြားသည္။ သူ ့ကိုမေက်နပ္လို ့ထုရုိက္လိုက္ရင္ေတာင္
အမိန္ ့ေက်နပ္ေပမဲ့ ခုလို ငိုတာကိုေတာ့အမိန္ ့မႀကိဳက္ေပ။
"ဟင့္အင္ …မသြားနဲ ့။ ဟင့္… ငါ့ေဘးနားမွာပဲေန … မင္းကို ခ်စ္တယ္ ။ ငါေမာင့္ကို ခ်စ္လို ့ဘယ္လို လုပ္ရမလဲ… အင့္!။ တစ္ရက္ထက္ တစ္ရက္ မင္းကို ပိုပိုခ်စ္လာ
လို ့ဘယ္လိုလုပ္ရမလဲ အရူးေလးရဲ့ ။ မင္းကို ရူးေလာက္ေအာင္ခ်စ္လြန္းလို ့ မင္းကို ဝမ္းနည္းေအာင္လုပ္မိတာနဲ ့ငါ့ကိုယ္ငါ မုန္းလြန္းလို ့ဘယ္လို လုပ္ရမွာလဲ "
လည္ပင္းကိုသိုင္းပီး ဂုတ္ေပၚမ်က္နွာေလးေမွာက္ကာငိုေနတဲ့ ခ်စ္ျခင္းေႀကာင့္ အမိန္ ့ျပံဳးလိုက္သည္။ သူကေတာ့ဘာမ်ားျဖစ္တာလဲလို ့စိတ္ပူလိုက္ရတာ။
"ဒါေတြ အခ်စ္ေျပာခ်င္လို ့ေျပာတာမွမဟုတ္တာ ။ ေမာင္နားလည္ပါတယ္။ အခုလို ျဖစ္ေနလို ့ စိတ္အတက္အက်မ်ားပီး ဝမ္းနည္းလြယ္တာ။ ေဒါသထြက္လြယ္တာ ။ အခ်စ္လုပ္တာမဟုတ္ဘူး။ စိတ္မေကာင္းမျဖစ္ပါနဲ ့ ။ အရင္တုန္းကတည္းက မင္းဆဲဆိုေနရင္ေတာင္ ေမာင္က အၿပံဳးပ်က္ခဲ့ဖူးတာမဟုတ္ဘူး။ အဲ့ဒါေၾကာင့္ ခုလိုအခ်ိန္ အခ်စ္ေျပာခ်င္ရာ ေျပာပါ ။ ေမာင္ လက္ခံနိုင္ပါတယ္။ မငိုေတာ့နဲ ့ေနာ္ "
"အင့္ … ငါ့ကိုအမ်ားႀကီးခ်စ္လား "
"အမ်ားႀကီးအမ်ားႀကီးထက္ေတာင္ အခ်စ္ေလးကို ပိုခ်စ္ေသးတယ္ "
"ဘာလဲအခ်စ္ေလးဆိုေတာ့ အခ်စ္ႀကီးရွိေနေသးတာလားမင္းက "
ရင္ဘက္ကို လက္သီးနဲ ့ထုပီးရစ္ေနတဲ့အခ်စ္ေႀကာင့္ အမိန္ ့ေက်နပ္စြာ ခံစားလိုက္ရသည္။ ခ်စ္ျခင္းျပည့္စံုက သူ ့ကိုခ်စ္လာဖို ့…အခုလိုေလး သဝန္တို ပီး စိတ္ေကာက္ဖို ့ဆိုတာ …အိမ္မက္ေတာင္မ
မက္ဘူးခဲ့ရဲတာပါအခ်စ္ရယ္။
"အခ်စ္ေလးေရာ ၊အခ်စ္ႀကီးေရာ ေမာင့္ေကာင္ေလးေရာ၊ ေမာင့္အမ်ိဳးသားေလးေရာက ခ်စ္ျခင္းျပည့္စံု တစ္ေယာက္ထဲပဲေလ ။ မင္းတစ္ေယာက္ထဲကိုပဲ ခ်စ္ခဲ့တယ္ ။ မင္း တစ္ေယာက္ထဲနဲ ့ပဲ လက္ထက္ပီးေသတဲ့ထိခ်စ္သြားမွာ။ၿပီးေတာ့
တစ္ဘဝလံုးမွာ ေဟာ့ဒီက ခ်စ္ျခင္းျပည့္စံုေလးတစ္ေယာက္ထဲကိုပဲ ေမာင့္က သားမွတ္မွတ္ ၊ ေယာက်ာ္းမွတ္မွတ္ ေပါင္းမွာ "
"ဟြန္ ့… ငါ့ကို ပိုခ်စ္ေအာင္လာလုပ္မေနနဲ ့မဟုတ္လဲ မင္းကို ငါက ခ်စ္ေနပီးသားပါ။ "
"မင္း အၿမဲခ်စ္ေနဖို ႔ပဲ လိုတာပါ "
" မခ်စ္စရာ လား ။ တသက္လံုး မင္းက
ငါ့ အပိုင္ပဲ ။ အဲ့ဒါ မင္း ေခါင္းထဲ ေသတဲ့အထိ မွတ္ထားဖို ႔ပဲလိုတယ္။ ဒါနဲ ့ မနက္ဖန္ ေဆးသြားစစ္ရအုန္းမွာလား "
"အင္းစစ္ရမွာေပါ့။ ေမာင္တို ့က ပံုမွန္မွမဟုတ္တာ ။ အခ်စ္ စိတ္ပင္ပန္းတယ္ဆိုေပမဲ့ ခဏေလး သည္းခံေပးပါ အခ်စ္ရယ္ … ေနာ္ ။ နွစ္ေယာက္ဆိုေတာ့ နည္းနည္းေမာင္စိတ္ပူေနလို ့ပါ။ ကေလးအေနထား မွန္မမွန္နဲ ့အခ်စ္က်န္းမာေရးအတြက္ တလတခါ ေဆးစစ္ေပးေနရတယ္ ဆိုတာကလည္း ဘာမွမျဖစ္လာခင္ ႀကိဳတင္သိထားရေအာင္ပါ ။ "
"ငါနားလည္ပါတယ္ေမာင္ရာ ။ မင္းငါ့ကိုအမ်ားႀကီးရွင္းျပေနစရာမလိုပါဘူး ။ ၿပီေတာ့ မင္းအလုပ္မသြားတာလဲႀကာေနပီ… ေနာ္ …။ ငါ့ကိုစိတ္မပူပဲ မင္းလုပ္စရာရွိတာသြားလုပ္ပါ ။ တအားႀကီးစိတ္ပူရေလာက္အာင္ထိ ငါ့ ဗိုက္က လမရင့္ေသးပါဘူး "
အမိန္ ႔ေခါင္းရမ္းကာ ခ်စ္ျခင္းကို တိုးဖက္ထားလိုက္သည္။
" ဟင့္အင္… ဘယ္မွမသြားခ်င္ဘူး။ အေရးႀကီးရင္ ကိုစစ္ အိမ္လာေဆြးေႏြးေနတာ အခ်စ္သိတာပဲ။ ဘိုးဘိုးတပည့္ေတြက စိတ္ခ်ရတယ္။ ေမာင္မသြားလည္းဘာမွမျဖစ္ဘူး။ အခုတေလာ ဘိုးဘိုး သြားႀကည့္ေပးေနတယ္ စိတ္ပူမေနနဲ ့"
" မင္းအဆင္ေျပရင္ၿပီးတာပါပဲ ။ အလုပ္အေၾကာင္းေတြ ငါမသိေတာ့ ေဘးကေန ၾကည့္ေနရုံပဲ တက္နိုင္တာေလ။ တခါတေလ မင္းပင္ပန္းတာေတြ ႕ရေတာ့ စိတ္မေကာင္းဘူး "
" ကဲ့ပါ အဲ့ဒါေတြ ေခါင္းထဲထည့္မေနနဲ ့။
ခုခ်ိန္မွာ ခ်စ္ျခင္းျပည့္စံုကသာ နံပါတ္တစ္ ။ က်န္တာ အေရးမႀကီးဘူး "
ဆြဲဖက္ထားတဲ့ပခံုးသားေလးကို
မနာေအာင္ ဖ်စ္ညစ္ၿပီးအမိန္ ႔ေျပာေတာ့
ရင္ခြင္ထဲက လူဆိုးေကာင္ေလးသည္
ေက်နပ္သြားသည္ထင္ ၿပံဳးျမျမ နႈတ္ခမ္းေလးကို အေပၚစီးကေန ရွင္းလင္းစြာျမင္ရသည္။
"ေမာင္ ငါ ျဖည့္စြက္စာေတြမစားလို ့မရဘူးလား "
"အခ်စ္မႀကိဳက္လဲ ဒီလကုန္ေလာက္ထိ
ခနေလာက္သည္းခံေပးပါဦး ။
ကိုယ္ဝန္ ပထမ၃လက ကေလးဖြံ ့ျဖိဳး
မူ ့အဓိကအက်ဆံုး အခ်ိန္ ပဲတဲ့ အခ်စ္ရဲ့ ။"
"ကေလးေလးကို ဒီခ်ိန္ ဂရုစိုက္ေပးလိုက္ရင္ေမြးရာပါ ခ်ိဳ ့ယြင္းခ်က္ေတြမရွိေအာင္ ကာကြယ္ပီးသားလဲျဖစ္တာေပါ့။ဒါေႀကာင့္ လနုကတည္းက ကေလးဦးေနွာက္နဲ ့အာရုံေႀကာျပြန္ ဖြံ ့ျဖိဳးေအာင္ folic acid ျဖည့္စြက္အားေဆးကို ေမာင္က အခ်စ္ကိုတိုက္ေပးေနတာ။ မေသာက္ခ်င္ဘူးဆိုရင္ေတာင္ ေမာင္တို ့ကေလးေတြအတြက္ လို ့ပဲေတြးပီး စိတ္ရွည္ေပးပါေနာ္ အခ်စ္"
ၿငိမ္သက္စြာနားေထာင္ေနတဲ့ ခ်စ္ျခင္းသည္ မယံုသကၤာျဖစ္လာတာေၾကာင့္
"ေမာင္ မင္းအကုန္သိေနတာ ရုိးေရာရုိးေသးလား။ ေျပာစမ္း ဘယ္ဟာမ ကိုလိုက္လုပ္ေပးဖူးေသးလဲ။ အမိန္ ့အာဏာေနာ္ ငါကမခ်စ္ဘူးဆိုလဲရွင္းတယ္ ။
ခ်စ္ပီေဟ့ ဆိုရင္လဲ မင္းမဟုတ္တာလုပ္ရင္ေတာင္
ျငိမ္ခံေနမဲ့ ေအာက္လူမဟုတ္ဘူးေနာ္။
ေယာက်ာ္းျခင္းတူပီး ပိုလွေနရုံနဲ ့ မင္းေအာက္ကလူျဖစ္ေပးေနတယ္မ်ားေအာက္ေမ့မေနနဲ ့။ မင္းပါသမ်ွ ငါ့မွာအကုန္ပါတယ္။ မင္း ေနာက္တစ္ေယာက္ထားရင္
မင္းထပ္ ပိုေခ်ာတဲ့ငါက သံုးေယာက္ဆိုတာျမဲျမဲမွတ္ထား "
ေျပာရင္းအားပါလာကာ အမိန္ ့ရင္ဘက္ကို ျဖန္း ခနဲ ရုိက္ပစ္လိုက္သည္။
"အား ..နာတယ္ အခ်စ္ရ။ ေနာက္တစ္ေယာက္က ဘာလို ႔ရမွာလဲ။ မင္းတစ္ေယာက္ေတာင္ခ်စ္လို ႔အားမရတာ ဘယ္ကေနာက္တေယာက္က ပါလာတာတုန္း။
ေနစမ္းပါဦး ေမးစမ္းပါ့ရေစ ။ ဘာသံုးေယာက္လဲ ။
ေမာင္ခ်စ္မွန္းသိလို ့အရမ္းဆိုးလာတယ္တအားပဲ။ ဘာလဲ
ကေလးနွစ္ေယာက္ရမွ ေမာင့္ကိုအေပ်ာ္ႀကံခ်င္တာလား။ မရဘူးေနာ္ အဲ့ဒီသံုးေယာက္ကို သတ္ပစ္မွာ ဘာမွတ္ေနလဲ "
"အ !အခ်စ္ဘာလို ့ကိုက္တာလဲ "
အကြင္းလိုက္ျဖစ္သြားတဲ့ လက္ဖမိုးကို
ႀကည့္ရင္း ခ်စ္ျခင္းကို မယံုနိုင္သလို ႀကည့္လိုက္၏။
" သတိထားေန "
"အမ္ "
ဘာကိုသတိထားရမလဲ ဆိုတာ အမိန္ ့မသိဘူး။
ဒါေပမဲ ့ ခ်စ္ေတာ့လဲေႀကာက္ခ်င္
ေယာင္ေဆာင္ပီး ဟုတ္ လိုက္ရတယ္။
အခ်စ္က လွတယ္။
မဟုတ္ဘူး တအားလွတယ္။
ေဒါသလည္းႀကီးတယ္။ မဟုတ္ေသးဘူး လက္ကအရင္ပါတာ။
အခ်စ္ကို မေႀကာက္ဘူး။ အင္း မွားလို ့ မေႀကာက္တာမဟုတ္ဘူး ခ်စ္လို ့အလိုလိုက္ အေလ်ာ့ေပးတာ။
ခ်စ္တဲ့အိမ္စည္။
#ည
"မောင့် ငါမှန်ကူသီး စားချင်တယ် "
" မှန်ကူသီး? ။ မောင်တစ်ခါမှမကြားဘူးဘူး အချစ်ရဲ့ အဲ့ဒါ ဘာကြီးလဲ "
ချစ်ခြင်း ဗိုက်လေးလကျော်မှ ပထမဆုံးတောင့်တလာတဲ့ အရာမို့ အမိန့် ဖြည့်ဆည်းပေးချင်ပေမဲ့ အချစ်ပြောတဲ့ အရာကို သူ တကယ်မသိတာပင်။ စိတ်အလိုမကျနှုတ်ခမ်းဆူလာတဲ့ ချစ်ခြင်းကိုချော့မော့တဲ့အနေနဲ့ လက်လေးကိုဆွဲကိုင်လိုက်၏။ ……
"ဖယ်မကိုင်နဲ့ မင်းငါ့ကို မချစ်ဘူး "
လက်ကိုဆွဲဖယ်ရုံတင်မကဘူး ခြံထဲက ဒန်းလေးပေါ်မှာ နှစ်ယောက်သားပူးကပ်ထိုင်နေရာမှာ တဖက်စွန်းထိတောင် တိုးကပ်သွားလိုက်သေးသည်။
အမိန့် သက်ပြင်းချကာ ချစ်ခြင်းထိုင်နေတဲ့ဖက်လေးထိ လိုက်တိုးကပ်သွားကာ
"မောင်မကြားဖူးလို့ ပါအချစ်ရယ်။
မောင့်ချစ်ခြင်းလေးက သေချာရှင်းပြမှပေါ့ ။ အဲ့ဒါမှ မောင်က သေချာ သိသွားပြီး မင်းလိုချင်တာ ဝယ်ပေးနိုင်မှာလေ "
နှုတ်ခမ်းဆူပီး မျက်နှာကို အမိန့် နဲ့ ဆန့် ကျင်ဖက်ထိ လှည့်ပီးစိတ်ကောက်နေသူကို
ပုခုံးလေးဖက်ပီး ချော့လိုက်ပေမဲ့ ချစ်ခြင်းကလှည့်ကြည့်မလာပေ။
ခုတလော အရမ်းဆိုးလာတာ သိပေမဲ့လည်း အမိန့် စိတ်မညိုညင်ရက်ပေ။
ဒါပေမဲ့ တခါတလေ ချစ်ခြင်းပြောလိုက်တဲ့စကားလုံး တချို့ သည် သူ့ နှလုံးသားကို တော့ နာကျင်စေသည်။
" မင်းကို ဘယ်လောက်ထိချစ်သလဲဆိုတာသိရက်နဲ့ စကားကိုလွယ်လွယ်မပြောပါနဲ့ အချစ်ရာ ။
ပြောလိုက်တဲ့ သူက စကားတစ်ခွန်းထွက်ဖို့ လွယ်ပေမဲ့ ခံစားရတဲ့သူက တနင့်တပိုးကြီးအချစ်ရဲ့ ။ မောင့်ကိုနောက် အဲ့လို မပြောနဲ့ မောင်ဝမ်းနည်းတယ် "
ချစ်ခြင်းက ကိုယ်ဝန်ကြောင့်စိတ်အတက်ကျ မြန်နေတက်လို့ ပြောလိုက်ပေမဲ့
အမိန့် အတွက်ကတော့ အမှန်အကန်ခံစားရတာဖြစ်သည်။ ဖက်ထားရမှ ဖယ်ခွာကာ ဘောင်းဘီအိတ်ထဲက ဖုန်းနှိုက်
ထုတ်ပီး ဘိုးဘိုးကြီးဆီဆက်လိုက်သည်။
"ဘိုးဘိုး ချစ်ခြင်းက မှန်ကူသီးဆိုလား
စားချင်လို့ တဲ့ အဲ့ဒါ သားမသိလို့ ဘိုးဘိုးကူညီပါအုန်း "
"---------"
"ဟုတ် ဘိုးဘိုး နေကောင်းပါတယ် ။
သားသေချာဂရုစိုက်ပါတယ်။ "
"………"
"ဟုတ်ကဲ့ ဒါဆို ဖုန်းချလိုက်တော့မယ်နော် "
ချသွားတဲ့ဖုန်းကို ကြည့်ပီး အမိန့် ချစ်ခြင်းကို ဘယ်လို ချော့ရမလဲစဉ်းစားနေ၏။ အသီးကဒီချိန်ရှိပါ့မလားမသေချာပေ။ မနက်ဖန်တော့ သေချာရအောင်ရှာဝယ်ပေးမယ် လို့ ဘိုးဘိုးပြောပေမဲ့ ချစ်ခြင်းက အခုတအားစားချင်နေလားမသိတော့ အမိန့် စိတ်မကောင်းဖြစ်ရသည်။
တဖက်ကိုလှည့်ကာစိတ်အလိုမကျဖြစ်နေတဲ့ ချစ်ခြင်းကိုယ်လေးကို တဖန်ပြန်ဆွဲပွေ့ လိုက်ပီးမှ …။
"ဘိုးဘိုးက ဒီရာသီ အသီးသီးဖို့ မသေချာပေမဲ့ မနက်ဖန်တော့ရအောင်ရှာဝယ်ပေးမယ်တဲ့ အချစ်လေး စိတ်မကောက်ပါနဲ့ တော့နော် "
"………"
"နော်… အချစ်လေး မောင်စိတ်မကောင်းဖြစ်အောင် လို့ မျက်နှာကြီးဆူမနေပါနဲ့ တော့ကွာ "
"...."
"ဟင်… မင်း ငိုနေတယ်။ မောင် ဘာလုပ်မိလို့ လဲ ။ မောင် အချစ်လေးမကြိုက်တာဘာလုပ်မိလို့ လဲပြော …မငိုနဲ့
မကြိုက်တာလုပ်မိရင် မောင့်ကိုခါတိုင်းလို ထုရိုက်ပစ်လိုက် ကွာ "
"မငိုပါနဲ့ အချစ်ရယ် ပင်ပန်းကုန်တော့မှာပဲ ။ဘာလဲ တအားစားချင်နေတာကိုမောင်က ရအောင်ရှာဝယ်မပေးလို့ လား …ဟင်… မောင်မှားသွားပါတယ်။ အခုသွားရှာပေးမယ် တိတ်တော့နော်။ဟုတ်ပါ့ကွာ မောင့်ချစ်ခြင်းလေး ခုမှထူးထူးခြားခြားပူဆာတာကို မောင်က ချက်ခြင်းမလုပ်ပေးနိုင်ဘူး။
မောင် အသုံးမကျတာပါ ကွာ .. တိတ် တ့တ် မောင် ရအောင်ရှာဝယ်ပေးမယ် "
တခါမှ ဝမ်းနည်းပက်လက်မငိုဘူးတဲ့
ချစ်ခြင်းကြောင့်အမိန့် ပြာသွားသည်။ သူ့ ကိုမကျေနပ်လို့ ထုရိုက်လိုက်ရင်တောင်
အမိန့် ကျေနပ်ပေမဲ့ ခုလို ငိုတာကိုတော့အမိန့် မကြိုက်ပေ။
"ဟင့်အင် …မသွားနဲ့ ။ ဟင့်… ငါ့ဘေးနားမှာပဲနေ … မင်းကို ချစ်တယ် ။ ငါမောင့်ကို ချစ်လို့ ဘယ်လို လုပ်ရမလဲ… အင့်!။ တစ်ရက်ထက် တစ်ရက် မင်းကို ပိုပိုချစ်လာ
လို့ ဘယ်လိုလုပ်ရမလဲ အရူးလေးရဲ့ ။ မင်းကို ရူးလောက်အောင်ချစ်လွန်းလို့ မင်းကို ဝမ်းနည်းအောင်လုပ်မိတာနဲ့ ငါ့ကိုယ်ငါ မုန်းလွန်းလို့ ဘယ်လို လုပ်ရမှာလဲ "
လည်ပင်းကိုသိုင်းပီး ဂုတ်ပေါ်မျက်နှာလေးမှောက်ကာငိုနေတဲ့ ချစ်ခြင်းကြောင့် အမိန့် ပြုံးလိုက်သည်။ သူကတော့ဘာများဖြစ်တာလဲလို့ စိတ်ပူလိုက်ရတာ။
"ဒါတွေ အချစ်ပြောချင်လို့ ပြောတာမှမဟုတ်တာ ။ မောင်နားလည်ပါတယ်။ အခုလို ဖြစ်နေလို့ စိတ်အတက်အကျများပီး ဝမ်းနည်းလွယ်တာ။ ဒေါသထွက်လွယ်တာ ။ အချစ်လုပ်တာမဟုတ်ဘူး။ စိတ်မကောင်းမဖြစ်ပါနဲ့ ။ အရင်တုန်းကတည်းက မင်းဆဲဆိုနေရင်တောင် မောင်က အပြုံးပျက်ခဲ့ဖူးတာမဟုတ်ဘူး။ အဲ့ဒါကြောင့် ခုလိုအချိန် အချစ်ပြောချင်ရာ ပြောပါ ။ မောင် လက်ခံနိုင်ပါတယ်။ မငိုတော့နဲ့ နော် "
"အင့် … ငါ့ကိုအများကြီးချစ်လား "
"အများကြီးအများကြီးထက်တောင် အချစ်လေးကို ပိုချစ်သေးတယ် "
"ဘာလဲအချစ်လေးဆိုတော့ အချစ်ကြီးရှိနေသေးတာလားမင်းက "
ရင်ဘက်ကို လက်သီးနဲ့ ထုပီးရစ်နေတဲ့အချစ်ကြောင့် အမိန့် ကျေနပ်စွာ ခံစားလိုက်ရသည်။ ချစ်ခြင်းပြည့်စုံက သူ့ ကိုချစ်လာဖို့ …အခုလိုလေး သဝန်တို ပီး စိတ်ကောက်ဖို့ ဆိုတာ …အိမ်မက်တောင်မ
မက်ဘူးခဲ့ရဲတာပါအချစ်ရယ်။
"အချစ်လေးရော ၊အချစ်ကြီးရော မောင့်ကောင်လေးရော၊ မောင့်အမျိုးသားလေးရောက ချစ်ခြင်းပြည့်စုံ တစ်ယောက်ထဲပဲလေ ။ မင်းတစ်ယောက်ထဲကိုပဲ ချစ်ခဲ့တယ် ။ မင်း တစ်ယောက်ထဲနဲ့ ပဲ လက်ထက်ပီးသေတဲ့ထိချစ်သွားမှာ။ပြီးတော့
တစ်ဘဝလုံးမှာ ဟော့ဒီက ချစ်ခြင်းပြည့်စုံလေးတစ်ယောက်ထဲကိုပဲ မောင့်က သားမှတ်မှတ် ၊ ယောကျာ်းမှတ်မှတ် ပေါင်းမှာ "
"ဟွန့် … ငါ့ကို ပိုချစ်အောင်လာလုပ်မနေနဲ့ မဟုတ်လဲ မင်းကို ငါက ချစ်နေပီးသားပါ။ "
"မင်း အမြဲချစ်နေဖို့ ပဲ လိုတာပါ "
" မချစ်စရာ လား ။ တသက်လုံး မင်းက
ငါ့ အပိုင်ပဲ ။ အဲ့ဒါ မင်း ခေါင်းထဲ သေတဲ့အထိ မှတ်ထားဖို့ ပဲလိုတယ်။ ဒါနဲ့ မနက်ဖန် ဆေးသွားစစ်ရအုန်းမှာလား "
"အင်းစစ်ရမှာပေါ့။ မောင်တို့ က ပုံမှန်မှမဟုတ်တာ ။ အချစ် စိတ်ပင်ပန်းတယ်ဆိုပေမဲ့ ခဏလေး သည်းခံပေးပါ အချစ်ရယ် … နော် ။ နှစ်ယောက်ဆိုတော့ နည်းနည်းမောင်စိတ်ပူနေလို့ ပါ။ ကလေးအနေထား မှန်မမှန်နဲ့ အချစ်ကျန်းမာရေးအတွက် တလတခါ ဆေးစစ်ပေးနေရတယ် ဆိုတာကလည်း ဘာမှမဖြစ်လာခင် ကြိုတင်သိထားရအောင်ပါ ။ "
"ငါနားလည်ပါတယ်မောင်ရာ ။ မင်းငါ့ကိုအများကြီးရှင်းပြနေစရာမလိုပါဘူး ။ ပြီတော့ မင်းအလုပ်မသွားတာလဲကြာနေပီ… နော် …။ ငါ့ကိုစိတ်မပူပဲ မင်းလုပ်စရာရှိတာသွားလုပ်ပါ ။ တအားကြီးစိတ်ပူရလောက်အာင်ထိ ငါ့ ဗိုက်က လမရင့်သေးပါဘူး "
အမိန့် ခေါင်းရမ်းကာ ချစ်ခြင်းကို တိုးဖက်ထားလိုက်သည်။
" ဟင့်အင်… ဘယ်မှမသွားချင်ဘူး။ အရေးကြီးရင် ကိုစစ် အိမ်လာဆွေးနွေးနေတာ အချစ်သိတာပဲ။ ဘိုးဘိုးတပည့်တွေက စိတ်ချရတယ်။ မောင်မသွားလည်းဘာမှမဖြစ်ဘူး။ အခုတလော ဘိုးဘိုး သွားကြည့်ပေးနေတယ် စိတ်ပူမနေနဲ့ "
" မင်းအဆင်ပြေရင်ပြီးတာပါပဲ ။ အလုပ်အကြောင်းတွေ ငါမသိတော့ ဘေးကနေ ကြည့်နေရုံပဲ တက်နိုင်တာလေ။ တခါတလေ မင်းပင်ပန်းတာတွေ့ ရတော့ စိတ်မကောင်းဘူး "
" ကဲ့ပါ အဲ့ဒါတွေ ခေါင်းထဲထည့်မနေနဲ့ ။
ခုချိန်မှာ ချစ်ခြင်းပြည့်စုံကသာ နံပါတ်တစ် ။ ကျန်တာ အရေးမကြီးဘူး "
ဆွဲဖက်ထားတဲ့ပခုံးသားလေးကို
မနာအောင် ဖျစ်ညစ်ပြီးအမိန့် ပြောတော့
ရင်ခွင်ထဲက လူဆိုးကောင်လေးသည်
ကျေနပ်သွားသည်ထင် ပြုံးမြမြ နှုတ်ခမ်းလေးကို အပေါ်စီးကနေ ရှင်းလင်းစွာမြင်ရသည်။
"မောင် ငါ ဖြည့်စွက်စာတွေမစားလို့ မရဘူးလား "
"အချစ်မကြိုက်လဲ ဒီလကုန်လောက်ထိ
ခနလောက်သည်းခံပေးပါဦး ။
ကိုယ်ဝန် ပထမ၃လက ကလေးဖွံ့ ဖြိုး
မူ့ အဓိကအကျဆုံး အချိန် ပဲတဲ့ အချစ်ရဲ့ ။"
"ကလေးလေးကို ဒီချိန် ဂရုစိုက်ပေးလိုက်ရင်မွေးရာပါ ချို့ယွင်းချက်တွေမရှိအောင် ကာကွယ်ပီးသားလဲဖြစ်တာပေါ့။ဒါကြောင့် လနုကတည်းက ကလေးဦးနှောက်နဲ့ အာရုံကြောပြွန် ဖွံ့ ဖြိုးအောင် folic acid ဖြည့်စွက်အားဆေးကို မောင်က အချစ်ကိုတိုက်ပေးနေတာ။ မသောက်ချင်ဘူးဆိုရင်တောင် မောင်တို့ ကလေးတွေအတွက် လို့ ပဲတွေးပီး စိတ်ရှည်ပေးပါနော် အချစ်"
ငြိမ်သက်စွာနားထောင်နေတဲ့ ချစ်ခြင်းသည် မယုံသင်္ကာဖြစ်လာတာကြောင့်
"မောင် မင်းအကုန်သိနေတာ ရိုးရောရိုးသေးလား။ ပြောစမ်း ဘယ်ဟာမ ကိုလိုက်လုပ်ပေးဖူးသေးလဲ။ အမိန့် အာဏာနော် ငါကမချစ်ဘူးဆိုလဲရှင်းတယ် ။
ချစ်ပီဟေ့ ဆိုရင်လဲ မင်းမဟုတ်တာလုပ်ရင်တောင်
ငြိမ်ခံနေမဲ့ အောက်လူမဟုတ်ဘူးနော်။
ယောကျာ်းခြင်းတူပီး ပိုလှနေရုံနဲ့ မင်းအောက်ကလူဖြစ်ပေးနေတယ်များအောက်မေ့မနေနဲ့ ။ မင်းပါသမျှ ငါ့မှာအကုန်ပါတယ်။ မင်း နောက်တစ်ယောက်ထားရင်
မင်းထပ် ပိုချောတဲ့ငါက သုံးယောက်ဆိုတာမြဲမြဲမှတ်ထား "
ပြောရင်းအားပါလာကာ အမိန့် ရင်ဘက်ကို ဖြန်း ခနဲ ရိုက်ပစ်လိုက်သည်။
"အား ..နာတယ် အချစ်ရ။ နောက်တစ်ယောက်က ဘာလို့ ရမှာလဲ။ မင်းတစ်ယောက်တောင်ချစ်လို့ အားမရတာ ဘယ်ကနောက်တယောက်က ပါလာတာလဲ။
နေစမ်းပါဦး ။ ဘာသုံးယောက်လဲ ။
မောင်ချစ်မှန်းသိလို့ အရမ်းဆိုးလာတယ်တအားပဲ။ ဘာလဲ
ကလေးနှစ်ယောက်ရမှ မောင့်ကိုအပျော်ကြံချင်တာလား။ မရဘူးနော် အဲ့ဒီသုံးယောက်ကို သတ်ပစ်မှာ ဘာမှတ်နေလဲ "
"အ !အချစ်ဘာလို့ ကိုက်တာလဲ "
အကွင်းလိုက်ဖြစ်သွားတဲ့ လက်ဖမိုးကို
ကြည့်ရင်း ချစ်ခြင်းကို မယုံနိုင်သလို ကြည့်လိုက်၏။
" သတိထားနေ "
"အမ် "
ဘာကိုသတိထားရမလဲ ဆိုတာ အမိန့် မသိဘူး။
ဒါပေမဲ့ ချစ်တော့လဲကြောက်ချင်
ယောင်ဆောင်ပီး ဟုတ် လိုက်ရတယ်။
အချစ်က လှတယ်။
မဟုတ်ဘူး တအားလှတယ်။
ဒေါသလဲကြီးတယ်။ မဟုတ်သေးဘူး လက်ကအရင်ပါတာ။
အချစ်ကို မကြောက်ဘူး။ အင်း မှားလို့ မကြောက်တာမဟုတ်ဘူး ချစ်လို့ အလိုလိုက် အလျော့ပေးတာ
Bạn đang đọc truyện trên: ZingTruyen.Xyz